ဒီတစ်ခေါက်နေပြည်တော်သွားရတာတော်တော်ပင်ပမ်းတယ်။ အသွားရောအပြန်ကော မိုး ကသည်းထန်စွာရွာနေတော့ တစ်ချက်မှ မမှေးရဲဘူး။ မျက်လုံး၎ လုံး နဲ့ကားမောင်းရတာလေ။ ယာဉ်မောင်း ကမောင်း တာဆိုပေမဲ့ ကိုယ် ဘယ် မှေး ရဲမလဲ။ mileage ကျော်သွားရင် “ဟေ့ ၁၀၀ ပဲမောင်း “ဆိုပြီး အရှိန်လျှော့ခိုင်းရတယ်။ လမ်းညွှန်ဆိုင်းဘုတ် ကိုကြည့်မောင်း ခိုင်းရတယ်။ မိုးတွေသည်းပြီး ညပိုင်းမှောင်နေတော့ ကြောင်မျက်လုံးတွေလမ်းမအလယ်မှာ တတ် ထားတာ တော်တော်ကိုထောက်အကူရတယ်။ ကြောင်မျက်လုံးတွေကြည့်
ပြီး အလိုက်သင့် လေးမောင်းရတယ်။ သတိပေးဆိုင်းဘုတ်တွေ၊အရှိန်လျှော့ ခိုင်းတဲ့ သတိပေး ဆိုင်းဘုတ်တွေဟာ ညအမှောင်မှာ မောင်းတဲ့ အခါတော်တော် အသုံးဝင်ပါတယ်။ တစ် ခုပဲကြောက် ရတယ်။လမ်းဘေးမချပဲ မီး မပါ ဘာမပါနဲ့ ကားရပ်ထားမှာ ကိုပဲစိုးရိမ် နေရတယ်။ ဒါကြောင့် လည်း
“ ဘာကြောင့် ရပ်ရပ် လမ်းဘေး ချရပ် “ သတိပေးဆိုင်း ဘုတ်တွေတွေ့နေတာပဲ။
ဒီတစ်ခေါက်လမ်းမပေါ်မှာ မော်တော်ဆိုင်ကယ်တွေ မတွေ့သေးဘူး လို့ ပြော မလို့ရှိ နေတုံးမော်တော်ဆိုင်ကယ်တစ်စီးမီးထွန်းပြီး လမ်းပြောင်း ပြန် မောင်း လာတာတွေ့ ရပါလေရော။ အဲဒီအချိန် မှာယာဉ်မောင်း ကကားတ စ်စီး ကိုကျော်တက် ဖို့ လုပ်နေတုံးတွေ့ တာဆိုတော့” ဟေ့ဟေ့ ဆိုင် ကယ် လမ်းပြောင်းပြန်စီး လာတယ်” လို့ အော်ရသေးတယ်။ တောသားတွေ တောကလှည်း လမ်းကြောင်းမှာ ဆိုင်ကယ်တွေကိုယ်စီ စီး နေ လို့ရပေမဲ့လမ်းမကြီးပေါ်တက်လာကာစည်းမရှိ ကမ်း မရှိ တော လမ်း လို စီးနေလို့ ကတော့ အမြန် မောင်း လာတဲ့ ယာဉ်တွေ အတွက်အန္တာရယ်အတော်များပါတယ်။ ဆိုင်ကယ်သိမ်းမယ် ဆိုတာတောင် ဂရုမစိုက်၊ မကြောက်မရွံ စီး နေကြဆဲပါပဲ။
အုပ်ချုပ်ရေးမြို့တော် နေပြည်တော် သို တစ် လ ၂ခေါက်လောက် တော့ အသွားအပြန်ရောက်ပါတယ်။ဒါ
ပေမဲ့ နေပြည်တော် မှာ နေရတာလုံးဝမပျော်ပါ။ တစ်ခါတစ်ရံ အပင်ပမ်းခံပြီး နေ့ချင်းပြန်တောင်သွားခဲ့
တယ်။ ဘာကြောင်ဒီ လိုဖြစ်ရတာလဲ လို့ အကြိမ်ကြိမ်စဉ်းစားမိတယ်။ ကျနော် တို့်နိုင်ငံမှာ မြေတွေပေါတော့ စက်ရုံဆောက်ရင်ဖြစ်စေ၊ ရုံးဆောက်ရင်ဖြစ်စေ ကျယ်ကျယ်ဝန်းဝန်း နဲ့မြေဧရိယာတော်တော်များများ ကို
ယူလေ့ရှိတယ်။ ယခုလည်းနေပြည်တော်ရပ်ကွက်တွေဟာ အတော် ကို ဧရိယာကျယ်ဝန်းတဲ့ အတွက် တစ်နေရာနှုင် တစ်နေရာတော်တော် လှမ်းပါတယ်။ ၀န်ထမ်းတွေနေတဲ့ လူနေတဲ့ရပ်ကွက်မှာလည်း ပါသင့်တဲ့ infrastructure တွေသိပ်မ တွေ့ ရဘူး။ လူနေတိုက်ခန်းတွေ အနီးအနားမှာ 7 eleven လိုဆိုင်မျိုး၊ hawker centres လိုမျိုး၊ စာအုပ် vedio အငှား ဆိုင် လိုမျိုး၊ မရှိဘူး။poly clinic လိုဆေးခန်း မရှိဘူး။ ကော်ဖီ လက် ဘက် ရည်ဆိုင်တွေတော့ အခုနည်း နည်း ပါးပါးတွေ့ လာရတတ်တယ်။
စင်ကာပူမှာ HDB apartment တွေဆောက် ရင် wet market တို့ ထမင်းဟင်းစားစရာမျိုးစုံ ဆိုင်တို့ အသေးအမွှား လူသုံးကုန် ရောင်းတဲ့ ဆိုင် တို့ ပါပြီသားပဲ။ကျန်းမာရေးအတွက် poly clinic လိုဆေး ခန်း မျိုး ကမနီးမဝေးမှာ ရှိပြီးသားပါ။ အခုတော့စဆောက် ခါစက လူနေတိုက်ခန်းပဲ
ဆောက် ပေးပြီး နေသူတွေအဆင်ပြေစေရေးအတွက် လူမှုရေးနဲ့ သက် ဆိုင်တဲ့ လုပ်ငန်းတွေ၊ဆိုင်တွေ တစ် ခုမှ မပါဘူး။ စောစောပိုင်းက၀န်ထမ်း မိသားစုထဲက ဆိုင်ဖွင့် ရောင်း ရင်တောင် လိုက် ပိတ် ခိုင်း အရေးယူ ခိုင်းတယ် လို့ အရင် ကကြားရပါတယ်။ ဆေးခန်းဖွင့် ရင်တောင် အရေးယူတယ် လို့ ကြား ရပါတယ်။ စဉ်းစားကထဲကိုကတပ်ရင်း တွေကမိသားစုအိမ်ယာလိုင်းတွေ လိုစဉ်း စားခဲ့ တယ် နဲ့ တူပါတယ်။ဘဏ် က ကိုယ်တပည့် တွေတွေ့တော့ ဘယ်မှ လည်းသွားစရာမရှိဘူး၊ ရုံးပိတ်တုံး စားစရာဝယ်မထားမိရင် တစ်ပတ်လုံးငတ်ပေတော့ပဲတဲ့။ သွားရပြန် ရင် လည်း ဘတ်စ်ကားကနေရာတကာမရောက် ခရီးစရိတ် ကအတော်ထောင်းတယ်တဲ့။ တစ်ခုကောင်းတာတော့ ရှိတယ်။ လိုင်း၂၀ လောက်ရှိတဲ့ TV လိုင်းတွေကြောင့် ရုံးနားရက် အတွင်း အိမ်မှာအပမ်းဖြေစရာတစ်ခုတော့ ရှိနေပါတယ်။
စာရေးသူရောက်ဘူးတဲ့ နိုင်ငံခြား က administrative capital တစ် ခုအကြောင်းပြော ချင်ပါတယ်။တောင်အာဖရိကနိုင်ငံက ပီတိုရီးယားမြို့တော်ပါ။ ဂျိုဘတ် လို့ခေါ်တဲ့ ဂျိုဟန်နာဘတ်စ် မြို့ ကတော့ စီးပွားရေး မြို့တော်ပါ။ လူရှုပ်တွေလည်း တော်တော်များများရှိတယ်။ ပီတိုရီးယား နဲ့ ဂျို ဘတ် ကိုဆက်သွယ် ဖေါက် ထားတဲ့ highway လမ်းမ ကြီးကတော်တော်ကောင်းပါတယ်။ လမ်းမှာတောတောတော့ မရှိဘူး။ နွားစားကျက် grazing land တွေပဲရှိတယ်။ဒါပေမဲ့တော်တော် ကိုရှုခင်းကောင်း ပါတယ်၊ တောင် တက်တောင်ဆင်းတွေ နဲ့ ရန်ကုန် နေပြည်တော် လမ်း လိုပါပဲ။
ဂျိုဘတ် ကနေပီတိုရီးယား ကိုသွားတာ Sunday နေ့ ရုံး ပိတ်ရက်ပါ။ မြို့ တော် ကို ရောက် တော့ လမ်းတွေအား လုံးဟာကားတွေ ရှင်း လင်းနေတာပါပဲ။ သိရတာကတော့ ပီတိုရီးယား ကို တောင်အာဖရိကသား ကြေးရေတတ်တွေက အပန်းဖြေ မြို့တော်လိုသဘော ထားပြီး second homes တွေတော်တော်များများရှိကြပါတယ်။ weekends တွေမှာ လာအနားယူကြပါတယ်။ ဒီ လိုပုံစံမျိုးခပ်ဆန်ဆန် ဆွစ်ဇာလန်မှာ ကြုံဘူးတယ်။ ဂျနီဗာ ကို အိမ်နီး ချင်း
သြစ်တြေးလျား ကလာအလုပ်ကြတာများတယ်။ weekend ဆိုရင်အိမ်ပြန်ကြကော၊ ဒါကြောင့် weekend ဆိုရင် ဂျနီဗာ မှာ tourists နဲ့ ဆိုင် တွေပဲ ရှိတယ် လို့ ပြော စမှတ်ရှိ ကြပါတယ်။
ပီတိုရီးယားကိုကြည့် ရင်နေချင့်စဖွယ် မြို့တော်ပါ။နေပြည်တော် လည်း အဲဒီ လိုပါပဲ။ ဒါပေမဲ့ နေပြည်တော်မှာ နေသူတွေ ဘာကြောင့် မပျော် ကြတာလဲ။ entertainment မရှိ လို့ လည်း မဟုတ်ဘူး။ထိုက်သင့် သလောက် တော့ အခုဆို ရှိနေတာပဲလေ၊ တစ်ချို့ ကတည်းရခိုရတာ အရမ်း ကသီ လင်တနိုင်တယ် လို့ပြောကြတယ်။ ဈေးကြီး တဲ့ဟိုတယ်တွေတော့ အများကြီး ပါ။ ဈေးသင့်တင့် တဲ့ စည်ပင် ဟိုတယ်
ဆိုတာလဲတည်း ချင်တဲ့ သူကများနေပြီး သိတယ်မဟုတ် လား ဆိုင်ရာ ပိုင် ရာတွေ နဲ့ ဆိုတော့ booking လုပ် ရတာကအစ ခက်ပါတယ်။နောက်တစ် ခုက public transport ပါ။ ၂၀၀၆ ကစရေတွက် ရင်၅နှစ် နီး ပါးရှိပါပြီ။
နေရာတိုင်း ကို ဈေး သက်သက်သာသာနဲ့ရောက်မဲ့ ဘတ်စ်ကားလိုင်းတွေအတော်နည်း တာကို တွေ့ ရပါတယ်။ ညနေ ၆ နာရီကျော်သွား ရင် ရုံးတွေဖက်သွားတဲ့ လမ်းမှာခြောက်ကပ်နေတာပဲ တွေ့ ရမယ်။ တခါတရံစဉ်းစားမိတယ်၊ ရန်ကုန် စီးပွားရေးမြို့တော်မှာ ဆိုင်ကယ် မစီး ရဘူး ကန့် သတ်ထားတယ်။ နေပြည်တော်မှာ တော့ ဆိုင် ကယ်တွေ ပေါမှ ပေါ ပါပဲ။ ဆိုင်ကယ် မစီး ရ လို့ များ လုပ် ချ လိုက် လို့ ကတော့ ကိစ္စကြီး ငယ် နဲ့ လာ တဲ့ သူတွေ အတွက် Transport လုံးဝ ခက်သွားမှာ ပါ။ဆိုင်ကယ်တွေရှိနေ လို့ အသွားအလာ အဆင်ပြေနေကြတာပါ။ အရင် ကပုလင်းနဲ့ ပုံးထောင်ထားတဲ့ private gas station တွေ မတွေ့ ဘူး၊ အခုတွေ့ နေရပြီ။
စာရေးသူတိုငယ်စဉ် RIT မှာ အဆောင်နေတော့ လူတစ်ယောက်နှစ်ယောက် ပဲပါ လည်း ဘတ်စ်ကားတွေကအင်းစိန်လမ်းပေါ်မှာ ပြေးဆွဲ နေကြပါတယ်။အခုအဲဒီအစဉ်အလာပျောက်သွားပြီး အုံနာခရဖို့ ပဲအသဲအသန်မောင်းနေကြတာဆိုတော့ ရန် ကုန်မြို့ က ဘတ်စ် ကားစပယ်ယာအပေါက် ဆိုးတာဟာဟိုး လေးတကျော်ကျော်ပါပဲ။ RIT ကျောင်း သားဘ၀ က နောက်ဆုံး ကားနဲ့ အချိန် ကိုက် ပြီးမြေနီကုန်းမှာ အချိုစုံမကြာခဏဘတ်စ်ကားစီးသွားစားတဲ့ အခါ နောက်ကျတဲ့ အတွက် နောက် ဆုံးကား လွတ် ရင် ကြို့ ကုန်း အထိခြေလျှင်ပြန် ကြရတာ ကို သူငယ် ချင်း တို့ သတိရနေကြမှာ ပါ။
လူမရှိ လည်းအရှုံးခံပြေးဆွဲမဲ့ ဘတ်စ် ကားနေပြည်တော် မှာ လိုပါတယ်။ ဇိမ်ခံလို့ ရနိုင်တဲ့ အိမ်ကြီးအိမ်ကောင်းတွေ ဆောက်ပြီး မြန်မာ tycoons တွေ လာနေ လို့ ရပါတယ်။ ဒါပေမဲ့ ရှိတယ် လို့ မကြား မိသေးပါဘူး။ လူလတ်တန်းစားတွေစား နိုင်တဲ့ Food court လိုဟာမျိုးရုံးတွေနား မှာ ရှိနေဖို့ လိုပါတယ်။ မြန်မာ
ပြည်မှာ သက် သာဆိုင်ဆိုတာဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိရှိနေဆဲဖြစ်ပါတယ်။ အခု လည်း ရှိနေပါတယ်။သက်လည်းမသက်သာပါဘူး။ စားတာတော့ နည်း နည်း နဲ့ ကောင်းကောင်းစားချင် ကြမှာ ပါ။
တစ်ခုသတိထားမိတာရှိတယ်။ မြန်မာမိသားစု တွေဟာ ထမင်းဟင်းချက်စားရတာ ကို တန် ဖိုးထားကြတယ်။ dining out လုပ်ချင် ရင် နေ့ တိုင်း လုပ် နိုင်ဖို့ အခြေအနေတွေပေးပေမဲ့ နိုင်ငံခြား မှာ တောင် မြန်မာ တွေ အိမ် မှာ ပဲချက် စားကြတာများပါတယ်။ထမင်းချိုင့် ရုံး ကို ယူတာလည်း မြန်မာ မှာ ပဲများမယ် ထင်တယ်။ Food နဲ့ ပတ် သက် ပြီးရွေးချယ်စရာများများ မရှိတာ၊ ဈေး နှုန်း ကြီး မြင့် တာ၊ လခ ကနည်းတာ ဒါတွေဟာ ကအဓိကအချက်တွေ ဖြစ် လိမ့် မယ် ထင်တယ်။
နေပြည်တော် က အပြန်မှာ ညစာ စား ဖို့ ကအချိန် ကစောနေသေးပေမဲ့ ၁၁၅ မိုင်က Feel Express မှာ ၀င်စားဖို့ ဆုံးဖြတ် လိုက် ပါတယ်။ညစာ ကို light food ပဲစားနေကြဆိုတော့ ပြည် ထမင်း သုတ် မှာ လိုက်တယ်။ပြည် ထမင်း သုတ်နဲ့ လိုက် ဖက်မဲ့ ကြက်သွန် ခရမ်းချဉ်သီး အချဉ် ရယ် ဆတ်သားခြောက် ရယ် ထပ်မှာ ပါတယ်။
တော်တော် စားကောင်း တော့ တစ်ပုဂံကုန်သွားရောပဲ။ Feel Express က တခြား ဆိုင်တွေနဲ့ ယှဉ် ရင် တော်တော်ရောင်း ကောင်း ပုံရပါတယ်။ Food variety လည်း စုံစုံလင်လင် ရှိပံ့ ရပါတယ်။ အိမ်သာ ကိုတော့ စပယ် ရှယ် လုပ်ထားပါတယ်။မြန်မာ တွေ ညစ်ညစ် ပတ်ပတ်နေတတ် တာ ကို Feel ပိုင် ရှင် ကသတိပြုမိ ပုံရပါတယ်။ အိမ်သာတွေကိုဝန်ထမ်း ၂ ယောက် လောက် ကပင် တိုင် ရှင်း နေတာတွေ့ ရပါတယ်။ အပြန် ခရီး မှာ မှောင် လည်းမှောင် မိုး ကလည်း သဲသဲမဲမဲ ရွာနေတော့ ထမင်း လုံးဘယ်စီဝံ့မလဲ၊ မျက် လုံး ကို ဖြဲကြည့် ပြီး ယာဉ်မောင်း ကို ကူညီမောင်းပေး လာတာ ရန်ကုန် နား နီးမှ ပဲ မိုး ကတိတ် သွားတော့တယ်။