Wednesday, February 20, 2019
Business Center လိုတယ်
 စင်ကာပူ တက္ကသိုလ်တွေ ပေါ်လီတက်ကနစ်တွေ မှာ Business Center တွေရှိလားမသိပါ-- စာသင်တာနဲ့ပဲဆိုင်တဲ့ Business Department ကိုဆိုလိုတာမဟုတ်ပါဘူး တက္ကသိုလ်တွေ ကျောင်းတွေရဲ့  ဘဏ္ဍာရေး စီမံခန့်ခွဲရေးဆိုင်လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်ပေးတဲ့ ဌာန ကိုဆိုလိုတာပါ။ National University Hospital NUH ဆေးရုံ မှာ တော့ Business Center ဆိုတာ ရှိတာ တွေ့ရပါတယ်-- ဆေးရုံတက်လာတဲ့လူနာ (ဥပမာ ခွဲစိပ်ကုခံရမဲ့လူနာ) နဲ့ အထူးကုဆရာဝန် team တွေ့ ဆုံဆွေးနွေးတဲ့အခါ ဆရာဝန် consultant တွေကလူနာရဲ့ကျန်းမာရေးအခြေအနေကို အသေးစိပ်ရှင်းပြပြောဆိုဆွေးနွေးသလို လိုက်ပါလာတဲ့ Business Manager ကလည်း လူနာ ရှင်ကိုကုန်ကျနိုင်ဖွယ်ရာရှိတဲ့ စရိတ်တွေ နိုင်ငံသားတစ်ယောက်အနေနဲ့ ခွင့်ပြုထားတဲ့ ပံပိုးမှုထဲက ဘယ်လောက်ခံစားနိုင်တယ်-- ကျန်းမာရေး အာမခံရှိရင်လည်း ဘာတွေလိုအပ်တယ်ဆိုတာ မကုသခင်ကတည်းကသေချာရှင်းလင်းပါတယ်--ဆေးရုံရဲ့ဝင်ငွေ၊ အသုံးစရိတ်၊ စီမံခန့်ခွဲရေး အလုပ်တွေ ဟာ Business Center ရဲ့ တာဝန်ဖြစ်ပါတယ်—ဒါကြောင့် ဆရာဝန် consultant team ထဲမှာ Business Manager တစ်ယောက်ထည့် ထားရတာဖြစ်ပါလိမ့်မယ်--တက္ကသိုလ် တွေ ပေါ်လီတွေ အခြား Institutions တွေမှာလည်း ရှိလိမ့်မယ်ထင်ပါတယ်--
ကျနော်တို့ တက္ကသိုလ်တွေမှာတော့ လောလောဆယ်အစိုးရဘတ်ဂျက်ကိုပဲမျှော်ပြီးသုံးစွဲနေရတာကြောင့်ဒီလို ခေတ်နဲ့ အညီအစီအမံမျိုးရှိဟန်မတူသေးပါ-- တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာရင်တော့ လိုအပ်လာလိမ့်မယ်ထင်ပါတယ်-- အဲလိုဆိုရင်တက္ကသိုလ်ဖွဲ့စည်းပုံကတော့ လက်ရှိဖွဲ့ စည်းပုံနဲ့ မကိုက်ညီနိုင်တော့ပါ-- ကျောင်းသားရေးရာကိစ္စတွေကို ကျောင်းသားသမဂ္ဂကလုပ်မယ်၊ ငွေရေးကြေးရေးကိစ္စ၊စီမံခန့်ခွဲရေးကိစ္စတွေကို Business Center ကလုပ်မယ်--သင်ကြားရေးကိစ္စတွေကိုပါမောက္ခတွေစုဖွဲ့ထားတဲ့အဖွဲ့ကလုပ်မယ်၊ သုတေသနလုပ်ငန်းတွေ ကိုပါမောက္ခတွေစုဖွဲ့ထားတဲ့သုတေသန လုပ်ငန်းအဖွဲ့ နဲ့ Business Center ကကြီးကြပ်မယ်၊ ပြင်ပကလာအပ်တဲ့သုတေသန လုပ်ငန်းတွေလုပ်ရကိုင်ရတော့မယ်ဆိုရင် ငွေရေးကြေးရေးကိစ္စကပါလာပြီ မဟုတ်လား၊ 
ဖွဘုတ် ပိုစ်တွေ လျှောက်ဖတ်ရင်း စိတ်ကူးယဉ်မိတာလေးတွေချရေးလိုက် တာပါ၊ရန်ကုန်ဆေးရုံကြီးဆိုရင် ပြုပြင်မွမ်းမံနေပါတယ်-- အစိုးရဘတ်ဂျက်လည်းပါ ပါလိမ့်မယ် --Contribution လို့ခေါ်နိုင်တဲ့ လှုဒါန်းငွေတွေကိုစီမံခန့်ခွဲရတာလည်း Business Center ရဲ့ အလုပ်ပါ ဥပမာ ဆေးရုံ လူမြင်ကွင်းမှာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ် က ဘယ်နှစ်မှာ ဘယ်လောက်လှုဒါန်းသလဲဆိုတာ LED display screen ကြီးတွေထောင်ပေးထားပြီးဆွဲဆောင်ရမှာပါ၊ ဆေးရုံတွေ ကျောင်းတွေ တက္ကသိုလ်တွေမှာ contribution တွေလိုပါတယ်၊ သူငယ်ချင်း WHO ဆိုရင် အာအိုင်တီ ပရဝဏ်ထဲကထွက်ပြီး ဆေးရုံကြီးမှာတောင် contribution လုပ်ခဲ့ပါတယ်— Business Center ဟာဆေးရုံမှာ ဘာတော့ လိုနေတယ် ဆိုတာလိုက်ကြည့်ပြီး ဘယ်လောက်ကုန်ကျစရိတ်ရှိနိုင်တယ်ဆိုတာတွေလည်း potential ရှိတဲ့ လှုဒါန်း လိုသူတွေကို ချဉ်းကပ်ဆွဲဆောင်စည်းရုံးနိုင်ပါတယ်-- marketing ဆင်းသလိုမျိုးပေါ့—ဒါဆိုရင် လှုတဲ့သူတွေကလည်း သူတို့အလှု ဟာထိရောက်မှုရှိတဲ့ အတွက်လှုလိုကြမှာပါ၊ စင်ကာပူလိုချမ်းသာတဲ့ နိုင်ငံ က အစိုးရဆေးရုံမှာတောင် contribution လုပ်တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်အမည်တွေ ကို LED display လုပ်ထားပါတယ်၊ ထင်ရှားတဲ့ အစိုးရခေါင်းဆောင်အမည်တွေလည်းတွေ့ရပါတယ်၊အစိုးရအဖွဲ့ ဝင်တွေဟာလစာတော်တော်ကောင်းကြတာကိုး။
မြန်မာကပိုလိုပါတယ်--organised ဖြစ်အောင် လုပ်ထားနိုင်ရင် ပြည်သူတွေဆီကလှုဒါန်းတာတွေများလာမှာပါ—နောက်ပြီး လောက် လောက်လားလား ထိထိရောက်ရောက် လှုဒါန်းတဲ့အလှုရှင်တွေကိုလည်း သမ္မတ ကဘွဲ့ထူးဂုဏ်ထူးတွေ ပေးကြရမှာပေါ့ဗျာ--
ရွှေ့ပြောင်းအလုပ်သမား
ဒီလိုကိစ္စရပ်တွေအတွက် မောင်တိုင်ပင်သာ မသိတာ-- မြန်မာလူငယ်တွေလေ့လာထားတဲ့ research တွေရှိလိမ့်မယ်ထင်ပါတယ်-- ဘယ်လိုပညာရပ်အဆင့်အတန်းတွေအတွက် ရက်တိုလေ့ကျင့်ပေးလိုက်ဖို့ သင်တန်းတွေ ဖွင့်နိုင်ပြီလား? ပုဂ္ဂလိကအပိုင်းကကောစိတ်ဝင်စားမှု ရှိပါသလား? ဒီအပိုင်းတွေမှာ ရိုက်စား  တနပ်စား  တွေဝင်လာနိုင်တဲ့ risk အများကြီးရှိပါတယ်-- ဂတိတည် ဖြောင့်မတ်တဲ့ အေဂျင်စီအသင်းတွေလည်းလိုပါလိမ့်မယ်--ဥပမာတစ်ခုပြောရရင် domestic workers တွေလွှတ်တဲ့အခါ လွှတ်မဲ့နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသော ရက်တိုသင်တန်းတွေဖွင့်ရပါမယ် -- ဒီနေရာမှာ သွားလိုကြတဲ့ပြည်သူတွေဟာဆင်းရဲသားလူတန်းစားများပါမယ်-- သင်တန်းတက်နိုင်ဖို့ငွေကြေးသုံးစွဲဖို့ရာမှာအခက်အခဲရှိနိုင်ပါတယ်--အကြမ်းဖျင်းသိရတာက domestic workers တွေအနေနဲ့ ပထမဆုံး လာတဲ့အခေါက်မှာ ၇-၈ လစာလောက် ကို ၂ဖက်အေဂျင့် တွေကယူလေ့ရှိပါတယ်--ဒါမျိုးကစိတ်ထားကောင်းမွန်တဲ့အိမ်ရှင်ဆီရောက်ရင်တော်သေးပေမဲ့ စိတ်ထားမကောင်းတဲ့အိမ်ရှင်ဆီရောက်ရင်စိတ်ပိုင်းဆိုင်ရာအထိ ထိခိုက်မှုရှိနိုင်ပါတယ်--ဒီစနစ် ဒီအလေ့အကျင့်တွေရှိတာသိနေတဲ့အလျောက်သက်ဆိုင်ရာ ဌာနအနေနဲ့ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရင်ကောင်းပါတယ်။အခုပြောနေတာတွေကိုဌာနတွေကမောင်တိုင်ပင်ထက်ပိုသိပါလိမ့်မယ်--
ဒီလိုတွေးကြည့်မိပါတယ်
FDI ရင်းနှီးမြုပ်နှံမှု များ ဝင်လာအောင်လုပ်ကိုင်ဆောင်ရွက်ရာတွင်အဓိက စိန်ခေါ်မှုသည်ရခိုင်ဒေသရိုဟင်ဂျာအရေးကိစ္စဖြစ်သည်ဟုယေဘူယျသုံးသပ်ကြပါသည်-- မှန်သင့်သလောက်မှန်သော်လည်းလက်ရှိ မြန်မာနိုင်ငံတွင်းအခြေအနေကိုမှန်မှန်ကန်ကန်သုံးသပ်ကြည့်ဖို့လိုမည်ဟုထင်ပါသည်--အမေရိကန်၊အနောက်ဥရောပနိုင်ငံများမှရင်းနှီးမြုပ်နှံမှု ကိုယခုအချိန်၌မျှော်လင့်၍မရနိုင်သေးသော်လည်းတရုတ်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း တို့၏ရင်းနှီးမြုပ်နှံမှု များကတော့အလားအလာကောင်းသည်ဟုဆိုနိုင်ပါသည်။
တရုတ်ကိုတော့ မြန်မာတွင်လာရောက်ရင်းနှီးမှာကိုပြည်သူအများကကြောက်ကြပါသည်၊လက်ရှိလုပ်ကိုင်လျှက်ရှိသောတရုတ်ရင်းနှီးမြုပ်နှံမှု အချို့သည် မြန်မာနိုင်ငံ၏ဒေသအကျိုးစီးပွားများကိုလစ်လျူရှုခဲ့သောကြောင့်ဒေသခံများနှင့်ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပေါ်ခဲ့ကာပြဿနာများပေါ်ပေါက်ခဲ့ခြင်းကိုမလိုလားကြ ပါ။ တရုတ်ပြည်တွင်းမှာလည်း manufacturing industry ကိုတဖြည်းဖြည်းလျှော့ပြီး service industry ဘက်ကိုကူးပြောင်းရန်မူဝါဒများပြောင်းလဲသတ်မှတ်ထားရာ တရုတ်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ manufacturing industry လုပ်ငန်းများကိုအားသာချက်ရှိသောနိုင်ငံများသို့ရွှေ့ပြောင်းတော့မည်ဖြစ်ရာ အနောက်ဥရောပ၊အမေရိကန်ပြည်ထောင်စုတို့ နှင့်အဆင်မပြေသော မြန်မာနိုင်ငံသို့ပြောင်းရွှေ့လာရန်အလားအလာနည်းပါသည်ဟုဆိုကြပါသည်။
ဂျပန်တွင်လည်း ငယ်ရွယ်သည့် ကျွမ်းကျင်အလုပ်သမား များရှားပါးလျက်ရှိရာ ရင်းနှီးမြုပ်နှံမှုများသည်မလွဲမသွေဂျပန်ပြင်ပသို့ များထွက်လာရဖွယ်ရှိပေသည်။ထိုကြောင့်မြန်မာနိုင်ငံအနေဖြင့်ဂျပန်ရင်းနှီးမြုပ်နှံမှုများကိုမျှော်လင့်နိုင်ပါသည်။ ထိုအတွက်လည်းမြန်မာနိုင်ငံကအစိုးရပိုင်းကောပုဂ္ဂလိက ပိုင်းကပါ အားစိုက်ပြင်ဆင်ထားရန်လိုအပ်ပါသည်--
စင်ကာပူသည် အာဆီယံနိုင်ငံချင်းဖြစ် ၍မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံများမှာ ထိပ်တန်းမှာရှိနေပါသည်။အများစုမှ USD million ပရိုဂျက်များ ဖြစ်ပြီး billion နှင့်ချီသောပရိုဂျက်အနည်းအကျဉ်းသာရှိပါသည်--
၂၀၁၈ခုနှစ်မှာ GDP သည် ၆.၄% မှ ၅.၉% သို့အနည်းငယ်ကျဆင်းခဲ့ပါသည်။ဒီအချက်ကလည်း ရခိုင်ပြဿနာကြောင့် FDI ဝင်ရောက်မှု နှေးကွေးသွား၍ဖြစ်နိုင်ပါသည်။ ၂၀၁၇ခုနှစ် နှစ်လည် မှ ၂၀၁၈ခုနှစ်အထိ FDI ဝင်ရောက်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံရှိခဲ့ပါသည်။အထူးသဖြင့်ထုတ်လုပ်မှုကဏ္ဍမှာသိသာထင်ရှားသည့်တိုးတက်မှုများရှိခဲ့ပါသည်။အထူးသဖြင့် CMPအထည်ချုပ်ကဏ္ဍ၌ လုပ်ခဈေးနှုန်းသက်သာခြင်း နှင့် ပို့ကုန်သက်သာခွင့်များ (  အထူးသဖြင့်အနောက်ဥရောပ နှင့်အမေရိကန်)ရရှိခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
၂၀၁၈ခုနှစ်တွင်ကုမ္ပဏီအက်ဥပဒေအသစ်ကိုပြဌါန်းသတ်မှတ်နိုင်ခဲ့သောကြောင့်ပြည်တွင်းရင်းနှီးမြုပ်နှံမှုအခွင့်အလန်းများပေါ်ပေါက်လာခဲ့ပါသည်။ပြည်ပမှ ရင်းနှီးမြုပ်နှံသူများသည်ပြည်တွင်းကုမ္ပဏီများတွင်ရှယ်ယာ ၃၅% အထိပါဝင်နိုင်ပါသည်။Doing business အပိုင်း၌ ranking တက်လာစေရန်ရည်ရွယ်၍ Myanmar Companies Online ( MyCO) မှတ်ပုံတင်ခြင်းကို တည်ထောင်ခွင့်ပြုခဲ့ပါသည်။
ပညာရေးကဏ္ဍ၌လည်းဖြေလျော့မှုများဆောင်ရွက်ပေးခဲ့ပြီး မြန်မာဝန်ဆောင်မှုလုပ်ငန်းတိုးတက်ရေးကိုဆောင်ရွက်နိုင်ခဲ့ပါသည်။ဒေသတွင်းနိုင်ငံများမှ ပုဂ္ဂလိ ကျောင်း၊ ကောလိပ်များ လာရောက်ဖွင့်လှစ်ခဲ့ကြပါသည်။ ပြည်ပကုမ္ပဏီများကို လက်လီလက်ကားဆောင်ရွက်ခွင့်ပြုခဲ့ခြင်းကြောင့်Metro ကဲ့သို့နိုင်ငံခြား retailing ကုမ္ပဏီများ များမကြာမီကာလအတွင်းပြည်တွင်းသို့ဝင်ရောက်လာဖွယ်ရာရှိပါသည်။
၎င်းပြင်မြန်မာနိုင်ငံဗဟိုဘဏ်ကလည်းနိုင်ငံခြားအာမခံကုမ္ပဏီများ နိုင်ငံခြားဘဏ်များကိုပြည်တွင်း၌ဝန်ဆောင်မှုများပေးနိုင်ရန်ခွင့်ပြုပေးခဲ့ပါသည်။ဘဏ်များ၏ကဏ္ဍတိုးတက်လာရခြင်းမှာအင်တာနက်အဆက်အသွယ်များတိုးတက်လာရခြင်းသည်အဓိကဖြစ်နေပါသည်။သို့သော်ပြည်သူလူထုအများစုသည်ဘဏ်ဝန်ဆောင်မှုများကိုအပြည့်အဝမခံစားနိုင်ရသေးပါ။mobile banking, internet banking, QR code, bank pay စသည့် အင်တာနက်အွန်လိုင်းအခြေခံဘဏ်ဝန်ဆောင်မှုများသည်ပြည်သူလူထုအကြားစိမ့်ဝင်ပျံ့နှံ့လျှက်ရှိရာ လက်လုပ်လက်စားလူတိုင်းလိုလို smart ဖုန်းများကိုင်နိုင်လာကြခြင်းကြောင့်ဖြစ်ပါသည်။ အစားအသောက်အငတ်ခံချင်ခံမည်၊အဝတ်အစားချွေတာဝတ်မည် smart ဖုန်းလေးတော့ တရုတ်လုပ်ပင်ဖြစ်စေ လူငယ်လူရွယ်တိုင်းလိုလို ကိုင်ကြသည့်အခါဘဏ်များသို့ကိုယ်တိုင်သွားရောက်လုပ်ကိုင်ခြင်းထက် on line payment များဆောင်ရွက်ရန်အားသန်နေခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင်တိုးတက်မှုများရှိလာနိုင်ပါသည်။ payment စနစ်များအဓိကဆောင်ရွက်သည့် Red Dot ကုမ္ပဏီပိတ်သိမ်း၍ထွက်ပြေးရခြင်းမှာလည်းဘဏ်များ၏ on line payment စနစ် များဖွံဖြိုးတိုးတက်လာခြင်းကြောင့်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း TOP Up Card အရောင်းအဝယ်လုပ်ငန်းများလည်းကျဆင်းလာနိုင်ဖွယ်ရှိပါသည်။ဘဏ်မျာသည် အောက်ခြေ မှအခြေခံ လူတန်းစားများလုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန် ရှင်းလင်းတိကျသောမြန်မာလိုလမ်းညွန်ရေးထားသည့်စနစ်များနှင့်ထိတွေ့ပေးရန်လိုပါသည်။
ဗဟိုဘဏ်အနေဖြင့်ဘဏ်အသုံးပြုသူများ transaction ပြုလုပ်ရာတွင်ငွေသားစက္ကူများကိုဆာလာအိတ်များတွင်ထည့်၍ငွေအသွင်းအထုတ်လုပ်ခြင်းကိုအားမပေးပဲ ချက်လက်မှတ် များအသုံးပြုလာစေရန် promotion များလုပ်သင့်ပါသည်။ နယ်တစ်နယ်မှ တစ်နယ်ငွေလွှဲရာတွင်လည်းဆာလာအိတ်ကြီးများနှင့်ငွေစက္ကူများဘဏ်သို့ယူလာပေးသွင်းပြီးအခြားတစ်ဖက်၌ လွှဲပေးလိုက်သောငွေစက္ကူများကိုဆာလာအိတ်ကြီးများဖြင့်ပြန်ထုတ်ယူခြင်းသည် ပုဂ္ဂလိက ဘဏ် များ၏နေ့စဉ်မြင်ကွင်းများဖြစ်ကြပါသည်။ ချက် လက်မှတ်များဘာကြောင့်အသုံးမပြုကြပါသလဲ ? ရှင်းပါသည်။ clearing အချိန်ကြာသောကြောင့်ဖြစ်ပါသည်။စင်ကာပူဘဏ်များမှာလည်း ချက်လက်မှတ်ကိုနံနက်ပိုင်းမှာ ဘဏ်ကို မသွင်းနိုင် လျှင်နောက်တစ်ရက်မှမိမိအကောင့်မှာငွေဝင် လာနိုင်ပါသည်။clearing အတွက်ကတော့ နေ့တစ်ဝက်ခန့် အချိန်ယူနိုင်ပါသည်။ ပြီးခဲ့သောအစိုးရများလက်ထက်က ငွေစက္ကူ များအပေါ်တရားမဝင်ကြောင်းကျေညာချက်များမကြာခဏထုတ်တတ်သောကြောင့်ပြည်သူလူထု၏စိတ်သန္တါန် တွင်ငွေစက္ကူများကိုကိုင်တွယ်ရေတွက်နေရမှသာစိတ်ချရသည့်သဘောရှိနေတတ်ပါသည်။ ရန်ကုန်မြို့နေသူဌေးအများစု၏နေအိမ်တွင် vault များတည်ဆောက်ထားကြသည်ဟု ကြားဘူးပါသည်။ဟုတ်မဟုတ်တော့ မပြောနိုင်ပါ။ဆိုလိုသည်မှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေသည့် ငွေစက္ကူများဆာလာအိတ်များတွင်ငွေအသွင်းအထုတ်လုပ်နေခြင်းကိုလျော့ပါးလာစေရန်နည်းလမ်းတစ်ခုခု ဆောင်ရွက်သင့်ပါသည်။လက်ငင်းအကျိုးကျေးဇူးမှာ ငွေစက္ကူများကို ရေတွက်ကိုင်တွယ်နေခြင်းသက်သာသွားသဖြင့်ဘဏ်ဝန်ထမ်းများကျန်းမာရေးကိုအထောက်အကူဖြစ်စေခြင်း၊ငွေစက္ကူရိုက်နိုပ်ရသည့်စရိတ်အကုန်အကျအနည်းငယ်သက်သာသွားနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရနိုင်ပါသည်။
ပြောင်းလဲတိုးတက်မှုများသည် ၂၀၁၈ မှ ၂၀၁၉ ခုနှစ်သို့ဆက်လက် ရွေ့လျားနိုင်ဖွယ်ရှိပြီး ပျမ်းမျှ GDP တိုးတက်မှုသည် ၆.၄% ခန့်ရှိနိုင်မည်ဟုမျှော်လင့်ထားပါသည်။e-government စနစ်အကောင်အထည်ဖေါ်ရန်ဝန်ကြီးဌာနများ နှင့် ဒေသအစိုးရများ ကြိုးစားလုပ်ဆောင်နေကြသော်လည်းအားနည်းချက်များရှိနေဆဲဖြစ်ပါသည်။ အင်တာနက်အဆက်အသွယ်များကောင်းမွန် လာသောကြောင့် ပြည်တွင်း၌  on line marketing လုပ်ငန်းများကိုတစ်နိုင်တစ်ပိုင်လုပ်လာကြပါသည်။ပြည်ပမှ Alibaba, e Bay, Amazon  စသည့် on line marketing giant များလည်း မြန်မာ့ products များအပေါ်လုပ်ကိုင်လာခဲ့ကြပါသည်။ တစ်ဖက်၌လည်း shopping mall, Super Market, Super Center စသည့် retailing outlets များလည်းရန်ကုန်မြို့တင်သာမက နယ်မြို့ကြီးများတွင်ပါ shopping mall များတည်ဆောက်လုပ်ကိုင်လာကြပါသည်။ shopping mall များသို့ကိုယ်တိုင်သွားရောက်
 ဈေးဝယ်ရန်အချိန် မ ပေးနိုင်သူများသည် လူမှု မီဒီယာများမှတဆင့် on line shopping များတွင်တွင်ကျယ်ကျယ်လုပ်လာကြပါသည်။ on line marketing လုပ်ငန်းများတွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြသည်နှင့်အတူပြည်တွင်းစာတိုက်လုပ်ငန်းများ၊ courier services လုပ်ငန်းများ၊ ကြော်ငြာလုပ်ငန်းများလည်းတစ်ဖက်၌ဖွံဖြိုးတိုးတက်လာနိုင်ပါသည်။
ပြင်ပမှရင်းနှီးမြုပ်နှံမှုများ အများအပြားဝင်ရောက်လာစေရန် ဆွဲဆောင်ရာ၌ ပြည်တွင်းဌာနဆိုင်ရာဗျူရိုကရေစီ ယန္တရား က investment process friendly ဖြစ်ရန်အရေးပါသောအပိုင်းမှာရှိနေပါသည် process friendly ဖြစ်မဖြစ် ကို doing business ranking ကိုကြည့်ရုံနှင့်သိသာနိုင်ပါသည်--သူတို့ criteria အရတချက်ချင်းပြင်၍ရနိုင်သောအချက်များကိုသက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းအနေဖြင့်ချက်ချင်းပြင်ဆင်ပြဌါန်းပေးရန်လိုအပ်ပါသည်--နိုင်ငံအကြီးအကဲအနေဖြင့် သက်ဆိုင်ဝန်ကြီးဌာနများကိုဝက်အူတင်းပေးရန်လိုအပ်ပါသည်--မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြုပ်နှံရန် အလားအလာရှိသော နိုင်ငံစုံမှ MNC ကုမ္ပဏီ ကြီးများ ၁၀ ခုခန့်ကို ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန မှတိုက်ရိုက်ချဉ်းကပ်ပြီး case by case စဉ်းစားကာ သူတို့ ဘာလိုသလဲ ဆိုသည်ကိုဆွေးနွေးဖေါ်ထုတ်၍ ချက်ချင်းလုပ်ကိုင်ခွင့်ပေးသည့် လုပ်နည်းစနစ်တစ်ခုကိုစဉ်းစားစေချင်ပါသည်။ ASEAN briefing ရဲ့ outlook ကတော့မြန်မာနိုင်ငံရဲ့ စီးပွားရေးသည့်  National Export Strategy  ပေါ်မူတည် လျှက်ရှိပြီး အဓိကအားသာချက်များရှိနေတဲ့အပိုင်းကတော့ garment sector, natural resources, agricultural products, နှင့် tourism ( eco-tourism) communication technology တို့ဖြစ်ကြောင်းဖေါ်ထုတ်ထားပါသည်။နောက်တစ်ခုထပ်ဖြည့်စွက်လိုသည်မှာ retailing business ဖြစ်ပါသည်။
ကျမ်းကိုး  Myanmar’s investment outlook for 2019
                ASEAN Business News
ဆန်နဲ့ပတ်သက်လို့ဒီလိုတွေးမိတယ်
ကမ္ဘာပေါ်မှာ ကျန်းမာရေးအထူးသတိထားသူတွေဟာသူတို့နေ့စဉ်စားသောက်နေတဲ့အစားအစာတွေထဲမှာလူကိုဥပါဒ်ပေးနိုင်တဲ့ ဘာဓါတ်ပစ္စည်းတွေပါဝင်နေသလားဆိုတာအထူးသတိပြုလေ့လာသုံးသပ်ပြီးစိတ်ချရမှစားသုံးပါတယ်။ 
ယနေ့ကမ္ဘာပေါ်မှာ ပြုပြင်ထုတ်လုပ်ထားတဲ့စားစရာတွေထောင်ပေါင်းများစွာရှိပါတယ်၊အဆိုပါစါးစရာ snacks တွေထဲမှာ လုံခြုံစိတ်ချရတဲ့စားစရာဘယ်နှစ်မျိုးပါဝင်နေပါသလဲ ?ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းဟောပြောချက်တွေထဲမှာကမ္ဘာမှာကောမြန်မာမှာပါ autoimmune ရောဂါ( ခုခံအားကစင့်ကလျားဖြစ်တဲ့ရောဂါ)တွေအဖြစ်များနေတဲ့အကြောင်းသူ့ဟောပြောချက်တွေထဲမှာနားထောင်ရပါတယ်၊အချို့ကတော့အစားအသောက်အနေအထိုင်မဆင်ခြင်တဲ့အတွက်အူလမ်းကြောင်းမှာဖြစ်တဲ့ရောဂါ တွေဖြစ်နေကြ တယ်လို့ ပြောပါတယ်၊
လူတွေအသိများပြီး စားစရာမှာပါဝင်နိုင်တဲ့ထင်ရှားသောဓါတုပစ္စည်းတွေကတော့--ပိုးသတ်ဆေးအကြွင်းအကျန် pesticide residue အာဖလာတော့ဆင် aflatoxins, gluten, frutose, artificial sweeteners,MSG Monosodium glutamate, food chemicals codex (FCC) နဲ့မညီတဲ့ဆိုးဆေး၊စသည်ဖြင့်ရှိကြပါတယ်။
ဒီနေရာမှာကျနော်ပြောချင်တာက gluten ဓါတ်အကြောင်းဖြစ်ပါတယ်။ ဂလူတင် ဟာလူခန္ဓာကိုယ်ရဲ့ ခုခံအားဖြစ်ပေါ်မှုကိုထိခိုက်စေပါတယ်၊အူနရံတစ်လျောက်ပါးလွှာသွားစေတတ်ပါတယ် တဲ့။ထင်ရှားတာကတော့Celiac disease ဖြစ်ပါတယ်၊ဒီရောဂါဟာအတိုချုပ်ပြောရရင်လူခန္ဓာကိုယ်ရဲ့အစါချေစနစ်ကိုဖျက်ပစ်တတ်ပါတယ်၊ ဝမ်းလျှောဝမ်းပျက်မယ် ဗိုက်နာမယ် ဝမ်းဗိုက်ပြည့်နေလိုခံစားရမယ် ကိုယ်အလေးချိန်လျော့လာမယ် မောပန်းလွယ်မယ်  ဒီလက္ခဏာတွေခံစားရလာနိုင်တယ်။ဂလူတင်ဓါတ်က ဂျုံ  ဘာလီ  rye လို့ခေါ်တဲ့ဂျုံရိုင်းတွေမှာ ပါတယ် လို့သုတေသီတွေကဆိုကြပါတယ်။
ဂလူတင်ဓါတ်ဟာ ဆန်မှာပါနေသလားဆိုတာဆန်စပါးကိုအမြဲလေ့လာနေတဲ့ကျနော်ကသိချင်လာတာပါ--ဆရာမကြီးရဲ့ဟောပြောချက်တွေထဲမှာ ဂျုံ ကတော့သေချာပေါက်ပါတယ်၊ ဂျုံကပြုလုပ်တဲ့ ပေါင်မုန့် ကိတ်မုန့် ဂျုံခေါက်ဆွဲစတဲ့ စားစရာတွေကို ထမင်းလွတ်စားခဲ့တဲ့ သူလူနာတွေထဲမှာ Celiac ရောဂါလက္ခဏာအခြေအနေတွေတွေ့ခဲ့ရတယ်လို့ဆိုပါတယ်၊ သူကဆန်ဆိုပေမဲ့ GMO ဆန်တွေကိုပြောတာဖြစ်ပါတယ်၊ genetically modified ပေါ့။ ဆန်စပါး terminoligy တွေနဲ့အကျွမ်းမဝင်လို့ဖြစ်ပါလိမ့်မယ်၊ Hybrid rice အဖိုပင်  အမပင် နဲ့စိုက်ရတဲ့စပါးမျိုးဖြစ်ပါလိမ့်မယ်။ ဦးသိန်းစိန်သမ္မတကြီးလက်ထက်ကစိုက်ပျိုးရေးဝန်ကြီးဌာနကရူးသွတ်ခဲ့တဲ့ ပုလဲသွယ် စပ်မျိုးစပါးဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်ကတော့ ဂလူတင် ဓါတ်ကိုစမ်းသလား မစမ်းခဲ့ဘူးလား ကျနော်တော့ မသိပါ။ သိသူတွေရှိရင် မန့်ပေးကြပါအုံး။
ဆရာမကြီးကတော့ သူပိုစ့်ထဲမှာ ဒီလိုရေးထားပါတယ်
" Gluten ဟာ အောက် ဖော် ပြ ပါ ပြဿနာ များ ကို ဖြစ် စေ တတ် တဲ့ အကြောင်း တစ်ပါး ထဲ မှာ ပါ ဝင် နေ တာ ဖြစ် ပါ တယ်။
၁. ရင်ပူ ခြင်း
၂. လေထ ခြင်း/ လေပွ ခြင်း
၃ ဗိုက်နာ၊ ဝမ်းလျော၊ ဝမ်းချုပ်
၎. Autoimmune ရောဂါ မျိုးစုံ
၅. ပင်ပန်းနွမ်းလျ ၊ အားမရှိ
၆. ခေါင်း ကိုက်
၇. သွေး အားနည်း
၈. စိတ်ဓာတ် ကျ ဆင်း ခြင်း
၉ . အရိုးပါး ခြင်း
၁၀. မူးဝေတတ် ခြင်း၊ နားအူခြင်း၊ လေထွက် ခြင်း
၁၁. အရေ ပြား ရောဂါ မျိုးစုံ၊ ဝဲနှင်းခူ
၁၂. သားသမီး မရ နိုင် ခြင်း
 ( autoimmune နှင့် ဆက်စပ် နေ တတ် ပါ တယ် )
ရှေးရှေး က အစားအစာ တွေ နဲ့ ယခုခေတ် အစားအစာ တွေ ဟာ အရည်အသွေး မတူ ကြ တော့ ပါ။
ရှေးရှေး က တော့ သဘာဝ အတိုင်း
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊
 ဓာတ်မြေသြဇာ မပါ
အစေ့ မျိုးရို ဗီဇ က လည်း ပင်ကိုယ် သဘာဝ ဖြစ် ပါ တယ်။
အခု ခေတ် မှာ က တော့ -----
အစေ့ မျိုးရိုးဗီဇ တွေ လဲ ပြောင်း လဲ
ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေး
ဓာတ်မြေသြဇာ
သဘာဝ အနေ နဲ့ အစား အသောက် တွေ ရဲ့ ပုံစံ ဟာ လည်း ပြောင်းကုန် ပြီ မို့ကိုယ် က ဒါ တွေ ကို နားလည် သဘော မပေါက် ဖူး ဆို ရင် ရောဂါ သံသရာ မှာ ချာချာ လည် ကြ ပြီ ဖြစ် ပါ တယ်။
အဆိပ် မျိုးစုံ ခြံရံ ပြီး နေ ရ တဲ့ ဘဝ မှာ အစာ ပါ မကျေ တဲ့ ရ လာဘ် က တော့ Autoimmune ရောဂါ မျိုးစုံ ပါ ပဲ။"
credit: To a better health
" ဆန်သည် Gluten free မဟုတ် ပါ။ဆန် က အစေ့ အမျိုးအစား grains တွေ ထဲ မှာ ပါ နေ ပါ တယ်။
ဆန် ထဲ မှာ ပါ နေ တဲ့ gluten ရဲ့ အမည် က တော့ Oryzeninဖြစ် ပါ တယ်။
 ထို နည်း တူ စွာ ပြောင်း ဖူး မှာ ပါ နေ တဲ့ gluten က Zein ဖြစ် ပါ တယ်။"
credit: To a better health
ထိုင်းမှာ၂၀၁၆ခုနှစ်လောက်ကဘုရင်ဆွေတော်မျိုးတော်တစ်ယောက်နဲ့သိကျွမ်းခဲ့ရပြီးသူက Berry rice အကြောင်းကိုပြောပြပြီးဆန်နမူနာတစ်ထုတ်ပေးပါတယ်။
https://www.facebook.com/100006641833488/posts/1901186676779375/
 ကောက်ညှင်းငချိတ်လိုအရောင်အသွေးမျိုးရှိပါတယ်။ health food အနေနဲ့သူတို့ မျိုးစပ်ထုတ်လုပ်တာဖြစ်ပါတယ်--ကျနော်ထင်တာကတော့ အနည်းငယ်သာပါဝင်နိုင်တဲ့ ဂလူတင်ဓါတ်ကို agronomy နည်းပညာနဲ့ဖယ်ထုတ်ပစ်လိုက်ပြီး  Berry rice ဆိုပြီးထုတ်လုပ်တာဖြစ်ပါလိမ့်မယ်။ ၂၀၁၆မှာ ထိုင်းကိုသွားတော့ Big C မှာ Berry rice နဲ့ပတ်သက်တဲ့ promotion တစ်ခုလုပ်နေတာတွေ့ခဲ့ရပါတယ်။
https://www.facebook.com/100006641833488/posts/1910958569135519/
ဒီနေ့မနက်အတွေးတွေပေါ်လာတာကတော့မြန်မာဆန်ပြည်ပတင်ပို့တဲ့အခါ အီးယူ က long grain rice တွေကို prefencial treatment မပေးတော့ဘူးဆိုတော့ အလားတူရနေကြတဲ့ ကမ္ဘောဒီးယား  လာအိုတို့ထက်မြန်မာကတပန်းသာနေတဲ့အကြောင်းဖတ်ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြန်မာကစပါးအမျိုးစုံစိုက်ကြလို့ဖြစ်ပါတယ်။ long grain ကိုလျှော့ပြီး medium grain တို့ short grain တို့ပို့နိုင်တဲ့ အခွင့်အရေး ရှိနေတယ် လို့သုံးသပ်ကြတယ်။ တကယ်တော့ ကျနော်တို့ဆီမှာ အရင်ကော အခုထိကော အစိုက်များတဲ့ စပါးအမျိုးအစား တစ်ခုက ငစိန် လို့ခေါ်တဲ့ medium grain ဖြစ်ပါတယ်။ ကမ္ဘာမှာ medium grain ကိုသီးခြားစားသုံးကြတဲ့ ဈေးကွက်တစ်ခုရှိပါတယ်။ ထင်ရှားတာကတော့ အီဂျစ် ပါ။ အခုဆိုရင် ထိုင်းဆန်ခေါက်ဒေါ့မာလီ long grain rice ဟာ ကမ္ဘာအနှံ့ပို့ခဲ့တော့ဆန်စားတဲ့နိုင်ငံတိုင်းလိုလို နဲ့ဥရောပတွေအထိကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပါတယ်။ စင်ကာပူမှာ ထိုင်းဆန်ပဲရှိတော့မညည်းမညူနိုင်ပဲကြိတ်မှိတ်စားနေရပါတယ်။ဆန်အနေနဲ့သာ အမြင်လှတာပါ။ ထမင်းချက်လိုက်တဲ့အခါ eating quality ကတော့ထိပ်တန်းမှာမရှိပါ။ တခါတလေတော့ လည်းပေါ်ဆန်း တို့ မနော်သုခ တို့လိုဆန်မျိုးကချက်တဲ့ထမင်းစားချင်လာပါတယ်--  
ကျနော်လိုပဲထိုင်းဆန်ကိုအပြောင်းအလဲစားချင်နေကြတဲ့ consumers တွေလည်း ကမ္ဘာပေါ်မှာရှိကြမှာပါ။ ပေါ်ဆန်းဟာလုံးရှည်တွေအမြင်များနေတဲ့အတွက် short and round grain ဟာအမြင်ဆန်းနေတတ်ပါတယ်။ ဒါပေမဲ့ပေါ်ဆန်းထုတ်လုပ်မှုဟာအခြားစပါးတွေနဲ့ယှဉ်ရင်အထွက်ကအတော်အတန်နည်းနေပါတယ်။ ပြည်တွင်း ဝယ်လိုအား ကလည်းများပါတယ်။ ဒါကြောင့်ပြည်ပကိုပို့တဲ့အခါ ပြည်တွင်းဈေးထက်ပိုမရနိုင်တော့ လို့ exporter တွေလက်ရှောင်ကြပါတယ်၊ productivity တက်လာမယ်၊ ပြည်ပဝယ်လိုအားက တက်လာမယ်၊ ဆိုရင်ဒီဆန်ချောအမျိုးအစားကို ဒေသတော်တော်များများမှာ တိုးချဲ့ စိုက်ပျိုးလာကြမယ်ဆိုရင်တော့အလားအလာရှိတယ်လို့ထင်ပါတယ်၊ ထိုင်းတွေလည်းသူတို့ခေါက်ဒေါ့မာလီကို ကမ္ဘာဆန်စားသုံးသူတွေအကြားမှာ ရိုးအီလာနေပြီဆိုတာသူတို့လည်းသတိပြုမိလာနေပြီဖြစ်ပါတယ်။ ဗြုန်းဆို short and round grain ပေါ်ဆန်း ကို သူတို့ဆီမှာမျိုးထုတ်လုပ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပြီး အဆက်အသွယ်ကောင်းတဲ့ သူတို့က များကမ္ဘာကိုများတင်ပို့ လိုက်လို့တော့ ကျုပ်တို့တတွေဟုတ်ပေ့ရှိနေပါလိမ့်မယ် ဆရာတို့ရေ--
ရန်ကုန်မြို့သစ်စီမံကိန်း
NYDC နှင့်ပတ်သက်၍ရှင်းလင်းပြောကြားချက်၂နာရီခွဲကျော်ကိုအချိန်ပေးပြီးနားထောင်ခဲ့ပါတယ်။ moderator အနေနဲ့ အချိန်ကို timely ဖြစ်အောင်ထိန်းသိမ်းပေးရတာကိုနားလယ်ပါတယ်။ ဒါလည်းfloor ကမေးတဲ့သူရဲ့ အကြောင်းအရာပေါ်မူတည်ပြီးလိုတိုးပိုလျှော့ကစားသင့်ပါတယ်။ဒီလိုပွဲမျိုးမှာ မေးခွန်းမေးသူတွေက အခရာကျပါတယ်၊ မေးခွန်းကိုသိုင်းဝိုင်းပြီးမေးမှသာ good question ဖြစ်ပါမယ်--ဒဲ့ မေးခွန်းကိုမသိုင်းမဝိုင်းပဲမေးပါက လူရီစရာဖြစ်ပါမယ်--မေးသူတွေ အားလုံးအတွေ့အကြုံ ရှိ အင်ဂျင်နီယာတွေများပါတယ်မေးသွားတဲ့မေးခွန်းတွေကောင်းပါတယ်။
ဒီ ဖိုရမ် ကိုကြည့်နေရင်းကျနော့်ရဲ့ခေါင်းထဲမှာပေါ်လာတာ၂ခုရှိပါတယ်။ ပထအချက်က Alibaba ရဲ့CEO Jack Ma ပြောသွားတဲ့မှတ်သားစရာအချက်တစ်ခုပါ။ Jack Ma ဟာ တက္ကသိုလ်မှာထူးချွန်တဲ့ကျောင်းသားမဟုတ် သလိုသူ့ဘဝအစဦးပိုင်းကာလတွေမှာကံတော်တော်ဆိုးခဲ့သူပါ။သူက သူဘာမှမတတ် ပါဘူး။ပညာအခြေခံလည်းမထူးချွန်ပါဘူး။ Alibaba ကိုထူထောင်တော့သက်ဆိုင်ရာဘာသာရပ်အလိုက်အထူးချွန်ဆုံးလို့ထင်ရသူတွေကိုသူငွေကောင်းကောင်းပေးပြီးငှားရမ်းခဲ့ပါတယ်။စာရင်းအင်းဆိုရင်လည်းစာရင်းအင်းအလျောက်၊ အိုင်တီဆိုရင်လည်းသူ့ နယ်ပယ်မှာထူးချွန်သူတွေကိုငှားရမ်းအသုံးပြုစေခိုင်းခဲ့ပါတယ် တဲ့--(Jack Ma ကိုမြန်မာပြည် လာဖို့ ဖိတ်ဖို့ အကြံပြုထားပါတယ်-- သူနဲ့လည်းအာရှသားချင်းဖြစ်လို့ အလုပ်တူတွဲ လုပ် လို့ရမယ်ထင်ပါတယ်)
အခု NYDC နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာမြန်မာ developer လောကမှာအမည်ကောင်းရှိနေတဲ့ ဦးသိမ်းဝေကိုတာဝန်ပေးခဲ့တဲ့အပြင်သူကနေတဆင့်စင် ကာပူက ဂျောခ်ျ ရိုးကိုပါ independent director အဖြစ်တာဝန်ပေးနိုင်ခဲ့ပါတယ်။ဒီအဆင့်အထိ ရန်ကုန်အစိုးရ ရဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလုပ်ရပ်ဟာသင့်လျော်မှန်ကန်နေတယ်လို့ယူဆပါတယ်-- Jack Ma လုပ်သလိုပဲကိုယ်တိုင်နားမလည်မကျွမ်းကျင်ပေမဲ့နားလည်တတ်ကျွမ်းတဲ့သူကိုတာဝန်ပေးခဲ့တော့ဒီ NYDC ပရိုဂျက်ကိုစတင်စဉ်အချိန်ကာလထက်ယခုအချိန်မှာပြည်သူကတစ်စထက်တစ်စလက်ခံလာတာကိုတွေ့ရပါတယ်။ဒီလို ဖိုရမ် တွေလုပ်ပေးခြင်းကလည်း accountability ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။လူတွေလည်းသဘောပေါက်လက်ခံလာကြပါလိမ့်မယ်--
လူဘိန်းတစ်ယောက်အနေနဲ့ပြောရရင်နေပြည်တော်တည်ဆောက်မှု model နဲ့ နှိုင်းယှဉ်ပါက ၅ နှစ်လောက်အတွင်းမှာ ဒီလိုပုံစံနှုန်းထားနဲ့ဆိုရင် phase 1 ကတော့ အောင်အောင်မြင်မြင်ဖြစ်လာလိမ့်မယ် လို့ယုံကြည်ပါတယ်--နည်းစနစ်အသစ်တွေနဲ့စဉ်းစားတည်ဆောက်ကြမှာဖြစ်လို့တစ် ခုနှင့်တစ်ခု sequence ဖြစ်ကြမယ် ဆိုရင်မြန်မြန်အကောင်အထည်ပေါ်လာလိမ့်မယ်။ ဒါကိုမြင်ပြီး investment တွေကတစ်ခုပြီးတစ်ခု လိုက်လာမယ်ဆိုရင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ခမောင်းခတ်နိုင်ပါပြီ--
Saturday, February 16, 2019
လှုဒါန်းခြင်း
စင်ကာပူ တက္ကသိုလ်တွေ ပေါ်လီတက်ကနစ်တွေ မှာ Business Center တွေရှိလားမသိပါ-- စာသင်တာနဲ့ပဲဆိုင်တဲ့ Business Department ကိုဆိုလိုတာမဟုတ်ပါဘူး တက္ကသိုလ်တွေ ကျောင်းတွေရဲ့  ဘဏ္ဍာရေး စီမံခန့်ခွဲရေးဆိုင်လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်ပေးတဲ့ ဌာန ကိုဆိုလိုတာပါ။ National University Hospital NUH ဆေးရုံ မှာ တော့ Business Center ဆိုတာ ရှိတာ တွေ့ရပါတယ်-- ဆေးရုံတက်လာတဲ့လူနာ (ဥပမာ ခွဲစိပ်ကုခံရမဲ့လူနာ) နဲ့ အထူးကုဆရာဝန် team တွေ့ ဆုံဆွေးနွေးတဲ့အခါ ဆရာဝန် consultant တွေကလူနာရဲ့ကျန်းမာရေးအခြေအနေကို အသေးစိပ်ရှင်းပြပြောဆိုဆွေးနွေးသလို လိုက်ပါလာတဲ့ Business Manager ကလည်း လူနာ ရှင်ကိုကုန်ကျနိုင်ဖွယ်ရာရှိတဲ့ စရိတ်တွေ နိုင်ငံသားတစ်ယောက်အနေနဲ့ ခွင့်ပြုထားတဲ့ ပံပိုးမှုထဲက ဘယ်လောက်ခံစားနိုင်တယ်-- ကျန်းမာရေး အာမခံရှိရင်လည်း ဘာတွေလိုအပ်တယ်ဆိုတာ မကုသခင်ကတည်းကသေချာရှင်းလင်းပါတယ်--ဆေးရုံရဲ့ဝင်ငွေ၊ အသုံးစရိတ်၊ စီမံခန့်ခွဲရေး အလုပ်တွေ ဟာ Business Center ရဲ့ တာဝန်ဖြစ်ပါတယ်—ဒါကြောင့် ဆရာဝန် consultant team ထဲမှာ Business Manager တစ်ယောက်ထည့် ထားရတာဖြစ်ပါလိမ့်မယ်--တက္ကသိုလ် တွေ ပေါ်လီတွေ အခြား Institutions တွေမှာလည်း ရှိလိမ့်မယ်ထင်ပါတယ်--
ကျနော်တို့ တက္ကသိုလ်တွေမှာတော့ လောလောဆယ်အစိုးရဘတ်ဂျက်ကိုပဲမျှော်ပြီးသုံးစွဲနေရတာကြောင့်ဒီလို ခေတ်နဲ့ အညီအစီအမံမျိုးရှိဟန်မတူသေးပါ-- တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာရင်တော့ လိုအပ်လာလိမ့်မယ်ထင်ပါတယ်-- အဲလိုဆိုရင်တက္ကသိုလ်ဖွဲ့စည်းပုံကတော့ လက်ရှိဖွဲ့ စည်းပုံနဲ့ မကိုက်ညီနိုင်တော့ပါ-- ကျောင်းသားရေးရာကိစ္စတွေကို ကျောင်းသားသမဂ္ဂကလုပ်မယ်၊ ငွေရေးကြေးရေးကိစ္စ၊စီမံခန့်ခွဲရေးကိစ္စတွေကို Business Center ကလုပ်မယ်--သင်ကြားရေးကိစ္စတွေကိုပါမောက္ခတွေစုဖွဲ့ထားတဲ့အဖွဲ့ကလုပ်မယ်၊ သုတေသနလုပ်ငန်းတွေ ကိုပါမောက္ခတွေစုဖွဲ့ထားတဲ့သုတေသန လုပ်ငန်းအဖွဲ့ နဲ့ Business Center ကကြီးကြပ်မယ်၊ ပြင်ပကလာအပ်တဲ့သုတေသန လုပ်ငန်းတွေလုပ်ရကိုင်ရတော့မယ်ဆိုရင် ငွေရေးကြေးရေးကိစ္စကပါလာပြီ မဟုတ်လား၊
ဖွဘုတ် ပိုစ်တွေ လျှောက်ဖတ်ရင်း စိတ်ကူးယဉ်မိတာလေးတွေချရေးလိုက် တာပါ၊ရန်ကုန်ဆေးရုံကြီးဆိုရင် ပြုပြင်မွမ်းမံနေပါတယ်-- အစိုးရဘတ်ဂျက်လည်းပါ ပါလိမ့်မယ် --Contribution လို့ခေါ်နိုင်တဲ့ လှုဒါန်းငွေတွေကိုစီမံခန့်ခွဲရတာလည်း Business Center ရဲ့ အလုပ်ပါ ဥပမာ ဆေးရုံ လူမြင်ကွင်းမှာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ် က ဘယ်နှစ်မှာ ဘယ်လောက်လှုဒါန်းသလဲဆိုတာ LED display screen ကြီးတွေထောင်ပေးထားပြီးဆွဲဆောင်ရမှာပါ၊ ဆေးရုံတွေ ကျောင်းတွေ တက္ကသိုလ်တွေမှာ contribution တွေလိုပါတယ်၊ သူငယ်ချင်း WHO ဆိုရင် အာအိုင်တီ ပရဝဏ်ထဲကထွက်ပြီး ဆေးရုံကြီးမှာတောင် contribution လုပ်ခဲ့ပါတယ်— Business Center ဟာဆေးရုံမှာ ဘာတော့ လိုနေတယ် ဆိုတာလိုက်ကြည့်ပြီး ဘယ်လောက်ကုန်ကျစရိတ်ရှိနိုင်တယ်ဆိုတာတွေလည်း potential ရှိတဲ့ လှုဒါန်း လိုသူတွေကို ချဉ်းကပ်ဆွဲဆောင်စည်းရုံးနိုင်ပါတယ်-- marketing ဆင်းသလိုမျိုးပေါ့—ဒါဆိုရင် လှုတဲ့သူတွေကလည်း သူတို့အလှု ဟာထိရောက်မှုရှိတဲ့ အတွက်လှုလိုကြမှာပါ၊ စင်ကာပူလိုချမ်းသာတဲ့ နိုင်ငံ က အစိုးရဆေးရုံမှာတောင် contribution လုပ်တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်အမည်တွေ ကို LED display လုပ်ထားပါတယ်၊ ထင်ရှားတဲ့ အစိုးရခေါင်းဆောင်အမည်တွေလည်းတွေ့ရပါတယ်၊အစိုးရအဖွဲ့ ဝင်တွေဟာလစာတော်တော်ကောင်းကြတာကိုး။
မြန်မာကပိုလိုပါတယ်--organised ဖြစ်အောင် လုပ်ထားနိုင်ရင် ပြည်သူတွေဆီကလှုဒါန်းတာတွေများလာမှာပါ—နောက်ပြီး လောက် လောက်လားလား ထိထိရောက်ရောက် လှုဒါန်းတဲ့အလှုရှင်တွေကိုလည်း သမ္မတ ကဘွဲ့ထူးဂုဏ်ထူးတွေ ပေးကြရမှာပေါ့ဗျာ--
ဆန်နှင့်ပတ်သက်၍တွေးမိသမျှ
ဆန်နဲ့ပတ်သက်လို့ဒီလိုတွေးမိတယ်--
ကမ္ဘာပေါ်မှာ ကျန်းမာရေးအထူးသတိထားသူတွေဟာသူတို့နေ့စဉ်စားသောက်နေတဲ့အစားအစာတွေထဲမှာလူကိုဥပါဒ်ပေးနိုင်တဲ့ ဘာဓါတ်ပစ္စည်းတွေပါဝင်နေသလားဆိုတာအထူးသတိပြုလေ့လာသုံးသပ်ပြီးစိတ်ချရမှစားသုံးပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ ပြုပြင်ထုတ်လုပ်ထားတဲ့စားစရာတွေထောင်ပေါင်းများစွာရှိပါတယ်၊အဆိုပါစါးစရာ snacks တွေထဲမှာ လုံခြုံစိတ်ချရတဲ့စားစရာဘယ်နှစ်မျိုးပါဝင်နေပါသလဲ ?ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းဟောပြောချက်တွေထဲမှာကမ္ဘာမှာကောမြန်မာမှာပါ autoimmune ရောဂါ( ခုခံအားကစင့်ကလျားဖြစ်တဲ့ရောဂါ)တွေအဖြစ်များနေတဲ့အကြောင်းသူ့ဟောပြောချက်တွေထဲမှာနားထောင်ရပါတယ်၊အချို့ကတော့အစားအသောက်အနေအထိုင်မဆင်ခြင်တဲ့အတွက်အူလမ်းကြောင်းမှာဖြစ်တဲ့ရောဂါ တွေဖြစ်နေကြ တယ်လို့ ပြောပါတယ်၊
လူတွေအသိများပြီး စားစရာမှာပါဝင်နိုင်တဲ့ထင်ရှားသောဓါတုပစ္စည်းတွေကတော့--ပိုးသတ်ဆေးအကြွင်းအကျန် pesticide residue အာဖလာတော့ဆင် aflatoxins, gluten, frutose, artificial sweeteners,MSG Monosodium glutamate, food chemicals codex (FCC) နဲ့မညီတဲ့ဆိုးဆေး၊စသည်ဖြင့်ရှိကြပါတယ်။
ဒီနေရာမှာကျနော်ပြောချင်တာက gluten ဓါတ်အကြောင်းဖြစ်ပါတယ်။ ဂလူတင် ဟာလူခန္ဓာကိုယ်ရဲ့ ခုခံအားဖြစ်ပေါ်မှုကိုထိခိုက်စေပါတယ်၊အူနရံတစ်လျောက်ပါးလွှာသွားစေတတ်ပါတယ် တဲ့။ထင်ရှားတာကတော့Celiac disease ဖြစ်ပါတယ်၊ဒီရောဂါဟာအတိုချုပ်ပြောရရင်လူခန္ဓာကိုယ်ရဲ့အစါချေစနစ်ကိုဖျက်ပစ်တတ်ပါတယ်၊ ဝမ်းလျှောဝမ်းပျက်မယ် ဗိုက်နာမယ် ဝမ်းဗိုက်ပြည့်နေလိုခံစားရမယ် ကိုယ်အလေးချိန်လျော့လာမယ် မောပန်းလွယ်မယ်  ဒီလက္ခဏာတွေခံစားရလာနိုင်တယ်။ဂလူတင်ဓါတ်က ဂျုံ  ဘာလီ  rye လို့ခေါ်တဲ့ဂျုံရိုင်းတွေမှာ ပါတယ် လို့သုတေသီတွေကဆိုကြပါတယ်။
ဂလူတင်ဓါတ်ဟာ ဆန်မှာပါနေသလားဆိုတာဆန်စပါးကိုအမြဲလေ့လာနေတဲ့ကျနော်ကသိချင်လာတာပါ--ဆရာမကြီးရဲ့ဟောပြောချက်တွေထဲမှာ ဂျုံ ကတော့သေချာပေါက်ပါတယ်၊ ဂျုံကပြုလုပ်တဲ့ ပေါင်မုန့် ကိတ်မုန့် ဂျုံခေါက်ဆွဲစတဲ့ စားစရာတွေကို ထမင်းလွတ်စားခဲ့တဲ့ သူလူနာတွေထဲမှာ Celiac ရောဂါလက္ခဏာအခြေအနေတွေတွေ့ခဲ့ရတယ်လို့ဆိုပါတယ်၊ သူကဆန်ဆိုပေမဲ့ GMO ဆန်တွေကိုပြောတာဖြစ်ပါတယ်၊ genetically modified ပေါ့။ ဆန်စပါး terminoligy တွေနဲ့အကျွမ်းမဝင်လို့ဖြစ်ပါလိမ့်မယ်၊ Hybrid rice အဖိုပင်  အမပင် နဲ့စိုက်ရတဲ့စပါးမျိုးဖြစ်ပါလိမ့်မယ်။ ဦးသိန်းစိန်သမ္မတကြီးလက်ထက်ကစိုက်ပျိုးရေးဝန်ကြီးဌာနကရူးသွတ်ခဲ့တဲ့ ပုလဲသွယ် စပ်မျိုးစပါးဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်ကတော့ ဂလူတင် ဓါတ်ကိုစမ်းသလား မစမ်းခဲ့ဘူးလား ကျနော်တော့ မသိပါ။ သိသူတွေရှိရင် မန့်ပေးကြပါအုံး။
ဆရာမကြီးကတော့ သူပိုစ့်ထဲမှာ ဒီလိုရေးထားပါတယ်
" Gluten ဟာ အောက် ဖော် ပြ ပါ ပြဿနာ များ ကို ဖြစ် စေ တတ် တဲ့ အကြောင်း တစ်ပါး ထဲ မှာ ပါ ဝင် နေ တာ ဖြစ် ပါ တယ်။
၁. ရင်ပူ ခြင်း
၂. လေထ ခြင်း/ လေပွ ခြင်း
၃ ဗိုက်နာ၊ ဝမ်းလျော၊ ဝမ်းချုပ်
၎. Autoimmune ရောဂါ မျိုးစုံ
၅. ပင်ပန်းနွမ်းလျ ၊ အားမရှိ
၆. ခေါင်း ကိုက်
၇. သွေး အားနည်း
၈. စိတ်ဓာတ် ကျ ဆင်း ခြင်း
၉ . အရိုးပါး ခြင်း
၁၀. မူးဝေတတ် ခြင်း၊ နားအူခြင်း၊ လေထွက် ခြင်း
၁၁. အရေ ပြား ရောဂါ မျိုးစုံ၊ ဝဲနှင်းခူ
၁၂. သားသမီး မရ နိုင် ခြင်း
 ( autoimmune နှင့် ဆက်စပ် နေ တတ် ပါ တယ် )
ရှေးရှေး က အစားအစာ တွေ နဲ့ ယခုခေတ် အစားအစာ တွေ ဟာ အရည်အသွေး မတူ ကြ တော့ ပါ။
ရှေးရှေး က တော့ သဘာဝ အတိုင်း
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊
 ဓာတ်မြေသြဇာ မပါ
အစေ့ မျိုးရို ဗီဇ က လည်း ပင်ကိုယ် သဘာဝ ဖြစ် ပါ တယ်။
အခု ခေတ် မှာ က တော့ -----
အစေ့ မျိုးရိုးဗီဇ တွေ လဲ ပြောင်း လဲ
ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေး
ဓာတ်မြေသြဇာ
သဘာဝ အနေ နဲ့ အစား အသောက် တွေ ရဲ့ ပုံစံ ဟာ လည်း ပြောင်းကုန် ပြီ မို့ကိုယ် က ဒါ တွေ ကို နားလည် သဘော မပေါက် ဖူး ဆို ရင် ရောဂါ သံသရာ မှာ ချာချာ လည် ကြ ပြီ ဖြစ် ပါ တယ်။
အဆိပ် မျိုးစုံ ခြံရံ ပြီး နေ ရ တဲ့ ဘဝ မှာ အစာ ပါ မကျေ တဲ့ ရ လာဘ် က တော့ Autoimmune ရောဂါ မျိုးစုံ ပါ ပဲ။"
credit: To a better health
" ဆန်သည် Gluten free မဟုတ် ပါ။ဆန် က အစေ့ အမျိုးအစား grains တွေ ထဲ မှာ ပါ နေ ပါ တယ်။
ဆန် ထဲ မှာ ပါ နေ တဲ့ gluten ရဲ့ အမည် က တော့ Oryzeninဖြစ် ပါ တယ်။
 ထို နည်း တူ စွာ ပြောင်း ဖူး မှာ ပါ နေ တဲ့ gluten က Zein ဖြစ် ပါ တယ်။"
credit: To a better health
ထိုင်းမှာ၂၀၁၆ခုနှစ်လောက်ကဘုရင်ဆွေတော်မျိုးတော်တစ်ယောက်နဲ့သိကျွမ်းခဲ့ရပြီးသူက Berry rice အကြောင်းကိုပြောပြပြီးဆန်နမူနာတစ်ထုတ်ပေးပါတယ်။
https://www.facebook.com/100006641833488/posts/1901186676779375/
 ကောက်ညှင်းငချိတ်လိုအရောင်အသွေးမျိုးရှိပါတယ်။ health food အနေနဲ့သူတို့ မျိုးစပ်ထုတ်လုပ်တာဖြစ်ပါတယ်--ကျနော်ထင်တာကတော့ အနည်းငယ်သာပါဝင်နိုင်တဲ့ ဂလူတင်ဓါတ်ကို agronomy နည်းပညာနဲ့ဖယ်ထုတ်ပစ်လိုက်ပြီး  Berry rice ဆိုပြီးထုတ်လုပ်တာဖြစ်ပါလိမ့်မယ်။ ၂၀၁၆မှာ ထိုင်းကိုသွားတော့ Big C မှာ Berry rice နဲ့ပတ်သက်တဲ့ promotion တစ်ခုလုပ်နေတာတွေ့ခဲ့ရပါတယ်။
https://www.facebook.com/100006641833488/posts/1910958569135519/
ဒီနေ့မနက်အတွေးတွေပေါ်လာတာကတော့မြန်မာဆန်ပြည်ပတင်ပို့တဲ့အခါ အီးယူ က long grain rice တွေကို prefencial treatment မပေးတော့ဘူးဆိုတော့ အလားတူရနေကြတဲ့ ကမ္ဘောဒီးယား  လာအိုတို့ထက်မြန်မာကတပန်းသာနေတဲ့အကြောင်းဖတ်ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြန်မာကစပါးအမျိုးစုံစိုက်ကြလို့ဖြစ်ပါတယ်။ long grain ကိုလျှော့ပြီး medium grain တို့ short grain တို့ပို့နိုင်တဲ့ အခွင့်အရေး ရှိနေတယ် လို့သုံးသပ်ကြတယ်။ တကယ်တော့ ကျနော်တို့ဆီမှာ အရင်ကော အခုထိကော အစိုက်များတဲ့ စပါးအမျိုးအစား တစ်ခုက ငစိန် လို့ခေါ်တဲ့ medium grain ဖြစ်ပါတယ်။ ကမ္ဘာမှာ medium grain ကိုသီးခြားစားသုံးကြတဲ့ ဈေးကွက်တစ်ခုရှိပါတယ်။ ထင်ရှားတာကတော့ အီဂျစ် ပါ။ အခုဆိုရင် ထိုင်းဆန်ခေါက်ဒေါ့မာလီ long grain rice ဟာ ကမ္ဘာအနှံ့ပို့ခဲ့တော့ဆန်စားတဲ့နိုင်ငံတိုင်းလိုလို နဲ့ဥရောပတွေအထိကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပါတယ်။ စင်ကာပူမှာ ထိုင်းဆန်ပဲရှိတော့မညည်းမညူနိုင်ပဲကြိတ်မှိတ်စားနေရပါတယ်။ဆန်အနေနဲ့သာ အမြင်လှတာပါ။ ထမင်းချက်လိုက်တဲ့အခါ eating quality ကတော့ထိပ်တန်းမှာမရှိပါ။ တခါတလေတော့ လည်းပေါ်ဆန်း တို့ မနော်သုခ တို့လိုဆန်မျိုးကချက်တဲ့ထမင်းစားချင်လာပါတယ်--
ကျနော်လိုပဲထိုင်းဆန်ကိုအပြောင်းအလဲစားချင်နေကြတဲ့ consumers တွေလည်း ကမ္ဘာပေါ်မှာရှိကြမှာပါ။ ပေါ်ဆန်းဟာလုံးရှည်တွေအမြင်များနေတဲ့အတွက် short and round grain ဟာအမြင်ဆန်းနေတတ်ပါတယ်။ ဒါပေမဲ့ပေါ်ဆန်းထုတ်လုပ်မှုဟာအခြားစပါးတွေနဲ့ယှဉ်ရင်အတော်အတန်နည်းနေတတ်ပါတယ်။ ပြည်တွင်း ဝယ်လိုအား ကလည်းများပါတယ်။ ဒါကြောင့်ပြည်ပကိုပို့တဲ့အခါ ပြည်တွင်းဈေးထက်ပိုမရနိုင်တော့ လို့ exporter တွေလက်ရှောင်ကြပါတယ်၊ productivity တက်လာမယ်၊ ပြည်ပဝယ်လိုအားက တက်လာမယ်၊ ဆိုရင်ဒီဆန်ချောအမျိုးအစားကို ဒေသတော်တော်များများမှာ တိုးချဲ့ စိုက်ပျိုးလာကြမယ်ဆိုရင်တော့အလားအလာရှိတယ်လို့ထင်ပါတယ်၊ ထိုင်းတွေလည်းသူတို့ခေါက်ဒေါ့မာလီကို ကမ္ဘာဆန်စားသုံးသူတွေအကြားမှာ ရိုးအီလာနေပြီဆိုတာသူတို့လည်းသတိပြုမိလာနေပြီဖြစ်ပါတယ်။ ဗြုန်းဆို short and round grain ပေါ်ဆန်း ကို သူတို့ဆီမှာမျိုးထုတ်လုပ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပြီး အဆက်အသွယ်ကောင်းတဲ့ သူတို့က များကမ္ဘာကိုများတင်ပို့ လိုက်လို့တော့ ကျုပ်တို့တတွေဟုတ်ပေ့ရှိနေပါလိမ့်မယ် ဆရာတို့ရေ--
ရင်းနှီးမြုပ်နှံမှုများများလာစေချင်ရင်
ဒီလိုတွေးကြည့်မိပါသည်
FDI ရင်းနှီးမြုပ်နှံမှု များ ဝင်လာအောင်လုပ်ကိုင်ဆောင်ရွက်ရာတွင်အဓိက စိန်ခေါ်မှုသည်ရခိုင်ဒေသရိုဟင်ဂျာအရေးကိစ္စဖြစ်သည်ဟုယေဘူယျသုံးသပ်ကြပါသည်-- မှန်သင့်သလောက်မှန်သော်လည်းလက်ရှိ မြန်မာနိုင်ငံတွင်းအခြေအနေကိုမှန်မှန်ကန်ကန်သုံးသပ်ကြည့်ဖို့လိုမည်ဟုထင်ပါသည်--အမေရိကန်၊အနောက်ဥရောပနိုင်ငံများမှရင်းနှီးမြုပ်နှံမှု ကိုယခုအချိန်၌မျှော်လင့်၍မရနိုင်သေးသော်လည်းတရုတ်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း တို့၏ရင်းနှီးမြုပ်နှံမှု များကတော့အလားအလာကောင်းသည်ဟုဆိုနိုင်ပါသည်။
တရုတ်ကိုတော့ မြန်မာတွင်လာရောက်ရင်းနှီးမှာကိုပြည်သူအများကကြောက်ကြပါသည်၊လက်ရှိလုပ်ကိုင်လျှက်ရှိသောတရုတ်ရင်းနှီးမြုပ်နှံမှု အချို့သည် မြန်မာနိုင်ငံ၏ဒေသအကျိုးစီးပွားများကိုလစ်လျူရှုခဲ့သောကြောင့်ဒေသခံများနှင့်ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပေါ်ခဲ့ကာပြဿနာများပေါ်ပေါက်ခဲ့ခြင်းကိုမလိုလားကြ ပါ။ တရုတ်ပြည်တွင်းမှာလည်း manufacturing industry ကိုတဖြည်းဖြည်းလျှော့ပြီး service industry ဘက်ကိုကူးပြောင်းရန်မူဝါဒများပြောင်းလဲသတ်မှတ်ထားရာ တရုတ်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ manufacturing industry လုပ်ငန်းများကိုအားသာချက်ရှိသောနိုင်ငံများသို့ရွှေ့ပြောင်းတော့မည်ဖြစ်ရာ အနောက်ဥရောပ၊အမေရိကန်ပြည်ထောင်စုတို့ နှင့်အဆင်မပြေသော မြန်မာနိုင်ငံသို့ပြောင်းရွှေ့လာရန်အလားအလာနည်းပါသည်ဟုဆိုကြပါသည်။
ဂျပန်တွင်လည်း ငယ်ရွယ်သည့် ကျွမ်းကျင်အလုပ်သမား များရှားပါးလျက်ရှိရာ ရင်းနှီးမြုပ်နှံမှုများသည်မလွဲမသွေဂျပန်ပြင်ပသို့ များထွက်လာရဖွယ်ရှိပေသည်။ထိုကြောင့်မြန်မာနိုင်ငံအနေဖြင့်ဂျပန်ရင်းနှီးမြုပ်နှံမှုများကိုမျှော်လင့်နိုင်ပါသည်။ ထိုအတွက်လည်းမြန်မာနိုင်ငံကအစိုးရပိုင်းကောပုဂ္ဂလိက ပိုင်းကပါ အားစိုက်ပြင်ဆင်ထားရန်လိုအပ်ပါသည်--
စင်ကာပူသည် အာဆီယံနိုင်ငံချင်းဖြစ် ၍မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံများမှာ ထိပ်တန်းမှာရှိနေပါသည်။အများစုမှ USD million ပရိုဂျက်များ ဖြစ်ပြီး billion နှင့်ချီသောပရိုဂျက်အနည်းအကျဉ်းသာရှိပါသည်--
၂၀၁၈ခုနှစ်မှာ GDP သည် ၆.၄% မှ ၅.၉% သို့အနည်းငယ်ကျဆင်းခဲ့ပါသည်။ဒီအချက်ကလည်း ရခိုင်ပြဿနာကြောင့် FDI ဝင်ရောက်မှု နှေးကွေးသွား၍ဖြစ်နိုင်ပါသည်။ ၂၀၁၇ခုနှစ် နှစ်လည် မှ ၂၀၁၈ခုနှစ်အထိ FDI ဝင်ရောက်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံရှိခဲ့ပါသည်။အထူးသဖြင့်ထုတ်လုပ်မှုကဏ္ဍမှာသိသာထင်ရှားသည့်တိုးတက်မှုများရှိခဲ့ပါသည်။အထူးသဖြင့် CMPအထည်ချုပ်ကဏ္ဍ၌ လုပ်ခဈေးနှုန်းသက်သာခြင်း နှင့် ပို့ကုန်သက်သာခွင့်များ (  အထူးသဖြင့်အနောက်ဥရောပ နှင့်အမေရိကန်)ရရှိခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
၂၀၁၈ခုနှစ်တွင်ကုမ္ပဏီအက်ဥပဒေအသစ်ကိုပြဌါန်းသတ်မှတ်နိုင်ခဲ့သောကြောင့်ပြည်တွင်းရင်းနှီးမြုပ်နှံမှုအခွင့်အလန်းများပေါ်ပေါက်လာခဲ့ပါသည်။ပြည်ပမှ ရင်းနှီးမြုပ်နှံသူများသည်ပြည်တွင်းကုမ္ပဏီများတွင်ရှယ်ယာ ၃၅% အထိပါဝင်နိုင်ပါသည်။Doing business အပိုင်း၌ ranking တက်လာစေရန်ရည်ရွယ်၍ Myanmar Companies Online ( MyCO) မှတ်ပုံတင်ခြင်းကို တည်ထောင်ခွင့်ပြုခဲ့ပါသည်။
ပညာရေးကဏ္ဍ၌လည်းဖြေလျော့မှုများဆောင်ရွက်ပေးခဲ့ပြီး မြန်မာဝန်ဆောင်မှုလုပ်ငန်းတိုးတက်ရေးကိုဆောင်ရွက်နိုင်ခဲ့ပါသည်။ဒေသတွင်းနိုင်ငံများမှ ပုဂ္ဂလိ ကျောင်း၊ ကောလိပ်များ လာရောက်ဖွင့်လှစ်ခဲ့ကြပါသည်။ ပြည်ပကုမ္ပဏီများကို လက်လီလက်ကားဆောင်ရွက်ခွင့်ပြုခဲ့ခြင်းကြောင့်Metro ကဲ့သို့နိုင်ငံခြား retailing ကုမ္ပဏီများ များမကြာမီကာလအတွင်းပြည်တွင်းသို့ဝင်ရောက်လာဖွယ်ရာရှိပါသည်။
၎င်းပြင်မြန်မာနိုင်ငံဗဟိုဘဏ်ကလည်းနိုင်ငံခြားအာမခံကုမ္ပဏီများ နိုင်ငံခြားဘဏ်များကိုပြည်တွင်း၌ဝန်ဆောင်မှုများပေးနိုင်ရန်ခွင့်ပြုပေးခဲ့ပါသည်။ဘဏ်များ၏ကဏ္ဍတိုးတက်လာရခြင်းမှာအင်တာနက်အဆက်အသွယ်များတိုးတက်လာရခြင်းသည်အဓိကဖြစ်နေပါသည်။သို့သော်ပြည်သူလူထုအများစုသည်ဘဏ်ဝန်ဆောင်မှုများကိုအပြည့်အဝမခံစားနိုင်ရသေးပါ။mobile banking, internet banking, QR code, bank pay စသည့် အင်တာနက်အွန်လိုင်းအခြေခံဘဏ်ဝန်ဆောင်မှုများသည်ပြည်သူလူထုအကြားစိမ့်ဝင်ပျံ့နှံ့လျှက်ရှိရာ လက်လုပ်လက်စားလူတိုင်းလိုလို smart ဖုန်းများကိုင်နိုင်လာကြခြင်းကြောင့်ဖြစ်ပါသည်။ အစားအသောက်အငတ်ခံချင်ခံမည်၊အဝတ်အစားချွေတာဝတ်မည် smart ဖုန်းလေးတော့ တရုတ်လုပ်ပင်ဖြစ်စေ လူငယ်လူရွယ်တိုင်းလိုလို ကိုင်ကြသည့်အခါဘဏ်များသို့ကိုယ်တိုင်သွားရောက်လုပ်ကိုင်ခြင်းထက် on line payment များဆောင်ရွက်ရန်အားသန်နေခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင်တိုးတက်မှုများရှိလာနိုင်ပါသည်။ payment စနစ်များအဓိကဆောင်ရွက်သည့် Red Dot ကုမ္ပဏီပိတ်သိမ်း၍ထွက်ပြေးရခြင်းမှာလည်းဘဏ်များ၏ on line payment စနစ် များဖွံဖြိုးတိုးတက်လာခြင်းကြောင့်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း TOP Up Card အရောင်းအဝယ်လုပ်ငန်းများလည်းကျဆင်းလာနိုင်ဖွယ်ရှိပါသည်။ဘဏ်မျာသည် အောက်ခြေ မှအခြေခံ လူတန်းစားများလုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန် ရှင်းလင်းတိကျသောမြန်မာလိုလမ်းညွန်ရေးထားသည့်စနစ်များနှင့်ထိတွေ့ပေးရန်လိုပါသည်။
ဗဟိုဘဏ်အနေဖြင့်ဘဏ်အသုံးပြုသူများ transaction ပြုလုပ်ရာတွင်ငွေသားစက္ကူများကိုဆာလာအိတ်များတွင်ထည့်၍ငွေအသွင်းအထုတ်လုပ်ခြင်းကိုအားမပေးပဲ ချက်လက်မှတ် များအသုံးပြုလာစေရန် promotion များလုပ်သင့်ပါသည်။ နယ်တစ်နယ်မှ တစ်နယ်ငွေလွှဲရာတွင်လည်းဆာလာအိတ်ကြီးများနှင့်ငွေစက္ကူများဘဏ်သို့ယူလာပေးသွင်းပြီးအခြားတစ်ဖက်၌ လွှဲပေးလိုက်သောငွေစက္ကူများကိုဆာလာအိတ်ကြီးများဖြင့်ပြန်ထုတ်ယူခြင်းသည် ပုဂ္ဂလိက ဘဏ် များ၏နေ့စဉ်မြင်ကွင်းများဖြစ်ကြပါသည်။ ချက် လက်မှတ်များဘာကြောင့်အသုံးမပြုကြပါသလဲ ? ရှင်းပါသည်။ clearing အချိန်ကြာသောကြောင့်ဖြစ်ပါသည်။စင်ကာပူဘဏ်များမှာလည်း ချက်လက်မှတ်ကိုနံနက်ပိုင်းမှာ ဘဏ်ကို မသွင်းနိုင် လျှင်နောက်တစ်ရက်မှမိမိအကောင့်မှာငွေဝင် လာနိုင်ပါသည်။clearing အတွက်ကတော့ နေ့တစ်ဝက်ခန့် အချိန်ယူနိုင်ပါသည်။ ပြီးခဲ့သောအစိုးရများလက်ထက်က ငွေစက္ကူ များအပေါ်တရားမဝင်ကြောင်းကျေညာချက်များမကြာခဏထုတ်တတ်သောကြောင့်ပြည်သူလူထု၏စိတ်သန္တါန် တွင်ငွေစက္ကူများကိုကိုင်တွယ်ရေတွက်နေရမှသာစိတ်ချရသည့်သဘောရှိနေတတ်ပါသည်။ ရန်ကုန်မြို့နေသူဌေးအများစု၏နေအိမ်တွင် vault များတည်ဆောက်ထားကြသည်ဟု ကြားဘူးပါသည်။ဟုတ်မဟုတ်တော့ မပြောနိုင်ပါ။ဆိုလိုသည်မှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေသည့် ငွေစက္ကူများဆာလာအိတ်များတွင်ငွေအသွင်းအထုတ်လုပ်နေခြင်းကိုလျော့ပါးလာစေရန်နည်းလမ်းတစ်ခုခု ဆောင်ရွက်သင့်ပါသည်။လက်ငင်းအကျိုးကျေးဇူးမှာ ငွေစက္ကူများကို ရေတွက်ကိုင်တွယ်နေခြင်းသက်သာသွားသဖြင့်ဘဏ်ဝန်ထမ်းများကျန်းမာရေးကိုအထောက်အကူဖြစ်စေခြင်း၊ငွေစက္ကူရိုက်နိုပ်ရသည့်စရိတ်အကုန်အကျအနည်းငယ်သက်သာသွားနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရနိုင်ပါသည်။
ပြောင်းလဲတိုးတက်မှုများသည် ၂၀၁၈ မှ ၂၀၁၉ ခုနှစ်သို့ဆက်လက် ရွေ့လျားနိုင်ဖွယ်ရှိပြီး ပျမ်းမျှ GDP တိုးတက်မှုသည် ၆.၄% ခန့်ရှိနိုင်မည်ဟုမျှော်လင့်ထားပါသည်။e-government စနစ်အကောင်အထည်ဖေါ်ရန်ဝန်ကြီးဌာနများ နှင့် ဒေသအစိုးရများ ကြိုးစားလုပ်ဆောင်နေကြသော်လည်းအားနည်းချက်များရှိနေဆဲဖြစ်ပါသည်။ အင်တာနက်အဆက်အသွယ်များကောင်းမွန် လာသောကြောင့် ပြည်တွင်း၌  on line marketing လုပ်ငန်းများကိုတစ်နိုင်တစ်ပိုင်လုပ်လာကြပါသည်။ပြည်ပမှ Alibaba, e Bay, Amazon  စသည့် on line marketing giant များလည်း မြန်မာ့ products များအပေါ်လုပ်ကိုင်လာခဲ့ကြပါသည်။ တစ်ဖက်၌လည်း shopping mall, Super Market, Super Center စသည့် retailing outlets များလည်းရန်ကုန်မြို့တင်သာမက နယ်မြို့ကြီးများတွင်ပါ shopping mall များတည်ဆောက်လုပ်ကိုင်လာကြပါသည်။ shopping mall များသို့ကိုယ်တိုင်သွားရောက် ဈေးဝယ်ရန်အချိန် မ ပေးနိုင်သူများသည် လူမှု မီဒီယာများမှတဆင့် on line shopping များတွင်တွင်ကျယ်ကျယ်လုပ်လာကြပါသည်။ on line marketing လုပ်ငန်းများတွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြသည်နှင့်အတူပြည်တွင်းစာတိုက်လုပ်ငန်းများ၊ courier services လုပ်ငန်းများ၊ ကြော်ငြာလုပ်ငန်းများလည်းတစ်ဖက်၌ဖွံဖြိုးတိုးတက်လာနိုင်ပါသည်။
ပြင်ပမှရင်းနှီးမြုပ်နှံမှုများ အများအပြားဝင်ရောက်လာစေရန် ဆွဲဆောင်ရာ၌ ပြည်တွင်းဌာနဆိုင်ရာဗျူရိုကရေစီ ယန္တရား က investment process friendly ဖြစ်ရန်အရေးပါသောအပိုင်းမှာရှိနေပါသည် process friendly ဖြစ်မဖြစ် ကို doing business ranking ကိုကြည့်ရုံနှင့်သိသာနိုင်ပါသည်--သူတို့ criteria အရတချက်ချင်းပြင်၍ရနိုင်သောအချက်များကိုသက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းအနေဖြင့်ချက်ချင်းပြင်ဆင်ပြဌါန်းပေးရန်လိုအပ်ပါသည်--နိုင်ငံအကြီးအကဲအနေဖြင့် သက်ဆိုင်ဝန်ကြီးဌာနများကိုဝက်အူတင်းပေးရန်လိုအပ်ပါသည်--မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြုပ်နှံရန် အလားအလာရှိသော နိုင်ငံစုံမှ MNC ကုမ္ပဏီ ကြီးများ ၁၀ ခုခန့်ကို ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန မှတိုက်ရိုက်ချဉ်းကပ်ပြီး case by case စဉ်းစားကာ သူတို့ ဘာလိုသလဲ ဆိုသည်ကိုဆွေးနွေးဖေါ်ထုတ်၍ ချက်ချင်းလုပ်ကိုင်ခွင့်ပေးသည့် လုပ်နည်းစနစ်တစ်ခုကိုစဉ်းစားစေချင်ပါသည်။ ASEAN briefing ရဲ့ outlook ကတော့မြန်မာနိုင်ငံရဲ့ စီးပွားရေးသည့်  National Export Strategy  ပေါ်မူတည် လျှက်ရှိပြီး အဓိကအားသာချက်များရှိနေတဲ့အပိုင်းကတော့ garment sector, natural resources, agricultural products, နှင့် tourism ( eco-tourism) communication technology တို့ဖြစ်ကြောင်းဖေါ်ထုတ်ထားပါသည်။နောက်တစ်ခုထပ်ဖြည့်စွက်လိုသည်မှာ retailing business ဖြစ်ပါသည်။
ကျမ်းကိုး  Myanmar’s investment outlook for 2019
                ASEAN Business News
Sunday, February 3, 2019
ပုဂ္ဂလိကလက်ထဲကဆန်စပါးလုပ်ငန်း
ဆယ်စုနှစ်()ခုခန့်နိုင်ငံတော်ကသာလုပ်ကိုင်ခဲ့သည့်မြန်မာဆန်စပါးလုပ်ငန်း သည်၂၀ဝ၃ခုနှစ်မှစ၍ပုဂ္ဂလိကအပိုင်းမှလုပ်ကိုင်နိုင်ရန်ဖြေလျော့မှုများလုပ်ပေးခဲ့သော်လည်းဆန်သည်တစ်မျိုးသားလုံး၏အဓိကအစားအစာဖြစ်သည့်အလျောက်နိုင်ငံတော်ကစောင့်ကြည့်ပြီးလမ်းကြောင်းမှန်ပေါ်ရောက်အောင်တည့်မတ်ပေးခဲ့ပါသည်။၂၀ဝ၃ခုနှစ်ဆန်စပါးလုပ်ငန်းများဖြေလျှော့မှုပေးခဲ့ချိန်မှစ၍ခုနှစ်နှစ်တာကာလအတွင်းပြည်တွင်းဆန်စပါးရောင်းဝယ်မှုလုပ်ငန်းအပိုင်း၌ တိုးတက်မှုများရှိသည်ကိုတွေ့ မြင်ရပါသည်။ဆယ်စုနှစ်တစ်ခုကျော်ပုဂ္ဂလိကလက်ဝယ်ရောက်နေသည့်ဆန်စပါးလုပ်ငန်းသည်အစိုးရမှပါဝင်စွက်ဖက်မှု နည်းပါးစွာဖြင့်လှုပ်ရှားလျှက်ရှိရာ အားသာချက်၊အားနည်းချက်၊အခွင့်အလန်းနှင့်စိန်ခေါ်မှုများကို ဖေါ်ထုတ်လေ့လာပြီးရေရှည်မှာ အလားအလာကောင်းများတွေ့နေရပြီဖြစ်ပါသည်။ပြောင်းလဲတိုးတက်မှုမှာလည်းပြည်တွင်းဆန်ဈေးကွက်၌သိသာထင်ရှားစွာပြောင်းလဲတိုးတက်မှုများရှိခဲ့ပြီးပြည်ပတင်ပို့ရေးအပိုင်းနှင့် တောင်သူလယ်သမားများအဆင်ပြေစွာစိုက်ပျိုးထုတ်လုပ်လာနိုင်ရေးကိုဇောင်းပေးလုပ်ကိုင်သွားမည်ဆိုပါကနောက်ဆယ်စုနှစ်တစ်ခုအတွင်း Top rice exporter စာရင်းဝင်ဖြစ်လာနိုင်မည်ဟုယုံကြည်ပါသည်။
SWOT Analysis
Strength
() အရည်အသွေးကောင်းမွန်သောစပါးအမျိုးအစားအချို့ပေါ်ထွက်လာခြင်း။(ဥပမာဆင်းသွယ်လတ်၊ ပေါ်ဆန်းဘေးကြား)
()ဆည်မြောင်းတာတမံများကြောင့်ဆန်လိုတိုင်းဒေသကြီးဖြစ်သည့်စစ်ကိုင်းတိုင်းဒေသကြီးသည်ဆန်ပိုတိုင်းဒေသကြီးဖြစ်လာခဲ့ခြင်း(စစ်ကိုင်းရွှေဘိုမှဆန်များသည် ရန်ကုန်ဘုရင့်နောင်သို့ပင်ပြန်ပို့ခဲ့ရပါသည်။)
() ပေါ်ဆန်းဘေးကြားကိုရေသွင်းစိုက်ပျိုးသောဒေသ၌အောင်မြင်ဖြစ်ထွန်းခဲ့သောသာဓကများ
လာကြပါသည်။
()ပြည်တွင်းဆန်အရောင်းအဝယ်များတွင်ဆန်အမျိုးအစားအချို့ ၏ဆန်စီးဆင်းမှုသည်ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ခြင်း။
()ဆန်ကိုတစ်နေရာမှတစ်နေရာသို့သယ်ဆောင်ရာတွင်ဟန့်တားပိတ်ဆို့မှုများနည်းပါးသွားခြင်း။(နယ်စပ်ကုန်သွယ်မှုမှတဆင့်တစ်ဖက်နိုင်ငံများသို့တရားမဝင်ကုန်သွယ်မှုများရှိနိုင်)
()ပြည်တွင်းဆန်ဈေးနှုန်းများတည်ငြိမ်မှုရှိနေခြင်း။(ပြည်တွင်းဆန်ဈေးနှုန်းများတက်လာနိုင်သည့်အခြေအနေများရှိပါကအသင်းအဖွဲ့အစည်းများ၊ဒေသအာဏာပိုင်အဖွဲ့အစည်းများဆန်ကုန်သည်များအချင်းချင်းညှိနှိုင်း၍ ဈေးကွက်ကို ထိန်းပြီးဈေးပြန်ကျအောင် လေ့ရှိကြပါသည်။)
() ဈေးအသီးသီးနှင့် ရပ်ကွက်အသီးသီးရှိဆန်လက်လီဆိုင်များ၌အရည်အသွေးကိုအလေးထား ၍ရောင်းဝယ်ကြခြင်း။(ဆန်လက်လီဆန်များ၌၂၅မှတ်၊၃၅မှတ်ဆန်များမတွေ့သလောက်ပင်ဖြစ်ပါသည်။)
()မြို့ပေါ်ရှိစူပါမားကတ်များတွင်၅၊၁၀၊၂၅ကီလိုအိတ်များတွင်ထည့်သွင်း၍ ကိုခင်ယ်ပိုင်branded ပြုလုပ်ရောင်းချလာခြင်း။
() ဆန်အမျိုးအစားအစုံရောင်းဝယ်လာခြင်း။ရှမ်းဆန်၊ဘာစမာတီဆန်၊ ပေါင်းဆန်၊ကောက်ညှင်းဆန်း၊အဆင့်မြင့်လုံးသွယ်မွှေး၊ပေါ်ဆန်းမွှေးဆန်များ။
() ဆန်စားသုံးသူပြည်သူများကလည်းအရည်အသွေးကောင်းမွန်သော ဆန်များကိုရွေးချယ်စားသုံးလာကြခြင်း(မြို့ပေါ်ရှိအလုပ်သမားလူတန်းစားများပင်လျှင် ၁၅ မှတ်အဆင့် ဆန်များကိုသာရွေးချယ်စားသုံးကြပါသည်။)
() မြို့ကြီးများ၌ဆန်ကိုလက်လီရောင်းချသူများသည်brandedဆန်အိတ်များကို အိမ်အရောက် ပို့စနစ်များအသုံးပြုရောင်းချလာကြခြင်း။
(၁၀)ဆန်စက်အသစ်များတည်ဆောက်ရင်းနှီးမြှုပ်နှံမှုများရှိလာသည့်အပြင် ကုန်သွယ်လယ်ယာပိုင်ဆန်စက်များကိုဝယ်ယူပြီး၊ဆန်စက်ယူနစ်အသစ်များတိုးချဲ့တပ်ဆင်လာခဲ့ကြသောကြောင့် ဆန်စက်စုစုပေါင်း ကြိတ်ခွဲအား သည် စပါးထုတ်လုပ်မှုပမာဏနှင့် လိုက်လျောညီထွေရှိနေဆဲဖြစ်ခြင်း။
(၁၁)ဆန်စက်လုပ်ငန်းရှင်များသည်ပြည်တွင်းပြည်ပဈေးကွက်အတွက်ရည်ရွယ်ပြီးဆန်စက်များ၊ပေါင်းစက်များကိုရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာခြင်း။
(၁၂)ဆန်စပါးအထူးပြုကုမ္ပဏီများကိုစပါးစိုက်ပျိုးထုတ်လုပ်သည့်ဒေသများ၌ဖွဲ့စည်းတည်ထောင်ပြီးsupply chain ကိုတည်ဆောက်လာနိုင်ခြင်း( သို့သော်ကောင်းမွန်စနစ်ကျသော mechanism တစ်ခု တည်ဆောက်မလုပ်ကိုင်နိုင်သေး၍ ရာနှုန်းပြည့်အောင်မြင်မှု မရသေးပါ) အလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီး follow up action plan များဖြင့်ဆောင်ရွက်နိုင်ပါသည်။
(၁၃)  MRF ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် အများပိုင်ကုမ္ပဏီဖြစ်သော  Myanmar Agricultural Public Corporation MAPCO  ကိုဆန်စပါးလုပ်ငန်းstakeholders များပါဝင်ပြီးထူထောင် နိုင်ခဲ့ခြင်း
(၁၄)ဆန်စပါးလုပ်ငန်းနှင့်စပ်လျဉ်း၍နိုင်ငံတော်၊civil society အသင်းအဖွဲ့ ၊နှင့်ပုဂ္ဂလိက stakeholders တို့အကြားပူးပေါင်းဆောင်ရွက်မှုများမကြာခဏ ပြုလုပ်လာနိုင်ခြင်း။ (public private partnership)
(၁၅) မြန်မာဆန်စပါးလုပ်ငန်းအသင်းချုပ်Myanmar Rice Federation MRF ကို စုစည်းညီညွတ်စွာတည်ထောင် ဖွဲ့စည်း နိုင်ခဲ့ခြင်း။
(၁၄) မြန်မာဆန်စပါးလုပ်ငန်းသည်လုပ်ငန်းလုပ်ကိုင်ရင်းနှီးငွေ ခန့်မှန်းခြေ နှစ်စဉ်ကျပ်ဘီလီယံပေါင်းထောင်ကျာ်ရှိသည့်ကြီးမားကျယ်ပြန့်သောလယ်ယာစီးပွားရေးလုပ်ငန်းတစ်ရပ် အဖြစ် တည်ရှိနေခြင်း။
(၁၅) နိုင်ငံတော်၏လမ်းညွှန်မှုအရ MRF သည်စပါးတင်း၁၀၀အနိမ့်ဆုံးဈေးကိုကျပ်ငွေ သိန်းသတ်မှတ်နိုင်ခဲ့ပါသည်။သို့သော် အဆိုပါ mechanism ကိုလည်းလက်တွေ့၌လိုက်လျောညီထွေဖြစ်အောင်ပြုပြင်ပေးဖို့လိုပါသေးသည်။
အထက်ဖေါ်ပြပါအားသာချက်များသည်မြန်မာ့ဆန်စပါးလုပ်ငန်းကိုပုဂ္ဂလိကအပိုင်းမှယခုဆယ်စုနှစ်(၂၀ဝ၃မှ၂၀၁၉ထိ)လုပ်ကိုင်ရာတွင်ပေါ်ပေါက်ခြဲ့ခင်းဖြစ်ပြီး အောက်ပါအားနည်းချက်များ၊အဟန့်အတားများ၊စိန်ခေါ်မှုများလည်းရှိနေဆဲဖြစ်ပါသည်
Weakness
()တစ်ဧကစပါးစိုက်ပျိုးထုတ်လုပ်မှု စရိတ်များမြင့်တက်လာပါသည်။လယ်ယာလုပ်ငန်းခွင်၏စိုက်ပျိုးချိန်၊ရိတ်သိမ်းချိန်ကာလများ၌လယ်ယာလုပ်သားငှားရမ်းရသည့်စရိတ်ကြီးမြင့်လာခြင်း၊ သွင်းအားစုများဈေးနှုန်းမျာမြင့်တက်လာခြင်း၊တို့ကြောင့်ဖြစ်ပါသည်။
()MADB မှစိုက်ပျိုးစရိတ်ထောက်ပံ့ငွေပမာဏသည်တိုးတက်လာသောတစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အတွက်အလုံးစုံမကာမိနိုင်သောကြောင့် အစိတ်အပိုင်းတစ်ခုအထိတောင်သူလယ်သမားများသည်ပြင်ပမှချေးငွေရယူနေရဆဲဖြစ်ပါသည်။
() ဘဏ်များ၌လယ်ကိုအပေါင်ထား၍တောင်သူများငွေချေးယူနိုင်ရန် နှင့်ကျေးလက်ဒေသရှိကျေးရွာမြေနှင့်အိမ်ယာများကိုအပေါင်ထားနိုင်ရန်ကျေးရွာအိမ်ဂရန်များပြုလုပ်ပေးခဲ့သော်လည်းတလွဲအသုံးပြုခြင်းများရှိခဲ့သလိုပူးပေါင်းဆောင်ရွက်မှုအပိုင်း၌လည်းအားနည်းခဲ့ခြင်းကြောင့်ရာနှုန်းပြည့်အောင်မြင်နိုင်ရန် အချိန်တစ်ခုလိုပါသည်။
()   ကျေးလက်ဒေသများ၌အရွယ်ကောင်းလူငယ်လူရွယ်များတစ်ဖက်နိုင်ငံများသို့အလုပ်သွားရောက်လုပ်ကိုင်နေသောကြောင့် လယ်ယာလုပ်ငန်းခွင်တွင်လုပ်နိုင်ကိုင်နိုင်သောလုပ်သားများရှားပါးလာ
ပါသည်။
()ရိတ်သိမ်းချိန်ကာလ၌စပါးကိုလယ်ကွင်းကန်သင်းပေါ်တွင်ရက်ကြာမြင့်စွာစုပုံထားရသောကြောင့်အရည်အသွေးလေလွင့်ဆုံးရှုံးမှုများနှစ်စဉ်ဖြစ်ပေါ်လျက်ရှိနေပါသည်။လယ်ယာသုံးစက်မှု ကိရိယာ
များရှားပါးနေဆဲဖြစ်သောကြောင့်ရိတ်သိမ်းချိန်ကာလ( peak season) တွင်ကွန်ဗိုင်း ဟာဘက်စတာ လိုမျိုးစက်ကိရိယာများအမြောက်အများလိုအပ်ပါသည်။
()စက်မှုလယ်ယာစနစ်ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်မှုအပိုင်း၌ ပုဂ္ဂလိက ဦးချင်းလုပ်ကိုင်ဆောင်ရွက်မှုများရှိနေသော်လည်းအားနည်းနေဆဲဖြစ်ပါ သည်။ကုမ္ပဏီ၊ကျေးလက်လယ်ယာလုပ်ငန်း
()မျိုးစပါးထုတ်လုပ်မှုကိုပုဂ္ဂလိကအပိုင်းမှစိတ်ပါဝင်စားမှုအားနည်းသောကြောင့် မျိုးစပါး ထုတ်လုပ်မှုမှာ ဖွံ့ဖြိုးတိုးတက်လာခြင်းမရှိသေးပါ။နိုင်ငံတော်မှမျိုးစေ့ထုတ်လုပ်သောမျိုးခြံများကိုပုဂ္ဂလိကသိုလွှဲပြောင်းရောင်းချခဲ့ခြင်းသည် မှားယွင်းသောလုပ်ရပ်ဖြစ်ပါသည်။
() ဆန်စပါးလုပ်ငန်းအတွက် supply chain mechanism စနစ်၊ supplier buyer ကန်ထရိုက်လယ်ယာ စနစ်များတည်ထောင်လုပ်ကိုင်ရမည်ဖြစ်သော်လည်း ယနေ့တိုင် တောင်သူလယ်သမားကောင်း နိုးရာရာ စိုက်ပျိုးသောစပါးမျိုးများကိုသာဆန်စပါးကုန်သည် exporter များက၀ယ်ယူနေရဆဲဖြစ်ပါသည်။
(၁၀ )သီးနှံအရောင်းအ၀ယ်လုပ်ရာတွင် ကိန်းဂဏန်းအချက်အလက်များအရေးကြီးသော်လည်း MRF, MRMA, MPRMA,MPPA စသည့်အဖွဲ့ အစည်းများ၏ websites ထူထောင်မှုအပိုင်း၌အားနည်းနေပါသည်။နားလည်တတ်ကျွမ်းသော ပညာရှင်များငှားရမ်း၍ stakeholders များလိုအပ်ချက်ကိုဆောင်ရွက်ပေးနိုင်ရပါမည်။
(၁၁)Myanmar Rice Exporter Association တစ်ခု MRF တွင် cluster တစ်ခုအနေဖြင့်တည်ထောင်ရန်လိုအပ်နေပြီးကမ္ဘာဆန်ဈေးကွက်တွင်ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ရန်ဦးဆောင်လှုပ်ရှား
ပြီး မြန်မာဆန် exporter များကိုဆွဲဆောင်ခေါ်ယူသွားသည့်အစီအစဉ်များလိုအပ်နေပါသည်။
(၁၂) မြန်မာဆန်စပါးလုပ်ငန်းသည် ဆန်ကြိတ်ခွဲထုတ်လုပ်ရေးတစ်ခုတည်းသာဦးမတည်သင့်ပဲ rice based food industry, animal feed industry, rice bran oil industry, rice husk power generating industry  များကို ဦးတည်ဆောင်ရွက်မှုအပိုင်း၌အားနည်းနေပါသည်။
(၁၃)ပေါင်းဆန်ကိုပြည်တွင်း၌health food အနေဖြင့်စားသုံးလာနိုင်ရေးအတွက် promotion များကို လက်လီအသင်းအဖွဲ့အစည်းများ၊ ပြန်ကြားရေး ဝန်ကြီးဌာနများနှင့်MRF တို့ ပူးပေါင်းလုပ်ကိုင်သင့်ပါသည်။  
(၁၄)ဆန်စပါးလုပ်ငန်းဖွံဖြိုးတိုးတက်လာစေရေးအတွက်ပုဂ္ဂလိကလုပ်ငန်းရှင်များဆောက်ရွက်နိုင်ရန် project loan အဖြစ်ဘဏ်များမှချေးငွေရရှိရန်နည်းလမ်းများရှာဖွေသည့်အပိုင်း၌အားနည်းနေပါသည်။ Credit Bureau ဖွဲ့စည်းခွင့်ရပြီဖြစ်သော်လည်းလုပ်ငန်းများစလုပ်ဖို့အတွက် ဘယ်ကစလုပ်ရမည်ကိုမသိသည့်သဘောရှိနေပါသည်။ 
(၁၅)ဆန်စပါးလုပ်ငန်း၌လူ့စွမ်းအားအရင်းအမြစ်များပေါ်ပေါက်လာစေရေးအတွက်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့အကြားပူးပေါင်းဆောင်ရွက်မှုများမရှိသလောက်ပင်ဖြစ်ပါသည်။ပညာရှင်များ၊ကျွမ်းကျင်လုပ်သားများ တဖြည်းဖြည်းပြုန်းတီးလာနေသော်လည်းမြန်မာဆန်စပါးလုပ်ငန်း stakeholders များသည် မဖြစ်ဖြစ်သည့်နည်းများဖြင့် လုပ်ငန်းလည်ပတ်ရန်လုပ်ကိုင်နေရပြီး ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဝင်လာပါကcertificate ရှိသော ကျွမ်းကျင်လုပ်သားများမရှိသလောက်ပင်ဖြစ်ပါသည်။
(၁၆)ဆန်စပါးနှင့်ပတ်သက်သည့်ကိန်းဂဏန်းအချက်အလက်များကိုတာဝန်ယူနိုင်သောအစိုးရအဖွဲ့အစည်း regulatory authority တစ်ရပ်ထူထောင်ရန်လိုအပ်လျက်ရှိနေသော်လည်းမည်သည့်ဝန်ကြီးဌာန ကမှစိတ်ဝင်စားမှု မရှိကြပါ။ လိုအပ်သည်ဟူ၍လည်း မသိကြသူများကများနေပါသည်။မြန်မာဆန်စပါးလုပ်ငန်း၏ GDP ပါဝင်မှုအချိုးသည်မည်မျှရှိနေနိုင်သည်ကိုမသိကြရပါ။မသိ၍လည်းအရေးမကြီးဟုထင်မြင်နေကြခြင်းဖြစ်ပါသည်။ 
(၁၇)အထူးပြုကုမ္ပဏီများနှင့်တောင်သူလယ်သမားများအကြားခိုင်မာသောဆက်သွယ်မှုတစ်ရပ်တည်ဆောက်နိုင်ရန်အကျိုးတူဖက်စပ်ကျေးရွာသမဝါယမအသင်းများကို ပုံစံအသစ်ဖြင့် တည်ထောင်ဆောင်ရွက်မှုအပိုင်း၌အားနည်းပါသည်။ အစဉ်အလာအရ သမဝါယမ ဆိုလျှင်အုပ်ချုပ်သူလူတန်းစားကအားမပေးသည့်သဘောရှိပါသည်။နောက်ဆုံးအဟောသိကံဖြစ်သွားနိုင်ဖွယ်ရာရှိနိုင်ပါသည်။အမှန်တကယ်ဖြစ်ခဲ့သည့်ဖြစ်စဉ်များလည်းရှိခဲ့ သည်ကိုမငြင်းနိုင်ပါ။ဗီယက်နမ်သည်ကျေးရွာလယ်ယာသမဝါယမအသင်းများအောင်မြင်မှု ရနေပါသည်။ သူတို့မည်သို့ လုပ်ကိုင်နေကြသည်ကိုလေ့ လာနိုင်ပါသည်။
(၁၈)ပြည်တွင်းဆန်ဈေးနှုန်းများတည်ငြိမ်ရေး၊ပြည်တွင်းရောင်းဝယ်မှုလုပ်ငန်းများခေတ်မီတိုးတက်လာရေး၊လူတစ်ဦးချင်း ဆန်စားသုံးမှုပမာဏလျှော့ချရေး၊ ဆန်ကွဲကိုကုန်ကြမ်းအဖြစ်အသုံးပြု၍ တွက်ခြေကိုက်သောစားစရာများထုတ်လုပ်လာနိုင်ရေး၊တိရစ္ဆာန်အစားအစာထုတ်လုပ်ရေးစသည့်လုပ်ငန်းအပိုင်းများကိုပုဂ္ဂလိကများကလုပ်ကိုင်လျှက်ရှိသော်လည်းသက်ဆိုင်ရာကထဲထဲဝင်ဝင်အားပေးမှုအပိုင်းမှာအားနည်းနေဆဲဖြစ်ပါသည်။မည်သည့်ဌာန ကကြီးကြပ်မည် အားပေးလှုံ့ဆော်မည်ကိုပင်မရွေးချယ်နိုင်ပါ။
Opportunity
()မြန်မာနိုင်ငံသည်အာရှအတွက်ဆန်ကို အဓိကအားဖြင့် ပံ့ပိုးပေးနိုင်သောနိုင်ငံအဖြစ်လာမည့်ဆယ်စုနှစ်အတွင်းရောက်ရှိ လာနိုင်ပါသည်။
()ဆန်စပါး supply chain လုပ်ငန်းစဉ်များ တစ်ခုနှင့်တစ်ခုခိုင်မာသော ချိတ်ဆက်မှုရှိစေရန် ဆန်စပါးsupply chain mechanism model အချို့ကို ဆန်စပါးလုပ်ငန်းနှင့်ပါဝင်ပတ်သက်သူပညာရှင်များစဉ်းစားတည်ဆောက်ထားလျှင်လက်တွေ့လုပ်ငန်းခွင်တွင် စမ်းသပ်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
() ပေါ်ဆန်းဘေးကြားသည်အရည်အသွေးကောင်းသော မြန်မာမျိုးရင်းစပါးမျိုးဖြစ်ရာထိုင်းခေါက်ဒေါ့မာလီကဲ့သို့ဒေသတွင်းသာမကနိုင်ငံတကာတွင်ကျော်ကြားသောလုံးပုဆန် short and round grain
အဖြစ်ရောက်ရှိလာစေရေးရည်မှန်းချက်ထား၍ဆောင်ရွက်နိုင်ပါသည်။ productivity တက်လာပါကတစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်များလျော့လာနိုင်ပါသည်။နံမည်ကြီး စပယ်ဆန်၊ ဘာစမာတီဆန်
တို့လာရာလမ်းကြောင်းကိုကြည့်ပါကအထွက်နှုန်းနည်းပါးခြင်း၊ထုတ်လုပ်မှုကုန်ကျစရိတ်များခြင်းရှိသော်လည်းလူကြိုက်များလာသည့်အခါ သူ့ထိုက်တန်သောဈေးကို ရလာနိုင်ဖွယ်ရှိပါသည်။
() မြန်မာဆန်စပါးသည်လွတ်လပ်ရေးရပြီးချိန်မှစ၍အရည်အသွေးပိုင်းဆိုင်ရာကိုပါဝင်ပတ်သက်ခဲ့သည့် stakeholders များလစ်လျုရှုခဲ့ပြီး စပါးအထွက်များရေးကိုသာဦးတည်ခဲ့ကြသည့်အတွက် ပြီးခဲ့သည့်ဆယ်စုနှစ် စုစလုံးမြန်မာဆန်သည်အရည်အသွေးနှင့်ပတ်သက်၍အကြိမ်ကြိမ်မျက်နှာပျက်ခဲ့ရပါသည်။ယခုအချိန်သည်ပုဂ္ဂလိကမှ ဆန်စပါးကိုဦးဆောင်လုပ်ကိုင်နေချိန်ဖြစ်သဖြင့်ဆန်စပါးအရည်အသွေးကိုဂရုတစိုက်လုပ်ကိုင်ရန်ကဏ္ဍအသီးသီး၌အခွင့်အလန်းများရှိနေပြီဖြစ်ရာပါဝင်ပတ်သက်သူ stakeholders အားလုံးအရည်အသွေးထိန်းသိမ်းရေးကိုဦးစားပေးလုပ်ကိုင်သွားမည်ဆိုပါကမကြာခင်ကာလတစ်ခုအတွင်းအရည်အသွေးကောင်းမွန်သောမြန်မာဆန်အမျိုးအစားများဈေးကွက်တွင်ပြန်လည်နေရာယူနိုင်မည်ဖြစ်ပါသည်။
() အစဉ်သဖြင့်လိုလို မြန်မာဆန်တင်ပို့ရောင်းချရာတွင် marketing ကိုမနိုင်နင်းသဖြင့်ဈေးအနှိမ်ခံရသည့် သာဓကများရှိခဲ့ပါသည်။နိုင်ငံအသီးသီး၌ဆန်စါးသုံးမှုပုံစံများပြောင်းလဲလာရာကျန်းမာရေးနှင့်ညီညွတ်ကြောင်းအာမခံသည် marketing မျိုးလုပ်ဆောင်ရန်လိုပါသည်။ မိမိဆန်သည် ဓါတုဆေးကြွင်းများပါဝင်နေသလား။ ဂလူတင်ဓါတ်များပါဝင်နေသလား။ Glycemic index နိမ့်သည့်ဆန်အမျိုးအစားလား။ အာဟာရဓါတ်နှင့်ပြည့်စုံသည့်ဆန်အမျိုးအစားလား  စသည်ဖြင့်ဈေးကွက်တွင်စားသုံးသူကိုဆွဲဆောင်နိုင်သည့် အရည်အသွေးထူးခြားချက်များကိုဖေါ်ထုတ်၍ဈေးကွက်တွင်ရောင်းချနိုင်စွမ်းရှိရပါမည်။ဥပမာဆန်နီများစွာပါဝင်သော ငလုံးကြီး ကဲ့သို့သောစပါးမှကြိတ်ခွဲရရှိသော လုံးတီးဆန်သည်မည်ကဲ့ သို့အရည်အသွေးနှင့်ပြည်စုံသည်ကိုထူးခြားစွာဖေါ်ပြ၍ကုန်သွယ်နိုင်ရန်အခွင့်အလန်းများရှိပါသည်။
Threat
()  စက်မှုလက်မှုလုပ်ငန်းများဖွံ့ ဖြိုးလာသောကြောင့်စက်မှုဇုန်များတည်ဆောက်လာကြခြင်းကြောင့်အချို့ ဒေသများ၌လယ်ယာမြေဆုံးရှုံးမှုများရှိနိုင်ပါသည်။အဆိုပါဆုံးရှုံးမှုကြောင့်စပါးအထွက်ထိခိုက်နိုင်ပါသည်။
()  လယ်ယာလုပ်ငန်းခွင်မှလုပ်နိုင်ကိုင်နိုင်သောလူငယ်လူရွယ်အများအပြားအိမ်နီးချင်းနိုင်ငံများသို့ရွှေ့ ပြောင်းအလုပ်သမားအဖြစ်သွားရောက်လုပ်ကိုင်ကြသောကြောင့်လယ်ယာလုပ်ငန်းခွင် လယ်ယာလုပ်သားရှားပါးသည့် ပြဿနာများကြုံတွေ့နေရပါသည်။
() ၂၁ရာစုနှစ်အတွင်းရာသီဥတုဖေါက်ပြန်မှုများမကြာခဏ ကြုံတွေ့ခဲ့ရသောကြောင့် စပါးအထွက် ကိုထိခိုက်လာနိုင်ပါသည်။
()ဆန်စပါးနှင့်ပတ်သက်၍တိကျသောဆန်စပါးမူဝါဒကိုယနေ့ထိတိုင် မရေးဆွဲနိုင်သောကြောင့်ဆန်စပါးလုပ်ငန်းတွင်ပါဝင်ပတ်သက်သူများသည်စမ်းတ၀ါးဝါးနှုင့်လုပ်ငန်းများကိုအကောင်အထည်ဖေါ်နေရပါသည်။
() ဆန်စက်ပညာရပ်နှင့်ပတ်သက်၍အရည်အချင်းပြည့်မှီသောအင်ဂျင်နီယာ များကျွမ်းကျင်လုပ် သားများ၊စီမံအုပ်ချုပ်ကွပ်ကဲနိုင်သော မန်နေဂျာများအခါအားလျော်စွာပြုန်းတီးလာသည်ဖြစ်ရာလူငယ် များကိုမွေးထုတ်ပေးနိုင်သောသက်မွေးပညာသင်ကျောင်းများ၊ဒီပလိုမာပေးနိုင်သောသိပ္ပံများ၊ကောလိပ်များတည်ထောင်လုပ်ကိုင်ပေးခြင်းမရှိသေးပါ။
()ဆန်စပါးလုပ်ငန်း၏ supply chain သည်စပါးစိုက်ပျိုးထုတ်လုပ်သည်မှစ၍စားသုံးသူလက်ဝယ်ရောက်ရှိသည် လုပ်ငန်းအဆင့်ဆင့်ရှိရာအဆိုပါလုပ်ငန်းများကိုထိန်းကြောင်းလမ်းညွှန်ပေးနိုင်ရန် အစိုးရ ဖက်၌ regulatory body တစ်ခုလိုအပ်နေသော်လည်းစိုက်ပျိုးရေးကလုပ်မည်လိုလိုစားသုံးသူရေးရာကလုပ်မည်လိုလိုနှင့်မြန်မာဆန်စပါးလုပ်ငန်းသည်လွတ်ဟာနေသည့်သဘောတွေ့ရှိရပါသည်။ဤအချက်သည်နိုင်ငံခြားနှင့်ပြောဆိုဆက်ဆံသည့်အခါအရေးကြီးပါသည်။၂၀၂၀တွင် ဆန်စပါးလုပ်ငန်းညီလာခံတစ်ခုကျင်းပမည်ဖြစ်ရာစိုက်ပျိုးရေးဖက်ကဦးဆောင်မည်ဆိုလျှင်ယခုအချိန်ကတည်းက ဘယ်အပိုင်းကိုဇောင်းပေးမည်ဆိုသည့်အချက် ကိုစဉ်းစားထားဖို့အချိန်ဖြစ်ပါသည်။
()မြန်မာဆန်ပြည်ပကိုတင်ပို့သည့်အခါ နယ်စပ်ကုန်သွယ်ရေးအသုံးပြုသည့်အခါမြန်မာဆန်သည်တရုတ်ဘက်မှအမျိုးမျိုးသောနိုမ်နှင်းခြင်းကိုခံနေရပါသည်။ တရုတ်ဗဟိုအစိုးရသည်နယ်စပ်ကုန်သွယ်ရေး ကို အလေးမထားပဲယူနန်အဆင့်မှတာဝန်ရှိသူများနှင့်တန်းတူထားဆက်ဆံနေရပါသည်။ ဤကိစ္စကိုစီးပွားကူးသန်းဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထားဆွေးနွေးသင့်ပြီးဗီယက်နမ်နှင်တရုတ်နယ်စပ်ကုန်သွယ်ရေးကိုမည်ကဲ့သို့အကောင်အထည်ဖေါ်နေသည်ကိုလည်းသွားရောက်လေ့လာသင့်ပြီးအဖြေတစ်ခုခုရှာရမည်ဖြစ်ပါသည်။
()ယနေ့ထက်တိုင်မြန်မာဆန်သည်အရည်အသွေးပိုင်း၌ပြောစရာတစ်ခုဖြစ်နေပါသည်။ပြည်တွင်းဆန်ထုတ်လုပ်ရောင်းချရာတွင်အရည်အသွေးပိုင်း၌ပြောစရာမရှိသော်လည်း ပြည်ပပို့ဆန်များတွင် ကမ္ဘာ့စံချိန်စံညွှန်းများကိုမှီအောင်မလုပ်နိုင်သေးကြောင်းတွေ့ရပါသည်။
() လယ်ယာလုပ်ငန်းခွင်၌လုပ်သားရှားပါးလာသဖြင့်စက်မှုလယ်ယာကိုပုဂ္ဂလိကအပိုင်းမှာဝန်ဆောင်မှုလုပ်ငန်းအနေဖြင့်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရန်အစိုးရအပိုင်းမှာအားပေးဆောင်ရွက်သင့်ပါသည်။အဆိုပါလယ်ယာလုပ်ငန်းခွင်သုံးစက်ကိရိယာများကိုစနစ်တကျကိုင်တွယ်မောင်းနှင်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများ အရေးပေါ်လိုအပ်နေပါသည်။ အဆိုပါစက်ကိရိယာများပြည်ပမှတင်သွင်းရာအခွန်နှုန်းထားများပါလျှော့ပေါ့ပေးခြင်းများလုပ်ဆောင်ပေးရပါမည်။
( )ဆန်စပါးကန်ထရိုက်လယ်ယာစနစ်ကိုနိုင်ငံခြားကုမ္ပဏီများဝင်ရောက်လုပ်ကိုင်နိုင်စေရန်ကန့်သပ်ချက်များကိုလျှော့ပေါ့ပေးသင့်ပါသည်။ကုမ္ပဏီအချို့ ဝင်ရောက်လုပ်ကိုင်နေသော်လည်းအရင်းအနှီးများစွာဝင်ရောက်လုပ်ကိုင်နိုင်သည့်ကုမ္ပဏီများကိုဆွဲဆောင်နိုင်ရန်မက်လုံးများပေးသင့်ပါသည်။
လေ့လာသုံးသပ်ချက်
ပုဂ္ဂလိကမှကိုင်တွယ်လုပ်ကိုင်နေသည့် မြန်မာဆန်စပါးလုပ်ငန်းသည်အလှည့်အပြောင်း၌လျှင်မြန်စွာတိုးတက်ပြောင်းလဲလာသော်လည်း marketing ဈေးကွက်အပိုင်း၌အားနည်းနေသည်ကိုတွေ့ရပါသည်။ပြည်တွင်းဈေးကွက်သည်အရည်အသွေးပိုင်း၌တိုးတက်ပြောင်းလဲရာယခုအခါ၂၅ မှတ်  ၃၅ မှတ်ဆိုသည့်ဆန်ကြမ်းမှာဈေးကွက်တွင်မတွေ့ရလောက်နီးပါးဖြစ်နေပါပြီ။ဆန်မျိုးစုံ ကိုလှပသေသပ်သော packaging များဖြင့်အလေးချိန်အမျိုးမျိုးအသင့်ချက်ဆန်အဖြစ်ရောင်းချနေသောကြောင့် လူတန်းစားမရွေး ရွေးချယ်စားသုံးနိုင်လာသည်မှာကျေနပ်ဖွယ်ကောင်းသောပြောင်းလဲမှုတစ်ရပ်ကိုတွေ့နေရပါသည်။
ပြည်ပဆန်တင်ပို့ရာတွင်ယခင်ကတင်ပို့ခဲ့ဘူးသောအာဖရိက၊ ဘင်္ဂလားဒက်ရှ်ဈေးကွက်ဖြစ်သောကြောင့်အရည်အသွေးနှင့်ပတ်သက်၍မကြာခဏပြဿနာများဖြစ်ခဲဘူ့းပါသည်။ ပြည်တွင်းဆန်ချောဈေးသည် ကမ္ဘာဈေးကွက်၌အလားတူအရည်အသွေးရှိသောဆန်အမျိုးအစားအချို့ ထက်ဈေးပိုများနေသောကြောင့်ပြည်ပတင်ပို့ရန်တွက်ချေမကိုက်နိုင်ပါ။(ဥပမာပေါ်ဆန်းဘေးကြားဆန်)ထိုင်းဆန်ခေါက်ဒေါ့မာလီကိုပြိုင်နိုင်သည့်အရည်အသွေးရှိသော်လည်းဈေးကွက်တစ်ခုရရှိရန် များစွာအချိန်ယူမည်ဖြစ်ပါသည်။တစ်ဖက်၌စိုက်ပျိုးထုတ်လုပ်သူများကလည်းအလျင်မှီအောင်အရည်အသွေးမှီအောင်စိုက်ပျိုးထုတ်လုပ်ပေးရန်လည်းလိုအပ်ပါသည်။
မြန်မာနိုင်ငံ၌ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းဝယ်မှုလုပ်ငန်းသည် ဆယ်စုနှစ်၁- ခုအတွင်းအရှိန်အဟုန်မြင့်မားစွာနှင့် ဖွံ့ဖြိုးတိုးတက်သွားခြင်းမှာ ပုဂ္ဂလိကအပိုင်းမှလွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ခဲ့၍ဖြစ်ပါသည်။ပဲမျိုးစုံကိုလွတ်လွတ်လပ်လပ်သိုလှောင်ဈေးကစားနိုင်သည်။နိုင်ငံခြားသားများလည်းပြည်တွင်းပြည်ပပဲဈေးကွက်တွင်ဝင်ရောက်လှုပ်ရှားဈေးကစားနိုင်သည်။ထို့ကြောင့်လည်း၂၀ဝ၉ခုနှစ်ကပဲမျိုးစုံနှင့်ပတ်သက်၍ပြဿနာဖြစ်ပေါ်ခဲ့ရာနိုင်ငံတော်ကပါဝင်ဖြေရှင်းပေးခဲ့ရသည်ကို အများအသိပင်ဖြစ်ပါ သည်။ သို့သော် ဆန်စပါးကို ပုဂ္ဂလိကအားလုပ်ကိုင်ခွင့်ပြုခဲ့သော်လည်းပဲမျိုးစုံကဲ့သို့လွတ်လပ်မှုမျိုးတော့ရနိုင်မည်မဟုတ်ပါ။ဆန်စပါးပြည်တွင်းဈေးနှုန်းမတက်လာစေရေးသည်ပုဂ္ဂလိကအပိုင်းမှအဓိကအာရုံစိုက်ရမည့်အချက်ဖြစ်ပြီးပြည်ပတင်ပို့ရေးသည်ပြည်တွင်း၌ပိုလျှံမှသာတင်ပို့နိုင်မည်ဟူသောမူဝါဒကိုဆက်လက်ကိုင်စွဲထားဆဲဖြစ်၍ယခင်ကကဲ့သို့ဆန်အများဆုံးတင်ပို့သည့်နိုင်ငံတစ်ခုဖြစ်လာရေးမှာဆယ်စုနှစ်တစ်ခု အတွင်း အထက်တွင်ဖေါ်ပြခဲ့သည့် အားသာချက်၊ အားနည်းချက်များအပေါ် ဝေဖန်သုံးသပ်ကာမဟာဗျူဟာ၊နည်းဗျူဟာများစနစ်တကျရေးဆွဲ၍ အချိန် ယူ ဆောင်ရွက်ကြရန်လိုအပ်ပေသည်။
မောင်တိုင်ပင်
၀၃-၀၂-၂၀၁၉