Thursday, August 24, 2017

ပဲလောက ဂယက်ထမှု နှင့် ဒိုမီနို သီအိုရီ

မြန်မာရဲ့ economic model ကရိုးရှင်းပါတယ်။ စပါးစိုက်မယ်၊ပဲစိုက်မယ်၊နောက်ပိုင်းငါးဖမ်းမယ်။စားကုန်ထုတ်လုပ်တယ်လို့ဆိုရပါမယ်။ စားကုန်တွေကို value adding တစ်ဖွဖွပြောနေပေမဲ့ ဆန်ကြိတ်ခွဲရေးကဏ္ဍကလွဲရင် လယ်သမားဆီကဝယ် နည်းနည်းပါးပါး process လုပ် SQ, FAQ စသည်ဖြင့် grade ၃-၄-၅ ဆင့်လောက်ခွဲပြီးprimary products အနေနဲ့ပြည်ပတင်ပို့နေတာကြာပါပြီ။ပဲမျိုးစုံတင်ပို့မှု တန်ဖိုးကဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုတန်ဖိုးထက်များပါတယ်။တော်ပါသေးတယ်။ ဆန်တင်ပို့မှုက ဝယ်လိုအားကောင်းနေဆဲပါ။တရုတ်က ပိတ်ထားပေမဲ့ ဘင်္ဂလားဒက်ရှ်လိုနိုင်ငံကလည်းဆန်ဝယ်လိုအားကြီးနေဆဲပါ။

အားလုံးလည်းသိကြပါတယ်။အခုဆိုရင်စီးပွားရေး မှာ ဟော့ ဖြစ်နေတဲ့သတင်းလို့ပြောရပါမယ်။အိန္ဒိယအစိုးရကပထမပဲစဉ်းငုံတင်သွင်းမှုကို ကန့်သပ် လိုက်ပါတယ်။အခုနောက် ၁-၂ ရက်အတွင်း မတ်ပဲ နဲ့ ပဲတီစိမ်းတင်သွင်းမှု ကို ပါ ကန့်သပ်လိုက်ပါတယ်။ ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေအော်ကုန်ကြပါတယ်။ ပဲစဉ်းငုံစိုက်ပြီးအိန္ဒိယကိုတင်ပို့နေတဲ့အာဖရိက က မိုဇမ်ဘစ်၊ တန်ဇန်နီယား၊မါလာဝီ စတဲ့ ၃ နိုင်ငံက ကုန်သွယ်ရေးဝန်ကြီးတွေ လောလောဆယ် အိန္ဒိယကိုရောက်နေပြီးပဲတင်ပို့ ဖို့ ကိစ္စတွေကိုအိန္ဒိယအစိုးရနဲ့ ခေါင်းချင်းဆိုင်အကြိတ်အနယ်ဆွေးနွေးနေကြပါတယ်။အိန္ဒိယအစိုးရကတောင်မြန်မာစီးပွားကူးသန်းဝန်ကြီးဘာကြောင့်မလာပါလိမ့်ဆိုပြီးစဉ်းစားနေမလားမသိဘူးနော်--မောင်တိုင်ပင်တို့ လုပ်ခဲ့စဉ်ကာလကဒီလိုကိစ္စမျိုးပေါ်နေပြီဆိုရင် လာစမ်း ကုန်သည်စက်မှုအသင်းနဲ့ ပဲနှမ်းအသင်းက လူကြီးတွေဘာပြောချင်လဲ-- ဝန်ကြီးနဲ့ လိုက်ခဲ့ ဆိုပြီးဒုံးဆိုင်းသွားကြမှာပါ။ ခင်ဗျားတို့ ကုန်သည်စက်မှုအသင်းက သူတို့ chamber နဲ့ဆွေးနွေး -- ဝန်ကြီးက သူတို့ ကုန်သွယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးအဖြေရှာမယ်ဆိုပြီးလုပ်ကြမှာပါ။ဘာတွေညာတွေ ပါတီတွေ ပြောမနေပါနဲ့ တိုင်းပြည်စီးပွားရေးဖွံဖြိုးတိုးတက်ဖို့ လမ်းကြောင်းမှာအဟန့်အတားသဖွယ်ဖြစ်နေရင် ဖြေရှင်းပေးဖို့အတွက်ဒီလိုပဲဆွေးနွေးကြရမှာပါ။

ဟာ-- ဒီကိစ္စဟာကုန်သည်တစ်စု ခွက်ပျောက်တဲ့ကိစ္စပါကွာ-- မောင်တိုင်ပင်--မင်းကလာပြီးရေးကြီးခွင်ကျယ်လာလုပ်နေသေးတယ်။ ကျနော်ပြောခဲ့ပါပြီ။ ကျနော်တို့ စီးပွားရေးမော်ဒယ်ဟာ ရိုးရှင်းပါတယ်။ စိုက်ပျိုးရေးကို အခြေခံတယ်ဆိုတာ--အခုကိစ္စက မြန်မာပြည်မှာ ပဲကုန်သည်တစ်စု ခွက်ပျောက်တာမဟုတ်ဘူး။ နောက်ကပဲစိုက်တဲ့တောင်သူလယ်သမားတွေပါ ပါနေပါတယ်။ အောက်တိုဘာလလောက်ဆို ပဲစိုက်ဖို့ စပါတော့မယ်။ အရင်ကဆိုရင်ပဲစိုက်တဲ့လယ်သမားနဲ့ ပဲကုန်သည်တွေအကြား မသိသာတဲ့ ဆက်နွယ်မှုရှိပါတယ်။အရင်တုံးကတော့ အိန္ဒိယ နဲ့ စင်ကာပူကပဲကုန်သည်တွေဟာ မြန်မာရဲ့ပဲစိုက်ပျိုးမှု အခြေအနေတွေကိုစုံစမ်းထောက်လှန်းပြီး ပဲပေါ်ချိန်မှာ ဈေးကွက်ကစားကြပါတယ်။ဒါပေမဲ့မြန်မာကုန်သည်တွေက နောက်ပိုင်းမှာပိုလည်ပတ်လာပြီး အိန္ဒိယနိုင်ငံထဲကပဲစိုက်ပျိုးထုတ်လုပ်တဲ့သတင်းအချက်တွေကိုစုဆောင်းလာပါတယ်။မြန်မာပဲကုန်သည်တွေဟာခြေလှန်းသွက်လာပြီးအိန္ဒိယရဲ့ ပဲစိုက်ပျိုးမှုအခြေအနေ နဲ့ပဲတင်သွင်းမှုအခြေအနေတွေ နယ်မြေတွေအထိ ဆင်းပြီးဈေးကွက်သတင်းထောက်လှန်းကြပါတယ်။  စီးပွားကူးသန်းကောမာစ်ဂျာနယ် ကနေသတင်းအချက်အလက်တွေမျှဝေ ခဲ့ကြပါတယ်။ ဒါကြောင့် ပဲစိုက်တဲ့ ဒေသတွေမှာလယ်သမားအဆင့်အထိ ကောမာစ်ဂျာနယ် ဖတ်ကြတယ် လို့ သတင်းကြားသိရပါတယ်။ အဲတော့ ကျနော်တို့တောင်သူတွေကို ဘာတိုးစိုက် ဘာလျှော့စိုက်စသည်ဖြင့်သတင်းအချက်အလက်များပေးရပါတော့မယ်။ potential market ရဲ့ အခြေအနေတွေကိုတွက်ဆပြီး အစိုးရအဖွဲ့တာဝန်ရှိသူ စီးပွားကူးသန်းအနေနဲ့ လုပ်ရပါတော့မယ်။ဒါကြောင့်နောက်ကတောင်သူလယ်သမားတွေပါ ပါလာမှာဖြစ်လို့ အိန္ဒိယက ကျေညာချက်တဲ့ ပဲစဉ်းငုံ၊မတ်ပဲ၊ပဲတီစိမ်း ကိစ္စဟာမြန်မာ့စီးပွားရေးကိုအဓိကရိုက်ခတ်လာနိုင်ပါတယ်။ယနေ့ပဲ ပဲကုန်သည်တွေ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုသွားရောက်တွေ့ဆုံတင်ပြမယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းကုန်စည်ဒိုင်ကလည်း ရန်ကုန် မှာပဲဈေးကွက်ကို မဖွင့်ပဲပိတ်ထားမယ် လို့ ကြားသိရပါတယ်။ဒါကလည်း distorted pricing မဖြစ်အောင်ကာကွယ်ရတာပါ။

အဲတော့ပဲစိုက်မဲ့ရာသီမရောက်လာမီ ပဲဈေးကွက်အခြေအနေတွေ ဘာဖြစ်လာနိုင်သလဲဆိုတာ စီးပွားကူးသန်းနဲ့စိုက်ပျိုးရေး ဝန်ကြီးဌာနများအနေဖြင့် UMFCCI နှင့် ပဲနှမ်းအသင်းတို့ နှင့်အတူအိန္ဒိယအစိုးရမှ တာဝန်ရှိသူတွေနဲ့တွေ့ဆုံညှိနှိုင်းဆွေးနွေးသင့်နေပါပြီ။သံတမန် လယ်ဗယ် လောက်မှာပြောနေလို့ကမထိရောက်ပါ။ ဒီလိုလုပ်တဲ့အတွက် သူတို့စားသုံးသူတွေဈေးသက်သက်သာသာ နဲ့ဝယ်စားနိုင်သော်လည်း အိန္ဒိယလယ်သမားတွေကတော့ ဈေးတွေကျကုန် လို့အော်နေပါပြီ-- tip for tap သူတို့ပိတ်တဲ့အတွက် ငါတို့လည်းပြန်ပိတ်မယ် လို့ လုပ်မရပါဘူး။ အိန္ဒိယကဆေးတွေကို ဈေးနှုန်းသက်သက်သာသာ ဖြင့်အရည်အသွေးမှီမှီ မြန်မာနိုင်ငံတွင်းသို့ တင်သွင်းနေတာပါ။ ပဲကိစ္စကိုအစိုးရမှ ပဲကုန်သည်တစ်စုလောက်ပဲထိခိုက်နိုင်တာပါဆိုပြီးလစ်လျူရှုထားလို့မရပါဘူး။နောက်ကွယ်မှာ ပဲစိုက်တဲ့တောင်သူလယ်သမားတစ်ရပ်ရှိနေပါတယ်။ အချိန်ဆွဲနေမယ်ဆိုရင် မြန်မာစီးပွားရေးဟာဒိုမီနိုအကျိုးသက်ရောက်မှုများဖြစ်လာနိုင်စရာရှိ နိုင်ပါတယ်---

Saturday, August 19, 2017

Industrial estate


မနေ့က Bukit Batok Industrial Estate က Food court မှာ ဆြာဂျီးရွှီးကဘဲကင်၊ဝက်နံကင်တွေကောင်းတယ်-- တို့ lunch သွားစားမယ်ဆိုပြီး စလုံးက သူရဲ ၄ ကောင်ကိုဖိတ်လို့သွားကြတယ်။ မောင်တိုင်ပင်အတွက်တော့ပျင်းစရာနေ့ တစ်နေ့ မဟုတ်တော့ဘူး။ ဘာကြောင့် လဲ ? သက်လား ?
စင်ကာပူက Industrial Estate တွေကိုရောက်ဘူးချင်တာရယ်-- ကံကကောင်းချင်တော့ တစ်ယောက်နဲ့တစ်ယောက်မစပ်စုမိလို့ပဲရှိရမယ်-- စလုံးသူရဲ ၅ ကောင်အနက် bro ကိုအောင်စိန်က Bedok Industrial Estate ကိုတာဝန်ယူရတဲ့ မန်နေဂျာဖြစ်နေတာကိုသိလိုက်ရတော့ ကိုအောင်စိန်ဟာ မောင်တိုင်ပင် အတွက်အရေးကြီး ဗျူးစရာ စယ်လီဘရစ်တီ တစ်ယောက်ဖြစ်သွားပါတယ်--ဘယ်နှယ်ဗျာ -- ရှားရှားပါးပါး ဒီလို သောက်စာရင်းရှုပ်တဲ့ စင်ကာပူ industrial estate မှာ ၁၀ နှစ်ကျော်အတွေ့ အကြုံ ရှိနေတဲ့ သူပဲဗျာ -- ရေုးပီးရင်တော့ ဂျောင်းပေါ့ --အခုတော့ ဖူးဖူး ဖူးဖူး နဲ့ မှုတ်ထားရမဲ့ လူ-- စထှာဘာ စထှာဘာ--
စင်ကာပူ industrial estate တွေအကြောင်း A to Z အကုန်သိတဲ့ လူနဲ့ စကားထိုင်ပြောခွင့်ရတာ နည်းတဲ့ အခွင့်အရေးလားဗျာ--
စင်ကာပူမှာ Industrial Estate သို့မဟုတ် Business Park ပေါင်း. ၂၀ ကျော်ရှိတယ် ဒါထက်များချင်လည်းများနိုင်တယ်--အရေအတွက်ကအရေးမကြီးပါဘူး--Bukit Batok industrial estate က အသစ်ဆောက်ထားတာမကြာသေးဘူး--basement အပါအဝင်အထပ်ပေါင်း ၇ ထပ်လောက်ရှိပါတယ်-- structure ကအခြားအဆောက်အဦးတွေနဲ့မတူပဲကြီးမားခိုင်ခန့်ပုံရပါတယ် -- 40 foot container တင်ထားတဲ့ကားတစ်စီး ကောင်းကောင်း မောင်းတက်လို့ ရပါတယ်--သက်ဆိုင်ရာစက်ရုံယူနစ်ရှေ့ ထိမောင်းလာနိုင်ပြီး ပစ္စည်းတင်နိုင်တယ်--ချနိုင်ပါတယ်--ကိုင်တွယ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကအမျိုးမျိုးရှိပါတယ်--တချို့ ယူနစ်တွေကပစ္စည်းသိုလှောင်ကြပါတယ်--တချို့ ဆိုရင်ဟိုတယ်ကြီးတွေမှာ မချက်ပြုတ်တော့ပဲ industrial estate unit မှာပဲလာချက်ပြုတ်ပြီး finished products တွေကိုဟိုတယ်ပြန်ယူသွားပြီးပြင်ဆင်ဧည့်ခံကျွေးမွေးမှု လုပ်တယ် လို့ သိရပါတယ်--တချို့ လည်း COE ပြည့်သွားတဲ့ တန်ဖိုးကြီးကားတွေကပစ္စည်းတွေကိုကိုဖြုတ်ပြီး scrap လုပ်တယ်လို့လည်းသိရပါတယ်--Sin Min auto car industrial estate ဆိုရင်ကားပြင်တဲ့ ဝပ်ရှော့တွေ အများကြီးရှိပါတယ်--ဘာလုပ်ငန်းတွေရှိရမယ်ဆိုတာ သူဟာနဲ့သူသတ်မှတ်ချက်ရှိပါတယ်----food industry တော့ တော်တော်များများရှိလိမ့်မယ်ထင်တယ်--
သူငယ်ချင်းကိုအောင်စိန်ကတော့ သူကုမ္ပဏီက industrial estate တစ်ခုလုံးရဲ့ engineering and management ကိုတာဝန်ယူရပြီး သူကိုအဲဒီEstate မှာမန်နေဂျာအဖြစ် တာဝန်ပေးထားပါတယ်- -၇ထပ် အဆောက်အဦမှာ ယူနစ်ပေါင်း၃၀၀ လောက်ရှိပါတယ်--အဆောက်အဦရဲ့  M&E လုပ်ငန်းတွေရဲ့ maintenance တွေကို sub contract စနစ်နဲ့ အချိန်မီ ပြီးစီးအောင်ဆက်သွယ်လုပ်ကိုင်ပေးရပါတယ်--ကားတွေရပ်တာကအစအဝင်အထွက်တွေ manage လုပ်ရတာဖြစ်လို့ အင်မတန်ခေါင်းစားရတယ် လို့ ကိုအောင်စိန်ကပြောပြပါတယ်--လျှပ်စစ်မပြတ်ဖို့က ကန်ထရိုက် ယူထားတဲ့ ကုမ္ပဏီကတာဝန်ယူရပြီး supply တစ်ခုခု ပြတ်သွားတာနဲ့ချက်ချင်းရအောင်လုပ်ပေးရပါတယ်-- သူတို့ကုမ္ပဏီအနေနဲ့တိုက်ရိုက်လုပ်တာမဟုတ်ပေမဲ့ sub contractor တွေနဲ့ အချိန်မီဆက်သွယ်ပြီးအချိန်မီ ပြီးအောင် လုပ်ဖို့တာဝန်ရှိပါတယ်--estate တစ်ခုမှာယူနစ်တစ်ခုဟာအကျယ်အဝန်း ၃၀၀-၄၀၀ sq meter လောက်ရှိတတ်ပါတယ်--အကျယ်အဝန်းကအမျိုးမျိုးရှိတတ်ပါတယ်--ပိုက်ဆံချမ်းသာတဲ့တချို့ ဘောစိတွေကတော့ ယူနစ် ၄-၅ ခုဝယ်ထားပြီး ပြန်ငှားစားတတ်ပါတယ် -- ယူနစ်တစ်ခု ဟာအနည်းဆုံးဒေါ်လာ ၁ သန်းကျော်လောက်တန်ဖိုးရှိပြီး တတ်ဆင်မဲ့စက်ပစ္စည်း တွေ တန်ဖိုးမပါဝင် နိုင်သေးပါဘူး-- မြေနေရာရှားပါးတဲ့ စင်ကာပူ လို ကျွန်းနိုင်ငံအနေနဲ့ ဒီ လိုindustrial estate တွေဟာ ကျစ်လစ်ပြီးဆိပ်ကမ်းတွေနဲ့ နီးနေတာကြောင့်ချက်ချင်းတင်ပို့ နိုင်သလို packaging ပြောင်းချက်ချင်းလိုတဲ့နေရာဆီတင်ပို့နိုင်တဲ့ အခွင့်အလန်း လည်းရှိနေတာကြောင့်စင်ကာပူလိုနိုင်ငံအတွက် အဆင်ပြေ တွက်ချေကိုက်ပါတယ်--small and medium industries အတွက်သင့်လျော်ကိုက်ညီတယ်လို့ဆိုနိုင်ပါတယ်--
မောင်တိုင်ပင်ကတော့ ရန်ကုန်လိုနေရာမျိုးနဲ့ ကိုက်မကိုက်ကိုချိန်ထိုးနိုင်းယှဉ်ကြည့်ပါတယ် --ဘာပဲပြောပြော မြေပေါနေသေးတဲ့ မြန်မာနိုင်ငံအတွက် ကိုက်ညီမှုမှရှိနိုင်ပါ့မလားလို့ ယူဆနိုင်ပေမဲ့ ဒီ industrial estate ကယူနစ်တွေဟာ compact ဖြစ်တဲ့အပြင်တစ်နိုင်တစ်ပိုင်စီမံအုပ်ချုပ်နိုင်ပါတယ်--နောက်တစ်ခုကစက်မှုကုန်ထုတ်လုပ်ငန်းသာမကလုပ်ငန်းစုံလုပ်ကိုင်နိုင်တဲ့အခွင့်အရေးလည်းရှိနေပါတယ်--သို့သော်လည်း ရန်ကုန်မှာမြူနီစပယ်လုပ်ငန်းများ efficient မရှိသေးတဲ့အတွက် estate ရဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုမြို့ ရဲ့ မြူနီစပယ်လုပ်ငန်းတွေနဲ့ဆက်စပ်မလုပ်ကိုင်သေးပဲတစ်ဦးတည်းသီးခြားလုပ်ကိုင်ရမှာဖြစ် ၍ကုန်ကျစရိတ်များပြားလာနိုင်ပါတယ်--
မင်းကွာ--စက်မှုဇုန်တွေတောင်ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်သေးပဲနဲ့ စင်ကာပူပုံတူကူးချပြီးစဉ်းစားနေသေးတယ်လို့ပြောချင်ပြောနိုင်ပါတယ်--ပုံမှန် စက်မှုဇုန်ထောင်မယ်ဆိုရင် လယ်ယာမြေအမြောက်အများသိမ်းယူပြီး စက်မှုဇုန်တွေတည်ထောင်တာ ဖြစ် သလို infrastructure တည်ဆောက်မှု အတွက်လည်းငွေတွေအများကြီးကုန်ကျနိုင်တာကြောင့် developer ရဲ့ ဘဏ္ဍာရေးအခြေအနေတောင့်တင်းမှုအပေါ်အများကြီးမူတည်ပါတယ်--industrial estate တွေကို အမှတ် ၃ လမ်းမကြီးဘေးတစ်ဖက်တစ်ချက်မှာ အနာဂတ်ရဲ့ မြို့ ပြစီမံကိန်းနဲ့ in line ဖြစ်အောင်လုပ်ပြီး စီမံကိန်းချ plan ဆွဲထားနိုင်ရင် ရေတိုကာလအတွင်းတိုးတက်လာနိုင် တဲ့အခြေအနေရှိတာကြောင့် ထည့်သွင်းစဉ်းစားလို့ရပါတယ်--စိတ်ဝင် စားကြတယ်ဆိုရင်သေချာလေ့လာပြီးတင်ပြပေးနိုင်ပါမယ်--
မောင်တိုင်ပင်
၁၂-၀၆-၂၀၁၇

ကျောင်းတုံးကအကြောင်း

ချီးစိန်အတွက်မှန်နာစပ်တီးကို မောင်တိုင်ပင်ပဲရေးလိုက်တော့မယ်--ဖစ်ရှင်ပါ--ကျောင်းတုံးကသူကိုယ့်သူစက်မှုအငြိမ့်မင်းသမီးဆိုပြီးတော်တော်ကြီးကျယ်တယ်--ငါကိုစကားတောင်မပြောဘူး-- အခုကြီးမှ မန်ကျ သွားပြီး အကိုမောင်တိုင်ပင် နဲ့ခေါ်တာ--ဒါတောင်နံမည်အမှန်မခေါ်ချင်ဘူး-- ဟင်းပြောလိုက်ချင်ဘူး--
သိတယ်မဟုတ်လား-- ဆြာဂျီးရည်စားစာပေးခံရတာသူလည်းမလွတ်ဘူး--တစ်ရက်ဂျပုကဂျောင်ပိတ်ဖမ်းပြီး building 2 အကွယ်လေးမှာရည်စားစာပေးပါလေရော-- ဖြစ်ကြောင်းရယ်ကုန်စင်ပြောရရင်--အမှန်တော့ ဗစ်တာအောင်မြင်တို့ကနောက်ပြီးစာအိပ်အလှလေးထဲကရည်စားစာကိုထုတ်--သူတို့လကုန်ရက် ၃၆၉ မှာ ထမင်းသွားစားစရာပိုက်ပိုက်မရှိတော့ လို့ ဂျပုရဲ့ Orient နာရီကိုအင်းစိန်ကတရုတ်အပေါင်ဆိုင် (ကြုံစိန်ဦးလေးဆိုင်) မှာသွားပေါင်ထားတာ ၂၀ကျပ်ရတယ် အဲဒီလက်မှတ်ကိုပြောင်းထည့်ထားတာ နောက်အောင်မြင်က ဉာဏ်တော်တော်ပြေးတယ် " ညီမလေးရယ် အစ်ကိုတို့ မှာ အရေးတကြီး သုံးစရာလို လို့ အပေါင်ဆိုင်မှာပေါင်လိုက်ရပါတယ် အစ်ကိုတို့ ကို ခင်ရင် ပြန်ရွေးပေးပါလာကွာ"-- လို့စာတစ်စောင်လည်းရေးလိုက်သေးတယ် -- သူရယ်လို့တော့မဟုတ်ဘူး-- ဘယ်သူဖြစ်ဖြစ်မကောင်းသူထိပ် ပေါ့ ဂျပု ကရည်စားစာ ၂၀ လောက်အဆင်သင့် လုပ်ထားတာ--၁၉၆၉-၇၀ တစ်ဝိုက်လောက်ကပေါ့--
ဂျပုပေးတော့ ချီးစိန်ကမူစကီလုပ်နေသေးတယ် -- ဂျပုရုပ်က မယူရင် ဖက်နမ်းမယ့် ပုံပေါက်နေတော့ ကြောက်တော့ ကြောက်သား --ငါလိုနံမည်ကြီးစက်မှုစိန်ကို ဒီအီးပေါက်ရင်ဖုန်ထ တဲ့ ဂျပုက စာလာပေးရသလားဆိုပြီးလဲစိတ်မှာခုတုတု နဲ့ ယူလိုက်ရတယ်--ဂျီဟောကိုအတန်းပြီးလို ပြန်သွားတော့ စာ ပါသွားတာပေါ့--အဆောင်ရောက်တော့ ဂင်ယု တို့ကိုကြော်း တာပေါ့ (ရခိုင်အသံထွက်ပါ)ပြောပြောဆိုဆို ပဲ unit operation စာအုပ်ကြားတဲ့ ညှပ်ထားတဲ့ ဂျပုစာကို ဂင်ယုပစ်ပေးလိုက်တယ်--" ဟိုလူစဉ်မမှီတဲ့ ကောင်ပေါ့ -- ငါ့ ချောင်ပိတ်ပြီးစာလိုက်ပေး လို့ ယူလိုက်ရတယ်-- အမှန်တော့ သူကလည်းယူချင်ချင် mechanical ကငတိတွေဆိုတော့ အဟီး chemical က မမတွေကစိတ်ဝင်စားပြီးသား--ဟုတ်လား--
ဂင်ယုကဖေါက်ပြီး " နင့်ဟာကအပေါင်လက်မှတ်ကြီးပါလား --အမယ် စာတိုလေးလည်းရေးထားသေးတယ်--ဟယ်နင့်ကိုရွေးခိုင်းတာတော့--" လို့ပြောလိုက်တော့ " ပြစမ်းပြစမ်း " ဆိုပြီး ဗစ်တာအောင်မြင်ရေးထားတဲ့ စာကိုဖတ်ပြီး "ဟယ်တော့ ငါတော့သွားရွေးပေးမှကောင်းမယ်နဲ့ တူတယ်နော်" တဲ့ -- ချီးစိန်တို့များ ရိုးတာ--
သူစာပေးတိုင်းတို့ ကလိုက်ရွေးပေးရမှာလား--ဟိုသူရည်းစားက ဖဲရှုံး လို့ လက်ဝတ်လက်စားတွေ ချွတ်ပေးလိုက်ရတဲ့ အစ်မ လိုဖြစ်နေလိမ့်မယ်" လို့ဓါတုမေဂျာ ကမုံမြို့  သူကတစ်ယောက်ကဝင်ပြောလိုက်ပါသေးတယ်-- 
အေးလေ--" ငါပဲသိမ်ထားလိုက်မယ် " ဆိုပြီး စက်မှုစိန် က ပိုက်ဆံအိတ်လေးထဲ ထည့် ထားလိုက်တယ်--နောက် တနင်္လာနေ့ မနက်ပိုင်း Mechanical ကငတိတွေ 1-3-3 ရှေ့ မှာ ဆရာအလာစောင့်နေကြတုံး ဂျပု ရယ် ဗစ်တာရယ် ထိန်လင်းရယ် ဒီမနက်ပဲ ဂျပု စာပေးခဲ့တဲ့ Textile က မဲပု အကြောင်းပြောနေတုံး ချီးစိန် နဲ့ ချီးယု ၂ ယောက်သားမျက်လွှာလေးတွေချပြီးရောက်လာကြတယ် -- ချီးယု က Leo dog ကျော်ဝင်းတို့အုပ်စုကိုကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့ ကံကောင်းတယ်-- လှအောင်ကအဆောင်မှာ အိပ်တုံး--ဂျီအုန်း ပဲ ရှိနေလို့ တော် တော့တယ်--
လှအောင်ကြီးများရှိနေလို့ ကတော့ " အမလေး ဂေယု နေ့ ငါချေ့ တယ် " လို့များအော် လိုက်ရင်တော့ သောက်ကျိုးတော့ နည်းတော့ မှာပဲ ဆိုပြီး ချီးစိန် ကို မြန်မြန်လုပ်ဆိုတဲ့ သဘောနဲ့ လက်ကုတ် လိုက်ပါတော့တယ်--ချီးစိန် လည်းအိတ်ထဲက Orient နာရီကိုထုတ် ဂျပုရှေ့ ရပ်ပြီး " ရော့-- နင့်နာရီ " ဆိုပြီးထုတ်ပေးလိုက်တော့ ဂျပု ခမျာသူ့ နာရီကြီးလာပေးတာဆိုတော့ ကြောင်းအမ်းအမ်းနဲ့ဘုမသိဘမသိယူလိုက်ရတာပေါ့--
လက်သည်တရားခံ ဗစ်တာဆီက "ခွီး" ကနဲအသံကြားလိုက်ရတော့ ငနပ်ကြီးဝင်းထိန်ဦး ဒီကောင်လက် ချက် ဆိုတာတန်းသိလိုက်တယ်--
အဲဒီချိန်မှာ ခွေးခြင်္သေ့ ကျော်ဝင်း နဲ့ ဂျီအုန်း က ဘာလဲ ဘာလဲ နဲ့ စပ်စု လိုစိတ် နဲ့ ချီးစိန် တို့ နားကပ်လာတော့နဂိုကမှ ကျော်ဝင်းတို့အုပ်စု ကို အသေကြောက်တဲ့ ချီးယု ခမျာ စက်မှုစိန်ကို လက်ဆွဲ ပြီး LCR ထဲပြေးဝင် သွားပါလေရော--
ဗစ်တာကအကြောင်းစုံရှင်းပြတော့မှဂျပုလည်း သဘောပေါက်သွားတယ်--အင်း စဉ်းစားကြည့်ရင်ချီးစိန်အပေါ်အကြွေး ၂၀ ကျပ်တင်ခဲ့တာ ၁၉၇၀ ခုနှစ်ကတည်းကဆိုရင် ၄၇ နှစ်ရှိခဲ့ပြီ-- ဂင်ယုကော ချီးစိန်ကော ရှက်တာနဲ့ ပြန်မတောင်းရဲပဲ မသိချင်ယောင်ဆောင်ခဲ့တယ် -- ကဲ-- ဂျပု နဲ့ ချီးစိန် အကြွေး၂၀ ကျပ်တင်ခဲ့ရာမှာ ၂၀၁၇ ခုနှစ်ထဲ ပြန်ဆပ်ဖို့ အချိန်တန်ပါပြီ -- မောင်တိုင်ပင် ရန်ကုန် ပြန်ရောက်လာရင် ဖူးဆန်း မှာ ဖြစ်ကြောင်းရယ်ကုန်စင်ပြောပြပြီး အကြွေးဆပ်ကြမယ်- ဒီအကြွေးကြီး သံသရာကိုသယ်မသွားလိုပါဘူး တဲ့ --
မောင်တိုင်ပင်
၁၆-၀၆-၂၀၁၇

ပြည်တွင်းစီးပွားရေး


လက်ရှိစီးပွားရေးအခြေအနေတွေအကြောင်းမရေးဘူးလို့တော့နေတာပါပဲ--ဒါပေမဲ့မိတ်ဆွေတွေဖြစ်တဲ့ရန်ကုန် က ကုန်သည်စီးပွားလုပ်ငန်းရှင်တွေနဲ့ viber ကဖြစ်စေ မက်စင်ဂျာ ကဖြစ်စေ ညဥ့်စဉ်လိုလိုစီးပွားရေးရာကိစ္စရပ်တွေကိုပြောဆိုဆွေးနွေးသတင်းဖလှယ်လေ့ရှိပါတယ်-သူတို့ကသူတို့ဆွေးနွေးတာတွေကိုရေးစမ်းပါ-- ရေးစမ်းပါ နဲ့ တိုက်တွန်းတတ်ပါတယ်။-လက်ရှိ hot ဖြစ်နေတဲ့အကြောင်းအရာတွေတောင်ပါ ပါသေး-ကျနော်ရဲ့အယူအဆတွေးခေါ်ထင်မြင်ချက်ကို ကမ္ဘာအခြေအနေ မြန်မာအခြေအနေတွေနဲ့ နှိုင်းယှဉ်မူတည်သုံးသပ်ပြလိုက်တော့ တော်တော်များများကိုလက်ခံပါတယ်--ဒါပေမဲ့ စောင့်တော့ကြည့်ရမယ်လို့တော့ပြောတာပေါ့--ဖွဘုတ်ပိတ်သတ်တွေကိုတော့ ဟို ၆၆ ဆိုတာကြောက်လို့ ဘာမှမတင်ပြလိုပါဘူးနော်--
ရှေးဦးစွာဝန်ခံလိုတာကယခုကျနော့်တင်ပြချက်တွေဟာကျနော်မောင်တိုင်ပင်တစ်ဦးတစ်ယောက်တည်းရဲ့ တွေးခေါ်သုံးသပ်ချက်တွေမဟုတ်ပါဘူး-- မောင်တိုင်ပင်တို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုပြန်လည် တင်ပြတာပါ--ရန်ကုန်မှာဘယ်လုပ်ငန်းရှင်မေးလိုက်မေးလိုက်စီးပွားရေးမကောင်းဘူးပဲဖြေကြတာပါပဲ၊ အဲဒီလူတွေဟာ လောလောဆယ်ကျပ်ငွေမီလီယံလောက်ကိုင်နိုင်တဲ့ လုပ်ငန်းရှင်တွေဖြစ်နေပါတယ်။--အခုခေတ်ကစစ်အစိုးလက်ထက်ကလိုတခါးပိတ်မနေတော့ပါဘူး။ငွေကြေးစီးဝင်စီးထွက်ကကောင်းမွန်လာပြီး တချို့ လုပ်ငန်းရှင်တွေဟာကျပ်ငွေကိုဘီလီယံ နဲ့ပဲစကားပြောလာကြပါတယ်။ အခုဆိုစက်သုံးဆီဆိုင်တွေနိုင်ငံခြားနဲ့ဖက်စပ်လုပ်လာကြပြီဆိုတော့ နောက် ၂-၃ နှစ်လောက်ဆို မြန်မာတပြည်လုံးဒီဖက်စပ်ဆိုင်တွေပဲတွေ့နေရတော့မှာပါ။ငွေရင်းကကြီးမားလာပြီဆိုတော့ မီလီယံလောက်ရင်းနှီးမြုပ်နှံတဲ့ဆိုင်တွေတဖြည်းဖြည်းပျောက်ကုန်သွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော်တင်ပြချက်တွေဟာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုလေးစားစွာဦးတည်တင်ပြတာဖြစ်ပါကြောင်းရှေးဦးစွာပြော ကြားလိုပါတယ်--ဘယ်နှယ်ဗျာ--လာစေချင်လိုက်တာကလည်း FDI ရင်းနှီးမြုပ်နှံမှု -- ဘယ်မှာလည်းလျှပ်စစ်--တစ်နေ့က 7 days tv turning point မှာ ဒီဂျီ ဦးအောင် နိုင်ဦးတင်ပြဆွေးနွေးသွားတဲ့ investment ကိုအဟန့်အတားဖြစ်စေတဲ့ ၄ ချက်ထဲမှာ လျှပ်စစ်ပါတယ်ဗျ-- ကျောက်မီးသွေးကမထုတ်ချင်ဘူး-- ရေအားမှ-- နေရောင်ချည် renewable မှ-- လေအားမှ နဲ့ ကမ္ဘာပတ်ဝန်းကျင် activist တွေရေးထားတဲ့ စါတမ်းတွေ reference လုပ်ပြီး ဘယ်နိုင်ငံမှာတော့ ဘယ်လိုဖြစ်ကုန်တယ်--ကျန်းမာရေးဘယ်လိုထိခိုက်ကုန်ပြီ စသည်ဖြင့်အများကြိုက်တွေဖန်တီးကန့်ကွက်နေတာကိုပုံတူကူးချ လော်ဘီ လုပ်နေတာနဲ့ပဲရှေ့ မရောက်တော့ဘူး-- ဘယ်မှာလဲတီကျစ်ကစက်ရုံမှုးကိုယ်တိုင်လာပြီး ကျောက်မီးသွေးမကောင်ဘူးဗျို့ ဘာဖြစ် နိုင်တယ် ညာဖြစ် နိုင်တယ် ဆိုလက်တွေ့လုပ်ခဲ့တာမို့ ယုံချင်ယုံရသေး-- အခုတော့ ဘာဒေါက်တာ ညာဒေါက်တာ ဆိုတဲ့ အမည်ရှေ့  ကတပ်-- တိုင်းပြည်ကတော့ ကုန်းကောက်စရာမရှိလောက်အောင်ဆင်းရဲ-- ပြည်သူတွေလူမွှေးသူမွှေးမပြောင်--အဓိကလိုတာကလျှပ်စစ်ဆိုတာတောင်-- မသိသားဆိုးဝါးစွာလော်နေကြနေလေရဲ့-- သူ့အဖေတွေက ဂက်စ်ဆိုတာကိုအောက်ဈေးနဲ့ရောင်းစားခဲ့တော့ ထုတ်စရာဆိုလို့ ဒီနည်းလမ်းပဲရှိတော့တာကို-- ကရင်ပြည်နယ် ဝကခ ကသတ္တိရှိစွာကျေညာ လိုက်တော့ ဒီ ဝန်ကြီးချုပ် ကိုပဲ လေးစားစွာဦးတည်လိုက်ရတော့တာပေါ့-- ကြည့်နေပါ--လာမဲ့ ၁၀ နှစ်အတွင်း ကရင်ပြည်နယ် ထောင်တက်သွားပါလိမ့်မယ်--ထိုင်းဖက်မှာရောက်နေတဲ့ မြန်မာလုပ်ငန်းရှင်တွေရဲ့စက်ရုံတွေသာကရင်ပြည်နယ်မှာ လာရင်းနှီးမြုပ်နှံဖို့ အခြေအနေကောင်းတွေဖန်တီးပေးပါ။
ကုန်သည်မိတ်ဆွေတွေက ရန်ကုန်ရဲ့စီးပွားရေးလောကကြီးဟာအရင်၁၀-၁၅ နှစ်တုံးကလိုမဟုတ်တော့ဘူး--ငွေရင်းကကြီးမားလာပြီး ကျပ်ဘီလီယံနဲ့စကားပြောလာတဲ့အချိန်မှာကျပ်မီလီယံလောက်ပြောနိုင်တဲ့သူတွေဟာ ကွက် ပျောက်နေပါတယ်-တဲ့--ကုန်ပစ္စည်းထုတ်လုပ်သူဖြစ်စေ ကုန်ပစ္စည်းတင်သွင်းသူဖြစ်စေ ကုန်သည်လုပ်ငန်းရှင်တွေဟာ ကြားထဲမှာသူတို့ရောင်းကုန်တွေအတွက် လက်ကားကိုယ်စားလှယ်ပင်မထားတော့ ပဲလက်လီ outlet တွေအထိကိုယ်တိုင် distribution လုပ်လာကြတဲ့အတွက်ကြားထဲက လက်ကားသမားတွေကွက်ပျောက်ဖြစ်ကုန်ကြပါတယ် တဲ့-- ဒါကြောင့်လည်းပဲ ဆန်တစ်ခုကလွဲလို့ ဘုရင်နောင်လက်ကားဈေး၊ ညောင်ပင်လေးဈေး တွေမှာ စီးပွားရေးလုပ်ငန်းတွေတော်တော်များများ'အ' ကုန်ပါတယ်--အရင်တုံးကလို--ဟိုကုန်သယ်ဒီကုန်သယ် နဲ့အလွန်နည်းသွားပါတယ်-- ဒါဟာလက်ကြီးသမားပင်ရင်းတွေဟာ လက်လီဈေးကွက်တွေထိကိုယ်တိုင်ဆင်းလာပြီးငွေအင်အားပမာ ဏကလည်းကျပ်ဘီလီယံ နဲချီများပြားလာပါတယ်--
ကိုကာကိုလာကိုကြည့်ပါ-- မြစ်ကြီးနားမှာလည်း၁ပုလင်း၃၀၀ကျပ် ရန်ကုန်မှာလည်း ၁ ပုလင်း ၃၀၀ ကျပ်ပါ--မောင်တိုင်ပင်တို့ ကုန်သွယ်လယ်ယာဆိုရှယ်လစ်ခေတ်ကချင်းပြည်နယ်မှာလည်းဆန် ၁ ပြီ ၂:၅၀ ကျပ် ပုသိမ် မှာလည်း ဆန် ၁ ပြီ ၂:၅၀ ကျပ်ဆိုတုံးက ဒီဦးဘငြိမ်ဆိုတဲ့ပုဂ္ဂိုလ် သယ်ယူပို့ဆောင်ကိုင်တွယ်စရိတ်ထည့် မတွက်ခဲ့ ဘူးလားပြောခဲ့ကြတယ်--အခုလက်ကြီးသမားတွေကအကုန်စါးရိတ်တွက်ပြီးသား-- ဘယ်နေရာရောက်ရောက် ဒီဈေးပဲ-- ဈေးကွက်ကိုအားလုံးဖြန့်ချပစ်လိုက်တာ--အမြတ်များတဲ့နေရာ နည်းတဲ့နေရာတွေ မျှသွားတာပေါ့--
နောက်ပြောချင်တာတစ်ခု--မြန်မာမှာလူကြိုက်များပြီး အင်တာနေရှင်နယ်မှာထုတ်တဲ့ ထုတ်ကုန်တွေကိုလိုင်စင်ဝယ်ယူပြီး အိမ်နီးနားချင်းနိုင်ငံတွေမှာ ထုတ်လုပ်တယ်-- ယူနန်၊ မလေးရှား၊ ထိုင်း စတဲ့နေရာတွေမှာ စက်ရုံထောင်ရတာလည်းလွယ်တယ်-- ကုန်ပစ္စည်းထုတ်လုပ်ရတာဈေးသက်သာတယ်-- အမယ် skilled labour တောင်မြန်မာတွေပါပဲ-- ပြီးမှ ပိုင်ရှင်က မြန်မာ ပြည်ထဲကို သွင်းကုန်ပါမစ်နဲ့ သွင်းတယ်-- ပြည်တွင်းမှာ သူကိုယ်တိုင် လက်လီ အထိဖြန့်တယ် လက်ကားဆိုတာဖျောက် ထားတယ်--ဘာကြောင့်အိမ်နီးချင်းနိုင်ငံတွေမှာသွားထုတ်လုပ်တာလည်းလို့မေးကြည့်တော့မြန်မာပြည်မှာထုတ်ရင်အခွန်အခကြီးလို့တဲ့-- ကုန်ကြမ်းသွင်းရင်အခွန်အခကတစ်မျိုး ကုန်ချောဖြစ်လာရင်အခွန်အခကတစ်မျိုး--နောက်စက်ရုံထောင်ဖို့ မြေနေရာအခက်အခဲ-- ကိုယ်ပိုင်မြေရှိတောင်သွားလိုက်ရတဲ့ဌာနဆိုင်ရာတွေ-- အရစ်ခံလိုက်ရတာလည်းလှုပ်လို့တောင်မရ-- တဲ့-- ဒါတွေဟာကိုယ်တိုင်လုပ်ဖူးတဲ့သူရှိမှ သိပါလိမ့်မယ်။ အဲတော့ အိမ်နီးနားချင်းနိုင်ငံတွေမှာပဲစက်ရုံထောင်ပြီး ပြန် import သွင်းတာကတွက်ချေအကိုက်ဆုံးဖြစ်နေတယ်။ အရေးကြီးဆုံး ပြောဖို့ကျန်သွားတယ်-- မြန်မာမှာလျှပ်စစ်ကသေမှ မသေချာတာပဲ။ဒီလိုငွေရင်းကြီးတဲ့အလုပ်တွေလုပ်နေကြတဲ့ မြန်မာလုပ်ငန်းရှင်တွေအများကြီး တဲ့-- သူတို့စီးပွားရေးတွေဖြစ်နေတော့ ဘာပစ္စည်းတွေလဲဆိုတာမပြောလိုပါဘူး။ သက်ဆိုင်ရာတာဝန်ရှိတွေပဲစုံစမ်းကြည့် လိုက်ပါ။အလှကုန်ပစ္စည်းတွေနဲ့ စားကုန်ပစ္စည်းတွေတော့ များပါလိမ့်မယ်။
အဲတော့ကွက်ပျောက်နေကြတဲ့အလယ်အလတ်သမားကုန်သည်တွေ အနေနဲ့ ဘာမှလုပ်စားစရာမရှိကွက်ပျောက်နေကြတယ်။ သူတို့ ကို labour intensive ဖြစ်တဲ့အဲလို SME ထုတ်လုပ်မှုလုပ်ငန်းလေးတွေကို ပြည်တွင်းမှာပြန်ဝင်လာပြီးရင်းနှီးမြုပ်နှံလာအောင်လုပ်ကြပါအုံး-- အဲလိုလုပ်နိုင် ဖို့အတွက် ဝန်ကြီးဌာတစ်ခုထဲနဲ့တော့လုပ်မရနိုင်ဘူး။ဘာတွေလုပ်ရမလဲဆိုတော့--
(၁) အလုပ်သမားကောအလုပ်ရှင်ကော လက်ခံနိုင်လောက်တဲ့စည်းကမ်းချက်တွေ ပြန်လည်သတ်မှတ်ဖို့ပါပဲ--
(၂) အခွန်ဥပဒေစည်းမျဉ်းတွေကရှုပ်ထွေးပြီး လုပ်သာကိုင်သာမရှိပဲအခွန်ထမ်းကိုလယ်ပင်းညှစ်ဖို့စဉ်းစားလုပ်ဆောင်နေသရွေ့ တိုင်းပြည်ဖွံ့ ဖြိုးမတိုးတက် လာနိုင်ပါ။ အခွန်ဌာန ကမိုးကျတွေလုပ်နည်းတစ်ခုရှိပါတယ်။ဒီနှစ်ဒီမြို့ နယ် က ကျပ်သိန်းပေါင်း၁၀၀၀၀ အခွန်ရခဲ့ရင် နောက်နှစ် ဘာမှမစဉ်းစားနဲ့ ကျပ်သိန်းပေါင်း ၁၂၀၀၀ ပဲဆိုတဲ့ ပညာသားမပါ တဲ့သတ်မှတ်ချက်မျိုးရှိခဲ့ဘူးပါတယ်။ သူများနိုင်ငံက ဘယ်လိုအခွန်ကောက်သလဲလေ့ လာဖို့လိုပါတယ်။
(၃) စက်ရုံမြေနေရာပိုင်ဆိုင်မှုကိစ္စ ကိုအရှင်းဆုံးဖြစ်အောင်လုပ်ပေးဖို့ လိုပါလိမ့်မယ်။
(၄) နောက်ဆုံးတစ်ခုကတော့ လျှပ်စစ်ကိစ္စပါ။
အထက်ပါအချက်တွေဆောင်ရွက်ပေးနိုင်မှပဲ အိမ်နီးချင်းနိုင်ငံတွေမှာစက်ရုံတည်-- ပစ္စည်းထုတ်လုပ်-- ပြည်တွင်းကို import ပြန်သွင်း လုပ်နေတဲ့လုပ်ငန်းရှင်တွေပြည်တွင်းမှာ ပြန်ရင်းနှီးမြုပ်နှံလာအောင်business environment ကိုပြောင်းလဲပြုပြင်မှသာလျှင် ဂျက်လေယာဉ်ကြီး take off လုပ်လို့ရပါမယ်။ 
Wholesale markets တွေလေ့လာကြည့်ပါ။ ဘာတွေဖြစ်နေလဲ? ဘာတွေပြုပြင်ပေးရမလဲ? သိလာပါလိမ့်မယ်။ လျှပ်စစ်မသေချာတဲ့နေရာ၊ မြေနေရာ အာဏာပိုင်ကထုတ်ပေးသည့်တိုင်အရင်ပိုင်ခဲ့တဲ့ လယ်သမားကလာကန့်ကွက် လို့ဘာမှမလုပ်နိုင်၊ skilled labour ရှားပြီးလုပ်ခလစာတွေဈေးမြင့်၊ အလုပ်သမားဆန္ဒပြမှုများ အာမ မခံနိုင်၊အခွန်အခတွေအမျိုးမျိုးကောက်ခံ၊ စတဲ့ နိုင်ငံမှာ ကိုယ့်ပြည်တွင်းကလုပ်ငန်းရှင်တွေ အိမ်နီးချင်းနိုင်ငံတွေမှာ ပုံစံအမျိုးမျိုး နဲ့ ရင်းနှီးမြုပ်နှံနေတာတွေ ပြန်ရောက်အောင်လုပ်နှိင်မှာသာ ပထမနှစ် phase (1) အောင်မြင်မှု ရလာနိုင်ပါလိမ့်မည်-- 
မောင်တိုင်ပင်

ဈေးကွက်သဘောတရား

တစ်နေ့က မောင်တိုင်ပင်တို့တတွေ marketing မှာ အိမ်နီးချင်းယိုးဒယားကိုမလိုက်နိုင်တဲ့အကြောင်းအရင်ကပိုစ့်တွေမှာရေးခဲ့ဘူးပြီ--ကျော်တို့မြန်မာတွေယိုးဒယားကိုစစ်နိုင်လို့ရှိရင်ယိုးဒယားလက်မှုပညာရှင်တွေခေါ်လာပြီးရွာတည်ပေးတယ်--အလုပ်ပေးတယ်--သူတို့အဆက်အနွယ်တွေကတဆင့်မြန်မာအချို့ ဆီအနုပညာပိုးလေးတွေကူးစက်သွားလို့သာတော်သေးတယ်လို့ပြောရမလိုပဲ--
အိုင်ဒီယာပေါ့ ဗျာ -- အနုပညာအိုင်ဒီယာ--ဒါလေးဒီလိုဖန်တီးလိုက်ရင် basis ကဒါတော့ ဒါပဲ-- ဒါပေမဲ့ artist Idea လေးပေါင်းစပ်ပေးလိုက်တော့ တန်ဖိုးကနည်းနည်းတက်သွားတာပေါ့--one village one product လုပ်တုံးကလည်းအရင်စီးပွားကူးသန်းဝန်ကြီးလက်ထက်ကကြိုးပမ်းအားထုတ်ခဲ့ဘူးပါရဲ့ -- မြန်မာရဲ့ ထုံးစံအတိုင်းကောက်ရိုးမီးဖြစ်သွားတာကတော့ နှမျောစရာပါ--အစားအသောက်တွေ အနုပညာလက်မှု ပစ္စည်းတွေ သက်ဆိုင်ရာ ကျေးလက်တွေမှာလုပ်တဲ့ အခါ စောနကပြောတဲ့ အိုင်ဒီယာ လိုနေတာရယ် ဆွဲဆောင်တဲ့ ထုပ်ပိုးမှု မဖြစ်တာရယ်ကြောင့် ဝယ်သူကို မဆွဲဆောင်နိုင်ခဲ့ဘူး--မြန်မာ ရိုးရာမုန့် snack တွေအများကြီးပါ--သန့်ရှင်းစွာ ထုတ် လုပ်ဖို့ရယ် ဈေးကွက်ဆွဲဆောင်နိုင်တဲ့အိုင်ဒီယာ တစ်ခု ကို value adding အနေနဲ့ပေါင်းစပ်ထုတ်လုပ် ဖို့ လိုနေတာပါ--
ဥပမာ tea leave ဆိုတဲ့ ကုန်ပစ္စည်းဆိုရင်တရုတ်ပြည် အင်္ဂလန် အိန္ဒိယ စတဲ့ နိုင်ငံတွေမှာ လက်ဘက်ခင်းတွေရှိကြတယ်--တရုတ်ပြည်ဆိုရင် အဖိုးတန်ပစ္စည်းမျိုးကိုထုပ်ပိုးတဲ့ ပက်ကင် မျိုးနဲ့လက်ဘက်ခြောက်ကိုသန့်ရှင်းသပ်ရပ်စွာထုပ်ပိုးဈေးကွက်တင်တယ်-- အမြတ်တနိုးလက်ဆောင်ပေးကြတယ်--မောင်တိုင်ပင်တို့ အလုပ်လုပ်စဉ်က အဲလိုလက်ဆောင်မျိုးခဏခဏရခဲ့ဘူးတော့ အဖိုးတန်ပစ္စည်းတစ်ခုခုလားပေါ့ --ဖေါက်ကြည့်လိုက်တော့ လက်ဘက်ခြောက် Chinese tea ဖြစ်နေ ရော--အိမ်ကလူတွေက ရီကြတာပေါ့ -- လက်ဘက် ခြောက် ကိုရေနွေးခပ်သောက်ကြည့်တော့ မြန်မာလက်ဘက်ခြောက်သောက်သလိုပါပဲ--အရသာ လည်းမခံတတ်ဘူး-- လက်ဘက် နဲ့ ပတ်သက်တဲ့ products တွေထဲမှာ မြန်မာမှ လွဲ ၍ ဘယ်မှာမှမရှိသော ထုတ်ကုန်တစ်ခုရှိပါတယ် -- အဲဒါကတော့ လက်ဘက်စို ပါ--fermented tea pickles အနေနဲ့ ကမ္ဘာကသိပါတယ်--အရသာအမျိုး ၄-၅ မျိုး ဖန်တီးနိုင်ပါတယ်--တွဲဖက်စားသုံးနိုင်တဲ့ ပဲအကြော်စုံ ပုဇွန်ခြောက် ပိုးကောင်ကြော် ငါးပေါက်သီး စတာတွေ နဲ့လည်းဖန်တီးထားပါတယ် -- လက်ဘက်ထမင်း လိုမျိုးrecepi တွေလည်း မြန်မာရိုးရာအစားအသောက် အဖြစ် ဖန်တီးထားပါတယ် ထုပ်ပိုးတဲ့ ဘူး လှလှ လေးတွေနဲ့ လည်းဈေးကွက်တင်ထားတာတွေလည်းတွေ့ရပါတယ်--အဲတော့ လက်ဘက်စို fermented tea pickles က ကမ္ဘာ့ဈေးကွက်မှာ ဘာကြောင့် မထိုးဖေါက် နိုင်ရမှာလဲ--မြန်မာဘီယာ နဲ့ မြန်မာရိုးရာလက်ဘက်သုတ်လေးနဲ့ မြီးပြီး ဇယက်မင်းစည်းစိမ်ကို ခံစားနိုင်ပါတယ်-- ဘာကြောင့် တွင်တွင်ကျယ်ကျယ် မလုပ်ကြသေးတာလဲ--ကျော်တို့ မြန်မာတွေက လှေကြီးထိုးရိုးရိုး တယ်ကြိုက်ကြတာကိုး--
ဒီနေ့မနက် NTUC Fair Price မှာဈေးဝင်ဝယ်တော့ဒီအတွေးတွေပေါ်လာပါ--ယိုးဒယားတွေ marketing လုပ်တတ်လိုက်ကြတာ--ကျော် ဓါတ်ပုံ ရိုက်တင်ထားတဲ့ rice products တွေကမြန်မာမှာအကုန်ရှိသဗျ-- ပေါ်ဆန်းမှ မဟုတ်ဘူး-- ဧည့်မထ မှမဟုတ်ဘူး ရှားရှားပါးပါး delicacies လေးတွေ ရှာကြံဈေးကွက်တင်ကြည့်ပါလား ဗျာ -- ရှေးက မင်းတွေပွဲတော် တည်ရာမှာချက်ပေးရတဲ့ သလေးဆန် လိုမျိုးဆို အရောင်တောက်အောင် ဖွဲစင်သွားအောင် ယင်ဖိုမှ မသန်းဘူးသေးတဲ့ အပျိုတော် တွေကပုဝါပါးပါး နဲ့ပွတ်ပေးရတဲ့သလေး ဆန်ပေါ့ဗျာ--စပါးအမည်က မြီးကောက် စပါး ဆန်ဖြစ်သွားချိန်ကြတော့ မြီးကောက်မခေါ်တော့ ဘူး-- ဇီယာဆန် တဲ့--မွန်တွေစားတဲ့ မွန်ဘုရင် တပင်ရွေထီးပွဲတော် တည်တဲ့ အီကရဲ အီကရင်ဆန်--ဘယ်လိုအရသာရှိတယ် -- ဘယ်လိုအားရှိတယ် -- မွန်သူရဲကောင်း သမိန်ဘရမ်း တရုတ်လူစွမ်းကောင်း ဂါမဏိ နဲ့ စီးချင်းမထိုးမီ အီကရဲဆန် ကချက်တဲ့ ထမင်းကို အပြည့်အမောက်စားပြီးမှ စီးချင်းထိုးခဲ့ တာ-- စသည်ဖြင့်Product promotion လုပ် နိုင်တာပဲဗျာ--marketing ကိုပိုင်နိုင်အောင်လုပ်ကြပါ--products အသစ်တွေထုတ်ပြီး ဈေးကွက်အသာစီး ရအောင် လုပ်ကြပါ---


တိုင်းပြည်ဖွံဖြိုးတိုးတက်ရန်

ဒီနေ့မနက်အငယ်ကောင်ကျောင်းပို့ပြီး စင်ကာပူ Ministry of Education မှာ မြေးအကြီး AEIS exam ဖြေဖို့အတွက် စာမေးပွဲကြေးသွားသွင်းရပါတယ်--Buona Vista MRT မှာဆင်းပြီး MOE ကိုလမ်းညွှန်ထားတဲ့အတိုင်းလျှောက်သွားတာ ၅ မီနစ်လောက်လျှောက်တာနဲ့ရောက်သွားပါတယ် -- MOE ရုံးကြီးဟာတော်တော်ကြီး ကြီးကျယ်ခန်းနားပါတယ် registration လုပ်ပြီး Customer service center မှာ Q နံပါတ်ယူ ပြီးထိုင်စောင့်နေတာ ၅ မိနစ်အတွင်းခေါ်ပါတယ်-- ကောင်တာ ၆ ရှေ့ မှာငွေသွင်းဖို့ကိစ္စလုပ်တာ ၅ မိနစ်ပဲကြာပါတယ်--
ထိုင်နေရင်းစပ်စုကြည့်လိုက်တော့ ကွန်ပျူတာတွေဟာ ၂ နှစ်ငှားထားတာဖြစ်ကြောင်းသိရပါတယ်--အဲတော့ မှစလုံးရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကိုခပ်ရေးရေးသဘောပေါက်လာပါတယ်--ဒီလို customer service center မျိုးကို MOE က ပြင်ပပုဂ္ဂလိကကုမ္ပဏီတစ်ခုခု သို့မဟုတ် အစိုးရ နဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတစ်ခုခု ကို out source ပေးလိုက်တာဖြစ် နိုင်ပါတယ်--စလုံးမှာအစိုးရရုံးတွေရဲ့ITကိုvery strict procedures and operations နဲ့ကိုင်တွယ်နေချိန်ဖြစ်လို့ မောင်တိုင်ပင်တွေးဆချက်မှန်ချင်မှလည်းမှန်နိုင်ပါတယ်-- ဒါပေမဲ့ မြန်မာ နိုင်ငံကအစိုးရရုံးတွေမှာ ဒီလို customer service မျိုးရှိဖို့လိုတယ်ဆိုရင် ပြင်ပ စိတ်ချရတဲ့ IT ကုမ္ပဏီတစ်ခုခုကိုကို out sourcing လုပ် နိုင်ပါတယ် -- training ကော စက်တွေကော network ချိတ်တာကော software ကော အကုန်အပါအဝင်တစ် နှစ်လျှင်ဘယ်လောက် ပေးရမယ်ဆိုပြီး စာချုပ် ချုပ်အလုပ်အပ်နိုင်ပါတယ်-- နိုင်ငံတိုးတက်အောင်လုပ်ဖို့ အတွက်ဒါမျိုးအလုပ်တွေ မြန်မာ IT ကုမ္ပဏီတွေလုပ် နိုင်ပါတယ်-- ဘာများခက်တာလိုက်လို့ လဲဗျာ
-- ပြည်သူအတွက် ဆိုတဲ့ အစိုးရဒါမျိုးတွေစဉ်းစားသွားရမယ်ဗျ--

'Food Emperor' အိမ်မက်


ဒီတစ်ခေါက်ရန်ကုန်ရောက်တော့ Unique Quality ကကိုတင်ဦးကသူတည်ထောင်ထားတဲ့Food Emperorကိုလိုက်ကြည့်ပါဟုဖိတ်ခေါ်ပါတယ်။ စံရိပ်ငြိမ်ဖက်မှာမြေ၁.၅ဧကပေါ်မှာဆောက်ထားတဲ့ ၄ ထပ်အဆောက်အဦးရှိရာကိုခေါ်သွားပါတယ်။ ကားပတ်ကင်အပြည့်နှင့်မြေယာရှုခင်းပါလုပ်ထားသဖြင့်လှပခန့်ညားနေပါတယ်။ အောက်ထပ်ကတော့ စင်ကာပူ၊ဘန်ကောက် စတိုင် food court ဖြစ်ပါတယ်။ ၃ ဖက်မှာ food stall စားသောက်ဆိုင်များအပြည့်ရှိနေပြီးအလယ်ခေါင်မှာတော့အပူအအေးကော်ဖီလက်ဘက်ရည် နှင့် snack အချို့ ရောင်းချပေးပါတယ်။ နောက်အလယ်မှာ customers များထိုင်စားသောက်နိုင်တဲ့အရွယ်အစားမျိုးစုံ ပရိဘောဂများလုပ်ပေးထားပါတယ်--
Food stall ဆိုင်တွေလိုက်ကြည့်လိုက်တော့ခေတ်မီပြီးကျစ်ကျစ်လစ်လစ်ရှိသောဒီဇိုင်း food grade steel ပစ္စည်းများဖြင့်ဆိုင်ခန်းများကိုဖွဲ့စည်းတည်ဆောက်ထားပါတယ်။ကိုတင်ဦးက " stall တစ်ခုကိုအစားအသောက် မျိုးမတူ ၅ မျိုးပဲရောင်းချခွင့်ပြုထားတယ် " လို့ပြောပါတယ်။ဝင်ဝင်ချင်း ပထမဆုံးဆိုင်က " မန္တလေးမြီးရှည်" ဆိုင်ပါ။ ဒီ food court မှာ အစားအသောက် ကိုပဲဆိုင်းဘုတ်တင်ခွင့်ပြုထားပါတယ်။ ဘယ်ဆိုင်လဲစပ်စုကြည့်ချင်လိုက်တော့မန္တလေး ဗထူးကွင်းမြီးရှည်ဆိုင်ကိုခေါ်ဖွင့်ခိုင်းထားတာကိုး။ ဆန်ညှပ်ခေါက်ဆွဲ၊ ဝက်အူစုံသဲစုံအသုတ်၊ဝက်မြီးသုတ်၊ တွေလည်းရပါတယ်။
ကိုတင်ဦးကမန္တလေးဆိုင်တွေကိုအားပေးထားတာကိုတွေ့ရတယ်။နောက်တစ်ဆိုင်က" မန္တလေးမုန့်တီ" လို့တွေ့လိုက်ရတော့ ပျော်သွားပါတယ်။ငွေလက်ခံနေသူကိုမေးကြည့် လိုက်တော့မန္တလေးက နံမည်နှစ်လုံး ဆင်တူ ရဲ့ဆိုင်ဖြစ်နေတာတွေ့ရပါတယ်။ မုန့်တီကနန်းကြီး၊နန်းလတ်၊နန်းပြားခေါက်ဆွဲ၊ခနုံထုပ်၊ မတ်ပဲဘယာကြော် စတာတွေလည်းရပါတယ်။သူနဲ့ကပ်ရက်ကတော့"ပလာတာ" လို့ရေးထားပါတယ်။ ခီးမားပလာတာ၊ပဲပလာတာ၊နံပြား၊ဆိတ်ခါးပတ်၊ကြက်ခါးပတ်၊ ပဲပြုတ်၊ပန်းသေးခေါက်ဆွဲ၊တွေရပါတယ်။ဆိုင်နံမည်တော့ မစပ်စုခဲ့ရပါဘူး--နောက်ကပ်ရက်ကတော့ "မုန်ဟင်းခါး" လို့ အမည်ပေးထားပါတယ်--မြောင်းမြမုန်ဟင်းခါး၊ တောင်ငူမုန်ဟင်းခါး၊ရန်ကုန်မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊အစုံရပါတယ်။ တွဲဖက်စားသုံးရတဲ့ အကြော်မျိုးစုံ၊ ငါးဖယ်၊ဘဲဥ၊ ကြက်အူ၊ကြက်အချင်းတိုင်ငါးသလောက်ဥ ပါရောင်းချပေးပါတယ်။
အဲဒီဘေးမှာ "မြန်မာထမင်းဟင်း" လို့ရေးထားပြီး မြန်မာဟင်းသားငါးအသီးအရွက်အမျိုးမျိုးရရှိနိုင်ပါတယ်။ ပုံစားစားချင်လည်းရပါတယ်၊တစ်မယ်ချင်းလည်းစားလို့ရပါတယ်။ သူကပ်ရက်ကတော့" တရုတ်ထမင်းဟင်း" ဆိုင်ဖြစ်ပါတယ်။ ထူးခြားတာကမောင်တိုင်ပင်တို့ ငယ်ငယ်က လေဟာပြင်ဈေးမှာရောင်းတဲ့ဟင်း၁ပွဲ ၅မူး တစ်မတ် ဟင်းမျိုးလိုပါပဲ။ ဇောက်ပန်းကန်အသေးလေးတွေနဲ့ တစ်ယောက်စာလေးတွေအများကြီးပြင်ထားပါတယ်။အခုတော့ ၂၀၀ ကျပ်နဲ့ ၃၀၀ကျပ်ယူပါတယ်။ မြန်မာတွေအကြိုက်ချိုချဉ်ကြော်၊ကုန်းဘောင်ကြီးကြော်၊ အစိမ်းကြော်၊ ဝက်နံရိုးကြော်၊ဝက်ခြေထောက်စွပ်ပြုတ်၊ ပြည်ကြီးငါးကန်ဇွန်းရွက်ကြော်၊ဝက်နံကင်၊အခေါက်ကင်၊အသဲကင် ဟင်းရံအစုံရပါတယ်။ မောင်တိုင်ပင်တို့ခေတ်က ၂း၅၀ကျပ်၊ ၃ ကျပ်ဆိုတစ်ယောက်အဝစားနိုင်ပေမဲ့ အခုခေတ်တော့ ၁၅၀၀-၂၀၀၀ ကျပ်လောက်မှဝမယ်ထင်ပါတယ်--
နောက်တစ်ဆိုင်က' ရှမ်း' ဆိုင်ပါ။ရတဲ့အစားအစာတွေမှတ်မိသလောက်ပြောရရင် ရှမ်းခေါက်ဆွဲ၊ အမဲသားလုံးခေါက်ဆွဲ၊ ရှမ်းထမင်းချဉ်၊ ရှမ်းဟင်းထုတ်၊ ဝက်သားချဉ်၊ဝက်ခေါက်ကင်၊ မုန်ညှင်းချဉ် အစုံပါပဲ။ နောက်သူနဲ့ကပ်ရက်ကလည်း ' ရှမ်းထမင်းဟင်း' တဲ့-- ရှမ်းစတိုင် ဟင်းတွေအသုတ်တွေနဲ့ ရှမ်းဆန် နဲ့ ချက်တဲ့ထမင်းစေးစေး လေးလည်းရပါတယ်။ကပ်ရက်ကတော့ ' ချစ်တီးထမင်းဟင်း' ပလပ်စတစ်လင်ပန်းပေါ်မှာ ငှက်ပျောရွက်ခင်းပြီး ချစ်တီးထမင်းဟင်းပုံရောင်းနေတာတွေ့ လို့ စားချင်တဲ့ စိတ်ကိုမြိုသိပ်ထားရပါတယ်။မောင်တိုင်ပင်ကြိုက်တဲ့ သတ်သတ်လွတ်ဟင်းလည်းရပါတယ်။
ကိုရီးယား၊ ဂျပန်၊အစားအစာရောင်းချတဲ့ဆိုင်တွေလည်းတွေ့ တော့ တော်တော်စုံစုံလင်လင်လေးရောင်းချပေးနိုင်တာတွေ့ ရပါတယ်။ ဆိုင်တိုင်းဆိုင်တိုင်းဈေးနှုန်းတွေရေးထားတော့ ဈေးကြီးတယ် မတန်ဘူးဆိုတာစားသုံးသူတွေကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်စားသုံးနိုင်ပါတယ်။ လင်ပန်းတွေ စားပြီးသားပန်းကန်တွေထားတဲ့ tray return နေရာ ၂ နေရာလောက်ကိုသတ်သတ်မှတ်ထားပေးထားတဲ့အပြင် စင်ကာပူ food stall တွေမှာ တွေ့ သလိုတွန်းလှည်းနဲ့ပန်းကန်လိုက်သိမ်းစားပွဲကိုရှင်းလင်းပေးတဲ့ အလုပ်သမားကိုလည်းယူနီဖေါင်းသတ်သတ်မှတ်မှတ်နဲ့ တာဝန်ထမ်းဆောင်နေတာလည်းတွေ့ရပါတယ်။
နောက်ဆုံးပြောချင်တဲ့ နွေးအေး သောက်စရာ စားစရာ snack ရောင်းပေးတဲ့ beverage ဆိုင်ပါ။ ပြင်ပလက်ဘက်ရည်ဆိုင်တွေမှာရတတ်တဲ့ လက်ဘက်ရည်ပေါ့ ဆိမ့်၊ကျဆိမ့်၊ပုံမှန်၊ နို့စိမ်းတီး၊ ကော်ဖီ၊မိုင်လို၊ အိုဗာတင်း၊ ကိုကာကိုလာ၊ပက်စီ၊ မက်စ်ကအစ ဆိုင်ဖျော်သစ်သီးဖျော်ရည်၊ရွှေရင်အေး၊ဖါလူဒါ၊ကူလ်ဖီ ရေခဲသုတ်စတာတွေရတဲ့ အတွက်ဘယ်လိုများရောင်းပါလိမ့် လို့မောင်တိုင်ပင် စဉ်းစားနေမိပါတယ်။ အတွင်းပိုင်းဝိုင်းတွေမှာ အေးအေးလူလူ စကားပြောလို့ရတဲ့နေရာတွေမဟုတ်ပါဘူး။ စားစရာကိုအမြန်စားနောက်လူတွေကိုနေရာပေးရမှာဖြစ်ပါတယ်။ကိုတင်ဦးကတော့ဆိုင်တိုင်းလိုလို self service ဖြစ်ပါတယ်။ ကိုယ်တိုင်ယူစနစ်ပါ။ စာကြွင်းစားကျန်ပန်းကန် နဲ့ လင်ပန်းနေရာတွေထားဖို့နေရာဖန်တီးပေးထားပေမဲ့ ပန်းကန်တွေလာသိမ်းပြီး ရေဆေးတဲ့နေရာပို့ပေးပြီးဆေးကြောပြီးတဲ့ပန်းကန် နဲ့ လင်ပန်းတွေကိုလည်းဆိုင်တွေကိုသူလိုအပ်ချက်အလိုက်ပြန်ထပ်ပေးကြပါတယ်။ဒါတွေကိုစီမံကြီးကြပ်ပေးဖို့ catering service manager အမျိုးသမီးတွေလည်းသူ့အချိန်ပိုင်းအလိုက်ကြီးကြပ်ပေးရန်ခန့်အပ်ပေးထာ။တယ်လို့ပြောပါတယ်။စားနေသောက်နေကြသူတွေကိုကြည့်လိုက်တော့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရုံးသူရုံးသားတွေတကူးတကလာစားသောက်ကြတဲ့မိသားစုတွေများပါတယ်။ ကိုတင်ဦးကို မြန်မာရိုးရာမုန့်ပဲသရေစာတွေမရောင်ဘူးလားလို့မေးတော့ ရန်ကင်းနားမှာရောင်းတဲ့မြန်မာ traditional snacks ဆိုင်ကမကြာခင်လာဆိုင်ဖွင့်မယ် လို့သိရပါတယ်။
အချိန်ရှိတုံး အလယ်ထပ်ကဆိုင်တွေလိုက်ကြည့်ပါအုံးဆိုလို့ အပေါ်ထပ်ကို escalator နဲ့ တက်ခဲ့ပါတယ်။အပေါ်ထပ်ကိုတော့ sq ft နဲ့ငှားတယ်။ KFC နဲ့စကားပြောနေတယ်။ ဗီယက်နမ်ဆိုင် So Pro ဆိုင်၊ Baker Choice ကတော့ ကိုတင်ဦး ရဲ့ CSI ကသင်တန်ဆင်းတွေနဲ့ စင်ကာပူက Baker Talent တို့ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဂျုံနဲ့ ပတ်သက်တဲ့ snacks တွေရောင်းချပေးပါတယ်။ ဆိုင်နဲ့အတူ ကော်ဖီဆိုင်ကျဉ်းကျဉ်းလေးလည်းဖွင့်ထားပါတယ်။
နောက်တစ်ဆိုင်ကတော့ Cafe Burma ကော်ဖီဆိုင်ပါ။ မြန်မာမုန့်အချို့ နဲ့ ကော်ရည်ခေါက်ဆွဲစတဲ့ အဆာပြေစားနိုင်တဲ့ snacks တွေရောင်းချပေးပါတယ်။ ဒီနေရာမှာ မှန်ခန်းဖြစ်တော့ အပြင်ဖက်ပတ်ဝန်းကျင်ရှုခင်းကိုကြည့်ရင်း ကွန်ပျုတာ laptop နဲ့အလုပ်လုပ်နေတဲ့ လူငယ်အချို့ လည်းတွေ့ပါတယ်။ Star Bucks တို့ Ban Khun Mae restaurant တို့စတဲ့ ဆိုင်တွေလည်းနေရာထိုင်ခင်းကိုလာကြည့်ပြီးစကားပြောနေဆဲလို့သိရပါတယ်။ ဒီအထပ်မှာ လား လား လား သိဒ္ဓိရှင်မြန်မာထမင်းဆိုင် ကိုတွေ့ လိုက်ရတာပါ။ အရင်က ၄ လမ်းထိပ်မှာ ကိုတင်ဦးတို့ ညီအစ်ကိုယ် တတွေဖွင့်ခဲ့တဲ့ ဆိုင်ပါ။နေရာထိုင်ခင်းအသစ်၊ chef အသစ် နဲ့ တကယ့် မြန်မာထမင်းဟင်းတွေကိုသန့်သန့်ရှင်းရှင်း အရသာရှိရှိ နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ဒီဒုတိယထပ်ကတော့ မိသားစုနဲ့ အေးအေးလူလူ ဆိုင်မှာ လာရောက်စားသောက်လို့ကောင်းတဲ့ ဆိုင်တွေဖြစ်ပါတယ်။ ဈေးလည်းသင့်တင့်မျှတတဲ့ အတွက်လာရောက်စားသုံးသူတွေများပြားတဲ့ အပြင်ပြည်တွင်းပြည်ပကဆိုင်ဖွင့်လိုသူတွေလည်းလာရောက်စုံစမ်းဆွေးနွေးနေကြဆြဲဖစ်ပါတယ်။
နောက်ထပ်တစ်ထပ်ကတော့ တစ်နိုင်တစ်ပိုင်ရုံးခန်းတွေအပြင် ကုမ္ပဏီရုံးခန်းတွေလည်းရှိပါတယ်။ မောင်တိုင်ပင်တို့ ULS ရုံးကိုတောင်အပေါ်ထပ် ၂ ထပ်အနက် ဈေးသင့်လျှော်တဲ့အခန်းကိုရွှေ့  ဖို့ ညှိနှိုင်းနေဆဲလို့သိရပါတယ်။အပေါ်ဆုံးထပ်ကိုတော့ လူ ၇၀ လောက်ဆန့်ဝင်နိုင်တဲ့ခန်းမ တစ်ခုရှိပြီး ဆွေးနွေးပွဲတွေကျင်းပဖို့ လုပ်ထားပါတယ်။လူနည်းပြီး မွန်းကျပ်တဲ့ မြို့ ထဲမှာ မလုပ်ချင်ပါက လှည်းကူး က C Point မှာသွားရောက်လုပ်ကိုင်ဖို့ လည်းချိတ်ဆက်ထားပါတယ်။
စီးပွားရေးမကောင်းဘူးမကောင်ဘူးပြောနေပေမဲ့ လုပ်ငန်းရှင်လေး ကိုတင်ဦးခမျာ လုပ်စရာအလုပ်တွေတန်းစီနေပါတယ်။သူ့ လုပ်ငန်းတွေကိုအကြမ်းဖျင်းကြည့်ပြီး အောက်ဆုံးထပ် ကိုပြန်ဆင်းလာခဲ့ပါတယ်။ မန္တလေးမုန်တီဆိုင်ရှေ့ မှာ ကိုတင်ဦး နဲ့ ၂ ယောက်သွားတန်းစီပြီး ခေါက်ဆွဲ နန်ပြားသုတ် ၂ ပွဲ မတ်ပဲ ဘယာကြော် ၁ ပွဲမှာလိုက်ပါတယ်-- ထုံးစံအတိုင်း ကိုတင်ဦး က ဆီလျှော့ ထည့်ဖို့ မှာကြားနေပါတယ်။ ကိုတင်ဦး ကိုပိုင်ရှင်မှန်းလည်းမသိပါဘူး-- ပိုက်ဆံကို တင်ဦး မပေးစေပဲ မောင်တိုင်ပင် ပဲရှင်းလိုက်ပါတယ်။ မုန့်ပွဲ ကိုလင်ပန်းနဲ့သယ်ယူလာပြီးလွတ်နေတဲ့ စားပွဲခုံပေါ်တင်လိုက်ပြီးတဲ့ အချိန်မှာ ဘေးကစားနေသူကိုကြည့်လိုက်တော့ ကိုအောင်သူ နဲ့ မသင်းထွဋ် တို့ဇနီးမောင်နှံဖြစ်နေတာတွေ့ လိုက်ရပါတယ်။တစ်ယောက်နဲ့ တစ်ယောက်အံ့ အားသင့်နေကြပြီး ကိုအောင်သူကထိုင်ရာကထကာ ' အကိုသံပုရာရေ သောက်မယ်မဟုတ်လား ကိုတင်ဦးကော' ဆိုပြီးတစ်ဆက်တည်းမေးလိုက်တော့ တူတူပဲပြောလိုက်ပါတယ်။ သူတို့ လည်း မန္တလေး မုန့်တီလာစားကြတာပါ။
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
" ဖိုးဖိုး ဖိုးဖိုး ဖိုးဖိုး-- ချော ချော " ဆိုပြီး မြေးငယ် ဘေးနားမှာ လာအော်တော့ မှ စင်ကာပူမှာ မိုးလေးတစိမ့်စိမ့် ရွာနေတာနဲ့ နေ့ခင်းကြီးမှာ အိပ်ပျော်သွားလိုက်တာ ရန်ကုန် က ဘီလီယံနာ ကိုတင်ဦး ရဲ့ food emperor တည်ထောင်မယ်လို့ပြောတဲ့အပေါ်စိတ်စွဲပြီး အိပ်ပျော်သွား လိုက်တာကိုး-- ရန်ကုန်မှာ H1N1 ဗိုင်းရပ်စ်ကြောင့် လူတုပ်ကွေးတွေအဖြစ်များနေလို့ ဆိုင်မှာ လူမလာမှာကိုစိုးရိမ်မိတာလည်းပါသေး-- ဘာတွေမက်မှန်း ကိုမသိတော့ပါဘူး-- မိုးတွင်း နေ့ လည်ခင်းအိမ်မက်ရယ်--
မောင်တိုင်ပင်
၂၆-၀၇-၂၀၁၇

ကျေးဇူးတရား

ကျေးဇူးကိုထုတ်ဖေါ်ပြောဆိုခြင်းသည်မင်္ဂလာတစ်ပါးဖြစ်ပါတယ်---
မောင်တိုင်ပင်အဖေပင်စင်ယူတော့နေစရာအိမ်မရှိလို့ မန္တလေးတရုတ်တန်းကယောက္ခမတိုက်မှာပြောင်းရွှေ့ နေရပါတယ်--အဖေဘဝကိုမောင်တိုင်ပင်တို့ကြီးလာတော့ပြန်စဉ်းစားတဲ့အခါအဖေကောအမေကောစီးပွားရေးအကွက်မမြင်ကြဘူး--နေတတ်သလိုလေးပဲနေသွားကြပါတယ်--အင်းဘယ်လောက်စိတ်ချမ်းသာစရာကောင်းပါသလဲ ? အမေညီမအလတ် ကစီးပွားရေးသမားပါ--အမြဲ လိုလိုဘာဝယ်ထားလိုက်ပါလား-- ဘာလုပ်လိုက်ပါလား--ပြောနေအကြံပေးနေပေမဲ့အဖေကသူပိုင်တဲ့ဓနဟာ liquid ဖြစ်နေမှကြိုက်ပါတယ်-- သူ့ခေတ်သူအခါရွှေဝယ်ထားလဲရတာပဲ--မြေဝယ်ထားလဲရတာပဲ-- ဒါပေမဲ့ စီးပွားရေးအကွက်မမြင်တတ်တဲ့အပြင်ရှေးခေတ်လူကြီးတွေဘာသာဘာဝပိုက်ဆံတွေကိုဖျာအောက် မှာထားတတ်ကြပါတယ်--ဒါကြောင့်လဲနေဝင်းလုပ်ခဲ့တဲ့တရားမဝင်ငွေစက္ကူကြောင့်အဖေစုဆောင်းထားတဲ့တရားသဖြင့်ရှာရထားတဲ့ ပါမောက္ခလစာစုငွေတွေရာခိုင်နှုန်းတော်တော်များများဟာအကုန်တရားမဝင်ဖြစ်ခဲ့ပါတယ်--
ပင်စင်မယူခင်လေးတင်အဖေဟာစီပီလိုင်းမှာမြေကွက် တစ်ကွက်ဝယ်ခဲ့ပါတယ်--ဒေါက်တာညီညီလက်ထက် မှာတစ်နှစ် extension ပေးဖို့တင်ခဲ့ပေမဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး-- ဒေါက်တာညီညီက နှစ်ခွထွက်သော စကားနဲ့ "ဆရာကစည်လိုပဲတီးမှမြည်တာကိုး " လို့ပြောခံရကတည်းကငါမရနိုင်တော့ဘူးဆိုတာအဖေကသိနေခဲ့တယ်လို့ သူကပြန်ပြောပြပါတယ်--
အဖေဟာမြေဝယ်ယူပြီးဘယ်လိုအိမ်ဆောက်ရမလဲဆိုတာအတော်ခေါင်းရှုပ်နေပုံရပါတယ်--အဲလိုအချိန်မှာအမှတ် ၉ နတ်သျှင်နောင်လမ်းအိမ်ကို " ဟေး ဆရာကိုချမ်းမြ" ဆိုပြီး အသံကျယ်ကျယ် ဟောင်ဖွာဖွာ နဲ့ လူတစ်ယောက်ရောက်လာပါတယ်--အဖေအပြောအရတော့ ရန်ကုန်တက္ကသိုလ် သထုံဆောင်က ဂဠုန်တစ်ကောင်လို့ပြောဘူးပါတယ်--မန္တလေးရောက်တိုင်းလိုလို အမြဲအိမ်ကိုဝင်လာတတ်ပါတယ်--အမေနဲ့ လည်းခင်တော့ " ဆရာကတော် တို့ပင်စင်ယူရင်ဘယ်ပြောင်းနေကြမှာလဲ" မေးတော့ အိမ်မရှိသေးလို့ တရုတ်တန်းက ယောက္ခမအိမ်ကိုခဏပြောင်းနေရမယ် -- ပြီးမှအိမ်ဆောက်ရမယ်-- လို့ပြောလိုက်တယ်--အဲတော့ဂဠုန်ကြီးက အံ့အားသင့်စွာ " ဟင်ဆရာကိုချမ်းမြ ခင်ဗျားအိမ်မဆောက်ရသေးဘူးဟုတ်လား ဆောက်စရာငွေကောရှိရဲ့လား" မေးတော့ "အတော်အသင့်တော့ရှိပါတယ် ဘယ်ကန်ထရိုက်တာ နဲ့ဆောက်ရမလဲ ဆိုတာလိုက်ကြည့်နေတယ်" လို့ ပြောလိုက်ပါတယ်-- အဖေဘယ်လောက်တောင်ရိုးသလဲဆိုရင် ဂဠုန်ကြီး ဟာ အိုးအိမ်ဦးစီးဌာနက အကြီးဆုံးဆိုတာ မသိဘူး--"လုပ်မနေနဲ့ ငွေဘယ်လောက်ရှိလဲဆိုတာသာပြော-- ကျနော် ဆရာဆီလူတစ်ယောက်လွှတ် လိုက်မယ် လို့ပြောပါတယ်-- အဖေက ဂဠုန်ကြီးဘယ်ဌာနမှာလုပ်နေမှန်းလည်းမသိဘူး-- အကူအညီတောင်းရကောင်းမှန်းလည်းမသိဘူး --ဒါနဲ့ တိုတိုပြောရရင် နောက်တစ်ပတ်နေတော့ ဗိုလ်ကြီးကျူးကျော်ဆိုတဲ့ အိုးအိမ်ဦးစီးဌာနမှာ လုပ်တဲ့ ညွှန်မှုး architect ကြီးရောက်လာပါတယ်-- မြေကိုသွားကြည့် --အဖေ တို့အမေတို့ လိုချင်တဲ့ ပုံစံကိုမေးမြန်းပြီး ညွှန်မှုးကမန္တလေးတိုင်းပြည်သူဆောက်လုပ်ရေးနဲ့ချက်ချင်းစီစဉ်ပေးခဲ့ပါတယ်-- နောက် တစ်ပတ်လောက်နေတော့ ဂဠုန်ုကြီးက အဖေရုံးကိုဖုံးဆက်ပြီးကျပ်ငွေ ၃ သောင်းခွဲ ကိုဆောက်လုပ်ရေးအကောင့်ထဲသွင်းခိုင်းလိုက်ပါတယ်--ပစ္စည်းကောလက်ခကောအပြီးအစီးပါ-- အင်မတန်မှကိုတန်ပါတယ်--အဖေ နဲ့ အမေ တို့ခမျာစိတ်ရှုပ်နေတဲ့ အချိန်မှာ ကူညီမဲ့ သူရောက်လာပြီးအဆင်ပြေသွားရတာကိုဘယ်တော့မှမမေ့ခဲ့ ပါ--
နောက်နှစ်ပေါင်းတော်တော်ကြာပြီး ဇော်ဝင်းဦးတို့ နဲ့သိကျွမ်းခင်မင်လာခဲ့ပါတယ်--မိန်းမမောင်နဲ့ကျောင်းနေဖက်တွေဖြစ်နေတော့ ဇော်ဝင်းဦး သူငယ်ချင်း တစ်ယောက်ပြီးတစ်ယောက်နဲ့ ခင်မင်လာခဲ့ရာကနေ feel ကကိုစိုးညီ နဲ့ လည်းခင်မင်ခဲ့ ရပါတယ်--စကားမစပ်မိတာလည်းအတော်ကြာ ပါတယ်--စကားစပ်မိတဲ့တစ်နေ့မှာ ကိုစိုးညီ ဟာ အိုးအိမ်ဦးစီးဌာန ညွှန်ချုပ် ဗိုလ်မှုးကြီးစိုးတင့် ထားဝယ်သားကြီးရဲ့ သားဖြစ်တာကိုတအံ့တသြ သိခဲ့ ရပါတယ်--အဖေ ကတော့ ဂဠုန်စိုးတင့် လို့ပဲသူတပည့်ကိုခေါ်ပါတယ်--အဖေ ကသထုံဆောင်မှာ စစ်မဖြစ်မီက အဆောင်မှုးလုပ်ခဲ့တော့သူ့ကျောင်းသား သထုံဆောင်က ဂဠုန်တွေနဲ့အတော်ခင်ကြပါတယ်--ဂဠုန်ကြီးအိမ်လာလည်ရင် လက်ဘက်သုတ်စားရင်း သထုံဆောင် က ဂဠုန်တွေအကြောင်းစားမြုံ့ ပြန်လေ့ ရှိပါတယ်--
တကယ်တော့ ကိုစိုးညီအဖေ ဗိုလ်မှုးကြီးစိုးတင့်ဟာမောင်တိုင်ပင်တို့ မိသားစု ကိုစိတ်ရင်းစေတနာကောင်းစွာနဲ့ကူညီခဲ့တဲ့ ကျေးဇူးကို မောင်တိုင်ပင်တို့ မောင် နှစ်မ တတွေ မမေ့ကြပါဘူး--
ဦးနောကသူပိုစ်မှာသူအဖေပင်စင်ယူပြီးနောက် ဘယ်တကောင်တမြီးမှ အနားမှာမရှိတော့တဲ့ အကြောင်းရေးထားတာကိုဖတ်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်-- မောင်တိုင်ပင် တို့အဖေကိုယ်တိုင်လည်းသူ့ဘဝမှာ စါဖတ်စါရေးနဲ့အေးအေးချမ်းချမ်းနဲ့ ဘဝကို လောဘမရှိဖြတ်သန်းသွားခဲ့ကြပါတယ်--အခုချိန်မှာမောင်တိုင်ပင်လည်းအဲဒီဘဝမျိုးချင်းနင်းဝင်ရောက်စပြုနေပါပြီ--၂၀၁၂ ကတည်းကလောဘကိုသတ်ပြီးရတာနဲ့ပဲရောင့်ရဲတင်းတိမ် နိုင်အောင်အဖေ လမ်းပြခဲ့တဲ့အတိုင်းနေတတ်သလိုနေခဲ့တော့ လောကဓံတရား ကိုမမှုတော့ပါ--
ဒီအသက်အရွယ်ပိုင်းမှာ နေတတ်သလိုလေးနေ နေနိုင်တာကိုက ထူးတဲ့ ကုသိုလ်ပါ--
ဦးစိုးညီအဖေ ကျေးဇူးကို မောင်တိုင်ပင် တို့ မောင်နှစ်မတတွေမမေ့ကြပါ--
မောင်တိုင်ပင်

ဖွံဖြိုးတိုးတက်မှု


မောင်တိုင်ပင်ကအရင်တုံးကချက်ဆိုနားခွက်မီးတောက်ခဲ့ပေမဲ့ အခု ၇ ထိပ်စီးရောက်နေတော့ သိသလိုလိုမသိသလိုလို တောင်ဖြစ်ကုန်ပါပြီ-- UN Special Rapporteur တွေကို အရင်စစ်အစိုးရလက်ထက်ကမြန်မာနိုင်ငံကိုလွှတ်လိုက်ကြတာ ၅-၆ ယောက်လောက်တောင်ရှိမယ်။ မြန်မာအတွက်လည်းအကျိုးရှိတယ်လို့တခါမှမကြားဘူး-- အခုလည်း က ကြီးမလာတယ်။ ပြည်သူနဲ့ တွေ့တယ်။တချို့ NGO lobby တွေက ပြည်သူ့ အသံ ကိုပြန်ပြောတာမို့ ဒါလောက်မဆိုးပါဘူး လို့ဆိုကြတယ်။ ဒါကို လစ်ဘရယ်သမား လို့တချို့ ကဆိုကြတယ်။ဒါပေမဲ့ ဒီRapporteur တွေကိုလွှတ်တဲ့ UN ကို၌က မွတ်စ်တွေဘက်ခပ်ပါပါ အရှေ့ အလယ်ပိုင်းနိုင်ငံအချို့ အိပ်ထောင်ထဲရောက်နေတယ်လို့ဆိုကြတော့ မြန်မာပြည်သူပြည်သားပညာတတ်တွေကအစ မယုံကြပါဘူး--ကဲ-- ဒါဆိုရင် protocol လည်းဘေးချိတ် ပြည်သူ့အသံ ကိုနားထောင်မယ်ဆိုရင် UN human right နဲ့ ပတ်သက်ပြီး တစ်ကောင်တစ်တစ်မြီးမှ မလာကြနဲ့ လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကနေပြတ်ပြတ်သားသားမကျေညာရဲသင့်ပေဘူးလား-- ကျော်တို့မှာ ငွေတော့ မရှိပါဘူး။ ဒါပေမဲ့ လူရိုသေရှင်ရိုသေ ဗြောင်လာမစော်ကားရဲအောင် ကြည်းရေ လေ စစ်အင်အားလည်းရှိပါတယ်-- တက်ကြွပြီးအားမန်ရှိ တဲ့ လူငယ်ထုလည်းရှိပါတယ်-- အမျှော်အမြင်ရှိပြီးကမ္ဘာကလေးစားတဲ့ ခေါင်းဆောင် လည်းရှိနေပါတယ် -- ဒါဆိုရင် ငါတိုပြည်တွင်းရေး ကိုလာစွက်ဖက်တယ် လို့ယူဆတဲ့အတွက် Special Rapporteur တွေမလွှတ်ပါနဲ့ ခိုးကြောင်ခိုးဝှက် ဝင်လာမဲ့ ငွေမက်တဲ့ သတင်းထောက်တွေဝင်မလာပါစေနဲ့ နယ်မြေမှာရှိတဲ့ နိုးကြားတက်ကြွတဲ့ ပြည်သူတွေသိပါစေ--
ကဲစီးပွားရေးဖက်ပြောတော့မယ်။အခုရက်ပိုင်း forum တွေနားထောင်ဖြစ်တယ်-- လုပ်ပေးရမဲ့ အပိုင်းကလည်းကဏ္ဍစုံဖြစ်နေတယ် တချို့ ဌာနတွေ ကသူတို့ ဌာနအဝန်းအဝိုင်းလေးအတွင်းမှာကြည့် လိုက်ရင်တော့ သူတို့မှန်တယ်ပေါ့ ဒါပေမဲ့ macro level ကိုလည်းနှိုင်းယှဉ်ကြည့် ကြည့်ပေါ့ -- အယ်တော့ကျ မမှန်တော့ ဘူး --ဒါမျိုးတွေအများကြီးဖြစ်နေတယ်။ဒါကြောင့်လဲ ဝန်ကြီးဌာန တွေ coordination တွေလိုတယ်ဆိုတာ အရင်ကတည်းကပြောနေတာပေါ့ ခုမှမဟုတ်ဘူး။
နိုင်ငံခြားအတွေ့အကြုံ အမြင်တွေရှိမှ စီးပွားရေးတိုးတက်အောင်လုပ်နိုင်မယ် လို့ NLD လူကြီးတွေယူဆနေတယ်လို့ ကျနော်တို့ကမြင်နေတယ်။ ခင်ဗျားတို့ အကြံပေးတာက ပြောတော့ သာလွယ်တာ ဗျ--တကယ်လုပ်ကြတော့ဆိုမလွယ်ဘူးဗျ-အဲလိုလည်းအပြောခံရတယ်ဗျာ --တိုင်းပြည်ထူထောင်ပါတယ်ဆိုမှ လွယ်မလားဗျာ -- အခက်အခဲတော့ ရှိမှာပေါ့ --sectors ပေါင်းစုံမှာ ပညာတတ်တွေ အတွေ့အကြုံ ရှိသူတွေအများကြီးရှိပါတယ်။ NLD လူတွေကော ဌာနဆိုင်ရာကကော မလုပ်မရှုပ် နေနေကြတယ်။ ဘာလုပ်ရမှန်းမသိဖြစ်နေတော့ တိုင်းပြည်ထဲမှာ ရှိနေတဲ့ ဘေးထွက်ထိုင်နေသူတွေဆီကလည်း ဘာတွေလုပ်သင့်လဲ အကြံဉာဏ်တော့ ယူသင့်တာပေါ့။ အဲတော့ ကိုယ့်ထမင်းကိုယ်စားပြီးလုပ်ကြမယ့် သူများရှိနေပါတယ် -- ဒီအတိုင်းပဲတော့ မနေကြပါနဲ့ accountability transparency ဆိုတာဟာဒီအရပ်သားအစိုးရခေတ်မှာ မရှိသလောက်ဆိုတာကောသိကြရဲ့လား? --ကြားတော့ ကြားပါတယ်-- export ၃ဆ တက်မယ်တို့ လုပ်ငန်းရှင်တွေ နို့သက်ခံစို့နေတယ်လို့ ၂၀၁၇ ဟာစီးပွားရေး take off လုပ်မဲ့ နစ် လို့ ပြောသံတွေတော့ ကြားပါတယ်။ဒါတွေဟာဘယ်ဟာကိုအခြေခံပြောတာပါလိမ့်? ပြည်တွင်းက တစ်စုံတစ်ခုလုပ်ပေးချင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အသံတွေလည်း နားထောင်ကြည့်ပါအုံး။

စီးပွားရေးပြောင်းလဲလုပ်ကိုင်ဖို့

မန်မာမှာ credit bureau ထောင်ပြီးပြီလို့ကြားတယ်။ ဘယ်ဌာနလက်အောက်မှာရှိ လည်းမသိဘူး။
Credit bureau ဆိုတာဒီလိုအဓိပ္ပါယ်ဖွင့်ဆိုထားတယ်။
"A credit bureau works for lending institutions to help them make loan decisions in individual cases. The primary purpose of credit bureaus is to ensure that creditors have the information they need to make decisions. ... In the United States, credit bureaus are called consumer reporting agencies (CRAs)." 
SME forum မှာ banking sector ရဲ့ inefficiency တွေကိုထောက်ပြပြောဆိုသွားတယ်။ ဗဟိုဘဏ် ဥက္ကဌ အပါအဝင် efficiency ရှိတဲ့ဒုတိယဥက္ကဌ တွေဘယ်လိုရှိလဲ နောက် BOD member ကော ဒုတိယ ဥက္ကဌနေရာကောရွေးထားတဲ့အထဲမှာ ငွေစာရင်းအဆင့်လောက်မှာ ပဲ လုပ်ဖူးသူတွေပါနေတာတွေ့ရတာကိုထောက်ပြကြပါတယ်--ဗဟိုဘဏ်ဟာခေတ်နဲ့အညီ ဇိုးဇိုးဇတ်ဇတ် လုပ်သင့်တာတွေလုပ်ဖို့ လိုပါတယ်။ NLD အာဏာရအစိုးရကလည်းငွေကြေးကဏ္ဍပြုပြင်ပြောင်းလဲဖို့ ကိုတွန့်ဆုတ်နေသလိုမျိုးဖြစ်နေပါတယ်။
" ပွင့်လင်းမြင်သာပြီးမှန်ကန်ကောင်းမွန်သည့်ပြည်သူဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့်ဘဏ္ဍာရေးအရင်းအမြစ်များတိုးတက်ပွားများလာအောင်ဆောင်ရွက်ပြီးစီးပွားရေးထုထည်ကြီးထွားလာစေရန် "
စသည်ဖြင့် NLD ရဲ့ စီးပွားရေး မူဝါဒ ၁၂ ချက်အနက်ငွေကြေးကဏ္ဍနှင့်ပတ်သက်၍ အထက်ပါအတိုင်းအတိအလင်းဖေါ်ပြထားပါတယ်။
SME တွေငွေချေးဖို့ကိစ္စမှာ အမျိုးမျိုး မိုးလားကဲလား ပြောနေကြတာတော့ ဖိုရမ် မှာပဲပြော ဖိုရမ်ကထွက်တာနဲ့ပျောက်သွားပါတော့တယ်။ 
Credit bureau မှာ မြန်မာပြည်က SME တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရှိပါသလား? Credit bureau ကကော ကိုလက်ထရော နဲ့ မဟုတ်တော့တဲ့ ငွေချေးမှုမှာ ဘယ်အပိုင်းကတာဝန်ယူမှာလဲ-- နှစ်ရှည်ချေးငွေ ၄-၅ နှစ်ထိ ချေးဖို့ကိုကော သုံးသပ်ချက်တွေကဘာလဲ?
တခြားမကြည့်နဲ့ မောင်တိုင်ပင် ကျွမ်းကျင်တဲ့ အပိုင်းပြောပြမယ် -- ဆန် export လုပ်တာ SME ကထလုပ်ရင်export financing ဘယ်လိုလုပ်မလဲ-- ကိုယ်ပိုင်ငွေကဘယ်လောက်လဲ ? ဘဏ်ချေးငွေက ဘယ်လောက်လဲ ? 
ဝကခ ကွီးဖြိုး ပြောသလို ဘဏ်ထဲမှာ နေရာကမထ ငွေချေးနေလို့ မရတော့ ဘူး ဘယ်လောက် မာဂျင် လေးကျဉ်းကျဉ်း ဘဏ်တွေက မာကတ်တင်းဆင်းရပါမယ်။ ဆင်းရင်းနဲ့ အိုင်ဒီယာတွေရပါလိမ့်မယ်။ ကိုယ့် ဘဏ်က debit card ATM card သုံးဝယ်ရင် ဘယ်လောက် rebate ပေးမလဲ? ဈေးဝယ်လာသူတွေဆင်းစည်းရုံးလို့ရတယ် သက်လား-- စလုံး က Clementi mall နေရာကွက်လပ်မှာ ဒီအပတ် မှာ Citi bank က marketing ဆင်းတယ်-- နောက်အပတ်ရောက်တော့ UOB ဖြစ်နေရော-- ဘာမှမဟုတ်ဘူး သူတို့ credit card debit card အသစ်တွေ ကိုမိတ်ဆက်ပေးတာ--ဘဏ်တွေထဲဝင်သွားရင်လည်းအသစ်အသစ်သော promotion တွေကရှိနေတယ်--အဲတော့ မောင်တိုင်ပင် ပြောချင်တာက ဘဏ်တွေက active ဖြစ်နေတာ lively ဖြစ်နေတာ က ပြည်သူတွေက ဘဏ်ကိုစိတ်ဝင်စားလာလေလေ အပ်ငွေတွေရလာနိုင်တဲ့အခွင့်အရေးတွေ ရနိုင်တာပေါ့
ကဲ-- ဗဟိုဘဏ်ရေ-- project financing ဘယ်တော့ လုပ်ခွင့်ပြုမှာလဲ? ဘဏ်တွေက commercial banking ကနေ investment bank development bank တွေပြောင်းလုပ်ဖို့ ညွှန်ကြား ဖို့ အချိန်ကျနေပြီလား ဗဟိုဘဏ်ခင်ဗျား တာဝန်ထဲမှာ စီးပွားရေး ထုထည်ကြီးမားလာအောင် လုပ်ရမယ် လို့ manifesto မှာဆိုထားတယ်။ ဘဏ်တွေတစ်ခု နှင့်တစ်ခု merging လုပ်ခိုင်းမလား-- foreign banks တွေ ကို MMK အပြည့်အဝ ကိုင်ခိုင်းပြီး ပေးလုပ်တော့မှာလား-- 
စီးပွားရေးပြုပြင်ပြောင်းလဲ တဲ့အခါ နာတဲ့ အပိုင်းကတော့ နာမှာပဲ-- ငွေထုတ်ကြီးတွေမကိုင်ရအောင် clearing မြန်အောင် လုပ်ကြမယ်ဆိုတာ လွန်ခဲ့ တဲ့ ၁၀ နှစ်လောက်ကတည်းကလုပ်ခဲ့ကြတာပဲ။ ငွေ ထုတ်တွေ ဆာလာအိတ်ထဲထည့် ငွေ အပေးအယူလုပ်နေကြတုံးပဲ။ cheque တွင်တွင်ကျယ်ကျယ် သုံးဖို့ မလုပ်နိုင်ဘူး-- ဗဟိုဘဏ်ရေ--ငွေကြေးကဏ္ဍ နဲ့ ပတ်သက်ပြီး စီးပွားရေး manifesto ရှိနေတယ်နော်-- စီးပွားရေး တိုးတက်ဖို့ဆိုတာ ဗဟိုဘဏ် အခန်းကဏ္ဍအများကြီးပါဝင်ပါတယ်။ နယက၊နဝက လက်ထက်ကလို ရှေးရိုးစွဲ conservative မလုပ်မရှုပ်မပြုတ်နေနေလို့ ကတော့ သမိုင်းတရားခံဖြစ်သွားနိုင်တယ်နော်

entrepreneurship

မိတ်ဆွေတစ်ယောက်ရဲ့သားက"အန်ကယ်တို့ စီးပွားရေးလောကထဲမှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့ကြတယ်--မြန်မာမှာဘယ်လိုစီးပွားရေးတွေလုပ်ကိုင်နေကြလဲဆိုတာနားလည်သဘောပေါက်တယ်-- စီးပွားရေးလုပ်ငန်းရှင် ကုန်သည်အသိုင်းအဝန်းနဲ့လည်းရင်းရင်းနှီးနှီးခင်ခင်မင်မင်ရှိတယ်-- စီးပွားရေးလုပ်ရင်အောင်မြင်မှာသေချာတယ်-- ဘာကြောင့်မလုပ်သလဲ" လို့မေးခဲ့တယ်--
စီးပွားရေးကိုတကယ်လုပ်မယ်ဆိုရင် entrepreneurship စိတ်ဓါတ်ရှိရမယ်--ကုန်းကောက်စရာမရှိလောက်သည်အထိအရှုံးခံနိုင်ဖို့ ဝန်မလေးကြဘူး--ဆုံးဖြတ်ချက်ကမြန်ရမယ်--နောက်ဆုံးငွေအရင်းအနှီးကတော့အထိုက်အလျောက်ရှိရမယ်--ဒီကနေ့အောင်မြင်နေတဲ့ entrepreneur တွေဟာအောက်ကနေစခဲ့တဲ့သူတွေများပါတယ်-
ဝီကီကတော့ entrepreneurship ကိုအဲလိုအဓိပ္ပါယ်ဖွင့်ဆိုထားတယ်--
" Entrepreneurship is the process of designing, launching and running a new business, which is more often than not, initially a small business, offering a product, process or service for sale or hire. The people who create these businesses are called entrepreneurs.[1][need quotation to verify][2] Enterpreneurship has been described as the "capacity and willingness to develop, organize and manage a business venture along with any of its risks in order to make a profit".[3] While definitions of entrepreneurship typically focus on the launching and running of businesses, due to the high risks involved in launching a start-up, a significant proportion of businesses have to close, due to "lack of funding, bad business decisions, an economic crisis – or a combination of all of these"[4] or due to lack of market demand."
-မောင်တိုင်ပင်တို့ကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကိုကမ္ဘာ့အမြင် ပြည်တွင်းကအမြင်တွေနဲ့ ဖြစ်လာနိုင်ဖွယ်ရာရှိတာတွေကိုသုံးသပ်တတ်တယ်--ဒါကလည်းမျက်ခြေမပြတ်ရှိနေမှသုံးသပ်ချက်မှန် နိုင်မယ်--အခုချိန်မှာ အကုန်လုံးနဲ့ မျက်ချေပြတ်သလောက်ဖြစ်နေပြီ-- past experience တွေကိုအခြေခံပြီးသုံးသတ်ရတော့ အမှန်နဲ့ နီးစပ်ဖို့ သေချာ ဃဂနဏမပြောနိုင်ဘူး--ဒါကြောင့် လူကြီးတွေက အလုပ်တစ်ခုလုပ်ရင်ဘယ်တော့မှ မျက်ချေမပြတ်စေနဲ့ လို့ပြောတာ--ဒါပေမဲ့ မောင်တိုင်ပင်မြင်တာတစ်ခုပြောမယ်-- လွန်ခဲ့သောဆယ်စုနှစ်ကမောင်တိုင်ပင်တို့ ကြုံရတဲ့issues တွေဟာဒီနေထိ မဖြေရှင်းနိုင်သေးဘူး--ဒီပြဿနာတွေပဲရှိနေတုံးပဲ--ဒါဟာဘာကိုပြနေသလဲဆိုရင် ခေတ်အဆက်ဆက် က senior middle staff တွေစဉ်ဆက်မပြတ်မလုပ်ခဲ့ကြဘူးဆိုတာပေါ်လွင်ပါတယ်--
မောင်တိုင်ပင် ကုန်သွယ်လယ်ယာမှာ အလုပ်လုပ်ခဲ့စဉ်က အိမ်စောင့်အစိုးရလက်ထက်က ဆန်အရောင်းထွက်ခဲ့တဲ့ မစ်ရှင်တစ်ခုရဲ့ ရီပို့ ကိုဖတ်ရကါတယ်--ဆန်ဝယ်တဲ့ နိုင်ငံပေါင်း၎-၅နိုင်ငံသွားပြီး မြန်မာ့ ဆန်တွေဘာလိုနေသေးသလဲဆိုတာဆွေးနွေးခဲ့ကြတာပါ--ရီစရာလို့ ပြောရမလား-- ဝမ်းနည်းဖွယ်ကောင်းတယ်လို့ပြောရမလား--သူတို့ဆွေးနွေးတဲ့ ဆန်အရည်အသွေးပြဿနာဟာမောင်တိုင်ပင်တာဝန်ယူစဉ်အချိန်ထိရှိနေတုံးပဲ--အခုလည်းဘာထူးမှာလဲ-- ဆန်အရည်အသွေးပြဿနာများဟာအခုထိရှိနေအုံးမှာပါပဲ--
ကဲမောင်တိုင်ပင်တို့ ဘာလို့စီးပွားရေးမလုပ်နိုင်ကြ မလုပ်တတ်ကြ သလဲဆိုတာရှင်းလောက်ပါပြီ--မောင်တိုင်ပင်တို့ကငွေ ၁၀၀၀ လက်ထဲမှာရှိရင် အကုန်အောရင်းနှီးလိုက်ဖို့မပြောနဲ့ ကျစ်ကျစ်ပါအောင်ဆုတ်ထားရင်းအေးအေးလေးစားနေသောက်နေရရင်ကျေနပ်နေပီ-- ဒါကြောင့်ဘဏ်တိုးတွေမကျစေချင်တာ-- entrepreneur ကတော့ငွေ ၁၀၀၀ လက်ထဲမှာရှိရင် အိမ်ကိုဘဏ်ပေါင်ပြီး ၅၀၀ ထပ်ယူုပီး ၁၅၀၀ လောက်ရင်းနှီးမြုပ်နှံပစ် လိုက်မှာ-- အဲဒါကွာတာပါပဲခင်ဗျား--

စါဖတ်သည့်အလေ့အကျင့်

ကျော်သူငယ်ချင်းပေါပုဝင်းထိန်ဦးဆိုအခုချိန်မှာတရေးနိုးထမေးကြည့်သူဘာယောင်မလဲသိလား" စါကြည့်တိုက်-- စါကြည်တိုက်ပဲ-- ဟေ့ကောင်ကျော်လဇွီ မင်း၁ သိန်းထည့်ပြီးပြီ--မင်းနောက်ထပ် ၁ သိန်းထပ်ထည့်" လို့ထယောင်မှာအသေအချာပါပဲ--
တကယ်တော့ပေါပုအရူးထတာလွန်ခဲ့သော၃-၄-၅ နှစ်က ခင်မောင်တိုးပါရှိသေးတယ်ထင်တယ်-- ကျော်လည်းပါတယ်-- ကျော်ကစာအုပ်ဆိုအရူးအမူးဖတ်တာကိုး အခု ဇရာက ကန့်သတ် လိုက်ပါပြီ ကျော်တို့အဲတုံးက အရူးထကြတာ Mech 72 နဲ့ Chem 72တွေပါ--စာအုပ်တွေလှုကြတာပေါ့-
အခုအချိန်အခါကတော့စာကြည့်တိုက်ကြီးအကြီးစားပြုပြင်ချင်တယ်-- COE အင်ဂျင်နီယာကျောင်းစာကြည့်တိုက်ကြီးကိုကျောင်းသားကျောင်းသူတွေသာမကအများပြည်သူမှီငြမ်းပြုနိုင်အောင်ဖြစ်စေချင်တယ် -- စာကြည့်တိုက် ဝန်ထမ်းတွေလည်း စာကြည့်တိုက်ပညာရပ် တွေပညာတော်သင်လွှတ်သင်ကြားစေချင်ကြပါတယ်-- ကျော်သူငယ်ချင်း ပေါပု တစ်ယောက်တည်းတက်ကြွတာမဟုတ်ဘူး junior ညီ ညီမငယ်တွေပါတက်ကြွစွာဆောင်ရွက်နေကြတော့ အင်မတန်အားရစရကောင်းပါတယ်--
ကျော်တို့သူငယ်ချင်းတွေမကြာခဏ ရန်ကုန် ပိုလိုကလပ်မှာ dinner စားစကားပြောကြသောက်ကြလေ့ရှိပါတယ်--ရောက်တိုင်းလိုလိုရင်နာမိသလိုလို ခံစားရပါတယ်--ပိုလိုကလပ်အဆောက်အဦကြီးက ရန်ကုန် အမျိုးသားစာကြည်တိုက်အတွက်ရည်ရွယ်တည်ဆောက်ခဲ့တာပါ--စစ်အစိုးရက ဘယ်လောက်စာဖတ်ဖို့ လုပ်ပေးခဲ့သလဲဆိုတာ အဲဒါပဲကြည့်တော့-- အမျိုးသားစာကြည့်တိုက်ကစာအုပ်တွေဟာနေရာ၂-၃ နေရာလောက်ပြောင်းပြီး အခုသမ္မတကြီးလက်ထက်မှာ ကုန်သည်လမ်းက MOC ရုံးချုပ်အဆောက်အဦကိုနေရာပေးခဲ့ပါတယ်--အခုတော့ interior decoration တွေလုပ်နေသလားတော့ မသိပါ--
ပုဂ္ဂလိကလက်ထဲရောက်သွားတာလည်းဘယ်လိုဘယ်ပုံရောက်သွားတာလဲပြည်သူတွေမသိပါ-- အခုအဆိုပါအဆောက်အဦကိုငှားရမ်းခွင့်ရထားသူ ( သို့မဟုတ်) အပိုင်ဝယ်ခွင့်ရသူ ကလုပ်တဲ့လုပ်ငန်းလေ့လာကြည့်တာနဲ့တင်တရုတ်အနွယ်ပဲဖြစ်ပါလိမ့်မယ်ထင်ပါတယ်--သူတို့အတွက် money ဆိုတာအသေးလေးပါ-- အမေစုကသာ ပြည်သူတွေအတွက် ပြန်လိုချင်တယ် လို့တစ်ချက်သာပြောကြည့် လိုက်ပါ--
မနေ့ကအမေစု ကျောင်းဆောက်ဖို့ လုပ်ငန်းရှင်တွေဆီကအလှုခံသလို အဆိုပါအမျိုးသားစာကြည့်တိုက်ကြီးအတွက်ရည်ရွယ်ဆောက်လုပ်ထားတဲ့ ပိုလိုကလပ်အဆောက်အဦကိုလက်ရှိပိုင်ရှင်ဆီကပြန်လည်အလှုခံပြီး အမျိုးသားစာကြည့်တိုက်များလုပ်ခွင့်ရလိုက်ရင်ဘယ်လောက်ကောင်းပါမလဲ-- မောင်တိုင်ပင်စဉ်းစားချက်ကိုအမေစု သိပါစေဗျာ--
အင်ဂျင်နီယာကျောင်းစာကြည့်တိုက်ကိုအရင်၂-၃ နှစ်လောက်ဝင်ကြည့်တော့စာဖတ်သူသိပ်မရှိဘူးဗျ-- assignment ပေးတဲ့ သင်ကြားရေးစနစ်မဟုတ်လို့ လားတော့မသိပါ--စာကြည့်တိုက်ထဲကသူများရေးထားတဲ့ အကြောင်းအရာတွေကူးချရေးတင်တာပဲဗျာ ဘာများပညာတိုးမှာ လိုက် လို့ ဆိုပြီး မတွေးခေါ်လိုက်ကြပါနဲ့ ဘယ်အကြောင်းအရာသိချင်ရင် ဘယ်စာအုပ်ဘယ်နေရာမှာရေးထားတာကို သိတယ်ဆိုရင်ပဲ အင်ဂျင်နီယာ ပညာတတ်ပြီ လို့ ဆိုနိုင်ပါတယ် Mech 72 က USA ရောက်နေတဲ့ ယုကြည် ရဲ့ အယူအဆက အင်ဂျင်နီယာဆိုတာအကြောင်းအရာတစ်ခုကိုဘယ်မှာရှာရမလဲ ဘယ်စာအုပ်မှာပါသလဲ index သိရင်တော်ပြီ တတ် ပြီပဲ--တဲ့
စိန်ခေါ်မှုတွေတော့အများကြီးပဲ--အရင်အစိုးရလက်ထက်ကတည်းက TVET ကိုစလုပ်ခဲ့တာ-- အခုအမေစု လက်ထက်လည်း TVET ကိုဦးစားပေးတော့ ဝမ်းသာသဗျာ --တိုင်းပြည်ထူထောင်ကြတယ်ဆိုတာ ငါလုပ်မှဆိုရင်အမြင်ကျဉ်းပြီ-- သူတို့ လုပ်ခဲ့တာထက်သာအောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးထားရင်တော်ပါပြီ--စလုံးကဝမ်းနဲ့လေမကွဲတဲ့ စလုံးခံထားတဲ့ ဗမာမက အမေစု TVET ကိုဦးစားပေးဖို့ပြောတာကို အမနာပပြောချင်သေးတယ် Tint Lwin အန်ကယ်တင့် နိုပ်ကွက် လိုက်အုံး-- တိုင်းပြည်မှာ ရေတိုအနေ နဲ့ ဘာလုပ်ရမလဲဆိုတာ မသိတဲ့ ကောင်မ တွေပါးစပ်ပိတ်ခိုင်းလိုက်အုံး--
စစ်တပ်မှာ တော်တဲ့ တတ်တဲ့ စစ်ဗိုလ်နည်းနည်း ပဲလိုတာ-- ခေါင်းဆောင်မှု ပေးနိုင်ရင်တော်ပြီ-- skilled ဖြစ်တဲ့ တပ်သားအကြပ် တွေအများကြီးလိုတာ-- ကျုပ်တို့ တတွေလက်ထက်ကလည်းဒီလိုပဲ တိုင်းပြည် ကိုတည်ထောင်လာခဲ့တာ skilled တွေအများကြီးလိုနေတယ် အမေစု ပြောသမျှကန့်လန့် တိုက်မနေတဲ့ ဂဏန်းမတွေ-- ၂၁ ရာစု မှာ အမေစု လိုခေါင်းဆောင်မျိုး ပေါ်လာတာ မသကာရှိလှ ၅ -၁၀ နှစ်ပေါ့ ပြီးရင် ဂဏန်းမတွေပဲ တိုင်းပြည်မှာ ကျန်ရစ်မှာ --အဲတော့ ကုလား ကျွန် တရုတ် ကျွန် ဖြစ်ကြပေတော့ အေး စစ်ကျွန် လောက်ပြန်ဖြစ်ရင်တော့ ဖျင် အချခံရတာ နည်းနည်းသက် သာအောင်တော့ ပြေးဘော မ လိုက် မုန်ညှင်းဆီနဲ့ လူးပြီး မ လိုက် သက်လား-- မ တတ်တယ်မဟုတ်လား ဘော်ဘော်တွေ--

မွေးထားရသောခေါင်းဆောင်

72 Chem ကသူငယ်ချင်းအောင်မြိုင်မနေ့ကမောင်တိုင်ပင်ဆီဖုံးဆက်ပြီးမင်းတို့ဖွဘုတ်မှာရေးတာတွေကြမ်းတယ်ကွာ၊ ဘာမှအကျိုးမရှိဘူး။မင်းရေးချင်ရင်ငါတို့ group ထဲမှာပဲရေးကွာ ဆိုပြီးသတိလှမ်းပေးပါတယ်။သူငယ်ချင်းကောင်းပီသစွာလှမ်းပြောတာကြောင့်၊မောင်တိုင်ပင်လည်းကိုယ့်ကိုကိုယ် ပြန်လှန်သုံးသပ်စဉ်းစားကြည့်ပြီး ပိုစ်တင်ထားတာကိုဖျက်ပစ်လိုက်ပါတယ်။ကိုယ်ကဘာကောင်မှမဟုတ်ဘူးလေ-- နောက်ကိုယ်ကပင်စင်စား--ဖြစ်စေချင်တဲ့ emotion ပဲရှိတယ်။
ဒီနေ့အငယ်ကောင်ကျောင်းကြိုပြီး Nyan Win Shwe လှမ်းဆက်တယ်။J Cube က " ကုလားဆိုင်မှာဒန်ပေါက်စားရင်းလ္ဘက်ရည်သောက်ရအောင်ကွာ" ဆိုတာနဲ့ သွားလိုက်တယ်။နေ့လည် ၂နာရီခွဲထိလေထိုင်ပစ်တော့ အဲဒီအကြောင်းတောင်ရောက်သွားသေးတယ်။ emotion ကိုအခြေ မ ခံတာကောင်းပါတယ်။ကိုယ်ကဘာလုပ်နိုင်မှာလဲ?
စင်ကာပူ လို democracy ကနေ meritocracy stage ကိုဖြစ်အောင် သွားချင်ပေမဲ့အခြေအနေ မပေးသေးပါဘူး။စင်ကာပူမှာထူးဆန်းတာလား institution တွေအရေးပါပုံကြောင့်လား မသိဘူး-- လီရှင်းလွန်းနောက်ဆက်ခံမဲ့ပုဂ္ဂိုလ်လို့တစ်ပြေးနေတာ ကArmy နဲ့ Air Force ကနေ နိုင်ငံရေးထဲဝင်လာသူ ၂ ယောက် ဖြစ်နေတယ်။ ၂ ယောက်လုံးကလူတော်တွေ--တစ်ယောက်ကပညာရေးမှာဝန်ကြီးလို့တော့သိတယ်။DG ဦးအောင်နိုင်ဦး Civil Service College မှာ သင်တန်းလာတက်တော့ အဲဒီပုဂ္ဂိုလ် လက်ချာပေးသေးတယ်လို့သိရတယ်
ပြောချင်တာနိုင်ငံအကျိုးအတွက် ဘယ်ပါတီတက်တက်ပါတီအတွင်းမှာ ခေါင်းဆောင်လုပ်နိုင်တဲ့အရည်အချင်းရှိသူတွေကိုpolitical term တစ်ခုမှာပါတီ တွေအနေနဲ့ လျာထား ထားသင့်တယ်လို့ပြောချင်တာပါ။
ကဲစာဖတ်သူရေ-- ခင်ဗျားဆိုရင်ဘယ်သူကိုရွေးမလဲ ?

ဖျာအောက်ကငွေတွေ

ကျနော်တို့မြန်မာတွေဟာဖျာအောက်မှာပဲကိုယ်ပိုင်ငွေတွေထားတတ်ပါတယ်--တောမှာနေတဲ့သူတစ်ယောက်ကိုဘဏ်မှာငွေအပ်ထားဖို့စည်းရုံးခဲ့ပါတယ်--သူနေတဲ့ရွာကနေဘဏ်ရှိတဲ့မြို့ ကိုသွားဖို့ကားခ ၂၀၀၀ ကုန်ပါတယ်--ဘဏ်က ၃ လနေတော့အတိုးထည့်ပေးတဲ့အခါ " အဘရေ--ဘဏ်စာအုပ်ထဲမှာ ငွေ၈၀၀၀၀ ကျော်ဘယ်ကရောက်လာမှန်းမသိဘူး" ဆိုပြီးလာပြပါတယ်--ဘဏ်မှာအပ်ထားရင်အပ်တဲ့ငွေ ပမာဏပေါ်မူတည်ပြီး အတိုးဆိုတာရတဲ့အကြောင်းသူမသိပါဘူး--ကြောက်လို့သာဘဏ်အပ်ခိုင်းတာကိုလုပ်ရတာပါ-- ကျနော်ကပစ္စည်းလေးလုပ်ထားချင်တာ လို့ပြောသေး
တယ်-- အခုခေတ်ရွှေဈေးနဲ့ ဘဏ်အပ်ထားတာမှာ ဘဏ်အပ်ထားတာကပိုကိုက်ကြောင်းသူသိလာပါပြီ--
ဘဏ်ကိုသွားရတာတော့ တော်တော်ကြောက်ကြပါတယ် --၅-၆ ခေါက်လောက်သွားပြီးလုပ်ရတာဘာမှမခက်ဘူးဆိုတာသိလာပါတယ်--အရင်ကအိမ်သော့ခတ်ပြီးဟိုဟိုဒီဒီမသွားရဲပါဘူး--အိမ်မှာငွေတွေပစ္စည်းတွေရှိနေတာကိုး--အခုတော့ ပစ္စည်းကကိုယ်နဲ့မကွာယူသွားလို့ရတော့ အိမ်ကိုစိတ်မချစရာ မ ရှိတော့ဘူး--
ဒါကတောကလူတွေနဲ့ဘဏ်အကြားထိတွေ့မှုပါ-- ဘဏ်ကိုလာရမှာ ကြောက်အောင်မလုပ်သင့်ပါ--ဘဏ်ကအတိုးပေးတယ်ဆိုတာသူတို့အတွက်ထူးဆန်းနေပါတယ်--
ကဲ-- အတိုးနှုန်းလျော့သွားရင်ဘာတွေဖြစ်လာမလဲ တဲ့အတိုးနှုန်းနည်းသွားတဲ့အတွက် ကိုယ့်ငွေတွေထုတ်ပြီအပြင်မှာ ရင်းနှီးမြုပ် နှံမယ်ဆိုရင်သူတို့ ဘာလုပ်ကြမလဲ??စောစောက တောကလူကတော့ အနည်းအကျဉ်းလောက်ပြန်ထုတ်ပြီး အိမ်မှာ ကုန်ခြောက်ဆိုင်လေးတည်မလား လို့စဉ်းစားထားတယ် တဲ့--အရင်တုံးကဘဏ်တွေဟာ spread ၅% လောက်မှာ လုပ်သာကိုင်သာရှိပါသေးတယ်-- ကဲ spread ၃ % လောက် အတိုးနှုန်းချပစ်မယ်ဆိုရင် ဗဟိုဘဏ်က ဘဏ်တွေ liquid ဖြစ်အောင် ရတဲ့ အမြတ်ထဲက reserve တွေထားခိုင်းတတ်ပါတယ်-- ဒါတွေကို ဗဟိုဘဏ်က လျှော့ချပေးနိုင်ပေမဲ့ ဘဏ် တွေရဲ့ risk management ကိုလာထိခိုက်နိုင်ပါတယ်--ဘဏ်ရဲ့ ကုန်ကျစရိတ်တွေထပ်လျှော့ကြရအောင်? ဘဏ်တွေ အငယ်နဲ့ အကြီး merging လုပ်မလား?management cost သက်သာလာနိုင်ပါတယ်--အပ်ငွေ နဲ့ ချေးငွေ ဟန်ချက်ညီညီ တိုးတက်လာဖို့ ဘဏ်တွေအနေနဲ့ ဘာတွေပြုပြင်ပြောင်းလဲရမလဲ? Commercial bank အားလုံး ၂၂ ခုရှိနေတော့ မြန်မာနိုင်ငံအတွက်များနေသေးတယ်--အပေါင်ထားတာဟာများသောအားဖြင့် အိမ်ခြံမြေဖြစ်နေတဲ့ အတွက် အိမ်ခြံမြေကွန်ဒို ကဏ္ဍ bubble ဖြစ်သွားခဲ့ရင် ဘဏ်ရဲ့ချေးငွေ လုပ်ငန်းအပေါ်အနည်းနှင့်အများထိခိုက်မှုရှိ နိုင်ပါတယ်--
ပြည်သူအပ်ငွေတွေအပေါ်အခြေမခံတဲ့ investment bank, development bank တွေပေါ်လာအောင် ဗဟိုဘဏ်က ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ? မကြာခင် ကတရုတ်ဖွင့်ထားတဲ့ အာရှ investment bank နဲ့ မြန်မာသူဌေးကြီးတွေဘယ်လိုဆက်သွယ်ဆောင်ရွက်မလဲ?
အတိုးနှုန်းနည်းနည်းနဲ့ project based loan တွေထုတ်ပေးနိုင်အောင် ဗဟိုဘဏ် ကဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ ? CHDB သည် commercial bank အနေနဲ့ရှိသင့်သလား ? Investment bank မဖြစ်သင့်ဘူးလား? တခါလာမဲပြာပုဆိုး နဲ့ဖေါက်ထွက်မလုပ်ကိုင်ကြဘူးဆိုရင် ဘဏ်လောက ကဒုံရင်းဒုံရင်းပဲဖြစ်နေလိမ့်မယ်--
ကဲနောက်ဆုံးပြောချင်တာက foreign banks တွေရဲ့မြန်မာ့ စီးပွားရေး ကို ဘယ်လို့ pump လုပ်ပေးနိုင်မဲ့အခြေအနေတွေကိုလည်း စဉ်းစားအကောင်အထည် ဖေါ်သုံးသပ်သင့်နေပါတယ် --လူငယ်တွေနဲ့ ပြောင်းလဲလာပြီဖြစ်လို့ စောင့်ကြည့်ပါအုံးလို့ Voice က ကိုဇေယျသူကပြောပါတယ်--သမားရိုးကျပုံစံ တစ်ခါလာလည်းမဲပြာပုဆိုး ပုံစံနဲ့ ပဲဖြစ်နေရင်ဘယ်သူလာလာ စီးပွားရေးကဒီအတိုင်းပဲဖြစ်နေမှာပါ-- ဖေါက်ထွက်လုပ်ကိုင်တတ် ပြီး calculated risk နဲ့ အရာရာ ကို ချိန်ဆလုပ်ကိုင်တတ်ရင်တော့ နှစ်ကုန်လောက်မှာ အရိပ်အရောင်လေးတော့ မြင်ရနိုင်ဖွယ်ရှိပါတယ်--
L