Saturday, March 10, 2012

ပတ်ဝန်းကျင်ကိုပြောင်းလို့မရရင်ကိုယ်ပဲပြောင်းလိုက်ပါ

မောင်တိုင်ပင်ဘဏ်ခွဲတစ်ခုမှဝန်ထမ်းလေးတစ်ယောက်ကသူလက်ရှိတာဝန်ကျနေတဲ့နေရာမှာမပျော်

တော့ကြောင်း၊သူကစေတနာထားပြီးလုပ်သော်လည်းအချင်းချင်းကဖြစ်စေ၊အထက်လူကြီးကဖြစ်စေ

အမြင်မကြည်ကြကြောင်း၊တာကြောင့်သူကိုဘယ်ဘဏ်ခွဲ ကိုပဲဖြစ်ဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်လို

ကြောင်းလာပြောပါတယ်။ မောင်တိုင်ပင်ကသူအကြောင်းလည်းမသိသေးတော့ဘာဖြစ်လို့လဲ လို့

မေးတော့သူကစေတနာနဲ့လုပ်ပေးပေမဲ့သူ့ကိုအကောင်းဘယ်တော့မှ မပြောကြဘူး၊သူ့အနေနဲ့ချီး

ကျူးတာကိုမခံချင်ပါဘူး၊သူလုပ်ပေးတာကိုအသိအမှတ်ပြုတာပဲလိုချင်ပါတယ်လို့ပြန်ပြောပါတယ်။

မောင်တိုင်ပင်သိလိုက်ပါပြီ--ဒီလိုအဖြစ်အပျက်မျိုးမောင်တိုင်ပင်တို့ဝန်ထမ်းသက်နုစဉ်တုံးကခံစားခဲ့

ကြဘူးပါတယ်၊ဒါပေမဲ့အလေးအနက်မထားတော့ကြာတဲ့အခါမေ့ပျောက်သွားခဲ့ပါတယ်။ မောင်တိုင်ပင်ဝန်

ထမ်းလေးကိုဘယ်လိုနှစ်သိမ့်ရမလဲဆိုတာမသိတော့သာမန်ကာရှန်ကာပဲ”အေးပါကွာ၊ ငါကြည့် လိုက်ပါအုံးမယ်”

လို့ပဲပြောမိခဲ့ပါတယ်။ ဒါနဲ့သူရဲ့အကြီးအကဲကိုမေးကြည့်တော့သူလည်းအံ့သြနေပါတယ်။ ခိုင်းတဲ့အလုပ်

ကိုမညည်းမညူလုပ်ကြောင်း၊လွဲမှားတဲ့အခါတော့လုပ်ငန်းဆောင်ရွက်ပုံအမှန်ကိုပြပေးပြီးသာမန်ပဲပြောခဲ့ဆို

ခဲ့ကြောင်းပြောပြပါတယ်။သူလည်းယခုလိုဖြစ်နေတာကိုမသိကြောင်းပြောပါတယ်။ဒါနဲ့မောင်တိုင်ပင်လည်း

နဲနဲဂရုစိုက်ဖို့ပြောပြီးမေ့မေ့ပျောက်ပျောက်ပဲထားခဲ့ပါတယ်။

တစ်ရက်မှာFEELပိုင်ရှင်ဦးနောကမြန်မာထမင်းဟင်းစပယ်ရှယ်ချက်လို့ဆိုင်မှာ လာစားဖို့ခေါ်ပါတယ်။မောင်

တိုင်ပင်လည်းဒီအုပ်စုနဲ့မတွေ့တာတော်တော်ကြာရှိနေပြီးblogမှာရေးစရာကုန်ကြမ်းမရှိ လို့မြေးအကြောင်း

ရေး၊ဌာနတွေကိုဘာလုပ်ပါလားညာလုပ်ပါလားလို့ပဲရေးနေရတယ်။Facebookမှာအဲလိုမျိုးဆရာကြီးလုပ်တဲ့

သူတွေကိုသောက်မြင်ကတ်ကြောင်းတောင်ရေးနေပြီ။တာကြောင့်ရေးရတာတောင်ဆရာကြီးလုပ်ချင်လို့ရေး

တာထင်မှာစိုးတော့မျက်စေ့ထဲအမြင်မတော်ပေမဲ့လည်းမြိုသိပ်နေရတယ်။ဒါပေမဲ့လည်းရေးနေကြပါတယ်။

နေ့တဓူဝလူ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေကြတာကိုရေးနေကြပါတယ်။ယဉ်စည်းကမ်း၊လမ်းစည်းကမ်းတွေ၊

လူတွေစည်းကမ်းကိုလစ်ရင်လစ်သလိုဖေါက်တာတွေ၊စည်းကမ်းဘယ်လောက်ထုတ်ထုတ်လျော့ရဲသွားရင်

လူတွေဟာပြန်စည်းကမ်းဖေါက်ကြတော့တာပါပဲ။law enforcement လုပ်နေသူတွေဘယ်လောက်စိတ်

ရှည်မလဲဆိုတာအကဲစမ်းနေသလိုပါပဲ။

FEELစားသောက်ဆိုင်ဟာရန်ကုန်မှာ မောင်တိုင်ပင်အကြိုက်ဆုံးဆိုင်တစ်ဆိုင်ပါ။ဦးနောကကိုယ်တိုင်လည်း

chef ပါ။မောင်တိုင်ပင်နဲ့တူပါတယ်။မောင်တိုင်ပင်လည်းအစားအသောက်ချက်ပြုတ်ရတာကိုအတော်ဝါသနာ

ပါ ပါတယ်။မောင်တိုင်ပင် ဘဏ် အလုပ်ကအနားယူတော့မယ်ဆိုတော့အိမ်ကလူတွေကကြောက်နေကြပြီ။

မောင်တိုင်ပင်မီးဖိုချောင်ဝင်တော့မှာ ကိုး။စနေ တနင်္ဂနွေဆိုရင်မောင်တိုင်ပင် ကိုယ်တိုင်ချက်ချင်ရင်ချက်

တယ်၊ဒါမှမဟုတ်ချက်ပုံချက်နည်း စာရေးပြီးချက်ခိုင်းတယ်။ကိုယ့် ကြိုက်တဲ့ recipies ပါတဲ့cooking book

တွေအိမ်မှာအကုန်ရှိတယ်။ cooking book လက်ဆောင်ပေးရင်အရမ်းပျော်တယ်၊အနည်းဆုံးတစ်ခုတော့

စာအုပ်ထဲမှာပါတာကို စမ်းချက်ပြုတ်ကြည့်တယ်။ FEEL ကဦးနောအောက်မှာဝန်ထမ်း ၁၀၀၀ ကျော်ရှိတယ်၊

သူဘယ်လိုအုပ်ချုပ်လဲဆိုတာစိတ်ဝင်စားစရာပါ။ဝန်ထမ်းတွေအပေါ်မှာ လည်းတော်တော်ကောင်းရှာပါ

တယ်၊ဒီလိုပိုင်ရှင်မျိုးရှားပါတယ်။မောင်တိုင်ပင်ထုတ်တဲ့စီးပွားရေးဂျာနယ်ကအယ်ဒီတာကိုသူ့အကြောင်းရေး

ရအောင်အင်တာဗျူးပြီးရေးခိုင်းဘူးသေးတယ်။မောင်တိုင်ပင်လိုချင်သလိုတော့ဖြစ်မလာဘူး။သူက၀န်ထမ်း

တွေနေတဲ့ရွာတွေအထိအရောက်သွားပြီးသူတို့ဘယ်လိုနေကြထိုင်ကြသလဲဆိုတာလေ့လာစူးစမ်းတယ်။

အခုရန်ကုန် ကလူတွေကားတွေအသစ်သွင်းလာကြတော့ ဦးနောကသူ့အစီအစဉ်ကိုပြောပြတယ်။” ကျနော်ဝန်

ထမ်းတွေအတွက်ရည်ရွယ်ပြီးရွှေငါးတစ်စီးမှာထားတယ်။ဝန်ထမ်းတွေတစ်ပတ်မှာတစ်ရက်အနားရတဲ့အချိန်

ရွှေတိဂုံကိုရွှေငါးကားနဲ့သူဌေးလိုဇိမ်ခံပြီးသွားနိုင်အောင်အလှည့်ကျပို့ပေးမယ်”၀န်ထမ်းတွေအထဲမှာပြောစ

မှတ်တစ်ခုရှိနေတယ်။“ ဦးနောဆီကဘယ်တော့မှမခိုးဘူး။ဘာကြောင့်လဲဆိုတော့ ဦးနောပေးတာက ခိုးတာ

ထက် ပို ရတယ်”ဦးနောက၀န်ထမ်းတွေအတွက်ဆိုရင် သူတို့အခွင့်အရေးတွေသာမကဘူး၊အမြဲလိုလို

ပေးကမ်းနေတော့ဝန်ထမ်းတွေအနေနဲ့ FEEL အုပ်စုအပေါ်မှာသစ္စာရှိနေတာမဆန်းပါဘူး။ဦးနောကသူဝန်

ထမ်းတွေကိုပြောဖို့အတွက်ဆုံးမဖို့အတွက်စာကောင်းပေကောင်းတွေကိုအမြဲဖတ်တယ်။ ပြီးရင်ပြန်ပြောပြ

လေ့ရှိတယ်။အဲဒီနေ့ကသူပြောတာလေးတစ်ခုရှိတယ်။ “ကျနော့ ရဲ့ရန်ကုန် က FEEL ဆိုင်မှာမန်နေဂျာ

မလေးတစ်ယောက်ရှိတယ်၊သူကဘာပြောသလဲဆိုရင်သူဘယ်လောက်ပဲစေတနာထားလုပ်ပေးကိုင်

ပေးပေမဲ့သူ့ကိုအကောင်းဘယ်သူမှမပြောကြဘူးလို့သူကိုလာညည်းပါတယ်၊ဒီလိုပဲ ရန်ကုန်FEELဆိုင်ကစားပွဲထိုး

လေးတစ်ယောက်က သူ့ကိုလာပြောတယ်၊ သူလုပ်ဖေါ်ကိုင်ဖက်တွေကသူဘာပြောပြောဘယ်တော့မှ

အကောင်းမထင်ဘူး၊ဒါကြောင့်သူ့ကိုမိထ္ထိလာဆိုင်ပြောင်းပေးပါ လို့လာပြောပါတယ်၊ဒါနဲ့သူတို့ ၂ ယောက်လုံး

ကိုပုံပြင်ကလေးတစ်ခုပြောပြ လိုက်တယ်၊ကျီးလေးတစ်ကောင်ဟာရန်ကုန်မြို့ ကသစ်ပင်တစ်ပင်မှာခိုလေး

တစ်ကောင်နဲ့အတူနားမိတယ်။ခိုလေးကမေးတယ်၊အဆွေကျီးမောကြီးပန်းကြီးနဲ့ဘယ်ကလာလို့ဘယ်ကို

သွားမှာလဲလို့မေးတော့ရွှေကျီးကမပြောချင်တော့ပါဘူးဗျာ၊သူပဲခူးကလာတာဖြစ်တယ်၊

အဲဒီမှာအဖေါ်ကျီးတွေကကောအခြားငှက်တွေကကောသူအော်တာကိုနားညည်းတယ်လို့ပြောကြတယ်၊

အဲဒီမတိုင်ခင်ဒိုက်ဦးတုံးကလည်းအဲဒီလိုပဲပြောခံရတယ်။ရွှေကျီးအသံဟာနားဝင်ပီယံမဖြစ်ဘူးဆိုပြီးပြော

လို့တစ်မြို့နယ်ပြီးတစ်မြို့နယ်ပြောင်းလာတာအခုရန်ကုန်ကိုရောက်လာတာပဲလို့ပြောလိုက်တယ်။

အဲတော့ခိုလေးက ရွှေကျီးကို”ခင်ဗျားအသံကိုတွေ့သူတိုင်းကလက်မခံရင်ခင်ဗျားအသံကိုပြောင်းဖို့လိုတယ်”

လို့ပြောလိုက်တယ်။အဲဒီပုံပြင်ဥပဒေသကတော့ကိုယ်ကသူများကိုပြောင်းဖို့မကျိုးစားနဲ့ကိုယ့်ကိုပဲအရင်ပြောင်း

ရမယ် လို့ဆိုလိုတာဖြစ်တယ်။အဲတော့မန်နေဂျာမလေးနဲ့စားပွဲထိုးလေးကိုအဲဒီပုံပြင်ဥပဒေသ

လေးကိုပြောပြလိုက်တယ်။”

သူတို့နှစ်ယောက်သာမကဘူး။ညနေတိုင်း ၅ နာရီကြရင်သူ့ဝန်ထမ်းတွေကိုတွေ့ပြီးစကားပြောတဲ့အခါအဲ

ဒီပုံပြင်လေးကိုထည့်ပြောလိုက်တယ်။ဒီလိုအသုံးဝင်တဲ့စာစုတွေကိုဘယ်ကရသလဲဆိုတော့ နိုင်းနိုင်းစနေ

စာအုပ်ထဲကရတာဖြစ်တယ်၊စာအုပ်၂၀၀လောက်ဝယ်ပြီးမိတ်ဆွေတွေကို လက်ဆောင်ပေးတယ်။အခု

လည်းဆရာမျိုးကိုလက်ဆောင်ပေးမယ်ဆိုပြီးစာအုပ်ကိုအောက်ကိုလှမ်းမှာပြီးလက်ဆောင်ပေးပါတယ်။

မောင်တိုင်ပင်စိတ်ထဲမှာတော့သူပြောနေတာကြားတစ်ချက် မကြားတစ်ချက်ပဲ။ဘာကြောင့် လဲဆိုတော့

မောင်တိုင်ပင်ဘဏ်ကပြောင်းပေးပါလို့လာပြောတဲ့ကောင်လေးကိုဘယ်လိုပြောရမလဲဆိုပြီးစကားလုံး

တွေကိုစီနေလို့ပဲဖြစ်ပါတယ်။

ကျေးဇူးပါပဲ၊ဦးနောရေ--လို့စိတ်ထဲမှာပဲရေရွတ်လိုက်မိပါတော့တယ်။-------