Saturday, March 11, 2017

ဘဏ်နှင့်စတော့ရှယ်ယာ

ပြီးခဲ့တဲ့စနေနေ့ ထုတ် the Voice ဂျာနယ်မှာရန်ကုန်စတော့အိတ်ချိန်း မြန်မာနိုင်ငံသားများဘဏ်နှစ်ရက်တိတိဈေးဦးမပေါက်ဆိုတဲ့သတင်းပါလာတော့မောင်တိုင်ပင်စိတ်ဝင်စားမိတယ်။ ဘယ်နှဲ့-- ကုမ္ပဏီလေး ၃ ခုပဲရှိပါတယ်--အဖွင့်ဈေး ၉၆၀၀ ကျပ်မှာ အနိမ့်ဆုံး ၉၃၀၀ ကျပ်စာရင်းပိတ်တော့ ၉၄၀၀ ကျပ် ဖြစ်ပြီး ယခင်သီတင်းပါတ်ထက် ရှယ်ယာ ရောင်းဝယ်မှုမှာ ၄၀% ကျသွားတယ်လို့ သတင်းများကဆိုထားပါတယ်။ နောင်မကြာခင်မှာ ဘဏ်လုပ်ငန်းသက်သက်သာလုပ်တဲ့  ဘဏ်တစ်ခုဖြစ်တဲ့ ပထမပုဂ္ဂလိကဘဏ်လည်းရန်ကုန်စတော့အိတ်ချိန်းမှာဝင်ရောက်လာတော့မယ်ဖြစ်ပါတယ်။ 
မြန်မာနိုင်ငံသားများဘဏ်ဟာရှယ်ယာအသစ်များရောင်းချတာမဟုတ်ပဲလက်ရှိ ရှိနေတဲ့ရှယ်ယာတွေကိုပဲရောင်း ချတာဖြစ်ပါတယ်။ ရှယ်ယာအသစ်ရောင်းမယ်ဆိုရင် prospetus ထုတ်ပြန် ပြီးဘာလုပ်မယ်၊ဘယ်လိုလုပ်မယ်၊စသည်ဖြင့်business plan ကိုရေးဆွဲတင်ပြပြီး IPO (initial public offering)များထုတ်ရောင်းနိုင်ပါမယ်။ ဒါကတော့ ဘဏ်ရဲ့ board of directors မင်ဘာတွေ ငှားရမ်းထားတဲ့CEO or COO တွေရဲ့ လုပ်ဆောင်စဉ်းစားချက်တွေအပေါ်မူတည်ပါလိမ့်မယ်။ ရှယ်ယာရှင်တွေအနေဲ့ အစုတစ်စုပဲပိုင်ပိုင် ဒီဘဏ်ဟာအများနှင့်သက်ဆိုင်သောကုမ္ပဏီ (public listed company) တစ်ခုဖြစ်တယ်မိမိလည်းဆိုင်တယ်ဆိုတာမေ့ မနေဖို့ လိုပါတယ်။
ဘဏ်ရဲ့ ရှယ်ယာရောင်းဝယ်မှုဟာ ကျနေတယ်၊အရောင်းအဝယ်မဖြစ်ဘူးဆိုတာရှင်းပါတယ်။ ရှယ်ယာရှင်တွေဟာ မိမိ ပိုင်ရှယ်ယာတွေကိုထုတ်မရောင်းလို့ပါ။ဒီဘဏ်ရဲ့ ရှယ်ယာအများစုဟာယခင်ကအစိုးရပိုင်တွေဖြစ်ပေမဲ့ယခင်အစိုးရလက်ထက်မှာ ရှယ်ယာတွေကိုပုဂ္ဂလိကလက်ထဲလွှဲပြောင်းရောင်းချခဲ့တဲ့အတွက်အစိုးရရဲ့ ရှယ်ယာပါဝင်မှုဟာအချိုးအစားရာခိုင်နှုန်းတော်တော်နည်းသွားပါတယ်။အရင်းစစ် လိုက်တဲ့အခါမှာတော့နိုင်ငံတော်က နှစ်စဉ်ဘတ်ဂျက်မရရှိလို့ပါလို့ အကြောင်းပြပါတယ်။ထည့်ဝင်ထားတဲ့ရှယ်ယာကိုဒီအတိုင်းထားရင်လည်းရနေပေမဲ့ ပုဂ္ဂလိကကိုထုတ်ရောင်းခဲ့ပါတယ်။ ယင်းသို့ရောင်းရာမှာပုဂ္ဂလိကတော်တော်များများကိုဖြန့် မရောင်းပဲ လုပုဂ္ဂိုလ်တစ်ဦးချင်းအရေအတွက်အနည်းငယ်ကိုသာရောင်းချခဲ့တဲ့အတွက်ဘဏ်အစုရှယ်ယာအများစုဟာလူတစ်စုလက်ထဲမှာသာရှိနေပါတယ်။အများပိုင်ဘဏ်ဆိုတာမေ့နေပါတယ်။သူတို့အားလုံးဟာ စတော့ အိတ်ချိန်းမှာ သူတို့ပိုင်ရှယ်ယာတွေကိုရောင်းချပေးဖို့စိတ်ကူးထဲမှာမရှိကြပါ။ရှယ်ယာအများစုကိုကိုင်ထားပြီး BOD
မှာသြဇာအာဏာရှိရေးအတွက်သာကိုင်ထားကြမှာဖြစ်ပါတယ်-- အခုဘယ်သူတွေကရောင်းနေတာလဲ လို့ စီစစ်လိုက်ရင်ရှယ်ယာအနည်းငယ်ကိုယခင်ကတည်းကဝယ်ထားခဲ့သူများကသာငွေလို၍ဖြစ်စေ၊ အခြားအကြောင်း ကြောင်းကြောင့်ဖြစ်စေ ရောင်းချခြင်းကြောင့်သာဈေးကွက်မှာ ရှယ်ယာ အရောင်းအဝယ်ဖြစ်နေခြင်းသာဖြစ်ပါတယ်။
အဲတော့ ဘာလုပ်သင့်သလဲ? ဆိုတဲ့အချက် ခေါင်းပူအောင်စဉ်းစားမိတဲ့အခါ rolling လုပ်ဖို့ ပြောရင်ကောင်းမလားတွေးမိပါတယ်။ ရှယ်ယာအများစုကိုပိုက်ထားသူတွေ ရန်ကုန်စတော့ အိတ်ချိန်းမှာမိမိတို့ ပိုင်ရှယ်ယာများကို ထုတ်ရောင်ခြင်း၊ ပြန်ဝယ်ခြင်း များမလုပ်သင့်ပါဘူးလား ? အစိုးရ (စီးပွားကူးသန်း ကကောမိမိ ပိုက်ထားတဲ့ ရှယ်ယာတွေကို ရန်ကုန်စတော့အိတ်ချိန်းမှာ ထုတ်ရောင်းခြင်း ပြန်ဝယ်ခြင်းများလုပ်ပေးကာ ဈေးကွက်ကို လှုပ်ရှားလာအောင်လုပ်နိုင်ပါတယ်။ အစိုးရကဘတ်ဂျက်မရှိဘူးဟုဆိုနိုင်ပေမဲ့ revolving fund တစ်ခုဖန်တီးလုပ်ကိုင်ရင်မရပေဘူးလား ? ဒါကလုပ်ချင်ရင်ပြောပါတယ်။ မလုပ်ချင်လို့ ထိုင်နေလည်းရပါတယ်။ အတိုချုပ်ပြောချင်တာက ဈေးကွက်ကိုလှုပ်လှုပ်ရှားရှားဖြစ်စေချင်တာပါ။
နောက်အရေးကြီးဆုံးပြောချင်တာကဘဏ်ဟာအများနှင့်သက်ဆိုသောဘဏ်ဖြစ်တာကြောင့် ရန်ကုန်စတော့အိတ်ချိန်းမှာ listed ဖြစ်ပြီး capital စုဆောင်းနိုင်တဲ့အခွင့်အရေးရရှိနေတာပါ။ ဘဏ်ကို BODကစီမံအုပ်ချုပ် နေသော်လည်း transparency accountability ဖြစ်နေဖို့ လိုပါတယ်။ ဘဏ်ဘာတွေလုပ်နေတယ်ဆိုတာရှယ်ယာရှင်တွေသိအောင်လုပ်ဖို့ ထုတ်ပြန် ဖို့ media ကနေတဆင့် ၃လ တစ်ကြိမ်လောက်ဖြစ်ဖြစ်လုပ်ဖို့ လိုပါတယ်။အခြားဘဏ် (ခရိုနီ) တွေလို low profile နေလို့မရပါ။ဘဏ်တစ်ခုဟာ ဘဏ်ခွဲတွေအများကြီးဆိုပြီး ကြွားဝါနေတာထက် ဘဏ်ဝန်ထမ်းတွေ ဘဏ်အကြောင်းသိဖို့  လုပ်နည်လုပ်ဟန်တွေစနစ်ကျ ဖို့ ဝန်ဆောင်မှုတွေကောင်းဖို့ အရေးကြီးပါတယ်။ဘဏ်လုပ်ငန်းတစ်ခုတည်းသာလုပ်တဲ့ ပထမပုဂ္ဂလိကဘဏ် ရန်ကုန်စတော့အိတ်ချိန်းဝင်ရောက်လာတဲ့အခါ နှိုင်းယှဉ်စရာရှိလာပြီဖြစ်၍ မြန်မာနိုင်ငံသားများဘဏ်သည်အစဉ်အမြဲ သွက်လက် active နေဖို့ လိုကြောင်းပြောချင်ပါတယ်----

No comments: