Saturday, March 11, 2017

ခေါင်းထဲရောက်လာသောအတွေးများ



မောင်တိုင်ပင်ကိုဗိုလ်ဆန်သည်ဟုပျက်ရယ်ပြုကြပါတယ်--သိပ်တော့မဆန်းလှပါ-- KG ကနေ ၉ တန်းထိမန္တလေးစိန်ပီတာမှာကျောင်းတက်ခဲ့ပါတယ်--အမှန်တော့ ဘရာသာ တွေကဂျာမန်တွေများပါတယ်--ဒါပေမဲ့ KG တုံးကဆရာမတွေကတော့ ဘီးလတ် ဂျူးအနွယ်တွေများပါတယ်--စည်းကမ်းပေးတတ်ပါတယ်--အလိုလိုစည်းကမ်းကိုလိုက်နာသွားတတ်အောင်လုပ်ပေးတာဖြစ်ပါတယ်--ဗမာတွေကြားအယ်လိုနေတတ်ထိုင်တတ်တော့ စာအုပ်ကြီးသမား--ဇီဇာကြောင်တယ်--ဗိုလ်ဆန်တယ် (စိတ်ထဲမှာတော့ဒီကောင်ဗိုလ်လမ်းနီးတဲ့ကောင်လို့ပြောမှာအသေအချာပါ) ဒါတွေဘာလို့ခေါင်းထဲရောက်လာလဲ? သိလား-- ဒီနေ့ထိမောင်တိုင်ပင် မနက်တိုင် ဘရိတ်ဖတ်စ် ကို ပေါင်မုန့် မီးကင်ထောပတ်သုတ် ကို ကြိုက်နှစ်သက်စွာစားနေဆဲပါပဲ--မုန့်ဟင်းခါးစားစား အုန်းနို့ ခေါက်ဆွဲစားစား ပေါင်မုန့် မီးကင်ထောပတ်သုတ်ကတော့ မပါမနေရပါ-- အဲထောပတ်ကလည်း တူတဆိပ် သြစီ မှ-- ဆိုရယ်လစ်ခေတ် နေဝင်း လက်ထက်က ဘယ် တူတဆိပ် ဘူးကရမှာလဲ? အတော်ဒုက္ခရောက်ခဲ့တာ--
မောင်တိုင်ပင်စိတ်ထဲမှာယခုတိုင်သတိရနေဆဲဆရာဆရာမတွေကတော့ Mrs Rustin, Mrs Hopwood, Teacher Jo Jo, ဆရာ William (senior), ဆရာဦးညီမောင်, ဆရာဦးစံဝ, ဆရာ ဗင်းဆင့်, Brother Conrad, စာအုပ်ဆိုင်တာဝန်ယူရတဲ့ ဘရာသာ ဖက်တီး( ခွင့်လွှတ်ပါ အမည်ရေးတေးတေးဖြစ်နေပါတယ် သတိရပြီ ဘရာသာ ဖူးလ်ဖတ်) တို့အပြင်ကာယဆရာ ဆရာဒေးဗစ်,ပန်းချီဆရာ ဦးလူတင် တို့ဖြစ်ပါတယ်--high school တုံးကဆရာတွေ ဘယ်လိုကြောင့် ခေါင်းထဲရောက်လာလဲဆိုတော့ ဆရာတွေရဲ့ မှတ်ချက်တွေကြောင့်ပဲ--ဆရာ William ဆိုရင် last fellow six cuts ဆိုတဲ့စကား ကိုကျောင်းသားတိုင်းမှတ်မိကြမှာပါ--
၇တန်းလောက်ရောက်တော့အဖေကမောင်တိုင်ပင်တို့ကို စွယ်စုံကျမ်း ၁၀ အုပ်တွဲဝယ်ပေးပါတယ်--မောင်တိုင်ပင်အဖေ က Encyclopaedia Britannicaစာအုပ်ကဈေးအရမ်းကြီးတယ် -- မြန်မာစွယ်စုံကျမ်းလည်းကောင်းပါတယ်ဆိုပီး ဖတ်ပုံဖတ်နည်း အကြောင်းအရာရှာပုံရှာနည်းကိုသင်ပေးပါတယ်--အဲဒီခေတ်အချိန်အခါအရ ဆိုရင်ပညာတတ်မိဘတိုင်းကဝယ်ပေးကြပါလိမ့်မယ်ထင်ပါတယ်--နောက်တော့ အကြောင်းအရာရှာမဖတ်တော့ ဘူး--တစ်အုပ်ချင်းစိတ်တိုင်းကျဖတ်တော့တာပါပဲ--စွယ်စုံကျမ်းတွေအကြောင်းမောင်တိုင်ပင်အတွေးထဲရောက်လာတော့အခုခေတ်နဲ့ မတူပုံ ကိုစဉ်းစားမိလာတယ်လေ--အခုခေတ်က ကွန်ပျူတာအင်တာနက်မှာ goggling ပေါ့-- မသိတဲ့သူတော့မရှိပါဘူးထင်တယ်နော်--
မန်းတက္ကသိုလ်ဝန်းထဲ နတ်သျှင်နောင်လမ်းအိမ်မှာ စာအုပ်စင်ကအဖေ့ကုတင်နောက်မှာရှိတယ်--မတ်ရပ်မီးတိုင်တစ်ခု နဲ့ဂျေးအထပ်ထပ်တက်နေတဲ့ အစွပ်စွပ်ထားတဲ့ပက်လက်ကုလားထိုင်တစ်ခုရှိတယ်-- အဖေကမီးတိုင်ဖွင့် ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ပြီးစာဖတ်တာ--lecture notes တွေလည်းအဲလိုပဲရေးတာ-- နက်ဖြန်အတန်းရှိတယ် ဆိုရင် ညမှာ lecture notes ရေုးပီးမှသင်တာ-- ဝေဖို့ မဟုတ်ဘူး --စနစ်တကျသင်နိုင်ဖို့မှတ်စု မှတ်ထားတာပါ-- ပြီးရင်သူကိုင်နေကြ သားရေအိတ်ထဲထည့် ထား လိုက်တာပဲ-- မောင်တိုင်ပင်အစိုးရအလုပ်ကိုစဝင်ဖို့ ရန်ကုန်မလာခင်ညမှာအဖေပြောခဲ့တဲ့စကား ကိုဘယ်တော့မှ မမေ့ခဲ့ပါ--အလုပ်လုပ်နေရင်းလည်း အစပထမပိုင်းမှာအခက်အခဲတွေ့ ရင်အဖေ့မှာကြားခဲ့တဲ့စကားကိုသတိရမိခဲ့တယ်-- ဘာပြောလဲဆိုတော့ " သားကြီး အလုပ်လုပ်ရင်စနစ်တကျလုပ်ပါ--နောက်ပြီးအလုပ်လုပ်ရင်အလုပ်ကိုဘယ်တော့မှ မျက်ချေမပြတ်စေနဲ့  " ဆိုတဲ့စကားပါ--မျက်ချေလေးများပြတ်မိရင်အလုပ်မှာဝရုံးသုံးကားဖြစ်တတ်တာကိုမကြာခဏကြုံ ခဲ့ရဘူးပါတယ်--ဘာလုပ်လုပ် to do list လေးကိုမနက်တိုင်းလုပ်မိတတ်တာလေးခေါင်းထဲရောက်လာလို့ပါ--
-မောင်တိုင်ပင်တို့ ၁၀ တန်းရောက်တော့ ပြည်သူပိုင်သိမ်းပေမဲ့ အရှိန်ကရှိနေပါသေးတယ် --အင်္ဂလိပ်စာ ပြဌါန်းစာအုပ် က တောင်တက်တဲ့အကြောင်းဖြစ်တဲ့Annapurana စာအုပ်ဖြစ်ပါတယ်-- ဆရာ ရော်ဘင်ကသင်ပါတယ် -- ကျောင်းသားတွေနားလည်သဘောပေါက်အောင်သင်နိုင်ပါတယ်--ဆယ်တန်းမှာ အင်္ဂလိပ် ကဗျာတွေရေးကြပါတယ် -ဆရာကအားပေးပါတယ်- သူငယ်ချင်းဒေါက်တာကျော်စိန်က high-flown rhetoric တွေနဲ့ရေးတော့ ဆရာက simple English နဲ့ရေးခိုင်းပါတယ်-- မောင်တိုင်ပင်က simple English နဲ့ရေးတော့ဖတ်ကောင်းပါတယ်-- အကြောင်းအရာကောင်းဖို့လည်း လိုတယ် လို့ပြောပါတယ် -- မောင်တိုင်ပင် တိမ်တွေအကြောင်းရေးတာတော့ မှတ်မိတယ်--မောင်တိုင်ပင်ဆရာ ဆရာရော်ဘင် အေးအေးဆေးဆေးနဲ့ စာသင်တာ ကိုခေါင်းထဲမှာ အမှတ်ရ လာလို့ ပါ။
ဆယ်တန်းမှာ ရည်စားစာကို အင်္ဂလိပ် လိုရေုးပီးကွန်ဗင့်ကျောင်းသူလေးတစ်ယောက်ကိုပေးဖို့ ချောင်းခဲ့ပေမဲ့ မပေးနိုင်ခဲ့ပါဘူး-- ဒူးတုန်လက်တုန် နဲ့ မောင်တိုင်ပင်က ငကြောက် ကိုး--နောက်ဆုံးကွန်ဗင့်ကျောင်းမှာသူ့ထက်အတန်းငယ်တက်နေတဲ့ ညေး ကိုပေးခိုင်းမလား လို့ကြံသေးတယ်-- ကမ္ဘာကြီးကကျဉ်းကျဉ်းလေးနော်-- စက်ဘီးနင်းခိုင်းပြီး အခွင့်သာရင်စာဆင်းပေးမယ်ဆိုပြီး အိမ်ရှေ့ ခေါက်တုန့် ခေါက်ပြန် ပတ်ပေးခဲ့တဲ့ သူငယ်ချင်းဒေါက်တာ ရဲ့ သားနဲ့သူ့ သမီး အကြောင်းပါသွားတယ်-- မောင်တိုင်ပင် ခုထိ မတွေ့ ရဲဘူး -- ရင်ခုန်သံ မခံနိုင်ဘူး နဲ့ တူတယ်-- ခမီးခမက် တွေကတော့ ငယ်တုံးကအကြောင်းတွေပြောဖြစ်ခဲ့ရင် မောင်တိုင်ပင် ရှေ့ မျက်နှာနောက်ထားတွေ့ ရတော့မဲ့ ပုံပဲ-- အော်ပဉ္စမအရွယ် ရဲ့ရင်ခုန်သံကိုကြားကြလား ဟင်---

No comments: