မြေးလေးကတစ်နှစ်နဲ့ ၃လရှိပြီ။မိုင်ပေါင်းများစွာကွာဝေး တဲ့ စင်ကာပူမှာ နေပေမဲ့ globalization ခေတ်ကြီးထဲမှာ သူလေးနဲ့စကားပြောချင်ရင်ဖြစ်စေ၊သူ့ လှုပ်ရှားမှုလေးတွေမြင် ချင်ရင်ဖြစ်စေ၊ အလွယ်လေးပဲ။ ငွေတော့ လိုတာပေါ့လေ။ အိမ်မှာ ADSL တတ်ထားတော့စာရေးသူအဖို့ မပျင်းတော့ဘူး။ အင်တာနက်မှာ အကြောင်းအရာအမျိုး မျိုး ကို ကြိုက်တာရွေးဖတ် လို့ ရတယ်။တချို့စာတွေ ကို pdf လုပ်၊ google search မှာ
pdf copy ကိုရှာ၊မဖတ်အားသေးရင် ipad ထဲက i-book မှာ သိမ်းထား လိုက်ယုံပဲ။ ရုံးသွားတုံးကားပေါ်မှာ
ဖြစ်ဖြစ်၊အစည်းအဝေးလူစုံအောင်စောင့်နေတုံးဖြစ်ဖြစ် i pad ကို ထုတ်ဖတ်နေယုံပဲ။ သိပ်အဆင်ပြေပါတယ်။
စာရေးသူက အချိန်တိကျတယ်၊တိကျမှ လည်း ကြိုက်တယ်။ လူကြီးတစ်ယောက်လုပ်နေပြီး အချိန် မတိကျရင် အဒီ လူကြီး ကို လုံးဝမကြိုက်တော့ဘူး။ဒါပေမဲ့အများနဲ့ ဆိုတော့ သည်းခံရတယ်ဗျာ။ အခု i pad ပေါ်လာတော့ အစည်းအဝေးနောက်ကျနေရင် သိမ်းထားတဲ့ စာတွေ ထုတ်ဖတ်လိုက်တော့တာပါပဲ။ ကဲရေးရင်းရေးရင်း လိုရင်း ကိုမရောက်တော့ဘူး။
စနေနေ့ ဆိုရင် သူအမေဆီ မြေးလေး အိပ်နေလား ဆော့နေလား g talk ကနေမေး လိုက်တာပဲ။ ဆက်
သွယ်ရေးကတော့တော်တော်ကောင်းနေပါပြီ။ ဆော့နေတယ်ဆိုရင် skype လို့ ရိုက် လိုက်ပြီး သူအမေ
အခေါ်ကိုစောင့်နေတော့တာပဲ။ skype က၀င် လာရင်သူတို့အိပ်ခန်း ကိုတွေ့နေရပြီ။ သူအမေက ခေါ် လိုက်ရင် ဒီကောင်ပြေးဝင်လာပြီး အမေ ရဲ့ ကွန်ပျူတာ ကိုတပုံးပုံးရိုက်တော့တာပါပဲ။ မြေးလေးမျက်နှာ ကအရမ်းချိုတယ်။
ပြောင်စပ်စပ်နဲ့၊စကားမပြောသေးပေမဲ့ ကွန်ပျူတာပေါ်မှာ အဖိုးပုံပေါ် လာရင် fly kiss ပေးတယ်။ ၀ူးဝါးဝူးဝါးနဲ့ အဖိုးကိုစိတ်ရရင်ပြောတယ်။အဲဒီအချိန်မှာ အမေ က တဟဲ့ဟဲ့ နဲ့ပေါ့။ ကွန်ပျူတာ ကီး ဘုတ် ကို တအား ရိုက်တာလေ။အမေနဲ့ ဆိုတကျက်ကျက်ပါပဲ။
ကွန်ပျူတာစကရင်ပေါ်မှာသူလှုပ်ရှားမှုတွေကို တွေ့နေရတယ်လေ။တအိမ်တည်းအတူနေသလိုပါပဲ။ အပြင်ပြေးထွက်သွား လိုက်၊ ကွန်ပျူတာ ရှေ့ မှာ ရပ်၊ ကီး ဘုတ် ကို ရိုက် လိုက်နဲ့ မိုင်ပေါင်းမြောက်များစွာ ကွာဝေးနေပါလားဆိုတာ ကိုမေ့နေပြီး မြေးနဲ့အော်ဟစ် ပြောဆို နေတာကိုများ ဘေးအိမ်တွေကကြားရင် ဒီ လူကြီး ရူးနေသလား လို့တောင် ထင်မလားမသိဘူး။ သိပ္ပံပညာ ရဲ့အသီး အပွင့်တွေ ကို စာရေးသူ ခံစားနေရတာလေ။ စာရေးသူတို့ မြန်မာပြည်ကြီး မတိုးတက် သေးပါ လို့ဆိုနိုင်ပေမဲ့ ငွေရှိနေ
ရင်တော့ခံစားရနိုင်ပါသေးတယ်။ မြေးနဲ့ ၁၅- ၂၀ မိနစ်လောက်ပြောပြီး ရင်တော့ အင်တာနက်ပြတ်ချင်ပြတ်၊ အဖိုး
လည်းမောတာကြောင့် skype ကို ရပ် လိုက်ပါတယ်။ အပတ်စဉ်စနေနေ့မှာ အားရင် လုပ်နေကြပါ။
ဒါနဲ့ဆက်စပ်ပြီးဒီကနေ့ podcast တစ် ခုကိုကြည့်မိပါတယ်။စိတ်ရဲ့ ငြိမ်းချမ်းမှုကိုရှာတဲ့ အခါ ခလေးတွေနဲ့အ
ချိန်တော်တော်များများနေသင့်ကြောင်း၊ ခလေးတွေရဲ့ စိတ်တွေဟာများသောအားဖြင့် လောဘ၊ဒေါသ၊
မောဟတွေ ကင်းစင်တာကြောင့် ကိုယ်လည်း ခလေး တွေနဲ့တူတူနေတာများရင် ခလေးရဲ့ ဖြူစင်တဲ့စိတ်တွေကိုယ့် ဆီကူးစက် လာပြီးကိုယ်စိတ် လည်းဖြူစင်စိတ်ချမ်းသာနိုင်ကြောင်း ကို ဟောထားတာပါ။ ဒါပေမဲ့ ခလေးတွေ လည်း လောဘ၊ဒေါသ၊မောဟ တွေ တဖြည်းဖြည်း ဖြစ် လာတာအရွယ် တစ် ခုထိဆိုပါတော့။
တကယ်တော့ နှစ်ပေါင်း၃၀ကျော်အ စိုးရအလုပ် လုပ်ပြီး ပင်စင်ယူပြီးခါမှ လော ဘကြောင့် ငါ အလုပ် လုပ်နေရပါ လား၊ မြေးရှိရာ ကို ပြောင်းနေ၊ မြေး ကို ပဲအချိန်ပြည့် ထိန်းနေရင်၊ အတူနေနေရင် ငါ့ စိတ်တွေ လည်း ဖြူစဉ် လောဘကင်း ကင်းနေ နိုင် လိမ့် မလား လို့တွေးမိပါတယ်။ အမှန်တော့ ခန္ဒာရှိနေသရွေ့တော့
လောဘ၊ဒေါသ၊မောဟတွေရှိနေအုံးမှာ ပါ။