Thursday, February 24, 2011

ဒေါသကိုပယ်နိုင်ပါစေ

မနှစ်သက်သောအာရုံနှင့်တွေ့သောအခါဒေါသမဖြစ်အောင်သည်းခံရမည်။

သေခြင်းဆင်းရဲခြင်းကိုလူတွေသေဆုံးသည့်အခါ ကိုယ်တိုင်ပြန်ပြောခွင့်မရသောကြောင့် ကျန်ခဲ့သည့်သူများ
သည်သေခြင်း၏ဆင်းရဲခြင်း ကို သေချာမသိကြရပါ။
လောဘနှင့်သေ ပြိတ္တာ ပြေ (ပြည်)
ဒေါသနှင့်သေ ငရဲပြေ (ပြည်)
မောဟနှင့်သေ တိရိစ္ဆာန်ပြေ (ပြည်) ဟုဆရာတော်များကဟောကြားထားရာသေခါနီး လူတစ်ယောက် အနေဖြင့်သတိမရှိတော့သည့်အခါ သေရမည့်ဝေဒနာကို ပြင်းထန်စွာခံစားနေရလေပြီ။ ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ ဘုံများကိုမသေခင်ကပင် မြင်နေရတတ်၏။

လောဘ၊ဒေါသ၊မောဟ တရားများဖုးံလွှမ်းနေပါက အမှန် ကိုမြင်နိုင်စွမ်းရှိတော့ပါ။စာရေးသူမိဖ ၂ ပါးအနက် အမေ သည်လောဘတရားသာနည်းပါးသည်မဟုတ်၊ ဒေါသတရားလည်း မရှိသူတစ်ယောက်ဖြစ်ပါသည်။ အမေဒေါသထွက်သည် ကိုငယ်စဉ်တောင်ကျေးခလေးဘ၀ကစ၍ကြီးပြင်း လာသည့် တိုင် မတွေ့ခဲ့ ဘူးပါ။ အမေ ဒေါသထွက်ပြီး စာရေးသူတိုမောင်နှမတစ်တွေကို မဆုံးမခဲ့ဘူးပါ၊လေအေးလေးဖြင့်သာ ဆုံးမသွန် သင်ပါသည်။ အဆိုပါအချက်ကြောင့် ထင်ပါသည်။ စာရေးသူတို့မောင်နှမ ၃ ယောက်သည် စိတ်ထားသိမ်မွေ့နှုးညံ့ကြသည်ဟု ထင်ပါသည်။ အမေအောက်ညီမသည်ကြမ်းတမ်းပါသည်။ အငယ်ဆုံးညီမ သည်အေးဆေးသိမ်မွေ့ပါသည်။

တအူတုံဆင်းညီအစ်မတွေဖြစ်သော်လည်း အမေသည်သူများနှုင်မတူ အလွန်အေးဆေး သိမ်မွေ့ပါသည်။ စာရေးသူလည်းအေးဆေးသိမ်မွေ့ ခြင်း ကို အလွန်နှစ်သက်ပါသည်။ ကိုယ့်ကို ကိုယ် ဒေါသနည်းအောင် လည်းကြိုးစားပါသည်။

သိပ္ပံစိုးလှ ဘာသာပြန်သည့် ”တစ်နှစ် အသက် (၃၆၅) ရက် အသက်ရှည်နည်း” စာအုပ်၌” ဒေါသထွက်လျှင်သွေးများခဲသွားတတ်၏။ ခန္ဓာကိုယ်တွင်းလှည့်ပတ်နေသောသွေးများတွင် စိတ် ဆိုး လာသည့်အခါသွေးဆဲလ် တို့သည် ၁ ကုဗမီ လီမီတာ တွင် ဥပေါင်း ၅ သိန်းမျှထိတိုးလာတတ်၏။ ထို့ပြင် အစာအိမ်အောက် အပေါက် ရှိ ကြွက်သားတို့ လည်းပိတ်သွားတတ်၏။ ထိုအခါအစာအိမ်ထဲမှ အစာ များအောက် သို့ မဆင်းရသောကြောင့် အခြားအစာအိမ်လမ်းကြောင်းဖြစ်သောအူသိမ်အူမ တို့ သည်တောင့် လာတတ်၏။ ထိုအခါ အကြီးအကျယ် စိတ်တိုဒေါသထွက်နေသူသည်ဝမ်းဗိုက်မှ အကြီးအကျယ် ထိုး၍နာလာတတ်၏။ စိတ်ဆိုးနေစဉ်နှလုံးသည် ပို၍ခုန် လာတတ်၏။ တစ်မိနစ်လျှင်အကြိမ် ၁၈၀ မှ ၂၂၀ ထိ လျှင်မြန်စွာ
ခုန်နေတတ်၏။စိတ်ဆိုးဒေါသကြီးသဖြင့် ဦးနှောက်ကျောပြတ်သွားသူများ ကို ပင်တွေ့ ရတတ်၏ “

ဤအချက်များကာဒေါသကခန္ဓာကိုယ် ကို ဒုက္ခပေးပုံဖြစ်၏။ ဒေါသသမားမှန်သမျှကား မကောင်းကွက်များ ကိုသာမြင်တတ်၏။ ထိုဝါဒကို “အယောနိသောမနုသိကာရ” ဟုခေါ်၏။ “အယောနိသော မနုသိကာရ”သည်သူတပါးမကောင်းကွက် ကို သာရှာကြည့်တတ်သောကြောင့် အပါယ်လေး ပါသိုဆွဲချနိုင် သည်။စိုးရိမ်သောကသည်မိမိ အတွက် ဘာမှအကျိုးမရှိဘူး၊ဒေါသမီးလောင်ပြီးသွေး တိုးရော ဂါဖြစ်တာပဲ အဖတ်တင်တတ်သည်၊ “ရန်ကုန်မှာ အမျိုးသမီး တစ်ယောက်ရှိတယ်၊ သူယောင်္ကျား အလုပ်သွား ရင်အခြားမိန်းမတွေနဲ့ ဖေါက်ပြန်နေမလားလို့တွေးပြီးစိတ်သောကဖြစ်တယ်။ သားသမီးတွေကျောင်းသွားပြီ
ဆိုရင် လည်းအဖော်တွေနဲ့ အဆင်ပြေပါ့မ လား၊ ဆရာဆရာမတွေနဲ့ အဆင်ပြေပါမလား ပူပင်သောကဖြစ် တယ်။လောကမှာ အသက်တိုသူတွေက စိတ်ဆင်းရဲစရာကို ရှာကြံတွေးတော တတ်ကြ တယ်။ အသက်ရှည်သူတွေ ကစိတ်ချမးသာစရာ ကို ရှာ ကြံတွေးတော တတ်ကြ တယ်တဲ့။“ ဒီအကြောင်း အရာတွေဟာဆရာတော် မေတ္တာရှင် (ရွှေပြည်သာ) ရေးးသားတဲ့“ သညာသိနှင့် ပညာသိ (သုဒ္ဓ၀ိပသာနာ ကျင့်စဉ် ) “ ကနေထုတ်နှုတ်ထားခြင်းဖြစ်ပါသည်။

ဒေါသထွက်နေသူတစ်ယောက်ကိုဘေးကနေကြည့်လျှင်တော်တော်အရုပ်ဆိုးသည်။ ဒေါသထွက်သူကတော့ ဒေါသအမိုက်မှောင်ဖုံးနေ၍ ဘာမှ မသိတော့ပါ။ ဒေါသထွက်နေသူတော်တော်များများ ကို စာရေးသူ ဖြောင်း ဖြပြောဆိုဘူးသည်။ သူတို့ ကို ကြည့် ရသည်မှလူစိတ်ပျောက်သလောက်ပင်၊ စဉ်းစားဆင်ခြင်တွေးတောတတ်သည့်ဥာဏ်မရှိတော့။ဒေါသ
အမိုက်မှောင်ဖုံးနေသည်က ကြောက်စရာရုပ်သွင် ကိုဖြစ်ပေါ်စေသည်။ ယခင်ကချစ် ခင်နှစ်သက် စရာကောင်း သည့် ရုပ်သွင် လက္ခဏာ သည် ဘယ်ပျောက်သွားမှန်မသိတော့ပါ။

ခန္ဓီစပါရမီ သည်းခံစိတ်ရှိသူတစ်ယောက်အပေါ်ဒေါသထွက်ပြနေခြင်းသည် သာ၍ပင် ကြည့် ရဆိုးပါသည်။ မည်သည့်အကြောင်းကြောင့်ဒေါသထွက်ပါစေ၊ဒေါသ၏အကျိုးဆက်သည်မည်သည့်နည်းနှင့်မျှမကောင်း တော့ပါ။ ဒေါသထိန်းနည်းကိုလူတွေကဆင်ခြင်နိုင်ရန်ပြောပြခဲ့သော်လည်း တကယ် လက်တွေ့ လိုက်နာရန် အချိန်၌ စာရေးသူတို့ အားလုံးမေ့ နေကြသည်။ မိမိဒေါသထွက်နေသည် ကို သိအောင် လုပ် လိုက်ခြင်းဖြင့် မိမိဒေါသထွက်နေပါလား ဆိုပြီး ဆင်ခြင်သွားနိုင်ပါသည်။

တကယ်တော့
ဘယ်လောက်ပင်စားရစားရ တစ်ဝမ်းဝရုံပါ။
ဘယ်လောက်ပင်ဝတ်ရ၀တ်ရအရေပြားဖုံးရုံပါ၊
ဘယ်လောက်ပင်အိပ်ရနေရ တစ်ကိုယ်စာလေးပါ
ဘယ်လောက်ပင်ပစ္စည်းဥစ္စာရှိရှိ သေလျှင်ထားပစ်ခဲ့ရတာပါ။
ကုသိုလ်ပြူလျှင်ကိုယ်ဖို့၊ စိတ်ထားကောင်းကောင်းထားတတ် လျှင်ကိုယ်ဖို့ပစ္စည်း ကျန်ခဲ့လျှင်သူများဖို့ ထားပစ်ခဲ့ရတာပါ၊မသေခင်လေးစိတ်ထားကောင်းကောင်းလေး ထားရင်ဒေါသ၊လောဘ၊မောဟ ကိုထိန်းရင၊် အားလုံး ကိုယ့်အတွက် ကျန်မှာ ချည်းပါပဲ။

မိုးကုတ်ဆရာတော် ဘုရားကြီး ဦးဝိမလ တရားစာအုပ်တွေကို မပြတ်ဖတ်တဲ့ အမေ ဟာလောဘ၊ဒေါသ ၊မောဟ တွေကင်းတာမဆန်းပါ။ အမေရဲ့သားလောဘ၊ဒေါသ၊မောဟကင်းအောင် ကြိုးစားနေ ပါတယ်။ အမေရဲ့မျိုးဆက်တွေကိုလည်းလောဘ၊ဒေါသ၊ မောဟတွေကင်းစေချင်ပါတယ်။ ဒါပေမဲ့ လူဆိုတာမွေး ဖွာကြီးပြင်းလာရာ ပတ်ဝန်းကျင်ကို လိုက်ပြီးအသွေးအရောင် စိတ်နေသဘောထား များပြောင်းလဲ တတ်တာေ ကြာင့်သွေး ကပါပင်ပါငြားသော်လည်း မျိုးဆက် ကြီးပြင်းလာသော ပတ်ဝန်းကျင်ကိုပဲ အပြစ် ဖို့ ရတော့မလား မသိတော့ပါ။

Sunday, February 20, 2011

ဘိုးဘိုးမြေးရဲ့မျိုးဆက်ပုံရိပ် (၂)

ပါမောက္ခဦးသာထိုကွယ်လွန်သွားတာကိုအင်တာနက်မှာတွေ့တော့မှ ရန်ကုန် အိမ်ကိုအပြေးအလွှားသွားပြီးသတင်းမေးရတယ်။ အန်တီလေးကတော့ ကျန်းကျန်း မာမာပါပဲ။ ခိုင်ထူးလည်းပြန်ရောက်နေတော့ သူ နဲ့ပါတွေ့ ခဲ့တယ်။ မန်းတက္ကသိုလ် ၀န်းထဲမှာနေ တုံးက ခလေးတွေကော မိဖတွေကောခင်ခင်မင်မင် နဲ့ကြီးပြင်းလာကြတာလေ။မန်းတက္ကသိုလ်ထဲမှာ ပါမောက္ခ တွေအတွက် ဆောက်ထားတဲ့၂ထပ် တိုက်အိမ်၁၀လုံး၅တန်းစီ ဆောက်ထားတာ။ဘိုးဘိုးတို့အိမ်ရှေ့ကလမ်း ကိုတော့တက္ကသိုလ်အုပ်ချုပ်ရေးကအဖေနေတဲ့လမ်း ဖြစ်တာကြောင့် “နတ်ရှင်နောင်လမ်း“ လို့အမည်ပေးခဲ့ တယ်။ အိမ်ရှေ့မှာ တင်းနစ်ကွင်းတွေပဲရှိတယ်။ နောက် မိုးလုံလေလုံ အားကစားရုံ၊ စာတိုက်၊ ဘော်လီဘောကွင်းတွေရှိပါတယ်။ အိမ် ၁၀လုံး မှာ နံပါတ် ၁ က ပါမောက္ခဒေါက်တာခင်မောင်နဲ့မြန်မာစာက ပါမောက္ခဒေါ်လှမြတ်၊ နံပါတ်၂ ကအန်တီပါမောက္ခဒေါ်ကြည်ကြည်လှနဲ့ ဗိုလ်မှုးမျိုးမြင့် (ဗိုလ်မြင့်အုန်းမိဘ)၊ နံပါတ်၃ ကရူပဗေဒပါမောက္ခဦးကျော်မြင့်၊ သူ့အရင်က Ford Foundationနဲ့ လာတဲ့ Professor Owen နံပါတ်၎ ကပါမောက္ခဦးသာထို၊အန်တီလေး၊ နံပါတ် ၅ ကပါမောက္ခဦးသိန်းမောင်နဲ့ အန်တီသန်း နံပါတ် ၆ က Professor Ali နဲ့ မိသားစု ရုပဗေဒဌာနကပဲ။ သူ့သားတွေထဲကလှမောင်တို့ စိုးမြင့် တိုကရန်ကုန်မှာ လုပ်ငန်းရှင်တွေပဲ။ နံပါတ် ၇ ကတော့မေ့နေပြီ။ နံပါတ် ၈ ကအင်္ဂလိပ်စာပါမောက္ခ မစ္စတာ မူနီ၊ နံပါတ် ၁၀ ကဘူမိဗေဒပါမောက္ခ မစ္စတာ ဆရင်း အိန္ဒိယတက္ကသိုလ်တစ်ခုက ဧည့်ပါမောက္ခအနေနဲ့ လာတာဖြစ်တယ်။ သူတို့မိသားစုတွေ အသီးသီးနေကြတယ်။ သမီး လေးက ဘွားဘွားကျွဲ နဲ့ ရွယ်တူပဲ။

ဘိုးဘိုးတို့အိမ်ရှေ့နတ်ရှင်နောင်လမ်း က လူရှင်းတယ်။ကျောင်းသားကျောင်းသူတွေတကူးတက လာမှပဲရောက် တယ်။ အိမ်ရှေ့ တင်းနစ်ကွင်းကျော်ရင် ရွှေပြည်အေး ယောက်ျားလေးအဆောင်၊ အိမ်ရှေ့ကများ ဆေးရုံသွားတဲ့ ကျောင်းသူတွေ ဖြတ်လျှောက်သွားလို့ကတော့်ဝရံတာကနေကျောင်းသားဘာဝ “မပြောမရှိကြနဲ့ ” လို့အော် ကြတယ်လေ။ရွှေမန်ဆောင်ဆိုတာနံမည်ကြီး မိန်းခလေးဆောင်၊နောက်ဘေးကသစ္စာဆောင်ရှိတယ်။ ရွှေမန်းဆောင် ရှေ့မှာ မြင်းလှည်းတွေဂိတ်ထိုးတယ်။ ဘိုးဘိုး တို့မောင်နှမတွေ မြင်းလှည်းနဲ့ လပေး စီးပြီး ကျောင်းတက်ရတာ။ ဘိုးဘိုးတို့ညီအစ်ကို၂ ယောက်က စိန်ပီတာ၊ ဘွားဘွားကျွဲကစိန်ဂျိုးဇက်ကွန်ဗင့် ကိုနေ့တိုင်း သွားရတာလေ။ မြင်းလှည်မောင်းသူက ပုဏ်ဏား လူမျိုး မြင်း ၂ကောင်ရှိတယ်။မနက် ၁ ကောင် ည ၁ ကောင် ညှာပြီး ခိုင်းတယ်။ အဲဒီတုံးကမန္တလေးက ကားသိပ်မပေါသေးဘူး။ မြင်းလှည်း ပဲ စီးကြတယ်။ကြီး လာမှ ကျောင်းကားနဲ့ကျောင်းတက်ရတာ။ အပြန်ကြရင် ဘိုးဘိုး ကမြင်းလှည်းမောင်းသင်တယ်။ နံပါတ် ၉ နတ်ရှင်နောင်လမ်း အိမ်မှာခြံကလည်းကျယ်တော့ အဖေ နဲ့ အမေ က နှင်းဆီတွေစိုက်ကြတယ်၊ နှင်းဆီပန်း တွေကို အိမ် ကထမင်းချက် က ရွှေမန်းဆောင် မှာ သွားရောင်းပေးတယ်။ အပျော်စိုက်တာပေါ့။ ဆောင်းတွင်း ရောက်ရင် အဖေ ကစိန်ချယ်၊ဟောလီဟောစ်၊ ပေါ်ပီ၊ ပန်းတွေစိုက်တယ်။ အငှားနဲ့မြေ ကို ပြုပြင် ခိုင်းတယ်။ရေ ကို ကိုယ် တိုင်လောင်းတယ်။

အိမ်ရှေ့မှာ ရေမြောင်း တွေရှိတယ်။ Estate Engineer ကသူ ဂျစ်ကားလေးနဲ့ မန်းတက္ကသိုလ်တ၀န်း လုံး လိုက် ကြည့်နေတာ၊ မြောင်းတွေက ရေစီးရေလာအင်မတန်ကောင်းတယ်။ အဲဒီတုံးက မြန်မာပြည်ကြီး မပျက်စီးသေး ဘုးလေ၊ သူ့အလုပ်သူတာဝန်ကျေကျေ လုပ်ကြတယ်။ ညနေကြရင် မိသားစု ပန်းခြံထဲထွက် ပြီး ဘိုးဘိုး တို့က ရေပုံးတွေဆွဲ မနိုင်မနင်းနဲ့ ရေလောင်းကြ ပြီ။ ဟင်းသီးဟင်းရွက်တွေ လည်း စိုက်တော့ လတ်လတ်ဆတ်ဆတ် စားရတယ်။ ဦိးလေးအောင်ထွန်းလူပျိုးတုံးကအောက်ထပ်မှာ တစ်ခန်းအိပ်တယ်။ အပေါ်မှာအိပ်ခန်း က ၃ ခန်း ဆိုတော့ ညီအစ်ကို ၂ ယောက် ကတစ် ခန်းနေကြတယ်။ ညဆိုရင် အဖေ ကကျောင်း ကယူလာတဲ့ အလုပ်တွေ လုပ်တယ်။ စာဖတ်တယ်၊ ဘိုးဘိုး တို့ ငယ်ငယ် ကအဖေစာသိပ်မရေးဖြစ်ဘူး။ တက္ကသိုလ်ကျောင်းက အလုပ်၊ စာသင်တဲ့အလုပ်နဲ့ပဲအလုပ်ရှုပ်နေတာများတယ်။ ဘိုးဘိုးတို့မောင်နှမတစ်တွေ ကိုယ့် အသိနဲ့ ကိုယ် စာဖတ်တယ်၊ homework ရှိ ရင် လုပ်တယ်၊ အမေနဲ့အဖေ ကဘာမှ မပြောရဘူး။ အခုခေတ် မိဖတွေ လိုတုတ်တစ်ချောင်း ကိုင်ပြီး စာကျက်ဆိုတာ လည်းမပြောရဘူး၊အဲဒီအချိန်ကတည်းက အမေ ကတော့ ဦးဝိမလတရားစာအုပ်တွေဖတ်နေပြီ။

ဘိုးဘိုးတို့အဖေကရီရတယ်။အကုန်သူ့ဖါသာလုပ်တယ်။ကားလည်းပြင်တတ်တယ်။တစ်ခုခုလုပ် လို့အောင်မြင်သွား ရင်သားသမီးတွေကို ဒါ MA အောင်ထား လို့ လုပ်တတ်တာ လို့ပြောတယ်။ နဲနဲ ကြီး လာတော့ MA နဲ့ဘာဆိုင်လို့လဲ ပြန်မေးမိတယ်။အမှန်တော့ သားတွေ သမီးတွေစာကြိုးစား ချင်အောင်ပြောတာပါ လားလို့ ကြီးလာမှ သဘောပေါက်တယ်။ အဖေကကြွားဝါတတ်တဲ့သူမှမဟုတ်တာ။ အမေက ပြောဘူးတယ်။ ဘိုင်စကုတ်ဂျပိုး လုပ်တုံး ကလည်း ရုပ်ရှင်ပြတဲ့စက်ပျက်ရင်သူကလိသေးတယ်တဲ့။ အမေနဲ့အဖေ ရတော့ တောင်ငူမှာဘိုင်စကုတ်ရုံထောင်သေးတယ်လေ။အဲဒီအလုပ် ကို အမေ ကဂျပိုးအလုပ် လို့ပြောတာ။ အဖေတောင်ငူမှာ နေတော့အလုပ်ကစုံတယ်။ သစ်ကုန်သည် လည်း လုပ် လိုက်သေးတယ် လို့ပြောတယ်။ သူရုပ်ရှင်ရုံ ကို ရင်စီနီမာ လို့အမည်ပေးထားတယ်။ အဖေရဲ့ အဖေ ကဦးဖိုးရင်လို့ခေါ်တော့“ရင်” ကိုယူလိုက်တာ။ ဖဆပလအမတ်လောင်းတွေရွေးတော့ဗိုလ်ချုပ်အောင်ဆန်းက ကိုချမ်းမြ ခင်ဗျားတောင်ငူကနေ အရွေးခံ လို့ပြောတော့ အရွေး မခံ ရပါစေနဲ့ ဆိုပြီး မနည်းလိုက်ဖျက်တယ်။ အဖေပြောတော့ ငါ ကျောင်းဆရာပဲ လုပ်ချင်တာ၊ အဲဒီအလုပ်တွေကစစ် ပြီးစမို့ ခေတ္တပဲ လုပ်တာ လို့ပြောတာပဲ။ ဘိုးဘိုး တို့နည်းနည်းကြီးလာတော့ ဘာတွေးသလဲ သိ လား၊? ဖဆပလအမတ်သာလုပ်မိရင် ဒီနွံထဲကရုန်းမထွက်နိုင်ပဲ စစ်တပ်က အာဏာ သိမ်း တော့ ငါ့အဖေထောင်ထဲပါသွားနိုင်တယ် လို့ ဘိုးဘိုးတို့တွေးမိကြတယ်။ အဖေကထောင်ကျဘူး တယ်၊ တောင်ငူကို ကရင်သူပုန်တွေ သိမ်းတော့အဖေတို့ ကိုတောင်ငူရဲ့ မြို့ မျက်နှာ ဖုံးဆို ပြီး တောင်ငူထောင်ထဲ ထည့်ထားတယ်။ အဖေအစ်ကိုဝမ်းကွဲတရားသူကြီးဦး စိန်ရင် လည်းပါတယ်။ထွက်ပြေး လို့ လည်းမရတော့အဖမ်း ခံ လိုက်ရတာပေါ့။ အမေ ခမျာဦးစိန်ရင်မိန်းမ ကြီးကြီးဒေါ်နှုင်းရီနဲ့ အဖေ တို့တစ်တွေလွှတ်ပေး ဖို့ အတွက် ကရင်စစ် ဗိုလ်တွေဆီသွားပြီး မျက်ရေခံထိုး တောင်းပန်ပေမဲ့ လည်း မရခဲ့ ဘူး။ ဘယ် လိုမှ ပြောမရတော့ ဘုရားတရားပဲ တနေရတာပေါ့။ အဖေကိုယ် တိုင်“ကော်သူလေး အကျဉ်းသမား“ ဆိုပြီးဆောင်း ပါးရေးဘူးတယ်။

ဘိုးဘိုးကအလွန်ငယ်သေးတဲ့အချိန်ပေါ့။ပုလုံးလောက်ရှိပြီထင်တာပဲ။တစ်နှစ်တောင်မပြည့်သေးဘူးထင်တယ်။အမေ ရဲ့ အတွေ့အကြုံတွေ ကိုအမေ ကဘိုးဘိုး တို့ ကြီး လာမှပြောပြောပြ လို့ဒါတွေသိရတာ။ကရင်ခေတ်က ကျီးလန့် စာစာ နေ နေကြရတာလေ။ အမေခမျာ မန္တလေး ကလိုက် လာပြီးတောင်ငူမှာ ဒုက္ခတွေ ကြုံရတာ။ အဲဒီအချိန်တုံးကထဲ က ရောင်စုံသောင်း

ကျန်းသူတွေထကြွကြတာဒီနေ့တိုင်ပဲနော်။ ဒီအဖြစ်အပျက်တွေက ဘိုးဘိုး တို့ အတွက် ညအိပ်ရာဝင်ပုံပြင် တွေပဲလေ။မှတ်မှတ်ရရ ထောင်ထဲက စောင်ကြီးတစ်ခု ကိုအဖေ ကအမှတ်တရယူလာတယ်။ ဆောင်းတွင်းရောက်ရင်ထောင် စောင်ကြီး ကလေးတော့ ဂွမ်းစောင်အောက်ကခံ ခြုံ ရင်တော်တော်နွေးတာပဲ။ ဘိုးဘိုး တို့တစ်တွေ လုလုခြုံကြတာ မှတ်မိသေးတယ်။အဲဒီစောင်ကြီး က မန်းတက္ကသိုလ်ကျောင်းထဲထိပါလာတယ်။

ထောင်ထဲမှာသူကိုစောင့်ရှောက်တဲ့ ဦးမာဒင်ကြီး ကို လည်း မန်းတက္ကသိုလ် ထိလိုက် လာအလုပ်တောင်းတော့ အိမ်နောက်က အလုပ်သမားတန်းလျားမှာနေ ခိုင်းပြီး မန်းတက္ကသိုလ်မြန်မာစာဌာနမှာ ရုံးအကူ ခန့်ပေးခဲ့တယ်။ အဖေ အပေါ်မှာ အလွန်သစ္စာရှိသောလူများဖြစ်တယ်။ အဖေကအလုပ်လုပ်တဲ့အခါ အတော်စနစ်ကျ တယ်။ အိမ်မှာ အဖေရဲ့ slogan တွေကအများကြီးပဲ။ မှတ်တောင်မမှတ်မိဘူး။ အမေများစိတ်များ လို့ တစ်ခုတလေများ ချို့ယွင်းသွား လို့တော့ သူစာကြည့်ခန်းမှာ slogan တစ်ခုရောက်သွားပါလေရော။ အများသူ ငါနဲ့ဆက်ဆံ လို့တစ်ခုခုလိုသွား ခဲ့ ရင်လည်းသူ့ကိုယ်သူသတိပေးတဲ့အနေနဲ့ slogan တင်တော့တာပဲ။

သားသမီးတွေက slogan တွေများတော့ ရှက်တာပေါ့လေ။ အဲဒီ လိုပဲဦးသာဓုကြီး လုပ်တတ်တယ် လို့ သုမောင်စာတွေထဲမှာ ဖတ် လိုက်ရတယ်။ မြေးလေးဘွားကျွဲ ငယ်ငယ်ကမန္တလေးဆေးရုံမှာ အလုပ်သင်ဆရာဝန် လုပ်တော့ အိမ်ပြန်ရောက်လာရင် မွေးခန်းက နပ်စ်မတွေ အပါးခိုလို့ဆူရတဲ့ အကြောင်း အဖေနဲ့အမေ ကိုပြောပြတဲအခါ အဖေက“ သမီးလူတွေကိုအောက်ကြို့ လို့ဘာမှ မဖြစ်ဘူး။ဒါပေမဲ့ ကိုယ်မှာ ပညာတွေအများကြီးတတ်လာတဲ့အခါ ကိုယ်ကို ကိုယ် နှိမ့်ချပြီး ဆက်ဆံပြောဆိုရ တယ်။” လို့ဆုံးမတယ်။ အမေကတော့ ”သမီး ရယ် သမီး ခိုင်းရင်အဆင်ပြေအောင်လူတွေကို ကျွေး ချိန်တန်ကျွေး သာသာချိုချိုနဲ့ ခိုင်းပေါ”့ လိုပြောတယ်။ အမေက မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်ကRector ဦးသန်းထွန်း (မန်းဆေးတက္ကသိုလ်က ပါမောက္ခချုပ်ဒေါက်တာသန်းဝင်းဖခင်) ရဲ့ယောက္ခမကြီးကို စံနမူနာယူခိုင်းတယ်။ သူအိမ်မှာ လုပ်တဲ့ ယဉ်မောင်းက အဖွားကြီး ကတစ်ခုခုခိုင်းရင် အင်မတန်မှ စကားပြောချိုသာတာပဲတဲ့။ သားရေ အဘွား ကို ဘာလုပ်ပေးပါအုံးနဲ့ သူပြောတာကြားတာနဲ့ပင်လုပ် ဖို့ထိုင်ရာကထနေပြီတဲ့။ အမေကိုသူတို့ယဉ်မောင်းကပြန်ပြောပြ လို့ အမေ ကမှတ်ထားပြီး ဘိုးဘိုး တို့ ကိုအမြဲပြောပြတာ။ လူတွေနဲ့ဆက်ဆံတဲ့အခါ အထက်စီး ကမနေမိ ဖို့ ကို ပြောတာ။ဘွားကျွဲ လည်းအမေ ပြောသလို လုပ် လိုက်တော့ တစ် လအတွက်း နပ်စ်တွေက မမ၊မမ နဲ့နေတော့တာပါပဲတဲ့။

အဲဒီ လိုပဲ ဘိုးဘိုး တို့ကဒီ လိုအဆုံးအမအောက်မှာ ကြီး ပြင်း လာရတာ။

ဘိုးဘိုးတို့ကတော့ယုံကြည်တယ်လေ။ အဖေနဲ့အမေ ဆုံးမသွန်သင်မှုအောက်မှာ ကြီးပြင်း လာရလို့ သားသမီး တွေအားလုံး ယဉ်ကျေးသိမ်မွေ့ကြတယ်ထင်တာပဲ။ ဒါကြောင့်သားသားမေမေ ကို လည်း ဘိုး ဘိုး ကအဲဒီနမူနာ တွေယူပြီးသွန်သင်ဆုံးမနေရတာပေါ့။ ပညာတွေတတ်လာရင် ပညာမာနမတက်ရဘူး။ ပိုပြီးတော့ တောင် ကိုယ်ကိုကိုယ်နှိမ့်ချဆက်ဆံရတယ်။ ဘိုးဘိုးကစက်မှုတက္ကသိုလ်ကျောင်းပိတ် လို့အိမ်ပြန်ရင် အဖေရဲ့ စာအုပ်စဉ်ကစာအုပ်တွေဖတ်တာပဲ။သိပ္ပံမောင်ဝရဲစာတွေကိုကြိုက်တယ်။အောက်စဖို့တက္ကသိုလ်မှတ်တမ်းစာအုပ်ဆိုအကြိမ်ကြိမ်ဖတ်တယ်။ အဲဒီတက္ကသိုလ်ကြီးကို သွားတက်ချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာခဲ့တာပေါ့။ အလုပ်ဝင်တော့ ကံကောင်း ထောက်မစွာ အင်္ဂလန်ကိုပညာတော်သင် ၂ နှစ်သွားခွင့် ရတယ်လေ။ အောက်စ်ဖို့တော့မဟုတ်ဘူး။ Cranfield University Silsoe College မှာ ပညာသင်ရတာ။ နွေရာသီကျောင်း ၃ လပိတ်တော့ OxfordUniversity ရှိတဲ့ Oxford မြို့ မှာ သွားနေပြီး အနားမှာ ရှိတဲ Culham မှာ နွေရာသီ trainingသွားတက်တယ်။ အဲတော့ စနေ၊တနင်္ဂနွေဆိုရင် Oxford University တစ်ခုလုံးပြဲပြဲစင်အောင်လည်ခွင့် ရခဲ့တယ်လေ။ အဲဒါဘိုးဘိုးရဲ့ဆန္ဒပြည့်ခဲ့ ရတာပဲ။

ကဲပုလုံးရေ-- ကြီး လာရင်ဘိုးဘိုးတို့မျိုးဆက်ပုံရိပ် ကိုဖတ်နော်။

Saturday, February 19, 2011

စီးပွားရေးပဲ့တင်သံများ

လင်းနို့များဟာ ပဲ့တင်သံကို နားထောင်ပြီး လမ်းကြောင်းရှာဖွေ ပျံသန်းကြရပါတယ်။ စီးပွားရေး ပဲ့တင်သံများကိုနားထောင်ပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေလျှောက်လှမ်းရန် လိုပါတယ်။ စီးပွားရေးပဲ့တင်သံ တွေဟာ စီးပွားရေးသမားတစ်ဦးချင်းထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး သူ၏ အမြင်အယူအဆများကိုသာ လွတ်လွတ်လပ်လပ် ဖေါ်ပြခြင်းသာ ဖြစ်ပါတယ်။ မှန်ခြင်း၊ မှားခြင်းကိုတော့ စာဖတ်သူပဲ လေ့လာသုံးသပ်ဝေဖန်နိုင်ပါတယ်။

ပထမဆုံး စီးပွားရေးသမားရဲ့ နှုတ်ဖြတ်အခွန် (withholding tax)နှင့် ပတ်သက်တဲ့ ပဲ့တင်သံကတော့ " နှုတ်ဖြတ်အခွန် ဟာ ပြည်တွင်းမှာ ရောင်းဝယ်ကြတဲ့ transaction များအပေါ်မှာ ကောက်ခံခြင်းဟာ သင့်လျော်မှန်ကန်ပါတယ်။ နိုင်ငံသားတိုင်း ဟာ အခွန်ပေးဆောင်ရမဲ့ တာဝန်ရှိကြပါတယ်။ ပြည်ပက သွင်း လာတဲ့ သွင်းကုန်ပစ္စည်းအပေါ်မှာ ကောက်ခံတာကိုတော့ စောဒကတက်ချင်ပါတယ်။ နိုင်ငံခြားက ပစ္စည်း ရောင်းသူ supplierဆီက withholding tax ကောက်တာဖြစ်တယ်လို့ ဆိုပေမဲ့ တကယ်တော့ ကုန်ဝယ်သူ မြန်မာကုန်သည်ကပဲပေးရတာပါ။ အဲတော့ မြန်မာကုန်သည်တွေပဲ နှုတ်ဖြတ်အခွန်၊ ကုန်သွယ်ခွန်၊ ရောင်းခွန် တွေနဲ့ ရင်ဆိုင်ကြရပြီးနောက်ဆုံးတော့ စားသုံးသူအပေါ်ပဲ ရောက်တော့တာပါပဲဗျာ"။

ဒုတိယပဲ့တင်သံကတော့ " မြန်မာနဲ့ double taxation လက်မှတ်ထိုးထားတဲ့နိုင်ငံ (၅)နိုင်ငံရှိပါ တယ်။ စင်ကာပူကို ဥပမာ ပေးပါရစေ။ စင်ကာပူမှာ တည်ထောင်ထားတဲ့ ကုမ္ပဏီဟာ မြန်မာဖွင့်ထားရင် ဖြစ်စေ၊မြန်မာတစ်ဦးဦး ပါဝင်ရင်ဖြစ်စေ၊ double taxation ခံစားခွင့် အကြုံးမ၀င်ဘူး။ မြန်မာ ကုန်သည်တွေနိုင်ငံကြီးတစ်ခုရဲ့ စီးပွားရေးပိတ်ဆို့မှု ဆက်ရှင်ကိုကျော်လွှားနိုင်အောင် ပြည်ပမှာ ကုမ္ပဏီတွေ ဖွင့်ကြဖို့သက်ဆိုင်ရာကပဲ တိုက်တွန်းခဲ့တာလေ။ အခုတော့ စင်ကာပူနိုင်ငံသားတွေ ကောင်းစားအောင် လုပ်ပေးနေသလို ဖြစ်နေပြီ။ အဲဒီကုမ္ပဏီ board of directors တွေထဲက မြန်မာတွေထွက်ပြီး စင်ကာပူ နိုင်ငံသားတွေကိုtransaction တစ်ခုလုပ်တိုင်း ၁%-၁.၅% စသည်ဖြင့် ခံစားခွင့်ပေးပြီး board of directors စာရင်းကိုပြောင်းလဲနေကြရပါတယ်။ ၃.၅% ထက်စာရင် သက်သာရာ သက်သာကြောင်း လုပ်နေကြ ရတာပါ။ ဒါကdouble taxation ခံစားခွင့်ကို ရချင်လို့ပါ။ မြန်မာကုန်သည်တွေ အခုဆိုရင် စင်ကာပူမှာ ကုမ္ပဏီဖွင့်ချင်တိုင်း ဖွင့်လို့မရတော့ပါဘူး။

ဒီအယူအချက်ဟာ လမ်းကျသလား၊ လမ်းမကျဘူးလား သုံးသပ်စေချင်ပါတယ်။ တဆက်တည်းပြောချင်တာက စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာကုန် သည်တွေဟာ ပြည်ပနဲ့ ဆက်သွယ်တဲ့အခါအယ်လ်စီတောင် ဘယ်လိုဖွင့်ရမလဲ၊ ဘယ်လိုစစ်ရမလဲဆိုတာ မသိကြတော့ဘူး။ မြန်မာနဲ့ကုန်သွယ်မှုလုပ်တဲ့သူ တိုင်း ပေးမှ ရမယ်ဆိုတာ ပြည်ပကုန်ရောင်းချသူတွေ တော်တော်သိနေကြပါပြီ။သက်ဆိုင်ရာက မြန်မာကုန်သည်တွေ ရင်ဆိုင်နေရတဲ့ အနေအထားကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

"တတိယပဲ့တင်သံကတော့ ကုန်သည် ဆီက မဟုတ်ပါဘူး။ စားသုံးသူ ပြည်သူတစ်ဦးဆီကပါ။ သူကတော့" ကျွန်တော် တို့ ကုန်ပစ္စည်းတွေ ပြည်ပပို့ရင် သက်ဆိုင်ရာက အလေးချိန်၊ အရည်အသွေးစစ်ဆေးချက်၊အသုံးပြုပုံကို နိုင်ငံတကာသုံး အင်္ဂလိပ် လို ဖေါ်ပြချက်။ (ဒါမှမဟုတ် ၀ယ်သူနိုင်ငံသုံးဘာသာစကား)စတာတွေမလွဲမသွေ ပေးရပါတယ်။ အခုတော့ ပြည်ပက တရားဝင် တင်သွင်းခဲ့တဲ့ ပစ္စည်းမှာတောင် တချို့ဆိုရင် QCpass တောင်မပါပါဘူး။ owner instruction ကလည်း သူတို့ဘာသာနဲ့ ရေးထားတာ၊ အင်္ဂလိပ်လိုမဟုတ်ဘူး။ ပထမဆုံးသုံးတာဆိုရင် ဘာသာပြန်တာက အလုပ်တစ်ခုဖြစ်နေတယ်၊ ကျွန်တော်ထင်ပါတယ် ဒါတွေကိုတော့သက်ဆိုင်ရာက စစ်ဆေး သင့်တယ်ထင်တယ်။ ဒါမှမဟုတ်ရင် ကျွန်တော်တို့ နိုင်ငံဟာသူတို့ရဲ့ တတိယတန်းစားပစ္စည်းတွေ dumping လုပ်တာခံနေရသလိုမျိုး ဖြစ်နေပါလိမ့်မယ်" ။

စတုတ္ထပဲ့တင်သံကတော့ ခံစားချက်တစ်ခုပါ။ ယှဉ်ပြိုင်နိုင်စွမ်းအား (competitivenessျ)နဲ့ ဆိုင်ပါတယ်။သူကတော့ သူ့ခံစားချက်ကိုပဲ ပြောပြတာပါ။ ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ် မပြောပါ။ "ကျွန်တော်တို့က စီးပွားရေးကို တရားဝင် လုပ်နေတာပါ။ မှတ်ပုံတင်တယ်၊ အခွန်ဆောင် တယ်၊ သွင်းလာတဲ့ ပစ္စည်းပေါ် ကုန်သွယ်ခွန်၊ အမြတ်ခွန်၊ ရောင်းခွန်၊ နှုတ်ဖြတ် အခွန်၊ အကုန်ဆောင်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သွင်းတဲ့ပစ္စည်းမျိုးကို အောက်လမ်း(မှောင်ခို)က သွင်းလာတဲ့သူတွေက တော့ ဒီအခွန်အားလုံး မဆောင်ရပါဘူး။ ကုမ္ပဏီမရှိတော့ အမြတ်ခွန်လည်း မပေးရဘူး။ ဒီပုဂ္ဂိုလ်တွေ အများစုကတော့ မြန်မာနိုင်ငံမှာ ပန်းပန်လျက် ရှိနေဆဲပါ။ ကျွန်တော်တို့ တရားဝင်စီးပွားရေးလုပ်သူတိုင်း သူတို့နဲ့ဘယ်လိုမှ မယှဉ်နိုင်ပါဘူး"။

နောက်ဆုံးပဲ့တင်သံက စီးပွားရေးဝန်းကျင် (business enviroment)တစ်ခုကို မီးမောင်းထိုးပြလိုတာပါ။ "ကျွန်တော်တို့ ဆီမှာ စီးပွားရေးလုပ်ရန်ဆိုပြီး တရားဝင်နေထိုင်ခွင့်နဲ့နေတဲ့ နိုင်ငံခြားသားတွေ ရှိပါတယ်။ တချို့က နေထိုင်ခွင့်ဗီဇာ မရှိဘူး။ ပြန်အထွက်ကြမှ overstay တစ်ရက် (၃)ဒေါ်လာဆောင်ပြီး မှပြန်ထွက် ကြတာ။ သူတို့ဟာ မြန်မာထောင်ထားတဲ့ ကုမ္ပဏီတွေမှာ လုပ်တယ်ဆိုပြီး တင်ပြကြပါတယ်။ ဒါပေမဲ့တချို့ ကတော့ သူတို့ပဲ မြန်မာနိုင်ငံသားနာမည်နဲ့ ထောင်ထားတာပါ။ အထူးသဖြင့် တဲ့တဲ့ပြောရရင် ပဲမျိုးစုံပြည်ပ တင်ပို့တဲ့ လုပ်ငန်းတွေမှာ အများဆုံးပါ။ သူတို့တွေဟာ အခွန်လုံးဝမဆောင်ပဲမြန်မာနိုင်ငံပဲလုပ်ငန်း ကနေ အကျိုးအမြတ်တွေ ရနေကြပါတယ်။ မြန်မာပဲကုန်သည်တွေ ဒီအကြောင်းတွေကိုသိကြပါတယ်။ တချို့ဆိုရင် မြန်မာမှာ အနေကြာလို့ ပွဲစားတောင်လုပ်နေကြပါတယ်။ နှစ်စဉ် မြန်မာပဲဈေးကွက် ကမောက်ကမ ဖြစ်ရတာဟာ ဒီလူတွေဖန်တီးချက် ရာခိုင်နှုန်းတော်တော်များများ ပါနေပါတယ်။

ဒီနိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်ပြုတယ်ဆိုရင် တရားဝင် နေခွင့်ပေး၊ အခွန်ကို လည်းတရားဝင်ဆောင်စေ သင့်ပါတယ်။ withholding tax လိုမျိုး ဒီလိုနိုင်ငံခြားသားတွေထံက ကောက်ခံသင့်တယ်လို့ထင်ပါတယ်"။

ကဲ စာဖတ်သူများခင်ဗျား။ ဒီဆောင်းပါးမှာပါဝင်တဲ့ စီးပွားရေးပဲ့တင်သံအချို့ကို စီးပွားရေးသမားတွေဆီကရခဲ့ တာ ပါ။ သူတို့ ရင်ထဲကလာတဲ့ ပဲ့တင်သံတွေကိုတော့ နားထောင်သင့်တယ် ထင်ပါတယ်။ media တွေရဲ့ တာဝန်တစ်ခု အနေနဲ့ ဒါမျိုးတွေ ရှာဖွေတင်ပြရတာဟာ တိုင်းပြည်စီးပွားရေး တိုးတက်စေလိုတဲ့ စေတနာပါ။ သက်ဆိုင် သူ တွေ stakeholders ၊ ၀ိုင်းနားထောင်သင့် တယ်၊ သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။

Thursday, February 17, 2011

ဘယ်သူကိုမှ အပြစ်မဖို့ လိုတော့ပါ

ဒီကနေ့ အဖျားနည်းနည်းရှိနေတာကြောင် ရုံးကတစ်ရက် ခွင့် ယူပြီ အိမ်မှာနားနေပါ တယ်။ ရုံးနဲတော့တယ်လီဖုန်း၊အီးမေးလ်တွေနဲ့အဆက်သွယ် ရှိနေပါတယ်။ ဒီခေတ်ကတော့ မြန်မာမှာ လည်း အိမ်ကနေအလုပ် လုပ်လို့ရပါတယ်။ လက်မှတ် ထိုးစရာရှိ ရင်တော့ အိမ် လာ ထိုးရတာပေါ့လေ။ နေ့လည် လောက်ကြတော့ ဘဏ်ဒါရိုက်တာတစ်ဦးဆီကဖုံးဝင် လာပါတယ်။ ရန်ကုန် ကနံမည်ကြီးဘဏ်ကြီးတစ်ခုမှာ ငွေထုတ်သူတွေများနေတဲ့အကြောင်း တယ်လီဖုန်းနဲ့ ဆက်သွယ် လာပြီး မိမိ တို့ဘဏ်ကောအခြေအနေဘယ် လိုရှိ လဲ? ငွေထုတ်သူတွေများနေသလား ? ဆိုပြီးမေးလာပါတယ်။ ဒါနဲ့ ဘဏ်က GM ဆီမေးတော့ ပုံမှန်ငွေထုတ်ငွေသွင်းလဲ ရှိကြောင်း၊ panic ဖြစ်ပြီးငွေထုတ်သူများမရှိကြောင်း ပြန်ဆက်ပါတယ်။

ဘဏ်ဆိုတာ တစ်ဘဏ်ရုတ်ရုတ်ဖြစ်ရင် သတိထားစောင့် ကြည့်နေရတယ်။ တစ်လောကလည်း ဘဏ်တစ်ဘဏ် ရုတ်ရုတ်ဖြစ်တော့ ဘဏ်အချင်းချင်း ၀င်ကူကြရတယ်။ ဘဏ်ဆိုတာ ငွေဖြစ်လွယ်မှု (liquidity)ကအရေးကြီး ဆုံးပဲ။ အပ်ငွေအပ်ထားသူတွေငွေ လိုရင် ချက်ချင်းထုတ်ပေး နိုင် ဘဏ်စီမံ ခန့်ခွဲသူတွေက အမြဲဒေါက်ထောက်စောင့် ကြည့်နေရတာပါ။ အခုလည်း ဘာကြောင့် လူတွေ panic ဖြစ်ရတာ လဲ ? ဘယ်သူကိုမှ အပြစ်မဖို့တော့ပါ။ ညနေ၃နာရီလောက်ကြတော့ လုပ်ငန်းရှင်မိတ်ဆွေတစ်ယောက် ကဆက်ပါလေရော။ ဒီတခါတော့semi-government ဖြစ်တဲ့ MCB က cheque ကို အစိုးရဘဏ်ကြီး တစ်ဘဏ် လက်မခံဘူးတဲ့။ ကျပ်သိန်း ၁၀၀၀ ကျော်ရှိတော့ ငွေထုတ်ကြီးတွေ မသယ်ချင်ဘူး။ ၀န်ကျဉ်းအောင် chequeကို သုံးတာလေ။ ဘဏ္ဍာအခွန်ဝန်ကြီး ဌာနတို့ ဗဟိုဘဏ်တို့ကလည်း ငွေ ကြေး transactionတိုင်းမှာ cheque တွေ ကိုသုံးစေချင်တယ်။ clearing ကြာ လို့ ကုန်သည်တွေကမသုံးချင်ကြတာပါ။

အခုတော့ မဟုတ်ဘူး၊အစိုးရဘဏ်တွေကလည်း semi-government ဖြစ်တဲ့ MCBကcheque ကို လက်မခံချင်ကြဘူး။clearing မှာ ကြာ မှာ မို့ လား ? မဟုတ်ပါဘူးခင်ဗျား။မိတ်ဆွေကပြန်ဆက်ပါတယ်။ အဲဒီရန်ကုန်အစိုးရ ဘဏ်က ငွေသွားသွင်းရင် serviceကအရမ်းကောင်းဆိုပဲ။ ကိုယ့်ငွေ ကို ကိုယ်တောင် ကားပေါ်ကနေ ဘဏ်ထဲသယ် လို့မရဘူး၊ သူတို့ ရဲ့ အစောင့် ၀န်ထမ်းတွေကသယ်ပေးတယ်။ ငွေ တွေကို လည်း သေချာငွေရေတွက်စက်နဲ့ရေတွက်ပေးတယ်။ ပြီး ရင် charges ယူတယ်။ကျပ်သိန်း ၁၀၀၀ ဆိုရင် ငွေသောင်း ကျော်လောက်တော့သုံး လိုက်ရတယ်။ ကုန်သည် လုပ်ငန်းရှင်ပဲ၊ ဒီလောက်တော့ သုံးရမှာပဲလေ။

cheque သုံးကြပါ၊သုံးကြပါ၊ တစ်ဖွဖွပြောနေသော်လည်း cheque သုံးချင်သူတွေ အဟန့်အတားဖြစ်အောင် အစိုးရဘဏ်တွေကလည်း လုပ်တတ်ကြပါတယ်။စာရေးသူ ဘယ်သူကိုမှအပြစ် မဖို့တော့ပါ။

ပုလုံးလေး ၁ နှစ်ပြည့် ပြီ


မနေ့ညက့ ဘိုးဘိုးလေ မြန်မာ MRTV4 5 movies ကလာတဲ့ ကုလားကားကိုကြည့်နေတာ။ ၁၂နာရီကျော် သွားပြီးပုလုံးမွေးနေ့ ရက် ကို ကူးသွား တာမသိလိုက်ဘူး။ ဒါနဲ့ မြေးလေးအထိမ်းအမှတ် blog ရေးအုံးမှလေ ဆိုပြီ ရေးတာပါ။ မနက် ၂ နာရီမှ အိပ်ရာဝင်ရတယ်။ဘိုးဘိုး ကကုလားကားကို ကြည့် လေ့ မရှိဘူး။ ဒါပေမဲ့ဇာတ် ကဆွဲဆောင်သွားတော့ အဆုံးထိကြည့်ဖြစ် သွားတယ်။ ဇာတ် လမ်း ကတော့ ၉နှစ်ရွယ် သွားခေါလေးနဲ့ ကုလားလေး အီရှန်အကြောင်းပါ။ ခလေး ကလည်း သရုပ်ဆောင်တာပီ ပြင် သလိုမင်းသားကလည်း သရုပ် ဆောင်ကောင်းတယ်။ ခလေး မိဘက သား၂ယောက် ရှိတယ်။ သားအကြီး ကစာတော်တယ်၊ အားကစားမှာ ထူးချွန်တယ်။ သားအငယ် အီရှန် handicap ဖြစ်နေတာ မိဘတွေကမသိဘူး။ ကျောင်းမှာ ဆရာတွေကလည်း ခလေး စာမ လိုက် နိုင်တာ အကြောင်း ရင်း ကိုမရှာဘူး။ ခလေး ကို ပဲဖိဆူ ဖိပြောနေတော့ ကြာတော့ ခလေး ကကြောင် နေပါ ရော။ ကျောင်း အုပ် ကြီး ကအစ ခလေး စာမ လိုက် နိုင်ရင်ကျောင်း ထုတ်ပစ်မယ်လို့မိဘ တွေကိုခေါ်ပြောတော့ အဖေ ကသားအငယ် ကို ဆိုင်းမဆင့် ဘော်ဒါ ကျောင်း ကို နှစ်ဝက်မှာပဲပြောင်း ပို့ လိုက်တယ်။ ဘော်ဒါကျောင်းမှာ စည်းကမ်း ကပို တင်းကြပ်တော့ခလေးမှာပို ဆိုးဆိုးလာတယ်။ ဒါနဲ့ ဘော်ဒါကျောင်းကပန်းချီသင်တဲ့ဆရာပြောင်းသွားတော့ အနီးအနား ကhandicap ခလေးတွေနေတဲ့ ကျောင်း ကပန်းချီဆရာတစ်ယောက် အစားထိုး ခေတ္တလာသင်တယ်။သူကမင်းသားပေါ့။ အဲဒီမှာ ဆရာက အီ ရှန် ကို သတိပြုမိပြီး ခလေးဘာကြောင့် handicap ဖြစ်နေရသလဲဆိုတာစိတ်ဝင်စားခဲ့တယ်။ ဒါနဲ့ မိဘတွေ အိမ် အထိလိုက်သွားပြီး အီရှန် အခြေအနေ ကိုစုံစမ်း ခဲ့တယ်။ အီ ရှန် ဟာပန်းချီ ဆွဲ အင်မတန်တော်တာ ကိုသိလာရပြီး အိမ်မှာ အီရှန်ဆွဲတဲ့ ပန်းချီကားအချို့ ကို ယူလာခဲ့တယ်။သူရဲ့ အတွေးအခေါ်ဟာခလေး တစ်ယောက်နဲ့ မတူတာ ကို သတိပြု မိလာ တယ်။အီရှန် ရဲ့ အခက်အခဲကစာလုံးတွေကိုချက်ချင်းမမှတ်မိတာပဲ။ တခါတလေမှန်ထဲမှာ မြင်ရသလိုမျိုးပြောင်းပြန်တောင် ရေးမိ တယ်။ ပန်းချီဆရာက စိတ်ရှည်ရှည်နဲ့ ခလေး ကို ပြုပြင်ပေးတယ်။

ကျောင်းအုပ်ဆရာကြီးနဲ့ တခြား ဆရာတွေကိုလည်းကူညီဖို့ ပြောတယ်။နောက် ဆုံးတော့ခလေး ကတိုး တက်မှုတွေရှိ လာတယ်။နောက်ဆုံးဘော်ဒါကျောင်းမှာဆရာတွေကော၊ကျောင်းသားတွေကော ပန်းချီဆွဲ ပြိုင်ပွဲ ကိုဆရာကြီး က ဦးစီးကျင်းပပေးတယ်။ ပြိုင်ပွဲ မှာ အီရှန် ကပထမ၊ ပန်းချီဆရာက အီရှန်ပုံတူ ကို ဆွဲတာက ဒုတိယ ရတယ်။ ပထမရသူ အီရှန် ကိုခေါ်တော့ကျောင်းသားတွေကြားထဲမှာ ပုန်းနေသေးတယ်။ နောက်မှ ထွက် လာပြီး ဆုယူတယ်၊ သူပန်းချီသင်ပေးတဲ့ ဆရာကိုပြေးဖက်တယ်။ဇာတ်လမ်းလေးကတော့မဆန်း ပါ။ ဒါပေမဲ့ ဒီကုလားကား ကို ကြည့် ရင်းမြေးလေးပုလုံး ကိုသတိရလာတယ်။ တနေ့က Nge - Naing ရဲ့ blog မှာ သူသားဘာကြောင့်အင်္ဂလိပ်လိုပဲပြောပြောနေရသလဲဆိုတာကိုရေးထားတာဖတ်ရတယ်။ အတွေးအခေါ်၊အရေး အသား ကောင်းတယ်။ အခု သူမရဲ့ blog ကို မကြာခဏ ၀င်ကြည့် ဖြစ်တယ်။ ခလေး ကို ဆုံးမတဲ့ အခါ သူတို့ ကို နား လည်အောင် ကိုယ်ကအရင် လုပ်ပြီးမှ ဆုံးမသင့်ကြောင်း အဓိကရေးထားတာပါ။ ပုလုံးအမေ ဆီ forward လုပ် လိုက် တော့ဖတ်ပြီး ပြီ တဲ့။ တော်ပါသေးတယ်၊ ဒီလို အဖိုးတန်တဲ့ စာကောင်းပေမွန်ရှိ တဲ့ blog တွေကို ၀င်ဆတ် လေ့ ရှိ လို့။ ဒါပေမဲ့ ပုလုံးသာ blog ထဲကခလေး လိုဆိုးရင် တီးပစ် လိုက်မယ် လို့ပြောသေးရဲ့။ ဘိုးဘိုးပြောချင်တာကခလေး ကိုဆုံးမရင် ခလေးကိုအရင်နားလည်အောင်လုပ်ပြီးမှဆုံးမ လို့ ပြောချင်တာ။

အခုဆို ပုလုံးကလမ်းလျှောက်တတ်ပြီဆိုတော့တောက်တောက်နဲ့ဆော့တော့တာပဲ။ကျန်းမာတဲ့ခလေးဆော့တာ
မဆန်းပါ။ အမူအရာကလည်းလုပ်တတ်သေးတယ်။ အင်း ငါ လည်းဝေးနေသေးလို့သာ။ နီးနီးနေရင် လည်း မျက်စေ့နောက်မှာပဲ။ကုလားကားမှာ လည်းမိဘတွေ၊ဆရာတွေခလေးတွေအပေါ်မှာ သူတို့ဖြစ်စေချင်သလိုဆန္ဒ မစောမိကြဖို့ ပညာပေးထားတာပါ။ အိုင်းစတိုင်းတို့၊ လီယိုနာဒါဗင်ချီ တို့ဟာ လည်းငယ်ငယ်ကကျောင်းစာ ကိုကောင်းကောင်း မ လိုက်နိုင်ကြပါဘူး။ အခုခေတ်မိဘတွေကသားသမီး တွေ ကိုကျောင်းစာနဲ့ပတ်သက်ပြီး
ကြပ်ကြပ်မတ်မတ်လုပ်ကြတာကောင်းပါတယ်။ဒါပေမဲ့ မိဘတွေကခလေးကိုနားလည်းခံစားတတ်ဖို့ လိုပါတယ်။ ခလေး ဆိုတာ သူအကျိုးပေးနဲ့ သူလာကြတာပါ။

ပုလုံးလေးတစ်နှစ်ပြည့် ပြီ၊ ဘ၀တစ်လျှောက် လုံးကျန်းမာသန်စွမ်းပြီးဥာဏ်ရည် ထက်ပါစေ။

နိုင်ငံခြား ကမြန်မာခလေး လေးတွေအကြောင်း

အရေးအသားအတွေးအခေါ်လေး တွေကိုကြိုက် လို့ blog ကိုရှယ် လုပ် လိုက်တာပါ။

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား"
"No I'havent"
"ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က အခုထတော့ ပြီးရင် ထမင်းစားလို့ရအောင် သားသားစားဖို့ မေမေ စားစရာ သွားလုပ်လိုက်တော့မယ်"
"Yes I will. Don't worry May May I don't have much homework because our class teachre did not come to work today. I can finish my homework in a short time" ထိုင်ရာက မထသေးဘဲ နောက်ထပ်ဂိမ်းတခုကို ထပ်စဖို့ လုပ်ရင်း ပြောလိုက်တယ်။

" သားသား မေမေ့ကို ဆင်ခြေမပေးနဲ့ နင်ဂိမ်းကစားနေတာ ဘယ်လောက်ကြာနေပြီလဲ အခု ထရင်ထ မထရင် နင့်ကိုငါ ရိုက်တော့မယ်"
"May May don't threat me I'm not paying ဆင်ခြေ Just one more game please"
"မောင်တိုး နင်အတွန့်မတက်လာနဲ့နော့် နင့်ကိုငါ ခြိမ်းချောက်နေတာ မဟုတ်ဘူး တကယ်ရိုက်ဖို့ ပြောနေတာ နင့်ကိုပါးစပ်နဲ့ ပြောလို့မရရင် အင်္ကျီချိတ်နဲ့ လာမယ် နင်ဘယ်လိုကလေးလဲ အခုထဆိုထ" လို့ ကျွန်မဒေါသထွက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တော့ သူထလာတယ်။ ပြီးတော့ အိမ်စာမလုပ်သေးဘဲ စာအုပ်ကို ကိုင်ပြီးသူပြောချင်တာ ဆက်ပြောနေတယ်။

"May May it it nothing to be angry about. I don't like shouting and screaming don't treat me like that I am not that stupid"
"အော်.. နင်က အော်တာတော့ မကြိုက်ဘူး အေးအေးဆေးဆေး ပြောတာလည်း နားမထောင်ဘူး နင် အခုပါးစပ်ပိတ်ထားစမ်း လူကြီးကို ပြန်မပြောနဲ့ နင်ဆက်ပြောရင် နင်နာပြီသာမှတ်တော့ ငါအင်္ကျီချိတ်နဲ့ကိုလာမယ်"

"I can't shut up May May. I don't care your အင်္ကျီချိတ်. I need to say what I have to. You Burmese adults have no idea with problem solving and the only way what you do is screaming shouting and hurting children. I hate aggressive behabiour I wonder why our Burmese adults are that aggressive. You shold go to the training to learn how to bring up children.
သားက အဲလို ပြောလိုက်တဲ့အချိန်မှာတော့ ကျွန်မဟာ ဆတ်ဆတ်တုန်အောင် နာပြီး ဘာပြောလို့ ပြောရမှန်းမသိနဲ့ "နင်ပြောလေကဲလေပါလား" လို့ ပြောပြီး ကျွန်မ အိမ်ခန်းထဲက အင်္ကျီချိတ်သွားယူလာပြီး သူ့ကိုရိုက်ဖို့ ချိန်ရင်း "ဆက်ပြော ခုနက ပြောနေတာတွေ နင်ဆက်ပြောစမ်း ဒီလောက်ပြောချင်တဲ့ကလေး" နင့်ကိုဝအောင် ပေးပြောမယ်" လို့ ပြောပြီး ရိုက်ဖို့ရွယ်ထားတော့ "That's all" တဲ့ ဘာမှ ဆက်မပြောတော့ဘူး ကြောက်တဲ့ပုံလည်း လုံးဝမပြဘူး။


ကျွန်မ တော်တော်ကို ဒေါသထွက်နေပေမဲ့ သူဆက်မပြောတော့ ရိုက်ဖို့ရွယ်ထားတဲ့ လက်ကိုချလိုက်ပြီး မရိုက်ဖြစ်ခဲ့ဘူး။ "ဒီနိုင်ငံကို ရောက်လာတာ နင့်အတွက်ရောက်လာတာ ဒီလို အချိုးမျိုးလုပ်နေရင် နင်ငါ့သား မဟုတ်တော့ဘူး၊ နင့်ကိုငါ မချစ်တော့ဘူး မချစ်တော့ နင့်ကိုငါ ရိုက်စရာလည်း မလိုဘူး နင့်ကိုဒီမှာ မိဘမဲ့ဂေဟာမှာ ထားခဲ့ပြီး နင့်အဖေနဲ့ငါ နယ်စပ်ကိုပြန်မယ် နင်ဒီနိုင်ငံမှာ တယောက်တည်း နေခဲ့" လို့ ကျွန်မ စိတ်တိုပြီးပြောလိုက်တော့ သားက ကျွန်မ မျက်နှာကို စူးစိုက်ကြည့်ပြီး မျက်နှာ နည်းနည်းညို့လာတာ "Don't leave me alone May May" "Don't leave me alone May May"လို့ ပြောပြီး ကျွန်မရင်ခွင်ထဲကို တိုးဝင်လာတာနဲ့ ကျွန်မလည်း မအောင့်နိုင်တော့ဘဲ သားကို ရင်ခွင်ထဲမှာ ပွေ့ဖက်မိတဲ့အချိန်မှာ သားက ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ " May May, please don't say me that again, never ever say me that again. If you want me to do somethings, don't yell at me, tell me nicely, I'll listen to you" လို့ ပြောပြီး ဆက်ငိုနေလို့ ကျွန်မကပဲ ရင်ခွင်ထဲမှာ ပွေ့ချီထားပြီး မေမေ သားကို ကောင်းစေချင်လို့ ပြောတာ ဒေါသနည်းနည်း ပါသွားတယ် နောက်အဲလို ဒေါသနဲ့ မဆူတော့ဘူးလို့ ပြောပြီးပြန်ချော့လိုက်ရတယ်။

ဒီအဖြစ်အပျက်တွေက လွန်ခဲ့တဲ့ သုံးနှစ် သားသား လေးတန်းနှစ်တုန်းက ဖြစ်ခဲ့တဲ့ အပြစ်အပျက်လေး တခုဖြစ်တယ်။ ကျွန်မလည်း အဲဒီအချိန်ကစပြီး ကျွန်မသားကို ကျွန်မ ဘယ်တော့မှ မရိုက်တော့ဘူး သူမလုပ်ချင်တာကိုလည်း အတင်း ဘယ်တော့မှ မလုပ်ခိုင်းတော့ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်တယ်။ ဒီအဖြစ်အပျက်ကို လေ့လာကြည့်ရင် ကျွန်မတို့ သားအမိရဲ့ ပြောဆိုဆက်ဆံရာမှာ ကလေးတွေရဲ့ သဘောထားနဲ့ ဘာသာစကား သုံးစွဲထားပုံကို သတိထားမိပါလိမ့်မယ်။ နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေးတွေ မြန်မာလို အပြောနည်းပြီး မိခင်ယဉ်ကျေးမှု အလေ့အထတွေကို ကျင့်သုံးမှု နည်းတာနဲ့ပတ်သက်တဲ့ အွန်လိုင်းပေါ်မှာ ပို့စ်တချို့ကို ဖတ်ဖူးပါတယ်။ ဖတ်ရသလောက်တော့ အကောင်းဘက်က မြင်ခြင်း (သို့) ပကတိအတိုင်း မြင်ခြင်းထက် အဆိုးဘက်က မြင်တာက ပိုများတာကိုလည်း တွေ့ရပါတယ်။ အဲဒီအချက်တွေကလည်း တချိန်က ကျွန်မကိုယ်တိုင်ရဲ့ ထင်မြင်ချက်တွေနဲ့ ထပ်တူထပ်မျှ တူတဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းရင်းကိုတော့ ကျွန်မတို့ ဆန်းစစ်သင့်ပါတယ်။

ကလေးတွေ ဗမာလို မပြောတာ ဗမာလိုပြောရမှာ ရှက်လို့၊ မိမိလူမျိုးကို အထင်သေးလို့ မိဘတွေကိုယ်တိုင်က ဗိုလ်ရူးရူးနေပြီး သားသမီးကို ဗမာလို မသင်ပေးလို့ စသည်ဖြင့် အမျိုးမျိုး အပြစ်တင်ဝေဖန်ကြတာ ဖတ်ဖူးပါတယ်။ တကယ်တော့ လေ့လာကြည့်ရင် အဲဒါတခုမှ မဟုတ်ဘူး၊ မိမိကိုယ်တိုင် ဒီပတ်ဝန်းကျင်မှာ ဒီလိုဘ၀ကို ဖြတ်သန်းဖူးမှ ဒီအခြေအနေကို ခံစားနားလည်နိုင်မှာ အမှန်ပဲဖြစ်တယ်။ သားကို ခပ်ငယ်ငယ်က ဗမာနဲ့တွေ့ရင်ဖြစ်စေ၊ မိဘနဲ့ အိမ်မှာ စကားပြောရင်ဖြစ်စေ ဗမာလိုပဲ ပြောရမယ်လို့ ပြောထားတယ်။ သားက လည်း သူငယ်တန်းပထမနှစ်ဝက်အထိ ဗမာလိုကို ကောင်းကောင်း ပြောပါတယ်။ ဒုတိယနှစ်ဝက်ကစပြီး အင်္ဂလိပ်လို ညှပ်ညှပ်ပြီး ပြောလာရာကနေ နောက်တော့ အင်္ဂလိပ်လို ပြောပြီးဆက်ဆံရတဲ့ အချိန်က ပိုများနေလို့ အင်္ဂလိပ်လိုကိုပဲ လုံးဝ အားသန်သွားတယ်။ မြန်မာကျောင်းတွေ ဘုန်းကြီးကျောင်းတွေလည်း တပတ်တခါ သွားပို့ပေမဲ့ ဟိုမှာလည်း မြန်မာကလေးတွေအချင်းချင်း ဗမာလို မပြောဘဲ အင်္ဂလိပ်လိုပဲ ပြောကြတာ တွေ့ရတယ်။

ဒါက ကျွန်မသား တယောက်တည်း မဟုတ်ပါဘူး၊ ဒါဟာ နိုင်ငံခြားရောက် မြန်မာကလေးတိုင်းနီးပါး ဖြစ်နေတဲ့ အခြေအနေ ဖြစ်တယ်။ ဒီဒေသ ဒီပတ်ဝန်းကျင်မှာ ကြီးပြင်းတဲ့ ကလေးတွေအားလုံးအတွက် အင်္ဂလိပ်လိုကို ပိုသန်သွားတာဟာ တကယ်တော့ ဘာမှ မထူးဆန်းပါဘူး၊ သဘာဝအတိုင်း ပုံမှန်သာ ဖြစ်ပါတယ်။ ဗမာလိုကောင်းကောင်း ကျွမ်းကျင်ဖို့ဆိုရင် ဒီနိုင်ငံမှာ ကလေးစိတ်မပါဘဲနဲ့ အတင်းတွန်းလို့ မရတဲ့အတွက် ကလေးကလည်း စိတ်ပါဝင်စားမှ မိဘကလည်း အချိန်ပေးကာ အထူးကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်မှသာ ကလေးတွေက ဗမာလိုကို ကောင်းကောင်း ပြောနိုင်ကြတာ ဖြစ်ပါတယ်။

အထက်ပါ ဖေါ်ပြတဲ့ အဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း သားနဲ့ ကျွန်မဟာ ပိုပြီး ရင်းနှီးပွင့်လင်းသွားတော့ ကလေးတွေရဲ့ ခံစားချက်ကို ကျွန်မအရင်ကထက် ပိုနားလည်လာတယ်။ ကိုယ်ဖြစ်ချင်တာကိုပဲ အတင်းတွန်းပြီး ဦးစားမပေးတော့ဘူး။ ဒီနှစ် နွေရာသီမှာ ကျွန်မ အလုပ်ပါးတော့ သားနဲ့ အေးအေးဆေးဆေး မကြာခဏ စကားပြောဖြစ်ပါတယ်။ ဗမာကလေးတွေဟာ သူများထင်သလိုပဲ မိမိလူမျိုးကို အထင်သေးလို့ နိုင်ငံခြားဘာသာစကားကို ပြောတာတကယ်များ ဖြစ်နေပြီလားတွေးပြီး ကလေးစိတ်ထဲမှာ ဘယ်လိုရှိလဲဆိုတာ သိချင်လို့ ကျွန်မသားကို မေးကြည့်တယ်။ သားဆီက သိရသမျှ ဗမာလို မပြောတာကတော့ တချို့ထင်နေသလို လုံးဝမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာလူမျိုး လူကြီးတွေရဲ့ အမူအကျင့်မှာ ကလေးတွေ မကြိုက်တာ အထင်သေးနေတာတွေ အများကြီး ရှိတာကို သားဆီက ကျွန်မ သိလိုက်ရတယ်။ "ဗမာလို မပြောချင်တဲ့ အဓိကအကြောင်းအရင်းက ဗမာလိုဟာ အင်္ဂလိပ်လိုနဲ့ စာရင် သိပ်ကိုခက်ခဲတယ် ဒါက ပထမအချက် ဖြစ်တယ်" လို့ ဆိုတယ်။ နောက်တချက်က "ဗမာလိုကို ဗမာလိုတကယ်တတ်တဲ့ ဗမာတွေနဲ့ ပြောမှဖြစ်တယ် ဒါပေမဲ့ ဗမာလူကြီးတွေဟာ သိပ်ကိုရိုင်းတယ်၊ ကလေးတွေ စကားပြောလို့ မပီရင် (သို့) မှားနေရင် မပြင်ပေးတဲ့အပြင် သူတို့ ပြောတဲ့အတိုင်း ပုံစံတူ လိုက်ပြောပြီး တဟီးဟီး တဟားဟားနဲ့ ရယ်ကြတယ်။ ဒါဟာ သိပ်ရိုင်းတဲ့ အပြုအမူဖြစ်ပြီး သားတို့ကို နောက်ထပ် ဗမာလို ထပ်မပြောချင်လောက်အောင် အရှက်ရစေတယ်" လို့ ပြောပြတယ်။ ဒါဟာ သူတယောက်တည်းရဲ့ သဘောထား မဟုတ်ဘူး ကလေးအတော်များများရဲ့ သဘောထား ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဖြစ်နိုင်ပါတယ်၊ တခြားကလေးတွေက သူတို့မိဘနဲ့ သူတို့ကြားမှာ သားနဲ့ ကျွန်မလောက် ရင်းနှီးပွင့်လင်းမှု မရှိတဲ့အတွက် သူတို့စိတ်ထဲမှာ ဒီလိုရှိနေတယ်ဆိုတာ မိဘကို ဘယ်တော့မှ ပြောမယ် မထင်ဘူး။ မြန်မာလူကြီးတွေက ရိုင်းတယ်လို့ ပြောတာနဲ့ ပတ်သက်ပြီး သူတို့ထင်တဲ့ အချက်အလက်တွေက ကျွန်မတို့ လူကြီးတွေအတွက် ဘာမှမဟုတ် ပျော်သည်ပျက်သည်ပြောတာ ဖြစ်ပေမဲ့ ဒီနိုင်ငံမှာ ကြီးတဲ့သူတို့ကလေးတွေအတွက် တကယ်ကို ဆင်ခြင်သင့်တာကို ကျွန်မသတိထားမိပါတယ်။

သူတို့ ရိုင်းတယ်ထင်တဲ့ အချက်အဲတွေကတော့ ကျွန်မတို့အချင်းချင်း တွေ့ကြရင် အဖြူတွေလို ဖက်လဲတကင်း နှုတ်ဆက်ပြီး ကောင်းတဲ့အချက်တွေကို ရှာပြီး ချီးကျူးတာမျိုး မဟုတ်ဘဲ ၀မ်းသာအားရနဲ့ ဟေး.. နေကောင်းလား မင်းပိန်ပြီး မဲသွားလိုက်တာ ကုလား/ကုလားမပုံပေါက်နေတာပဲ၊ ၀နေတဲ့သူဆိုရင်လည်း ဗိုက်ကြီးက တွဲနေတာပဲ ဘီယာလား ကလေးလား ဘယ်နှစ်လ ရှိပြီလဲ ဘယ်တော့မွေးမလဲ၊ ဆံပင်တွေဖြူလာလိုက်တာ တော်တော် အရွယ်ကျသွားတယ်နော့် အိုပြီးကိုး စသည်ဖြင့် လူကြီးတွေက တယောက်နဲ့တယောက် ရင်းရင်းနှီးနှီးစနှောက်ပြီး နှုတ်ဆက်ကြတာကို သူတို့မျက်စိနဲ့ နားမှာ အားနည်းချက်တွေကိုမှ ရှာပြီး ရီစလုပ်ရတယ်ဆိုပြီး သိပ်ကိုရိုင်းတယ်ဆိုတာ သားပြောမှ ကျွန်မသတိထားမိတယ်။ ကျွန်မတို့အတွက်တော့ တယောက်နဲ့တယောက် ရင်းနှီးလို့ ပြောတာ ဘာမှမခံစားရပေမဲ့ သူတို့စိတ်ထဲမှာတော့ လူတယောက်ရဲ့ အားနည်းချက်ကို ကြည့်ပြီး အပျော်လုပ်ကြတာဟာ အဲဒီအလုပ်ခံရတဲ့သူကို စိတ်ဓါတ်ရေးရာအရ သိမ်ငယ်စေလို့ Bully လုပ်ခြင်းဖြစ်တယ်၊ အဲလို Bully လုပ်ပြီး ပျော်ကြတာကို ဘယ်လိုမှ ခံစားနားလည်လို့ ရမှာမဟုတ်ဘူး။

အတွေ့အကြုံတခုကို ဥပမာပေးရရင် ခရစ်စမတ်တုန်းက ကမ်းခြေမှာ ရေသွားကူးကြတော့ ကျွန်မတို့မိတ်ဆွေထဲက အသားခပ်ညိုညို သားသူငယ်ချင်း ကလေးတယောက်က ရေကူးတာ Sun cream လုံလောက်အောင် လိမ်းခဲ့ပုံမရဘူး ရေထဲမှာ အကြာကြီးနေပြီး အပေါ်တက်လာတော့ မဲတူးနေတာကို လူကြီးတွေက ၀ိုင်းရယ်ပြီးတော့ မင်းကကုလားလား၊ ကပ္ပလီလားနဲ့ လိုက်စကြတယ်။ ပြီးတော့ မိတ်ဆွေတယောက်ကလည်း သူ့အမေကို နင်ဆေးရှုံမှာ ဒီကောင်ကိုမွေးတုန်းက ကပ္ပလီကလေးနဲ့ မှားပြီးပါလာလားမှ မသိတာလို့ စလိုက်တော့ သူ့အမေအပါအ၀င် လူကြီးတွေက ဒါကို သဘောကျပြီး တ၀ါးဝါး တဟားဟားနဲ့ ဟားတိုက်ပြီး အကုန်ရယ်ကြတယ်။ ကလေးတွေကတော့ တယောက်မှ မရီတာ ကျွန်မသတိထားမိလိုက်တယ်။

အိမ်ပြန်ရောက်ပြီး နောက်ပိုင်း သားသားနဲ့ ကျွန်မနဲ့ ဒီအကြောင်း စကားစပ်မိတော့ ကမ်းခြေမှာတုန်းက အဲဒီကလေးကို bully လုပ်တာတင်မကဘူး သူများလူမျိုးတွေဖြစ်တဲ့ ကုလားတွေ၊ ကပ္ပလီတွေကိုပါ သွားပြီး ထိခိုက်စေတယ်လို့ သားက မကျေမနပ်နဲ့ ပြောနေတယ်။ ပြီးတော့ ဗမာလူမျိုးတွေလောက် လူသားအချင်းချင်းခွဲခြားတတ်တာ ကမ္ဘာာမှာ မြန်မာလူမျိုးပဲ ရှိမယ်ထင်လို့ ပြောပြီး မြန်မာလူကြီးတွေဟာ လူကြီးအချင်းချင်းတွေ့ရင်လည်း တယောက်ကိုတယောက် အားနည်းချက်ကို ရှာပြီး Bully လုပ်ကြတယ်။ ကလေးတွေ ဗမာလို ပြောတာ စကားပြောမပီရင်လည်း ရီစရာမဟုတ်တာကို ရယ်စရာလုပ်တယ်၊ ကလေးတွေကို ငိုအောင် လိုက်စပြီး ကလေးတွေငိုရင်လည်း ဟားတိုက်ပြီး ရယ်စရာ လုပ်ကြတယ်၊ တခြားလူမျိုးတွေကိုလည်း လူသားအချင်းချင်းလည်း ထိခိုက်စော်ကားပြီး သိပ်ခွဲခြားတတ်တယ် ဘယ်လိုမှ နားလည်လို့ကို မရဘူးလို့ ပြောတယ်။ မြန်မာလူမျိုးတွေမှာ ကောင်းတဲ့အတုယူစရာဆိုလို့ ဘုန်းကြီးကျောင်းသွားတာနဲ့ အလှူအတန်း ရက်ရောတာပဲ တွေ့တယ် ကျန်တဲ့အတူယူစရာ ကောင်းတဲ့အချက်ဆိုလို့ မြန်မာလူမျိုးတွေမှာ သူဘာမှမတွေ့ကြောင်းလည်း ပြောလိုက်တယ်။ ဒါဟာ သူ့တယောက်တည်းရဲ့ သဘောထားမဟုတ် ကလေးတော်တော်များများက ဒီလိုပဲခံစားရပြီး သူတို့မိဘတွေကို မပြောပြရဲလို့ (သို့) ပြောလို့ အကျိုးမရှိဘူး ထင်လို့သာ မပြောကြောင်း သားက ကျွန်မကို ပြောပြပါတယ်။

ကျွန်မလည်း ကလေးတွေကို လုပ်တဲ့အပြုအမူတွေ ဖြစ်တဲ့ စကားမပီရင် ရယ်တာ၊ လိုက်စပြီး ရယ်တာနဲ့ ကုလားလိုပဲ ကပ္ပလီလိုပဲလို့ ကလေးတွေကို ပြောတာတွေနဲ့ ပတ်သက်ပြီး အဲဒါကိုတော့ ရိုင်းတယ်ဆိုတာ ကျွန်မလက်ခံပေးလိုက်တယ်။ ကလေးစကားမပီလို့ ရီတာဟာ ကျွန်မတို့အတွက် ရည်ရွယ်ချက် မပါပေမဲ့ တဘက်သားကို ခံစားမှု ဖြစ်စေတာ အမှန်ပဲ။ ဒါပေမဲ့ လူကြီးအချင်းချင်း တယောက်နဲ့တယောက် ခင်မင်ရင်းနှီးလို့ ပိန်တာ၊ ၀တာ အရွယ်ကျလာတာကို ပြောကြတာကတော့ တစိမ်းတွေကို ဘယ်တော့မှ မပြောဘဲ တယောက်နဲ့တယောက် အင်မတန်ကို ခင်မင်ရင်းနှီးမှသာ ပြောကြတာ ဖြစ်တဲ့အတွက် ဒါကိုရိုင်းတယ်လို့ ပြောလို့မရကြောင်း သားကိုရော သားသူငယ်ချင်းတွကိုပါ ကျွန်မ ရှင်းပြလိုက်ပါတယ်။ ကာရကံရှင် ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ဒါဟာ အားနည်းချက်ကို အခွင့်ကောင်းယူတာ ဖြစ်တဲ့အတွက် ယဉ်ကျေးတဲ့အပြုအမူတခု မဟုတ်ဘူးလို့ပဲ သူတို့သဘောထားကြတယ်။

မြန်မာလူမျိုးတွေဟာ ဘာသာရေးကိုင်းရှိုင်းတာနဲ့ အပေးအကမ်းလှူဒါန်း ရက်ရောတဲ့အပြေင် ကြီးသူရိုသေ၊ ငယ်သူသနား ရွယ်သူလေးစားတယ်။ အကြင်နာတရား ရှိတယ်စသည်ဖြင့် အတုယူစရာအဖြစ် ကောင်းတဲ့အချက်လေးတွေ ပြောပြတော့ ကြီးသူရိုသေတာပဲ သူတို့လက်ခံပေမဲ့ ကျန်တာကိုတော့ သူတို့လက်မခံဘူး။ ကြီးသူကိုရိုသေတာ တခုတော့ သက်ကြီးပူဇော်ပွဲတို့ နှစ်စဉ်လုပ်ပြီး အသက်ကြီးသူတွေကို တလေးတစား ဆက်ဆံတာ သူအမြဲတွေ့နေရလို့ သူကိုသက်သေပြလို့ရသွားတယ်။ အကြင်နာတရား ရှိတယ်ဆိုတာလည်း မြန်မာရုပ်ရှင်တွေထဲမှာ အမြဲတမ်း ဒေါသထွက်ကြ၊ ရန်ဖြစ်ကြတာ မကြာခဏတွေ့ရလို့ အကြင်နာတရားမှာ တခြားလူမျိုးတွေထက်တောင် နည်းသေးတယ်လို့ ထင်နေကြတယ်။

နိုင်ငံခြားမှာ ကြီးပြင်းတဲ့ ကျွန်မတို့သားသမီးတွေ ကိုယ့်ယဉ်ကျေးမှုကိုကိုယ် နားလည်ဖို့ဆိုတာ မိဘတွေမှာပဲ အများဆုံး တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကျင့်သုံးဖို့ကိုကျတော့ အတင်းလုပ်လို့ရတဲ့အရာ မဟုတ်တဲ့အတွက် သူစိတ်ဝင်စားပြီး လက်ခံသဘောကျ ဆန္ဒရှိမှသာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကလေးတွေကို ပြုစုပျိုးထောင်ပုံဟာ ကျွန်မတို့နိုင်ငံမှာ ကလေးတွေကို ပြုစုပျိုးထောင်တာနဲ့ မတူသလို ဒီကကလေးတွေရဲ့ အခွင့်အရေးကလည်း မြန်မာနိုင်ငံက ကလေးတွေရဲ့ အခွင့်အရေးနဲ့ မတူပါဘူး။ ဒါကြောင့် မိဘပြောတာကို သူတို့လက်ခံဖို့ဆိုတာကလည်း လူကြီးတွေကိုယ်တိုင်က သူတို့ရဲ့ခံစားမှုကို နားလည်ဖို့ လိုအပ်ပါတယ်။ ဇီဝသိပ္ပံအရ သက်ရှိသတ္တ၀ါတိုင်းက သဘာဝ (Natural Selection) အရ သူရှင်သန်တဲ့ပတ်ဝန်းကျင်မှာသူနဲ့ Adaptation (လိုက်လျောညီထွေမှု) အံဝင်ခွင်ကျ ရှိပြီးသား ဖြစ်နေပါတယ်။ သူရှင်သန်တဲ့ ပတ်ဝန်းကျင်က မဟုတ်တဲ့ အလေ့အထတခုကို မိတ်ဆက်ချင်ရင် သူ့သဘာဝနဲ့ ဆန့်ကျင်နေတာ ဖြစ်တဲ့အတွက် အထူး ပြုပြင်စီမံပြီး လုပ်ယူမှရပါတယ်။ ဒါကို Artificial Selection လို့ခေါ်ပါတယ်။

ကျွန်မတို့သားသမီးတွေအတွက် ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အလေ့အထက ဒီအတိုင်း သဘာဝအလျှောက် အလိုလျှောက် မဖြစ်နိုင်တော့ဘူး။ သဘာဝကို လွန်ဆန်ပြီး လုပ်ယူ သွတ်သွင်းယူမှရတဲ့ Artificial Selection ဖြစ်သွားပြီ။ ဒီလို လုပ်ရာမှာလည်း သဘာဝလျောက် ပူတဲ့ရာသီဥတုကို Artificial Selection ဖြစ်တဲ့ Aircon နဲ့ အေးအောင် လုပ်ရင် တချို့က နှာစေးအအေးမိသွားတတ်သူ ရှိသလိုမျိုးပဲ Artificial Selection ကို လက်ခံနိုင်စွမ်းမရှိတဲ့ ကလေးတွေလည်း အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အမွေအနစ်ကို ကျွန်မတို့ သွတ်သွင်းနိုင်မှုနဲ့ သူတို့ လက်ခံနိုင်မှု နှစ်ခုစလုံးအပေါ် မူတည်ပြီးပဲ ကျွန်မတို့ရဲ့ အမွေအနစ် သူတို့ဆီမှာ လက်ဆက်ကမ်း ကျန်မှာဖြစ်တယ်။ လက်မခံနိုင်ရင်လည်း ဒါဟာ အပြစ်တင်စရာလည်းမဟုတ်ဘူး ၀မ်းနည်းစရာလည်း မဟုတ်ဘူး ဒါဟာ သဘာဝကို လွန်ဆန်သွားတာမဟုတ် သူကြီးပြင်းတဲ့ပတ်ဝန်းကျင်ရဲ့ သဘာဝတိုင်းသာ ဖြစ်တဲ့အတွက် ကျွန်မတို့က လက်ခံပေးရမှာ ဖြစ်တယ်။

ဒါကြောင့်မို့ ကျွန်မသားလေးကို ကျွန်မ ဒီလိုလုပ်ပါလို့ လမ်းပဲလမ်းညွန်ပါတယ် အတင်းဘယ်တော့မှ မလုပ်ခိုင်းဘူး။ အခု အထက်တန်းစတက်တဲ့အချိန်မှာ တခြားကလေးတွေ သူတို့ဘာသာစကားကို ကောင်းစွာပြောတတ်တာကို ကြည့်ပြီး သားက ဗမာလို ပြန်ပြောလာတာကို တွေ့ရပါတယ်။ သူတို့ မူလတန်းတုန်းကရော အခုအထက်တန်းစတက်ချိန်မှာပါ Culture Diversity ဆိုတာကို သင်ရပြီး Culture တခုမှာ ဘာသာစကားနဲ့ အလေ့အထ ထုံးတမ်းအစဉ်အလာတွေ ပျောက်ရင် Natural Selection ရဲ့ Convergent Evolution Process အတိုင်း လူမျိုးဆိုတာလည်း တခြားလူမျိုးတွေကြားမှာ တိမ်ကော ပျောက်ပျက်သွားနိုင်တယ်ဆိုတာ သဘောပေါက်သွားလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သားစကားပြောရင် ပုံတူလိုက်တုပြီး သူ့ကိုအမြဲတမ်း ရီတတ်တဲ့ သူ့အဖေကို သားဗမာလိုပြောလို့ အသံဝဲရင် ဗမာပီပီ မရီနဲ့နော့်လို့ သတိပေးထားရတယ်။ သူဗမာလို ပြန်ပြောအောင် ကျွန်မအတင်းတိုက်တွန်းတာ မဟုတ်ဘူး။ Multi-cultural ပတ်ဝန်းကျင်မှာ မိမိ Culture ကို မျိုးဆက်တိုင်းက ထိန်းသိမ်းရမယ်ဆိုတဲ့ အသိနဲ့ သူ့ဖါသာသူ ဗမာလို ပြန်ပြောတာ ဖြစ်တယ်။

တကယ်တော့ ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေဆိုတာ အခြေအနေ၊ အချိန်အခါ ကာလံဒေသံ အရသာ ဖြစ်ပြီး ဒါကို ကျွန်မတို့ လွန်ဆန်လို့မရ၊ မျက်ကွယ်ပြုလို့ မရပါဘူး။ ဒါကြောင့်လည်းပဲ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဆိုတဲ့ မြန်မာစကားပုံနဲ့ ရောမရောက်ရောမ ဆိုတဲ့ နိုင်ငံခြား စကားပုံတွေ ပေါ်လာတယ် မဟုတ်လား။ နိုင်ငံခြားမှာ ကြီးပြင်းတဲ့ မြန်မာကလေးတွေ မြန်မာလို အားမသန်တာ မြန်မာအမှုအမူ နည်းတာဟာ သူတို့ဘာမှ မမှားပါဘူး မိခင်ဘာသာစကားကို အထင်သေးလို့လည်း မဟုတ်ဘူး ဒီပတ်ဝန်းကျင်မှာ ကြီးတဲ့ ကလေးတွေအတွက် ဒါဟာ ပုံမှန်သာဖြစ်ကြောင်းကို တင်ပြလိုက်ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
Nge Naing


http://nge-naing.blogspot.com/2011/02/blog-post_08.html)

Sunday, February 6, 2011

ဘိုးဘိုးမြေးရဲ့မျိုးဆက်ပုံရိပ်

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့မှာ တစ်နှစ် ပြည့်တော့မဲ့ ဘိုးဘိုးမြေး ပုလုံးလေး ကိုဘိုးဘိုးမိဘ တွေအကြောင်း ကိုပြောပြချင်တယ်။ မြေး လေး မမှီလိုက်တဲ့ဘေး တွေလို့ ဆိုရင်မမှား ဘူးပေါ့။ ပုလုံးလေးကြီး လာတဲ့အချိန်ကြရင်မြေးလေး ရဲ့မျိုး ဆက်နွယ်အကြောင်းသိရတာ ပေါ့။ ဘိုးဘိုး အဖေက မြန်မာစာပါမောက္ခ ဦးချမ်းမြ အမေက ဒေါ်ခင်မေ တောင်ငူသားနဲ့ မန္တလေးသူတို့အကြောင်းပါကြတာ။ အဖေကမြန်မာစာ ဆရာကြီးဦးပွား၊ ပါမောက္ခဦးဖေမောင်တင် တို့ရဲ့တပည့် ရင်း၊ သူခေတ်သူ့အခါက မဟာဝိဇ္ဖာကိုဂုဏ်ထူးတန်းနဲ့ အောင်ခဲ့တာ။ အမေကမန္တလေးတက္ကသိုလ်မှာ အင်တာအောင်ခဲ့ပြီးဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ကျောင်းဆက် မတက်တော့ပဲကျောင်းထွက်ခဲ့ရတာ။လူထုဒေါ်အမာနဲ့ မန္တလေး ABMကျောင်းမှာကတည်းက အတူတူ၁၀တန်း အောင်ခဲ့ကြတာ။အမေဆုံးခါနီးဆေးရုံတက်တော့ သူငယ်ချင်းဖြစ်သူ ဒေါ်အမာလူနာလာမေး သေးတယ်။

ဘိုးဘိုးအဖေကောအမေကောအင်မတန်ရောင့်ရဲတင်းတိမ်ကြတယ်။လောဘတော်တော် နည်းကြတယ်။ သား သမီး တွေက အဖေနဲ့အမေရောင့်ရဲကြတော့အတူနေ သမီးအငယ်ကအားမရဘူး။ကြီးလာတော့မှာကိုယ်ကိုယ် တိုင် ရောင့်ရဲ တင်းတိမ်ပြီးလောဘမရှိကြတာဟာအင်မ တန်မှအေးချမ်းပါလား ဆိုတဲ့အသိတရား ရလာ တော့မှအဖေနဲ့ အမေကို ကျေးဇူးတင်မိတယ်။ အမေက မိုးကုတ် ဆရာတော် ဦးဝိမလရဲ့တရားတွေ နားထောင်၊စာအုပ်တွေဖတ်တော့ပိုပြီး တော့တောင် လောဘမရှိငြိမ်းချမ်း တယ်။ အမေကအဖေကို အတော်လည်း ချစ်ပုံရတယ်။ ကိုချမ်း၊ကိုချမ်း နဲ့အတော် ဂရုစိုက်တယ်။အဖေမဆုံးခင် ၂-၃နှစ်လောက်က ရေတိမ်ကိုစောစီး စွာမကုမိ လို့မျက်စေ့ကွယ်သွား ရှာတယ်။ ဒီအတွက်သားသမီး ၃ယောက်လုံးမှာတာဝန်ရှိ တယ် လို့ယနေ့ထိခံစားနေရပါတယ်။

အဖေကစာတော်တော်ဖတ်တယ်။ကိုယ်ပို်င်စာအုပ်စင်ရှိတယ်။ မန်းတက္ကသိုလ်အမှတ်(၉) နတ်ရှင်နောင်လမ်း
အိမ်မှာ နေတုံးက အဖေကုတင်ခြေရင်းမှာစာအုပ်စင်ရှိတယ်။မတ်ရပ်မီး အိမ်ကိုကိုယ်တိုင်လုပ်ပြီးအောက်မှာ ပက်လက် ကုလားထိုင် နဲ့စာဖတ်တာ။အဖေလောဘ ကတော့စာဖတ်တာစာရေးတာထင်တာပဲ။မြန်မာစာနဲ့
ပတ်သက်တာသုတေသနလုပ်တော့ မယ်ဆိုရင်စာအုပ်ရှည်ကြီးထဲမှာရေးမှတ်ထားတယ်။ကြာလာတော့အဲဒါတွေ
ကအဖေ့ရဲ့မှတ်တမ်းတွေဖြစ်သွားတာပေါ့။ အဖေစာရေးရင်အင်္ဂလိပ်ခေတ်မှာကျောင်းတက်လာလို့ လားမသိ ဘူး။လက်နိုပ်စက်နဲ့စာရေး တယ်။စနစ်တကျတော့မဟုတ်ဘူး။ဒါပေမဲ့လက်နိုပ်စက်စာမူတော့ထွက်လာ တာ ပဲ။ ဘိုးဘိုး လည်းကွန်ပျူတာမှာ မြန်မာလို ဇော်ဂျီ နဲ့ Win Researcherကိုကောင်းကောင်းရိုက်နိုင် တယ်။ အဖေတူလို့ လားမသိဘူး။စာရေးတာ၊သုတေသနလုပ်ရတာဝါသနာပါတယ်။ အဖေတို့ လက်ထက်က သားသမီး ၃ ယောက် ကိုအဖေ့ လုပ်စာတစ်ခုထဲနဲ့ကောင်းကောင်း ပြုစုပျိုးထောင်ပညာသင်ပေးနိုင်ခဲ့တဲ့ အပြင်ပင်စင်ယူ တော့နေစရာ တိုက်တောင်ဆောက်နိုင်ပြီး သားသမီးတွေကို အမွေပေးခဲ့နိုင် တယ်။ မန္တလေးဝိဇိတာရုံကျောင်းမှာ မြကေတု ကျောင်း ဆောင်တစ်ဆောင်ဆောက်လှုနိုင်တဲ့ အပြင်အမွေရတာနဲ့ နေစရာအိမ်လေးတွေဘိုးဘိုးတို့ ဆောက်နိုင်ခဲ့တယ်။ အခုခေတ် လိုအကြံအဖန်တွေမရှိတာကတော့ဘိုးဘိုးတို့အသိဆုံးပဲ။ အဖေက အနေ အထိုင်မှာ စည်းစနစ်ရှိတော့ ဘိုးဘိုး လည်းစည်းစနစ်နဲ့ပဲနေတတ်တယ်။

သားသားမေမေကိုလည်း ဘိုးဘိုးကသေချာလေ့ကျင့်ပေးထားတော့စည်းကမ်းရှိရှိစနစ်တကျ နေတတ်တယ်။ အဖေရဲ့မော်ရစ်မိုင်နာကားစိမ်းလေးဟာရိုရိုသေသေစီးတော့ပင်စင်ယူ တဲ့အထိတော်တော်လတ်ပါတယ်။ အလုပ်လုပ်နေစဉ်တုံးကအဖေ့သူငယ်ချင်းဦးဘစန်း ကလုပ်ပေးလို့မော်တော်ကားသွင်းကုန်လိုင်စင်ရဘူးတယ်။ အစိုးရ ဆီက အခွင့်အရေးရတာ အဖေတစ်သက်မှာ အဲဒီတစ်ကြိမ်ပဲရှိတယ်။ဘိုးဘိုးလည်း အလုပ်ဝင်ခါစက ဘီ၃၆၀ လေးဘီး ကားလေးမဲ ပေါက်တယ်။ယုံကြမလားတော့ မသိဘူး၊ နှစ်ပေါင်း၃၀ကျော် လုပ် သက် မှာအစိုးရ ဆီကရတာ ဒီတစ်ခုပဲ။မြေကွက် လည်းမရဘူး၊တိုက်ခန်း လည်းမရဘူးဘူး။ ဘိုးဘိုးတို့ သားအဖ နှစ်ယောက် ကံတူအကျိုးပေးလေ။အခုခေတ် လိုမြေတွေ၊ကားတွေ၊ တိုက်ခန်းတွေမရဘူးလေ။ အဖေက ရန်ကုန် ဆင်းပြီး အော်တိုကားမှာဘောက်ဆော ဗစ်တာကားမှာစီးတယ်။ ထောင်ဂဏန်းလောက်ပဲ။ မမှတ်မိ တော့ဘူး။ အ၀ါရောင် harvest yellow လေးပဲ။ ၆ လ ၁နှစ်လောက်စီးပြီး ရောင်းပစ်လိုက် တယ်။ အသစ်ဆို တော့ဥစ္စာ ခြောက်တယ် ဆိုပြီးရောင်း၊မော်ရစ် မိုင်နာတစ်ပတ်ရစ် ၀ယ်စီးတာ လေ။ အမေကတော့ အိမ်ရှင်မကောင်းတစ်ယောက်ပဲ။ နတ်ရှင်နောင်လမ်းအိမ်မှာ ဘိုးဘိုးတို့ငယ် ငယ်ကဦးလေး အောင်ထွန်း လာနေတယ်။ အဖေက တောင်ငူက ခေါ်လာတာ။

သူနဲ့လူပျိုဘ၀ထဲကနေလာတာ။နောက်ထမင်းချက်ကဒေါ်စောလှ၊သမီးတစ်ယောက်ရှိတယ်။ ယောက်ျားနဲ့ကွဲနေ တယ်။ အိမ်ဘေးက လူတစ်ယောက်နဲ့ကြိုက်နေပြီး ညတစ်ညမှာ စကားများကြတာနဲ့ အိမ်ဘေးက ထနောင်းပင်မှာ ဇွဲကြိုးချပြီး ကိုယ့်ကိုယ်ကိုသတ်သေပါလေရော။ တက္ကသိုလ် ၀န်းထဲမှာဟိုးလေး တကျော်ပေါ့။ အမေလည်း လက်ရုံး ပြုတ်သွား ရှာတယ်။ ကျန်ခဲ့တဲ့ သမီးမမြင့်ဌေးကိုတော့ အဖွားအိမ်မှာဆက်ထားရတာပေါ့။ နောက်ထမင်းချက်က မလုံတဲ့အမေ သင်ပေးထားတော့ ကောင်းကောင်းချက်တတ်တယ်။

အမေကညမနက်ဟင်းမထပ်ဘူး။ဘိုးဘိုးမိန်းမရတော့ဘွားဘွားတို့ကညမနက်တခါတည်းချက်ထားတာ။ညနေ ကြရင် မိသားစုစုံမှ စားရတယ်။ ထမင်းစားချိန်ပြန်ရတယ်။ နည်းနည်း အသက်ရလာတော့ မြို့ထဲ အလည်ထွက် တာနဲ့မိသားစုမစုံတော့ အမေကဆူတယ်။ ဘိုးဘိုးညီဘိုးလေးစိုးက အလည်လွန်ဆုံး။ နောက်ဆုံး စား တာ ကတော့ ဦးလေးအောင်ထွန်းပဲ။ သူကညကျောင်းမှာChemistry ဌာနက lab technicianဆိုတော့ အိမ်ပြန်နောက်ကျတယ်လေ။ သူကအမဲသားစားတယ်။ဘိုးဘိုးတို့ ကအမဲသားမစားဘူး။ သူအမဲသားဝယ်ပြီး ငရုတ်သီးစပ်စပ်နဲ့ကျော်ပြီးကြောင်အိမ်ထဲထည့် ထားတာ။ ဘိုးဘိုး တို့ ကကြောင်အိမ်ဆွင့် ပြီး ခဏခဏခိုးစားဘူးတယ်။ သူပိုးနေတဲ့ဗောဓိကုံးကဒေါ်လေး (နောင်သူ့မိန်းမ)အိမ်သွားတာလည်း ပါတာပေါ့။အမေက ဖွယ်ဖွယ်ရာရာချက်တတ်တယ်အ ဖေကြိုက်တတ်တာလည်းပါသလို သားတွေ သမီးကြိုက် တာတွေ လည်း ချက်တတ်တယ်။ သမီးဖြစ်တဲ့ဘွားကျွဲကတော့ အမေတူလို့နဲ့တူတယ်။ ဟင်းကိုဖွယ်ဖွယ်ရာရာ ချက်တတ်တယ်။ ဘိုးဘိုးကတော့ဘွားဘွားနဲ့ရပြီး ဘွားဘွားပုံစံသွင်း သလိုပဲနေတတ်ရတော့တယ်။ တစ်နှစ်မှာ အမေအသည်းအသန်မမာတော့တာပဲ။ အားနည်းသွေးတိုးရောဂါလေ။အမေက ဆေးကျောင်းတက်နေတဲ့ သမီးဖြစ်သူကို အဖေကိုစောင့်ရှောက်ဖို့မှာ တယ်။သူ့မှာရောဂါဖြစ် တော့စိတ်မချနိုင်ဘူးနဲ့ တူတယ်။ နောက်ဆုံးအဖေက သိမ်ဖြူဆရာတော်ကြီးဆီခေါ်သွား တယ်။ အမေမှာသိမ်ဖြူဆရာတော် ကယ်တဲ့အသက်ပဲ ရှိတော့တယ်။သိမ်ဖြူဆရာတော်ပြောတဲ့အတိုင်းတသွေ မတိမ်း လိုက်နာ တယ်။ ဆေးမှန်မှန်သောက်တယ်။ ဒီအစာမစားနဲ့ဆိုရင် လုံးဝ မတို့ဘုး၊ယောင် လို့တောင်မစားဘူး။ အားနည်းသွေးတိုးဖြစ်ပေမဲ့ သိမ်ဖြူဆေးနဲ့ပဲ ထိမ်းသွားတာအသက်ရှည်တယ် လို့ပြောရမှာပါ။ အဖေကျန်းမာတာကတော့ အမေချက် ကျွေးတာပဲစားတယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ စိတ်ကမြန်မာစာပေမှာ။ stress မှ မရှိတာပဲ။ အဖေအမြဲပြောတဲ့ စကားကတော့ ငါ့မှာ စိတ်ယုတ်မာမမွေးဘူး၊ စိတ်ထား ကောင်းကောင်းမွေးတယ်။ ဒါကြောင့်ငါသေရင်ငရဲ ဘယ်တော့မှမကျနိုင်ဘူးတဲ့။ ဒါသူ့အတွေးအခေါ်လေ။

ဒီခေတ်ဆရာတော်ဦးသုနန္ဒွဟောကြားတဲ့ဝိပသာနာတရားတွေအရသေခါနီးအသေတတ် ဖို့ အရေးကြီး တာကတော့ မှန်တာပေါ့။ ဘိုးဘိုးတို့ဒီအသက်အရွယ်ရောက်တော့ ဘိုးဘိုးတို့ လျှောက်ခဲ့တဲ့လမ်းကို ကြည့်မိ တယ်။ အဖေ တို့ခေတ်ကလိုမအေးချမ်းတာကတော့အမှန်ပါပဲ။ အလုပ် လောဘကြီးကြ လို့ လား။ မဟုတ်ပါ။ ဘိုးဘိုးတို့အဖေခေတ်ကအကုန်မပျက်စီးသေးဘူး၊ စိတ်ဓါတ်လည်းမြင့်မား ကြတယ်။ ကိုလိုနီခေတ်က အလုပ်အရှိန်အဟုန်ကလည်း ရှိနေတုံးပဲ။ အလုပ်အရှိန်အဟုန်ဆိုတာဘာလဲ၊သိလား။ အမေရိကားက သူဌေးကြီးဘိလ်ဂိတ်စ်ဟာ မြန်မာပြည်မှာမွေးရင် သူဘာဖြစ်မလဲ။ သူ၂လုံးထီ ၃လုံးထီပဲထိုးနေရမှာ။ မြန်မာကဘိုးဘိုးတို့ တွေအမေရိကား ပညာတော်သင်သွားရတော့ အမေရိကန်ကျောင်းသားတွေကို မှီအောင်လိုက်ရာမှာ ပထမ၃လတော်တော်ကြိုး စားရတယ်။ ၆လလောက်ကြာတော့ မှီလာတယ်။ တစ်နှစ်လောက်လည်း ကြာလာကော သူတို့ကိုမမှုတော့ဘူး။ နောက်တစ်နှစ်ခွဲလောက်လည်း ရောက်ရော သူတို့ကို ကျော်တက်သွားနိုင်ပြီ။ ဒါဘာလဲဆိုရင် အရှိန်အဟုန်ရှိနေလို့ပဲ။ facilities တွေဖြစ်တဲ့စာကြည့် တိုက်၊အင်တာနက်၊သင်ကြားပုံစနစ်၊ စတာတွေက ပြည့်စုံနေတော့ အသာလေး အရှိန်အဟုန်နဲ့ လိုက်သွားယုံပဲ။ ဘာမှမပြည့်စုံတဲ့ဘိုးဘိုးတို့နိုင်ငံမှာ ဘိလ်ဂိတ်စ်သာကြီးပြင်းလာရ ရင်၂လုံးထီ ရောင်းတာလောက်နဲ့ပဲ ဘ၀ကိုပြီးဆုံးသွားရမှာ။

ဘိုးဘိုးအဖေကစာအုပ်တွေတော်တော်များများရေးထုတ်ခဲ့တယ်။သူခေတ်ကကျောင်းသားတွေပြောတာကတော့ စာသင်တာလည်းကောင်းတယ်လို့ပြောတာပဲ။အဖေစာသင်ရင်အရင်တုံးကခေါင်းပေါင်းပေါင်းတယ်။အဖေကတယောလည်းတော်တော်ထိုးတတ်တယ်။တယောထိုးရင်မြန်မာခလေးချော့
သီချင်းတွေဆိုခဲ့တယ်။

ဘိုးဘိုးတို့ငယ်ငယ်တုံးက အဖေခလေးချော့သီချင်းနဲ့ ဘိုးဘိုးတို့ကိုသိပ်ခဲ့လားဆိုတာတော့အမေကမ ပြောပြဖူး ဘူး။ မန္တလေးတက္ကသိုလ်မှာရွှေပြည်ဦးဘတင်ရဲ့နန်းမူနန်းရာအကြောင်း စနေနေ့တိုင်းဟောပြောပွဲလုပ်ရင် အဖေ မအားရတော့ ဘူး။စာအုပ်ရှည်ကြီးနဲ့လိုက်တေးမှတ် တော့တာပါပဲ။ မှတ်တာလည်းမြန်တယ်။ လုံးစေ့ပတ်စေ့မှတ်ထားတာ။နောက်မှတိတ်ရီကော့ဒါပေါ်လာမှအခွေ သွင်း ထားတာ။ အဖေရဲ့အမျှော် အမြင်ကြီး တာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဟောပြောချက်တွေကို မှတ်တမ်းထားနိုင်ခဲ့ တယ်။သူလည်း စာအုပ်တွေ ရေးစရာ ကုန်ကြမ်းရတာပေါ့။ မလိုသူတွေ (အထူးသဖြင့် ကွန်မြူနစ်တပည့်တွေ)ကရွှေပြည်ဆရာကြီးဆီက ခေါင်းပုံဖြတ်တယ် ဘာညာပြောပါ သေးတယ်။တစ်ယောက်ကတော့ပြောတယ်။သူမှတ်သား ပြီးရေး လို့ငါတို့ဖတ်ရတာ ကျေးဇူးတောင်တင်သေးလို့ပြောကြပါတယ်။အကုန်နီးပါးပါပဲ။ သေတဲ့သူသေ၊ ပြည်ပြေး ဖြစ်တဲ့သူဖြစ်နဲ့ပါ။ အဖေကမြန်မာစာတော့မထိနဲ့။ စကားပြောသလို ရေးကြမယ်ဆိုတော့ လုံးဝမထောက်ခံဘူး။ အခုသူ့သားဘိုးဘိုးကစကားပြောသလိုရေးရတာ လက်တွေ့နေသလိုပဲ။ အသက်၆၀ကျော် လာတော့ အဖေ၆၀ကျော်တုံးကအခြေအနေကိုပြန်စဉ်းစားကြည့်မိတယ်။အဖေစာ တွေဖတ်၊စာတွေရေးနေတုံးပဲ။ မြန်မာစာ သုတေသနကိုရေးရတာလက်တွေ့ပုံရ တယ်။တခါတလေအဖေက မြန်မာစာမယူဘူးတဲ့ သူ့သားကြီး ဘိုးဘိုးကိုမြန်မာစာသုတေသနအကြောင်းတွေပြောပြ တတ်တယ်။တပည့်တွေများလာလို့ကတော့ စကားမပြတ် တော့ဘူး။သူဆီမကြာမကြာလာတတ်တဲ့ တပည့်တစ်ယောက်ရှိတယ်။ ဦးစိန်သီဦးတဲ့။သူ့ နဲ့ ဆိုရင်ထိုင်ရာမထ မြန်မာစာ သုတေသနအကြောင်းတွေပြောတတ်တယ်။ အမေကတော့ မကြိုက်ဘူး။ သူဖတ်လေ့ရှိတဲ့ ဦးဝိမလတရားစာအုပ်တွေဖတ်စေချင်တယ်။ဒါပေမဲ့ အဖေတို့ တရားရှိပုံကို ပြောပြချင်တယ်။ အမေဆုံး တော့ဖျာနဲလိပ်ပြီးချ လိုက်တဲ့။သမီးက မတော်ပါဘူး၊ အဖေရယ်လို့ပြောရတယ်။

သူကတကယ်တော့တရားရှိပါတယ်။ လောကဓံတရားကိုခံနိုင်ရည်ရှိပုံရပါတယ်။သို့သော် လည်းအမေ အသုဘ ချပြီး ပြန်လာတော့ အမေကိုသူသတိရကြောင်းပြောတာကိုခေါင်းထဲကမထွက်ဘူး။သူ့ရင်ထဲ မှာ ဘယ်လောက် ပူဆွေးနေမှန်မသိဘူး။ ဒါကြောင့် ၅၅ ရက်ပဲကွာတယ်၊ အဖေလည်းအမေ နောက်ကိုလိုက်သွား တာပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ခရီးဖေါ်ဘွားဘွားဆုံးထားတော့ ဘိုးဘိုးလည်းကိုယ်ချင်းစာ တယ်လေ။ ဒါကြောင့် ဘိုးဘိုးလည်း အိုမင်းမစွမ်းဖြစ်တဲ့အထိလူ့ပြည်မှာမနေချင်ဘူး။ဘိုးဘိုးကတော့ အမေလိုပဲ အသေတတ် အောင် ၀ိပသာနာကိုအားကိုးချင်တယ်။ ဘိုးဘိုးသူငယ်ချင်းချာလီသက်ရှည်ကို ဘိုးဘိုးအားကျတယ်။ တစ်နှစ်မှာ တရားစခန်းမှာနေတဲ့ ရက်ကတော်တော်များတယ်။ ဒီလိုတရားရှိတာကြောင့် လည်းအဖေဆုံးတော့ ဘာအုတ်ဂူမှမလုပ်တော့ဘူး၊တပည့်တွေကတော့ အမှတ်တရလုပ်ချင်ကြ တယ်။ အဖေရဲ့လောဘနည်းပုံ၊ တရားရှိပုံ တွေကိုသိတဲ့သားသမီးတွေကမလုပ်ပါနဲ့တော့၊ အဖေဆန္ဒကို မဆန့်ကျင်လိုလို့ပါလို့ပဲပြောလိုက် ရတော့တယ်။ ကဲပုလုံးရေ၊ သားသားကြီးလာရင် ဘိုးဘိုးရဲ့အဖေနဲ့အမေအကြောင်းကိုတော့မြည်းစမ်းဖတ် ကြည့်ပါ။