Saturday, March 11, 2017

ရုံးအလုပ်ချိန်

၉ နာရီ မှ ညနေ ၄:၃၀ ထိအလုပ်ချိန်မရှိတာကြာပြီ-မောင်တိုင်ပင်တို့ ဆို-လုပ်သက်အစပိုင်းလောက်တာဝန်ကြီးကြီးမားမား မယူရချိန်မှာ ပဲ ၄:၃၀ ပြန်လို့ ရတယ်--နဝတ၊နယက တွေလက်ထက် နေမအားညမနားဆိုတဲ့ စလိုဂင်တွေတွင်တွင်သုံးခဲ့ ချိန်လောက်ကစပြီး ဒီနေ့ NLD အစိုးရလက်ထက်ထိပါပဲ ဝန်ထမ်းတွေအစောဆုံးပြန်ရရင် ညနေ၆-၇ နာရီပေါ့--
လိုသလား?? မလိုပါဘူး မယောင်ရာဆီလူးတွေပါ စနစ်မတည်ဆောက်တတ်တော့ မလိုလည်းလိုလဲ လုပ်ခဲ့တဲ့အလုပ်မို့ ပြန်စဉ်းစားရင်အသဲတောင်နာတယ်။
ဘာကြောင့်ဒီလိုများဖြစ်နေသလဲ? အစည်းအဝေးတွေများနေ လို့-- ဝန်ကြီးက အစတစ်ဦးချင်းတာဝန်မယူရဲမှု-- မဆုံးဖြတ်ရဲတော့ EC တင်ခိုင်း--တင်ပြီဆိုကတည်း ကအလုပ်ရှုပ်ပြီ အမှန်တော့ အချေအတင်ဆွေးနွေးတာမရှိ-- အကြီးအကဲကပဲ ဒါဒါ ဟိုဟို ဆွေးနွေးအတည်ပြုလိုက်တာပဲ-- စောဒက မတက်နဲ့လေ-- ဒေါက်တာထွန်းဝင်းလိုဖြစ်သွားချင်လား ?
၎:၃၀ ခေါင်းလောင်းမြည် လိုက်တာနဲ့ လုပ်ဆဲအလုပ်တွေချက်ချင်:ချ--အိမ်ပြန်ဖို့ ပြင် အဲလိုဌာနမျိုး နေပြည်တော် ရုံးတွေမှာရှိပါသလား-- အရင်ကရုံးမှာတောင် အိပ်ခဲ့ ရပါတယ် -- ဒါလည်းဆင့်ကဲ ဆင့်ကဲ ဖြစ်လာတာပါ-- အကြောက်တရား ကရင်ထဲမှာရှိနေလေတော့ ဘယ်သူမှမလှန်ရဲဘူး-- စစ်အာဏာရှင်အကျိုးဆက် က ယနေ့အရပ်သားအစိုးရလက်ထက်ထိပါလာနေပါလား-- 
အခုရုံးပိတ်ရက် ၁၀ ရက်အော်ကြပြီ အစိုးရအဖွဲ့ ထဲမှာလည်းဝန်ုထမ်းဘဝ ကတက်လာသူတွေတော့ ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်--

No comments: