Sunday, September 11, 2016
ဘာမှလုပ်ဖို့မရှိရင်မုံဟင်းခါးရောင်းမယ်
ဒီတစ်ခေါက်ရန်ကုန်ပြန်သွားတော့ဆရာသမားတစ်ယောက်ကစကားပြောကြရအောင်ဆိုပြီးထမင်းစား
ဖိတ်ပါတယ်။ ရောက်ရောက်ချင်းမာကြောင်းသာကြောင်းနှုတ်ဆက်ကြပြီးဆရာသမားက " ခင်ဗျားတို့ မုံ့ ဟင်းခါးမရောင်ရသေးပါဘူးဗျာ " လို့ ပြောလိုက်တော့အားလုံးကဝိုင်းရီကြတယ်။ ဒီစကားကတော့ကျနော်တို့ အချင်းချင်းကြားမှာပြောစမှတ်တစ်ခုအဖြစ်ရှိနေပါတယ်။ကျနော်တို့ အစိုးရအလုပ်ကပင်စင်ယူပြီးကတည်းကစိတ်တူကိုယ်တူတွေဝန်ထမ်းတွေစုပြီး Trade in Service လုပ်ငန်းလုပ်ကြမယ်ဗျာဆိုပြီးကုမ္ပဏီလေးတစ်ခုထောင်ခဲ့ပါတယ်။စမ်းတဝါးဝါးနဲ့ ပထမပိုင်းမှာကောင်းနိုးရာရာတွေလုပ်ခဲ့ကြတာအောင်မြင်တာလည်းရှိသလိုရှုံးတာတွေလည်းရှိပါတယ်။
နောက်ဆုံးတော့ ရင်းနှီးမြုပ်နှံဖို့ လာတဲ့နိုင်ငံခြားကုမ္ပဏီတွေကိုပြည်တွင်းမှာကုမ္ပဏီထောင်တဲ့ကိစ္စတွေ၊ဖက်စပ်လုပ်လိုတဲ့ကုမ္ပဏီတွေ၊အဆိုပါကုမ္ပဏီတွေကMIC ကိုရင်းနှီးမြုပ်နှံဖို့အတွက်အဆိုပြုလွှာတင်တဲ့ကိစ္စတွေမှာပါဝင်ဆောင်ရွက်ပေးတဲ့ business consultant ဝန်ဆောင်မှုလုပ်ငန်းကိုဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။အဲဒီလိုလုပ်ကိုင်တဲ့အခါ နိုင်ငံခြားကုမ္ပဏီမပြောနဲ့ ဝန်ဆောင်မှုလုပ်ပေးတဲ့ မောင်တိုင်ပင်တို့ ကုမ္ပဏီမှာလည်းအခက်အခဲတွေအများကြီးကြုံတွေ့ ခဲ့ရပါတယ်။အဲတော့ ကမ္ဘာဘဏ် doing business rating မှာမြန်မာ က အဆင့်၁၇၆မှာရှိနေတော့ အကယ်၍များ အဆင့် ၆ လောက်များ မလေးရှားလိုရောက်သွားရင်မောင်တိုင်ပင်တို့ ကုမ္ပဏီခမျာ မှာလုပ်စားစရာလုပ်ကွက်မရှိတော့မှာ မိုလို့ အလုပ်ပြောင်းပြီး မုံဟင်းခါးဆိုင်ဖွင့်မယ်ဆိုပြီး MIC အတွင်းရေးမှုး ဒီဂျီ ကြီးကိုနောက်ပြောင်နေကြပါ။ သူလည်းအဆင့်တက်လာအောင်လုပ်တော့လုပ်တာပါပဲ။ဒါပေမဲ့ဖြစ်မလာသေးတော့ ဆရာသမားကတွေ့ တွေ့ ချင်းမုံ့ ဟင်းခါးမရောင်းရသေးပါဘူးဗျာ လို့ နောက် လိုက်တာပါ။
တကယ်တော့ကျနော်တို့ ဟာအစိုးရအပြောင်းအလဲမှာ မုံ့ ဟင်းခါးရောင်းကြဖို့ တကယ်ပြင်ဆင်ခဲ့ကြပါတယ်။တကယ်ပဲ investment environment ဟာသိသိသာသာကြီးပြောင်းလဲတိုးတက်သွားလိမ့်မယ်လို့ ထင်ထားခဲ့ကြပါတယ်။ဒါပေမဲ့ ထင်သလိုမဖြစ်လာတော့ကိုယ့်အတွက်တင်မကတော့ဘူးနိုင်ငံအတွက်ပါစိုးရိမ်လာခဲ့ပါတယ်။ဒီနေ့ စီးပွားရှင် ဆိုတဲ့ website တစ်ခုမှာရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ဦးသန်းလွင်ဆိုသူက ပိုစ့်တစ်ခုတင်လာပါတယ်။
https://www.facebook.com/seebwarshin/posts/812392198896552:0
သူတင်ပြချက်ကတော့ MIC မှာတင်ပြကြတဲ့အခါလုပ်ရတဲ့အလုပ်တွေဟာအင်မတန်မှလက်ပေါက်စိပ်
ပြီးတွက်ရချက်ရတာတွေ လိုလည်းမလိုလည်း တင်ပြရတာတွေများတဲ့အကြောင်း အကျဉ်းချုပ်ပြောလို့ 
စင်ကာပူ EDB တို့ မှာလုပ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ့် top brass လူငယ်တွေ--နိုင်ငံတကာနဲ့ ယှဉ်
နိုင်ကြတယ်။ outward looking ပဲ။ အင်တာနေရှင်နယ်မှာ ကိုယ်နိုင်ငံထဲ လာစေချင်တဲ့ သူကိုထွက်
ခေါ်တယ်၊မက်လုံးတွေပေးတယ်၊ဆွဲဆောင်ကြတယ်။အရင်အစိုးရလက်ထက်ကအားလုံးကြားလိုက်ကြမှာပါ။ ဗီယက်နမ်ရောက်သွားတဲ့ က ကြီးကုမ္ပဏီတစ်ခု သတင်း-- အားလုံးလာပါလာပါ လုပ်ချင်နေတဲ့ ကုမ္ပဏီ--infrastructure တွေအားလုံးလုပ်ပေးမယ်--လာကွာဆိုပြီး ဖင်မ  ခေါ်ရင်ရောက်လာပြီပေါ့-- သူလာတဲ့ အတွက် ဘာ pros and cons တွေရှိသလဲ-- ဘယ်သူမှ မသုံးသပ်ကြဘူး။ သိတယ်။ မလုပ်ကြတာ၊ မလုပ်ရဲကြတာ။
ကြားနေရတာကတော့ အရင်လေးလပါတ်က investment ပမာဏ က ဇီးရိုးလောက် နီးနီးပဲ တဲ့ ။အခုလည်း မပြန်လာခင်ကပဏာမစီစစ်ချက် အစည်းအဝေးမှာတင်စရာ proposal မရှိဘူး တဲ့--စိုးရိမ်စရာအမှတ်တစ်ခုပါပဲ။ ဘာကြောင့်ဒီလိုဖြစ်လဲဆိုတာ လုပ်ငန်းပရိုစီဂျာ ကိုပြန်လည်သုံးသပ်ဖို့ တော့ လိုပြီဗျနော်- အခုထိုင်း၊စင်ကာပူ စတဲ့ နိုင်ငံတွေက လုပ်ငန်းရှင်က စိတ်ဝင်စားမှုကိုပြကြတယ်။ သူတို့  လုပ်ချင်တာကို ရံဖန်ရံခါ ယတိပြတ် ရမယ်ကွာ လို့ မပြောရဲ ဘူး။ ဝန်ကြီးဌာန အဆင့်အထိ စနည်းနာကြည့်ရတယ်။ သေချာမှ အလုပ်လက်ခံရဲတယ်။  ရံဖန်ရံခါ ဝန်ကြီးဌာနရောက်မှ ပေါ်လစီပြောင်းသွားလို့ မရတော့ ရင် quotation အတိုင်းပြန်အမ်းရတယ်။ နိုင်ငံခြားသားလုပ်ငန်းရှင်က အချိန်ကုန်တာ နှမျောတယ်။ မြန်မာမှာ မလုပ်ရလည်း အခြားနိုင်ငံသွားလုပ်လို့ ရတာပဲ။ အခုတိုင်းဒေသကြီး အစိုးရတွေအနေနဲ့ သူတို့ တိုင်းဒေသကြီးထဲမှာရင်းနှီးမြုပ်နှံနိုင်တဲ့အခွင့်အလန်းတွေကိုပြုစုထားဖို့ ကောင်းပါတယ်။ အခုစီးပွားရေးမူဝါဒ ၁၂ ရပ်လည်းထွက်လာပြီ။ မူဝါဒအလိုက် tactics တွေ strategies  တွေ plan of action တွေ ကို မိမိ တိုင်းဒေသကြီးတွေအလိုက်အသေးစိပ်ပြန်လည် ပြုစုရေးဆွဲထားနိုင်ရင်အဆင်သင့်လေးဖြစ်နေတော့ ခူးခပ်စားယုံပဲလေ--မြင်တာတွေ့ တာ လေးတွေပြောပြတာပါ။ ဆရာကြီးလုပ်ချင်စိတ်မရှိပါဘူး။
No comments: