Wednesday, February 25, 2015

မြေးအကြီး Mickey ၅ နှစ်ပြည့် ပြီ

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ကမြေးအကြီး လင်းမြတ်အောင် ၅ နှစ်ပြည့်ခဲ့ပါပြီ--စိတ်မကောင်းစရာကတော့ 
ခလေးက စား သလောက် သှူု၏ကိုယ်ခန္ဓာဖွံ့ ထွားလာမှုကိုအားမရခဲ့ပါဘူး။ရန်ကုန်အိမ်မှာအိမ်စောင့်ပေး
နေတဲ့အိမ်ဖေါ်အမျိုးသမီးကြီးနာမကျန်းဖြစ်လာတာကြောင့် သူ့ ရဲ့ သမီးအိမ်မှာသွားနေ နေရပါတယ်။ဒါကြောင့် အိမ်မှုကိစ္စအဝဝကိုလုပ်ပေးမဲ့သူမရှိတော့လတော်တော်ကြာကြာစင်ကာပူမှာနေဖို့အခက်
အခဲရှိလာပါပြီ။ ကိုယ်ပိုင်အိမ်ကိုစီမံခန့်ခွဲပြီးနေရတာကို သမီးဖြစ်သူက “အဖေ ဥစ္စာခြောက်နေတယ်“လို့တောင်အပြောခံရပါတယ်။ မြေအတွက် ဂရန်လုပ်ရ
တာတွေ၊ အိမ်ကိုထိန်းသိမ်းပြုပြင်နေရတာတွေ၊ဟာ ငါ့အိမ် ငါ့မြေဆိုပြီး ဥစ္စာခြောက်နေတာ တော့မဟုတ်
တာသေချာပါတယ်။မြေးတွေ နဲ့ သမီးမိသားစုအားလုံး--သူတို့ နောင်ရေးအတွက်ပါ၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးပြောသလို ကိုယ်ရဲ့ စုဘူးပါ။ကိုယ်သေသွားပြီးတဲ့နောက်ပြသာနာတွေမကျန်ရစ်ရလေအောင်ကြိုတင်လုပ်ထားရတာကိုနားလည်ပေး
ဖို့ကောင်းတယ်။ ၁၉ ၈၆ ခုနှစ်ကတည်းက၀ယ်ထားခဲ့တဲ့ မြေ ကိုအခုမှ အခွင့်သာလာလို့ ဂရန်လျှောက်လို့ရတယ်ဆိုလို့ ဂရန်လျှောက်ရတာပါ။ ဘီးလတ်ကပညာတော်သင်ပြန်လာပြီးပါလာတဲ့ငွေနဲ့ ဒိုင်နာကားဝယ်--ရောင်းပြီး ရတဲ့ငွေ နဲ့ ကွယ်လွန်သူဇနီးသည်ဝယ်ခဲ့တဲ့မြေနေရာပါ။ကိုယ့်ဖါသာဆိုရင်ဝယ်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး-devoted ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် ငါဆိုတဲ့ သက္ကာရဒိဌိ ပျောက်အောင်တော့အမြဲနေထိုင်ပါတယ်။ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။

ကဲ--မြေးတွေအကြောင်းဆက်ရအောင်--မြေးအငယ်မွေးလာပြီးတဲ့ ၉ လအတွင်းမှာမြေးအကြီးဟာ စိတ်ဒဏ်ရာတဖြည်းဖြည်းရလာခဲ့တဲ့ လက္ခဏာတွေအများကြီးတွေ့ လာပါတယ်။သူ့ကိုမိဘ ၂ ပါးနဲ့ တကွ အဖိုးကကောမချစ်ကြတော့ဘူးလို့သူ့ စိတ်မှာထင်လာဟန်တူပါတယ်-- ဘာကြောင့်လဲဆိုတော့ အခုတစ်ခေါက်လာတော့ Pho Pho do you love me? လို့မေးလာပါတယ်။ ဒီမေးခွန်းကို အဖေအမေကောအိမ်လာလည် တတ်တဲ့ မိတ်ဆွေတွေကိုပါမေးလာတတ်တာပါ။ဒါဟာသာမန်မေးခွန်းပဲလို့ ယူဆစရာရှိပေမဲ့ မောင်တိုင်ပင်ကတော့ ဒီလိုမထင်ပါဘူး--သူ့ကိုမချစ်ပဲ ညီလေးကိုပဲ အားလုံးကချစ်နေကြတယ်ထင်ပြီး စိုးရိမ်စိတ်နဲ့မေးတယ်လို့ ယူဆပါတယ်။ သူ့မျက်နှာလေးဟာအားငယ်စိုးရွံနေတဲ့ မျက်နှာလေးဖြစ်နေပါတယ်။ မောင်တိုင်ပင် ပြန်ရောက်ရောက်ချင်းအဲလိုတွေ့ ရတော့ ခလေးအတွက်အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ညီအစ်ကို မောင်နှစ်မတွေအချင်းချင်းကြား မနာလိုဝန်တိုမှုတွေဖြစ်တတ်တယ်ဆိုတာ
မိဘ ရဲ့ သွန်သင်ဆိုဆုံးမတတ်မှုအပေါ်အများကြီးမူတည်ပါတယ်။ပွင့်လင်းစွာပြောရရင် သမီးအမေ ရဲ့ မိသားစုအတွင်းမှာသမီးအမေဟာ သိုးမဲ ဖြစ်ခဲ့ပါတယ်။မိဘတွေအနက်အမိဖြစ်သူက ဘက် လိုက်တတ်ပါတယ်။ဖခင်ကအင်မတန်အေးဆေးစိတ်ထားကောင်းပါတယ်။ ခွဲခြားဆက်ဆံခံရတာကြောင့် ဇနီး ဖြစ်သူဟာ အလိုလို သိုးမဲ ဘ၀ရောက်ခဲ့တာပါ။

သူတို့ဟာမျိုးရိုးကိုလိုက်ပြီးမိသားစုအတွင်းမှာတစ်ယောက်နဲ့တစ်ယောက်အပြိုင်ဖြစ်နေခဲ့ပါတယ်။မောင်တိုင်ပင်ဘက်မှာတောအသက်၆၀ကျော်လာသည်အထိညီအစ်ကိုမောင်နှစ်မ ၃ ယောက်လုံးဟာ
တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ယိုင်းပင်ကူညီကြတုံးပါ။ အမိဘက်ကသွေးများပါလာလို့လားမသိ အခုမောင်တိုင်ပင် သမီးဖြစ်သူဟာတစ်ဦးတည်းသမီးဖြစ် ပေမဲ့ သိုးမဲ လိုစိတ်ဓါတ်မျိုး ရှိနေသလား
လို့ ထင်မိပါတယ်။တစ်ဦးတည်းသောသမီးပီပီ တစ်ကိုယ်ကောင်းစိတ်ဓါတ် အပြည့်ရှိတာတွေ့ ရပါတယ်။ဒေါသလည်းအင်မတန်ကြီးပါတယ်။ ဒါကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရာဂါ လည်းဖြစ်လာနိုင်ပါတယ်။
ငယ်စဉ်က ဖခင်ဖြစ်သူက အစိုးရအလုပ်မှာအချိန်ပြည့် လုပ်နေရတော့ သူအတွက် အချိန်မပေးနိုင်တာကို
ယခုထိမကျေနပ်နိုင်ပါ။ဘွဲ့  ၂ ခုနဲ့ လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် (စင်ကာပူမှာ ပညာ သင်နိုင်သည်အထိ) လုပ်ပေးခဲ့တာတွေဟာ သဲထဲရေသွန်လိုက်သလိုပါပဲ။ ရှိပါစေ။ မောင်တိုင်ပင်အတွက် မြေးလေး ၂ ယောက်မွေးထားပေးတာနဲ့ တင်ကျေးဇူးတင်နေရပါတယ်။

မြေးအကြီးဟာအပြင်စာ မ စားတတ်ပါဘူး။ဒီလိုမစားတတ်တာကို သမီးတို့မိဘ နှစ်ပါးစလုံးကဂုဏ်
ယူနေကြပါတယ်။ခလေးဟာကျန်းမာရေးနဲ့ပြည့်စုံပြီးအများသူငါခလေးတွေကြိုက်တဲ့ အစားအစာကို မကြိုက်ဘူး မစားဘူးဆိုရင်မြေးကြီးရဲ့ စိတ်ပိုင်းဆိုင်ရာကို မိဘတွေကပြုပြင်ပေးရမှာပါ။အခုတော့ အပြင်မှာသွားစားလို့ သူကို တစ်ခုခု ကျွေးရင်မြေးကြီး ရဲ့တုန့်ပြန်မှုကတော်တော်ပြင်းထန်ပါတယ်။I don't want to eat လို့ ပြောပြီး coke မှာသောက်ရင်သောက်ပါတယ်။စားတဲ့သူတွေအနှောက်အယှက်ဖြစ်အောင်
လုပ်တတ်ပါတယ်။ ဒါကို သူ့ မိဘ ၂ ပါးက ရစ် တယ်လို့ယူဆပါတယ်။အမှန်ကတော့ ခလေးကိုသူနားလည်
လာအောင်ပြောပေးဖို့  စိတ်ရှည်သည်းခံမှုလိုအပ်တာပါ။ အဖိုးဖြစ်တဲ့မောင်တိုင်ပင်အပါအဝင်မိဘ ၂ ပါးကအခုမှာစားတဲ့အစားအသောက်ကဘယ်လိုကောင်းတာ--စသည်ဖြင့် ပြောပြီးချော့မောကျွေးရမှာပါ။အဖိုးတာဝန်လည်း မကင်းဘူးလို့ယူဆပါတယ်။

မြေးအကြီးက အဖေ ကိုပိုကပ်ပါတယ်။ အမေကအချိန်ပြည့်အော်ဟစ် ငေါက်ငမ်းနေတော့ မကပ်တော့တာ
ပါ။ မိဘဆိုတော့မချစ်တာလည်း မဟုတ်ပါဘူး၊ ကိုယ်ဝမ်းနဲ့လွယ်မွေးထားတာပဲ၊ မချစ်ပဲနေမလား၊ဒါပေမဲ့မိဘတွေဟာခလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံဖြိုးတိုး
တက်လာမှုကို လိုက်ပြီး ဆုံးမသွန်သင်တတ်ဖို့လိုပါတယ်။ ၅နှစ်အရွယ် ပုံမှန်ခလေးဟာ ၅နှစ်ရွယ် အသိတရား ပဲရှိမှာပါ။သူရဲ့ စိတ်တိုးတက်ပြောင်းလဲလာအောင်ဆုံးမသွန်သင်ဖို့ စိတ်ရှည်သည်းခံမှု လိုအပ်ပါတယ်။ ဒေါသကြီးနေလို့ မရပါဘူး။စင်ကာပူကယောက်ျားလေးတွေဟာဆိုးတယ်-- ငယ်ငယ်ကတည်းကကြောက်အောင်လုပ်ထားရမယ်ဆိုပြီးတယူသန်အယူအဆ နဲ့ ကြိမ်လုံး တစ်ချောင်းဝယ်ထားကာအချိန်ပြည့် ကြိမ်းမောင်းအော်ငေါက်နေလို့ကတော့ခလေးဟာစိတ်ဒဏ်ရာ ပဲ ရပြီး ကြီးလာတဲ့ အချိန်မှာ ဆိုးသွမ်းလာပြီးမိဘကွယ်ရာမှာ မဟုတ်တာလုပ်တတ်တဲ့ခလေး ဘဝ ကိုကူးပြောင်းရောက်ရှိသွားနိုင်ဖို့ အလားအလာရှိနေနိုင်ပါတယ်။မြေးအကြီးကို အဖိုးကိုင်တဲ့ အိုင်ပက်ပထမဂျင်နရေးရှင်း ကိုမွေးနေ့လက်ဆောင်ပေးထားပါတယ်။ အိုင်ပက် အသုံးပြုပုံကို များစွာ မသင် လိုက်ရပါ။သူ့ဖါသာ ကျွမ်းကျင်စွာ အသုံးပြုတတ်ပြီးEnglish speaking, stories, nursery songs, cartoon, တို့ကိုကြိုက်နှစ်သက်ပြီး ထူးထူးခြားခြား အင်္ဂလိပ်လို animationလုပ်ထားတဲ့ ဗုဒ္ဓဝင် ကိုအရမ်းနှစ်သက်တာကိုတွေ့ ရပါတယ်။အိုင်ပက်ကိုကျောင်းကပြန်လာပြီး အိမ်စာတွေ လုပ်ပြီးရင်ကိုင်ခွင့်ပြု ထားပါတယ်။ ၂၀၁၄ လေးနှစ်မြောက်မွေးနေ့ တုံးက မောင်တိုင်ပင်မျက်လုံးကြောင့် မကိုင်လို တော့တဲ့ အိုင်ပက်မီနီ ကိုမြေးအကြီးအတွက် မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။သို့သော်မြေးအကြီးကိုကြမ်းကြမ်း
တမ်းတမ်းကိုင်လို့ဆိုပြီးယနေ့ တိုင်ကိုင်ခွင့်မပြုပါ။ စပေါ်ခါစ အိုင်ပက် သည် version နိမ့်ပါတယ်။နောက်ပိုင်း angry bird ဂိမ်းအချို့ တောင် ဒေါင်းလုပ် လုပ်၍မရပါ။

အိုင်ပက်မီနီကိုမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့ပေမဲ့မြေးအကြီးမှာကိုင်ခွင့်မရပဲရှေးဟောင်းအိုင်ပက်ကိုပဲ
ကိုနေရဆဲဖြစ်ပါတယ်။ အဖိုးဖြစ်သူကမွေးနေ့လက်ဆောင်ပေးပြီပဲ ပျက်ပျက် ကောင်းကောင်း ပေးကိုင်ရပါမည်။ကံကောင်းတာက မြေးအကြီး  ကအိုင်ပက်အသုံးပြုနေသော်လည်း ခလေးမျက်စေ့ ကိုကျောင်းကစစ်ဆေးပေးချက်အရ ပြသာနာမရှိသေးဘူး လို့ ဆရာမဆီကသိရပါတယ်။သို့သော် မောင်တိုင်ပင်မှာယူဆချက်တစ်ခုရှိပါတယ်။မြေးဆိုတာဆိုင်ယုံသာဆိုင်ပြီး ပိုင်ဆိုင်သူမဟုတ်ပါ။ မြေးရှိသူ သူငယ်ချင်းများလည်းဒီအချက် ကိုမေ့နေမှာ စိုးလို့ ပါ။ဒါကြောင့်အတိုက်အခံမပြောတော့ပေမဲ့စိတ်
ထဲမှာတာ့မကောင်းလှပါ--ရုပ်ဝတ္ထုပစ္စည်းတွေပေါလာတဲ့ယနေ့ခေတ်ကာလမှာအသစ်သစ်တွေပေါ်လာ
မှာဖြစ်သလို အခုကိုယ်ကိုင်နေတာတွေဟာ နောက် ကာလအနည်းငယ်အကြာမှာ မော်ဒယ် အောက်သွားမှာ ဖြစ်ပါတယ်။ဒါကိုသတိပြုမိဖို့ လိုသလို ပေါ်လာတိုင်း ၀ယ်ကိုင်နေမယ်ဆိုရင် လူလတ်တန်းစားတွေအနေနဲ့ ကြွေးတင်တာ သာအဖတ်တင်ပါမယ်။

နောက်တစ်ခုမှာ မြေးအငယ်မွေးလာပြီးနောက်ညပိုင်းအိပ်နေတာကိုအနှောက်အယှက်ဖြစ်မှာစိုးလို့ ဆိုပြီး မြေးအငယ်အိပ်နေချိန်မှာမြေးအကြီးဟာအခန်းထဲလုံးဝ ဝင်လို့မရတော့ပါ။တခါတရံအိပ်ချင်ပေမဲ့ တခါးပေါက်ဝ မှာ မျက်နှာလေးငယ်ငယ် နဲ့ ရပ်နေတတ်ပါတယ်။အဖေ၀င်အိပ်မှ လိုက်အိပ်ပါတယ်။အဖေကိုယ်တိုင်အိပ်ရာ ၀င် နောက်ကျတတ်ပါတယ်။မိခင်ကချိုချိုသာသာလာခေါ်ပြီးအိပ်ခိုင်းတာမျိုးမရှိခဲ့ ဘူးပါ။ခလေးကလည်းအော်ငေါက်နေမှာကြောက်လို့ လိုက်မှာ လည်း မဟုတ်ပါ။ ခလေးဆိုတာ ၁၀ နာရီဆိုအိပ်သင့်ပါပြီ။အဖေမပါရင် သူအိပ်ချင်သော်လည်းသမီးကအမြဲ ငေါက်ငမ်းတတ်သဖြင့် သူ့ခမျာအိပ်ခန်းထဲလုံးဝမဝင်ရဲပါ။ဒီအချက်မှာလည်းမြေးအကြီးအနေဖြင့် စိတ်ဒဏ်ရာ ရစေပါတယ်။နေ့တိုင်းလိုလို ညဥ့်နက်မှ အိပ်ရာဝင်သဖြင့် မနက်အိပ်ရာထမှာ ဘယ်တော့မှ မ လန်းဆန်းပါ။ မနက်ပိုင်းကစပြီး မလန်းဆန်းရင် တစ်နေကုန် စိတ်က မလန်းဆန်းနိုင်တော့ပါ။စင်ကာပူ မှခလေးများသည်ကျောင်း
အစောကြီးတက်ရသဖြင့် အိပ်ရာမှစောစောထရလေ့ရှိပါတယ်။သောကြာလိုညမျိုးဆိုပါက မနက် ၂ နာရီလောက်ထိ မအိပ်ကြပါ။နောက်တစ်နေ့ မနက်၁၀ - ၁၁ နာရီလောက်မှ အိပ်ရာ က ထ တတ်ကြပါတယ်။ဒါလည်း မြန်မာအမျိုးကောင်းသားသမီးတွေအတွက် အလေ့အကျင့်ကောင်းတစ်ခုဟု မောင်တိုင်ပင် မယူဆပါ။ ဒီအချိန်မှာစူးစမ်းလိုစိတ်၊သိလိုစိတ်များတဲ့အချိန်ဖြစ်ပါတယ်။အရုပ်တစ်ခုဝယ်ပေးလိုက်လို့ တစ်စစီဖြစ်အောင်လုပ်လိုက်ရင် ဖျက်ဆီးတတ်တယ်ဆိုပြီးဆူပူ ငေါက်ငမ်းနေလို့မရပါ။ သူရဲ့ စူးစမ်း လိုစိတ်ကိုဖျက်ဆီးပစ်လိုက်တာနဲ့ တူပါတယ်။ ၀ယ်ပေးလိုက်ပြီဆိုကတည်းကပျောက်ရင်ပျောက်ပါစေ၊ပျက်ရင်ပျက်ပါစေ--လစ်လျှုရှု လိုက်ပါတော့။

ဒီကနေ့မြေးအကြီးကျောင်းမှာ တရုတ်နှစ်သစ်ကူးပွဲ လုပ်တော့ သူ့အဖေအမေကိုယ်စားမောင်တိုင်ပင်
သွားတက်ပါတယ်။မနက်ကတရုတ်ဝတ်စုံအသစ် ကိုဝတ်ဆင်ပေးလိုက်သော်လည်းအဆိုပါဝတ်စုံ ဝတ်ထားရတာကိုစိတ်မှာမချမ်းသာလှပဲ ချွတ်ပစ်ချင်နေပါတယ်။တရုတ်နှစ်သစ်ကူးမိုလို့ ဒီလိုဝတ်ရတာလို့
ရှင်းပြသော်လည်းခလေးကနားမဝင်ပါ။ နောက်တခြားခလေးအချို့ ၀တ်လာတာတွေ့မှ  ဂျီ မကျတော့ပါ။ဒီမတိုင်ခင်တစ်ရက်ကလည်းခလေးဟာရေပန်းအောက်မှာရေမချိုးတတ် လို့အိမ်မှာလေ့ကျင့်ပေးပါလို့မောင်တိုင်ပင် ကိုသူ့ ဆရာမ ကပြောပါတယ်။ ဟုတ်ပါတယ်။ ပလတ်စတစ် ပုံးကြီးထဲ ၀င်ပြီး ချိုးတာ ၅ နှစ်ပြည့်တဲ့ အထိပါပဲ။ဆရာမပြော လိုက်လို့ ရေပန်း နဲ့ အိမ်မှာ ရေချိုး ပေးတော့လည်း အဆင်ပြေ ပါတယ်။ ဆရာမ စကားကိုတော့ နားထောင်သား။ဒီတစ်ခေါက်စင်ကာပူပြန်လာတော့ Mickey အရမ်းရစ်တယ် လို့ပြောလာကြပါတယ်။ အပြင်သွားရင်တကယ်ပဲတစ်ခုမဟုတ်တစ်ခု ရစ် တတ်ပါတယ်။ ထိုသို့ရစ်တဲ့အခါ လူရှေ့ သူရှေ့ မရှောင်မြေးကြီးကို အသံပြင်းပြင်းနဲ့ အော်ငေါက်တတ်ပါတယ်။မောင်တိုင်ပင် က ခလေးချစ်တတ်ပါတယ်။မိဘတွေက အလိုက်ကမ်းဆိုးမသိ တစိမ်းတွေများနေတဲ့အချိန်
မှာ ခလေးတွေရစ်ပြီဆိုလျှင် မိဘများက ရှက်ပြီးခလေး ကိုတစ်ခုခု လုပ်တတ်ပါတယ်။အဲတာကို
များမောင်တိုင်ပင်မြင်လျှင်စိတ်ထဲမှာထောင်းခနဲဒေါသထွက်ပြီး မိဘ ဖြစ်သူတွေကို နပန်ကျင်းချင်စိတ်ပင်ပေါ်လာတတ်ပါတယ်။ မြင်သူတိုင်းလည်းအဆိုပါစိတ်ပေါ်လာမယ်ထင်ပါတယ်။အခုတော့ ရံဖန်ရံခါ အပြင် ကိုလိုက်မိ လို့ ကိုယ်သမီးကိုယ်တိုင်က ကိုယ်ခလေး ကို အများရှေ့  တစိမ်းတွေရှေ့ မှာအော်ငေါက်ဆူပူနေတာကိုမြင်ရရင် အင်မတန်မှကိုစိတ်မချမ်းမသာဖြစ်ရပါတယ်။စင်ကာပူမှာ အနောက် နိုင်ငံကခလေးမိဘတွေဟာ စူပါမောတွေမှာသူတို့ခလေးတွေအော်
ဟစ်လူးလိမ့် ငိုယိုနေပေမဲ့ ဆူဖို ရိုက်ဖို့ နေနေသာကိုယ့်ခလေးကို အများရှေ့မှာစိတ်ရှည်သည်းခံစွာ ချော့မော့တတ်တာကိုတွေ့ ရပါတယ်၊ ကြုံဘူး ကြမှာပါ။အော်ငေါက်ရိုက်နှက်တာမျိုး ပြုလုပ်သူအတော်နည်းပါတယ်။အရှေ့ တိုင်းသားတွေတော့ လုပ်တတ်ကြပါတယ်။ဒါကြောင့်လည်းမောင်တိုင်ပင် အနေနဲ့ အသက်ကြီး လာတာတကြောင်း၊ဒီလိုမျိုးတွေကြုံ လာရင်စိတ်လက်မချမ်းသာဖြစ်မှာ ကို စိုးတာကတကြောင်း သမီးတို့ မိသားစု အပြင်ထွက်ရင် တတ်နိုင်သမျှ အိမ်မှာပဲနေခဲ့ပါတယ်။မြေးကြီးကိုအော်ဟစ်ငေါက်ငမ်းကြမ်းကြမ်းတမ်းတမ်းပြောရင်ကိုပင်
မောင်တိုင်ပင် အနေနဲ့စိတ်လက် မချမ်းသာပါ။ ဒီခံစားချက်ကိုမောင်တိုင်ပင်မှာ ဇနီး မရှိတော့တဲ့ အတွက် ရင်ဖွင့်စရာ တိုင်ပင်စရာမျှဝေစရာ မရှိတော့ပါ။ ဒါကြောင့် လည်း ယနေ့ ဘလော့စာစု မှာဒီရေးသားချက်ပေါ်လာရတာပါ။

မောင်တိုင်ပင် မြေးကြီး ကိုသတိထားမိတာကကျောင်းမှာ သူများတွေနဲ့ တန်းတူ participate မလုပ်တတ်တာ ရောရောနှောနှောမနေတတ်တာကိုသတိပြုမိလာပါတယ်။ အရင်ကဆိုရင် ကောင်မလေးတွေနဲ့ ကစားတာတွေ့ ရပါတယ်။ ကျောင်းရောက်တာနဲ့ အခန်းထဲဝင်သွားရင် ခုံပေါ်မှာ ငူငူ ကြီး ထိုင်နေတတ် တာကိုမကြာခဏ ချောင်းကြည့် မိ လို့ မြင်ရတတ်ပါတယ်။ဒါတွေကိုတွေ့ နေရတော့ စိုးရိမ်ပူပန်မိပါတယ်။ အပေါင်းအသင်းမဆန့်ခြင်း၊အခြားခလေးကိုဦးစားပေးလိုစိတ်မရှိပဲ တကိုယ်တည်းနေလိုခြင်း၊မနက်ကျောင်းရောက်လျှင် မလန်းဆန်းပဲ ခုံပေါ်မှာငူငူကြီးထိုင်နေခြင်း၊အဖေ ကပဲအလိုလိုက်
သဖြင့် အဖေရှိနေလျှင်အခြားလူပြောစကားနားမထောင်ခြင်း၊သူ၏ညီ ကိုရံဖန်ရံ ခါချစ်ဟန်ပြသော်လည်းအိမ်သားတွေက သူ့ကိုမချစ်မှာကို အမြဲစိုးရိမ်ကြောင့်ကြနေခြင်း၊ဒီအချက်တွေကို မိဘများက စာနာ နားလည်သဘောပေါက်ပြီးချိုချိုသာသာပြောဆိုဆုံးမ နိုင်ရင်ခလေးအနေဖြင့်စိတ်ဒဏ်ရာ သက်သာလာနိုင်သော်လည်းကိုယ့် သမီးကိုယ်တိုင်ကခလေး ဆိုင်ကော်လော်ဂျီ ကိုနားမလည် ဗမာ မိသားစုတွေ ထုံးစံ အတိုင်း အကြောက်တရားနဲ့အုပ်ချုပ်နေသရွေ့ ခလေးကို problem child တစ်ယောက်ဖြစ်လာစေရန် တွန်းပို့ နေမှာကိုအလွန်စိုးရိမ်ကြောင်း မောင်တိုင်ပင် စိတ်လက်မချမ်းသာစွာ
 ဤဘလော့စာစု ကို ဒီနေ့ဒီရက်တွင်ရေးသားလိုက်ပါတယ်။


မှတ်ချက်//  မောင်တိုင်ပင် ကွယ်လွန် ပြီးမှ ဒီ ဘလော့စာစု ကိုဖတ်ရရင်လည်း မြေးတွေကို ဆုံးမ တတ်သင်
                  တဲ့ အခါ မှာ သူတို့လေးတွေ စိတ်ဒဏ်ရာ တွေမရရှိစေရန် အတွက်စိတ်ရှည်သည်းခံ ဂရုစိုက်ဆုံး
                  မသွန်သင်သွားကြပါလို့ မှာကြားချင်ပါတယ်----



Tuesday, February 24, 2015

မြန်မာ့သရက်သီး

မြေးအကြီးကို ဒီကနေ့မနက် ကျောင်းပို့
တော့ မိဘ တွေက ပန်းသီး လိမ္မော်သီး ငှက်ပျောသီး စသည်ဖြင့် အသီးအနှံ ထုတ်
လေးတွေကိုင်လို့ပေါ့--National Day အကြိုအတွက်ကျောင်းသားတွေကိုအသီး
အနှံကျွေးမဲ့ အစီအစဉ် ကဒီကနေ့ကိုး-- ညကအငယ်ကောင်က child colic ဖြစ်
တော့မိဘတွေကကို သူဂရုစိုက်နေရတော့ အိမ်မှာ ငှက်ပျောသီးကော စတော်ဘယ်ရီ ကောယူသွားဖို့ မေ့သွားရော-- 
ကျောင်းရောက်မှ ဒီနေ့ပါလားဆိုတာသတိ
ရတော့တယ်--အိမ်ပြန်ယူရမှာလည်းလူက
ဟောဟဲလိုက်နေပြီ--ကျောင်းကအရင်အိမ်
ရှေ့မှာလေ-- အိမ်ရှေ့မှာ wet market ရှိတယ် -- wet market သစ်သီးဆိုင်ရှေ့ရောက်တော့ ပုံကမလာ-- သစ်သီးတွေခင်းထားတာကြည့် လိုက်တော့
ခမောက်လေးဆောင်းထားတဲ့ sticker လေးတွေ့လိုက်တော့ --လားလား. မြန်မာ
ရင်ကွဲသရက်တွေကို တွေ့လိုက်ရော --Lei Oo account မှာရင်ကွဲတွေ ပို့နေတာကိုတင်ထားတော့ ရင်ကွဲသရက်ဆိုတာ သိလိုက်ပြီ-- ဒါနဲ့ကောက် နမ်းကြည့် လိုက်တော့ စိန်တ
လုံးလိုတော့ မမွှေးဘူး  ဆိုင်ရှင်က သိနေ
တော့ This is Durein mango from Myanmar လို့ပြောတယ်. ကိုယ်က ခမောက်တဆိပ်လေးတွေ့လိုက်ကတည်းက
မြန်မာသရက်ဆိုတာသိလိုက်ပြီ-- ရပ်စောက်ကရင်ကွဲ မိုလားမသိ အသီးက
ရိုးရိုးရင်ကွဲတွေထက်ကြီးပြီး. မှိုဘာညာ မတွေ့ဘူး -- ဘယ်လောက်လဲဆိုတော့ ၃ လုံး ၁၀ တဲ့. အလုံးတွေက လှပြီး flesh က
လည်းမာမဲ့ ပုံပေါ်တော့ ၃ လုံး ၁၀ ၀ယ်လိုက်တယ်  အသီးကလည်းလှတာကိုး. အရသာတော့ မသိဘူး နောက်နေ့မှ ဝယ်စားကြည့်ရအုံးမယ်. ဒါနဲ့ကျောင်ပြန်ပြေးပြီး ဆရာမ ကို ငါမေ့လာလို့ wet market ကမြန်မာ durein mango ဝယ်ပေးလိုက်တယ်လို့ မှာ
ခဲ့တယ်. brand sticker ကလည်း ပြူး နေတာပဲ. Myamar product ဆိုတာသိမှာပေါ့.  မြန်မာသရက်ကို ကျောင်းမှာတောင် promotion ဝင်လုပ်လိုက်ပြီ--Tin Maung Than ရေ--

ကိုယ့်ဘဝကိုယ့်အကြောင်း

မှတ်မှတ်ရရလေးတွေက ဘဝတစ်လျှောက်လုံးမှာရှိခဲ့ဘူးပါတယ်--ဦးနေဝင်းလက်ထက်ကပါ-- မောင်တိုင်ပင်အဖေက မန်းတက္ကသိုလ်မှာ မြန်မာစာပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေတုံးကပါ--
အဲဒီအချိန်ကပညာရေးဝန်ကြီး က မြန်မာ့ပညာရေးကို ဖျက်ဆီးခဲ့သူ လို့အမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဒေါက်တာညီညီပါ--
မန်းတက္ကသိုလ်ကိုလာရောက်စစ်ဆေးခဲ့ပါတယ်-- အဲဒီအချိန်ကအဖေ က  ဦးမောင်မောင်တင် တို့နဲ့အတူတူ မြန်မာ့
စာပေဆိုင်ရာ ပြတိုက်လေးတစ်ခုတည်ထောင်ထားတယ်--ဘယ်သူကမှ ပြတိုက် ထောင်လို့ညွန်ကြားတာမဟုတ်ဘူး -- ကိုယ့် initiative နဲ့ကိုယ်ထောင်ထားတာ---အခုရှိလား မရှိလားတော့ မသိဘူး- အဲဒီပြတိုက် ကိုလာကြည့်ရင်း မောင်တိုင်ပင်အဖေ ကိုပြောလိုက်တဲ့စကား ရပ်တစ်ခု ကို အဖေက အမှတ်မထင်ပြန်
ပြော ပြ လို့ သိခဲ့ရတာပါ-- သူက" ဆရာက စည်လိုပဲ တီးမှ မြည်တာနော် " တဲ့-- အဖေကလည်းသူဘာရည်
ရွယ်ချက်နဲ့ပြောမှန်းမသိပါ-- အလုပ်တစ်ခုကို တွန်းတွန်းတိုက်တိုက် လုပ်-- မင်းလုပ်ရင်လုပ် မလုပ်ရင်တော့
ဆော်တော့မယ် ဆိုတာမျိုး တီး မှအသံထွက်တာ -- အဖေကတော့ သူဘာကြောင့်ပြောတာလဲဆိုတာမောင်တိုင်ပင်တို့ကို
ရှင်းမပြဘူး အဲလိုပြောခံရလို့ စိတ်ဆိုးနေပုံလည်းမပေါ်ဘူး-- အမေ ကို ဧည့်ခန်းမှာ လ္ဘက်ရည်သောက်ရင်း စကားစမြည်ပြော
နေတုံးပြောတာကိုကြားရတာ--မောင်တိုင်ပင်အနေနဲ့စဉ်းစားတတ်တဲ့ အရွယ်ရောက်နေတော့ ဒီစကားကို
အဲဒီအချိန်က တွေးခေါ်သုံးသပ်နိုင်တဲ့စွမ်းအားလေးနဲ့စဉ်းစားကြည့်တာပါ--ချီးကျူးတာလား ခြိမ်းခြောက်တာလား ဝေခွဲမရဘူး--အခုကြီးလာတော့ ပညာတွေ
အတွေ့အကြုံတွေ စာဖတ်ခဲ့တာကြောင့် ရလာတဲ့ အသိအမြင်တွေ အရ ပြောင်းလဲတွေးတောလာတယ်--ပညာတတ်တော်တော်များများဟာ
သူတို့ကိုမေးမှ တိုင်ပင်မှ ကူညီပါ လို့ပြောမှ ပြောတတ်တာပဲ--စည်လိုအသံထွက်လာတာပဲ----- ဒီခေတ်မှာ ပိုသိသားသေး-- ဘေးထိုင်ပြီး
ရတာလေးနဲ့စား ရှိတာလေးနဲ့ရောင့်ရဲ နေတဲ့  ပညာတတ်တွေ မြန်မာမှာ အများကြီးပါလားလို့ -- ခပ်စွာစွာ ကိုယ့်
စည်ကို မြည်အောင် လုပ်နေတဲ့ ပညာတတ်တွေလည်းရှိပါတယ် --- တစ်ခုစဉ်းစားမိပါတယ် --ဒေါက်တာ
ညီညီ ပြောသလို တီးမှ မြည်တဲ့ စည် အဖြစ်နေတာကောင်းလား   ကိုယ့်ဖါသာ မြည်အောင် လုပ်တဲ့ စည်
ဖြစ်အောင်လုပ်သင့်ပါလား လို့-- ဒီခေတ်က ကိုယ်တတ်တယ် -- ကိုယ်ကျွမ်းတယ်-- လို့မရှက်မကြောက်ကျေညာပြီ ဆိုရင်လူတွေက ဟုတ်တာ မဟုတ်တာ အပထား  နောက်ကေတော့ လိုက်လာတဲ့သူတွေ ရှိနေတာ  လူသဘော လူ့မနော ကို အကဲခပ်တတ်ရင် EQ ကောင်းရင် ကိုယ့် နောက်လိုက် followerbတွေရှိလာတာပဲ-- တကယ်ကျွမ်းတဲ့သူတွေ က အယ်လိုလုပ်ရမှာ ရှက်တတ်တယ်ဗျ --နောက်   ဒီခေတ် က မိုးကျ တွေ နေရာတကာမှာ ရှိနေလို့ပြောရတာခက်သား------ 

အာအိုင်တီကျောင်းသားဘဝ

ဒီနေ့သငယ်ချင်းတွေဆုံကြတော့အာအိုင်တီတုံးကရှေးဟောင်းနှောင်းဖြစ်တွေအကြောင်းရောက် သွားတယ်-ပြောကြဆိုကြတဲ့အထဲမှတ်မိတာကတော့--- ကျောင်းမှာနေတဲ့နှစ်- တစ်နှစ်ကပေါ့--အဲဒီတုံးကစနေနေ့ဆိုရင် ကျောင်းသားတီးဝိုင်းတွေ
နဲ့ စင်ပေါ်မှာဆိုကြပျော်ကြတယ်လေ၊ --တစ်ရက် မိန်း အဆောက်အဦအောက်က ကြော်ငြာသင်ပုန်းမှာဘယ်သူကပ်သွားမှန်းမသိဘူး၊တီးဝိုင်းအမည်တော့ မေ့နေပြီ၊တီးဝိုင်းမှာ စန္ဒယားအောင်ခင်ကဝိုင်း
ခေါင်းဆောင်၊စောင်းဦးဘသန်း၊ စောင်းကိုတင်လှိုင်၊ တက်သစ်စအဆိုတော် ကုလားလေးအာယား က
"ဘူသူလုပ်တာလဲ" ဆိုတဲ့သီချင်းနဲ့ဖျော်ဖြေမယ် ဆိုပြီးစက်မှုကဆရာတွေကို နောက်ရွှတ်ထားတယ်။အတော်ဆိုးတဲ့ကောင်တွေ----

နောက်တစ်ခုက စနေ နေ့တစ်နေ့ အေ အဆောင်ကကောင်တွေ
ကျောင်းဝန်းထဲဘုမသိဘမသိဝင်လာတဲ့ ရှောက်သီးဆေးပြားရောင်းတဲ့အခြောက်ကိုခေါ်ပြီးတစ်ယောက်တစ်ပေါက်ဆွဲကြ လွဲကြ
သီချင်းတွဲဆို က ခိုင်း ကြနဲ့ တဖြည်းဖြည်းပွဲက ကြမ်းလာတော့ အခြောက်က ကြောက်သွားပြီး ဘီ စီ  အီး ဘလော့ အဆောင်တွေဖက်ထွက်ပြေးပါလေရော--  အီးဘလော့
ကအိမ်သာ နားမှာပျောက်သွားတော့ကျောင်သားတွေညာသံပေးရှာနေကြတာပေါ့--- အဲဒီအချိန်မှာ အီးဘလော့ကသူငယ်ချင်းတစ်ယောက်(ဘယ်သူလဲ သိချင်လား  တိန်းကြောင် ကိုမေး) ရေချိုးနေတုံးရေလဲပုဆိုး ကိုသငယ်ချင်းတွေ မ သွား
တော့ ဆူဆူညံညံကြားတာ နဲ့ အပြင် ကိုချက်ချင်းထွက်မလာရဲဘူး--  အတွင်းကဂျက်ချပြီးငြိမ်နေတာ--အေ  အဆောင်ကကောင်တွေအားလုံးကဂျက်ချထားတော့ အခြောက်  ဒီအထဲဝင်ပုန်းနေပြီထင်တာ--ရေချိုခန်းတခါးကို ထုရိုက်ပြီးအတင်းဖွင့်ခိုင်းတော့ မဖွင့်တာနဲ့
တံခါး အပေါ်ကလွတ်နေတဲ့ အပိုင်းကနေ ကိုတက်ကြည့် လိုက်တော့ သူငယ်ချင်းခမျာ ငယ်ပါလေးလက်နဲ့အုပ်ရင်း ငါ ရေလဲ လုံချည်ယူ
သွားလို့ပါကွာ လို့တုန်တုန်ရီရီ နဲ့ ပြောတော့မှအားလုံး ငိုအားထက်ရယ်အားသန်ဖြစ်ရပါလေရော--

ဘော်ဘော်တွေ သတိရရင်ဖြည့်ရေးပါအုံး-----

မြေပါမစ်လေး

မောင်တိုင်ပင်ရင်ဖွင့်ချင်တယ်၊ရင်ဖွင့်စရာဆိုလို့ဖွဘုတ်ကြီးရှိနေလို့တော်ပါသေးရဲ့--မောင်တိုင်ပင် ဟာစီးပွားကူးသန်းကိုလက်ထောက်အင်ဂျင်နီယာကနေဝင်ခဲ့တာဖြစ်ပြီး တဆင့်ပြီးတဆင့်တာဝန်
ယူခဲ့ရတာနောက်ဆုံးဒုတိယညွှန်ကြားရေးမှုးချုပ်အဆင့်ကနေပင်စင်ယူခဲ့ပါတယ်။ကံမကောင်းတာက
မောင်တိုင်ပင် ကအရပ်သားဖြစ်နေတော့ညွှန်ချုပ်မဖြစ်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲဒီတုံးက
 အရပ်သားဆိုရင်သစ္စာမရှိဘူး၊မယုံကြည်ရဘူးပေါ့၊ဒါပေမဲ့ဗျာ--လူကောင်းအကြီးအကဲတွေအောက်
မှာလက်တွဲလုပ်ခဲ့ရတော့စိတ်ချမ်းသာစွာနဲ့ပဲပင်စင်ယူခဲ့ရပါတယ်၊မောင်တိုင်ပင်မတိုင်ခင်ကတာဝန်ခံ
ခဲ့ရသူတွေရဲ့နံမည်သတင်းကမလှခဲ့တော့အပြင်ကလာတဲ့ မိုးကျအသစ်ဆိုရင်နံမည်သတင်းကောင်းနိုင်
တယ်လို့ယူဆလို့ စီးပွားကူးသန်းရဲ့သန္ဓေဖြစ်နေတဲ့မောင်တိုင်ပင်ကို သဘောမတူတာလည်းဖြစ်နိုင်
ပါတယ်။လာဘ်ပေးလာဘ်ယူကင်းရှင်းပြီးစီမံခန့်ခွဲမှု ပုံစံစနစ်အသစ်တွေကိုအစားထိုးလုပ်ကိုင်နိုင်ခွင့်
ရခဲ့လို့ကိုယ်ရောစိတ်ပါပင်ပမ်းခဲ့ပေမဲ့လုပ်ရကိုင်ရတာစိတ်ချမ်းသာခဲ့ပါတယ်။ မောင်တိုင်ပင်လုပ်သက်
၃၄ နှစ်စီးပွားကူးသန်းမှာလုပ်ကိုင်ခဲ့ပါတယ်။

ကဲ--မောင်တိုင်ပင်ရင်ဖွင့်လိုတဲ့အဓိကအကြောင်းကိုရောက်လာပါပြီ၊ သိကြတဲ့အတိုင်းအဆင့်အလိုက်
နှစ် ၄၀ ကျော်စစ်အစိုးရ ခေတ်တစ်လျှောက်မှာ အထက်ပိုင်းကမိုးကျတိုင်းလိုလို လည်ပတ်ရင်လည်
ပတ်သလိုမြန်မာနိုင်ငံနေရာအနှံ့တွေမှာမြေကွက်တွေရကြပါတယ်၊ယနေ့ DDG အဆင့်လောက်ထိ
တာဝန်ယူခဲ့ရသူပင်စင်စားတွေလက်ဝယ်မှာတရားဝင်ဝန်ထမ်းတွေပေးတဲ့ဒဂုံမြို့သစ်မှာမြေကွက်တွေ
ရကြပါတယ်။တချို့လည်းပင်စင်ယူပြီးနောက်အစိုးရဆီကရတဲ့မြေကွက်တွေမှာအိမ်ဆောက်နေထိုင်
ပြီးသားသမီးတွေမြေးတွေနဲ့ပျော်ရွှင်စွာနေထိုင်လျှက်ရှိပါတယ်--မောင်တိုင်ပင်-- မင်းကောစီးပွား ကူး
သန်းမှာအလုပ်လုပ်စဉ်က အစိုးရကပေးတဲ့မြေကွက် မရခဲ့ဘူးလားလို့မေးစရာရှိလာနိုင်ပါတယ်။
ရခဲ့ပါတယ်ခင်ဗျာ-- ပါမစ်ခေါ်တဲ့စာရွက်လေးတစ်ရွက်ကတော့ ၂၀၀၂ ခုနှစ် ကုန်သွယ်လယ်ယာရုံးမီး
လောင်စဉ်ကပါသွားခဲ့လို့ အစအနပျောက်ခဲ့ပြီး မြေကွက်ကြီးအမှတ် ၁၆၀ မြေကွက် အမှတ် ၉၉၁ ဆို
တာလောက်ကို အိမ်ယူသွားလေ့ရှိတဲ့ ဒိုင်ယာရီမှာ မှတ်ထားလို့သာသိခဲ့ရတာပါ၊ ပါမစ် covering letter
ကိုလက်မှတ်ထိုးထားတာက ဗိုလ်မှုးမောင်မောင်အေး ဆိုတာပဲမှတ်မိတယ်။မောင်တိုင်ပင်မှာလုပ်သက်
တစ်လျှောက် ဒီမြေကွက် တစ်ကွက်ပဲတရားဝင်ရခဲ့တာဖြစ်ပါတယ်၊

ကဲ--မောင်တိုင်ပင်--မင်းလုပ်ပိုင်ခွင့်ရှိတုံးက ဘာလို့မလုပ်လဲလို့မေးစရာရှိပါတယ်၊ ကုန်သွယ်လယ်ယာက
နေဦးစီးပြောင်းတာကြောင့်ရယ်--အလုပ်များတာရယ်--ရုံးမီးလောင်လို့စာရွက်စာတမ်းတွေပါသွားတာရယ်
ကြောင့်လည်း ပါမစ်အသစ်ပြန်ရအောင်မလိုက်ဖြစ်တာလည်းပါတာပေါ့--ဒါကမောင်တိုင်ပင်ဆင်ခြေပါ။
ဖြစ်ချင်တော့မောင်တိုင်ပင်တို့ကိုချပေးထားတဲ့မြေကွက်တွေကိုအခုအစိုးရလက်ထက်မှာ ပြန်သိမ်းသွား
တယ်လို့ကြားလိုက်မိပါတယ်--အော်အများနဲ့ပဲလေ--ငါနဲ့ မထိုက်လို့မရတာပဲလို့ဖြေပါတယ်။သိတဲ့အတိုင်း
မြေကွက်တွေက ဟော့ဖြစ်လာတော့ ဟိုလူကတင်ပြ ဒီလူကတင်ပြနဲ့ အစိုးရကသိမ်းတယ်လို့ပြောတဲ့မြေ
ကွက်တွေကို ပြန် release လုပ်လိုက်တယ်လို့ကြားပြန်ကော--ဒီမြေကွက်တွေပေါ်မှာ ခရိုနီကုမ္ပဏီတွေ 
စပါးစိုက်ကြတယ်လို့သိထားရပါတယ်။-- နောက်ကံဆိုးတာက release လုပ်တယ်ဆိုတဲ့ မြေကွက်ကြီးတွေ
ထဲမှာနံပါတ် ၁၅၉ နဲ့ ၁၆၀ မပါပြန်ဘူးတဲ့-- အဲတော့ ပင်စင်ယူပြီးနောက်ပိုင်း အစိုးရကပေးလို့ရပါတယ်ဆိုတဲ့မြေ
ကွက်ဈေးကောင်းလာတဲ့အချိန်မှာ သူသူငါငါ ပြန်လည်စိတ်ဝင်စားလာကြတော့ မောင်တိုင်ပင်လည်း
စိတ်ဝင်စားလာတာကိုတော့ ကိုယ်ရေးကိုယ်တာကိုရှေ့တန်းတင်လာပါလားလို့ မထင်စေချင်ပါ။သက်ဆိုင်
ရာတာဝန်ရှိသူတွေကိုဆက်သွယ်တော့လည်းပင်စင်စားဆိုတော့ အရေးတယူမရှိလှဘူး။ဒါနဲ့ ရေးချင်ရာရာ
ကိုတင်ပြနိုင်တဲ့ ဖွဘုတ် မှာတင်ပြလိုက်ရတာပါ-------




စီးပွားရေးအပိုင်းက role model

မောင်တိုင်ပင်တို့ နိုင်ငံမှာနိုင်ငံရေးနဲ့ပတ်သက်ရင် role model ကတော့အားလုံးသိတဲ့အတိုင်းဗိုလ်ချုပ်အောင်
ဆန်း၊သူရဲ့ သမီးဒေါ်အောင်ဆန်းစုကြည် တို့ဖြစ်တယ်ဆိုတာလူတိုင်းရင်ထဲမှာရှိကြတယ်။စင်ကာပူ မှာဆိုရင် လီကွမ်ယူ၊ မလေးရှားမှာဆိုရင် မဟာသီယာ တို့လည်းနိုင်ငံကိုတိုးတက်ဖွံ့ဖြိုးလာအောင်လုပ်နိုင်ခဲ့လို့ role model အနေနဲ့ရှိကြပါတယ်။စစ်အာဏာရှင်အစိုးရအုပ်ချုပ်တာက နှစ်၄၀ကျော်လောက်ဆိုတော့ နိုင်ငံရေးပိုင်းမှာ role model အနေနဲ့ပေါ်လာစရာအကြောင်းမရှိ ခဲ့ပါ။မြန်မာ့စီးပွားရေးအပိုင်းမှာတော့မျိုးဆက်သစ်
လူငယ်တွေကိုပြောပြစရာထောက်ပြစရာ role model ကိုစဉ်းစားမရဘူးဖြစ်နေတယ်။ အမေရိကန်မှာဆိုရင်
Bill Gates တို့ Donald Trump တို့ရှိမယ်၊ဟောင်ကောင်မှာဆိုရင် လီကားရှင်း တို့ တရုတ်ဆိုရင်တောင်ဂျက်မား ၊အင်္ဂလန်မှာဆိုရင် Virgin Atlantic သူဌေး Charles Bronson လိုသူဌေးတွေကို ထောက်ပြလို့ရမယ်၊သူတို့ရဲ့ တက်လာခဲ့ ဘဝနောက်ကြောင်းကိုပြန်ကြည့်ရင်ဘယ်လိုကြိုးစားတည်ဆောက်ခဲ့တယ်ဆိုတာလူငယ်
တွေကိုအတုယူစရာတစ်ခုခုကိုတော့ ညွှန်ပြထောက်ပြပြောဆိုလို့ရတာတစ်ခုခုတော့ရှိနေပါတယ်၊

မြန်မာသူဌေးသူကြွယ်တွေကတော့စစ်အာဏာရှင်အုပ်ချုပ်စဉ်ကာလကအာဏာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့နီးစပ်ပြီးရလာတဲ့အခွင့်အရေးprivilege အပေါ်လုပ်ခဲ့ကိုင်ခဲ့ရာမှချမ်းသာလာကြတာများပါတယ်၊အဲဒီလိုလုပ်တတ်ကိုင်တတ်တာကလည်းသူ့အရည်အချင်းတစ်ပါပဲလို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ဟုတ်လည်းဟုတ်ပါတယ်၊ဝင်တတ်ထွက်တတ်တယ်ပေါ့၊ဒါပေမဲ့ privilege ရတဲ့အပေါ်မှာလုပ်တတ်ကိုင်တတ်တာဟာလူငယ်တွေအတုယူစရာအရည်အချင်းတစ်ရပ်လို့တော့
မှတ်ယူလို့မရပါဘူး။ယနေ့သူဌေးသူကြွယ်ခရိုနီတွေကိုပြန်ကြည့်လိုက်ပါ။privilegeမရပဲကိုယ်ဒူးကိုယ်ချွန်
အောက်ခြေကနေတဖြည်းဖြည်းတက်လာတဲ့ပုဂ္ဂိုလ်ကတော့ထိပ်တန်းရောက်နေတဲ့သူဌေးတွေထဲမှာရှိနေပါသ
လားဆိုတာဝေခွဲလို့မရဖြစ်နေပါတယ်။ အလယ်အလတ်အဆင့်ထဲမှာတော့ အလားအလာရှိသူတွေကိုတွေ့နေရပေမဲ့ privilegeရတဲ့ခေတ်ကမကုန်သေးတော့သူတို့တတွေဘယ်လိုများလူးလွန့်တက်လာမလဲဆိုတာစိတ်ဝင်စား
ဖွယ်စောင့်ကြည့်ရမှာပါ။ ကိုလိုနီခေတ်ကိုပြန်ကြည့်ရင်မွန်သူဌေးကြီးဦးနာအောက်လိုပုဂ္ဂိုလ်မျိုးတော့ရှိခဲ့ပါတယ်။ယနေ့ခေတ်ပေါ်မြန်မာသူဌေးသူကြွယ်တွေကိုတစ်ဦးချင်းရဲ့ အထုပ္ပတ္တိ နဲ့ သူတို့နောက်ကြောင်း ကိုလေ့လာကြည့်တဲ့အခါ role model  ဖြစ်နိုင်လောက်တဲ့သူ မတွေ့သေးဘူးလို့ ထင်ပါတယ်။သူဌေးသူကြွယ်ဖြစ်လာပြီဆိုကတည်းက ချမ်းသာလာအောင်လုပ်တတ်ကိုင်တတ်တယ်ဆိုတဲ့အရည်အချင်းတစ်ရပ်ရှိနေတယ်ဆိုတာကတော့အသေအချာပါပဲ၊သို့သော် လူငယ်တွေအတုယူအားကျစရာလုပ်နည်းစနစ်တွေနဲ့တော့ မဟုတ်သေးဘူးထင်ပါတယ်၊ စါဖတ်သူအမြင်ကောဘယ်လိုရှိပါသလဲ ?

ရင်းနှီးမြုပ်နှံမှု မှာအမြင်မတူခြင်း

မောင်တိုင်ပင်တို့နိုင်ငံကိုကြည့်လိုက်ပါ၊ရင်းနှီးမြုပ်နှံမှုကဝင်တော့ဝင်လာတယ်၊ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်
ထင်သလောက်မဖြစ်လာသေးဘူးဆိုတာကတော့ အထင်အရှားပါပဲ၊မြေဈေးကြီးတယ်၊လျှပ်စစ်ဓါတ်အားလုံလုံ
လောက်လောက်မထုတ်လုပ်နိုင်ဘူး၊ကျွမ်းကျင်လုပ်သားရှားပါးနေတယ်၊အဆင့်မီပညာရှင်မရှိဘူး၊ဥပဒေလွှမ်း
ခြုံနိုင်မှုမှာအားနည်းနေတယ်၊investment risk မြင့်မားလွန်းတယ်၊doing business အပိုင်းမှာအားနည်းနေ
တယ်၊ဆန္ဒပြမှုတွေက လိုတာထက် ပိုများနေတယ်၊၊ပြည်တွင်းက local partner တွေကရင်းနှီးမြုပ်နှံမှုထည့်ဝင်
ရာမှာ သူတို့ပိုင်မြေကို ရှယ်ယာအနေနဲ့ထည့်ဝင်ခြင်းအပေါ်မှာပြည်ပရင်းနှီးမြုပ်နှံသူက property ကိုရှယ်ယာ
အနေနဲ့ထည့်ဝင်တာဖြစ်လို့သဘောမကျကြဘူး၊သူတို့ access လုပ်ချင်တာကဖြစ်ချင်တာက ပြည်တွင်းထည့်ဝင်
သူရဲ့ လုပ်ငန်း cash flow ဘယ်လိုရှိသလဲဆိုတာလောက်ပဲစိတ်ဝင်စားတယ်၊

ဒီနေရာမှာပြည်ပရင်းနှီးမြုပ်နှံချင်သူ နဲ့ ပြည်တွင်းလုပ်ငန်းရှင် ခရိုနီတွေနဲ့တော့ရှယ်ယာထည့်ဝင်မှု အချိုးအပေါ်
အမြင်သဘောထားခြင်းမတူကြဘူးဗျ၊ပြည်ပရင်းနှီးမြုပ်နှံသူတွေကလည်း လုပ်ငန်းရှင်ခရိုနီတွေပိုင်တဲ့မြေဆို
တာအစိုးရဆီကပေါပေါလေးနဲ့ရထားတာ၊ အခွင့်အရေးတစ်ရပ်အနေနဲ့ရထားတာဆိုတာသိနေကြတယ်၊ခရိုနီ
တွေဘက်ကလည်းသူတို့ပိုင်မြေတွေကို true value နဲ့ မသတ်မှတ်ပဲ market value အနေနဲ့ တန်ဖိုးသင့်စကား
ပြောဆိုညှိနိုင်းကြတာဆိုတော့ ဘယ်လိုမှအဆင်မပြေပဲ လန်သွားကြတာများပါတယ်၊တချို့ဆိုရင်မြေကအင်မ
တန် တန်ဖိုးရှိတဲ့နေရာဖြစ်ပေမဲ့ ပိုင်ဆိုင်မှုကြတော့ ၃ -၄ ဦးဖြစ်နေတတ်တယ်၊အဲဒီလိုကြရင်ဦးဆောင်ဆွေးနွေး
သူက potential investor နဲ့ဆွေးနွေးမယ်၊ဆွေးနွေးရရှိချက်တွေကိုသူ့အစုစပ်တွေကိုပြန်တင်ပြရင်တစ်မျိုးဖြစ်
သွားရော၊ ဒါကြောင့် potential investor နဲ့မဆွေးနွေးခင် ကိုယ့်အချင်းချင်း ကြားမှာ policy နဲ့ပတ်သက်ပြီး
သေချာဆွေးနွေးထားစေချင်တယ်၊ရန်ကုန်မြို့နေရာကောင်းတွေရထားတဲ့ ခရိုနီများအနေနဲ့ယခုတင်ပြချက်တွေ
အရမိမိတို့ဘာလိုချင်လဲဆိုတာသေချာတွက်ချက်ထားစေချင်တယ်၊နိုင်ငံတကာလျှောက်သွားပြီးဘယ်နိုင်ငံမှာ
ရင်းနှီးမြုပ်နှံရင်ကောင်းမလဲဆိုတာလိုက်ကြည့်ရှုနေကြတဲ့ potential investor တွေနောက်မှာ သေချာပြင်ဆင်
တွက်ချက်ပေးနိုင်တဲ့ firm တွေဆီကအကြံဥာဏ်ရယူပြီးမှ လာတာပါ၊ ဂျပန်က ကုမ္ပဏီအကြီးကြီးတစ်ခုဆိုရင်
မောင်တိုင်ပင် တို့ ULS Co က ပင်စင်ယူထားတဲ့ အစိုးရအရာထမ်းကြီးတွေနဲ့ ဖွဲ့ စည်းတည်ထောင်ထားတာဖြစ်
လို့လာဘ်ပေးလာဘ်ယူမှုရှိနိုင်တယ်လို့သုံးသပ်ပါတယ်၊ investment proposal တင်ပြဖို့ လုပ်တဲ့အခါ ဌာနေ ကုမ္ပဏီခွဲကို headquarter က ဒီကုမ္ပဏီ နဲ့ မလုပ်ပါနဲ့ လို့တောင်တားတယ်လို့သိရပါတယ်၊ဘယ်ကုမ္ပဏီလဲ
ဆိုတာမောင်တိုင်ပင် နဲ့တွေ့မှမေးကြည့်ပါ၊ ဆိုလိုချင်တာက Investment လုပ်မဲ့သူတွေဟာ information ကိုအကုန်ရယူပြီးမှ ရတဲ့ အချက်တွေပေါ်အခြေခံပြီးမှ access လုပ်ကြပါတယ်ဆိုတာသိအောင်လို့ပါ၊အတွေ့
အကြုံလေးတွေမျှဝေပေးတာပါ--


တရုတ်ရေနံပိုက်လိုင်း

အခုဆိုရင်တရုတ်ကရင်းနှီးမြုပ်နှံထားတဲ့ရေနံ ဓါတ်ငွေ့ ပိုက်လိုင်းကြီးဟာမြန်မာပြည်အ
လယ်ပိုင်းကိုဖြတ် ကာ ကျောက်ဖြူ ကနေမူဆယ်အထိ
တည်ဆောက်ပြီးစီးပြီဖြစ်ပြီးနေနံတောင်စမ်းသပ်ပို့လွှတ်နေပြီးဖြစ်ပါတယ်--
ဒါဟာတရုတ်အကျိုးစီးပွားမြန်မာနိုင်ငံမှာရှိနေပြီဆိုတာပြနေပါတယ်--ဒီပရိုဂျက်ဟာအ
လွန်လျှို့ဝှက် လွန်းလှတဲ့ ယခင်အစိုးရလက်ထက်မှာစတင်ခဲ့တာဖြစ်ပြီး ပရိုဂျက်နဲ့ ပတ်
သက်ပြီး  ပြည်သူအများ သိအောင် ပွင့် လင်း မြင်သာမှုမရှိတာကိုလေ့လာတွေ့ ရှိ ရပါတယ်--

အခုချိန်မှာဆိုရင်တရုတ်နဲ့နယ်နမိတ်ချင်း ထိစပ်နေတဲ့ဒေသတွေမှာအေးချမ်းမှုမရှိလှပါ
ဘူး-- အချိန်မရွေးပေါက်ကွဲနိုင်ပါတယ်---တရုတ်အကျိုးစီးပွားက ပြည်တွင်းထဲမှာ ရှိနေတာဖြစ်လို့အရင် ကဘယ်လိုစာချုပ်မျိုးတွေချုပ်ထားခဲ့သလဲ ဆိုတာပြည်သူတွေသိခွင့်မရှိဘူးလား--ဥပမာ စဉ်းစားမိတာကို
ပြောတာပါ--ပြည်တွင်းရှိ ရေနံ ဓါတ်ငွေ့ ပိုက်လိုင်း တစ်နေရာရာ ကိုအကြမ်းဖက်အဖွဲ့အ
စည်းတစ်ခုခု က၀င်ရောက်ဖျက်ဆီးခဲ့တယ် ဆို ပါစို့-- အဲလိုဖြစ်လာရင် မြန်မာဖက်ကလုံခြုံရေး တွေကပဲတာ
ဝန်ယူဖြေရှင်းမှာ လား ?? တရုတ်အကျိုးစီးပွားရှိနေတဲ့ အတွက် တရုတ်ရဲ့ လုံခြုံရေး
တွေကပြည်တွင်း ကိုဝင်ရောက်ပြီးဖြေရှင်း ပိုင်ခွင့် ရှိတယ် ဆိုတဲ့ အချက်များ စာချုပ်တွင်
ပါရှိနေပါသလား ?? ဒါတွေကိုပြည်သူတွေမသိသေးပါ--

အဲလိုဆိုတော့ ရေနံ ဓါတ်ငွေ့  ပိုက် လိုင်းစာချုပ်ကိုပွင့် လင်းမြင်သာစွာပြည်သူတွေကိုအ
သိပေးခွင့်ရှိပါသလား??  ဒီအချိန်မှာ ကျွန်တော်တို့ပြည်သူတွေ ဒီအချက်တွေကို သိခွင့်  ရပြီး ဘယ်လို

ကြိုတင်ကာကွယ်ထားသင့်သလဲဆိုတာ ၀ိုင်းဝန်းစုပေါင်း မစဉ်းစားသင့်ဘူးလား------

ပြည်သူတွေပါးနပ်နေရမဲ့နိုင်ငံရေး

ဒီနှစ်နှောင်းပိုင်းမှာရွေးကောက်ပွဲကျင်းပပြုလုပ်တော့မယ်ဆိုတော့ နိုင်ငံရေးမှာခပ်ဝေးဝေး
မှာနေချင်ပေမဲ့ သငယ်ချင်းနဲ့ဆွေးနွေးဖြစ်ပါတယ်။အခုချိန်မှာ dirty games တွေတွေ့လာ
ရပြီဖြစ်ပါတယ်။အထူးသဖြင့် ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေး  games တွေကို
ဖွဘုတ်မှာအများဆုံးတွေ့ ရပါလိမ့်မယ်။နိုင်ငံရေးတိုက်ပွဲတွေကိုခေတ်နဲ့လျော်ညီစွာ games
လို့ပဲသုံးနှုန်းပါရစေ--

ပြည်ခိုင်ဖြိုးပါတီ နိုင်ငံလုံးကျွတ်ညီလာခံကြီး ပြီးသွားပေမဲ့ သမ္မတလောင်းဘယ်သူဆိုတာ
အဖြေမထွက်သေးပါဘူး၊ရွေးကောက်ပွဲကိုအရင်အနိုင်ရအောင်လုပ်မယ်။ပြီးမှပါတီကမည်
သူကိုသမ္မတလောင်းအဖြစ်ရွေးချယ်မယ်ဆိုတာ ကိုဆုံးဖြတ်မယ်လို့ ပါတီပြောရေးဆိုခွင့်
ရှိသူကပြောဆိုသွားပါတယ်လို့ သတင်းတွေမှာဖေါ်ပြထားပါတယ်။ ဒီလိုပြောတာကိုမောင်
တိုင်ပင်အတော်အံ့သြမိတယ်။ ဘယ်နှယ့်ဗျာ--ပြည်ခိုင်ဖြိုးပါတီ ကို ပြည်သူကရွေးပြီးမှ င
မျောက်ငချောက် တစ်ကောင် ကိုသမ္မတလောင်းတင်မိလာရင်တော့ ပြည်သူရဲ့ မဲဆန္ဒကို
စော်ကားသလိုဖြစ်နေပါလိမ့်မယ်။အမှန်ကတော့ ပြည်ခိုင်ဖြိုး ပါတီဟာဘယ်သူကိုတော့
သမ္မတလောင်းအဖြစ်ပါတီကရွေးချယ်ပါမယ်ဆိုတာမျိုးဖြစ်သင့်ပါတယ်။

ဒီလိုပြောလိုက်ဆိုလိုက်တော့ သငယ်ချင်းနဲ့ပြောနေတဲ့ သတင်းကများမှန်များမှန်နေမလား
လို့ နှစ်ယောက်သားဆွေးနွေးမိပါတယ်။ ဘာသတင်းလဲ--သိလား ပြည်ခိုင်ဖြိုးပါတီမှာလက်
ရှိသမ္မတက သမ္မတလုပ်ရတော့ ဥက္ကဌရာထူးကဖယ်ပေးရပြီး ပြည်ခိုင်ဖြိုးပါတီမှာ လက်ရှိ
speaker ကဥက္ကဌ ယာယီလုပ်ရပါတယ်။ အခုရွေးကောက်ပွဲ လုပ်တော့မယ်ဆိုတော့ ပြည်
ခိုင်ဖြိုးထဲပြန်ဝင်ဖို့က လက်ရှိတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်က နေရာဖယ်မပေးချင်ဘူး လို့
ပြင်ပလောကမှာသတင်းတွေထွက်လာပါတယ်။ မှန်တယ် မမှန်ဘူးဆိုတာကတော့ ဒီအချိန်
မှာ social media ရောက်လာတဲ့သတင်းတွေဟာဘယ်လောက်မှန်သလဲဆိုတာမောင်တိုင်
ပင်တို့လည်းမသိနိုင်တော့ပါ။ အဲဒီသတင်းနောက်ဆက်တွဲကတော့ သမ္မတက ပါတီအသစ်
ထောင်မယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ဒါလည်းမှန် မမှန်မသိနိုင်ပါ။သေချာတာ
တစ်ခုကတော့ပြည်ခိုင်ဖြိုးပါတီအတွင်းမှာ အစုအဖွဲ့တွေနဲ့ သဘောထားခြင်းမတိုက်ဆိုင်ကြ
တော့ဘူးဆိုတာပါပဲ။

မောင်တိုင်ပင်တို့ဆွေးနွေးတာကတော့ သမ္မတ နဲ့ တပ်မတော်ဟာအတော်ကိုနီးစပ်မှု ရှိပါတယ်။ သမ္မတအနေနဲ့ ပြည်ခိုင်ဖြိုးပါတီ ကမတင်လည်း တပ်က တင်တဲ့ဒုသမ္မတအနေ
နဲ့ သမ္မတရာထူးယှဉ်ပြိုင်နိုင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီးဦးသိန်းစိန် အပါအ၀င် သမ္မတဖြစ်နိုင်သူ ၄ - ၅ ဦးရှိနိုင်ပါတယ်။ တိုင်းရင်းသားတွေထဲက အထူးသဖြင့်
တပ်ကထောက်ခံရင် ကရင်အမျိုးသားတစ်ဦးဦး ဒုတိယသမ္မတဖြစ်လာ နိုင်ပါတယ်။

သမ္မတ နဲ့ speaker တို့ဟာတစ်ယောက်နဲ့တစ်ယောက်ပြိုင်ဖက်ဖြစ်နေမဲ့အစား ရင်းရင်းနှီး
နှီးတိုင်တိုင်ပင်ပင်ရှိ များရှိခဲ့ ရင်တိုင်းပြည်ဖွံ ဖြိုးတိုးတက်ရေးအတွက်အလားအလာအင်မ
တန်ကောင်းလာပါမယ်။ပြည်သူအများမျှော်လင့်နေတာလည်းအယ့်တာပါပဲဗျာ--ဒီနေ့အခြေ
အနေမှာတော့ တပ်မတော် ကိုဘေးဖယ်ဆိုတာမဖြစ်နိုင်သေးပါ။အခုပုံစံမျိုးမဟုတ်ရင်
တောင်တပ်မတော်ဟာနိုင်ငံရေးမှာတနည်းတစ်ဖုံ  ပုံစံတစ်မျိုးနဲ့ ပါဝင်ပတ်သက်နေအုံးမယ်
ဆိုတာပြည်သူတွေအနေနဲ့ သဘောပေါက်နေဖို့လိုပါတယ်။
အလားတူပါပဲ--NLD ဟာအခုအချိန်အထိ line up နဲ့ပါတ်သက်လို့ ပြင်ဆင်မှုဘာတွေလုပ်
ထားတယ်ဆိုတာသတင်းမထုတ်ပြန်သေးပါဘူး။ဒေါ်အောင်ဆန်းစုကြည် ကလည်းသူ့ပါတီ
မှာ အခွင့်အရေးသမားတွေဝင်ရောက်လာမှာကို သတိပေးနေတဲ့မိန်ခွန်းတွေလည်းချွေနေ
တာကြားရပါတယ်။အမေစုနောက်မှာ ကွန်ယက်တွေရှိနေတယ်ဆိုတာသိရပြီးအနောက်နိုင်
ငံတွေမှာပညာသင်ကြားခဲ့ပြီးပြန်ရောက်လာတဲ့လူငယ်တွေလည်းအတော်အတန်ရှိတယ်လို့
သိရပါတယ်။ ခရိုနီတစ်ချို့လည်း အမေစုနားကပ်ဖို့ ကြိုးစားနေသလိုတချို့လည်း ခြံစီးရိုး ခွ
ထိုင်နေကြတယ်။

ဒါ ဒီကနေ့ဖြစ်နေတဲ့ အခြေအနေတွေပါ။ လော်ဘီလုပ်ပါ--မဲဆွဲပါ--ဒါပေမဲ့ ဆိုရှယ်မီဒီယာဖွဘုတ်မှာ လုပ်ကြံသတင်းတွေတော့ မဖွကြပါနဲ့တော့--ပြည်သူလူထုကိုလေးစားပါ၊ အချဉ်မဟုတ်တော့ပါဘူးဆိုတာသဘောပေါက်ပါ--အသဲကြားက မဲတစ်ပြားကိုတော့အရွေးမ မှားရအောင်ပြည်သူတွေကလည်း ပါးနပ်နေကြပါပြီ---


ဒေသအလိုက်ရင်းနှီးမြုပ်နှံ့မှုဖြစ်နိုင်ချေများ

မနေ့ကMRTVသတင်းတွင်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နှီးနှောဖလှယ်သည့် ဖိုရမ် တစ်ခု နေပြည်တော်မှာကျင်းပ ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ ရင်းနှီးမြုပ်နှံ
မှုဆိုင်ရာသတင်းအချက်အလက်များကိုပြုစုထားရန် ပြည်ထောင်စုဝန်ကြီးဦီးတင်နိုင်သိန်း ကညှိနိုင်းဆွေးနွေးသွားကြောင်းတီဗွီသတင်းတွင်ကြားလိုက်ရမိပါတယ်--

ဒါနဲ့ပတ်သက်လို့ မောင်တိုင်ပင်ခေါင်းထဲမှာ အစဉ်သတိရနေစေတဲ့  တရုတ်ပြည် ကလုပ်ဆောင်မှုတစ်ခုကိုပြောပြချင်ပါတယ်။၂၀၀၈ခုနှစ်လောက်က တရုတ်ပြည်မှာပြုလုပ်တဲ့ investment နဲ့ပတ်သက်တဲ့အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကိုမောင်တိုင်ပင်တက်ရောက်ခဲ့ဘူးပါတယ်။ မဖွံဖြိုးသေးတဲ့ ပြည်နယ် province
level တွေအများအပြားတက်ရောက်ကြပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတာက ပြည်နယ်
အလိုက် booths လေးတွေရှိပါတယ်၊အင်္ဂလိပ်စကားပြောနိုင်တဲ့ တရုတ်စကားပြန်ကောင်
မလေးတွေလည်း ရှိပါတယ်။အင်္ဂလိပ်လိုကော တရုတ်လိုကောပြုစုထားတဲ့ သူတို့ ပြည်နယ်မှာ investment လုပ်နိုင်ဖွယ်ရာရှိတဲ့ project database စာအုပ်တွေကိုပြုစုထား
တာပါပဲ။ ငွေရေးကြေးရေးက အစ ကုန်ကြမ်းရရှိနိုင်မှု၊ ကျွမ်းကျင်လုပ်သားရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး (logistic) ၊ရင်းနှီးမြုပ်နှံမှု လုပ်ရင်ပေးနိုင်မြေဧရိယာအ
ကျယ်အ၀န်း၊ ပရိုဂျက် ရဲ့ ခန့်မှန်းတန်ဖိုး (US dollar) စတဲ့ ရင်းနှီးမြုပ်နှံသူအနေနဲ့ at a glance ကြည့်ရှု နိုင်တဲ့ အချက်အလက်အစုံကိုဓါတ်ပုံတွေနဲ့ တကွ ပြုစုထားပါတယ်။ စိတ်ဝင်စားလို့သွားမေးရင်စကားပြန်ကောင်မလေးတွေက မပြီကလာ ပြီကလာ နဲ့ ရှင်းပြတော့တာပါပဲ။ မှတ်မိတာတစ်ခုက Anhui Province ကလိမ္မော်သီးစိုက်ခင်းမှာ orange concentrate ထုတ်လုပ် နိုင်တဲ့ အကြောင်းရေးထားတာပါ။ manufacturing sector ပေါ့။လိမ္မော်စိုက်ခင်းတွေဘယ်နှစ်ဟက်တာရှိတယ်-- တန်ချိန် ဘယ်လောက်ထွက်မယ်-- packaging ကို တရုတ် ပြည်တွင်းဘယ်ပြည်နယ် ကနေတင်ပို့ နိုင်တယ်ကအစပါတယ်။ စာအုပ်တွေက အခန့်ချုပ်ထားတာဆိုတော့ impressed လည်းဖြစ်ပါတယ်။ တချို့ပြည်နယ်ရဲ့ ပရိုဂျက်တွေဆို အမေရိကန်ဒေါ်လာသန်းဆယ်ဂဏန်း ရာ ဂဏန်းအထိတောင်ပါပါတယ်။ ကဏ္ဍ လည်းအစုံပါပါတယ်။မောင်တိုင်ပင်လည်း boothတွေလျှောက်သွား သူတို့ projectစာအုပ်တွေကိုတောင်းယူလာခဲ့တာပင်စင်ယူတော့ရုံးမှကျန်ခဲ့ပါတယ်။

ရင်းနှီးမြုပ်နှံမှုတွေ စတင်ဖိတ်ခေါ်စဉ်က ဒီလိုကိုယ့်ဒေသအလိုက် potential ဘာရှိလဲဆို
တာ Commerce Journal ထဲမှာတောင်ဖေါ် ပြဘူးပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ်မှာရှိ တဲ့  အစိုးရ ဌာနတွေအနေနဲ့ ကိုယ်ဒေသအလိုက်ဒီလို investment data တွေကိုပြုစု ထားလိုက်ရင်ခူးပြီးခပ်ပြီးဖြစ်ပါလိမ့်မယ်။ DICA အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ ရုံးတွေ လိုက်ဖွဲ့ မယ်ဆိုရင် ဒီအလုပ်ကတော့ ပထမဆုံး လုပ်ရမဲ့ အလုပ်
လို့ထင်ပါတယ်။ သတင်းနားထောင်ရင်းနဲ့ ခေါင်းထဲပေါ် လာတာတွေကို ချရေးမိ တာပါ--



Wednesday, February 4, 2015

ဒဏ်ရာဒဏ်ချက်တွေနဲ့ တို့ကျောင်းတော်ကြီး



ဒီနေ့မနက် ကိုးမိုင်ဂေါက်ကွင်း မှာ ၉ ကျင်းရိုက် ပြီးအိမ်ပြန်ရောက်တော့ ၉:၃၀ ရှိနေပြီ--လ္ဘက်ရည်သောက်--ရေတင်--အိမ်ကကိစ္စတွေလုပ်တာနဲ့တင် ၁၀နာရီခွဲသွားရော-၁၁ နာရီမထိုးခင် Gee Ohn ရုံး ရောက်အောင်သွားခေါ် ကျောင်းရောက်တော့ ဆရာကြီးထိုင်စောင့်ရင်း ကျောင်းသူလေးတွေကျောင်းသားလေးတွေ ကော်ရစ်ဒါမှာ
ဖြတ်လျှောက်သွားလာကြတာငေးမောကြည့်မိတယ်--အပေါ်က လေပျံဖြတ်ပျံသွားတော့
ကိုယ်တို့တုံးက T33 တွေဖြတ် ပျံသွားရင်ဘတ်ခွ နဲ့ ပစ် လိုက်ရကွာ လို့ကြုံးဝါးခဲ့တဲ့မုံရွာသားကိုသတိရမိလိုက်ပါရဲ့-
နှစ်ပေါင်း၄၀က ကိုယ်တို့ တတွေလည်းဒီကော်ရစ်ဒါမှာလျှောက်ခဲ့ဘူးပါတယ်--မြတ်လေးစတိုင် ဆေးတံခဲပြီးဂိုက်ထုတ်
ခဲ့ဘူးပါရဲ့ --ခုခေတ်အင်ဂျင်နီယာကျောင်းသူ သမီးလေးတွေက ကိုယ်တို့တုံးက အင်ဂျင်နီယာမမတွေနဲ့ နှိုင်းစာရင် ပိုချော ပိုလှလာတယ်နော် လို့ သာထွန်းကပြောတော့အေးကွ မိန်းခလေးတွေလည်းများလာတယ်ကွနော်-"လို့ပြန်ပြောလိုက်ရတယ်--စန္ဒီလှိုင်တို့ကတော့ အဲလိုပြောတာများကြားရင် ဟွန်း ဆိုပြီးမျက်စောင်း
ထိုးမှာ မြင်ယောင်သေး-- ဟုတ်ပါရဲ့ နောင်တစ်ခေတ် engineering profession မှာအင်ဂျင်နီယာ မမတွေချည်းပဲဖြစ်နေမလား--မသိနိုင်ဘူးနော်--
လူစုံတော့ ကန်သာယာ ဆိုင်မှာကျောင်းတက်တုံးက စားခဲ့တာတွေအထူးမှာစားခဲ့ကြတယ်--ကြက်သားဘိစတိတ်-- ကန်ဇွန်းရွက်ကြက်ဥထိပ်ဆောင်း--ပုဇွန်ကုန်းဘောင် တို့နဲ့ဆိုတော့ ထမင်းသိပ်မစားတဲ့ Gee Ohn ထမင်း နှစ်ခါထည့် တယ်-- မောင်တိုင်ပင်လည်း ၂ ခါ ပဲ-- အစာပိတ်က ကြက်ဥ အွန်မလက် -- စားလို့ကောင်းလိုက်တာမှ
Gee Ohn ယူလာတဲ့ ထမနဲ တောင်မစားနိုင်တော့ဘူး--နောက်ဆုံး ဘလက်ကော်
ဖီ သံပုရည် ညှစ် နဲ့အစာပိတ်လိုက်တာ-- ကောင်းမှကောင်း-- bill မေးလိုက်တော့ ၁၇၆၅၀ ကျပ် တဲ့ -- အားလုံးက ဈေးကြီး
လိုက်တာဟယ် လို့ ပြောလိုက်တော့--လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက်က အဆောင်ဟင်းက ငါးဟင်း( ငါးတန်ဆိုတော့ နည်းနည်းညှီတယ်) ဆိုရင် ဖြစ်ဖြစ် လဆန်းလလယ်လောက်ဆိုရင်ဖြစ်ဖြစ် တစ်ယောက်ယောက်က ကင်တင်း မှာထမင်းသွားစားမယ် ဟေ့ ဆိုရင် ၂ ခါမခေါ်ရဘူး အကုန်လိုက်လာကြတာ-- ပြီးရင် split လုပ် အယ်တုံးက
အမေရိကန်စစ်စတမ် ဆိုပြီးခေါ်ကြတယ်--တစ်ယောက် ၂ကျပ် ကျော်လောက်ပဲကြတာလေ--အဲတော့ ဈေးကြီးတာပေါ့နော်--
ထမင်းစားပြီးထလည်းထလိုက်ရော -- ကောင်းဘွိုင် ဦးထုတ်ကြီးနဲ့ ဂိုးကြောင် ကိုတွေ့ လိုက်ရတော့ အားလုံးဝမ်းသာသွား
ကြတယ်--ကိုယ်တို့တုံးက စက်မှုတက္ကသိုလ်လက်ရွေးစဉ် ဂိုးသမား ထွန်းထွန်း လေ--မတိုင်ပင်ပဲနဲ့ ဘောစိကြောက်တဲ့ ကဗျောင် ကို ဝိုင်း ဆဲ ကြပါလေရော---သူ မ လာ လို့-ကဲ--နောက်တော့ ဘော်လုံးကွင်းကိုကားကိုယ်စီမောင်းသွားကြတာပေါ့--
ကွင်းရောက်တော့ ပိုးဝင်သွားပြီဖြစ်တဲ့ ထွင်းထွင်းကဂိုးတိုင် ၂ တိုင်ကြားရောက်သွားပြီ--ဂျီအုန်း
နဲ့ မောင်တိုင်ပင်လည်း ဘိနပ်ချွတ်ပြီး တဒိုင်းဒိုင်းနဲ့ ကန်သွင်းတော့တာပဲ--မာန်ကြွေးရှိတဲ့ ကဗျောင်သာလာ
လို့ကတော့ ကြည့်ကောင်းလိုက်မဲ့ပွဲ-- မိုင်းနင်းက YTUဒေါက်တာဆရာလည်း မောင်တိုင်ပင် တို့ ဖုံးကင်မရာ
တွေကိုရိုက်ပေးလိုက်တာအလုပ်တော်တော်ရှုပ်သွားတယ်--ကွင်းပြင်ပေးတဲ့ ဧရာဝတီ က အင်ဂျင်နီယာ
ဗိုလ်မှုးကိုလည်းကျောင်းသားဟောင်း မောင်တိုင်ပင်တို့အားလုံးကလှိုက်လှိုက်လဲလဲ ဧရာဝတီ ကို ကျေးဇူးတင်ကြောင်း
ပြောပြခဲ့ပါတယ်--တင်းနစ်ကွင်းတွေ ကြက်တောင်ရိုက်ရုံ ဘတ်စကက်ဘောကွင်း ဘော်လီဘောကွင်း စတာတွေလည်းပြင်
ဖို့ကျန်ပါသေးတယ်-YTU မှာ-ကျောင်းသားကျောင်းသူတွေအတန်းတိုင်းပြည့်သွားရင်တော့ campus life ကပြန်လည် ရောက်လာမှာပါ-- ထမင်းစားခန်း ကအကျယ်ကြီးပါ ကိုယ်တိုင် autonomus အုပ်ချုပ်ရတော့မယ်ဆိုရင်
ပြင်ပက ဆိုင် ၄--၅ ခုလောက်လာဖွင့်ခိုင်း--စားပွဲ ကုလားထိုင်တွေထား --ပြင်ပထက်ဈေးသက်သာ
အောင်ရောင်းခိုင်း-- မောင်တိုင်ပင် ချူလာလောင်ကွန် တက္ကသိုလ် ကင်တင်း မှာစားဘူးပါတယ် အခုလည်း NUS က ကင်တင်းမှာလည်းစားဘူးပါတယ်--အယ်လိုမျိုး ကင်တင်းမျိုး ထမင်းစားခန်းမှာ
ဖြစ်လာစေချင်ပါတယ်--အခုကင်တင်းတွေလည်းအဆင့် မြင့်စေချင်ပါတယ် အစားအသောက်ကတော့ အခုထိ ကောင်းနေဆဲပါ--
တို့ကျောင်းတော်ကြီး ဒီလိုဖြစ်လာအောင် လုပ်ခဲ့ရတာ ဝင်းထိန်ဦး မြင့်ဖေ တို့ သငယ်ချင်းဖြစ်နေတော့
ဘယ်လောက်လုပ်ခဲ့ ရသလဲဆိုတာ မောင်တိုင်ပင်သိခဲ့ပါတယ်--ဒါထက်တိုးတက်လာတာပဲ မြင်ချင်ပါ တယ်--မောင်တိုင်ပင်တို့ အာအိုင်တီ ဟာ သူပုန် ကျောင်းဆိုပြီး ဒဏ်ရာဒဏ်ချက်တွေ အများကြီးကျန်
ခဲ့ပါတယ်-- လစ်လျူရှုခြင်းခံရတာ ဆယ်စုနှစ်တစ်စုကျော်ဆိုတော့ ကျောင်းတော်ကြီးမှာ ဒဏ်ရာဒဏ်ချက်တွေ အများကြီးပါ မောင်တိုင်ပင်တို့ခေတ်ကဆရာတွေနေအိမ်ဟာရုရှား ဒီဇိုင်းတွေဖြစ်
ပြီး ခန့်ညားလှပပါတယ်--အခုတော့ တို့ဆရာတွေအိမ်တွေမှာ မိုးတွင်းဆို မိုးယို လို့ ပါမောက္ခချုပ်အိမ်
တောင်ပါနေပါတယ်--အခုတော့ ဝထအူး တို့ ပြင်ဆင်ပေးဖို့ ကြိုးပမ်းနေကြပါပြီ---
ကျောင်းတော်ကြီးကိုဒီနေ့ ပြန်ရောက်တော့ ငယ်ဘဝကိုသတိရတယ်တဲ့-- ထွင်းထွင်း ကပြောတာ--ဟုတ်ပ --မောင်တိုင်ပင်လည်း အတွေးပေါင်း အစီအရီ နဲ့ အိမ်သာပြန်ရောက်လာတယ် --စိတ်က
တော့ လေပျံတွေ မကြာခဏ ဖြတ်ပျံတဲ့ ကျောင်းကြီးကိုပဲသတိရနေပြီ မဆီမဆိုင် ဘယ်မုံရွာသားက "ဘတ်ခွ" နဲ့ပစ်ချတာခံရမလဲ လို့------