Saturday, March 11, 2017

ဒေါ်လာငွေဈေး

ဘဏ်မှာ ဒေါ်လာ ဝယ်လို့ရမလားလို့ သိရက်နဲ့မေးကြည့်မိတယ်-- ဘဏ်ကသမီးတွေက " အန်ကယ်ရယ် လာရောင်းမယ့်သူမရှိတော့ သမီးတို့ က အန်ကယ်ကို ပြန်ရောင်းမပေးနိုင်ဘူး " တဲ့
ဖြေတာလေးကအရမ်းလှတယ်--
ဘဏ်ကသူအရင်နေ့တွေကဝယ်ထားတဲ့အထဲကထုတ်မရောင်းပဲကိုင်ထားတယ်--အကြောင်းပြချက်ကအမျိုးမျိုးရှိတယ်--ဒေါ်လာတွေကိုင်ထားတဲ့ ပို့ ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကလည်းအသာကြည့်နေပြီးကိုင်ထားတယ်-တကယ်တော့ roll ကိုမရှိတော့-- သူကရောင်းလိုက် ကိုယ်က ဝယ်လိုက်နဲ့ အရောင်းအဝယ်ကောင်းနေတာမျိုးကို မရှိတော့တာ-အကုန်ကိုင်ထားကြပြီ -- ဈေးက distorted မရောက်ခင် ဘိုလိုရှင်းမလဲ--၁၅၀၀ ကျပ်ရောက်တော့မယ်ဆိုပြီးသတင်းတွေကပြေးနေပြီကိုး--ကိုယ်လိုသူလိုကောင်တွေကလည်း ရှိတဲ့ ဒေါ်လာ ၁၀၀၀-၂၀၀၀လောက်ကိုကိုင်ထားချင်ကြတယ်--၁၄၀၀ လောက်ရောက်နိုင်တော့လဲလည်းလဲချင်တယ် -- ကိုင်ထားတာကပိုကောင်းပါတယ် ဆိုပြီးကိုင်ထားမယ်-
အဲတော့ ကုန်သည်တွေလည်းကိုင်ထားမယ်--ဘဏ်တွေကလည်းကိုင်ထားမယ်-ဘဏ်တွေအားလုံးရဲ့ အရှင်သခင် CBMကလည်းကြည့်ကောင်းကောင်းနဲ့ ကြည့်နေမယ်--နိုင်ငံခြားကဒေါ်လာနဲ့ သွင်းလာတဲ့ ပစ္စည်းတွေ (ဥပမာ ဆေးဆိုင်ဆို၊ )ကောင်တာကဈေးကြီးဆေးတွေသိမ်းလိုက်တော့မယ် -- အခြေအနေစောင့်ကြည့်တော့မယ်--တချို့ ဆေးတွေ ဝယ်မရတာမျိုး ဖြစ်သွားမယ်-
နိုင်ငံခြားမှာ ဘယ်သူတွေကဘဏ်အကောင့်ဖွင့်ထားသလဲ--ဒါကအရင်ကတည်းကလုပ်ရမှာ ခရိုနီတိုင်း export importလုပ်တဲ့ ကုန်သည်တိုင်းရှိတယ်--စစစ သာမေးခိုင်းလိုက်--
ကဲ CBM ဘာတွေလုပ်မှာလဲ ?? အားလုံး-ကခင်ဗျားတို့အစွမ်းကိုစောင့်ကြည့်နေမယ်--

No comments: