Friday, September 27, 2013

ဘယ် အများပိုင်ကုမ္ဗဏီ ကရှယ်ယာဝယ်သင့်လဲ??


ကမ္ဘောဒီးယားနဲ့လာအိုမှာလွန်ခဲ့ ၂နှစ်လောက်ကတည်းက CSX, LSX  စတော့အိတ်စ်ချိန်း
များပေါ်လာခဲ့သော်လည်းယနေ့ထက်တိုင်အောင်မြင်မှုများမရရှိသေးကြောင်းအင်တာနက်
စီးပွားရေးသတင်းများအရသိရပါတယ်။ မြန်မာတွင်လည်း MMSX စတော့အိတ်စ်ချိန်းသည်
၂၀၁၅ ခုနှစ်တွင် စတင်မည်ဟုကျေညာထားသော်လည်း ယနေ့ထိ ဥပဒေမှာရေးဆွဲနေဆဲ
အဆင့်သာရှိနေသေးသဖြင့် ခန့်မှန်းထားသည့်၂၀၁၅ခုနှစ်တွင်စတင်နိုင်မစတင်နိုင်တို့မှာ
ရေမရာရှိနေဆဲဖြစ်ပါတယ်။သို့သော်မြန်မာကုမ္ဗဏီအချို့ဟာအများနှင့်သက်ဆိုင်သော
ကုမ္ဗဏီများပြောင်းလဲထူထောင်ခြင်း၊အချို့စတင်ဖွဲ့စည်းတည်ထောင်ခြင်းများပြုလုပ်လျှက်
ရှိရာယနေ့ထိအများနှင့်သက်ဆိုင်သောကုမ္ဗဏီပေါင်း ၅၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
သို့သော်အများစုမှာနိုင်ငံတကာအဆင့်မှီသောအများနှင့်သက်ဆိုင်သောကုမ္ဗဏီအဖြစ်သို့မရောက်ရှိသေးပဲဟိုမရောက်ဒီမရောက်အဆင့်၌သာရှိနေဆဲဖြစ်ပါတယ်။

ကမ္ဘောဒီးယား နှင့်လာအို နိုင်ငံများ၌စတော့အိတ်စ်ချိန်းလုပ်ငန်းများတိုးတက်မှုမရှိဖြစ်
နေခြင်းကိုသုံးသပ်ကြတဲ့ သူတွေကပြည်တွင်းမှာရှိသောကုမ္ဗဏီများဟာသူတို့ရဲ့ ငွေကြေး
အခြေအနေများကိုအများမြင်သာအောင်ထုတ်ဖေါ်ပြောဆိုလိုစိတ်မရှိကြခြင်းပဲဖြစ်တယ်လို့ငွေကြေးပိုင်းဆိုင်ရာ
သတင်းများက ဆိုကြပါတယ်။ ဒီလိုပုံစံဟာမြန်မာနဲ့များတူနေသလားလို့
စဉ်းစားမိပါတယ်။မြန်မာမှာ မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေများပါတယ်၊တချို့ကတော့
အစုစပ် ၅၀ ဦးထက်မကျော်တဲ့ အစုစပ် လုပ်ငန်းတွေလည်းရှိပါတယ်။ဘိုးစဉ်ဘောင်ဆက်
မိသားစုလုပ်ငန်းတွေမှာအမြင်ကျယ်တဲ့မိသားစုအကြီးအကဲတွေလည်းရှိပါတယ်။

စင်ကာပူမှာအဖေဖြစ်သူကမုန့်တီ၊ဆန်ခေါက်ဆွဲဆန်မှုန့်လုပ်ငန်းတွေကိုရှေးကတည်းက
ဘိုးစဉ်ဘောင်ဆက်လုပ်ခဲ့ပြီး သားဖြစ်သူကိုအမေရိကန်မှာ MBA သင်တန်းသွားရောက်တက်
စေခဲ့ပါတယ်။ မောင်တိုင်ပင်နဲ့စတွေ့စဉ် ၁၉ ၉ ၄ လောက်က MBA သင်တန်းတက်ပြီး ပြန်လာခါစပါ။ မြန်မာကိုလာလေ့လာတော့သူပါ ပါလာတယ်။သူအဖေ ကလုပ်ငန်းကို
ဦးဆောင်ပေမဲ့ တစ်နေ့ကြရင်တော့ဒီလူငယ်လေးဟာသူအဖေလုပ်ငန်းကိုဦးဆောင်နိုင်
လိမ့်မယ် လို့ယုံကြည်ထားခဲ့ပါတယ်။ အခု ၂၀၁၂ မှာပြန်တွေ့တော့ မောင်တိုင်ပင်ကို
ကောင်းကောင်းမှတ်မိတယ်။ သူကပဲလုပ်ငန်းကိုစီမံခန့်ခွဲနေပါတယ်။ သူ့လုပ်ငန်းမှာ သင့်
လျော်တဲ့ကုန်ကြမ်းတွေကို ယခင်ကမောင်တိုင်ပင်ပြောခဲ့တာတွေမှတ်ထားပြီးယ
နေ့တိုင်မြန်မာကနေတင်သွင်းနေဆဲဖြစ်တယ်လို့ပြောပြပါတယ်။ MBA တစ်ယောက်
စီမံအုပ်ချုပ်တော့သူလုပ်ငန်းဟာအင်မတန်မှ စနစ်ကျပါတယ်။ သူလုပ်ငန်းဟာအလား
အလာရှိတဲ့ လုပ်ငန်းဖြစ်တော့ SGX  မှာ  listed ဖြစ်အောင်လုပ်ဖို့ကြိုးစားနေပြီ လို့သိရ
တယ်။ သူ့ရဲ့ products တွေကို အမေရိကားကတရုတ်တွေဈေးကွက်အထိတောင် ပို့ နိုင်တယ်။မြန်မာကလုပ်ငန်းရှင်တော်တော်များများက ဒီကောင်လေး ကိုသိကြပါတယ်။ နောက်မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုကတော့သားဖြစ်သူကတိုးတက်သောအမြင် အိုင်ဒီယာတွေနဲ့လုပ်ချင်ပေမဲ့ conservative ဖြစ်တဲ့အဖေကကန့်သတ်ထိန်းချုပ်ထား
တော့သူအိုင်ဒီယာရှိသလောက်မလုပ်နိုင်ခဲ့ဘူး။ အရင်းအနှီးကို စုဆောင်းချင်လို့ အများနှင့်သက်ဆိုင်သောကုမ္ဗဏီပြောင်းလဲ၍လုပ်ချင်သော်လည်းအဖေကသဘောမတူ၍လုပ်မရခဲ့ဘူး။

                  ဒေါက်တာအောင်ထွန်းသက်ကလည်းအများနှင့် သက်ဆိုင်သောကုမ္ဗဏီများ
မြန်မာနိုင်ငံတွင်အမြောက်အများဖွဲ့စည်းတည်ထောင်လာခြင်းသည်စနစ်တကျစီစဉ်
စစ်ဆေးမှုများမရှိသည့်အတွက်ပွင့်လင်းမြင်သာမှု နှင့် အချက်အလက်ပြည့်ပြည့်
စုံစုံဖေါ်ထုတ်မှုအပေါ် စိုးရိမ်မိကြောင်းနေ့စဉ်ထုတ်အစိုးရသတင်းစာမှာဖေါ်ပြခဲ့ပါ
တယ်။အထူးသဖြင့် IPO ရောင်းချခြင်းအပေါ် အများနှင့်သက်ဆိုင်သောကုမ္ဗဏီများ
မှာ ရှိသင့် ရှိ ထိုက်သောအရည်အသွေးမျိုးစုံရှိဖို့ လိုတယ်လို့ ထောက်ပြထားပါတယ်။
အထူးသဖြင့် ရှယ်ယာဈေးနှုန်းသတ်မှတ်ခြင်း၊ရောင်းချခြင်းများကိုလွယ်လွယ်နှင့် လုပ်နေသလိုဖြစ်နေပြီး အဆိုပါကုမ္ဗဏီများ ကို မည်သူက ထိန်းကျောင်းမှာ လဲ ဆို
သည့်မေးခွန်တစ်ခုပေါ်ပေါက် လာပါတယ်။ အမှန်ကတော့ investment bank တစ်ခုက underwriter အဖြစ်ဆောင်ရွက်ပြီး လုပ်ငန်းတန်ဖိုးဘယ်လာက်ရှိတယ်၊ prospectus အရ အနာဂါတ်မှာ ဘယ်လိုဖြစ်လာနိုင်တယ်။ စသည်ဖြင့် တွက်ချက်ပြီး ရှယ်ယာပေါင်း ဘယ်လောက်၊ရှယ်ယာတစ်ခုချင်းဈေးနှုန်းဘယ်လောက်နဲ့ရောင်းသင့်တယ်လို့အကြံပြု
တဲ့အပေါ်မှာ  IPO ဘယ်လောက်နဲ့ရောင်းမယ်၊အရင်းအနှီးဘယ်လောက်စုဆောင်းမယ် ဆိုတာတွေဖြစ်ပေါ်လာရမှာပါ။ မြန်မာမှာ investment bank ကလည်းထူထောင်ခွင့်မ
ပြုသေးတော့ ဒါတွေမလုပ်နိုင်ကြသေးပါ။

အိမ်ဈေးမြေဈေးတွေအဆမတန်ဈေးမြှင့်နေချိန်၊ ဘဏ်တိုးနှုန်းသည် နိုင်ငံတကာစံနှုန်းများအတိုင်းလျှော့ ချသင့်တယ်ဟုဆိုနေ
ကြချိန်၌ ငွေပိုငွေလျှံရှိပြီးစီးပွားရေးလည်းမလုပ်တတ်၊အပြင်မှာငွေချေးပြန်ရင် လည်း
လိမ်သူကောက်သူတွေကများနေတော့မလုပ်တတ်မကိုင်တတ်တဲ့ လူလတ်တန်းစား ပြည်သူတွေခမျာ မှာအခုပေါ်လာတဲ့အများနှင့်သက်ဆိုင်သောကုမ္ဗဏီများမှရောင်းချ
မည်ဟုကျေညာထားသောရှယ်ယာများကိုဝယ်ရမှာ လား၊ စိတ်ချရ ရဲ့ လား၊ နှစ်ကုန်လျှင် divident ဘယ်လောက်ရမှာ လဲ စသည် မေးခွန်းတွေကို ပဲ မေးလာကြပါတယ်။ အမှန်တော့ divident ထက်ရှယ်ယာ တန်ဖိုးတက်လာခြင်း ကိုနိုင်ငံတကာမှာ အလေးထားကြည့် ရှုပြီး ရှယ်ယာများရောင်းခြင်း ၀ယ်ခြင်းသည် စတော့အိတ်ချိန်း
၏အနှစ်သာရတစ်ခုဖြစ်သည်ကိုမသိရှိခြင်းကြောင့်ဖြစ်ပါတယ်။အိမ်ဈေးမြေဈေးတွေ
တက်လာချိန်မှာဘိုးဘွားလက်ထက် ကပိုင်တဲ့အမွေဆိုင်ခြံနဲ့တိုက်ကိုရောင်း၊
အမွေခွဲ၊ တိုက်ခန်းပေါ်တက်နေ၊ ပိုတာလေးကိုဘဏ်အပ်ထား၊ဘဏ်ကရတဲ့
အတိုးလေးနဲ့စား မယ်ဆိုတဲ့ အတွေး ဟောင်းတွေဟာ ခေတ်နဲ့ မညီ အံချော်နေပါပြီ။ဒါတွေကြောင့် ဘဏ်တိုးနှုန်း များ လျှော့ကျသွားခဲ့ရင်ဆိုတဲ့သတင်းတွေကြောင့်စိတ်
ပူပန်မယ်ဆိုရင်လည်းပူပန်လောက်ပါတယ်။ စစ်အစိုးရလက်ထက်က ပြည်သူများရဲ့ ဖျာအောက်ကငွေတွေကိုအရင်းအနှီးဖြစ်လာအောင်လုပ်မယ်ဆိုပေမဲ့ ဘယ် လို စ လုပ်ရ မယ် မှန်းမသိကြတဲ့အတွက် ဖျာအောက်ကနေ ကား၊ရွှေ၊အိမ်ခြံမြေ ဖက်တဖြည်းဖြည်း
ရောက်မှန်းမသိရောက်သွား လိုက်တာ ကမ္ဘာမှာမြေဈေးအကြီးဆုံးနိုင်ငံဘ၀ရောက်နေ
ပါရော။

မြန်မာမှာစတော့ဈေးကွက်ရောက်မလာခင်သက်ဆိုင်ရာအစိုးရဌာနတစ်ခုခုက ဖွဲ့စည်း ခွင့်ပြုခဲ့သောအများနှင့် သက်ဆိုင်သောကုမ္ဗဏီများ ကို monitor လုပ်သည့်     taskforce လေးတစ်ခုတည်ထောင်ရင်ကောင်းမလား လို့ စဉ်းစားမိလို့ပါ။ အဲဒီ taskforce ကိုဦးဆောင်
ရမှာ ကတော့ ကုမ္ဗဏီများမှတ်ပုံတင် နှင့် ရင်းနှီးမြုပ်နှံမှု ဌာန က ဦးဆောင် သင့် ပြီး ပါဝင်သင့်သည့် ဌာန၊ လူပုဂ္ဂိုလ် များဖြင့်ဖွဲ့ စည်းရန်ဖြစ်ပါတယ်။ ရန်ကုန်မှာ နိုင်ငံခြား Financial Advisory firm, Corporate Law firm, Audit firm များအသီးသီးလာရောက်
ရုံးခန်းများဖွင့်လှစ်တည်ထောင်ထားသော်လည်းအများစုမှာမြန်မာနိုင်ငံတွင်လာရောက်
ရင်းနှီးမြုပ် နှံ မည့် နိုင်ငံခြားကုမ္ဗဏီများ၏လုပ်ငန်းအကျိုးစီးပွားများကိုသာဆောင်
ရွက်ပေးနေတဲ့အခြေအနေမှာ ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ နံမည်ကြီးကုမ္ဗဏီ
အချို့ လည်း အဆိုပါ firms များမှ တဆင့် စင်ကာပူ SGX တွင်  listed ဖြစ်ရန်ကြိုးစား
လျက်ရှိကြပါတယ်။လောလောဆယ်ဖွဲ့စည်းထားသောအများနှင့်သက်ဆိုင်သောကုမ္ဗဏီ
များသည် အဆိုပါနိုင်ငံခြား   firms များနှင့်ဆက်သွယ်ဆောင်ရွက်မှုများမှာအကန့်အသတ်
 သာရှိနိုင်ပါတယ်။ နိုင်ငံခြား firms များရယူသောဈေးနှုန်းများမှာ နိုင်ငံတကာအဆင့်ဖြစ်
သဖြင့် ပြည်တွင်း ရှိ firms  များနှင့် နိုင်းယှဉ်လျှင် ငွေကြေးများနေနိုင်ပါတယ်။

ထိုကြောင့်အများနှင့်သက်ဆိုင်သောကုမ္ဗဏီများဖွဲစည်းတည်ထောင်ကြရာတွင်နိုင်ငံတကာ
စံနှုန်းများအတိုင်းဖြစ် မ လာသေးပဲကုမ္ဗဏီ၏ Board of Director ဆုံးဖြတ်ချက်ဖြင့်
သာရှယ်ယာရောင်းချခြင်း၊ Prospectus များတင်ပြခြင်း တို့ကိုသာ ပြည်တွင်း ရှိ law firm , audit firm များ အကူအညီများဖြင့်သာဆောင်ရွက်နေခြင်းဖြစ်သဖြင့်စနစ်တကျ ဖွဲ့စည်း
ပေါ်ထွက်လာခြင်း မရှိသေးပါ။ပြည်တွင်းရှိပြည်သူများမှာလည်းတခါသေဘူးပြီဖြစ်၌ယခင်
ကပေါ်ပေါက်လာခဲ့ဘူးသော ”အင်”အများပိုင်ကုမ္ဗဏီများအဖြစ်မျိုးသို့ရောက်နိုင်သောကြောင့် အဆိုပါကုမ္ဗဏီများထံမှ ရှယ်ယာဝယ်ယူရေးမှာထင်သလောက်တက် မ လာသည့်အခါ အချင်းချင်းဝယ်ယူခြင်း၊လက်သိပ်ထိုးဆောင်ရွက်ခြင်းများရှိ လာ နိုင်ပြီး သိသာမြင်သာပွင့် လင်းမှုများ မရှိလေလေ ပြည်သူ ကမယုံရဲဖြစ်လေလေ နှင့် ဂျာအေး သူအမေရိုက်ကိန်း ဆိုက်နေနိုင်
ပါတယ်။ MMSX ပေါ်လာသည့်အခါ၌ ပြည်တွင်းတွင် underwriter အဖြစ်ဆောင်ရွက်နိုင်ရန်   investment banks များ၊ငွေကြေးကိစ္စများအကြံပေးနိုင်ရန် Financial Firmsများ၊ ဥပဒေကိစ္စ
များကူညီဆောင်ရွက်နိုင်ရန် corporate law firms များ၊ စါရင်းများစစ်ဆေးနိုင်ရန် audit firms များ(လောလောဆယ် နိုင်ငံခြား audit firms များကိုလုပ်ငန်းဆောင်ရွက်ခွင့် မပြုသေးသော်လည်းပြည် တွင်း audit firms များနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ရှိပါသည်) စသည်တို့ တပြိုင်နက်တည်းပေါ်ပေါက် လာရန် လိုအပ်ပါတယ်။ MMSX တည်ထောင်ပြီးချိန်ကြရင်  ကမ္ဘောဒီးယားလို လာအို လိုမဖြစ်အောင် အနည်း
ဆုံး public listed companies ၂၀ ခန့် စနစ်တကျနှင့်တည်ထောင်ထားနိုင်ပါက
ရုပ်မပျက်နိုင်တော့ပါ။  မင်းကလည်း MMSX ဥပဒေက ဘယ်နေမှန်းမသိဘူး
ဒါတွေကြိုလုပ်ထားလို့ သင့်ပါမလားလို့မေးစရာရှိလာနိုင်ပါတယ်။အများနှင့် သက်ဆိုင်သော ကုမ္ဗဏီ ၅၀ခန့် ကုမ္ဗဏီများမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် ထားပါ
တယ်။ အဲဒီအထဲကဖြစ်နိုင်ချေအရှိဆုံး ကုမ္ဗဏီ ၃၀ လောက်ရွေးထုတ်ပြီး public listed companies များရှိရမည့်အချက်များနှင့်ပြည်စုံမှုရှိ မရှိ ကို လစဉ်ဖြစ်စေ၊
၃ လတစ်ကြိမ်ဖြစ်စေ စာရင်းဇယားများတင်ပြစေပြီးစစ်ဆေးကြည်ရှုကာ လောလောဆယ် ပြည်သူများ၏ယုံကြည်မှု ရရှိစေရန် အတွက် အစီအမံများဆောင်ရွက်ထားနိုင်ရေးကို်ကြီးကြပ်လမ်းညွှန်ရန်ဖြစ်ပါတယ်။

ကမ္ဘောဒီးယား၊လာအို၌ပုဂ္ဂလိက ကုမ္ဗဏီများ၏အားနည်းချက်သည်စာရင်းဇယားများ
ကိုအမှန်အကန် မ ဖေါ်ပြလိုခြင်းဖြစ်ကြောင်းအထက်မှာဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာတွင်လည်းကုမ္ဗဏီအများအပြားသည်စာရင်း၂ မျိုး ၃ မျိုး ထားသောအလေ့အ
ကျင့်ရှိကြပါတယ်။ ဒါကိုလည်း စာရင်းရေးဆွဲ ပေးသူ ပြည်တွင်းမှ audit firm များကလည်းသဘောပေါက်ကြပြီး အလုပ်အပ်နှံသည့်အခါတွင် စာရင်း ၂ ခု ဆွဲ
ပေးရမလား ဟုမေးလေ့ရှိသောကြောင့်အဆိုပါအလေ့အကျင့် ကိုဖျောက်ရန်ရှေး
ဦးစွာလေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ လက်ရှိကျင့်သုံးနေသောအခွန်စနစ်ကြောင့် လည်းဖြစ်နိုင်ပြီး မြန်မာလုပ်ငန်းရှင်များသည် အခွန်ဖိစီးမှုများ ရှိသည်ဟုယုံကြည်ကြ
သောကြောင့် လာဘ်ပေးလာဘ်ယူနည်းလမ်းများဖြင့်ဖြေရှင်းဆောင်ရွက် လိုခြင်းဖြစ်ပါတယ်။

နောက်တစ်ခုစဉ်းစားမိသည့်အချက်မှာ MSEC သည်မြန်မာနိုင်ငံ၌ စတော့ဈေးကွက်
ပေါ်ပေါက်လာရေးကိုနှစ်ပေါင်းများစွာကတည်းကဆောင်ရွက်လျှက်ရှိသော်လည်း MSEC  ၏အခန်းကဏ္ဍမှာ မှန်တာပြောရလျှင်မှေးမှိန်နေသည့်သဘောရှိပါတယ်။ယခု
public companies များဖွဲ့စည်းတည်ထောင်လာသည့်အခါ taskforce တွင် MSEC ပါ ပါဝင်ပူးပေါင်းစေပြီး public companies များ ကိုစောင့်ကြည့် ကြီးကြပ်ထိန်းသိမ်း
စစ်ဆေးသွားနိုင်ပါမည်။ အမှန်တော့ MMSX ပေါ်ပေါက်လာစေရန်တစ်နှစ်ကျော်ကျော်သာလိုတော့သည်ဖြစ်ပြီးလုပ်ရမည့်လုပ်ငန်း
များစွာ ရှိနေရာတစ်ခုပြီးမှတစ်ခုလုပ်မည်ဆိုလျှင်အချိန်ကြာမြင့်သွားနိုင်ပြီးတစ်ခု
လုပ်နေတုံးတစ်ခု ကိုကိုင်တွယ်ဆောင်ရွက်ခြင်းဖြင့်sequencingပြုလုပ်ကာဆောင်ရွက်
သွားမည်ဆိုပါကသွက်လက်မြန်ဆန်လာနိုင်သည့်သဘောရှိပါတယ်။ MMSX ပေါ်ပေါက်လာသည့်အခါ  stock brokers သင်တန်းများဖွင်လှစ်သင်ကြားပေးခြင်း၊
 MRTV4, MRTV,Channel 7 တို့မှ ကျွမ်းကျင်သူများနှင့်ဆွေးနွေးခြင်း၊ကွမ်းကျင်သူများမှ 
သရုပ်ပြ ဟောပြောပို့ချပေးခြင်း၊ဖြစ်နိုင်လျှင် ယခုတည်ထောင်ထားသည့် အများနှင့် သက်ဆိုင်သောကုမ္ဗဏီများ ကိုတစ်ခုချင်းလေ့ လာသုံးသပ်ပြခြင်း၊စသည်
တို့ကိုဆောင်ရွက်ပေးနိုင်ပါတယ်။ (ထိုကြောင့်အများနှင့် သက်ဆိုင်သောကုမ္ဗဏီတည်ထောင်ထားသူများသည် ၃ လတစ်ကြိမ်လောက်စာရင်းဇယားများထုတ်ပြန်မှ သာလျှင် အများနှင့် သက်ဆိုင်သော
ဂုဏ်အင်္ဂါနှင်ညီပါမည်။)

အရေးကြီးဆုံးသောအချက်မှာ ယခုဖွဲ့စည်းတည်ထောင်ထားသောအများနှင်သက်ဆိုင်
သော ကုမ္ဗဏီ ၅၀ ခုကျော်၏ IPO များသို့မဟုတ်ရှယ်ယာများကို ၀ယ်ယူရင်းနှီးမြုပ်နှံ
နိုင်သည်ဟုအာမခံချက်ပေးရန်ဖြစ်ပါတယ်။ ပြည်သူများက နိုင်ငံတော် ခွင့်ပြုချက်ဖြင့်တည်ထောင်ထားသည့် public co: များ၏ IPO များသည်နောင်တစ်ချိန်
၌ဈေးကွက်တွင်ရှယ်ယာဈေးတက်လာနိုင်သည်ဟုယုံကြည်မှုများပေါ်ပေါက်လာစေရန်အတွက်အစီအမံများလုပ်ဆောင်ပေးရန်ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်သူအများစု
သည်အတိတ်ကာလ မှအရိပ်မဲကြီးများလွှမ်းမိုးထားရှိပြီးကုမ္ဗဏီအစုရှယ်ယာများဝယ်ယူ
ရန်နောက်တွန့်နေသည်မှာ မဆန်းလှပါ။ ဒီနေ့ဒီအချိန်ကာလ၌အဖက်ဖက်မှ လုပ်ရန်ကျန်နေသေးသည့်အတွက်ပြည်သူများအကဲဖြတ်ရန်အရေးကြီးဆုံးသောအချက်မှာပွင့်လင်းမြင်သာမှု transparency ဘယ်လောက်ရှိသလဲ? ကုမ္ဗဏီ၏ အကြောင်းချင်းရာအားလုံး ကို ရှယ်ယာရှင်တွေကိုအသိပေးသလား? ရှယ်ယာရှင်သည် ကုမ္ဗဏီအကြောင်း တစ်ခုခု သိချင်လျှင်တာဝန်ရှိသူများးကိုမေးမြန်းပိုင်ခွင့်ရရှိရမည်။ ကုမ္ဗဏီ၏ ၀င်ငွေထွက်ငွေစာရင်း  balance sheet ကို၃ လတစ်ကြိမ်အသိပေးနေရမယ်။လုပ်ငန်းများဆောင်ရွက်မှုသည်စနစ်တကျ ရှိမရှိ သူတို့၏သတင်းထုတ်ပြန်မှုအပေါ် ကို အမြဲလေ့လာဆန်းစစ်နေရမည်။ဘဏ်ကဲ့သိုသောလုပ်ငန်းများသည်နှစ်စဉ်အမြတ်ရှိနိုင်သောကြောင့် divident ပေးနိုင်သည့်အခြေအနေရှိနိုင်သော်လည်းအခြားလုပ်ငန်းလုပ်ကိုင်သောကုမ္ဗဏီများအနေဖြင့်အောင်မြင်နေလျှင်ရှယ်ယာတန်ဖိုးတက်လာနိုင်သည်အခါရှယ်ယာအရောင်း
အ၀ယ်ဈေးကစားနိုင်ပါမည်။ လောလောဆယ် ဘဏ်များဆန်စပါးလုပ်ငန်းMAPCOတို့သည်ရင်းနှီးမြုပ်နှံထားသင့်သော
လုပ်ငန်းများဖြစ်သည်ဟုသုံးသပ်ပါတယ်။




Saturday, September 21, 2013

ရင်းနှီးမြုပ်နှံမှုမှာ ဘာကြောင့် wait and see ဖြစ်ရသလဲ


ကိုရီးယားကလည်းwait and see ဂျပန်ကလည်း” အခြေအနေအားလုံးကိုလေ့ လာသုံးသပ်နေပါတယ်၊” အမေရိကန်ကလည်းစောင့်ကြည့်နေတယ်၊ တရုတ်ကတော့အရင်ကတည်း
ကခွင်ရိုက်ပြီးဝင်ထားတော့ အတည်ပြုပြီးသား ပရိုဂျက်တွေပြန်သုံးသပ်မှာကိုစိုးရိမ်နေတယ်။ စင်ကာပူကတော့ အစိုးရက “go” လှို့ဆိုလိုက်ရင်ဝင်လာမှာပဲ။ စလုံးမှာတွေ့ ခွင့် ရ လိုက်တဲ့ လူငယ်
စီးပွားရေးသမားတွေကတော့ business အကြောင်းပြောကြရင်ပါးစပ်ကဒေါ်လာသန်းကမချတော့
ဘူး၊ တကယ်လည်းရှိကြ ပုံ ရပါတယ်။ အချို့ ကုမ္ဗဏီတွေလည်းစတင်ခြေလှမ်းစပြုနေပါပြီ။
ယပက်လက်ကတော့ အရင်ကတည်းက ၀င်လိုက်ထွက်လိုက်
ဆိုတော့ ဘယ်နေရာ ခွင်ကောင်းတယ်ဆိုတာသိပြီးဖြစ်လို့ သူတို့ နိုင်ငံမှာအခြေအနေအကြောင်း
အမျိုးမျိုးကြောင့် လုပ်လို့ မရတဲ့ businesses တွေမြန်မာကိုပြောင်းဖို့ကျိုးစား ကြတယ်။ ဥပမာ ရေ
အမြောက်အများလိုတဲ့ ပရိုဂျက် တွေပေါ့။ ဘန်ကောက်မှာ အ၀ိဇိ တွင်း တူးခွင်မရတော့ဘူးလေ--မလေးရှားကတော့ labour intensive တွေပြောင်းချင်ကြတယ်။ သူတို့ပြည်တွင်းမှာ အလုပ်သမားပြသာနာကတက်တော့မယ်။ တန်ချောင်အုပ်စုကတော့ နစ်ဆန်း ကား စက်ရုံဆောက် ဖို့ ပထမဆုံးဝင်လာကြပါပြီ။ ဗိယက်နမ်ကတော့ အလုံးအရင်းနဲ့ ၀င်လာချင်ပေမဲ့ မြန်မာ
ကလုပ်ငန်းတွေကိုစီစစ်ခွင့်ပြုနေတာကြောင့် အနည်းအကျဉ်းပဲဝင်ရောက်လာနိုင်သေးတယ်။ ဒါပေမဲ့ ဟိုတယ် ပရိုဂျက်ကြီးတစ်ခုကတော့ ထင်ထင်ရှားရှား ကို ၀င် ရောက် လုပ်ကိုင်နေပါပြီ။ အီးယူကလည်း တခြားနိုင်ငံတွေ လိုပဲ wait and see လုပ်နေဆဲဖြစ်ပါတယ်။ကဲ---ဘာကြောင့်များ wait and see ဖြစ်နေရပါလဲ--SWOT နဲ့ သုံးသပ်ကြည့်ရင် မကောင်ဘူးလား--

Strength:

(၁) အစိုးရမှ ရင်းနှီးမြုပ်နှံမှု ကို လိုလို လားလားလက်ခံနို်င်ခြင်း
(၂) လူဦးရေသန်း ၆၀ကျော်သော ဈေးကွက်ရှိနေခြင်း
(၃)နိုင်ငံ ပြင်ပမှာအလုပ်လုပ်နေသောမြန်မာလူမျိုး workforce များစွာရှိနေခြင်း
(၄) ပြည်တွင်း၌သယံဇာတအမြောက်အများရှိနေခြင်း
(၅) တက္ကသိုလ်ကောလိပ်စက်မှုကျောင်းများဒေသအနှံ့အပြား၍ အများအပြားရှိနေခြင်း( ဆရာအရည်အသွေးတိုးတက်လာစေရန်အချိန်တိုအတွင်းဆောင်ရွက်နိုင်၊ကျောင်းသင်္ခမ်းစာ/သင်ကြားရေး စနစ်များအားသာချက်ရှိလာအောင်လုပ်နိုင်)
(၆) labour workforce ကြီးကြီးမားမားရှိနေခြင်း
(၇) လုပ်ခလစာမှာမျှတသောလုပ်ခလစာဖြစ်နေခြင်း
(၈) ရင်းနှီးမြုပ်နှံမှုဥပဒေမှာနိုင်ငံတကာ ကလက်ခံနိုင်သောဥပဒေဖြစ်နေခြင်း

Weak:

(၁) လျှပ်စစ်ဓါတ်အားမလုံလောက်ခြင်း/Indepentent Power Producers IPP  ၌အားနည်းခြင်း(အစိုးရမှ ဦးစားပေးအဆင့် ၁ မှာ ထား၍ လုပ်ကိုင်နေပြီဖြစ်ပါသည်)
(၂) မြေနေရာဈေးကြီးနေခြင်း/ ရုံးခန်းငှားရမ်းခဈေးကြီးနေခြင်း (မြေဈေးကျဆင်းရေးအတွက်နည်းလမ်းမျိုးစုံလုပ်ကိုင်လျှက်ရှိပါသည်)
(၃) ဆက်သွယ်ရေး / အင်တာနက် အွန်လိုင်းနိုင်ငံတကာအဆင့် မမှီသေးခြင်း (နို်င်ငံတကာကုမ္ဗဏီ ၂ ခုဝင်ရောက်လုပ်ကိုင်လျက်ရှိပါသည်။)
(၄) ငွေကြေးကဏ္ဍ / ဘဏ်လုပ်ငန်း ဖွံဖြိုးတိုးတက်မှုနှေးကွေးခြင်း
(၅) ဗျူရိုကရေစီယန္တရားဆန်သောလုပ်ငန်းဆောင်ရွက်မှုများ မ ပ ပျောက်သေးခြင်း
(၆) ကျွမ်းကျင်လုပ်သား ရှားပါးမှု(သို့သော်နိုင်ငံပြင်ပတွင်ရောက်နေသောမြန်မာ
လုပ်သားများအခြေအနေကောင်းလျှင်အချိန်မရွေးပြန်ဝင်လာနိုင်ခြင်း)
(၇) logistic အပိုင်းဈေးကြီးနေခြင်း (ဆိပ်ကမ်း၊ပြည်တွင်းကားခများ)

Opportunity:

(၁) Rate of Returns မှာ အချိန်တိုအတွင်းအရင်းကြေကာလသို့ရောက်နိုင်ခြင်း
(၂) လုပ်ငန်းချဲ့ထွင်နိုင်ရန် အခြေအနေများရှိနေခြင်း (ရင်းနှီးမြုပ်နံမှုကာလမှာ မှာ ၇၅ နှစ်အထိရှိနေခြင်း
(၃) ကြီးမားသောဈေးကွက်ကြီး နှစ်ခုသို့ချဲ့ နိုင်သောအခြေအနေရှိနေခြင်း( တရုတ်နှုင့် အိန္ဒိယ)
(၄) AEC အခွင့် အလန်းများ ရရှိနိုင်ခြင်း
(၅) living cost နိမ့်ခြင်း
(၆) မပျက်စီးသေးသောရေမြေတောတောင်သဘာဝများရှိနေခြင်း

Thread:

(၁) နိုင်ငံရေးအခြေအနေတည်ငြိမ်သည်ဟုဆိုနိုင်သော်လည်းအချိန်မရွေးပေါက်ကွဲ နိုင်ခြင်း
(၂) ယခင်အစိုးရလက်ထက်များ၌မူဝါဒများအမျိုးမျိုးပြောင်းလဲတတ်သောအလေ့အ
ကျင့်များရှိခဲ့ခြင်း
(၃) အလုပ်သမားသဘိတ်များကြုံရဖွယ်ရှိခြင်း (labour law များအားနည်းနိုင်ပါသည်)
(၄) လျှပ်စစ်ဓါတ်အားခ များဈေးကြီးမြင့် နိုင်ခြင်း
(၅) စက်မှုဇုန်များဖေါ်ထုတ်လုပ်ကိုင်ရန် အခက်အခဲများရှိနေခြင်း
(၆) ပြည်တွင်းရှိလုပ်ငန်းများမှာငွေအင်အားနည်းပါးသဖြင့် down stream industry အဖြစ်ပြောင်လဲ လုပ်ကိုင်ရန်အဟန့်အတားများရှိနေခြင်း
(၇) ပြည်တွင်းလုပ်ငန်းများအနေဖြင့် ပြည်တွင်းဘဏ်များမှငွေချေးရန်အခက်အခဲရှိနိုင်ခြင်း
(ဂ) မိမိနိုင်ငံကဲ့သို့အခြေအနေတူသော အိမ်နီးချင်းနိုင်ငံများ ဘေးဘီ ၌ရှိနေခြင်း

အထက်SWOT နည်းအရအကျဉ်းချုပ်သုံးသပ်ချက်ရာတွင် Strength အရ အားသာချက်များရှိနေပြီး Weak နှင့် Thread များအပိုင်း၌အချိန် တိုအတွင်းကုစားပေးနိုင်မည့်အနေအထားရှိနေခြင်းကြောင့်
အခက်အခဲများ ကို အချိန် နှင်အမျှကျော်လွှားသွားနိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။ ရေးထားတာတွေ ကတော့ အကြမ်းဖျင်းသုံးသပ်ချက်ပါ။
လာဘ်ပေးလာဘ်ယူကတော့နံမည်သာကြီးနေတာပါ၊ Thread ထဲ၌ လာဘ်ပေးလာဘ်ယူ မပါဝင်နိုင်ပါ။ ရင်းနှီးမြုပ်နှံသူတို့ ကတော့ လာဘ်ပေးလာဘ်ယူကိုသိပ်အလေးမထားကြပါ။မောင်တိုင်ပင်မြင်တာကတော့ ငွေကြေးကဏ္ဍနဲ့မြေဈေးကြီး ခြင်းပါပဲ။ Samsung ဆိုရင် သူတို့ကို
ပေးဖို့ လျားထားတဲ့မြေကိုံHwawai ကိုပေးလိုက်လို့ စိတ်ခု တယ် လို့ကြားတယ်။ နိုင်ငံတိုင်း လိုလို
ကခေါ်ချင်နေတဲ့ Samsung ဆိုတော့ ဒါလောက်တော့ရှိမှာပေါ့။ တန်ချောင် အုပ်စုရဲ့ နစ်ဆန်းမော်တော်
ကားစက်ရုံဆိုရင် MIC အတည်ပြုချက်ရဖို့ ကိုအခက်အခဲပေါင်းများစွာကျော်လွှား လုပ်ခဲ့ ရပါတယ်။
အချို့ သော အခက်အခဲများက ဗျူရိုကရေစီစနစ်ကြောင့် ဖြစ်ပေါ်သောပြသာနာများ၊ chicken or egg ပြသာနာများ၊စနစ်ဟောင်းကိုပဲဖက်တွယ်လိုသော ၀န်ထမ်းများစိတ်ထားများကြောင့် ဖြစ်ပေါ်လာသောပြသာနာများ ကြောင့် ဖြစ်ကြတာကိုတွေ့ပါတယ်။ ဒါတွေကိုစိတ်ရှည်ရှည်ထား၍ကျော်လွှားခဲ့ပါတယ်။
အမှန်တော့ ကိုယ် ကလာစေချင်တာမဟုတ်လားဗျာ၊ ကိုယ်ကလာချင်အောင်အကုန်လုံးအဆင်ချော
အောင် လုပ်ပေးနိုင်ရင်ကောင်းတာပေါ့-----

( SWOT မှာစဉ်းစားမိသမျှပါ၊ ထပ်ဖြည့် နိုင်ပါတယ်)