Sunday, January 2, 2011

ကျောင်းသားအိုကြီးများ ရဲ့ ဆရာကန်တော့ပွဲ

ဒီနှစ် ၂၀၁၀ ခုနှစ် ဆရာကန်တော့ပွဲ ကတော့ စာရေးသူတို့ 72 batch Mechanical ရဲ့ ၁၂ ကြီမ်မြောက်ပါ။ အခုတစ်နှစ် နှစ်နှစ် အတွင်းမှာ တက္ကလိုလ်အသီးသီး မေဂျာအသီးသီးက ကျောင်းသားကျောင်းသူတွေ စုပေါင်းပြီး ဆရာကန်တော့ပွဲ လုပ်ကြတာ တော်တော်ခေတ်စားနေပုံရပါတယ်။ စာရေးသူတို Mechanical အုပ်စုကတော့ အားလုံးကျောင်းသားတွေများပြီး ဂျက်စီထွေးနဲ့ခင်ခင်အေးပဲမိန်းကလေးရှိကြပါတယ်။ ပထမနှစ်မှာဂျက်စီထွေးတစ်ယောက်ပဲရှိပါတယ်။ ဂျက်စီထွေး လို့ သာဆိုရတယ် ဒေါက်တာဂျက်စီထွေးဖြစ်နေပါပြီ။ သူကUSမှာရောက်နေတော့ကျောင်းသားတွေတော်တော်များများက ၁၂နှစ် လုံးလုံးနှစ်စဉ် လုပ်ခဲ့တာဂျက်စီထွေး
ကို ရောက်များ လာမလား လို့ မျှော် တော်ယောင် လုပ်ကြ ပါတယ်။ ဒေါက်တာဂျက်စီထွေး လာ လည်အောင် ဘယ်သူ တာဝန်ယူ ဖိတ်မလဲ ဆို တာအချင်းချင်း နောက်နေကြပါ။ လိပ်စာတောင် မသိကြဘူး။စာရေးသူလည်း Facebook ထဲမှာတောင် စမ်း ရှာ ကြည့် မိသေးတယ်။





ရှားရှားပါးပါး 72 batch Mechanical Major မှ
သူငယ်ချင်းများ နှင့် Dr Aung Khin အပါအ၀င်ဆရာများ









စာရေးသူတို့ 72 batch Mechanical ကသူငယ်ချင်းတို့တစ်တွေအသက်တော်တော်ကြီး လာတော့မှ တစ်ယောက်နဲ့တစ်ယောက်ငယ်စဉ်ကထက်တောင်တော်တော်ပေါင်းသင်းမိကြတယ်။ ဆရာကန်တော့ပွဲ မရှိ လဲ occasion တစ်ခုခုမှာ ၁လ သို့ မဟုတ် ၂လ တစ်ခါ ဆုံဖြစ်ကြတာပါပဲ။ ပြည်ပက သူငယ်ချင်းတစ်ယောက်ယောက် မြန်မာပြည် ခဏလာလည်ရင်ဘယ်သူဖြစ်ဖြစ် ဟိုတယ် တစ်ခုခုမှာစားပွဲ လုပ်ပြီး ဆုံဖြစ် လိုက်ကြတာပါပဲ။ အထူးသဖြင့်စင်ကာပူမှာ လုပ်နေသူတွေနဲ့ဆုံကြတာများတယ်။ US ကို့ UK တို့ကြတော့ တစ်ခါတစ်ရံမှ ပါ။ ဆရာကြီးဒေါက်တာအောင်ခင် လာတုံး ကလည်းဆုံဖြစ်ကြတယ်။

၁၂ကြိမ်မြောက်ကတော့ထူးခြားမှု ၃ ခုရှိတယ် လို့ ဆော်သြရေးမှုး ၀င်း ထိန်ဦး ကပြောသွားပါတယ်။ စက်မှု ၂ က မျိုးမြင့် ကတော့ 72 batch ရဲ့ ရာသက်ပန်အတွင်းရေးမှုးပါ။ RIT မှာ ကျောင်း တက်တုံးကစက်မှုအသင်းရဲ့ နှစ်တိုင်း ပြန် လည် အရွေးချယ်ခံရတဲ့ အတွင်းရေးမှုးပါ။ဝင်းထိန်ဦး၊၀င်းမြင့်၊မြဘူး၊လှမြင့်၊စိုးမြင့်၊မောင်မောင်ဦး၊ချုံစိန်၊မြင့် ဖေ၊ တို့ကတော့ နှစ်စဉ်ဆရာကန်တော့ပွဲ ကို စည်စည်ကားကားဖြစ်အောင်လုပ်ကြ တဲ့ ဆော်သြ သူများပါ။ ပုတီးကုန်းစိန်ဝင်း၊ ခင်မောင်တိုး တို့ကတော့နှစ် တိုင်း လို လိုပါပဲ၊ အလုပ်များတဲ့ ကြားက ပါဝင်ကြပါတယ်။MK လှဝင်း ဆိုရင်ပိသုကာပေမဲ့ 72 Mech လူတွေနဲ့တော်တော်ပေါင်းမိတယ်။ ဆရာကန်တော့ပွဲမှာ ဆရာဆရာမတွေအတွက် အ၀တ်အစားဆိုရင်အမြဲလှုဒါန်းပေးတဲ့ သူငယ်ချင်းပါ။ ဟင်နရီအောင်ဒင်ကတော့ CP မှာ လုပ်တော့ ကြက်ကြော် ကိုဆရာတွေအတွက်အမြဲလှုနေကြပါ။

ထူးခြားမှုတစ်ခု ကဒီနှစ်စာရေးသူတို့ သူငယ်ချင်းတွေအကုန် ၆၀ ပြည့် လို့ပင်စင်ယူကြရပြီ။ ဒါတောင် အချို့ ကအကြံပေး၊ကျွမ်း ကျင်သူတွေအနေနဲ့ တစ်နှစ် နှစ်လောက်လုပ်နေကြတုံးပဲ။ 50 born ကနည်းနည်းပဲရှိတာလေ။ ကိုယ့် အချင်းချင်းကတော့သိကြတယ်။မျိုးအောင်က စက်မှု ၂ က DG ဟန်စိန်ကရေတပ်က ဗိုလ်ချုပ်၊ ဒီကနေ့ ၂၀၁၁ ဆိုရင်ပင်စင်ယူချင်ယူ၊အကြံပေးနဲ့ လုပ်ချင် လုပ်ပေါ့၊ ဆိုလိုတာက ကျေားင်းသားကျောင်းသူအိုကြီးတွေဝင်းထိန်ဦး အပြောအရဆိုရင် senior citizen ကြီးတွေ က ဆရာ၊ဆရာမ အိုကြီးတွေကို သူတို့ဆုံးမပဲ့ပြင်သင်ကြား
ပေးခဲ့တာကြောင့် လူလောကအလယ်မှာတင့်တင့် တယ်တယ်နေနိုင်ကြရတာပါ လား လို့အောင်းမေ့သတိရပြီး ကန်တော့ကြရတာကိုး။ ဆရာဦးဘသန်းဆိုရင်တော်တော်အသက်ကြီးနေပြီ ။ ဆရာကြီး စာရေးသူတို့ ကို Strength of Materials ဘာသာရပ်ကိုသင်ပေးခဲ့တာကိုသတိရနေဆဲပါ။ ဒီတစ်ခေါက် English ဆရာမ ဒေါ်နော်ချယ်ရတီ ကိုသွားနှုတ် ဆက် လိုက်တယ်။ ပထမနှစ် မှာ အနွေးထည် ၁၂ ရာသီဝတ်ထားတဲ့ကောင်လေး က ကျနော်ပါ လိုပြောတော့ မှတ်မိ ပါတယ်။နံမည်တော့ မေ့နေတယ် လေ။ RIT ပထမနှစ်တက်နေတုံး နှစ် လည်လောက်မှာ အသဲရောင်အသားဝါဖြစ်တော့ အိမ်ပြန်အနားယူရတာ တစ် လလောကကျောင်းပျက်သွားတယ်။ အဲဒီတုံးက Rector က ကျော်မိုး တို့အဖေ ဦးရုံးမိုးပါ။မီးရထား ကအင်ဂျင်နီယာကြီးပေါ့။အဖေနဲ့ ခင်တော့ အဖေ လိုက် လာပြီး ရ၅% မထိအောင်ဆရာဝန် လက်မှတ်ပြ ဆေးခွင့် ယူခဲ့ရပါတယ်။ ဆရာဆရာမတွေတော်တော်များများကအနွေး ထည် ၁၂ ရာသီဝတ်ထားတဲ့ ကောင်လေးပဲ
ဆိုပြီးသိနေကြတယ်လေ။

နောက်ဒုတိယထူးခြားချက်က RIT မှာ တက်တုံးက 1st year 2nd year တွေမှာဘာသာရပ်အချို့ မှာဆို မေဂျာကွဲပေမဲ့ တူတူတက်ခဲ့ကြရတယ်။ Textile, Electrical Power, Electrical Communication, Metallurgy, Mining, Architect, Civil စတဲ့ဘာသာရပ်အသီးသီးလိုင်းအသီးသီးမရောက်ခင်မှာ classes တွေ အတူတူတက်ခဲ့ ကြရတာတွေလည်းရှိပါတယ်။ Textile, Chemical ဆိုရင် 4th year လောက်ထိတူတူတက်ကြရတဲ့ အပြင် အဲဒီ classes တွေ တက်ရင် Mechanical ကျောင်းသားတွေဆိုးသမျှ ဒဏ် ကိုအဲဒီ မေဂျာက မိန်းခလေးတွေအများဆုံးအခံရဆုံး၊ arrow ဒဏ်အခံရဆုံး၊ ရိသဲ့သဲ့တောင်အပြောခံရသေး။ ဒါပေမဲ့ ဒါတွေဟာအတိတ်မှာ ကျန်ခဲ့ပါပြီ။ ၂၀၀၉ ခုနှစ်က ဆရာကန်တော့ပွဲမှာ ဒီသူငယ်ချင်းတွေကို ဧည့်သည်တော်အဖြစ် ဘိတ်မယ် လို့ ၀င်း ထိန်ဦး ကအကြံ့ပုတော့ သူ့ ကို ၀ိုင်းဆဲကြတယ်။ဘာကြောင့် လဲဆိုတော့ တော်တော်ကို နောက် ကျပြီးမှ ဒီ လိုအကြံပြု လို့လေ။ Mechanical သူငယ်ချင်းတွေအား လုံးက သူတို့ မျှားနဲ့ပစ်ခဲ့ တဲ့ မိန်းခလေးသူငယ်ချင်းတွေကို အတွေ့ ချင်ဆုံးပဲ။ ဆရာကန်တော့ပွဲမှာ မိတ်ဆက်ကြတော့ မိန်ခလေးတချို့ ကသူတို့နံမည်ရင်း အပြင် သူတို့ nickname တွေပြောပြီး မိတ်ဆက်ကြတော့ ချက်ချင်းပဲစာရေးသူတို့ မျက်စေ့ထဲမှာ ကွင်းကနဲကွက်ကနဲပဲ အော်သူပါ လား လို့ သိ လိုက် ရတာ ကိုးက ကြည်နှုးစရာတစ်ခုလို့ ထင်ပါတယ်။ အသက်တွေရလာတော့လူကြီးပုံစံဆိုပေမဲ့ ပိုးကတော့ မပျောက်သေးဘူးဗျ။ ရွှေရတုနှစ် ၅၀ RIT အငြိမ့် မင်းသမီး ဒေါ်မြသန်းဝင်း ဆိုရင်ဆိုင်းသံဗုံသံကြားတာနဲ့ stage ပေါ်တက် ကတော့ တာပါပဲ။

ရွှေရတု RIT မင်းသမီး ဒေါ်မြသန်းဝင်း
စင်ပေါ်တက်ဖျော်ဖြေနေတာပါ။
ုခင်မောင်တိုးတို့အုပ်စုနောက်ခံတေးဆိုပေးနေပုံ။







ပိုးကတော့ ရှိနေတုံးပဲ။ လူပျက် မြင့် ဖေတစ်ယောက်တော့စင်ကာပူမှာကျန်းမာရေးကြောင့် ရောက်နေတော့ သူကို လည်းသတိရတယ်ဗျာ။ ဒီနှစ်တော့ ၀င်းထိန်ဦး ကထူးခြာမယ် လို့ကြိုတင်ပြောထားတော့ ကင်မရာယူလာခဲ့တယ်။ ဓါတ်ပုံရိုက် ပြီး Facebook လောက်တော့ တင်မယ်လေ လို့ ကြိုတင်စိတ်ကူးရခဲ့ တယ်။ ပြန်တွေ့ ကြတော့ဘယ်သူကဘယ်သူဆိုတာသိတဲ့သူတွေကပ်မေးရတာ ကိုကပျော်စရာတစ်ခုပါပဲ။
နောက်ဆုံးထူးခြားချက်ကတကယ်လည်း ထူးခြားပါတယ်။ လွန်ခဲ့တဲ့ ၅ကြိမ်မြောက် ဆရာကန်တော့ပွဲမှာ စာရေးသူတို့ သူငယ်ချင်း စာရေးဆရာ ပုတီးကုန်းစိန်ဝင်း ကဆရာကန်တော့ ပွဲ ဖိတ်စာမှာ ကဗျာတစ်ပုဒ်ရေးးခဲ့ပါတယ်။


ပုတီးကုန်းစိန်ဝင်းလက်ရေးနဲ့ သမုဒယကျောင်းကဗျာ


ဝင်းမြင့် က စိန်ဝင်းရဲ့ ကဗျာ ကိုခံစားပြတယ်။ ပုတီးကုန်း စိန်ဝင်း က မလေးရှား ကို စာပေဟောပြောပွဲ လိုက်သွားရတော့ ဆရာကန်တော့ပွဲ မတက် နိုင်ဘူး။ သူ့ ကိုယ် စား ၀င်းမြင့် ကခံစားပြတာလေ။ အဲဒီ၅ ကြိမ်မြောက်တုံး ကတော့ မေ့ မေ့ ပျောက်ပျောက်ပဲ။ အခု ၁၂ ကြိမ်မြောက်မှာ ခင်မောင်တိုးက melody သွင်းပြီး ကိုယ်တိုင်သူ့တီး ၀ိုင်းနဲ့ သီဆိုအသံသွင်းနဲ့ပါတယ်။ ၀င်းထိန်ဦး က CD ခွေထုတ်ခဲ့ပြီး 72 batch မူပိုင်အနေနဲ့ ကန့်သတ်ဖြန့်ဝေပေးခဲ့ပါတယ်။ ဆရာများ မကန်တော့ မီ ခင်မောင်တိုး ကအာလုံး ရဲ့ရှေ့မှာ မိုက်ကိုင်ပြီး သီဆိုဖျော်ဖြေခဲ့ ပါတယ်။ အား လုံးရဲ့စိတ်ထဲမှာ လွမ်း သလို လိုဆွေး သလို လိုတစ်ခုခု လိုသမျိုး ခံစားရပါတယ်။ ဂီတနဲ့ ပတ်သက် လို့ ဘာမှ မဆိုတတ်တဲ့ ကျော်ဝင်းကတောင် ကောင်းတယ်ကွာ၊ အခွေထဲမှာ ဆိုတာ ထက်တောင်ကောင်းတယ် လိုပြောပါတယ်။




အား လုံးကတောင်း ဆိုတာကြောင့် ၂ ခါတောင် ခင်မောင်တိုး ဆိုခဲ့ ရပါတယ်။









Facebook မှာ google picasweb မှာ ဓါတ်ပုံတွေ တင် ထား ကြောင်း ကျေညာထားပါတယ်။ အဝေးမှာ ရောက်နေတဲ့ သူငယ်ချင်းတွေ ကြည့် လို့ရအောင် ပါ။အောက်ပါအတိုင်း link လုပ်ပါ။

http://picasaweb.google.com/bayintnaungmin/12thSayaKanDaukPwe6672BatchMechRIT?authkey=Gv1sRgCOSwxf_HobioOg#

စာရေးသူ Facebook account က maung myo oo ပါ။ အားလုံး ကို share လုပ်ထားပါတယ်။ ဒီသီချင်းနားထောင်ပြီ စာရေးသူတို့ RIT ကို သမုဒယကျောင်း လို့တောင်ပြောင်း လိုက်ချင်ပါတယ်။တခြား ဆရာကန်တော့ ပွဲတွေ လိုပါပဲ၊ MRTV4 က ပရိုဂမ် လာရိုက်တာကိုတွေ့ပါတယ်။အခုထိတော့ MRTV 4 မှာ ပြတာ မတွေ့သေးပါဘူး။


RIT tennis court မှာ တင်းနစ်နည်းစနစ်မှုး ဦးဘသန်း လာရောက်
တင်းနှစ် ရိုက်နည်း သင်ကြားပေးနေပုံ။ (Textile ကကျော်မြင့် ဇနီး

စန္ဒီလှိုင် ကိုတွေ့ နိုင်ပါတယ်)










သူငယ်ချင်းတွေစုရိုက်ထာတာပါ
C block မှာ လို့ ထင်ပါတယ်။
စိန်အုန်း၊ခင်မောင်အေး၊မျိုးဦး၊မူကျင်၊ခင်မောင်အေး၊ကျော်ဝင်း

သူငယ်ချင်းတို့ မြန်မာပြည် အင်တာနက် ကကောင်းလိုက် မကောင်းလိုက် ဆိုတော့ post တစ်ခုတင်ရတာတော်တော်အချိန်ယူပါတယ်။ အခုဒီ post ကို ၃ခါလောက် တင်ရပါတယ်။ ပြည်တွင်းကRIT မျိုးဆက်သစ်တွေ ပြည်ပက RITမျိုးဆက်သစ်တွေရဲ့ DDoS attack ကိုမကာကွယ် နိုင်ကြတော့ဘူးနဲ့တူတာပဲ။ ပြောချင်တာကတော့ ကိုယ် တတ်တယ်ဆိုပြီးသူများ ကိုသွားမ စ ကြဖို့ ပါပဲ။ RIT လူအိုကြီးတွေ အင်တာနက် ကို စိတ်အေးလက်အေး သုံးပါရစေ။

ခင်မောင်တိုးရဲ့ သမုဒယကျောင်း(၁) သီချင်း ကို လိုချင်ရင် အောက်ပါလိပ်စာ ကို ဆက်သွယ်ပါ။

http://www.bayintnaungmin@gmail.com