Tuesday, December 15, 2009

အချောင်သမားစိတ်ဓါတ်

မြန်မာမျိုးဆက်သစ်လူငယ်တွေအချောင်သမားစိတ်ဓါတ်မမွေးမိကြဖို့
အလွန်အရေးကြီးပါတယ်။တစ်နှစ်ကစင်ကာပူကိုခဏသွားလည်တော့ ချန်ဂီ လေဆိပ်မှာတွေ့ရတာလေးဖေါက်သည်ချ
ချင်ပါတယ်။လေယာဉ်တစ်စီးတည်းစီးလာတဲ့ မြန်မာအမျိုးသမီးငယ်လေး(ကျောင်းလာတက်
တာနဲ့တူပါတယ်) တစ်ဦး immigration ရှေ့မှာ လေယာဉ်ခရီးသည်တွေအားလုံးတန်းစီဖို့လုပ်
နေတုံးအမျိုးသမီးငယ်လေးဟာကြားဖြတ်ဝင်လိုက်ပါတယ်။
အမှန်တော့ခလေးမလေးဟာ လူလယ်လုပ်ပြီးကြားဖြတ်ဝင်တာတော့မဟုတ်ပါ။ ဘာလုပ်ရမှန်းမသိယောင်နနဖြစ်နေပြီး
လူတွေတန်းစီးနေတာတွေ့တော့ ကြားဝင်ပြီးတော့စီလိုက်တာနဲ့တူပါတယ်။အနားမှာရှိတဲ့
လုံခြုံရေးကသူမကိုဆွဲထုတ်ပြီးစာရေးသူနောက်ကိုလာပို့ပါတယ်။
ခလေးမလေးကကြောက်
နေတာနဲ့ နိုင်ငံခြားမှာ ဒီလိုပဲတန်းစီရတယ်။immigration ကောင်တာရှေ့မှာ ၀ိုင်းအုံနေလို့
မရဘူး၊ အ၀ါလိုင်းမှာရပ်နေ အန်ကယ်ကိုစစ်ပြီးမှသမီးလာရပ် ပြီးမှပတ်စ်ပို့ပြလို့မှာရတယ်။ ခလေးမလေးကမြန်မာလိုပဲအောင်းမေ့ နေတဲ့ပုံစံပဲ။

မြန်မာမှာဆိုရင်တော့ဒီလိုမျိုးတန်းမစီပဲ ကြားဝင်ရင်ခလေးမလေးဖြစ်တာကတကြောင်း၊အော်
သူတစ်ယောက်ရှေ့ က၀င်သွားလို့ဘာမှမဖြစ်ပါဘူးလေ ဆိုပြီးဘယ်သူကမှပြောမှာမဟုတ်ဘူး။
စင်ကာပူ၊မလေးရှား ဘာလုပချင်ချင်အကုန်တန်းစီကြရပါတယ်။စည်းကမ်းရှိရပါတယ်။ စည်းကမ်းရှိတဲ့ စင်ကာပူက ပင်နီစူလာ ပလာဇာ မှာ toilets တွေဟာ အခြား plaza နဲ့ shopping mall တွေ ရဲ့ toilets တွေနဲ့ ဆိုရင် အရမ်းကွာတာပဲ။ ကွမ်းသွေးတွေ၊ဆေးလိပ်
တိုတွေ နဲ့ညစ်ပတ်နေတာပဲ၊ ဂျာနယ်တစ်ခုမှာရေးထားတာဖတ်လိုက်ရတယ်။ မြန်မာက သွားတဲ့သူတွေက ရှက်ကြတယ်။ စင်ကာပူမှာရှိနေတဲ့ မြန်မာတွေကတော့ ရိုးနေလို့လားမသိ ဘာမှ ပြောသံတော့မကြားရဘူး။

စင်ကာပူမှာ အချောင်ဝင်လုပ်လို့ မရဘူး။ ရန်ကုန်မှာ ကြီးကြီးငယ်ငယ် အချောင်သမား
စိတ်ရှိတဲ့သူတွေတော်တော်များရှိတယ်။ နိုင်ငံကြီးသားမဟုတ်ကြဘူး။ ရန်ကုန်မြို့ကမာရွတ် မီးပွိုင့် rush hour မှာအချောင်သမားစိတ်ရှိတဲ့သူတွေတော်တော်များများတွေ့ရပါတယ်။
တန်းအရှည်ကြီးကားတွေစီနေရင်တစ်ဖက်ယာဉ်ကျောကမောင်းသွားပြီးရှေ့ရောက်မှ အချက်ပြမီးအတင်းပြကာတန်းစီထားတဲ့ယာဉ်ကျောထဲအတင်းဝင်တော့
တာပါပဲ။ စိတ်ဆပ်တဲ့သူနဲ့တွေ့ရင် ၀င်ခွင့်မပေးရင် ယာဉ်တိုက်မှုဖြစ်ရော။ ဒါပေမဲ့ မြန်မာတွေ
ကသည်းခံကြတယ်ဗျ။ အလျှော့ပေးလိုက်တဲ့ကားကများပါတယ်။အလားတူရွှေဂုန်တိုင်မီးပွိုင့်
တို့ဘာတို့မှာလည်းတွေ့ရတတ်တယ်။

နောက်တစ်နေရာ က နာနတ်တောမီးပွိုင့် အစွန်ဆုံးယာဉ်ကျောကိုနာနတ်တောဖက်ကွေ့ဖို့
လမ်းပေးထားတယ်။ ဒါပေမဲ့ ဘတ်စ်ကားတွေကကွေ့ဖို့လုပ်ထားတဲ့ ယာဉ်ကျောကနေမီး
ပွိုင့်မီးနီကိုစောင့်နေတော့ ကွေ့ချင်တဲ့ကားတွေကမကွေ့နိုင်တော့ဘူး။စောင့်နေရရော။ လွန်
ခဲ့သောနှစ် တစ်နှစ်က ယာဉ်ထိန်းတစ်ယောက်ကွေ့ရမဲ့ လိုင်းဝင်လာတဲ့ဘတ်စ်ကားတွေကို
ဝီစီမှုတ်ပြီးနာနတ်တောလမ်းဘက်ကွေ့ခိုင်းတာကိုကြုံရဘူးတယ်။
ဘတ်စ်ကားတွေမှာနောက်
နားကျကျကားတွေကယာဉ်ကျောထဲအတင်းဝင်ကြတော့တာပေါ့။ ရှေ့ရောက်နေတဲ့ ယာဉ်တွေ
ကတော့ဘတ်စ်လမ်းကြောင်းမဟုတ်ပေမဲ့ကွေ့လိုက်ရတော့တာပေါ့။

ဒါပေမဲ့ ဒီယာဉ်ထိန်း ကို နောက်ပိုင်ုးမတွေ့တော့ဘူး။ မှန်တာလုပ်လို့ထင်တယ်။ အများမိုးခါးရေမသောက်လို့လားမသိပါ။ ဘတ်စ်တွေကို lesson ပေးခဲ့တဲ့သူ့ကို အထက်ကလူ
တွေကပြန် lesson ပေးလိုက်တယ်နဲ့တူတာပဲ။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မီတီအနေ
နဲ့ ဒီလိုအချောင်သမားစိတ်ဓါတ်နဲ့ပြုမူတဲ့ ယာဉ်တွေကိုချောင်းဖမ်းသင့်ပါတယ်။ တွေ့ပါတယ်၊
ကွေ့ရမဲ့လမ်းကြောင်းပေါ်ဖြတ်မောင်းမိတဲ့ ကားတွေ၊ မီးနီမီးဝါဖြတ်တဲ့ကားတွေကို ခွေးတွေစာကလေး ဖမ်းစားဖို့ချောင်းနေသလိုမျိုးချောင်းဖမ်းနေကြတာကို။ ရန်ကုန်မြို့ပေါ်
ကားမောင်းကြတဲ့သူတိုင်းတွေ့ကြပါတယ်။အမှန်တော့
ယာဉ်ထိန်းတွေဟာဒီလိုအချောင်သမား
စိတ်ဓါတ်နဲ့ ယာဉ်ကျောထဲဖြတ်ဝင်တာ၊ ဖွင့်ပေးထားတဲ့ယာဉ်ကျောပေါ် ပိတ်စောင့်တဲ့ ဘတ်စ်ကားတွေကို ချောင်းဖမ်းဖို့ကောင်းပါတယ်။ ဒီလိုစည်းကမ်းဖေါက်ဖျက်တဲ့ယာဉ်တွေဟာ မြန်မာလူငယ်တွေအချောင်သမားစိတ်ဓါတ်ဖြစ်ပေါ်အောင်လုပ်တဲ့အတွက် ပိုအပြစ်ကြီးတယ်လို့ထင်ပါတယ်။

လူငယ်တွေအချောင်သမားစိတ်ဓါတ်ဖျောက်ကြရအောင်လား ?နိုင်ငံခြားရောက်လို့ အကျင့်ပါသွားရင်တော်တော် ရှက်စရာကောင်းပါတယ်။အများ မိုးခါးရေမသောက်တဲ့
အထဲမှာပါအောင်လုပ်ယူပြီး မြန်မာ ဖြစ်ရတာကိုဂုဏ်ယူစမ်းပါ။

Wednesday, December 9, 2009

အများမိုးခါးရေမသောက်သူ

လူ့လောကမှာ စိတ်ရှုပ်စရာတွေအများကြီးပါ။ တရားရစရာတွေလည်းတွေ့ပါရဲ့။တစ်ခါတစ်ရံစာရေးသူတွေးမိတယ်။ မြန်မာနိုင်ငံမှာလူတွေဘာကြောင့်ဒီလောက်ဗြမ္မာစိုတရား မရှိကြတော့ပဲ အကျင့်ပျက်နေကြတာလဲ။ ၀န်ထမ်းလောကမှာဆို ပိုဆိုးနေတယ်။ ကိုယ်တိုင်အစိုးရ
ဝန်ထမ်းဖြစ်ပေမဲ့ အကြောင်းပေါ်လို ရုံးတွေ ဌာနတွေကိုသွားပြီး ၀န်ထမ်းတွေ နဲ့ဆက်ဆံရမယ်ဆို ရင်တော်တော် ကြောက်တယ်။ ကိုယ်သွားလိုတဲ့ရုံး
ရဲ့အကြီးအကဲဆီ ဖုန်းဆက်ပြီးသွားရင်ရမယ်ဆိုတာသိပါတယ်။ ဒီလိုမျိုးလုပ်ရတယ်ဆိုတာမျိုးကိုမလုပ်ချင်တာပါ။ဒါပေမဲ့ဒီကနေ့ဒါမျိုးပဲ
လုပ်နေရတာပဲမဟုတ်လား၊ ရုံးတွေနဲ့ ဆက်ဆံချင်ရင် အသိအရင်ရှာရတယ်၊ ဒါမှအဆင်ချောမယ်၊မရှိရင်တစ်ဆင့်
ပြီးတစ်ဆင့် အသိရှာရတယ်။ ဂ၇၀ ပစ္စည်း လေးတစ်ခုခုလည်းယူသွားရတယ်။
ကိုယ်တို့အလုပ်စ၀င်ခါစကရုံးတွေကိုသွားရင်ပြေပြေပြစ်ပြစ်ဆက်ဆံတာ
ကိုကြုံ ရလို့ ရုံးပြင်ကန္နားသွားရတာဟာစိတ်အနှောက်အရှက်
မဖြစ်တာကတော့အမှန်ပါပဲ။ကိုယ့်ဆီလာလည်းချောချောမောမောပဲလုပ်ပေးလိုက်တာပဲ။
ဒီလိုအကျင့်ပျက်တာဟာလုပ်ခ လစာပေါ် လုံးဝမူုတည်ပါတယ်လို့ပြောရင် ၁၀၀ ရာခိုင်နှုန်းမ မှန်ပါဘူး။ လုပ်ခလစာနည်းပေမဲ့ ကိုယ်တာဝန်ကိုယ်ကျေပြွန်အောင်တာဝန်ထမ်းဆောင်နေတဲ့
ဝန်ထမ်းတွေလည်းအများကြီးတွေ့ဘူးပါတယ်။ ကိုယ်ကျင့်တရားသိက္ခာနဲ့ ဆိုင်တယ်လို့ထင်ပါတယ်။

တလောက blog တစ်ခုထဲ ၀င်ကြည့်ခဲ့ပါတယ်။blog ပိုင်ရှင်က သူ အကြည်ညိုဆုံး ပုဂ္ဂိုလ်များစာရင်း မှာ(၁)ဗုဒ္ဒမြတ်စွာဘုရားသခင်၊(၂) ဗိုလ်ချုပ်အောင်ဆန်း၊
(၃) အများမိုးခါးရေမသောက်သူ လို့ဖေါ်ပြထားတာကိုဖတ်လိုက်ရပါတယ်။ တော်တော်လေး ခါးသီးတဲ့ အတွေ့အကြုံတွေရှိခဲ့ဘူးတယ်နဲ့တူပါတယ်။ စာရေးသူစိတ်ဝင်စားတာက အများမိုးခါးရေမသောက်သူ လို့ဆိုထားတာကိုပါ။ ဗိုလ်ချုပ်အောင်ဆန်း
ကဲ့သို့ကြည်ညိုတယ် လို့ နှိုင်းထား သလိုပါပဲ။ ဘုရား နဲတော့ ဂိုဏ်းသင့်မှာစိုးလို့ မနှိုင်းသင့်ပါဘူး။အများမိုးခါးရေကိုမသောက်သူတော်တော်ရှားပါလိမ့်မယ်ထင်တယ်။
များများသောက်တာနဲ့ အာစွတ်ရုံလောက်သောက်တာ တော့ကွာပါမယ်။ ဒါကြောင့်
မင်းကောမသောက်ဘူးလားလို့ ကိုယ့်ကို ကိုယ်တောင်မမေးရဲလောက်အောင်ပါပဲ။
ဒါပေမဲ့ လောကကြီးမှာရှိလိမ့်မယ် လို့ယုံကြည်ပါတယ်။

အလယ်အလတ်လူတန်းစား ပညာတတ်လူငယ်တွေအတွက် capacity building ကို မြှင့်တင်ရာမှာ နေရာတစ်ခုကပါနေတဲ့ ရန်ကုန်က Egress အဖွဲ့ အစည်းဟာ ‌အောင်အောင်မြင်မြင် သင်တန်း တွေပေးနေတာကိုတွေ့ ရပါတယ်။ ကျနော်ထင်တယ်၊လူငယ်တွေရုပ်ပိုင်းဆိုင်ရာတိုးတက်မှုရှိအောင်လေ့ကျင့်ပေးတာ တွေအပြင်စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတိုးတက်လာအောင် လုပ်
ဖို့ လေ့ကျင့်ပေးမှု အစီအမံတစ်ခုများလိုနေပြီလား မသိပါ။ အများမိုးခါးရေမသောက်ပဲ ခေတ်ရေစီးကြောင်းကိုကြံ့ကြံ့ခံနိုင်ဖို့လေ။ ကိုယ်လုပ်ပေးလိုက်လို့တစ်ဖက်သား
စိတ်ချမ်းသာသွားတာကိုမြင်တွေ့ရပြီး ကိုယ့်စိတ်ထဲမှာ ပီတိဖြစ်ရတဲ့ခံစားချက်မျိုးခံစားနားလည်
တတ်ဖို့ပါ။ ကိုရီးယား ဒရာမာဇာတ်လမ်းတချို့ မှာတောင်တစ်ခါတစ်ရံကြည့်မိလိုက်သလိုပါပဲ။

ဒါပေမဲ့ခေတ်ရေစီးကြောင်းကလည်းတားလို့မရဘူးဗျ။ လူတွေကလည်းရုံးပြင်ကန္နားက၀န်ထမ်းတွေကိုချဉ်းကပ်ပြီဆိုရင် ဂ၇၀ လေးတော့ယူလာကြတာပဲ။ အထက်ကလူတွေကလည်း မင်းတို့မရစ်ကြနဲ့ လုပ်ပေးကိုင်ပေးလိုက်၊ မြန်မာပီပီ သဒ္ဒါတရားကြောင့် သူတိုကသဒ္ဒါလို့ပေးရင်တော့ယူ လို့
ဆိုတော့ ဒါက အကျင့်ပါလာပြီး လူတိုင်းစိတ်ထဲမှာ သူတော့ တစ်ခုခုတော့ပေးရမှာပဲလို့ ယူဆပြီး ပေးတဲ့ အကျင့် ယူတဲ့ အကျင့်တွေကိုဖျောက်မ ရနိုင်ဖြစ်နေကြတော့တာပါပဲ။

ဟေ့ကောင်- ပီတိကထမင်းစားသလိုစားလို့ရတာမဟုတ်ဘူးကွ - လို့တောင်ပြန်ပြောခံရမလား
မသိဘူး။ဘာအလုပ်ပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုဂုဏ်ယူတတ်ဖို့လိုပါတယ်။အများမိုးခါးရေ
မသောက်ဖို့ လုပ်ကြပါ။ ဒီကနေ့လူငယ်တွေအဖို့ ပြင်မယ် လေ့ကျင့်မယ် ဆိုရင်ရပါသေးတယ်။
ဒီကနေ့ ကိုယ့်နိုင်ငံ ကလူငယ်တွေစိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေတိုးတက်မှ နောင်အနှစ် ၂၀ ၃၀ ကြရင် corruption free နိုင်ငံအဖြစ်ရောက်မှာပါ။

Tuesday, December 8, 2009

အမွေမီမြေး နှင် အမွေမမီမြေး

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မြေးများအမွေဆက်ခံရေးတွင် အမွေမီမြေးနှင့်အမွေမမီမြေးဟူ၍ နှစ်မျိုး ရှိကြောင်း သိရသည်။ အမွေမီမြေးဆိုသည်မှာ ၄င်းတို့၏ မိဘများသည် ဘိုးဘွားများသေဆုံးပြီး နောက်မှ သေဆုံးကြသောကြောင့် အမွေမီမြေး ဟုခေါ်ပါသည်။

အမွေမမီမြေးဆိုသည်မှာ ၄င်းတို့၏မိဘများသည် ဘိုးဘွားတစ်ယောက်ဖြစ်စေ၊ နှစ်ယောက်စလုံးဖြစ်စေ မသေမီ ရှေးဦးစွာ သေဆုံးကြသောကြောင့် အမွေမမီမြေး ဟုခေါ်ဆိုကြောင်းသိရပါသည်။

အမွေမီမြေးသည် ၄င်းတို့၏ဦးကြီး၊ ဦးလေး၊ အဒေါ်စသည့်ဆွေမျိုးများနှင့်ပြိုင်၍ ဘိုးဘွားများ အမွေဆက်ခံပိုင်ခွင့် မရှိပေ။

အမွေမမီမြေးမှာမူယင်းကဲ့သို့ဆွေမျိုးများနှင့်ပြိုင်၍ အမွေကိုဆက်ခံပိုင်ခွင့်ရှိကြောင်းမြန်မာဓလေ့ထုံးတမ်း ဥပဒေ များတွင်ဖေါ်ပြထားသည်။

Sunday, December 6, 2009

လူ့ဘ၀၏ ၆ ပုံ ၁ ပုံ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို
ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား
ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်
မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘဝ
၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ
ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ
အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့
အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်
ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို
မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို
ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာ
မရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့
ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။

Saturday, December 5, 2009

ဆန်အရည်အသွေးနဲ့ပတ်သက်ပြီးဘာမှမလုပ်ကြသေးဘူး

၂၀၀၉ခုနှစ် မိုးစပါးစိုက်ပျိုးထွက်ရှိမှုသတင်းတွေဟာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရရင်ကောင်းမဲ့ လက္ခဏာ ပါပဲ။ ဒီနှစ်ကတော့လယ်သမားတွေအတွက်ရွှေခေတ်လား၊ ကုန်သည် တွေအတွက်ရွှေခေတ်လား ဆိုတာ မှန်းရ ခက်ပါတယ်။နှစ်ယောက်လုံးအကျိုးရှိဖို့လိုပါတယ်။ ဆန်ကုန်သည်တွေကတော့ ပြည်တွင်းဆန်ဈေး တက်သွားရင် အိတ်စပို့ ပိတ်လိုက်မှာကို စိုးရိမ်နေကြတော့ တစ်ယောက်ယောက်ကဖေါက်လိုက်မှာကို ကာကွယ် တဲ့အနေနဲ့ အရောင်းအ၀ယ်ကိုထိန်းထိန်းသိမ်းသိမ်းလေးလုပ်နေကြတယ်လို့သတင်းကြားရ ပါတယ်။ ဒီလို စိုးရိမ် မှုတွေ ဟာလည်း အရင်ကဖြစ်ခဲ့ဘူးတော့စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပါ။ ဒါပေမဲ့ ဒီအချိန်မှာ မဖြစ်သင့်တော့ ပါဘူး။ တိုင်းပြည်မှာ ဘယ်လောက်ထွက်မယ်၊ ဘယ်လောက်စားမယ်၊ ဘယ်လောက်ပို့နိုင်မယ် ဆိုတာအတွေ့ အကြုံ အရခန့်မှန်းတွက်ချက်လို့ရ နေပြီပဲ။ ပြည်တွင်းဆန်ဈေးတက်မှာကို စိုးရိမ်ပြီးပိတ်လိုက် ဖွင့်လိုက်ဆို တဲ့ ခေတ် က ကျန်ခဲ့ပါပြီ။

ဆန်စပါး အထူးပြုဦးဆောင်ကုမ္ပဏီတွေ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုတယ်ဆိုတာဟာလည်း သူ့ဒေသ နဲ့သူတာဝန်ယူ လုပ် ကိုင်သွားကြမှာကိုယုံကြည်လို့ ဒီလိုအခင်းအကျင်းတွေ လုပ်ခွင့်ပြုခဲ့တာပဲ မဟုတ်ပါလား။ ကုန်စည်စီးဆင်းမှု ဟာလည်း ဆန်လိုဒေသနဲ့ ဆန်ပိုဒေသတွေအတွင်း ဟန်ချက်ညီညီ နဲ့ သဟဇာတ ဖြစ်သွားအောင် ဆောင်ရွက်ရ မှာက ဒီဆန်စပါးအထူးပြု ဦးဆောင်ကုမ္ပဏီတွေပဲ လုပ်ရမှာမဟုတ်ပါလား။ ညီညွတ်မျှတသွက်လက်တဲ့ supply chain mechanism ကို တည်ဆောက်လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာဆန်စပါး လုပ်ငန်း ကို ၂၀၀၉ ခုနှစ်ထွက်စပါးသီးနှံကစလုပ်ကြကိုင်ကြတော့မှာဖြစ်လို့ ၀ယ်လိုအားရောင်းလိုအား မျှချေ ကို တည်တည် ငြိမ်ငြိမ် ထိန်းသိမ်းသွားနိုင်မှာဖြစ်ပါတယ်။

ဒီအချိန်မှာဘယ်နိုင်ငံကတော့ ဆန်ဘယ်လိုဝယ်မယ်၊ ဘယ်နိုင်ငံကရောင်းမယ်ဆိုတဲ့ကမ္ဘာဆန်ဈေးကွက်သတင်း တွေပလူပျံအောင် ထွက်ပေါ်လာလျှက်ရှိတယ်ဆိုတာ ကောမာစ်ဂျာနယ် မှန်မှန်ဖတ်ရင်သိနိုင်ပါတယ်။

နိုင်ငံတကာ ဆန်ပွဲစားတွေကလည်းဒီအချိန်ဆိုရင်ခြေချင်းလိမ်နေကြပါပြီ။ ၂၅မှတ်ချင်းတူတူ မြန်မာ့ဆန်ဟာ ထိုင်း၊ဗီယက်နမ်၊အိန္ဒိယ၊ ဆန်တွေနဲ့ ယှဉ်ရင် ဘာကြောင့်ယခင်ကထက်ဒါလောက်ဈေးကွာခြားရတာလဲ၊ မြန်မာ ဆန်ကုန်သည်တော်တော်များများ ဒီနှစ်ထဲမှာ ကမ္ဘာကိုခြေဆန့်ခဲ့ ကြပြီးပါပြီ။ ပွဲစားကုမ္ပဏီတွေ ဆန်တစ် တန် ပေါ်မှာ ဘယ်လောက်စားကြတယ်ဆိုတာခန့်မှန်းလို့ရပြီလို့ထင်ပါတယ်။

အရည်အသွေးကိုမှန်မှန်ကန်ကန်လုပ်ပြီးကမ္ဘာဆန်ဈေးကွက်မှာ မြန်မာ့ ဆန်နံမည်ပြန်ယူကြရအောင်။ အခြေ အနေအရကတော့ မြန်မာဟာ ၂၅မှတ်ဆန်ကိုပဲ ပို့နေရအုံးမှာပါ။ တလောကဂျာနယ်တစ်ခုမှာ ပေါင်းဆန် ၂၅မှတ် ကို ပြည်ပတင်ပို့မယ်ဆိုပြီး ဖေါ်ပြထားတာ ဖတ်လိုက်ရပါတယ်။ ပေါင်းဆန်လုပ်လိုက်ပြီဆိုရင် အကျိုးအကြေ အတော်နည်းပါတယ်၊ ၂၅မှတ်ဆိုရင်ရောစရာ ပေါင်းဆန်ကွဲရဖို့ တော်တော်ခက်ပါလိမ့်မယ်။ ဒါကြောင့် ပေါင်းဆန်ဆိုရင် ၁၀မှတ် လောက်ပဲကြိတ်ပါတယ်။ ၂၅မှတ်ဆိုတာဆန်ကွဲ ဘီ ၂၃၄ က ၂၅%၊ ဘီ ၁၂ က ၁၅% အားလုံးပေါင်းရင် ၄၀% လောက်ပါ။ head rice recovery ၃၅%လောက်ရရင် ၂၅မှတ်အတွက် recovery ကောင်းတယ် လို့ပြောရ ပါ တယ်။ ပေါင်းဆန်ကြိတ်ရင် head rice recovery က ၅၀%ကျော်လောက်ရပါတယ်။ head rice နဲ့ whole kernel တွေများနေပြီးရောစရာ ဆန်ကွဲမရှိတော့ ၁၀မှတ်ဆန်လောက် ဖြစ်သွားတာပေါ့။ ဒါကြောင့် ပေါင်းဆန် လုပ်ရင်တန်းမြင့် spec ပဲရမှာဖြစ်ပါတယ်။

ပြည်တွင်းမှာလည်းလယ်ယာထွက်ကုန်နဲ့ပတ်သက်လို့ အရင်က ပဲမျိုးစုံလုပ်နေတဲ့ကုန်သည် တွေကပဲမျိုးစုံ လုပ်ရတာငွေရင်းများပြီး ဈေးအတက်အကျက ခန့်မှန်းရခက်တာနဲ့ ဆန်ကိုပြောင်းလုပ်ကိုင် ဖို့တာ စူနေတဲ့ ကုန်သည်ကတာစူနေပါပြီ။ကုန်သည်တော်တော်များများရဲ့စိတ်ဘ၀င်မှာ နိုင်ငံတော်အနေနဲ့ ဆန်ုကိုလွတ် လွတ် လပ်လပ်လုပ်ကိုင်ခွင့်ပေးပြီလို့မှတ်ယူလာကြတဲ့အတွက် ဆန်ရောင်းဝယ်ရေး အပေါ်မှာစိတ်ဝင်စား လာကြတာ မဆန်းပါဘူး။

လွန်ခဲ့သော ၄၇နှစ် ၁၉၆၂ခုနှစ် ကနိုင်ငံတော်ကောင်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ မှ အရှေဖျားတိုင်းပြည်များ သို့စေလွှတ်ခဲ့သည့် ဆန်အမျိုးအစာသတ်မှတ်ခြင်း၊ စစ်ဆေးခြင်းနှင့်အဆင့်အတန်း မြင့်သောဆန်များ ပိုမို တင်ပို့ရောင်းချနိုင်ရေးအတွက်ဈေးကွက်များရှာဖွေလေ့လာရေး မစ်ရှင်အဖွဲ့အစီရင်စာ ကိုစာရေးသူ လေ့လာ ဖတ်ရှုတော့လွန်ခဲ့သော နှစ်၄၀ ကျော်ကာလကတည်းက မြန်မာဆန်ကို ယိုးဒယားဆန်နဲ့ ကမ္ဘာဆန်ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချ တဲ့အခါမှာ မြန်မာဆန်များရဲ့ အားနည်းချက်များကို စူးစမ်းလေ့လာဖေါ်ထုတ်ခဲ့တဲ့ မစ်ရှင်ရဲ့ အစီရင်ခံစာဖြစ်ပါတယ်။

စိတ်လှုပ်ရှားဖွယ်ကောင်းတာက မစ်ရှင်၏အစီရင်ခံစာထဲမှာ ဖေါ်ပြခဲ့တဲ့ မြန်မာ့ဆန်ရဲ့ အားနည်းချက် တွေဟာ ယနေ့တိုင်ရှိနေဆဲ အရည်အသွေးနဲ့ပတ်သက်လို့ ဖြေရှင်းနေရဆဲ ဖြစ်နေတာကိုတွေ့ ရပါတယ်။ အဲဒီအချိန်က ဟောင်ကောင်မှာရှိတဲ့ကုန်သည်တွေနဲ့ မစ်ရှင်အဖွဲ့ဝင်တွေနဲ့ဆွေးနွေးတဲ့အခါ ဟောင်ကောင်က ကုန်သည်တွေက မြန်မာဆန်နဲ့ ပတ်သက်ပြီးအောက်ပါအချက်တွေ ကိုထောက်ပြပြောဆိုခဲ့ကြပါတယ်။
  • ယိုးဒယားဆန်နဲ့ယှဉ်ရင် မြန်မာဆန်ဟာဆန်လုံးညီညာမှုမရှိခြင်း၊
  • မြန်မာဆန်ဟာဆန်ရောင်မှေးမှိန်ပြီးဖွဲများကပ်နေခြင်း၊
  • မြန်မာဆန်များမှာ စံနမူနာဆန်နှင့်တင်ပို့သည့်ဆန် များနှင့် ကိုက်ညီမှုမရှိခြင်း၊
သင်္ဘောတင်ခလည်း ယိုးဒယားထက် ၃ဆလောက်ကြီးမြင့်ကြောင်း ထောက်ပြခဲ့ပါတယ်။ စင်ကာပူရောက်တော့ လည်းကုန်သည်တွေက မြန်မာငကျွဲ ၁၅ မှတ်ဆန်ထဲမှာ မီးဒုံးဆန်တွေရောပါနေကြောင်း တိုတိုပြောရရင် မြန်မာ ဆန်အရည်အသွေးဟာ ယိုးဒယားဆန်နဲ့ယှဉ်ရောင်းရင် အမြဲတန်းဈေးနည်းနေမယ် ဆိုတဲ့အချက်ပါပဲ။ စာရေးသူ တို့ နှစ်ပေါင်း ၄၀ လုံးလုံးပါးစပ်က ပဲအရည်အသွေးတိုးတက်အောင်လုပ်ကြပါ လုပ်ကြပါ ပြောနေပေမဲ့ လက်တွေ့ မှာတော့ လွန်ခဲ့ တဲ့ ၄၂ နှစ်က အတိုင်းပါပဲဆိုတာလက်တွေ့မှာ မြင်နေရပါပြီ။

သမီးသိပြီဖြစ်သောအများကြီးမောတဲ့သားသမီးဇော

တစ်လောက စင်ကာပူမှာရှိနေတဲ့သမီးဆီက အီးမေလ်တစ်စောင်ရတယ်။ သူတို့လင်မယားနှစ်ယောက် နောင်နှစ် ဖေဖေါ်ဝါရီ မှာမွေးလာမဲ့ ခလေးအတွက် ခလေးတင် တွန်းလှည်း၊ နို့ဘူး၊ နို့ဘူးပိုးသတ်ဆေး၊ စတဲ့ခလေး အသုံးအဆောင်ပစ္စည်းတွေဝယ်လိုက်တာ ဒေါ်လာတော်တော်ကုန်သွားတယ် ဆိုတဲ့အကြောင်း ဖအေဆီကို အီးမေလ်ပို့လိုက်တာပါ။ ၀ယ်တဲ့ပစ္စည်းတွေအကြောင်း ဖေါ်ပြထားတဲ့ ၀က်ဘ်ဆိုက်ကိုတောင် ပို့လိုက်သေးတယ်။ သမီးက အဖေသွန်သင် ဆုံးမတဲ့အတိုင်း နေတတ်တော့ စနစ်တကျလုပ်တတ်ကိုင်တတ်ပါတယ်။ ဒါပေမဲ့ မှန်တာပြောရရင် ရှပ်ပလာဖြစ်နေ ဆဲပါ။ ဘာပဲပြောပြော ဒီလိုစနစ်တကျလုပ်တတ်ကိုင်တတ်တဲ့အတွက် စာရေးသူရင်ထဲမှာကျေနပ်မိပါတယ်။

စာရေးသူစဉ်းစားမိတယ်။ သမီးကသူ့ခလေးကို သူတတ်နိုင်သမျှအကောင်းဆုံးတွေပဲဖြစ်စေချင်တော့ ပိုက်ဆံကိုစနစ်တကျစု၊ စင်ကာပူမှာမွေး၊ (ဖအေကိုဒုက္ခ မပေးချင်တာ လည်းပါတယ်) ခလေးအတွက်လိုမဲ့ ပစ္စည်းတွေကြိုတင်ဝယ်၊ ဒါတွေဟာ မိဘမဖြစ်သေးပေမဲ့ ဗိုက်ထဲကခလေးအတွက် မေတ္တာစေတနာတွေပါ။ စာရေးသူတို့လင်မယားကတော့ သူ့ကိုမမွေးစဉ်ကကော၊ မွေးတုံးကာလမှာကော၊ မွေးပြီး တဲ့နောက်ပိုင်းမှာကော၊ ဒီလိုမစဉ်းခဲ့မိတာကတော့အမှန်ပါ၊ တစ်ခုတော့ရှိတယ်။ ခလေးကိုထိုးရမဲ့ ကာကွယ်ဆေးတွေကိုတော့ စနစ်တကျ မှတ်သားပြီးအချိန် မှန်မှန်ထိုးပေးခဲ့ပါတယ်။ ခလေးနဲ့ ပတ်သက်တဲ့မှတ်တမ်း စာအုပ်လေးလည်းထားရှိခဲ့ပါတယ်။ ဘယ်နေ့ကဘာဆေးထိုးတယ်၊အလေးချိန်ဘယ်လောက်ရှိတယ်၊ အားလုံးမှတ်သားထားခဲ့ပါတယ်။ အိမ်အကြိမ် ကြိမ် ပြောင်းခဲ့ရတော့ သေတ္တာတစ်ခုခုထဲမှာတော့ ရှိနေပါလိမ့်မယ်
ထင်တယ်။

အဲဒီအချိန်တုံးကဘာစဉ်းစားမိခဲ့သလဲဆိုတော့အော်ငါတို့မိဘတွေဟာရှေးကျတော့ ငါတို့ကို ဒီလိုကာကွယ်ဆေး တွေကြိုတင်ထိုးရကောင်မှန်းမသိကြဘူး၊ ခလေးရဲ့ ဘ၀တစ်သက်တာ ကျန်းမာရေး စိတ်အေးနိုင်အောင် လုပ်ဖို့ဆိုတာက ကျန်းမာရေးအသိပညာလည်း ပြည့်စုံဖို့လိုပါတယ်လို့ အတွေးပေါ်ခဲ့ပါတယ်။ အဲဒီအချိန်တုံးက အာလ်ထရာဆောင်း ဆိုတာမပေါ်သေးတော့ ဘာလေးမွေးမယ်ဆိုတာ တောင်ကြိုတင်မသိခဲ့ရဘူး။ သမီးအမေကော၊ စာရေးသူကော၊ ကြိုတင်ပြီး နို့ဘူးဝယ်တာ၊ အနှီးဝယ်တာတွေ လုပ်ဖို့ခေါင်းထဲမှာမရှိကြဘူး။ သမီးမွေးတော့ ဒပ်ဖရင်မှာ၊ မိန်းမအစ်ကို က ဆရာဝန်ဆိုတော့ မွေးခန်းထဲဝင်လို့ရတယ်။ ခေတ်တစ်ပတ် ပြန်လည်တယ်လို့ဆိုရမယ်။ အခုလည်း ဘကြီး ကတူမကိုစိတ်ပူလို့ထင်ပါရဲ့။ မွေးချိန်နဲ့ကိုက်ပြီး အင်္ဂလန်ကနေ စင်ကာပူကိုလာအုံးမယ်။ အခန်းပြင်မှာစောင့်နေတဲ့ စာရေးသူကမွေးခန်းထဲမှာ ဇနီးလုပ်သူ ဗိုက်နာလွန်းလို့ အော်ဟစ်ညည်းတွားနေတာကို အတိုင်းသားကြားနေရတယ်။ ဇနီးရှိတုံးက သူအော်ခဲ့တဲ့အကြောင်းကို ပြန်ပြန်ပြောပြီး စ တော့သူ မအော်ပါဘူးလိုပြောတယ်။ အတင်းငြင်းတယ်။

ဒါနဲ့ခဏနေတော့ ခလေးငိုသံကြားရပြီး ယောက်ဖ မွေးခန်းထဲကထွက်လာပြီး မိန်ခလေး လို့ပြောတယ်။ စာရေးသူစိတ်ထဲမှာ တော်တော် ပျော်သွားတယ်။ ကိုယ်ကသမီး လိုချင်တာကိုး။ သမီးကတော့ ဆေးပညာတိုးတက်လာတာကြောင့် ကိုယ်ဝန် ၅ ၆ လမှာပဲ ယောင်္ကျားလေး ဆိုတာသိခဲ့ရတယ်။ သားမက်ကေ တာ့ ယောင်္ကျားလေး လိုချင်တာ ဆိုတော့ ကြိတ်ပျော်နေတာပေါ့။ သမီးကအဖေလိုပဲ မိန်းခလေး လိုချင်တာလေ။ ဘာပဲဖြစ်ဖြစ် တစ်ရက်နှစ်ရက် လည်းနေရော သူ့သားမှ သားဖြစ်နေပြန်ရော။ သားသမီးဟာ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် သားသမီးပါပဲ။ ခလေးတွေထားတဲ့ အခန်းထဲ ယောက်ဖနဲ့ အတူသွားကြည့်တော့ သမီးကအိပ်နေပြီ။ ချက်ကြိုးဖြတ်ထားရာက ကျန်တဲ့ ချက်နဲ့ Babyခင်လှရီ လက်မှာပတ်ပတ်တဲ့ အ၀တ်လေးကို သမီး record book မှာ သိမ်းထားတယ်။ယနေ့ ၂၁ရာစုမှာတော့ ခလေးအသုံးအဆောင်ပစ္စည်းတွေ ဈေးကွက်တွေမှာအပြိုင်အဆိုင်ဝယ်လို့ရနေပါပြီ။ နေရာတကာမှာ သူ့ခလေးအတွက် အကောင်းဆုံးဖြစ်စေချင်တဲ့ သမီးကတော့ ရန်ကုန်ခဏပြန်လာတုံးကတောင် ခလေးအတွက်ပစ္စည်းတွေဝယ်ပြီး သေတ္တာတစ်လုံးနဲ့ သယ်သွားသေးတယ်။ အများကြီးမောတဲ့ သားသမီးဇောလေ။ ခေတ်တွေတိုးတက်လာတာ နဲ့အမျှ အကောင်းဆုံးရုပ်ဝတ္တူ ပစ္စည်းတွေနဲ့ သားသမီးတွေကို ဆင်ချင်တာမိဖတွေရဲ့ စေတနာပါ။ ရုပ်ဝတ္တူပစ္စည်း တွေပေါများတဲ့ဒီခေတ်မှာတော့ ပိုက်ဆံတတ်နိုင်ရင် ခလေးအတွက် လိုချင်တဲ့ ရုပ်ဝတ္တူပစ္စည်းတွေ ကိုဝယ်သုံးနိုင်ကြပါတယ်။ စာရေးသူတို့ခေတ်တုံးကတော့ ရုပ်ဝတ္တူပစ္စည်းတွေ ဒီကနေ့ခေတ်လောက်မတိုးတက်ပေမဲ့ သားသမီးအပေါ်မှာထားတဲ့ မေတ္တာစေတနာ ကတော့ ဒီကနေ့ခေတ်မှာရှိနေတာထက်တော့ မလျှော့ပါဘူး။