Saturday, March 11, 2017

ဘဏ်တိုးနှင့် အခွန်



ဘဏ်ကိုလာအပ်ကြတဲ့ငွေတွေဟာအခွန်ပေးပြီးကြောင်းဘဏ်ကိုပြနိုင်ခဲ့ရင် အခွန်၂ထပ်ကွမ်းdouble taxation ကောက်ခံနေသလိုဖြစ်နေသလား ? 
ပင်စင် ယူသောအခါတစ်လုံးတစ်ခဲသောရငွေကိုဘဏ်အပ်ခဲ့ရင် ငွေဖြူ ဟုအရပ်အခေါ်သတ်မှတ်ထားသဖြင့် အခွန်ကောက်ခံသင့်ပါသလား ? 
အချို့ ကုမ္ပဏီများသည်လုပ်ငန်းကိုင်ငန်းမကောင်းသည့်အခါ ဘဏ်တွင် saving account ပြောင်းလဲဖွင့်ခြင်းဖြင့် အလုပ်မလုပ်တော့ပဲ အတိုးထိုင်စားမည်ဟုပြောပြီးလက်တွေ့ လုပ်နေကြပါတယ်corporate account သည် saving account ပြောင်း ဖွင့်ပြီး အတိုးထိုင်စားလို့ ရပါသလား ?သူများနိုင်ငံမှာ coporate account ကို saving ပြောင်းလို့မရပါ။
လူပုဂ္ဂိုလ်တစ်ဦးချင်းသာ saving account ဖွင့်နိုင်သော်လည်း ဘဏ်များသည် အပ်ငွေ Deposit လိုချင်ကြ၍ ကုမ္ပဏီများ saving account ဖွင့်ခြင်းကို လက်ခံလုပ်ပေးနေကြပါတယ် --
သူများနိုင်ငံမှာလည်းရှိပါတယ်။ သို့သော် သူတို့အတိုးနှုန်းက၁-၂%လောက်သာဖြစ်၍ဘယ်သူမှမျက်စေ့ဒေါက်ထောက်ကြည့်မနေပါ။ မြန်မာမှာ အတိုးနှုန်း ၈% ပါပင်စင်စားများ၊မိဘလက်ငုတ်လက်ရင်းကိုရောင်းချပြီး အခွန်ပေးပြီးကျန်ငွေကို ဘဏ်အပ်ထိုင်စားလိုသူများ၊အတွက်ဘဏ်အတိုးအတွက် အခွန်ကောက်ခံအုံးမယ်ဆိုရင်ကျနော်တို့ ဘာလုပ်ဖို့ လိုပါမလဲ--မြန်မာ မှာ small and medium scale investment များမရှိပါ။ YSX စတော့ လုံးဝအားကိုး၍မရပါ။ low profile လေးနေရင်ရရက်သားနဲ့ ငါတတ်တယ်ငါသိတယ်လုပ်ပြီးအခွန်ကောက်ခံခဲ့ ရင်တော့ NLD အစိုးရရေ -- ဘာမှ မပြောချင်တာ့ပါဘူး--

No comments: