Sunday, September 11, 2016

နိုင်ငံရေးသမားနဲ့ ဗျူရိုကရက်

ဒီဂျီ -- ဒီဒီဂျီ-- အတွင်းဝန်တွေသင်တန်းတက်ကြတုံးက အတွေးမခေါ်အမျှော်အမြင်ရှိကြတဲ့ လူကြီးတွေကသူတို့အတွေ့ အကြုံလျှောက်လှမ်းခဲ့တဲ့ လမ်းတစ်လျှောက်မှာတွေ့ ခဲ့ကြုံခဲ့တာတွေကိုဆွေးနွေးပို့ ချခဲ့တာဖြစ်တယ်လို့ အရင်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဦးတင်နိုင်သိန်းကပြောဘူးတယ်--

တစ်နေ့က စင်ကာပူမှာသင်တန်းတက်ဖို့ ရောက်နေတဲ့ DICA DG နဲ့တူတူမိတ်ဟောင်းဆွေဟောင်းတွေနဲ့ ရှန်ပိန်လေးစုပ်ကြရင်း ရောက်တတ်ရာရာလေပန်းကြတာပေါ့--DG ကစင်ကာပူ Public Service College မှာ Leadership for governance program သင်တန်းလာတက်တာဖြစ်ကြောင်း--သင်တန်းက စင်ကာပူအ
တွေ့ အကြုံတွေကို သက်ဆိုင်တာဝန်ရှိသူတွေကိုယ်တိုင်သူတို့ ဘာအမှားတွေလုပ်ခဲ့တယ်--ဘာတွေကိုကျော်လွှားလုပ်ဆောင် နိုင်ခဲ့တယ်--Housing Development Board, Singapore Transport, Singapore Education, Trade and Industry,EconomicDevelopment Board စတဲ့ ဒီကနေ့ စင်ကာပူ ကို ဦးဆောင်နေတဲ့ institutions က leaders တွေရဲ့အတွေ့ အကြုံတွေကိုပြန်လည်မျှဝေဆွေးနွေးတာဖြစ်လို့ ဒီဂျီ ကသူ့အနေနဲ့ ဒီသင်တန်းတက်ခွင့်ရခဲ့တာအတော်ကျေနပ်ကြောင်းပြောပြပါတယ်

https://www.cscollege.gov.sg
--
မောင်တိုင်ပင်အနေနဲ့ နောက်အနှစ်လောက်ငယ်လို့ ရရင်ငယ်ချင်ပြီး ကိုအောင်နိုင်ဦးကိုတောင်မနာလိုဖြစ်မိတယ်--ဘာကြောင့်လဲဆိုတော့ စင်ကာပူဖွံ့ ဖြိုးတိုးတက်လာမှုအပေါ်တော်တော်စိတ်ဝင်စားပြီး ဒါမျိုးသင်တန်းတွေတက်ခွင့်ကြုံ ရင်တက်ခွင့်ရချင်ပါတယ်--သူငယ်ချင်းဉာဏ်ဝင်းရွှေတစ်ခါတစ်ရံဖိတ်လို့ ဒေါက်တာမြင့်စိုးနဲ့အလ္လာပသလ္လာပပြောခွင့်ရခဲ့ရင်ဆရာကြီးဆီက သူတို့ခေတ်အခါက လုပ်ခဲ့ကိုင်ခဲ့ကြတာတွေကို ပြန်လည်ကြားနာခွင့်ရခဲ့ ရင်အင်မတန်အကျိုးရှိပါတယ်--(ဒေါက်တာမြင့်စိုးဆိုတာ မစ္စတာလီကွမ်ယူလက်ထက်ကတည်းက အာဏာရှင်နေဝင်းနဲ့ အဆင်မပြေဖြစ်လို့ စင်ကာပူပြောင်းနေတဲ့ မြန်မာဥပဒေပညာရှင်ပါ)

အတွင်းဝန်တွေ--ဒီဂျီတွေ-- ဒီဒီဂျီတွေဟာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် vision ရှိဖို့အရေးကြီးပါတယ်--အဲဒီ vision ဟာလည်းခေတ်ကာလအလိုက်ပြောင်းလဲဖို့ လိုအပ်တယ်--

အစိုးရသစ်ရဲ့အုပ်ချုပ်မှုကိုတစ်စေ့တစ်စောင်းကြည့်လိုက်ရင် အရင်ကသူတို့အတိုက်အခံလုပ်ခဲ့ကြလို့လားမသိဘူး--အရာရာကိုသူတို့လုပ်ကြကိုင်ကြတွေးကြခေါ်ကြတဲ့အခါအတိုက်အခံလုပ်ခဲ့တဲ့အရှိန်မကုန်သေးလို့လားမသိဘူး--အစိုးရလိုမစဉ်းစားကြဘူး--အဲတော့ vision ပျောက်နေတဲ့ ဗျူရိုကရက်တွေနဲ့ အတိုက်အခံစိတ်ဝင်နေတဲ့ အစိုးရတာဝန်ရှိသူတွေအကြားမှာ ကျုပ်တို့ ပြည်သူတွေအနေနဲ့ ဝေဖန်ပြန်ရင်လည်းကိုယ်တင်ခဲ့တဲ့အစိုးရ ဆိုပြီးလက်သန်းကိုပဲပြန်ပြန်ကြည့်မိနေရပါတော့တယ်---

No comments: