စာရေးသူ လက်ရှိအလုပ်လုပ်နေသောဘဏ် နှင့် စာရေးသူ တို့ အကြားရေစက်တော်တော် ဆုံတယ် လို့ ပြောချင်ပါတယ်။ ၁၉၉၅ ခုနှစ် အင်ဂျင်နီယာ ပေါက်စဘ၀ ကဒီ ဘဏ်ဟာရုံးနဲ့ နီးနီးမှာ ရှိနေတဲ့ အတွက် အစိုးရငွေစုဘဏ် မှာ စုဆောင်းထားတဲ့ငွေတွေ ကို ထုတ်ပြီး ဒီဘဏ် ကို
ပြောင်း စာ ရင်းဖွင့် ခဲ့ပါတယ်။ ငွေထုတ်ငွေသွင်း ၂လ ၃ လလောက် လုပ်ခဲ့ ပါတယ်။ တစ်ခုသောလ ရက်လည်းမမှတ် မိတော့ပါ။ ၅ိတန် ၁၀၀အုပ်တစ်အုပ်ကို စာရေးသူငွေစာရင်းထဲ သွင်းဖို့ကောင်တာမှာ ပေးသွင်း လိုက်ပါတယ်။တာဝန်ရှိသူက လက်နဲ့ငွေ ကိုရေတွက်နေရင်း ဘတ်ကနဲ၅ိတန်ငွေစက္ကူတစ်ရွက် ကို ဆွဲထုတ်ပြီး စုတ်နေလို့ လဲပေးပါဆိုပြီး ပြောပါတယ်။စာရေးသူကြည့် လိုက် တော့ ၅ိတန်ငွေစက္ကူ ဟာဆိုးဆိုးဝါးဝါးကြီး ဟောင်းနွမ်း စုတ်ပြဲနေတာမဟုတ်ပါဘူး။နံပါတ် လည်းမပျက်သေးပါဘူး။ အစိုးရဘဏ် ကပဲ လခအဖြစ် ထုတ်ပေးလိုက်တာပါ။ ဒါနဲ့ လဲစရာလည်းငွေပိုပါမလာတဲ့အတွက် နံ့ပါတ်မပျက်သေးပါဘူး။ဒီပိုက်ဆံကလည်း အစိုးရဘဏ်ကပဲထုတ်ပေးလိုက်တာပါ ဆိုပြီးစောဒကတက် ကြည့်တော့ ငွေရေတဲ့သူ ကလက်ခံပေးချင်သလိုလိုပါပဲ။ ဒါပေမဲ့ ဘေးနားကနှုတ်သီးကောင်းကောင်းနဲ့ မိန်းမ တစ်ယောက်က ကျွန်မတို့ဘဏ် ကငွေအစုတ်တွေလဲပေးနေတဲ့ဘဏ်မဟုတ်ဘူး၊လက်မခံနိုင်ဘူး၊ ဆိုပြီးမချေမငံပြောပါလေရော။ စာရေးသူစိတ်ထဲမှာ ထောင်းကနဲဖြစ်သွားပေမဲ့ စကားနဲရန်စဲပြန်လှန်ပြောမနေတော့ပါဘူး။၅ိ တန်ငွေစက္ကူအစုတ်ကလေး အိတ်ထဲထည့် ၊ငွေစုစာအုပ် ကိုပြန်ယူပြီး ဘဏ်ကထွက်လာခဲ့ ပါတယ်။
ဒီကိစ္စလေးဟာအမှတ် မထင်ပါ။ စိတ်ထဲမှာ တော့ တ နှုံ့ နုံ့ ဖြစ်နေပြီးနောက်တစ်နေ့မှာ ဘဏ်ကိုသွားပြီးငွေ ၁၀၀ ပဲ ချန် အားလုံးထုတ် လိုက်ပါတယ်။ပြီးတော့ ရိုးမဘဏ် သို့ ချီတယ်သွားပြီး ချက်ချင်း စာရင်းဖွင့် ငွေတွေအပ် လိုက်ပါတယ်။အဲဒီအချိန် ကရိုးမဘဏ်ဆိုတာ ရှန်းရှန်းတောက်နေချိန် ဘဏ် ရဲ့ service က အရမ်း ကောင်း တော့ အားရကျေနပ်မိပါတယ်။ ဘဏ်ဟောင်း ကငွေစုစာအုပ်နဲ့ ၅ိ တန် ကိုညှပ်ပြီး အ၀တ်ဘီရိုထဲမှာ သိမ်း ထား လိုက်ပါတယ်။တကယ်တော့ဒီကိစ္စဟာမေ့ပျောက်နေပါပြီ။ ဒါပေမဲ့စာရေးသူ ကို ဒီ ဘဏ်မှာ မန်နေဂျင်းဒါရိုက်တာ အဖြစ် တာဝန်ပေးခံ ရတော့ ချက်ချင်းပဲဒီကိစ္စဟာခေါင်းထဲမှာ ပေါ်လာပါတယ်။ကံကြမ္မာရဲ့ ဆန်းကျယ်မှုကို လည်းအံ့သြမိခဲ့ပါတယ်။ဘဏ်က၀န်ထမ်းတစ်ယောက် က Customer ပေါ်မှာဆက်ဆံလိုက် တဲ့ အပြုအမူဟာဘယ်လောက်တာသွား
သလဲဆိုတာစာရေးသူ သိ လိုက် ရတာဖြစ်ပါတယ်။ဒီဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို သူငယ်ချင်း ၂ဦး ၃ဦးလောက် ကိုတော့ ရင်ဖွင့်တဲ့ အနေနဲ့ ပြောမိပါတယ်။ ဘဏ်ကိုရောက် တိုင်း လို လိုပဲ စာရေးသူကိုမချေမငံဆက်ဆံခံရတဲ့ banking hall ရှေ့ ဖြတ်လျှောက် မိရင် ဒီအဖြစ်အပျက် ကို သတိရမိပါတယ်။
စာရေးသူဟာမှန်တာ ကိုဝန်ခံ ရရင်ဘဏ် လုပ်ငန်း ကိုကျွမ်း ကျင်သူ တစ်ဦး တော့ မဟုတ်ပါ။ဘဏ်မှာ တာဝန်ယူရ ပြီ ဆိုရင်ပဲ ဘဏ်နှုင့် ပတ်သက်ပြီး လေ့ လာစရာရှိတာတွေလေ့ လာ၊ဖတ်စရာစာအုပ်တွေ ကို ဖတ်၊မှတ်၊ မေး၊ လုပ်သင့် တာတွေ လုပ်ခဲ့ပါတယ်။ ၄-၅ လလောက်ကြမှဘဏ် လုပ်ငန်းအကြောင်းနည်းနည်းပဲ သိတာပါ။ စာရေးသူ အတွေ့ အကြုံရှိတဲ့Management ပုံစံအတိုင်းဘဏ် ကိုပြောင်းလဲအုပ်ချုပ်ခဲ့တဲ့နောက် ၀န်ထမ်းတွေနဲ့ လည်းရင်းနှီိးမှု ရခဲ့ပါတယ်။ သူတို့ရဲ့ လုပ်ငန်းပေါ်မှာ ထားရှိတဲ့အတွေးအခေါ်ကိုပြောင်းလဲစေနိုင်ခဲ့ပါတယ်။ တကယ်တော့ဘဏ်တစ်ခုမှာ လုံခြုံမှုဟာအရေးကြီး ဆုံးပါ။ လုံခြုံမှု ပြီး ရင် ၀န်ဆောင်မှုအကောင်းဆုံးပေးနိုင်ဖို့ပါ။ သူတို့ ကို customer တွေကိုဘယ်လိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မလဲဆိုတာစဉ်းစားခိုင်းပါတယ်။
စာရေးသူတို့ငယ်ငယ် တချိန်တုံးကအများ အော့နှ လုံးနာခဲ့ကြတဲ့ ပပက စာရေးမတွေအကြောင်းသူတို့ ကိုပြောပြ ခဲ့ ရတယ်။
ဘဏ်မှာငွေထုတ်ရင်ဘယ်လောက်ကြာသလဲ၊ ငွေသွင်းရင်ဘယ်လောက်ကြာသလဲ၊ ဒါတွေကိုလေ့လာခိုင်းပါတယ်။သူများဘဏ်တွေကို တစေ့တစောင်း သွားကြည့် ခိုင်းပါတယ်။ လက်တွေ့ လုပ်နေတာတွေဆင်းကြည့်ပြီး ဒါကိုဒီ လို လုပ်လိုက် ရင်ဘယ်လိုအချိန်သက်သာသွားမလဲ၊
management ကဘာတွေဖြည့်ဆည်းပေးရမလဲ၊တစ်ရက်လောက် နှစ် ရက်လောက်သူတို့ လုပ်ငန်းတွေ ဆင်းကြည့်ဆွေးနွေး ကြည့် လိုက်တဲ့ အခါ ၀န်ထမ်း အချို့ ရဲ့ လုပ်ချင် ကိုင်ချင်စိတ်တွေကိုတွေ့ လာရပါတယ်။ငွေသွင်းငွေထုတ် အချိန် ဟာစာရေးသူ ကို သူတို့ စောစောပိုင်းကပြောနေတဲ့ ၁၅မိနစ် ကနေ ၂-၃မိနစ်အထိဖြစ်သွားတာ ကိုတွေ့ ရပါတယ်။ Bankng Hall ထဲမှာ ငွေလာသွင်းသူတွေ၊ငွေ လာထုတ်သူတွေ ကို လိုက်မေးကြည်တဲ့ အခါ၂- ၃ မိနစ်ပဲကြာပါတယ် ဆိုတဲ့ အဖြေ ကိုပဲရ ခဲ့ပါတယ်။
စာရေးသူဟာဘဏ်ဝန်ထမ်းတွေကိုဝန်ဆောင်မှုကောင်းအောင်ပေးဖို့ စည်းရုံးပါတယ်။ ဒါပေမဲ့စာရေးသူကြုံခဲ့ ရတဲ့ အဖြစ် အပျက်ကို ၀န်ထမ်းတွေကို ပြန်မပြောခဲ့ပါဘူး။ ခုမှ သာအကြောင်းတိုက်ဆိုင် လို့ပြောရတာပါ။ ဒါကလည်း အဓိက ပြောချင်တာမဟုတ်ပါ။ အဓိကပြောချင်တာက ဒီကနေ့ အချိန် အခါ မှာ အများပြည်သူတွေနဲ့ ဆက်ဆံနေရတဲ့ ၀န်ထမ်းတွေရဲ့ စိတ်နေသဘောထားတွေ ပြုပြင် ပြောင်လဲချိန် တန်နေပါပြီ ဆိုတာပြောချင်တာပါ။
ဒီ နေ့ ခေတ် က ဗျာ၊ ငွေပေးလည်းကောင်းကောင်းမွန် အဆက်အဆံမခံရပါဘူး၊ ၀န်ထမ်းတွေစိတ်ထဲမှာ နင်တို့တင်ငွေပေးနေတာမဟုတ်ဘူး၊ အားလုံးပေးနေတာ၊လုပ်စရာရှိတာကို ဦးစားမပေးဘူး။ အများတန်းတူပဲလုပ်ပေးမယ်။ ကြိုက် ကြိုက် မကြိုက် ကြိုက် ဂရုမစိုက်ဆိုတဲ့ အချိုး မျိုးဗျ။ စေတနာ ဆိုတာတော်တော်ခေါင်းပါးနေပါပြီဗျာ။ အစိုးရဌာနတွေ ကို မကြာခဏသွားရတဲ့လုပ်ငန်းရှင် တစ်ဦး
ကညည်းတွားဘူးပါတယ်။ဒီအဖြစ်မျိုးစာရေးသူလက်တွေ့ ကြုံဘူးပါတယ်။ ယခင်လုပ်ခဲ့တဲ့ဌာန ကဦးစီးအရာရှိတစ်ဦး အပေါက် ကအလွန်ဆိုးပြီးအမျိုးမျိုးရစ်နေသောကြောင့် လုပ်ငန်းရှင်တစ်ဦးအပေါ်တက်လာကာ လာတိုင်ဘူးပါတယ်။ ငွေ ၈၀၀၀ စာရွက်တွေကြားထဲ
ထည့် ပေးလိုက်လည်း ရစ်တာပါပဲဗျာ တဲ့၊ ဒါနဲ့ပဲ ကိုယ်ထက်ကြီးတဲ့သူတင်ပြပြီးနေရာရွှေ့
ပေးလိုက်ရဘူးတယ်။ ဒီ လိုလူမျိုးတွေက ပီတိ ဆိုတာ မခံစားတတ်ဘူး သူတွေ။ ဘယ်လိုပြောပြော မရဘူး။
သူလိုချင်တာကိုချောချောမောမော လုပ်ပေးလိုက်ခြင်းဖြင့်သူ၏ပျော်ရွှင်မှု ကိုကိုယ် ရယူလိုက်ပါ
အထက်ပါစကားစုလေး ကစာရေးသူအာဘော် မဟုတ်ပါ။ဒေါ်တင် မိုးလွင်ရဲ့ ဘဏ် က၀န်ထမ်း တွေကို လာရောက် သင် တန်း ပို့ချခဲ့စဉ် က power point ထိုးပြခဲ့တဲ့ သင်္ခဏ်းစာထဲက power point အချပ် ကို စာရေးသူလိုချင်တဲ့ ပုံစံကို ပြင် ပြီးပြန်ရေးထားတာပါ။ စာရေးသူရဲ့ ၀န်ထမ်းတွေကိုအမြဲပြောလေ့ ရှိတာကတော့ ပီတိ ကို ခံစားတတ် ကြပါ။ အဲဒီ လိုပြောတာထက်စာရင် ဒီလိုပြောတာက ပိုထိမိတယ် ထင် လို့ ပြင် လိုက်တာပါ။
စာရေးသူတို့ဘဏ်က new recruits တွေကို ဘဏ် လုပ်ငန်းဆိုင်ရာအခြေခံသင်တန်းပေးနေတော့ တစ် လက်စထဲ ဒေါ်တင်မိုးလွင် ရဲ့ မျက်နှာ ပေးသင်တန်း (personal grooming) ကို ပါတခါ တည်း ထည့်သွင်းရေးဆွဲခိုင်း လိုက်ပါတယ်။၃ရက်သင်ပေးခိုင်းပါတယ်။ဒေါ်တင် မိုးလွင်ရဲ့သင်တန်း ကိုနောက် ကနေတက်နားထောင် လိုက်တော့ မိမိ လုပ်တာမှန်သွားတယ်ဆိုတာ သင်တန်း ပို့ ချ ချက်ကြားလိုက် တွေ့ လိုက် ရတာနဲ့သိ လိုက် ရပါပြီ။
မြန်မာတွေများများရှိတဲ့ ဘန်ကောက်၊စင်ကာပူသံရုံး ကသံရုံးဝန်ထမ်းတွေ လည်း အဲဒီနိုင်ငံတွေ မစေလွှတ်ခင် ဒေါ်တင်မိုးလွင် သင်တန်း ကို တက်သင့်မလား လို့စဉ်း စားကြည့် ကြ ပါ။ အဲဒီနိုင်ငံသံရုံး ကဗီဇာ၊အခွန်တာဝန်ယူတဲ့ ၀န်ထမ်းတွေ အပေါက် ဆိုးတယ်၊ အခွန်
ဆောင်ချင်ရင် မနက်အစောကြီး ထ တန်းစီ ရတယ် ဆိုတာတွေကြားနေရတော့ဒီသံရုံးဝန်ထမ်းတွေဟာ မြန်မာနိုင်ငံက၀န်ထမ်းတွေလို လစာနည်း လို့ ဆိုတဲ့အကြောင်းပြချက်နဲ့တော့မခိုင်လုံပါဘူး။ ဒါပေမဲ့ဒေါ်လာနည်း နည်းပဲရ လို့ လို့များပြောချင်နေလားမသိပါ။အခွန်ဆောင်သူတွေမနက်စောစောတန်းမစီး ရအောင် ဘယ် လို လုပ်ရင် ရမယ် ဆိုတာလောက် ကိုတောင်လက်တွေ့ ဆင်းမကြည့်၊ မစဉ်းစားချင်တဲ့ သံရုံး က တာဝန်ရှိသူတွေ ကိုဘယ် လိုပြောရပါ့။အဲဒီ နိုင်ငံမှာ နေတဲ့ မြန်မာပြည်သူများ က တိုးတက်တဲ့ နိုင်ငံတွေ ရဲ့ လုပ် ထား ကိုင် ထားတဲ့စနစ်တွေကိုတွေ့လေလေ မြန်မာသံရုံး ကသက် ဆိုင်သူတွေကို ဆဲချင်လေလေ ဖြစ်နေတာမဆန်းပါ။အမှန်တော့ လုပ်နည်းစနစ်ကိုပြင်ပြီး ဘယ်လို မြန်အောင်သွက်အောင် လုပ်ပေးသင့်သလဲဆိုတဲ့စဉ်းစားချက်သာလိုတာပါ။ စဉ်းစားရန်ပျက်ကွက် ခြင်း၊ လုပ်ရန်ပျက်ကွက်ခြင်း၊တွေကြောင့် ပြည်သူတွေဒဏ်ခတ်တာမခံရပါစေနှုင့်။ဒါပေမဲ့ သူတို့စိတ် ထဲမှာ မင်းတို့ ဒါ မလုပ်ရင်မရဘူး မဟုတ် လား၊ မနက်စောစောထပေါ့၊ အပေါက် ဆိုးဆိုး နဲ့ ဆက်ဆံတာ ခံပေါ့။ မင်းတို့ အတွက်နဲ့ တို့ အလုပ်ရှုပ်ရတာ။ ဟုများပြောချင်နေမလား မသိပါ။ tax payer များဟု မမြင်သရွေ့ ၊ဒီဝန်ထမ်းတွေ ပီတိ ဆိုတာ မခံစားတတ်သရွေ့ ဒီလူတွေခံပေတော့။ မြန်မာ ကပြည်သူတွေကတော့ဒါမျိုး ရိုးနေပေမဲ့ ဟိုနိုင်ငံတွေမှအနေကြာနေသူတွေကတော့ အမြဲပဲဆဲချင်နေကြမှာမဆန်းလှပါ။
ပြည်သူတွေနဲ့ဆက်ဆံမှုများတဲ့ဌာနတိုင်း (နိုင်ငံခြားရေး/ဘန်ကောက်၊စင်ကာပူ) ၀န်ထမ်းတွေကို ပီတိခံစားတတ်အောင် အကြီး အကဲတွေက လုပ် ကြပါ။ ဆင်းကြည့် ကြပါ။သူလိုချင်တာကို လုပ်ပေး လိုက်လို့ သူ့ ပျော်ရွှင် တာမျိုး ကိုမိမိ လည်းခံစားတတ်အောင် လုပ်ပါ။
နောက်တစ်ခု၊ လွန်ခဲ့သော ၃ -၄ ရက်က ထူး ကဖွင့်ထားတဲ့ ဓါတ်ဆီဆိုင်မှာ ဒီဇယ်သွားထည့်ပါတယ်။ အမျိုးသမီးငယ်လေးတစ်ဦးက ကားနားကပ် လာပြီးဘယ်လောက်ထည့်မှာ လဲ ရှင် ဟုလာမေးပါတယ်။ ကားပေါ်က ကိုယ်ဆင်းစရာမလိုပါ။ပြန်အမ်း ရမဲ့ငွေ ကို လည်း တိတိကျကျ ပြန်အမ်းပါတယ်။ ဖြတ်ပြော ရအုံးမယ်၊ နောက်ရက်အဖွဲ့အစည်းတစ်ခုနဲ့ဆိုင်တဲ့ ဆီဆိုင် ကိုလမ်းကြုံလို့ ၀င်ထည့်တော့ငွေ ၁၀၀ ကျပ်တန် မရှိ လို့ နောက် ရက်မှ ယူပါ လို့ ပြောတယ်။ မတူတာကိုပြောတာပါ။ ဒါနဲ့ ဆက်ပြောရရင်ဆီဂိတ် ကို ကြည့် လိုက်တော ခါ တိုင်း အစိုးရဆိုင်မှာ ထည့် ရင် ထည့်နေကြအမှတ် ထက် သိသိ သာသာကျော်နေတော့ ဒရိုင်ဘာကော၊စာရေးသူကော တစ်သံတည်းထွက် လာတယ်။ အစိုးရဆိုင် ကကောင်တွေ ဆီ
ခိုးတာသေချာနေတာပေါ့။ မိတ်ဆွေသူငယ်ချင်းတွေအချင်းချင်းတွေ့တော့ ဒီ အကြောင်း ပြောမိတော အရင် က အစိုးရ ဆိုင် ကကောင်တွေ၊ တရားဝင် ပန့်နဲ့ ရောင်း တဲ့ကောင်တွေ ဆီခိုးတယ် ဆိုတာသေချာနေတာပါပဲ။ရှက်တတ်ရင် မျက်နှာ ဒါး ပါးပါး လေးနဲ့ လှီးပစ်ဆို့ကောင်းပါတယ်။