Wednesday, May 8, 2024

စင်ကာပူတစေ့တဇောင်း


မြန်မာတွေစင်ကာပူမှာအလုပ်လာလုပ်ကြတယ်၊လာရောက်လည်ပတ်ကြတယ်၊လူနေမှုစနစ်ကိုသဘောကျကြတယ်၊ကျွန်းနိုင်ငံလေးဆိုတော့ အစိုးရကထိန်းသိမ်းကြပ်မတ်ရတာလွယ်ကူတယ်၊စင်ကာပူနိုင်ငံသားတစ်ဦးမကျန်bio data နဲ့မှတ်ပုံတင်ထားနိုင်သည်သာမကတခြားနိုင်ငံမှခေတ္တလာရောက်နေထိုင်သူတွေပါစနစ်တကျမှတ်ပုံတင်ထားနိုင်တယ်။ သူတို့​၏ရုံး ICA ဆိုတာ နိုင်ငံခြားသားများမဖြစ်မနေသွားရောက်ရသည့်ရုံးဖြစ်ပါတယ်၊


စင်ကာပူ ဟာtown planning အလွန်ကောင်းပါတယ်၊ Bukit Timar, Bukit Batok ရပ်ကွက်ဆိုရင်တောင်ကတုံးလေးတွေမှာ မြို့ပြတည်ထောင်ထားတာဖြစ်လို့ ကြည့်လို့ကောင်းပါတယ်၊ မလေးစကားအရ Bukit ဆိုတာတောင်လို့ အမည်ရပါတယ်၊မြေးငယ် က Bukit  View Primary School မှာဝင်ခွင့်ရပါတယ်၊ P4 အတန်းတက်နေပါပြီ၊ မနက်ဆိုရင် ၆နာရီခွဲအိမ်ကထွက်ရပါတယ်၊ သူ့ အစ်မကကျောင်းပို့ကျောင်းကြိုလုပ်ပါတယ်၊နေ့လည် တစ်နာရီခွဲကျောင်းဆင်းပါတယ်။မောင်တိုင်ပင်သမီး မိသားစု ကစင်ကာပူရောက်ကတည်းက Clementi မှာနေတော့ အဲဒီပတ်ဝန်းကျင်ကို ကြိုက်ပြီး ဘယ်မှမပြောင်းတော့ပါ။Clementi Bus Interchange ကနေစင်ကာပူရပ်ကွက်ပေါင်းစုံ ကို ဘတ်စ် ကားတွေနံပါတ်စဉ် အလိုက်ထွက်ပါတယ်၊ မြေးငယ်ကျောင်း Bukit View ကို Clementi Interchange ကနေ ဘတ်စ်နံပါတ် 173 ရောက်ပါတယ်၊ ၁နာရီကျော်လောက်အောက်ထစ်စီးရပါတယ်။ဒီဘတ်စ် လမ်းကြောင်းက လမ်းမကြီးတွေသာမကရပ်ကွက်တွေထဲလည်း ဟိုဝင်ဒီထွက်လမ်းကျဉ်းလေးတွေလည်းပါဝင်ပါတယ်၊ မြင်သာအောင်ပြောရရင်ရန်ကုန်အင်းယားမြိုင်၊ဝင်ဒါမီယာ၊ဘောက်ထော် ရပ်ကွက်တွေထဲ ဘတ်စ်ကားကြီးဝင်မောင်းနေသလိုပါပဲ၊ ရပ်ကွက်ထဲမှာ ဘတ်စ်မှတ်တိုင်ကိုစနစ်တကျဆောက်ထားတော့ ဘတ်စ်ကားကောစီးသူကောအဆင်ပြေကြပါတယ်၊


ရပ်ကွက်တွေထဲက အိမ်ယာတွေဟာသူတို့အခေါ် landed property တွေဖြစ်ကြပြီး အိမ်တွေကတော့လုံးချင်း၊detached house, shop house & condoတွေဖြစ်ကြပါတယ်၊ ဈေးကတော့ စင်ကာပူဒေါ်လာ တစ်သန်းကျော် အထက်မှာရှိပါတယ်၊ရပ်ကွက်ထဲမှာ ဘဲတချို့နေရာတွေမှာ တောအုပ် တွေရှိပါတယ်၊ မည်ကာမတ်တပ်တောအုပ်တွေမဟုတ်ပါဘူး၊ အထဲဝင်သွားရင်ခြုံနွယ် ပိတ်ပေါင်းသစ်ပင်တွေ နွယ်ပင်တွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ တကယ့်တောအုပ်တွေဖြစ်ကြပါတယ်၊ ကျုပ်တိုဆီမှာဆိုပိုင် တဲ့သူတွေက ခြုံနွယ်ပိတ်ပေါင်းတွေရှင်းလင်းပြီးမြေကွက်တွေဖေါ် အိမ်ဆောက်ကြမှာ အသေအချာပါပဲ၊ ဗိုလ်တထောင်ဘက်ကမိုးရေတွေကိုမြစ်ထဲထုတ်တဲ့ မြောင်းကြီးတွေတောင်မြေဖို့ပစ်ပြီးတိုက်ခန်းတွေဆောက်ကြတာ၊ လက်ရဲဇက်ရဲ ရှိကြတာသိတယ်မဟုတ်လား? အဲတော့ ဘာဖြစ်လဲ? မိုးရာသီရောက်တော့ ရေတွေကြီးကုန်တယ် မဟုတ်လား--စင်ကာပူက အီကွေတာ နဲ့ နီးပေမဲ့ မိုး မှန်မှန် ရွာတတ်တာ တောအုပ်တွေထဲကသစ်ပင်တွေ လမ်းဘေးတစ်ဖက်တစ်ချက်ကသစ် ပင်တွေကိုစနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားနိုင်လို့ပါပဲ။ သစ်ပင်တွေကို pruning လုပ်တာ ကျွမ်း ကျင်သူတွေကလုပ် ကြပါတယ်။လှပပြီးဖြာထွက်နေတာ ကြည့်  လို့ကောင်းပါတယ်၊


မနေ့ကမြေးငယ်ကိုကြိုပြီး ဘတ်စ် 173 နဲ့အပြန်ခရီးမှာ မိုးတွေခပ်သည်းသည်းရွာတော့ရန်ကုန်ကပြည်သူတွေကိုသတိရမိတယ်။ ရန်ကုန်မှာမိုးမရွာသေးဘူးတဲ့--အိမ်က

လူတွေမေးကြည့်တော့ ပူလိုက်တာဆို လွန်လွန်ကဲကဲ ကိုပူနေတာ တဲ့-- ကိုယ်က confort zone မှာနေပြီးတော့ ရန်ကုန်ကပြည်သူတွေကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါ

စေလို့ ဆုမတောင်းချင်ပါဘူးဗျာ။နောက်ဆုံးလျှပ်စစ်မီး ၄ နာရီလာချိန်မှာခဏခဏ

ပျက်တာလည်းမကြာခဏပါပဲ တဲ့။ ပူတော့ အိုက်တော့ ပြည်သူတွေက သစ်ပင်တွေ

စိုက်ဖို့ စိုင်းပျင်းကြတယ်။လှုံ့ဆော်ကြတယ်၊ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ။ သစ်ပင်တွေ စိုက်တဲ့ ဇူလိုင်လ ရောက် ဖို့ က လိုသေးတယ်။အစိုးရအဆက်ဆက်အပါအဝင်ပြည်သူတွေကသစ်ပင်တွေကိုဘယ်လိုထိန်းသိမ်းကြမလဲဆိုတာမိမိတာဝန်တစ်ခုလို့သဘောထားမှဖြစ်မယ်။ လမ်းချဲ့ချင်တာ လမ်းအသစ်ဖေါက်ချင်တာနဲ့ သစ်ပင်တွေလှဲပစ်မယ်။ ခုတ်ပစ်မယ်ဆိုတဲ့ ခံယူချက်အစား ဘယ်လိုရှောင်ဖေါက်မလဲဆိုတာကိုဦးစားပေးကြရပါမယ်။ယုတ်စွအဆုံး စည်ပင်သာယာအဖွဲ့အစည်းတွေလက်ထဲမှာ သစ်ပင်အကြီးတွေကို နှုတ်နိုင်တဲ့ စက်ကိရိယာတွေ စက်ယန္တရားတွေ၊ တွင်းတူး ပြန်စိုက်နိုင် တဲ့ စက်ယန္တရားတွေပိုင်ဆိုင်သင့်နေပြီ၊မြန်မာပြည်ကဘယ်အုပ်ချုပ်သူမဆို ဘယ်လူ့ အဖွဲ့အစည်းမဆို ကြီးပျင်းအရွယ်ရောက်နေတဲ့ သစ်ပင်တွေကို မခုတ်ပစ်ကြဖို့ ပြောကြပါတယ်။ လှုံ့ဆော်ကြပါတယ်။ စင်ကာပူထဲကသစ်ပင်တွေအားလုံး registered လုပ်ထားတယ်လို့ ကြားဘူးပါတယ်။BAg ဘွဲ့ရထားတဲ့ မြန်မာတစ်ယောက်တောင်စင်ကာပူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန မှာ တာဝန်ထမ်းဆောင်နေတယ်လို့ ကြားဘူးပါတယ်။


စင်ကာပူမှာသတိထားမိတာက လူနေမှုစရိတ်မြင့်မားလာတာပါပဲ။ မြန်မာတွေအလွယ်

တကူပုံစားလို့ခေါ်တဲ့ ထမင်းဆိုင်မှာ အသား၂မျိုး vegi ၂မျိုးနဲ့ဆိုရင် ၄-၄.၅၀ ဒေါ်လာ

လောက်ဖြစ်နေပါပြီ။ လွန်ခဲ့သော ၁၅နှစ် သမီးတို့ စင်ကာပူရောက်ခါစလောက်က ၂-၂.၅၀ လောက်ပဲရှိပါတယ်။ ခရီးစရိတ်လည်း ထောင်းပါတယ်။ မြေးငယ်သွားကြိုတာ MRTဘတ်စ် အခက ၄.၅၀ဒေါ်လာလောက်ရှိပါတယ်။ တက်စီခကတော့ လေဆိပ်

သမီးလာကြိုတာ ၃၄-၃၅ လားမသိရှင်းလိုက်ရတယ်။အရင်ကမောင်တိုင်ပင် မှတ်မိတာက ၂၅ဒေါ်လာလောက်ပဲ။ တိုက်ခန်းတွေမှာ single နေမယ်ဆိုရင် ၇၀၀ကျော်ပဲ၊နေစရိတ်၊စားစရိတ်တွေလည်းအများကြီးတက်လာပါတယ်။ဆေးလိပ်သောက် ဘီယာသောက်ဆိုရင် တော့ အိမ်ပြန်ပို့ ဖို့တောင်မနည်းစုဆောင်းပို့ရမှာနော့၊အဝတ်အစားတွေ

အသုံးအဆောင်တွေ၊ အီလက်ထရောနစ်ဆိုင်တွေ ဝင်မကြည့်ဖြစ်တော့ဘူး၊ အသက်လည်းကြီးလာတာကတကြောင်း၊ဈေးတွေကတော့ လူလတ်တန်းစားတွေဝယ် နိုင်ဝတ်နိုင်အသုံးပြုနိုင်တဲ့အနေအထားမှာတော့ ရှိနေပါသေးတယ်။မြန်မာတွေအတွက်shopping ကတော့ ဘန်ကောက် ကအကောင်းဆုံးပါ။ စင်ကာပူကတော့ high end တွေအတွက်သီးသန့်ပဲ၊


နောက်တစ်ခုပြောချင်တာက tittok CEO နဲ့ အမေရိကန် ကွန်ဂရက်နဲ့ hearing တွေပါ၊

ဟာသအနေနဲ့ စင်ကာပူနိုင်ငံသားတွေက tittok မှာတင်ထားကြပါတယ်။US congressman တွေကလည်း သူတို့လိုချင်တဲ့အတိုင်းထွက်ဆိုဘို့ဇောင်းပေးမေးပေမဲ့

စင်ကာပူနိုင်ငံသား CEO ကလူလည်ပါ။အမေရိကန်တွေရဲ့ ဂွင်ထဲ မဝင်သွားပါဘူး။တကယ်တော့ စင်ကာပူလည်းတရုတ်နွယ်ဝင်တွေပါပဲ။ သူတို့ ဘေးဘိုးဘီဘင်တွေကြည့်ရင်ဟိုးကန့်တို့ဘာတို့ကလာတဲ့ တရုတ်နိုင်ငံသားတွေများပါတယ်။ အရင်က စင်ကာပူအစိုးရက မလေးတွေများလာမှာစိုးတဲ့အတွက် ပြည်ကြီးတရုတ်တွေ ဝင်လာ

နေနိုင်အောင်မျက်နှာသာပေးပါတယ်။ လက်ရှိတရုတ်နိုင်ငံသားတွေကို စင်ကာပူတရုတ်တွေကသိပ်မနှစ်သက်ကြဘူး၊ မလေးတရုတ်တွေဦးစားပေးလာတယ်။ မြန်မာ

ပြည်ကတရုတ်တွေလည်း စင်ကာပူ  PR ဖြစ်လာဖို့ အခွင့် အရေးရှိပါတယ်။ မြန်မာစစ်

စစ်ကတော့ ရဖို့ ခဲယဉ်းလိမ့်မယ်ထင်တယ်။မန်ဒရင်းကတော့ widely spoken ပါ။ဒါ

ကြောင့်လည်းအမေရိကန်တွေအထင်လွဲတာပါ။ စင်ကာပူအတိုက်အခံတွေရဲ့ အာဘော်တွေ tiktok မှာနားထောင်လိုက်ရတယ်။ဈေးကြီးတဲ့ landed property တွေ ကို နိုင်ငံခြားသားတွေ၀ယ်ခွင့်ပေးတာတွေမနှစ်သက် ကြဘူး၊ အဲဒီပေါ်လစီကိုလည်း

​ဝေဖန် ကြတယ်၊စင်ကာပူနိုင်ငံသားအများစုကတော့ ခိုအိမ်လေးတွေနဲ့ တူတဲ့ HDB မှာ

ပဲနေကြရတယ်၊ ToTo, 4D, sweep တွေထိုးပြီး prosperty များရလားမလားဆိုတဲ့

မျှော်လင့်ချက်လေးတွေပေးထားပြီး နှစ်သိမ့်ပေးထားပါတယ်၊ တစ်နှစ်တစ်ခါလောက်

စင်ကာပူနိုင်ငံသားတွေကို ဒေါ်လာ ၂၀၀ -- ၃၀၀ လောက်ဘောနပ်စ်ပေးပြီး နှစ်သိမ့်ထားတတ်ပါတယ်။ အစိုးရ ဝန်ကြီးတွေလစာ အများကြီးယူထားတာကိုလည်း

အတိုက်အခံတွေကထောက်ပြကြပါတယ်၊လူနေမှုစနစ်ကတော့အများပြည်သူတွေထောက် မပြနိုင်တော့ လုပ်ပေးထားပေမဲ့ လူဆိုတာ့ ဘယ်နေရာမှာပဲနေနေ လူတွေဖြစ်ကြပါတယ်။


မှတ်ချက်//  ယခင်က လျှပ်တပျက်စင်ကာပူဆိုပြီးမြင်တာလေးတွေရေးဘူးပါတယ်။ ၁၀နှစ်လောက်ကဆိုတော့ ယခုအမြင်သစ်နဲ့ရေးလိုက်တာပါ။