Saturday, March 11, 2017

အာဖလာတော့ဆင်မှိုဆိပ်

အာဖလာတော့ဆင် (Aflatoxins ) မှိုဆိပ် စားစရာတွေထဲမှာ ပါဝင်နေတာဟာ လူတွေရဲ့ကျန်းမာရေး ကိုထိခိုက်စေပါတယ်။ မောင်တိုင်ပင်ပီတီအေစီ မှာ တာဝန်ထမ်းဆောင်ခဲ့ စဉ်ကငရုတ်သီးထဲအာဖလာတော့ဆင်မှို ဆိပ်ပါဝင်နေတာကိုလေ့လာခိုင်းဘူးပါတယ်။
ငရုတ်သီးတောင့်ခူးဆွတ်ပြီး နေလှန်းခြောက်သွေ့နေစဉ်ကာလမှာ ကောင်းစွာမခြောက်သွေ့လျှင်ဖြစ်စေ၊ မိုးမိခဲ့ရင်ဖြစ်စေ၊ ငရုတ်သီးခြောက်ထားသိုရာမှာတနည်းနည်းဖြင့် ပြန်စိုမိလျှင်ဖြစ်စေ၊ မှိုတက်လာနိုင်ပြီး အာဖလာတော့ဆင်ထုတ်လုပ်ပေးသည့်အက်စ်ပါဂီလပ်စ်ပါရာစိုက်တစ်ကပ်စ် ( Aspagillus Parasitiscus) စတဲ့ အာဖလာတော့ဆင်ဖြစ်စေနိုင်တဲ့ မှုများစွဲကပ်လာနိုင်ပါတယ်။ ဒါဟာတောင်သူလက်ထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရိတ်သိမ်းပြီးနောက်ပိုင်းပြဿနာ post harvest issues တွေပါ။
တောင်ကိုးရီယားအကူအညီနဲ့ ပုသိမ်ကြီးမှာ Post Harvest Technology Center တည်ထောင်ထားတဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန အနေနဲ့ ငရုတ်သီးစိုက် တောင်သူ များပညာပေးရေး လုပ်ငန်းတွေကိုတစ်ဖက်တစ်လမ်းကဆောင်ရွက်ပေးသင့်ပါတယ်။ လွန်ခဲ့သောနှစ်တွေက တောင်ကိုရီးယားကိုမြန်မာကနေပို့ လိုက်တဲ့ ငရုတ်သီးခြောက် မှာ အာဖလာတော့ဆင်ပါတာကြောင့် ပစ္စည်းတွေ ပြန်ပို့ ခံရဘူးပါတယ်။တောင်ကိုရီးယားဟာငရုတ်သီးအမြောက်အများစိုက်သလို ငရုတ်သီးလည်းစားပါတယ်။ သူတို့ မှာ ငရုတ်သီး drying process quality control procedures တွေရှိ နိုင်ပါတယ်။
လုပ်ငန်းရှင်တွေချည်းပဲ ပြောနေလို့ မရပါ။ တောင်သူပညာပေးအများကြီလိုပါတယ်။ အာဖလာတော့ဆင် ဟာ carcinogenic ဖြစ်ပါတယ်။အရက် မသောက်ပဲ အသဲကင်ဆာဖြစ်တာ လည်း carcinogenic ဖြစ်တဲအစားအစာတွေစားလို့ဖြစ်ပါတယ်။ ကျန်းမာရေး FDA ကဆရာတွေ ဒါမျိုးတွေဖြစ်လာနိုင်တာကြောင့် သဲသဲမဲမဲ တားမြစ်နေရတာ ကို နားလည်ပေးဖို့ လိုပါတယ်။ စီးပွားကူးသန်းစားသုံးသူ ရေးရာကလည်းဒီကိစ္စကိုတစ်ခုခုတော့လုပ်သင့်နေပါပြီ။ ဘာလုပ်သင့်လဲဆိုတာ ဌာနရဲ့ vision mission တွေကိုကျေညက်စွာမသိတဲ့ အတွက် ဘာပြောရမှန်းမသိပါ။ကျနော်ကတော့ အကျက်မှုန့်၊ လေးစိပ်ကွဲ၊ အစိမ်းမှုန့် တွေမစားတာကြာပါပြီ။ စင်ကာပူမှာ အိန္ဒိယ ကတင်သွင်းလာတဲ့ ငရုတ်သီးအရှည်တောင့်ကို လေ့လာကြည့်ရာ ကောင်းစွာ ခြောက်သွေ့ ပြီးအတွင်း၌ မှိုလက္ခဏာအရိပ်အရောင်များမတွေ့ ရပါ။
သိသမျှရေးပြတာပါ။ လုပ်တာကတော့ တာဝန်ရှိသူတွေလုပ်ကြပါလိမ့်မယ်

No comments: