Saturday, September 22, 2012

ဗေဒါပန်းနှင့်တူသောမြန်မာဆန်စပါးလုပ်ငန်း


မြန်မာဆန်စပါးအကြောင်းမရေးတာလည်းတော်တော်ကြာပါပြီ။ ၃-၄ လလောက်မြန်မာဆန်စပါးလုပ်ငန်း
နဲ့မျက်ချေပြတ်ခဲ့ပါတယ်။ဒါပေမဲ့သတင်းတွေတော့အမြဲနားထောင်ဖြစ်ပါတယ်။ နွားခြေရာကွက်အပြင်မှာ
ရောက်နေတော့ ပြည်တွင်းပြည်ပ သတင်းတွေကလည်းစုံတယ်၊up to date ပါပဲ။မြန်မာဆန်စပါးလုပ်ငန်း
ဟာ၂၀၀၉ ခုနှစ်လောက်ကစပြီး ၄ နှစ်လောက်အတွင်းတိုးတက်မှု အရိပ်အယောင် အမျိုးမျိုးတွေတော်
တော်ပြခဲ့ပါတယ်။ အားလုံးကိုခြုံငုံကြည့်ရင်ဆရာဇော်ဂျီရဲ့နံမည်ကျော်ကဗျာတစ်ပုဒ်ထဲကဗေဒါပင်လိုပါပဲ၊ တော်တော်အယက်ကန်ခံခဲ့ရပေမဲ့ stakeholders အားလုံးပါဝင်တဲ့မြန်မာဆန်စပါးလုပ်ငန်းဟာ ဒီကနေ့ ပန်းပန်လျက်ပါပဲဆိုတာတွေ့နေရပါတယ်။    

စင်ကာပူကို လွန်ခဲ့တဲ့ ၃လလောက်ကရောက်လာတော့တစ်ပတ်လောက်ထမင်းစားလို့မကောင်းဘူး။
သမီးကတော့ပြောရှာပါတယ်။ဖေဖေ လာမှာမို့ လို့ယိုးဒယားဆန်အကောင်းစားဝယ်ထားတယ်တဲ့--ဆန်လောကမှာ နှစ်ပေါင်း၃၀ကျော်ကျင်လည်လာခဲ့တဲ့မောင်တိုင်ပင်အဖို့ပြန်ပြီးစောဒကတက်မနေတော့ပါ
ဘူး။မောင်တို်င်ပင်တို့မြန်မာတွေကယိုးဒယားဟုန်မာလီဆန်ကချက်တဲ့ထမင်းကိုခံတွင်းသိပ်မတွေ့ကြဘူး။
Rice Cooker နဲ့များချက်ခဲ့ရင်ပိုတောင်ခံတွင်းမတွေ့သေး-စားမကောင်းတာလည်းမဟုတ်--တစ်ပန်းကန်
လောက်စားပြီးတယ်ဆိုရင်ဆက်မစားချင်တော့ဘူး။ မောင်တိုင်ပင်တို့ရန်ကုန်မှာပေါ်ဆန်းတောင်ရွှေသွယ်
တို့မနောသုခတို့နဲ့စပ်စားနေတာ(ရွှေသွယ်ဆိုလို့ အခုခေတ်စားနေတဲ့hybrid ပုလဲသွယ်မဟုတ်ဘူးနော်)
 အိမ်ကထမင်းချက်ကြီးကို အဲဒီလိုစပ်ထားတဲ့ဆန်ကိုငှဲ့ချက်ခိုင်းတာ-အဲတော့မှစားရတာခံတွင်းတွေ့တယ်။
ကိုယ်တင်ပဲလားဆိုတော့မဟုတ်သေးဘူး၊ အိမ်ကလူတွေလည်း ပေါ်ဆန်းချည်းပဲဆိုရင် အီတယ်တဲ့။ အဲလို--မောင်တိုင်ပင်တို့ကချေးများကြတာ။

ဒါနဲ့ မောင်တိုင်ပင်လည်းစင်ကာပူရောက်တုံး ရပ်ကွက်နားတစ်ဝိုက်မှာရှိတဲ့ NTUC FairPrice ဆိုင်အကြီးကြီး
တွေအသေးတွေအကုန်လျှောက်ကြည့်တယ်။ယိုးဒယားဆန်ဟုန်မာလီကပဲတံဆိပ်အမျိုးမျိုးနဲ့ဈေးကွက်ကို
စိုးမိုးထားဟန်တူတယ်။ဗီယက်နမ်၊ကမ္ဗောဒီးယားဆန်၊ပါကစ္စတန်ဘာစမာတီဆန်တွေနည်းနည်း တွေ့တယ်။
 မြန်မာဆန် ကို်လုံးဝမတွေ့ဘူး။တရုတ်တန်းဘက်ရောက်တော့လည်းရှာကြည့်ပါသေးတယ်။ မြန်မာပုဂ္ဂလိက
ကုန်သည်ဆန်exporterတွေကတော့စင်ကာပူကိုပို့တယ်လို့တော့သတင်းကြားပါတယ်။ဘယ်ချောင်ဘယ်
နားမှာရောင်းနေသလဲတော့မသိဘူး။ထားပါတော့လေ-စဉ်ဆက်မပြတ်မပို့လို့ဖြစ်ပါလိမ့်မယ်။ကမ္ဘာဆန်ဈေး
ကွက်ကိုဗိယက်နမ်ဆန်၊ပါကစ္စတန်ဆန်၊ထိုင်းဆန်၊မြန်မာဆန် စသည်ဖြင့်ထုတ်လုပ်တဲ့နိုင်ငံပေါ်မူတည်ပြီး
ဈေးကွက်အသီးသီးတင်ပို့နေကြပေမဲ့ယိုးဒယားဆန်ကတော့ဈေးကွက်ကိုလွှမ်းမိုးထားတုံးပဲလို့ဆိုနိုင်ပါတယ်။

ထိုင်းနိုင်ငံဟာကမ္ဘာ့ဆန်ဈေးကွက်မှာ အဓိက player ဖြစ်နေသော်လည်းသူလည်းသူ့ပြဿနာတွေနဲ့သူ
ရှိနေပါတယ်။သူတို့ယခုတိုင်ကျင့်သုံးလျှက်ရှိတဲ့ “စပါးအပေါင်ခံစနစ်”rice pledging scheme ဟာထိုင်း
လယ်သမားများထံမှစပါးကိုဈေးမြှင့်ပေးဝယ်ယူလျက်ရှိရာ ထိုင်းဆန်ကိုကမ္ဘာ့ဈေးကွက်၌ ဈေးအကြီးဆုံး
ဆန်အဖြစ်တွန်းပို့ ရာရောက်နေပါတယ်။ထိုင်းဆန်ကုန်သည်တွေက ထိုင်းအစိုးရ ပေးတဲ့ စပါးအပေါင်ခံသော
ဈေးဟာဖြစ်သင့်တဲ့ဈေးထက်၂ဆလောက်ရှိနေတယ်လို့ဆိုပါတယ်။ဒီအကျိုးဆက်ကြောင့်ထိုင်းအစိုးရ
ရဲ့လက်ဝယ်မှာဆန်ချိန် ၁၁ သန်းလောက်ပိုက်ဘောမိနေပါတယ်။ ဒီနှစ်ပထမနှစ်ဝက်မှာကတည်းကထိုင်း
ရဲ့ဆန် အိတ်စပိုစ်ဟာ၅၀%ကျော်ကျဆင်းသွားခဲ့ပါတယ်။

ထိုင်းဆန်ကုန်သည်တွေကတော့ဒီအချက်ကိုခါးသီးစွာတုန့်ပြန်နေကြပါတယ်။ထိုင်းပို့ကုန်တွေအနက်ဆန်
ရဲ့အခန်းကဏ္ဍဟာတဖြည်းဖြည်းမှေးမှိန်လာလျက်ရှိတယ်လို့ပြောနေကြသော်လည်းပဲထိုင်းဟာကမ္ဘာနံပါတ် ၁ ဆန်တင်ပို့သူအနေအထားကိုအစိုးရကလောင်းကစားလုပ်နေတယ်လို့ ပြောကြပါတယ်။Thailand Development Research Institute TDRI လေ့လာတွေရရှိချက်က၂၀၁၂ခုနှစ်ပထမ ၆ လမှာထိုင်းဆန်
ပြည်ပတင်ပို့မှုဟာ မနှစ်ကအနေအထားထက် ၄၄%လောက်ကျသွားတယ် လို့သုံးသပ် ခဲ့ပါတယ်။

TDRIရဲ့လေ့လာချက်အရထိုင်းနိုင်ငံစပါးစိုက်ပျိုးထုတ်လုပ်မှုဟာဆယ်စုနှစ်တစ်ခုအတွင်းစပါးအထွက်နှုန်း
(yield) ဟာ ၁၇.၂% ကျဆင်းသွားခဲ့ ပါတယ်၊ ဘာကြောင့်ဒီလိုဖြစ်ရသလဲလေ့လာကြည့်တော့အရည်အ
သွေးမကောင်းတဲ့စပါးတွေတိုးတက်စိုက်ပျိုးလာလို့ဖြစ်တယ်၊စပါးစိုက်ပျိုးဖို့မသင့်လျော်တဲဧရိယာတွေမှာ
စပါးစိုက်ပျိုးလာကြလို့ဖြစ်ပါတယ်၊မိုးရေကိုအားကိုးနေရတဲ့ဒေသတွေမှာ ဆည်မြောင်းတာတမံများတည်
ဆောက်မှုလုပ်ငန်းများနှေးကွေးနေတာကြောင့်ဖြစ်တယ်လိုသုံးသပ်ထားပါတယ်။အရေးကြီးဆုံးအချက်က
တော့စပါးစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်တွေတိုးတက်များပြားလာတာကအဓိကအကြောင်းရင်းဖြစ်နေပါ တယ်။

ထိုင်းမှာယခုလက်ရှိအာဏာရပါတီကမှတ်ပုံတင်ထားတဲ့တောင်သူလယ်သမားများထံကနေဈေးကွက်ပေါက်ဈေး၂ဆလောက်ရှိတဲ့ဈေး နဲ့စပါး ကိုအပေါင်ခံနေပါတယ်။ရိုးရိုးဆန်ဖြူကြိတ်နိုင်တဲ့စပါးအမျိုးအစား ကို
၁ တန်လျှင် ထိုင်းဘတ် ၁၅၀၀၀ (မြန်မာကျပ် ၃၉ ၇၉ ၅၀၊ မြန်မာအတွက်အချက် တင်း၁၀၀နဲ့တွက်ရင် ၈၃၁၂၃၀ ကျပ်)၊ဟုန်မာလီစပါးမျိုးဆိုရင် ဘတ်၂၀၀၀၀ (မြန်မာကျပ် ၅၃၀၆၀၀၊မြန်မာအတွက်အချက်
တင်း၁၀၀နဲ့တွက်ရင် ၁၁၀၈၄၀၀ကျပ်)လောက်ရှိနေပါတယ်။တကယ်ကိုမြင့်တဲ့ဈေးတွေပါ။ စင်ကာပူမှာ
လက်လီရောင်းတဲ့ ထိုင်းဆန်တွေရဲ့ဈေးတွေကြည့် လိုက်တော့  ၅ ကီလို ကို ပျမ်းမျှ စင်ကာပူဒေါ်လာ ၁၆.၅   လောက်ရှိပါတယ်။(မြန်မာကျပ်နဲ့တွက်ရင် ၅၀ကီလိုတစ်အိတ်ကိုလက်လီ ၃၄၀၀၀ ကျပ်လောက်ရှိပါတယ်) ဈေးကြီးတဲ့ ပါကစ္စတန်ကသွင်းတဲ့ ဘာစမာတီ ဆန်ကတော့ ၅ ကီလိုကို စင်ကာပူဒေါ်လာ ၂၁.၅ လောက်
ရှိပါတယ်။( မြန်မာကျပ်နဲ့ဆိုရင် ဘာစမာတီဆန်တစ်အိတ်ဟာ ၅၀ကီလိုဝင် ၁၄၆၂၀၀ ကျပ် လောက်ရှိ
ပါတယ်။) ဒီဈေးနှုန်းတွေဟာထိုင်းအစိုးရ၀ယ်တဲ့စပါးဈေးနဲ့ တွက်ရင်တော့နည်းနည်းနီးစပ်ပါတယ်။ မြန်မာ
 မှာ ပေါ်ဆန်းအကောင်းစား က စပါးတင်း ၁၀၀ လျှင် ၇ သိန်းလောက်ရှိတာပဲ။ မြန်မာမှာပေါ်ဆန်းဆန်
 ဆိုရင် တစ်အိတ် ၃၀၀၀၀ကျော် ၄၀၀၀၀ နားကပ်နေပြီ။ တွက်ချေကိုက်အောင် စင်ကာပူကုန်သည်တွေက ထိုင်းကုန်သည်တွေနဲ့ပေါင်းပြီးထိုင်းနိုင်ငံထဲမှာကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်တင်သွင်းလာတာလည်းဖြစ်နိုင်ပါတယ်။သူတို့ marketing ကဘယ်လိုရှိနေတယ်ဆိုတာအသေးစိပ်တော့မသိရပါဘူး။

အာဏာရပါတီအကြီးအကဲတွေကတော့ထိုင်းကုန်သည်ရဲ့အကျိုးစီးပွားကိုကြည့်မဲ့အစားထိုင်းလယ်သမားတွေရဲ့အကျိုးစီးပွားကိုကြည့်တာပိုကောင်းတယ်လို့ နိုင်ငံရေးစကားပြောပါတယ်။တကယ်တော့ ထိုင်းဆန်တင်ပို့နေတဲ့ကုမ္ဗဏီကြီးများဟာစုစုပေါင်း ၃၀ ကျော်လောက်ရှိပြီးထိုင်းပြည်ပ
ပို့ဆန်စုစုပေါင်းရဲ့ ၇၀%လောက်ကိုသူတို့ကိုင်တွယ်နေတာဖြစ်ပါတယ်။

ထိုင်းကုန်သည်ကြီးတွေကလည်းစပါးဈေးကောင်းနေတော့လယ်သမားတွေပျော်နေကြတာတွေကိုမုဒိတာ
ပွားနိုင်ကြပါတယ်။သူတို့ပြောတာကတော့အခုအချိန်မှာထိုင်းရဲ့ အဓိကပို့ကုန် ၁၀ခု ထဲမှာ ဆန် မပါဝင်တော့
ပေမဲ့ အစဉ်အလာအရထိုင်းဆန်ဟာနိုင်ငံခြားငွေ ရှာဖွေဘူးခဲ့တဲ့ ပို့ကုန် တစ်ခုဖြစ် ခဲ့ဘူးတာကိုတော့တန်
ဖိုးထားရမှာဖြစ်တယ်။ ထိုင်းဆန်ပြည်ပတင်ပို့သူအသင်း ဥက္ကဌကတော့ “ ဒီအစီအစဉ်ဟာဘယ်အချိန်ကြ
ရင်ပြိုလဲသွားမယ်ဆိုတာယ်သူမှခန့်မှန်း လို့မရနိုင်ပါဘူး။တစ်နေ့နေ့ကြရင် ထိုင်းအစိုးရဟာ ငါတို့မှာစပါး
အပေါင်ခံစရာဘတ်ဂျက် မရှိတော့ဘူးလို့ပြောလာနိုင်ပါတယ်“ ဟုတ်ပါတယ်၊ထိုင်းအစိုးရဟာ ဆန်တန်ချိန် ၁၁ သန်းရှိတဲ့ဆန်ပုံကြီးပေါ်မှာ ထိုင်နေတာပါ။ ပြည်တွင်းမှာလည်းဒီဆန်တွေကိုဖြန့်ဖြူးဘို့ဆိုတာမဖြစ်နိုင်
ပါ။ပြည်ပတင်ပို့ ဖို့ကလည်းထိုင်းဆန်ဈေးဟာ ဈေးကြီးနေပြီး competitive မဖြစ်ပါဘူး။ကုန်သည်တွေက
တော့ဒီလိုအခြေအနေမျိုးဟာ နောက် ၂ နှစ်လောက်ပဲခံမှာ ပါလို့ခန့်မှန်းကြပါတယ်။ အဲဒီအခါကြရင် ထိုင်းလယ်သမားတွေစပါးဆက်စိုက်မှာလား? မစိုက်ရဘူးလား ? ပြောရပါတော့မယ်။ တကယ်တော့
စပါးအပေါင်ခံခြင်း အစီအစဉ်ဟာ ယခင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့အစီအမံဖြစ်ပါတယ်။အဖြေကို တိုတိုနဲ့ လိုရင်းပြောရရင်ရွေးကောက်ပွဲမှာ ထိုင်းလယ်သမားတွေရဲ့ မဲ ရချင်တာပါ။ထိုင်းစီးပွားရေးပညာရှင်
တွေကတော့အစိုးရဟာဒီပုံစံအတိုင်းဆက်သွားနေရင် ဥရောပ က ဂရိ နိုင်ငံလိုပဲစီးပွားရေးယိုယွင်း
ပျက်စီးသွားနိုင်တယ်လို့ သတိပေးကြပါတယ်။သိတယ်မဟုတ်လား၊ ဂရိ နိုင်ငံ ဟာသူ့ ပြည်သူတွေကို
အလိုလိုက်ရင်း လို်က်ရင်းကနေအကြွေးတွေတင်ပြီးဟိုနိုင်ငံကယ်ပါ၊ဒီနိုင်ငံကယ်ပါ နဲ့ လုပ်ခဲ့ကြရတာ။

အင်တာနက်သတင်းတွေထဲမှာထိုင်းမြန်မာဆန်စပါးအသင်းဖွဲ့ရေးနှင်ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်က
သမ္မတဦးသိန်းစိန်ကို တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ဖတ်ရပါတယ်။ ထိုင်း၊ဗိယက်နမ်၊မြန်မာစတဲ့
ဆန်စပါးထုတ်လုပ်နေတဲ့နိုင်ငံတွေပေါင်းပြီး “ဆန်စပါးထုတ်လုပ်သည့် နိုင်ငံများအသင်း“ ဆိုတာမျိုးဖွဲ့
စည်းချင်တာယခင်ကတည်းက ထိုင်းနိုင်ငံစိတ်ကူးထဲမှာ ရှိခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ကမ္ဘာဆန်စပါး
ဈေးနှုန်းကို ထိန်းချုပ်ချင်တာပါ။ အိုပက် လိုပေါ့။ ဒါပေမဲ့ အိုပက် ကရေနံကို မထုတ်ပဲထားလည်းဘာမှမ
ဖြစ်ဘူး၊ကြိုက်ဈေးမရရင်သိမ်းထား လို့ရတယ်။ဆန်ကတော့အဲလိုမဟုတ်ဘူး၊ ကြိတ်ခွဲထုတ်လုပ်ပြီးရင်
၃ - ၄ လလောက်ပဲခံမယ်။ ပိုးထိုးမယ်၊မှိုစွဲမယ်၊ အောက်စော်နံမယ်၊ ဆန်စပါးက seasonal ဖြစ်တယ်၊
နောက်စပါးအသစ်ပေါ်လာမယ်၊တကယ်တော့ ဆန် ကိုdurable product လို့ခေါ်ပေမဲ့ သူမှာshelf life
ရှိတယ်။ ဆန်စပါးလုပ်ငန်းလုပ်တဲ့သူတွေကောင်းကောင်းသိပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံနောက်ခံအချက်
အလက်ကမတူကြဘူး၊ ထိုင်း က အထက်မှာ ဆိုခဲ့တဲ့အတိုင်းလောလောဆယ် လယ်သမားတွေအတွက် pledging scheme ရှိတယ်၊ မြန်မာလယ်သမားတွေက လယ်ယာစိုက်ပျိုးရေးဘဏ်က မစို့တပို့ ထောက်ပံ့
တဲ့ ငွေပဲရှိတယ်၊ လယ်သမားတွေက အပြင်ကနေ ပင်ထောင်ပေး၊အလှမ်းပေး၊ အငံ့ပေးတွေနဲ့ ယူကြ
ရတယ်။ ဗီယက်နမ်မှာ ဆိုရင် လည်းလယ်လုပ်သူလယ်သမားတွေကို အနှစ် ၅၀ ဂရန်ထုတ်ပေးထားပြီး
 အဲဒီလယ်မြေကိုပေါင်နှံခွင့် ရှိတယ်။ အဲတော့ဒီ ၃ နိုင်ငံကိုကြည့် ရင် အဓိကကဆန်စပါးကိုစိုက်
ပျိုးထုတ်လုပ်တဲ့လယ်သမားတွေနဲ့ပတ်သက်ပြီးအခြေခံအချက်အလက်တွေက မတူကြဘူး။ ထိုင်းကတော့
လုပ်ချင်နေတာကြာပါပြီ။အရင်ကထိုင်းဟာကမ္ဘာဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ခဲ့ပေမဲ့အခုနှစ် ၆ လပိုင်း
အထိဗိယက်နမ်၊အိန္ဒိယတို့နောက်တတိယနေရာမှာရှိနေပါတယ်။ထိုင်းပြည်ပဆန်တင်ပို့သူများအသင်းဥက္ကဌက “ထိုင်းအစိုးရအနေနဲ့ပြောနေတာတော့ကြာပါပြီ၊ဒါပေမဲ့လက်တွေ့ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်သေးဘူး “ လို့ဆိုပါတယ်။

ကဲ--ထိုင်းနိုင်ငံရဲ့ဆန်စပါးလုပ်ငန်းအကြောင်းဒီလောက်နိဒါန်း ပျိုးနေရတာကအကြောင်းရှိပါတယ်။ထိုင်း
ပြည်ပဆန်တင်   ပို့နေတဲ့ကုမ္ဗဏီတွေဟာပြည်တွင်းစပါးဈေးကြီးမြင့်တာကြောင့်ထွက်ပေါက်ရှာနေကြ
ပါတယ်။ထိုင်းပြည်ပဆန်တင်ပို့သူများအသင်း ဥက္ကဌကတော့ “ပြည်ပကလုပ်ငန်းရှင်တွေဟာထိုင်းဆန်စပါး
လုပ်ငန်းထဲဝင်လာပြီးသူတို့အစီအစဉ်နဲ့စပါးစိုက်၊ကြိတ်ခွဲ၊တင်ပို့နေကြပါတယ်။( ဟုတ်ပါတယ်၊တလောက စင်ကာပူ The Strait Times သတင်းစာထဲမှာဖတ် လိုက်ရပါတယ်။စင်ကာပူကဆန်တင်သွင်းသူအချိုဟာ
ထိုင်းနိုင်ငံမှာကိုယ်အစီအစဉ်နဲ့ ကိုယ်စပါးစိုက်ပျိုးထုတ်လုပ်ပြီးစင်ကာပူကိုပြန်ပြီးဆန်တင်သွင်းနေကြ
ပါတယ်) အဲတော့ထိုင်းဆန်တင်ပို့နေတဲ့ကုမ္ဗဏီတွေလည်းပြည်ပကိုထွက်ဖို့ အချိန်တန်ပြီ “ လို့တိုက်တွန်း
ထားပါတယ်။ တခြားနိုင်ငံတွေမှာ ဘာအခွင့်အလန်းတွေရှိကြသလဲ ဆိုတာကြည့် ရမယ်၊ ပါကစ္စတန်၊အိန္ဒိယ
ကဆန်တွေကို ၀ယ်ပြီးတရုတ်ပြည်ဒါမှမဟုတ်အခြားနိုင်ငံတွေကို ပို့ လို့ရရင်ပို့ရမယ်။ ဒီအလုပ်တွေရဲ့ ဖြစ်နိုင်ချေတွေကိုလေ့လာသွားရမယ်လို့တိုက်တွန်းပြောကြားထားပါတယ်။

ထိုင်းဆန်ပြည်ပတင်ပို့သူတွေဟာ မြန်မာ ကို နဂိုကတည်းက မျက်စေ့ကျနေခဲ့တာပါ။ပြည်တွင်းမှာ ၀င်ရောက်စိုက်ပျိုးထုတ်လုပ်ပြီး တခြားနိုင်ငံတွေကိုတင် ပို့ချင် နေကြပါတယ်။ မြန်မာဆန်ကိုအောက်ဈေး
နဲ့ဝယ်သူတိုဖေါက်သည်ဆန်ဝယ်သူတွေဆီတင်ပို့ချင်ကြပါတယ်။မြန်မာရွှေ့ပြောင်းအလုပ်သမားအများအ ပြားလည်းသူတို့ဆီမှာ ရှိနေတော့ ဈေးပေါတဲ့ မြန်မာဆန်ဟာနည်းမျိုးစုံနဲ့ ထိုင်းနိုင်ငံဘက်ကိုထွက်နေမှာ ပါ။ ဒီဆောင်းပါးရေးနေချိန်မှာပဲ ရန်ကုန်မြို့Sedona Hotel မှာ Agri,Trade, Investment and Infrastructure
 global summit ကို OLAM လိုဆန်ဝယ်တဲ့ကုမ္ဗဏီတွေကကြီးမှုးကျင်းပပြုလုပ်နေတဲ့အကြောင်း
ကြားသိရပါတယ်။ဘာတွေဆွေးနွေးကြပြောကြသလဲဆိုတာတော့ မောင်တိုင်ပင် မသိရသေးပါ။
မောင်တိုင်ပင်တို့မြန်မာဆန်စပါးလုပ်ငန်းကိုပြန်လှန်ကြည့်လိုက်ရင် ၂၀၀၃ ခုနှစ်ဧပြီလမှာအစိုးရ
ကစတင်ဖြေလျော့ပေးခဲ့ပါတယ်။သို့သော် တိကျပြတ်သားသောလမ်းညွန်ချက်များ ပီပီ ပြင်ပြင် မရှိခဲ့ပဲ ဟိုဟာကောင်းနှိုးနှိုးဒီဟာကောင်းနှိုးနှိုး နှင့်စမ်းတ၀ါးဝါးအခြေအနေမျိုးဖြင့် ၆ နှစ်ခန်   နေခဲ့ရပါတယ်။

ဒါဟာသက်ဆိုင်ရာတာဝန်ရှိသူတွေကိုအပြစ်ဖို့နေခြင်းမဟုတ်ပဲ အခြေအနေအချိန်အခါအရ လုပ်ရ
ကိုင်ရတယ်ဆိုတာသဘောပေါက်နားလည်ခဲ့ကြပါတယ်။သို့သော်လည်း၂၀၀၉ ခုနှစ်လောက်က
စပါးစိုက်ပျိုးထုတ်လုပ်တဲ့ဒေသတွေမှာ အထူးပြုကုမ္ဗဏီတွေတည်ထောင်ခွင့်ပြုခဲ့ရာ စုစုပေါင်း
ယနေ့ထိကုမ္ဗဏီ ၄၀ ကျော်တည်ထောင်လုပ်ကိုင်နိုင်ခဲ့ပါတယ်။အစပိုင်းမှာတော့အထူးပြုကုမ္ဗဏီတွေကို
လယ်သမားတွေနဲ့ကန်ထရိုက်လယ်ယာစနစ်(contract farming)လုပ်ကိုင်ပြီးပြည်ပကိုအရည်အသွေးအ
ဆင့်မြင့်ဆန်တွေတင်ပို့်သွားရန် ဆိုပြီးရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့ပထမစီစဉ်ခဲ့သလိုမဖြစ်ပဲတိုတိုနဲ့ လိုရင်းပြောရရင်လယ်သမားများကို ကိုယ့်ငွေနဲ့ကို အမတော်ကြေးပေးရတဲ့အခြေအနေ သို့ရောက်ခဲ့ပါတယ်။
အထူးပြုကုမ္ဗဏီတွေစပါးပြန်ဝယ်ရင်တောင်အစပထမပိုင်းမှာပေါက်ဈေးအောက်ပဲပေးသလိုလိုမျိုး
သတင်းတွေဖြစ်ခဲ့ပါသေးတယ်။

မြန်မာဆန်စပါးလုပ်ငန်းနဲ့ပတ်သက်ပြီးဘာလုပ်သင့်သလဲဆိုတာလွန်ခဲ့သော နှစ်အနည်းငယ်အတွင်း က ဆန်စပါးနဲ့ပတ်သက်တဲ့အလုပ်ရုံဆွေးနွေးပွဲ ၃ ကြိမ်လုပ်ခဲ့ပါတယ်။ထောက်ခံတင်ပြချက်တွေ လည်းဆွေး
နွေးဖေါ်ထုတ်ခဲ့ ပြီးဖြစ်ပါတယ်။ အခြေအနေအချိန်အခါအရ ဘာတွေဆက်လုပ်သင့်သလဲဆိုတာစဉ်းစား
ဆုံးဖြတ်ကြဖို့ပါပဲ။ပြသာနာတွေကတော့အများကြီးပါပဲ။ ပုဂ္ဂလိကပိုင်းမှာ stakeholdersတွေအားလုံးအတွက် မြန်မာဆန်စပါးလုပ်ငန်းအသင်း ကနေ အသင်းချုပ်ပေါ်ပေါက်လာဖို့လည်း ကြိုးစားဆောင်ရွက်လျက်ရှိ
ပါတယ်။သို့သော်အမျိုးသားအဆင့် ဆန်စပါးမူဝါဒကိုတော့ မ ချမှတ်နိုင်ကြသေးပါဘူး။ နောက်အသင်းက ကမကထပြုလုပ်ပြီး စားနပ်ရိက္ခာရောင်းဝယ်ရေးအများပိုင်ကုမ္ဗဏီကိုလည်းထူထောင်ပြီးပါပြီ။

ဆန်စပါးထုတ်လုပ်တဲ့နိုင်ငံတွေဟာ သူ့လယ်သမား၊သူရေမြေသဘာဝ၊ grassroot အဆင့်ဖြစ်တဲ့လယ်
သမားတွေရဲ့အတွေအခေါ်၊စိုက်ပျိုးထုတ်လုပ်မှုလုပ်နည်းစနစ်တွေပေါ်မှာမူတည်ပြီးမူဝါဒချမှတ်လုပ်ကိုင်
ကြရမှာဖြစ်ပါတယ်။ မြန်မာဆန်စပါးလုပ်ငန်းမှာစိုက်ပျိုးထုတ်လုပ်မှုအပိုင်းကကြည့်ရင်တောင်သူလယ်သမား
တွေလိုအပ်နေတဲ့ စိုက်ပျိုးစရိတ်ငွေကိုတိုးတက်ဖြစ်ပေါ်လာတဲ့ကုန်ဈေးနှုန်းတွေနဲ့အညီလုံလုံလောက်
လောက်ပေးနိုင်ဖို့နည်းလမ်းတွေရှာကြံရမှာဖြစ်ပါတယ်။အခုအခါဒီကွက်လပ်ကိုဝင်ဖြည့်ပေးလိုတဲ့
နိုင်ငံခြား က microfinancing အဖွဲ့တွေကစိုင်းပြင်းနေကြပါပြီ။အမေရိကန်နိုင်ငံ Harvard Kennedy School ကလည်းမြန်မာလယ်ယာလုပ်ငန်းရဲ့ငွေကြေးလိုအပ်ချက် ကိုမီးမောင်းထိုးပြထားပြီး လက်ရှိ nework ကောင်းကောင်းနဲ့လုပ်ကိုင်နေတဲ့ မြန်မာလယ်ယာစိုက်ပျိုးရေးဘဏ်ရဲ့စွမ်းဆောင် ရည်ကို မြှင့်တင်ပေး
ဖို့အကြံပြုထားပါတယ်။ဒီအပိုင်းကတော့အစိုးရကပါဝင်ဆောင်ရွက်ပေးမှသာအဆင်ပြေနိုင်မဲ့သဘောရှိပြီး လယ်သမားများဘက်ကလည်းစိုက်ပျိုးစရိတ်အဖြစ်ရရှိလာတဲ့ငွေတွေကိုအကျိုးရှိရှိ ပြန်လည်သုံးစွဲကြဖို့
လိုပါတယ်။ ဒါကြောင့်အထူးပြုကုမ္ဗဏီများ စိုက်ပျိုးစရိတ်အနေနဲ့ထုတ်ပေးနေတာကိုပြန်လည်သုံးသပ်
သင့်ပြီးကုမ္ဗဏီနဲ့ လယ်သမား အကြားကန်ထရိုက်လယ်ယာစနစ်ကိုစာချုပ်ချုပ်ဆိုလုပ်ကိုင်သွားလျှင် နှစ်ဖက် win-winအခြေအနေမျိုးရရှိနိုင်ပါမယ်လို့ထင်ပါတယ်။ကုန်သည်ဆိုတာရှင်းရှင်းပြောရရင် အကျိုးအမြတ်ပါးပါးလေးနဲ့ အကျိုးအမြတ်များများလိုချင်ကြတာပါပဲ။အကျိုးအမြတ်မရှိတော့ဘူး၊
တစ်ဖက်သတ်ပဲဆိုရင်တော့ကုန်သည်တွေလည်းဘာသားထုထားတာမှတ် လို့လဲ။တဖြည်းဖြည်း
စွန့်ခွာသွားမှာပါပဲ။ စားနပ်ရိက္ခာတွေဟာလူသားအားလုံးအတွက်လိုအပ်နေတယ်၊

စားနပ်ရိက္ခာတွေစိုက်ပျိုးဖို့မြေတွေအလုံအလောက်ရှိပြီးရာသီဥတုရေမြေအခြေအနေပေးတဲ့ မြန်မာကို
နိုင်ငံတကာကုမ္ဗဏီတွေမျက်စေ့ကျနေပါတယ်။ ဒါကြောင့်ဖက်ပေါင်းစုံပါဝင်တဲ့ စိုက်ပျိုးထုတ်ကုန်စား
နပ်ရိက္ခာမူဝါဒ တစ်ခုတော့လိုအပ်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသားလုပ်ငန်းရှင်တွေ စားနပ်ရိက္ခာ စိုက်ပျိုးရေး ထုတ်လုပ်တဲ့အပိုင်းမှာ လုပ်ကိုင်နိုင်ရင်လုပ်ကိုင်ကြပါ။ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ စိုက်ပျိုး
လုပ်ကိုင်နိုင်တဲ့မြေလွတ်မြေရိုင်းတွေအများကြီးရှိပါတယ်။မလုပ်နိုင်ရင်ပြည်ပကလာလုပ်ကိုင်လိုသူတွေ ကိုလုပ်ကိုင်ခွင့်ပေးမလား။ ဒီနေရာမှာအချက်တစ်ခုတော့တင်ပြလိုပါတယ်။အမျိုးသားလုံခြုံရေးနှင့်သက်
ဆိုင်ပါတယ်။လွန်ခဲ့သောနှစ်အနည်းငယ်ကအိမ်နီးချင်းနို်င်ငံတစ်ခုဟာမြန်မာနိုင်ငံတွင်းမှာစိုက်ပျိုးရေးလုပ်
ငန်းတွေဝင်ရောက်လုပ်ကိုင်လိုကြောင်းအဆိုပြုခဲ့ဘူးပါတယ်။အဲဒီအချိန်ကတာဝန်ရှိတဲ့သူတွေကခွင့်မပြုခဲ့ပါဘူး။ငါးစာသာမြင်ပြီး ငါးမျှားချိတ်ကိုမမြင်တဲ့အဖြစ်မျိုးပါ။ အဲဒီတုံးကများခွင့် ပြုလိုက်လို့ကတော့ ယနေ့ဖြစ်ပေါ်နေတဲ့ ပြသာနာ ဟာပိုတောင်ဆိုးလာစရာရှိပါတယ်။ ဒါကြောင့် ဒီအချက်ဟာနောင်ဆိုရင် အမျိုးသားလုံခြုံရေးအမြင်တွေနဲ့ ကြည့်ရှုသွားဖို့လိုပါတယ်။

စပါးအထွက်နှုန်းတွေတက်လာဖို့ အဓိကပြသာနာမဟုတ်ဘူးလို့ထင်ပါတယ်။ လွန်ခဲ့သောဆယ်စုနှစ် ၄-၅ခုလောက်ကိုပြန်ကြည့်လိုက်ရင်လယ်သမားတွေဟာ လိုအပ်ရင်နိုင်ငံတော်ကလမ်းညွှန်တဲ့အတိုင်း
လုပ်ကိုင်နိုင်ခဲ့ကြလို့ဒီကနေ့စပါးဖူလုံနေတာဖြစ်ပါတယ်။လတ်တလောအရေးတကြီး လုပ်ရမှာ ကတော့ လယ်သမားတွေကို ဘယ်နည်းဘယ်ပုံနဲ့ စိုက်ပျိုးစရိတ်ငွေထုတ်ပေးမလဲ၊ စဉ်းစားကြဖို့ပါ။နောက်တစ်ခုက ဆန်စပါး သို့မဟုတ်စားနပ်ရိက္ခာ နဲ့ပတ်သက်ပြီး အမျိုးသားအဆင့်မူဝါဒတစ်ရပ် ရေးဆွဲချမှတ်နိုင်ရေး ဖြစ်ပါတယ်။တခြားအရေးပါတဲ့ မျိုးစေ့၊ နည်းပညာ၊ post harvest technology,သွင်းအားစုဓါတ်မြေသြဇာ၊
လယ်ယာသုံးစက်ကိရိယာ၊လယ်ယာမြေပြုပြင်ရေးအပိုင်း၊ pricing policy စတာတွေကလည်း တစ်ခုနှင့်
တစ်ခုဆက်စပ်မှုရှိပြီးဒီစိန်ခေါ်မှုတွေကိုအပိုင်းလိုက်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားဖို့လိုပါတယ်။ macro level ကိုစဉ်းစားဆောင်ရွက်တဲ့အပိုင်းမှာ အထက်အောက်အလယ်အဆင့်တွေမှာ အားနည်းတယ်
ဆိုတာဝန်ခံရမှာဖြစ်ပါတယ်။ဒါတွေကိုအမြန်ဆုံးပြုပြင်လိုက်မယ်ဆိုရင်ဆောင်းပါးအစပိုင်းမှာပြောခဲ့သလိုပါပဲ၊မြန်မာဆန်စပါးလုပ်ငန်းဟာအတွင်းအပြင်စိန်ခေါ်မှုတွေနဲ့ကြုံရပေမဲ့ဗေဒါပင်လိုပန်းပန်လျက်ရှိနေဆဲဖြစ်မှာပါ။