Sunday, September 11, 2016

သစ်သီးဝလံဈေးကွက်

တစ်ခါတုံးက Singapore Oracle ကsoftware engineer တစ်ယောက်နဲ့ မိတ်ဖြစ်ဆွေဖြစ်စကားစမြည်ပြောကြတုံးက သူ့ညီအစ်ကိုတွေက စင်ကာပူ  က super market တွေဖြစ်တဲ့ NTUC Fair Price, Giant, Cold Storage, Sim song တို့ကို fruits and vegetables တွေလက်ကားသွင်းတဲ့အလုပ်လုပ်တာတစ်နှစ်ပတ်လုံးလုပ်ငန်း turn over ကဒေါ်လာသန်းချီရှိတယ် တဲ့-- စလုံးတွေက မလေးရှားကGentling highlands မှာမြေငှားပြီးရာသီ သီးနှံတွေတစ်နှစ်ပတ်လုံး စိုက်ပြီး စင်ကာပူကိုသွင်းတယ်တဲ့။ဒီ business ကကောင်းတော့ ထိုင်းဖက်ကိုတောင်ခြေဦးလှည့် လုပ်နေတယ်တဲ့။ စင်ကာပူကိုသွင်းတဲ့ ထိုင်းဆန်တွေကိုစလုံးတွေပဲထိုင်းမှာသွားစိုက်ပြီး ထိုင်း brand တွေနဲ့ ပြန်သွင်းနေတာ လို့သိရတယ်။

အဲတုံးက ဘပြောင်လက်ထက်တိုင်းပြည်ကတောင်လိုလိုမြောက်လိုလို--မြန်မာပြည်မှကောလာထုတ်လုပ်ရင်ရမလား--ခရီးဝေးတော့ သယ်ယူစရိတ်တွေကုန်ကျတာတော့ ရှိနိုင်တယ်။တခြားမှာ မရနိုင်တာတွေလာထုတ်လုပ်လို့ရတာပဲလို့ -- အဲဒီတုံးကစိန်တလုံးသရက်သီက မပေါက်သေးဘူး။ ဖီးကြမ်းငှက်ပျောသီးရှိတယ်ကွာ။ ထောပါတ်သီးမျိုးကောင်းတွေရှိတယ်။ဂရေ့ ဖရုသီး၊ မာလကာသီး၊ ဟင်းသီးဟင်းရွက်ဆိုရင် မိုယ်းတွင်း ဆောင်းတွင်း ရာသီ သီးနှံတွေ အများကြီရှိတယ်။ မင်းတို့ကငွေအား နည်းပညာပေးရင်ကောင်းကောင်းစိုက်ပြီး တင်ပို့ လိုရနိုင်တာပေါ့။ စိုက်ပျိုးရေးဖက်မှာ အလားအလာကောင်းတွေရှိသလို စိန်ခေါ်မှုတွေလည်းအများကြီးရှိတာပဲ။ မင်းတို့ကအဆက်အသွယ်ကောင်းတော့ တခြားနိုင်ငံထိ တင်ပို့ ချင်တင်ပို့ နိုင်မယ် လို့ဆွေးနွေးလိုက်တယ်။ အဲဒီမောင်နဲ့ ပြန်တွေ့ချင်လိုက်တာ--အခုဆို အလားအလာတွေကကောင်းမှ ကောင်း---

No comments: