Saturday, March 11, 2017

လူနှင့်ခရေဇီ

မောင်တိုင်ပင်အသက်က ၇ ထိပ်စီးရောက်ဖို့၁နှစ်အလိုမှာရောက်နေပြီ--တည်တည်တန့်တန့်နဲ့ ဘဝကိုဖြတ်သန်းခဲ့တာလည်းဆယ်စုနှစ် ၃ စုလောက်ကျော်ခဲ့ပြီ--ဒီနေရာမှာ မောင်တိုင်ပင်ငယ်စဉ်ဘဝကဘာတွေရူးသွတ်ခဲ့ပါ
လိမ့်ဆိုတာထိုင်စဉ်းစားနေမိတယ် --ဒီကနေ့ဒီအချိန်ထိ မောင်တိုင်ပင်လုပ်ချင်ရာကိုမလုပ်ရဘူး--လိုချင်တာလည်းမရခဲ့ဘူး--ဘာပဲလုပ်လုပ်အခက်အခဲတွေအများကြီးရင်ဆိုင်ပြီးမှ လိုချင်တာရခဲ့တယ် --အောင်မြင်သင့်သလောက်အောင်မြင်ခဲ့တယ် -- နောက်ပိုင်းလူကြီးပိုင်းရောက်တော့အစပထမ မှာအခက်အခဲတွေ စိန်ခေါ်မှုတွေ နဲ့ရင်ဆိုင်ရရင်လည်းသိပ်မမှုတော့ဘူး--ကိုယ့်ကိုကိုယ်ယုံကြည်မှုတက်လာတာပေါ့--
ကားဆိုရင်မောင်တိုင်ပင် ကရေဇီး အဖြစ်ဆုံးက Mini Cooper အခုထိအရူးထဆုံး--အင်္ဂလန်မှာ ပညာတော်သင်သွားတုံးက Mini Cooper များမြင်ရင်မနေနိုင်ဘူး--ဓါတ်ပုံရိုက်တာပဲ--အဲဒီအချိန်က Austin Mini Cooper ဂျာမန် BMW လက်ထဲမရောက်သေးဘူး-- အခုနောက်ပိုင်း model တွေက BMW လက်ထဲရောက်ပြီးမှ ထုတ်တာ-- သူငယ် ချင်းတွေထဲက ဂျီအုန်း ကmini စီးသေးတယ်--မောင်တိုင်ပင်ကတော့ ရသေ့စိတ်ဖြေ VW beetle ပဲစီး နိုင်ခဲ့တယ်--စလုံးမှာ Mini Cooper မြင်ရင်အနားသွားကပ်ကြည့်တာပဲ--ကိုယ့်မှာငွေရှိရင်တော့စီးချင်တာပေါ့--ဒါကခရေးဇီးတစ်ခု--
နောက်ခရေဇီးက radio control aero modelling -- စဉ်းစားကြည့်တော့ မောင်တိုင်ပင်တို့ ခေတ်ကဘယ်လောက်ရဖို့ ခက်သလဲဆိုရင်-- ဆရာဦးထူးမြင့် (ယောက်ဖတစ်ဝမ်းကွဲ) လည်းစလုံးမှာ aero modelling ခရေးဇီးတစ်ယောက်လို့ ကြားဘူးတယ် -- အခုတော့ ခရေးဇီးဖြစ်သေးလားတော့မသိဘူး--အရင်ကလူကြီးတစ်ယောက်က သားတွေအတွက် aero modelling တစ်ခုဝယ် လာပေးဖို့ ဒေါ်လာ ပေးလိုက်တော့ နန်နင်း မှာ မြန်မာတရုတ်တစ်ယောက်ကတဆင့် aero modelling မတည်ဆောက်ရသေးတာဝယ်ခဲ့ပေးဘူးတယ်-- အပြန်လေဆိပ်မှာ အကောက်ခွန် ပြဿနာမဖြစ်အောင် ကြိုတင် လုပ်ထားရတယ်-- အင်ဂျင်သေးသေးလေး plug ကလည်းသေးသေးလေးတွေ -- အရုပ်တွေမှန်သမျှ ဂွမ်ဂျိုး မှာထုတ် လုပ်တော့ အယ့်ဒီ လှမ်းမှာရတာ-- ကိုယ်ပိုင်လေယာဉ် တစ်စီးလောက်ဝယ်သွားချင်လိုက်တာ--တစ်ဖက်မှာ သမီးပညာရေးက ရှိနေသေးတော့ စိတ်လျှော့ရတယ် အဲဒီအချိန်တုံးက သံလျှင်ဖက်မှာ လွှတ်ကွင်းရှိတယ်-- ခလေးတွေတော့ သွားလွှတ်ကြတယ်နဲ့ တူတယ်-- အခုတော့ Facebook မှာ အသင်းဝင်ပြီး သူတို့တင်တဲ့ ဗီဒီယို နဲ့ ပဲစိတ်ဖြေရတယ်-- You tube ကနေလည်း စကေး မော်ဒယ် လေပျံတွေ လွှတ်တာ မကြာခဏကြည့် ရတယ် -- တခါတလေ စဉ်းစားမိတယ် ဒီအရွယ် ငါဘယ်သူမှလည်းကြည့်စရာ မလိုတော့ ဘူး drone ဖြစ်ဖြစ် RC aero modelling ဖြစ်ဖြစ် ငွေ ၄-၅-၆ သိန်းအကုန်ခံပြီး hobby နောက် လိုက်ရင်ကောင်းမလားလို့ စဉ်းစားမိသား--
ဒီအရွယ်ရောက်တော့ တရားအလုပ်မလုပ်ပဲ ငယ်စဉ်က ခရေးဇီး ဖြစ်တာတွေလုပ်ဖို့ က ကျန်းမာရေးကောင်းရမယ်-- ငွေရှိရမယ်--အဲတော့ ကိုယ့်အတွက်ကျန်မဲ့ တရားဘာဝနာ အလုပ် ပဲကောင်းပါတယ်လေ---

No comments: