Saturday, March 11, 2017

အာဖလာတော့ဆင်မှိုဆိပ်

အာဖလာတော့ဆင် (Aflatoxins ) မှိုဆိပ် စားစရာတွေထဲမှာ ပါဝင်နေတာဟာ လူတွေရဲ့ကျန်းမာရေး ကိုထိခိုက်စေပါတယ်။ မောင်တိုင်ပင်ပီတီအေစီ မှာ တာဝန်ထမ်းဆောင်ခဲ့ စဉ်ကငရုတ်သီးထဲအာဖလာတော့ဆင်မှို ဆိပ်ပါဝင်နေတာကိုလေ့လာခိုင်းဘူးပါတယ်။
ငရုတ်သီးတောင့်ခူးဆွတ်ပြီး နေလှန်းခြောက်သွေ့နေစဉ်ကာလမှာ ကောင်းစွာမခြောက်သွေ့လျှင်ဖြစ်စေ၊ မိုးမိခဲ့ရင်ဖြစ်စေ၊ ငရုတ်သီးခြောက်ထားသိုရာမှာတနည်းနည်းဖြင့် ပြန်စိုမိလျှင်ဖြစ်စေ၊ မှိုတက်လာနိုင်ပြီး အာဖလာတော့ဆင်ထုတ်လုပ်ပေးသည့်အက်စ်ပါဂီလပ်စ်ပါရာစိုက်တစ်ကပ်စ် ( Aspagillus Parasitiscus) စတဲ့ အာဖလာတော့ဆင်ဖြစ်စေနိုင်တဲ့ မှုများစွဲကပ်လာနိုင်ပါတယ်။ ဒါဟာတောင်သူလက်ထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရိတ်သိမ်းပြီးနောက်ပိုင်းပြဿနာ post harvest issues တွေပါ။
တောင်ကိုးရီယားအကူအညီနဲ့ ပုသိမ်ကြီးမှာ Post Harvest Technology Center တည်ထောင်ထားတဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန အနေနဲ့ ငရုတ်သီးစိုက် တောင်သူ များပညာပေးရေး လုပ်ငန်းတွေကိုတစ်ဖက်တစ်လမ်းကဆောင်ရွက်ပေးသင့်ပါတယ်။ လွန်ခဲ့သောနှစ်တွေက တောင်ကိုရီးယားကိုမြန်မာကနေပို့ လိုက်တဲ့ ငရုတ်သီးခြောက် မှာ အာဖလာတော့ဆင်ပါတာကြောင့် ပစ္စည်းတွေ ပြန်ပို့ ခံရဘူးပါတယ်။တောင်ကိုရီးယားဟာငရုတ်သီးအမြောက်အများစိုက်သလို ငရုတ်သီးလည်းစားပါတယ်။ သူတို့ မှာ ငရုတ်သီး drying process quality control procedures တွေရှိ နိုင်ပါတယ်။
လုပ်ငန်းရှင်တွေချည်းပဲ ပြောနေလို့ မရပါ။ တောင်သူပညာပေးအများကြီလိုပါတယ်။ အာဖလာတော့ဆင် ဟာ carcinogenic ဖြစ်ပါတယ်။အရက် မသောက်ပဲ အသဲကင်ဆာဖြစ်တာ လည်း carcinogenic ဖြစ်တဲအစားအစာတွေစားလို့ဖြစ်ပါတယ်။ ကျန်းမာရေး FDA ကဆရာတွေ ဒါမျိုးတွေဖြစ်လာနိုင်တာကြောင့် သဲသဲမဲမဲ တားမြစ်နေရတာ ကို နားလည်ပေးဖို့ လိုပါတယ်။ စီးပွားကူးသန်းစားသုံးသူ ရေးရာကလည်းဒီကိစ္စကိုတစ်ခုခုတော့လုပ်သင့်နေပါပြီ။ ဘာလုပ်သင့်လဲဆိုတာ ဌာနရဲ့ vision mission တွေကိုကျေညက်စွာမသိတဲ့ အတွက် ဘာပြောရမှန်းမသိပါ။ကျနော်ကတော့ အကျက်မှုန့်၊ လေးစိပ်ကွဲ၊ အစိမ်းမှုန့် တွေမစားတာကြာပါပြီ။ စင်ကာပူမှာ အိန္ဒိယ ကတင်သွင်းလာတဲ့ ငရုတ်သီးအရှည်တောင့်ကို လေ့လာကြည့်ရာ ကောင်းစွာ ခြောက်သွေ့ ပြီးအတွင်း၌ မှိုလက္ခဏာအရိပ်အရောင်များမတွေ့ ရပါ။
သိသမျှရေးပြတာပါ။ လုပ်တာကတော့ တာဝန်ရှိသူတွေလုပ်ကြပါလိမ့်မယ်

ခလေးစိတ်ကိုနားလယ်အောင်ကျိုးစားခြင်း

ုဒ္ဓဟူးနေ့က မြေးကြီး French class အချိန်ပို 4 to 5 pm ရှိတာကြောင့် သူ့ကျောင်းမှာ အဆာပြေ high tea ကျွေးဖို့ မောင်တိုင်ပင် ကျောင်းဆင်းချိန် ၃နာရီခွဲ မတိုင်ခင်အရောက်သွားရတယ်--သူ့အတန်းကိုရှာတော့ တွေ့ပါပြီ-- ကျောင်းသားတွေအကုန်လုံးမျောက်ရှုံး အောင်ဆော့ နေလိုက်ကြတာ--အရည်နဲ့ မုန့်စားဖို့ တစ်ဟဲ့တည်း ဟဲ့နေလိုက်ရတာ -- ဒီကောင်က အစားကလည်းနှေး ကစားချင်လိုက်တာကလည်း ပြာလို့ --သူ့ဆရာမ က class ၄နာရီစမယ် မစခင် wash your hands wash your face လို့ပြော လိုက်မှသူ့အတန်းထဲက ထွက်ပြီး canteen မှာ သွားထိုင်နေရတယ်--သူ့အတန်းဖေါ် မြန်မာကလေးရဲ့အဖွားလည်း maid နဲ့အတူလာစောင့်နေတယ်--


သူ့ဆရာမကပြောတယ် -- ခလေးတွေကိုစာတွေနဲ့ပိနေအောင်သူတို့ ကျောင်းကမလုပ်ဘူး-- ကျောင်းမှာစာသင်ရတာကိုပျော်အောင် လုပ်ထားတယ် တဲ့ ဟုတ်တယ် K2 တုံးကနဲ့တော့ကွာ တယ်-- ဒီကောင်ကျောင်းသွားရမှာကိုပျော်နေတယ် K2 တုံးကလို ဂျီ မကျတော့ဘူး--ခလေးတွေPsychology ကိုကျေညက်တာပေါ့နော်----

လမ်းလျှောက်ခြင်းအရသာ


တရုတ်နှစ်သစ်ကူးနေ့ နံနက်၈:၃၀ လောက်ပဲရှိသေးတယ် အရင်က လမ်းပေါ်မှာလူတွေ ပျားပမ်းခတ်မျှလှုပ်ရှားနေတဲ့ အချိန်-- လူတစ်ယောက်စ နှစ်ယောက်စလောက်ပဲတွေ့ တယ်-- လမ်းတစ်ခုလုံးလည်းရှင်းနေတာပဲ--Clementi MRT station ရောက်တော့ ခရီးသွားလာတဲ့လူတွေအတော်နည်းသွားတယ်--
ဒီနေ့ စနေနေ့ မောင်တိုင်ပင်အရင်က Lake side မှာလျှောက်နေကြ-- Jurong Lake ကိုအကြီးစားပြင်ဆင်နေတာနဲ့ မရောက်တော့တာ--လူတွေက ပင်လယ်ကမ်းစပ်တို့ ကန်ဘေးတို့ မြစ်ဘေး ချောင်းဘေးတွေမှာလမ်းလျှောက်ရတာတော်တော် နှစ်သက်ကြတယ်--မောင်တိုင်ပင်လည်းလေကောင်းလေသန့်ရှုရတော့ တော်တော် ကြိုက်တယ် -- တစ်နာရီလောက်ကန်ဘေးက လေ ကိုရှု ရင်းလမ်းလျှောက်လိုက်ရရင် လူလည်းလန်းသွားတယ်--
MRT နဲ့ Lake side မှာဆင်းတယ်--Jurong Lake ကပြင်နေဆဲပဲ--လျှောက်လမ်းတစ်လျှောက် လမ်းလျှောက်လာရင်း တရုတ်မိသားစု ယောက် အပန်းဖြေ ခုံပေါ်မှာထိုင်နေတာတွေ့လိုက်ရတယ်--အနားကပ်လာတော့ Myanmar Idol tv clip ဖွင့်နေတာကြားလိုက်တော့ မှ"အော်မြန်မာတွေပါလား" လို့ သိလိုက်ရတော့တယ် --စလုံးမှာ မြန်မာကဘယ်နေရာရောက်ရောက်မလွတ်ဘူး--
ကန်ဘေးတစ်လျှောက် လမ်းလျှောက်ရတတော်တော်ကောင်းတယ် Chinese Garden MRT ကိုဦးတည်နေတာပဲ-- Chinese Garden ထဲရောက်တော့ မှာဗမာသံတွေနဲ့ ဆူညံနေတာပဲ--ဥယျာဉ်ထဲဓါတ်ပုံလာရိုက်နေကြတာ--မောင်တိုင် ပင်က ထိုင်စရာခုံလေးလိုက်ရှာနေတာ--ဝစီပိတ် ဆရာတော် စွန့်ကြဲလက်ဆောင်ပေးလိုက်တဲ့ ပဋ္ဌါန်းစာအုပ် ကျောပိုးအိတ်ထဲထည့် ယူလာတယ်-- အောင်စိုးသာ လှုထားတာ-- ဒီစာအုပ်ကို သွားလေရာယူသွားတာ ကျောပိုးအိတ်ထဲအမြဲထည့် ထားတယ်--I phone 7 ထဲလည်းပါချုပ်ဆရာတော် ဟောတဲ့ ပဌါန်းပစ္စည်းအကြောင်းအခွေအမြဲရှိတယ် -- နားကြပ်ပါရင် နားထောင်တယ်--ဝစီပိတ် ဆရာတော်ဘုရားချီုးမြှင့်တဲ့ လက်ဖွဲ့ လေးလည်းအသိမ်းလွန်သွားတော့ -- မသန့် တဲ့ နေရာဝင်မိရင် ချွတ်သိမ်းထားတတ်တာလေ--တလောက ဇော်ဝင်းဦး နဲ့ ကျိုင်းတုံသွားဖြစ်ရင်ဆရာတော်ဆီကပြန်စွန့်ပါအုံး လျှောက်ပြီးပြန်တောင်းမယ် စိတ်ကူးထားတာ အစီအစဉ်ကပျက်သွားရော--ဆရာတော်ကျောင်းလည်းရောက်ချင်သေးတယ် -- ကဗျာအသစ်တွေဖတ် ချင်လို့--အရမ်းစိတ်ချမ်းသာဖို့ ကောင်းပါတယ်--
ကဲဒီနေ့ ကပဋ္ဌါန်းအဓိဌါန်နောက်ဆုံးနေ့Chinese Garden ထဲက ဘုံကျောင်းမှာ သေချာထိုင်ရွတ်ပါမယ်-- သတ္တဝါ အပေါင်းကျန်းမာကြပါစေ-- ချမ်းသားကြပါစေ--



သတိထားစရာ over confidence

လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်မိမိကိုယ်ကိုယုံကြည်ချက်ရှိမှ အောင်မြင်နိုင်မယ်--လို့ပြောစမှတ်ရှိကြပါတယ်--မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲနေရင်ဘာဖြစ်နိုင်မလဲ??
လုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာတစ်စုံတစ်ခုသောပြဿနာကြုံတွေ့ ရပြီဆိုရင် မိမိကိုယ်ကိုယုံကြည်ချက်ရှိသူက ပြဿနာနှင်ပတ်သက်၍ဖြစ်နိုင်ချေအားလုံးကိုစဉ်းစားပြီးမှ ဖြေရှင်းတတ်ပါတယ်--
မိမိကိုယ်ကိုယုံချက်လွန်ကဲနေသူကတော့လုပ်ငန်းတစ်ခုလုပ်ရာမှာ ပြဿနာတစ်ခုကြုံတွေ့ရပြီဆိုရင်သေချာနားလည်အောင်မစဉ်းစားပဲ ပြဿနာကိုဖြေရှင်းတတ်ပါတယ်--အိန္ဒိယမှာ confidence နဲ့ overconfidence ကိုသုံးသပ်ကြပုံကတော့ ---
ဒီနှစ်ခုကွာခြားချက်ကတော့ only ပါတာနဲ့ မပါတာပါပဲ-- မိမိကိုယ်ကိုယုံကြည်ချက်ရှိသူကတော့ ကျနော်လုပ်နိုင်ပါတယ်-- I can do it
မိမိကိုယ်ကိုယုံကြည်ချက်လွန်ကဲနေသူကတော့ ကျနော်တစ်ယောက်ထဲပဲလုပ်နိုင်တယ်-- Only I can do it

ကဲစာရှုသူ-- ခင်ဗျားကောဘယ်လိုလဲ??

စွန့်ဦးတီထွင် entrepreneurs

Facebook ဆိုတာကိုယ့် ဝေါ ပေါ်မှာကြိုက်တာလည်းရေး --သူများတွေတင်ထားတာတွေကိုလည်းဖတ်--နားထောင် အဲဒီလို interactionလုပ်လို့ရလို့ လူကြိုက်များကြတာနဲ့တူတယ်နော်--
ကိုအောင်ဝင်းရဲ 7 days TV ကတင်တဲ့ turning point ကိုနားထောင်ရင်းခေါင်းထဲမှာအတွေးတစ်ခုပေါ်လာတယ်--ဘဝတစ်လျှောက်မှာကြုံခဲ့ရတဲ့ ဆုံးရှုံးမှုတွေဟာအမှန်တကယ်တော့ဆုံးရှုံးမှုတွေမဟုတ်ဘူး--သင်္ခမ်းစာlessons တွေဖြစ်တယ်--အလုပ်တစ်ခုလုပ်ရင် creditability ကိုယ့်အပေါ်ယုံကြည်မှုဟာအရေးကြီးတယ်--ကိုယ့်အပေါ်ယုံကြည်မှုရှိရင်ကိုယ့်မှာ ငွေရင်းက၁၀၀၀ပဲရှိအုံး ကိုယ့်ကိုယုံကြည်သူတွေဆီက သိန်း၁၀၀ လည်းရနိုင်တယ် သိန်း ၁၀၀၀၀ လည်းရနိုင်တယ်ဆိုတဲ့ သဘောပါပဲ-- ဒါဟာ entrepreneurship စိတ်ဓါတ်ပဲ--အလုပ်ကိုသူများယုံကြည်အောင်လုပ်ကိုင်မယ်--တစ်နပ်စားမလုပ်ဘူးဆိုတဲ့ စိတ်ဓါတ်ပါပဲ-- ဦးနုလက်ထက်က Export Services Ltd က အန်ကယ်ဦးထွန်းမြင့်ကလည်းဒီသဘောဆန်ဆန်ပြောဘူးတယ်--ဦးနေဝင်းနိုပ်စက်လို့entrepreneur တွေနိုင်ငံခြားတွေထွက်သွားကြတော့ ဦးထွန်းမြင့်လည်းစင်ကာပူရောက်သွားတယ် -- ကမ္ဘာအနှံ business လုပ်ပြီး မြန်မာပြည်သံယောစဉ်နဲ့ ခဏလာလည်တော့ သူပြောတာလေးတစ်ခု ခေါင်းထဲကဘယ်တော့ မှမထွက်ဘူး--" အန်ကယ်တို့ ကဘဏ်ထဲမှာရှိတဲ့ ပိုက်ဆံ အန်ကယ် တို့ ပိုက်ဆံလို့ မှတ်ယူထားတာ-- ဘာလုပ်ချင်တယ်သာပြောလိုက်ဘဏ်က အန်ကယ်တို့ကိုယုံပြီးသား-- ငွေဘယ်လောက်လိုလို ထုတ်ပေးမှာပဲ " အန်ကယ်ဦးထွန်းမြင့် ကလည်းလုပ်ငန်းရှင်တွေအတွက် creditability အကြောင်းပြောသွားတာပဲ--လူငယ်တွေကိုပြောချင်တာက တစ်နပ်စားဉာဏ်နဲ့ မလုပ်ကြပါနဲ့ --လုပ်ငန်းလုပ်တဲ့ အခါယုံကြည်မှု ရှိအောင်လုပ်ကြပါလို့ ပြောချင်တာပါ--
မောင်တိုင်ပင်တို့ကသူ့ ကျွန်ခံရမဲ့ ဇာတာပါတော့ ကိုအောင်ဝင်းတို့ လိုစိတ်ဓါတ်မျိုးမရှိခဲ့ ကြဘူး--ကိုယ့်မှာမိဘကလည်းအစိုးရဝန်ထမ်း--ကုန်သည်မျိုးရိုးလည်းမဟုတ်-စီးပွားရေးလုပ်ဖို့ -ငွေရင်းကလည်း ကိုယ့်မှာ မရှိ--ဒါနဲ့ပဲအစိုးရအလုပ်ထဲဝင်--ပင်စင်ယူ-- ကိုယ့်ဘဝကိုပြန်သုံးသပ်တော့ ငယ်စဉ်က entrepreneurship စိတ်ဓါတ်မှကိုယ့်မှာမရှိခဲ့တာပဲ-- ကြွေးတင်မှာလည်းအရမ်းကြောက်--အမှန်တော့ ငွေရင်းမရှိလည်း မှန်မှန်ကန်ကန်သာလုပ်-- ကိုယ့်ကိုအကြွေးပေးမဲ့ သူတွေကပေါ်လာမှာပါပဲ--ဒီနေ့ စီးပွားရေး ကဏ္ဍမှာအတော်အသင့်အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေနောက်ကြောင်းကိုပြန်ကြည့်ရင် entrepreneurship စိတ်ဓါတ်နဲ့တည်ဆောက်လာတာဖြစ်ပါတယ်-- ဦးထွန်းမြင့်ပြောသလို ဘဏ်မှာရှိတဲ့ ပိုက်ဆံ ကိုယ့် ပိုက်ဆံဖြစ်အောင် business plan အပေါ်အခြေခံငွေချေးတဲ့ စနစ်တွေလည်းပြောင်းလဲဖို့ကောင်းနေပါပြီ--တကယ်တော့ လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတွေဟာတနည်းတစ်ဖုံနဲ့ သူဋ္ဌေးဖြစ် လာကြတာပါ


င်္Facebook သုံးရတဲ့အရသာ

ဖေ့စ်ဘွတ်စသုံးတာ နှစ်ပြည့်တဲ့နေ့က ဖေစ်စ်ဘွတ်နဲ့မောင်တိုင်ပင်အကြောင်း၊ ဖေစ်ဘွတ်အသုံးပြုခြင်းအပေါ်ဘယ်လိုသဘောထားတယ်ဆိုတဲ့အကြောင်းရေးလိုက်တော့ friend တစ်ယောက်ကသူ့အဖေ ကိုလည်းဖေစ်ဘွတ်သုံးစေချင်တဲ့ အကြောင်းကွန်မင့်မှာရေးလာပါတယ်။အင်း--ဒါကလည်းတော်တော်ပြောရခက်တယ်--ဖေစ်ဘွတ်ကိုမှန်မှန်ကန်ကန်စိတ်ပါဝင်စားစွာသုံးချင်တယ်ဆိုရင် ဇူကာဘတ် ကအခွင့်အရေးတွေအပြည့်အဝပေးထားပါတယ်။ မိမိ ဝေါ ပေါ်မှာစော်ကားမော်ကားလာရေးရင်လည်း အဲဒီကွန်မင့် ကိုမိမိဖါသာဖျက်ပစ်နိုင်ပါတယ်--ရေးတဲ့သူကိုမကြိုက်ရင်တောင် ရာသက်ပန် မတွေ့ ရအောင်ဘလော့ပစ်လိုက်နိုင်တယ်။တကယ်တော့ Facebook ဟာစိတ်တူသဘောတူ မိတ်ဆွေအုပ်စုလေးတစ်ခုဖန်တီးထားနိုင်ပါတယ်။မိတ်ဆွေတွေအချင်းချင်း နောက်ပြောင်နိုင်တယ်--မိမိတို့ရေးတာသားတာကိုတစိမ်းတွေမမြင်စေချင်ရင် messenger မှာ group တစ်ခုထောင်ထားပြီး အကြောင်းအရာစုံစုံကိုဆွေးနွေးနိုင်ပါတယ်၊အသိပေးနိုင်တယ်၊အမြင်ချင်းဖလှယ်နိုင်တယ်။ စာရေးကောင်းသူတွေ အကြောင်းအရာမျိုးစုံကိုမိမိအမြင်ကို မကြာခဏတင်ပြသူတွေကို friends ဖြစ်ချင်သူတွေများတယ်။ တစ်ချို့ ဆိုရင် see first ဆိုပြီးသူရေးလိုက်တာနဲ့ အရင်ဖတ်ရအောင် လုပ်ထားကြတယ်။ အကောင့် တွေထဲက Soe Min တို့ Ye Myat Thu တို့ ဆိုရင်အရေးအသားကောင်းကြတော့ friends ဖြစ်ချင်ကြသူများတဲ့ အတွက်friends list ၅၀၀၀ တောင်ကျော်ရင် friends အဖြစ် အက် add မရတော့ ပဲ follower အနေနဲ့ သာလုပ်နိုင်ပါတော့တယ်။
သူအဖေကို ဖေစ်ဘွတ်သုံးစေချင်သူရဲ့ အဖေနဲ့မောင်တိုင်ပင်နဲ့က ခင်မင်ရင်းနှီးပါတယ်။အသက်အနည်းငယ်တော့ ကြီးပါတယ်။သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ဖေစ်ဘုတ်သုံးကြရင်သူကိုလိုက်သုံးဖို့ ဆွဲဆောင်ရတာမခက်ပါဘူး။ငွေရှာချင်ရင် facebook ကိုအသုံးပြုပြီးငွေရှာလို့လည်းရပါတယ်။ ကြော်ငြာတွေလည်းလုပ်လို့ ရပါတယ်။ဗီဒီယိုကလစ်တွေပြတဲ့ eleven တို့ Kamayut တို့ 7 days တို့လိုလည်းသတင်းမီဒီယာ့ဖြစ်စေ ကြော်ငြာဖြစ်စေ လုပ်၍ရနိုင်ပါတယ်။ ဖေစ်ဘွတ်သုံးမယ်လိုဆုံးဖြတ်လိုက်ရင်ဖုံးကိုမသုံးပဲ i pad ဖြစ်စေ tablet ဖြစ်စေ အသုံးပြုသင့်ပါတယ်။ ကိုယ်ကရေးတာဝါသနာမပါရင်လည်းသူများရေးတာတွေကို ဖတ်နိုင်ဖို့ အတွက် လုပ်ထားဖို့ လိုပါတယ်။ အချိန်ဖြုန်းဖို့ အတွက် အကျိုးရှိတဲ့ အလုပ်ကို ဖေစ်ဘွတ် ပေါ်မှာလုပ်နိုင်ပါတယ်။ စလုပ်ဖို့ပဲ လိုပါတယ်။ အချိန်တစ်ခုတော့ ပေးထားနိုင်ရင်ကောင်းပါတယ်။ ဥပမာ မနက်ပိုင်း ၁နာရီလောက်ငါသုံးမယ်ဆိုပြီး အချိန်ကို allocate လုပ်ထားနိုင်ပါတယ်။
Facebook ကိုကောင်းသောအသုံးပြုခြင်းဖြစ်ပါစေ--