Saturday, March 11, 2017

စွန့်ဦးတီထွင် entrepreneurs

Facebook ဆိုတာကိုယ့် ဝေါ ပေါ်မှာကြိုက်တာလည်းရေး --သူများတွေတင်ထားတာတွေကိုလည်းဖတ်--နားထောင် အဲဒီလို interactionလုပ်လို့ရလို့ လူကြိုက်များကြတာနဲ့တူတယ်နော်--
ကိုအောင်ဝင်းရဲ 7 days TV ကတင်တဲ့ turning point ကိုနားထောင်ရင်းခေါင်းထဲမှာအတွေးတစ်ခုပေါ်လာတယ်--ဘဝတစ်လျှောက်မှာကြုံခဲ့ရတဲ့ ဆုံးရှုံးမှုတွေဟာအမှန်တကယ်တော့ဆုံးရှုံးမှုတွေမဟုတ်ဘူး--သင်္ခမ်းစာlessons တွေဖြစ်တယ်--အလုပ်တစ်ခုလုပ်ရင် creditability ကိုယ့်အပေါ်ယုံကြည်မှုဟာအရေးကြီးတယ်--ကိုယ့်အပေါ်ယုံကြည်မှုရှိရင်ကိုယ့်မှာ ငွေရင်းက၁၀၀၀ပဲရှိအုံး ကိုယ့်ကိုယုံကြည်သူတွေဆီက သိန်း၁၀၀ လည်းရနိုင်တယ် သိန်း ၁၀၀၀၀ လည်းရနိုင်တယ်ဆိုတဲ့ သဘောပါပဲ-- ဒါဟာ entrepreneurship စိတ်ဓါတ်ပဲ--အလုပ်ကိုသူများယုံကြည်အောင်လုပ်ကိုင်မယ်--တစ်နပ်စားမလုပ်ဘူးဆိုတဲ့ စိတ်ဓါတ်ပါပဲ-- ဦးနုလက်ထက်က Export Services Ltd က အန်ကယ်ဦးထွန်းမြင့်ကလည်းဒီသဘောဆန်ဆန်ပြောဘူးတယ်--ဦးနေဝင်းနိုပ်စက်လို့entrepreneur တွေနိုင်ငံခြားတွေထွက်သွားကြတော့ ဦးထွန်းမြင့်လည်းစင်ကာပူရောက်သွားတယ် -- ကမ္ဘာအနှံ business လုပ်ပြီး မြန်မာပြည်သံယောစဉ်နဲ့ ခဏလာလည်တော့ သူပြောတာလေးတစ်ခု ခေါင်းထဲကဘယ်တော့ မှမထွက်ဘူး--" အန်ကယ်တို့ ကဘဏ်ထဲမှာရှိတဲ့ ပိုက်ဆံ အန်ကယ် တို့ ပိုက်ဆံလို့ မှတ်ယူထားတာ-- ဘာလုပ်ချင်တယ်သာပြောလိုက်ဘဏ်က အန်ကယ်တို့ကိုယုံပြီးသား-- ငွေဘယ်လောက်လိုလို ထုတ်ပေးမှာပဲ " အန်ကယ်ဦးထွန်းမြင့် ကလည်းလုပ်ငန်းရှင်တွေအတွက် creditability အကြောင်းပြောသွားတာပဲ--လူငယ်တွေကိုပြောချင်တာက တစ်နပ်စားဉာဏ်နဲ့ မလုပ်ကြပါနဲ့ --လုပ်ငန်းလုပ်တဲ့ အခါယုံကြည်မှု ရှိအောင်လုပ်ကြပါလို့ ပြောချင်တာပါ--
မောင်တိုင်ပင်တို့ကသူ့ ကျွန်ခံရမဲ့ ဇာတာပါတော့ ကိုအောင်ဝင်းတို့ လိုစိတ်ဓါတ်မျိုးမရှိခဲ့ ကြဘူး--ကိုယ့်မှာမိဘကလည်းအစိုးရဝန်ထမ်း--ကုန်သည်မျိုးရိုးလည်းမဟုတ်-စီးပွားရေးလုပ်ဖို့ -ငွေရင်းကလည်း ကိုယ့်မှာ မရှိ--ဒါနဲ့ပဲအစိုးရအလုပ်ထဲဝင်--ပင်စင်ယူ-- ကိုယ့်ဘဝကိုပြန်သုံးသပ်တော့ ငယ်စဉ်က entrepreneurship စိတ်ဓါတ်မှကိုယ့်မှာမရှိခဲ့တာပဲ-- ကြွေးတင်မှာလည်းအရမ်းကြောက်--အမှန်တော့ ငွေရင်းမရှိလည်း မှန်မှန်ကန်ကန်သာလုပ်-- ကိုယ့်ကိုအကြွေးပေးမဲ့ သူတွေကပေါ်လာမှာပါပဲ--ဒီနေ့ စီးပွားရေး ကဏ္ဍမှာအတော်အသင့်အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေနောက်ကြောင်းကိုပြန်ကြည့်ရင် entrepreneurship စိတ်ဓါတ်နဲ့တည်ဆောက်လာတာဖြစ်ပါတယ်-- ဦးထွန်းမြင့်ပြောသလို ဘဏ်မှာရှိတဲ့ ပိုက်ဆံ ကိုယ့် ပိုက်ဆံဖြစ်အောင် business plan အပေါ်အခြေခံငွေချေးတဲ့ စနစ်တွေလည်းပြောင်းလဲဖို့ကောင်းနေပါပြီ--တကယ်တော့ လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတွေဟာတနည်းတစ်ဖုံနဲ့ သူဋ္ဌေးဖြစ် လာကြတာပါ


No comments: