Saturday, March 11, 2017

ရောက်တတ်ရာရာ

မနေ့ကတိုင်းပြည်စီးပွားရေးရာအကြောင်းတွေရောက်တတ်ရာရာဆွေးနွေးကြတော့အခုလောလာဆယ်မြန်မာအတွက်အကိုက်ညီဆုံးက labour intensive industry ပဲ။ဒါကအနည်းဆုံး ၂၀၂၀ လောက်ထိရောက်သွားနိုင်တယ်။ဒီဟာအောင်မြင်ဖို့အတွက်သက်ဆိုင်ရာMinistries တွေအချင်းချင်း harmonyဖြစ်ရမယ်၊ cooperation coordination တွေရှိရမယ်။ မိမိဝန်ကြီးဌာနအကျိုးစီးပွား၊ မိမိစီမံအုပ်ချုပ်ရတဲ့ဒေသအကျိုးစီးပွား နဲ့ နိုင်ငံတော်အကျိုးစီးပွားယှဉ်လာရင်နိုင်ငံတော်အကျိုးစီးပွားကိုဦးစားပေးရမှာအသေအချာပါပဲ။အလုပ်သမားဥပဒေတွေနည်းဥပဒေတွေခိုင်မာရမယ်။ skilled labour များများကို အချိန်တိုတိုအတွင်းမွေးထုတ်ပေးနိုင်အောင်ဘယ်လိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမယ်။အခွန်ကိုလည်းဆွဲဆောင်မှုပေးနိုင်ပြီးမက်လုံးသဖွယ်ရှိနေအောင်လုပ်ထားနိုင်ရမယ်။
Labour intensive industry အောင်မြင်သွာပြီဆိုရင်နောက်ကလိုက်လာမှာ skill based intensive Industry ပဲ။ တိုင်းပြည်လည်းအထိုက်အလျောက်ရင်းနှီးမြုပ်နှံနိုင်တဲ့ငွေကြေးပြည့်စုံလာရင်ဒါလည်းဖွံ့ဖြိုးတက်လာမှာပါပဲ။HRD အပိုင်းဖွံဖြိုးလာရင် automation တွေနဲ့ ပေါင်းစပ်ပြီးလုပ်နိုင်လာမှာပါ။ဒါလည်း ၅ နှစ်လောက်တော့ အချိန်ယူမှာပဲ။
နောက်ဆက်လိုက်လာမှာကတော့ capital intensive industryပါပဲ။ အထက်မှာဖေါ်ပြထားတဲ့ industry ၂ ခုအောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ရင် ငွေကြေးအရင်းအနှီးလိုအပ်တဲ့  industry တွေတည်ထောင်လုပ်ကိုင်နိုင်မှာပါပဲ။ဒါလည်း ၅ နှစ်လောက်အတွင်းအရှိန်ရလာနိုင်ပါတယ်။ဒီအချိန်အတွင်းမှာ MNC တွေဝင်ရောက်လာနိုင်စရာအကြောင်းရှိပါတယ်။ MNC တွေဝင်ရောက်လာပြီဆိုရင်ကျနော်တို့ ပြည်တွင်းက SME တွေဟာ supporting industry တွေ downstream industry တွေအဖြစ်ပြောင်းပြစ်ရမှာဖြစ်ပါတယ်။ အချိုရည် ထုတ်လုပ်နေတဲ့ SME ဟာ NMC တွေလိုအပ်တာတွေပံ့ ပိုးပေးနိုင်ဖို့ လက်ရှိ လုပ်ငန်းကို supporting industry အဖြစ်ပြောင်းနိုင်အောင်သတ္တိရှိရပါမယ်။တီထွင်ကြံဆမှုလည်းရှိရပါမယ်။ ပြောင်းလွယ်ပြင်လွယ်အောင်လည်းမိမိ SME ကိုပြင်ဆင်ထားရပါမယ်။ capital intensive industry မှာ MNC တွေဟာပြည်တွင်းမှာရှိတဲ့ SME တွေကို supporting industry အဖြစ်သူတို့ အားကိုယူပြီးအောင်မြင်အောင်တည်ဆောက်ရမှာ ဖြစ်လို့ပြင်ဆင်ထားဖို့ လိုပါတယ်. အဲဒီနေရာမှာ အခွန်အခကလိုအပ်ချက်နဲ့ ကိုက်ညီအောင်ပြောင်းလွယ်ပြင်လွယ်နိုင်တဲ့ အနေအထားကိုစဉ်းစားထားရမှာဖြစ်ပါတယ်။
နောက်ဆုံး innovative industry အဆင့်မှာဆိုရင်တော့ human resource ကော တတ်ကျွမ်းတဲ့ skilled labour တွေ professional တွေပြည့်စုံနေပြီဆိုတော့ developed countriesတွေနဲ့ ရင်ဘောင်တန်းနိုင်လောက်ပါပြီ။
အဲတော့ နှစ် ၂၀ နေရင်စင်ကာပူ economy နဲ့ ရင်ဘောင်တန်းနိုင်လောက်တဲ့ အနေအထားတောရောက် နိုင်လိမ့်မယ် လို့ ယုံကြည်နေမိပါတယ်။ feed back တွေလိုချင်ပါတယ်။ ခေါင်းအများကြီးနဲ့ စဉ်းစားတော့ ကျယ်ပြန့် နိုင်တာပေါ့--
Like

No comments: