Saturday, March 11, 2017

စီးပွားရေးမှာအကွက်မြင်ရမယ်

နိုင်ငံစီးပွားရေးတိုးတက်လာဖို့အတွက်တာဝန်ရှိသူတွေကောအပြင် ကမောင်တိုင်ပင်တို့ လိုယောင်ဝါးတွေကောစဉ်းစားကြတာရှိတယ်။ ရင်းနှီးမြုပ်နှံမှုတွေများများဝင်လာရင်ကောင်းတယ်ပေါ့-- ဘာလို့ ဆိုသူဝင်လာရင် ကဏ္ဍတိုင်းမှာအကျိုးသက်ရောက်မှုတွေကောင်းတယ်လို့ ထင်နေကြတယ်လေ-- အဲလိုမျှော်လင့်ချက်ထားတဲ့အခါဘေးဘီနိုင်ငံတွေကောဟိုးအဝေးကအင်အားကြီးနိုင်ငံတွေကောငါတို့ ဆီလာရင်းနှီးမြုပ်နှံကြပါလို့ မအော်ယုံတစ်မယ်ပါပဲ။ အမေရိကန်ဆက်ရှင်ယုတ်သိမ်းလိုက်တော့ သူသူငါငါအမေဒစ်ကန်ကုမ္ပဏီတွေလာရင်းနှီးမြုပ်နှံတော့မယ်ဆိုပြီး တွေးကြတယ်။ အမေဒစ်ကန်ဆွေမျိုးတွေ မိတ်ဆွေတွေဆီ ဆက်သွယ်ကြတယ်--ဟေး-- ဆက်ရှင်လွတ်သွားပြီးကွ-- မင်းတို့ ဘယ်တော့လာရင်းနှီးမြုပ်နှံကြမလဲ ဟင်--နဲ့ စသည်ဖြင့် အီးမေးလ်တွေရေးကြ-- ဖုန်းတွေဆက်ကြနဲ့ -- ရွှန်းရွန်းကိုဝေ နေပါတယ်ခင်ဗျာ---
အမေဒစ်ကန်ဖက်ကမိတ်ဆွေတွေဆွေမျိုးသားချင်းတွေစိတ်ပျက်နေကြတာတော့ မသိကြဘူး။စွတ်ပြီးလာတော့လေ လာတော့ လေ နဲ့ သာအော်နေကြတယ်-- ဟိုကခမျာ Trump ကြီးတက်လာတော့စိတ်အကြီးအကျယ်ပျက်နေတာ မသိကြဘူး-- ဘာလို့ စိတ်ပျက်တာလဲဗျာ လို့မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ မေးကြည့်တော့ ဟို Trump ဆိုတဲ့ ဘဲ ကြီးက အမေရိကန် လုပ်ငန်းတွေ အမေရိကန် မှာပဲရှိနေစေရမယ်-- i phone လည်းညက်ခုံးလှုပ်နေပြီ-- တရုတ်ပြည်မှာ ရာခိုင်နှုန်းတော်တော်များများထုတ်လုပ်တာလေ--carrier co ကိုလည်း မက်စီကို နိုင်ငံကိုမရွှေ့ နဲ့ -- အမေရိကန်တိုင်းပြည်ထဲမှာပဲထားခိုင်းတယ်။အခွန်သက်သာခွင့်လည်းပေးလိုက်တယ်-- အတိုချုပ်ပြောရရင် အမေဒစ်ကန် ရင်းနှီးမြုပ် နှံမှု ကိုမျှော်မနေကြနဲ့--ဆိုတာပါပဲ။ အထည်ချုပ်လုပ်ငန်းက ၁ ဘီလီယံ USD လောက်ရှိသေးတယ်။ ဗိယက်နမ် ၅ ဘီလီယံ လားမသိဘူး။ သူတို့ ကျော်အောင် အထည်ချုပ်CMP တွေလုပ်ကြလေ--GSP အခွင့်အရေးကရှိသေးတယ်။ ကရင်တို့  လိုတိုးတက်စပြည်နယ်တွေမှာဖွင့်ပေးလိုက်-- အစိုးရလည်းလုပ် ပုဂ္ဂလိက နဲ့  အသင်းအဖွဲ့ တွေလည်းလုပ်ကြ-- အစိုးရကဘာလုပ်ပေးရမလဲ အကုန် လုပ်ပေးလိုက်-- branded တွေလာစမ်း H&M, ZARA, Adidas, Nike, Mark & Spencer တို့ ဝင်လာကြစမ်းပါစေ။ ဒါပေမဲ့  တစ်ခုတော့ ပြောထားမယ် နော် -- သောက်ပျင်းကြီးရေသာခိုနေလို့ တော့ မရဘူး-- သောက်တင်းပြော ဖုန်းပွတ်နေချိန်တော့ ရမှာ မဟုတ်ဘူး။ ပြဲနေအောက် လုပ်မှ ကမ္ဘောဒီးယား က အလုပ်သမားတွေ လုပ်အား ကို လိုက်မှီမှာ-- ဗိယက်နမ် ဘင်္ဂလား တို့ ဆိုဝေးသေး--ဘင်္ဂါလီသာမုန်းတာ--သူတိုကိုမှီအောင်မ လိုက်နိုင်ဘူး--ကျိုးစား ကြဖို့ တော့ လိုတယ်-- ဒါကိုပြော ပြချင်တာပါ။

No comments: