Saturday, March 11, 2017

ဆန်စပါး

အတွေးရဲတာလား ဘာလားတော့မသိ--တလောက ဖွဘုတ် တစ်နေရာမှာဖတ် လိုက်ရတယ်--စပါးဈေးတွေ ၃ သိန်းအောက် ၂ သိန်းခွဲအထိဈေးတွေက ကျကုန်တော့ လယ်သမားတွေဖင်ထဲရွှံ့ တစ်ပိသာလောက်ဝင်အောင်တစ်မိုးတွင်းလုံးလုပ်ခဲ့ ရပေမဲ့ သီးနှံထွက်လာတော့ လောက်လောက်လားလားဈေးကမရတော့ --စပါးအစားအခြားငွေဝင်မဲ့ သီးနှံပဲစိုက်ကြစို့ကွာ ဆိုတဲ့ concept တွေဝင်လာကြတာကိုအစိုးရမင်းတွေသဘောပေါက်ဖို့ ကောင်းနေပါပြီ--
လယ်သမားများသာစပါးမစိုက်လို့ ကတော့ဆန်စက်ပိုင်တွေ ဆန်ကုန်သည်တွေလည်းစီးပွားပျက်လောက်တယ်--အသင်းအဖွဲ့ တွေကလည်းစပါးဈေးထိုးကျသွားရတဲ့အကြောင်းရင်းကိုလေ့လာသင့်တယ်။seasonal crop ဖြစ်တဲ့ စပါး ပေါ်ချိန်မှာဈေးကျတာလား ? ထုတ်လုပ်မှုစရိတ် ကြီးမြင့်နေတာလား? လယ်ယာလုပ်သား နဲ့ စက်မှုလယ်ယာ စပ်ကူးမတ်ကူးကာလမှာ ဈေးတွေကြီးနေတာလား? ရန်ကုန်မှနေပြည်တော်အသွား ဘေး၂ ဖက်ကလယ်ကွင်းတွေမှာ ကူဘိုတာ ရိတ်ချွေစက်တွေနဲ့ ရိတ်နေတာတွေ့ရတယ်။ ရိတ်ချွေစက်တွေကို ကားပေါ်တင်နေရာရွှေ့ ပြောင်းလာတာလည်းတွေ့ ရတယ်။ဒါဟာစက်မှုလယ်ယာစနစ်ဆီကိုပုဂ္ဂလိက ကကိုယ်ထူကိုယ်ထ ကူးပြောင်းနေတာပါ။ရိတ်ချွေ လုပ်ငန်း service တွေ ဖွဘုတ်မှာ ကြော်ငြာနေတာလည်းတွေ့ ရပါတယ်။ နောက်စိုက်ချိန်ပျိုးချိန်မှာ လယ်ထွန်စက်တွေထယ်သွားတွေဝယ်ပြီး service လုပ်ငန်းအတွက် ကြော်ငြာနေပြတာလည်းတွေ့ ပါတယ်။
တစ်နေရာမှာဆိုရင် ကောက်ရိုးပုံတွေ ကန်သင်းမှာ ပုံထားပြီး လယ်ကွက်မှာ ရှိတဲ့ အစိုဓါတ်နဲ့  ပဲစိုက်ဖို့ ထွန်စက်ကြီးနဲ့ ထွန်ယက်နေတာလည်းတွေပါတယ်။ ကန်သင်းမှာ ပုံထားတာတွေက အရင်လို ကောက်လှိုင်းပုံတွေ မဟုတ်တော့ပါ။ ကောက်ရိုးပုံတွေပါ။ ပဲစိုက်ပြီးမှ ကောက်ရိုးပုံတွေ သယ်ကြမယ်နဲ့ တူတယ်။ရိတ်ချွေစက်နဲ့ စပါးတွေချွေပြီး အခြောက်ခံဖို့ အခြောက်ခံစက်ဆီယူသွားနေပါပြီ--ဒီမြင်ကွင်းလေးကတော့ မောင်တိုင်ပင် ခရီးထွက်ရာလမ်းတစ်လျှောက်မှာ တွေ့ ရတာပါ။ တပြည်လုံးအတိုင်းအတာတော့ရှိချင်မှ ရှိပေမဲ့နောင်တပြည်လုံးအတိုင်းအတာနဲ့ လိုက်လုပ်လာမှာကိုမြင်ယောင်နေပါတယ်။
အစိုးရကဘာလုပ်ပေးမလဲ? ဘဏ်တွေက ၂-၃ နှစ်ဆပ်ငွေ ချေးပေးပေါ့ -- A bank ဘာလုပ်နေသလဲ?ဒါမျိုးတွေ ရှာကြံပြီးငွေချေးပေးကြလေ-- စီးပွားကူးသန်း ဒီစက်တွေသွင်းလာရင် လွယ်ကူအောင် သက်သာအောင် လုပ်ပေးကြလေ--နည်းလမ်းဆိုတာရှိမှာပါ။ productivity တက်လာအောင်လုပ်ခြင်းဖြင့် Prodction cost သက်သာလာအောင် လုပ်ကြစို့ လေ--
ကုန်သွယ်လယ်ယာတုံးကခံလိုက်ရပြီးပြီ-- ဆန်သင်္ဘောတစ်စင်းရောင်းလို့ ရတဲ့ ဝင်ငွေကကျောက်မျက်ပြပွဲတစ်ပွဲ ဝင်ငွေတောင်မရှိပါဘူး။ ဖျက်ကွာ ကုန်သွယ်လယ်ယာ သူခိုးဌာနကြီးဆိုပြီး ပျက်သမျှကုန်းကောက်စရာမရှိတော့ လို့ စားသုံးသူတွေဖက်လှည့် လိုက်ရတယ်။ အခု လယ်သမားစပါးမစိုက်နဲ့တော့ -- အခြားဝင်ငွေရတာပဲ စိုက်ကြဆိုပြီး မလုပ် လိုက်ကြပါနဲ့  -- တွက်ချေကိုက်အောင်လုပ်လို့ရတာတွေ အများကြီးပါ။ အတွင်းဝန်လေးကလည်းဖွဲနုဆီတွေ ဈေးကွက်ကပျောက်သွားတာကို ဝမ်းနည်းနေပုံရတယ်။ ၁၉ စက်လားမသိ ရှိ တယ်။ အကုန် ပုဂ္ဂလိက လက်ထဲရောက် နေပြီမဟုတ်လား?
ဆီမထွက်လာတော့ ပညာရှင်တွေကတော့ ထိုင်ငိုနေရရှာပြီ-- intergrated လုပ်ဖို့ လည်း ပုဂ္ဂလိက တွေစိတ်မကူးသေးဘူး-- လာမယ်ကြာမယ် -- စောင့်နေပါမယ်။ စပါး မစိုက်ပဲ နဲ့ တော့ မလုပ်လိုက်ပါနဲ့ -- ဆန်တင်ပို့ နေရာကနေ ဆန်တင်သွင်းရတဲ့ နိုင်ငံဖြစ်သွားတော့လည်း ဘာဖြစ်လဲ?? အဲလိုတော့ မပြောကြပါနဲ့  ကျော် တို့ ကစပါးစိုက် ဆန်ကြိတ် ဆန်ရောင်း လောက်လုပ်တတ်တာ-- တခြားလုပ်တတ်တာဘာမှ မရှိသေးဘူး ဂျ------

No comments: