ကားဆရာကြီးWHOနဲ့ ဒီကနေ့ရဲလတ်သားမင်္ဂလာဆောင်မှာ တွေ့ပါတယ်။ကိုယ့်blog မှာရေးထားတဲ့အကြောင်းတွေဟာtrue facts နဲ့ fiction ပေါင်းစပ်
ရေးတာဖြစ်တဲ့အကြောင်းပြောပြီးပါပြီ။ ရေဒီယေတာမပါတဲ့ဖြစ်စဉ်အမှန်ကဒီလိုဒီလိုပါ။ မျောက်ဖြူစိုးမြင့်ကိုWHO ကကားတစ်စီးဝယ်ပေးလိုက်တယ်။မျောက်ဖြူကလည်းအဲဒီကားကိုသူတစ်ခါမှ မမောင်းဘူး၊ဒရိုင်ဘာနဲ့ပဲလွှဲထားတာ။ မျောက်ဖြူစီးနေတုံးထုံးစံအတိုင်းပွဲစားက၀ယ်ရောင်းကိုမြတ်နေပြီပြန်ရောင်း
ဖို့ဆွယ်တာပေါ့။ မျောက်ဖြူကလည်းကားကိုကြည့်တောင်မကြည့်ဘူး။WHOကိုရောင်းခိုင်းလိုက်တော့WHO ကပဲဦးစီးရောင်းရတာပေါ့။ ၀ယ်သူကိုစက်နှိုးပြနေတုံး heat ကတက်လာကော။ဒါနဲ့ WHO ကရှေ့ဖုံးဖွင့် မသိမသာကြည့်တော့ air con ရေဒီယေတာကပန်ကာမရှိတော့ဘူး။ဒါနဲ့စက်ပိတ်ထားလိုက်ပြီး မနက်ကြငွေချေကြမယ်ဆိုပြီး trick လုပ်ရတော့တာပေါ့။
ဝယ်သူကိုမနက်ကြထပ်သွားပြတော့ air con ကိုခဏပဲဖွင့်ပြတယ်။ဒါနဲ့ငွေချေပြီးတော့မျောက်ဖြူကိုပြောပြလိုက်တယ်။မျောက်ဖြူစစ်ကြည့်တော့သူဒရိုင်ဘာက
ပန်ကာတစ်လုံးဖြုတ်ရောင်းစားထားတာ။ ဒါပေမဲ့ WHO ကပွဲစားပီပီအရွှီးကောင်းတော့ ဘာပြသာနာမှမဖြစ်ပဲအရောင်းအ၀ယ်တဲ့သွားတယ်။မျောက်ဖြူလည်း mech 72 အုပ်စုကို one table ကျွေးလိုက်ရတယ်။(မောင်တို်င်ပင်မပါပါ) အဲတော့ WHO ဟာMech 72 သူငယ်ချင်းတွေအတွက် ကားနဲ့ပတ်သက်လာရင်အားကိုးရပါတယ်။ သူဆီကသတင်းရတာကတော့ကားနဲ့ပတ်သက်လာရင်အလိမ်အကောက်တွေများနေကြောင်းသတိပေးပါတယ်။ ဘတ်တာတွေ ကိုကြည့် ရင် အသိခင်မင်းရင်းနှီးသူတွေကပဲဘတ်တာဖြစ်တဲ့အတွက်သတိထားဖို့သူကပြောပါတယ်။ တစိမ်းဆိုရင်လူတွေကသတိထားပေမဲ့ လူရင်းဆိုရင်နဲနဲပေါ့တာပေါ့လေ။ ယခုနေမှာ ကားဈေးကခန့်မှန်းရတော်တော်ခက်တယ်၊ သူကအမှန်အကန်ရောင်းဈေးကိုပြောနိုင်တယ်။အ၀ယ်မှားနိုင်တယ်လေ၊ကားဈေးကကမောက်ကမဖြစ်နေတာမဟုတ်လား။
ဒါနဲ့မင်္ဂလာဆောင်မှာမြဘူးနဲ့ဘဏ်တွေအကြောင်းပြောဖြစ်ကြတယ်။ တစ်နေ့က UMFCCI က Programme Advisor Prof: Lex Rieffel နဲ့ဆွေးနွေးခဲ့တာတွေ
သူကိုပြောပြလိုက်တယ်။လွန်ခဲ့တဲ့အပတ်က ဗဟိုဘဏ်ကအတိုးနှုန်းချလိုက်တဲ့အကြောင်းရောက်သွားတော့ ဒုတိယအကြိမ် ရုတ်တရက်ချလိုက်တာဟာ မောင်တိုင်ပင်တို့လို ဘဏ်လုပ်ငန်းချည်းသက်သက်လုပ်တဲ့သူတွေအဖို့တော်တော်ကသောင်းကနင်းဖြစ်သွားပါတယ်။ မတ်လ၃၁အထိလုပ်ငန်းprojection ကဆွဲ
ထားပြီးသားဆိုတော့ အကုန်ပြန်တွက်ချက်လျာထားရတာပေါ့။ အတိုးနှုန်းလျော့သွားတာကောင်းတယ်၊ အာရှဒေသအတွင်းမှာ မြန်မာနိုင်ငံကအတိုးနှုန်းများနေ
တယ်။သူများနိုင်ငံကငွေတွေလာထည့်ထားနိုင်တယ်ဆိုတဲ့အယူအဆကြောင့်လည်းအတိုးနှုန်းလျော့ တာကိုကြိုက်ကြတာပါ။ဒါကယေဘူယျအမြင်-- Prof Lex
Rieffel ကတော့အဲလိုမမြင်ဘူး။ တရုတ်စီးပွားရေးတရှိန် ထိုး တိုးတက်လာတဲ့အချိန်၊ဗီယက်နမ် စီးပွားရေးတက်လာတဲ့ အချိန် တွေတုံးက ဘဏ်အတိုးနှုန်းက high interest rate မှာပါတဲ့။ high interest rate မှာ စီးပွားရေးတိုးတက်အောင်လုပ် ဖို့အခြေအနေအပေးဆုံးပဲတဲ့။ ဒါသူပြောသွားတာ။ ဘဏ်တွေကိုကြည့်ရင်အပ်ငွေ deposit တွေများနေပြီးလူတွေဟာ စီးပွားရေးမလုပ်တော့ပဲဘဏ်တွေမှာ လာ လာ ထားနေတာကြောင့် ဘဏ်တိုးတွေ
လျှော့ပစ်ရတယ်လို့ ဆိုပါတယ်။မောင်တိုင်ပင်တို့ဘဏ်ဟာ အပ်ငွေ deposit ရအောင်မနည်းကိုစည်းရုံးနေရပါတယ်။ loan deposit ratio က ၈၀% ထက်မကျော်ရတဲ့အတွက် ခိုင်မာတဲ့ချေးငွေဖြစ်သော်လည်း မချေးနိုင်ပါဘူး ခင်ဗျာ။ ။အဲတော့ deposit အပ်ငွေကိုချိန်ဆနေရပါတယ်။ မောင်တိုင်ပင် တို့ကဘဏ် လုပ်ငန်းကိုပဲသက်သက်လုပ်တာလေ။
Prof Lex Rieffel ကိုမောင်တိုင်ပင်အလွန်သိချင်တဲ့ မေးခွန်းတစ်ခု မေး ခဲ့ပါ တယ်။ အမေရိကမှာ ဖြစ်စေ၊ ဂျပန်မှာ ဖြစ်စေ၊ ဥရောပမှာ ဖြစ်စေ၊ အာဆီယံမှာ ဖြစ်စေ banker တွေဟာတခြားစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ပါသလား၊ သို့မဟုတ် စီးပွားရေးလုပ်နေသူတွေဟာ banker ဖြစ်ခွင်ရရှိပါသလားဆိုတဲ့မေး
ခွန်းလေးပါ။ သူအဖြေက ရှင်းပါတယ် ” No ” တဲ့။ banker တွေကို တခြားစီးပွားရေးလုပ်ကိုင်ခွင့် မပြုပါဘူးတဲ့။ banker ဟာ banker only ပါပဲ။ မောင်တိုင်ပင် ဟာဒီအချက်နဲ့ပတ်သက်ပြီး ယ ပက်လက် တစ်ယောက်ကိုမေးကြည့်တော့လည်းဟုတ်ပါတယ်တဲ့။ မောင်တိုင်ပင်တို့ နိုင်ငံမှာဘာကြောင့်စီး
ပွားရေးသမားတွေ banker ဖြစ်လာပါသလဲ ? ဘာကြောင့် အတိုးနှုန်းတွေ နှစ်ကြိမ်ဆက်တိုက်နီးပါး ချ ရပါသလဲ ? မောင်တိုင်ပင် မဖြေနိုင်ပါဘူး၊ Prof Lex Rieffel လည်းမဖြေနိုင်ပါဘူး၊ပုခုံးပဲတွန့်ပြပါတယ်။
HAPPY NEW YEAR !
Saturday, December 31, 2011
Thursday, December 22, 2011
ကားဆရာကြီး WHO
သူငယ်ချင်းသိန်းအောင်ကတော့မောင်တိုင်ပင်တို့အထဲမှာstory tellerပဲ။ဒါကြောင့်စင်ကာပူလာရင်သူနဲ့မ
ပြတ်တွေဖို့ချိန်းရတယ်။ကျောင်းတုံးကသူငယ်ချင်းတွေအကြောင်း၊ထူးခြားတဲ့အဖြစ်အပျက်တွေအကြောင်း
တော်တော်များများမှတ်မိတယ်။လူနံမည်နေရပ်ဒေသအကုန်မှတ်မိနေတယ်။မောင်တိုင်ပင်တို့ထက်ငယ်သေးလိုပေါ့လေ။
မောင်တိုင်ပင်တို့ အရွယ်များရောက်ရင်မိန်းမနံမည်တောင်မေ့မှာသေချာတယ်။ ခုတလောသိန်းအောင် ပြောတဲ့ story
aတွအကြောင်းရေးလိုက်တော့ ဥာဏ်ဝင်းရွှေကFace bookမှာcomment ရေးလာတယ်။
ဒါနဲ့ပြောရအုံးမယ်။ Mech 72 သူငယ်ချင်းတွေ တော်တော်များများက Face book မှာ
account တွေ အသီးသီး ရှိကြတော့အဆက်အသွယ်ကသိပ်မပြတ်ကြဘူး။ဒါကြောင့်မောင်တိုင်ပင်လည်းမိုးလင်းရင်တစ်
ကြိမ်၊ညအိပ်ရာမ၀င်မီတစ်ကြိမ်တော့ Face book ကိုဝင်ကြည့်ဖြစ်တယ်။ စင်ကာပူမှာ ၀န်ကြီးတွေတောင်
Face Book Account ရှိ ကြတယ်။နံမည်ရင်းနဲ့ပဲ။ ရာထူးကြတော့ နိုင်ငံရေးသမား (politician)တဲ့။
ဝန်ကြီး လိုမရေးကြဘူး။
စင်ကာပူမှာတလောကMRT ရထားလိုင်းပျက်သွားတော့နေ့စဉ်ရထားစီးခရီးသည်တွေတော်တော်ဒုက္ခ
ရောက်သွားကြတယ်။စင်ကာပူအတိုင်းအတာနဲ့ပေါ့လေ။ မောင်တိုင်ပင် တို့ အတွက်ကတော့ ပျင်းတောင်
ပျင်းသေး---- စင်ကာပူ Transport Minister Mr Lui Tuck Yew ရဲ့ Face Book ကိုဝင်ကြည့်ဖြစ်တယ်။
ပြည်သူတွေနဲ့သူနဲ့အမေးအဖြေလုပ်ထားကြတယ်။အော်တို့လူကြီးတွေလည်း Face book ၀င်ထားကြရင်
ဘယ်လောက်ကောင်းမလဲလို့တော့စဉ်းစားမိသား--ဒါပေမဲ့ မြန်မာကFace Book users တွေဟာစည်းကမ်းသိပ်
မရှိကြသေးဘူး။ မောင်တိုင်ပင်လည်း ဘဏ်ကို Face Book account ယူခိုင်းထားပြီးဝန်ထမ်းတွေကို
account အသီးသီး ဖွင့် ခိုင်းထားတယ်။ Face book ပေါ်မှာကိုယ်ဘဏ်ခွဲအကြောင်းတင်ကြဆွေးနွေးကြဖို့မှာထားတယ်။
MD ဆီလည်းစာရေးလို့ရတယ်။ ၀န်ထမ်းအချင်းချင်းလည်းရေးကြတယ်။ မန္တလေးဆေးကျောင်း က
Rector Prof: Than Winလည်းသူ့ကျောင်းသားတွေနဲ့ Face book မှာအပြန်အလှန်ဖလှုယ်ကြတယ်။
တကယ်အားရဖို့ကောင်းတယ်။
မောင်တိုင်ပင်လည်းဟိုရောက်ဒီရောက်ရောက်ကုန်ပြီ၊လိုရင်းမရောက်တော့ဘူး။ Face Book ပေါ် မှာ
ဥာဏ်ဝင်းရွှေ က WHO ကိုဝမ်နင်ပေးထားတယ်။story teller သိန်းအောင်က မောင်တိုင်ပင်ကို WHO
ရဲ့ stories တွေပြောထားတယ်ဆိုတဲ့အကြောင်းဝမ်နင်ပေးတာပါ။ မောင်တိုင်ပင်ဘယ်လုပ်ရဲပါ့မလဲ။ WHO
ဆိုတာမောင်တိုင်ပင်တို့ Mech 72 ကသူငယ်ချင်းတွေ အားလုံးကလေးစားကြရတဲ့သူ--မော်တော်ကား
နဲ့ပတ်သက်လာရင်ဆရာတစ်ဆူပါပဲ။မောင်တိုင်ပင်တို့ ကားဝယ်ချင်ရင်ဖြစ်ဖြစ် ရောင်းချင်ရင်ဖြစ်ဖြစ် WHO က
ဆရာကြီးပဲ။သူလက်သူ့ခြေအကုန်လွှဲ လို့ ရတယ်။မောင်တိုင်ပင်တောင် စင်ကာပူမလာခင် Myanmar Mini
လေးကိုရောင်းပေးဖို့လွှဲထားခဲ့ရတယ်။သူကိုအားကိုးပြီးဝယ်ရောင်းလုပ်လိုက်ရင် မမြတ်မရှိဘူး။ သူနဲ့ဆက်သွယ်
တဲ့Mech 72 သူငယ်ချင်းတိုင်းမြတ်ကြတာချည်းပဲ။
ဒါလောက်အားကိုးရတဲ့သူငယ်ချင်း၊ကားနဲ့ပတ်သက်ရင် ဘယ်ကားဘယ်လိုအခြေအနေရှိတယ်။ကွက်
ပျောက်ကားလား၊ပြန်ရောင်းရင်အမြန်ထွက်မှာ လား၊ ဘယ်အရောင်ကသခင်ချစ်တယ်ဘယ်အရောင်က
ပြန်ရောင်းရင် အရောင်းသွက်တယ်။သူအကုန်သိတယ်။ဒါမောင်တိုင်ပင် တိုအားလုံးသိထားတာ။
သိန်းအောင်ပြောတာက WHO ကသူစီးဖို့ ကားတစ်စီးဝယ်ရော၊ဘယ်ကားမျိုးလဲတော့ မောင်တိုင်ပင်မသိဘူး၊
ခေတ်မီကားပဲဆိုပါတော့။ ကားကိုသူကတော်တော်ကြိုက်တယ်။ဖင်ပြန်ခေါင်းပြန်
ကြည့်တာပေါ့။ ကားအကြောင်းကို A to Z နားလည်နေတဲ့ဆရာကြီးကိုး။ သိန်းအောင်ပြောတာကတော့
WHO ၀ယ်လိုက်ရော။အိမ်ကိုပြန်မောင်းသွားတော့ အိုကေ ပဲ။အိမ်ရောက်တော့မှ စက်ဖုံးဖွင့်ကြည့်တော့
ရေဒီယေတာ မပါဘူးဖြစ်နေတယ်တဲ့။ ဟ ဘာဖြစ်လို့လဲ၊ ရေဒီယေတာ မပါရင် အင်ဂျင်ပူပြီးဘယ်မောင်း
လို့ရမှာလဲ လို့မေးတော့ အဲကွန်းအတွက်ရေဒီယေတာ၊ သူ မပါတာကိုသူသတိမထားလိုက်မိဘူးတဲ့။အဲတော့
သိန်းအောင်က ကားနဲ့ကျွမ်းကျင်တဲ့ဆရာကြီး အိမ်ရောက်မှ ရေဒီယေတာမပါတာသိလိုက်ရတယ် လို့
မောင်တိုင်ပင် တို့ကိုပြောပြတာပါ။
WHO ရေ--စိတ်မရှိနဲ့ကွာ၊ ငါ mini မရောင်းပေးမှာစိုးလို့ မရေးပဲနေမလို့ ပဲကွာ၊ ဥာဏ်ဝင်းရွှေ ကအတင်း
ရေးခိုင်းနေ လို့--- အားကိုးပါတယ်။နဲနဲ ပဲဖဲ့ တာပါ။
Merry Christmas and A very Happy New Year to you all!

Monday, December 19, 2011
မတွေ့တာကြာပြီကိုး
မောင်တိုင်ပင်တို့အသက်တွေရလာတော့ငယ်သူငယ်ချင်းတွေနဲ့တွေ့ချင်ကြတယ်၊ရှေးဖြစ်ဟောင်းနှောင်းဖြစ်တွေပြောပြီးအသစ်တစ်ခါပြန်ဖြစ်ကာရီကြဟားကြရတယ်၊ဒါတွေဟာလည်းအသက်ရှည်ဆေးတွေပါပဲ။မောင်တိုင်ပင်
စင်ကာပူရောက်တော့ဥာဏ်ဝင်းရွှေကဖုံးဆက်တယ်၊ တို့ဆုံကြမယ်လို့ပြောတော့” လုပ်လေ၊စနေတနင်္ဂနွေ
ဆိုအတော်ပဲ”လို့ပြော လိုက်တယ်။ဒီကြားထဲမြန်မာပြည်ကသိန်းအောင်ပြန်ရောက်လာတော့ဖုံးဆက်ပြန်ရော၊”တိုတစ်တွေတွေ့မယ်၊
ဥာဏ်ဝင်းရွှေနဲ့ပြောထားတယ်” လို့ပြော လိုက်ရတယ်။
၁၇ ရက်နေ့စနေနေ့ Clementi West Coast က hawker centre မှာ ၆း၃၀ မှာ ဆုံကြမယ်လို့ ချိန်း လိုက်ကြတယ်။ ဥာဏ်ဝင်းရွှေ နဲ့ Clementi MRT ဘတ်စ်ဂိတ်မှာ ချိန်းတယ်။၊သိန်းအောင် ကအရင်ရောက်နေတယ်။ ခဏနေတော့ လေကြောင် ကားမောင်းရောက်လာရော။ hawker centre ရောက်တော့သန့်စင် ကိုဖုံးဆက်ရတယ်။၊ နောက်တင်မောင်သန်း လာတယ်။ Oliver ကြီးလှမ်းခေါ်လိုက်တယ်။နောက်ခင်မောင်ဦး( ၀ူဖန်)ပါရောက်ချလာတယ်။ ခင်မောင်ဦး ကရန်ကုန် ကရောက်နေတာ။ ထုံးစံအတိုင်းသန့်စင်က red wine တစ်ပုလင်းယူလာတယ်။ အဲဒီနေ့ က ဘီယာတောင်မ
သောက်ဖြစ်ဘူး။ ဟိုအကြောင်းဒီအကြောင်းရောက်တတ်ရာရာပြောကြရင်းမောင်တိုင်ပင် blog မှာ သိန်းအောင်ကိုဖဲ့ထားတဲ့အကြောင်းရောက်သွာ.တယ်။ ကော်ကြီးကဆဲတာပေါ့၊ ငါ့ boss သာဗမာလိုဖတ်တတ်ရင်ငါအလုပ်ပြုတ်ပြီတဲ့၊တော်တော်သနားသွားတယ်၊ဘာရေးထားလဲဆိုတော့ စင်ကာပူမှာသိန်းအောင်ကနေ့လည် ထမင်းစားချိန်ဆိုရင်east coast လိုနေရာမျိုးသွား၊ အလားကားရတဲ့ ကားပတ်ကင်မှာ ကားထိုးပြီး နေ့ခင်း
တရေးတမောအိပ် တတ်တယ် ဆိုတာလေကြောင်ဥာဏ်ဝင်းရွှေကပြောပြတာဆိုတော့ ကော်ကြီး က ဒီအပတ်ငါသူ့အကြောင်းတွေပြော
မယ်၊ မင်းသေချာရေးရမယ်ဆိုပြီးပြောတယ်။ကော်ကြီးပြောတဲ့ ဇာတ်လမ်းလေးကဒီလို---
သူငယ်ချင်းတို့မှတ်မိကြမှာပါ။တို့ RIT အောင်သိပ္ဗံ စားသောက်ဆိုင်ပိုင်ရှင်ရဲ့တူမ ပုံ့ပုံ့ ဆိုတဲ့ ၉ တန်းကျောင်သူလေးရှိတယ်။ RIT ကျောင်းသားကြီးတွေက
ကောင်မလေးတော်လှတော့ခလေးပေမဲ့နဲနဲတော့ ကြံကြတာပေါ့လေ။ ကိုယ်တို့သူငယ်ချင်းမောင်ညွန့်ကသင်္ချာသင်ပေးတယ်၊ကြံကြိတ်တဲ့အထဲမှာ
လေကြောင်လည်းပါတယ်။မကြာခဏဆိုင် ကိုအကြောင်းရှာသွား ကောင်မလေးစာလိုက်နိုင်လား၊ငါသင်ပေးမယ်ဘာညာနဲ့ လူကြီးပိုး ပိုးတာပေါ့လေ။ RIT ကျောင်းပြီးသွားတော့ဒီအကြောင်းအရာလေးဟာဇာတ်လမ်းလေးအဖြစ်ကျန်ခဲ့ပေမဲ့ လေကြောင်ရဲ့နှလုံးသားတစ်နေရာမှာတော့ကောင်မလေးက
ပုန်းခိုနေဆဲပဲ။
ဘ၀ဆိုတာဆန်းကျယ်တယ်လေ၊လေကြောင်တစ်ယောက်ဟိုရောက်ဒီရောက်နဲ့အိမ်ထောင်ကျ---သား ၂ ယောက်ရ---တိုင်းတစ်ပါးမှာပဲ
အနာကြေနေတော့ဗမာပြည်ကလွမ်းစရာတွေ၊အသဲနှလုံးဒေါင့်မှာ နေရာပေးထားတဲ့သူတွေကိုမေ့သွားပြီပေါ့။အလုပ်ကပင်စင်ယူပြီးတဲ့နောက်
ပိုင်းဗမာကိုအကြောင်းမရှိအကြောင်းရှာခဏခဏပြန်လာတယ်၊ စင်ကာပူသူသူ့မိန်းမကလည်းဗမာပြည်တုံးကသူ့ဇာတ်လမ်းတွေရှိကောင်းရှိ နိုင် လိမ့်မယ် လို့ထင်ပေမဲ့ကြာလာတော့ လေကြောင် အကြောင်းသိပြီးသိပ်မပြောတော့ဘူး၊ လွှတ် ထား လိုက်တယ်။မြန်မာပြည်ရောက်တုန်းတစ်ရက်တိတ်တိတ်လေး RIT ကိုလွမ်းလို့ဆိုပြီး ကြို့ကုန်းကိုတစ်ယောက်တည်းထွက်လာတယ်။ main assembly hall, 1-3-3 lecture hall,1-2-5 lecture hall တွေ
လျှောက်ကြည့်ပြီးစားသောက်ဆိုင်တွေဖက်ဆင်းလာတယ်။နွေအေးတို့၊ အောင်သိပ္ဗံ တို့တွေ့တာပေါ့။ ငယ်ငယ်တုံးကအချိန်အတော်ဖြုန်းခဲ့တဲ့
စားသောက်ဆိုင်တွေ--အောင်သိပ္ဗံရောက်တော့မမျှော်လင့်ပဲ လေကြောင်တစ်ယောက်ရင်တွေအရမ်းကိုခုန်သွားပြီးအသဲနှလုံးတစ်နေရာမှာ ရှိနေဆဲ ပုံ့ပုံ့လေးကိုသွားတွေ့လိုက်တယ်၊ပုံ့ပုံ့လေးတော့မဟုတ်တော့ဘူး၊ဖက်တီးဘုတ်ပွကြီးပုံ့ပုံ့ဖြစ်နေပြီ။ လေကြောင်လည်းဝမ်းသာအားရနဲ့”ပုံ့ပုံ့မဟုတ်လား၊နင်ငါကိုမှတ်မိ လား”လို့မေးလိုက်တော့ကောင်မလေးက ကြောင်ကြည့်နေပြီးခေါင်းခါပြတယ်။
ဒါနဲ့ကောင်မလေးဦးလေးကထွက်လာရော၊ ဥာဏ်ဝင်းရွှေခမျာသူရဲ့ trade mark ပုံစံအတိုင်းလက်တွေကားလိုက်မြှောက်လိုက်နဲ့စကားပြောတော့မှ ပုံ့ပုံ့ က” ဟာမှတ်မိပြီ၊ကိုဥာဏ်ဝင်းရွှေကြီး” လို့ပြောလိုက်တော့တယ်။ ဥာဏ်ဝင်းရွှေမှာ ကိုယ်ပိုင် trade mark ရှိတယ်။စကားပြောရင်လက်ကို
ဘေးကားလိုက်မြှောက်လိုက်နဲ့ အားရပါးရပြောတတ်တယ်။ RIT ကအနှစ်၃၀ကျော်ကွဲကွာသွားတဲ့ လေကြောင်ကိုသူ့ trade mark မြင်မှပဲ ကောင်မလေးက မှတ်မိတော့တယ်။ဒါကဥာဏ်ဝင်းရွှေအကြောင်း ကော်ကြီး သိန်းအောင်ပြောပြတာ။ သူငယ်ချင်းတို့ ---ဒီတခါဥာဏ်ဝင်းရွှေတွေ့ ရင်သတိထားကြည့်ကြ၊ အကျင့်ကမပျောက်သေးဘူး။
အဲဒီနေ့ကထွေရာလေးပါးလျှောက်ပြောလိုက်ကြတာစုံနေတာပါပဲ။ တင်မောင်သန်းကမကျေနပ်ဘူး၊မောင်တိုင်ပင်ပထမနှစ်မှာ
မြန်မာစာtutorialလုပ်တော့ grade 2 ပဲရတယ်၊ မြန်မာစာဆရာဦးတင်ဝင်းက” မျိုးဦးရယ်၊မင်းအဖေကမြန်မာစာပါမောက္ခ၊မင်းလုပ်တာမင်းအဖေတော့မျက်နှာပျက်ပါပြီ” လို့ tutorial မှာပြောတာကိုမရေးလို့တဲ့၊---ရေးလိုက်ပါပြီ မတော်လိုက်ရတဲ့ယောက်ဖကြီးတင်မောင်သန်းရယ်---WHO စကားလုံးနဲ့ ပြောရရင် ဒီအချိန် ရှက်ကြောကပြတ်နေပါပြီ၊ကိုယ်တို့တွေ အများဆုံးကြားရတာကတော့ Oliver ကြီး lecture နားထောင်ရတာပါ၊ Oliver က ကျောင်းတုံးကတင်မောင်သန်းနဲ့ တစ် ခန်းတည်း--အခန်းဖေါ်လေ။ ခင်မောင်ဦး ကိုကောင်းကောင်းဖဲ့တာပေါ့။ခင်မောင်ဦးကရေတပ်က ၀တ်စုံအဖြူနဲ့ဆိုရင် ၀င်းဦးလားမှတ်ရတယ်။ကျောင်းမှာကတည်းနုနုလှလှကြွကြွလေးနေတပ်ထိုင်တတ်တယ်၊ အခုဆုံကြတော့တော်တော်အရင်တွယ်တာပဲ။သူကို Oliver ကဖဲ့ လို့ကောင်းတယ်လေ၊သူအရပ်ဖက်ပြောင်းတော့ မြစ်ဆုံဝန်ကြီးဌာနမှာလုပ်ခဲ့တာကိုး၊သူအဲဒီကပင်စင်ယူခဲ့တာ။
သူငယ်ချင်းတွေတွေ့ချိန်မှာအခြားသူငယ်ချင်းတွေအကြောင်းအချင်းချင်းပြောကြတော့ the world is small ဆိုတာမှန်ပြန်ရော၊ သန့်စင်ယောက်ဖက မောင်တိုင်ပင်မိတ်ဆွေ သော်တာပုဖြစ်နေရော၊ မောင်တိုင်ပင်နဲ့သော်တာပု က RIT မှာ တင်းနစ်ရိုက်ဖက်--နောက်သူကလေတပ်ထဲရောက်သွားရော။ ရန်ကုန်မှာသော်တာပုနဲ့တွေ့တော့စင်ကာပူမှာသူ့မရီးရှိကြောင်းပဲပြောတော့သတိမထားမိကြဘူး။
Oliver ရဲ့ဒဿနကဆန်းတယ်၊သူအမြဲပြောတာကသူမှာသူခန္ဓာကိုယ်ကမဟုတ်တဲ့ပစ္စည်း ၃ မျိုးရှိတယ်တဲ့၊
မျက်စေ့ lensထည့်ထားတယ်၊နှလုံးသွေးကြောမှာ stant ၂ချောင်းထည့်ထားတယ်၊ pace makerတတ်ထား
တယ်တဲ့၊ သူကြည့်ရတာပုံမှန်လူကောင်း အတိုင်းပါပဲ။အဲဒီနေ့ကည ၁၁ နာရီထိုးမှာအတင်းစကားဖြတ်ခဲ့ကြ
ရတယ်၊
သိန်းအောင်ရေ--ကျေနပ်လိမ့်မယ်ထင်တယ်နော်၊ ကိုယ့် အတွက်ကုန်ကြမ်းတွေရှားပါးလာပြီ၊တွေ့ ကြအုံးမယ်။
Thursday, December 15, 2011
စင်ကာပူလိုဖြစ်ချင်ရင်
သမ္မတကြီးကတော့စင်ကာပူလိုဖြစ်အောင် လုပ် လို့လမ်းညွှန်ထားပြီ။မောင်တိုင်ပင်ဒီတစ်ခေါက်စင်ကာပူ
ရောက်တော့တစ်ခါမှမရောက်ဘူးသေးတဲ့ ICA မှာ long visit သွားလျှောက်တယ်။ စင်ကာပူကိုစာလာသင်
သူတွေအလုပ်လာလုပ်သူတွေမှီခိုသူတွေအကုန်ရောက်ဘူးကြမှာ ပါ။ICA ရဲ့ အရှည်ကThe Immigration and Checkpoints Authority ပါ။
မောင်တိုင်ပင် မြေးဆီလာတိုင်း ဗီဇာလျှောက်လျှောက်နေရတာအလုပ်ရှုပ်လို့
long term multiple journey visa ယူထားလိုက်တာ။
ICAရက်ချိန်းရတဲ့နေ့ အိမ်က ၇း၃၀လောက်ကတည်းကထွက်လာတာ။ICA ရောက်တော့ နံနက် ၈ နာရီ ထိုးခါနီးနေပြီ၊
ရုံးထဲကိုဝင်ဖို့တန်းစီနေတဲ့ လူတန်းကြီးနောက်မှာဝင်စီ လိုက်တယ်။ ၈နာရီ ဒေါင်ကနဲထိုးတာနဲ့ဖွင့် လိုက်တော့တာပါပဲ။
ဘယ်နေ့လာ process လုပ်ချင်တယ်ဆိုတာ on line ကနေကြိုတင်လျှောက်လွှာတင်ရတယ်။ ကိုယ်ကြိုက်တဲ့
ရက်မရရင်အဆင်ပြေတဲ့ ရက်ကိုယူလိုက်လို့ရတယ်။ ရက်ချိန်းကော အချိန်ကော ပေးထားတယ်၊မှီအောင်သွားရတယ်။မိမိသ
ဘောနဲ့ကောက်သွားလို့မရဘူး။ print ထုတ်ထားတဲ့စာရွက်ပါယူသွားရတယ်။ထိပ်မှာ ဘားကုတ် ပါတယ်။
ရုံးထဲဝင်သွားပြီးဘားကုတ်ကို scan လုပ်လိုက်ရင်ဘယ်ကောင်တာသွားရမယ်၊အဲဒီနေ့အတွက် serial no
ကဘယ်လောက်ဆိုတာတခါတည်းထွက်လာတယ်။ကောင်တာက ၂၇၊ အထပ်က ၄ ထပ်၊ အဲတော့ ၄ ထပ်ကိုတက်သွားပြီး
ကိုယ်ဆက်သွယ်ရမဲ့ကောင်တာရှေ့ကခုံတွေမှာသွားထိုင်နေလိုက်တယ်။ ခဏနေတော့သာယာနာပျော်ဖွယ်ကောင်းတဲ့ chime
သံထွက်လာတဲ့အခါကြည့်လိုက်တော့ ကိုယ့်နံပါတ် ကမှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီ။ကောင်တာ ၂၇ ရှေ့က
ကုလားထိုင်မှာထိုင်ပြီးဂွတ်မောနင်းလုပ် လိုက်တယ်။ကိုယ့်ကိုပေးထားတဲ့စာရွက်မှာဘာယူလာရမလဲဆိုတာ
check list ရှိပြီးသား၊ ကိုယ့်အပိုင်းကတစ်ခုပြီးတစ်ခုထုတ်ပေးလိုက်တာ အိုကေ ပဲ။sponsor ဖြစ်တဲ့သမီးအ
ပိုင်းရောက်တော့ရွာတွေလည်ကုန်ရော။CPF, income tax, appointment letter,bank statement
အကုန်ပြရတယ်။ယောက်ျားရဲ့ CPF ကအစ bank statement အဆုံးအကုန်ပြရတယ်။မူရင်းနဲ့တိုက် ကော်ပီ
တွေယူထားနဲ့ ရှင်းလိုက်တာ သမီး CPF ရောက်တော့ ရှုပ်တော့တာပါပဲ။ သမီးကအလုပ်အမျိုးမျိုးပြောင်းထားတော့ရှုပ်တယ်၊
သူကိုနားလည်အောင်ရှင်းပြရတယ်။ကိုယ်ဝန်ယူထားပြီး self employed အလုပ်လုပ်ထားတော့ CPF မှာအလုပ်ရှင်ကနေသွင်းထား
တာမဟုတ် သူဖါသာသွင်းတာကိုး၊၊သားမက် appointment letter မှာ တခါရစ်တယ်။ သမီး ကအလုပ်ကနေ ရောက်လာပြီးလာရှင်းတော့ပြီးသွားရော။
သားမက်ကတော့ appointment letter က confidential သူ့အတွက်ပေးတာမျိုးဖြစ်နေတယ်။ Letter head နဲ့ signed sealed
လုပ်ထားတာမျိုးဖြစ်ရမယ်ဆိုတော့ သားမက်ဆီဆက်ရတော့တာပေါ့။ သားမက်ကလည်းဒီကနေ့မှ အလုပ်ကများနေတော့မလာနိုင်ဘူး၊ဒါနဲ့
သူအလုပ်ရှိတဲ့ IMMကိုပြေးရရော။ ကောင်တာကစာရေးကသူ ၂ နာရီ - ၃ နာရီအထိ lunch break ယူမယ်ဆိုတော့အ
ပြေးအလွှားသွားရတာ။
မြန်မာပါတဲ့။ဒီလောက်အရစ်ခံရတာလောက်တော့ ပျင်းတောင်ပျင်းသေး။ မောင်တိုင်ပင်လည်း lunch ကို
ကမန်းကတမ်းစားပြီး ICA ကိုပြန်လာပေမဲ့ယူလာတဲ့စာရွက် ကိုကော်ပီ ကကူးရအုံးမယ်။ ICA building ထဲ
ရောက်တော့ photo copy ကူးတဲ့နေရာမှာ လူအယောက် ၂၀ လောက်တန်းစီနေတော့ မောင်တိုင်ပင် ခမျာ
”သေဟ” ဆိုပြီး နဖူးရိုက် လိုက်မိတော့တယ်။ နာရီက ၂၀ မိနစ်ပဲကျန်တော့တယ်။ တစ်ယောက် ၁မိနစ်ပဲထားအုံးဘယ်
လိုမှ မမီတော့ဘူး လို့စိတ်လျော့လိုက်မိတော့တယ်။ အမယ် လူတန်းကြီးရွေ့တာက
တော်တော်မြန်သား။ ကူးတဲ့စက်ရှေ့ရောက်တော့ ဒါကြောင့် မြန်တာကိုးလို့သိ လိုက်ရတော့တယ်။ ကူးမဲ့စာ
ရွက်ကိုပင်ဖြုတ်၊ အပေါ် က tray မှာ စီထပ်လိုက်တယ်၊ print ကို တစ်ရွက် ပဲ ဆိုရင် ၁ ကိုနှိပ်လိုက်တယ်
။ဗျောကနဲကူးပြီးသားလေးတွေထွက်လာတယ်။ကောင်တာ ၂၇ ရှေ့ရောက်တော့ ၅ မိနစ် လိုသေး၊ စာရေးမလည်း
မြန်မြန်စစ်ပြီး အရာရှိဆီသွားပြတော့ အရာရှိက lunch break ယူသွားတယ်တဲ့။ သေဟဲ့နန္ဒိယ မောင်တိုင်ပင်
စောင့်ပေအုံးတော့ ၃ နာရီ ထိ၊
မောင်တိုင်ပင်လည်းစိတ်ကိုဒုံးဒုံးချပြီးကုလားထိုင်ပေါ်မှာ မိုးကုတ်ဓမ္မံရံသီဆရာတော်ဦးသုနန္ဒရဲ့ တရားခွေ ၁ နာရီလောက်တော့ နာ နိုင်တယ်ဆိုပြီးမှေးနေလိုက်တာပေါ့။ Sydney 2008 နံပါတ် ၁၀ ကိုနားထောင်တရားနာနေလိုက်တာ၊ တရား
သာပြီးသွားတယ်။ ကောင်တာ ၂၇ က စာရေးမ မလေးသူဒေါ်ဂျုနို ကရောက်မလာသေးဘူး။၃နာရီခွဲခါနီး
လောက်တော့ရောက် လာပါတယ်။ထုံးစံအတိုင်း ဟိုလှည့်ဒီလှည့် လုပ်၊ မောင်တိုင်ပင် case ကိုင်ပြီး အရာရှိ
ဆီဝင်သွားပါလေရော။ပြန်ထွက်လာတော့ တခါပြန်စစ်၊သူ့ကောင်တာပေါ်မှာ scanner သေးသေးလေး၊ ဘား
ကုတ်ဖတ်တဲ့ scanner လက်ဗွေနိုပ်တဲ့ စက်၊ကွန်ပျူတာ အကုန်ရှိတယ်။ မောင်တိုင်ပင် on line ကနေရေး
သွင်းထားတဲ့ ကိုယ်ရေးအချက်အလက် ကိုသိချင်ရင် ဘားကုတ် scanner နဲ့တေ့လိုက်ရင် ကွန်ပျူတာ စကရင် မှာ
မောင်တိုင်ပင်အကြောင်းပေါ်နေပြီ။ လိမ်လို့ မရဘူး။မောင်တိုင်ပင်စင်ကာပူ ကို ဘယ်နှစ်ခါက်လောက် ၀င် လိုက် ထွက် လိုက် လုပ်နေသလဲဆိုတာအကုန်ပေါ်နေတယ်။ scanner သေးသေးလေးနဲ့ မောင်တိုင်ပင် ဓါတ်ပုံကို ကူးတယ်၊ပြီးတော့
ဓါတ်ပုံပြန်ပေးတယ်။သွားပေတော့ ICA ရဲ့data base ထဲမှာ မောင်တိုင်ပင် ကိုယ်ရေးရာဇ၀င် ရောက်သွားပြီ။
လက်ဗွေ နိုပ်တာလည်းလက်ကိုမှင်မပေတော့ဘူး၊ စကရင်ပေါ်မှာ လက်မ ကို roll လုပ်လိုက်တာနဲ့ လက်ဗွေကပေါ်သွားပြီကိုး။
၃နာရီ၄၅မိနစ်လောက်မှာ ဒေါ်ဂျူနို က ကောင်တာ ၂၀ကိုသွားပါ။၎း၁၅ မှာ အိုင်စီကတ်ပြားထုတ်ပေးပါ လိမ့်မယ်လို့
ြေ့ပာပြီးမောင်တိုင်ပင် case ဖိုင်ကြီးကိုပေး လိုက်ပါတယ်။ မောင်တိုင်ပင်လည်းရှေ့ မှာပုပု၀၀နီနီဝါ၀ါငယ်ငယ်ကြီးကြီး သူသူငါငါ ကဒ်
ပြားလာထုတ်ကြတာကို မျက်စေ့ဒေါက်ထောက်ပဲကြည့်ပြီးအချိန်ဖြုန်းလိုက် နေလိုက်တော့တယ်။ ၄း၂၀ နာရီလောက်မှ ကိုယ် ကိုခေါ်တယ်။
ကဒ်ပြား ထုတ်ပေးတဲ့ အရာရှိ မ ကဖေါ်ဖေါ်ရွေရွေ ပါပဲ။ “ကဒ်က ၀၀၁ ဆိုတော့ အန်ကယ် ၈ နာရီကရောက်နေတာပဲ
လို့မေးတော့ ဟုတ်တယ် documents နဲ့ပတ်သက်လို့ လိုအပ်ချက်လေးတွေရှိ လို့ လို့ပဲပြော လိုက်တော့တယ်။
၈နာရီကျော်ကျော်စောင့်နေရလို့ အားနာတဲ့သဘော နဲ့ပြောတာထင်ပါတယ်။
အမယ်လေးဒါလေးများ ပျင်းတောင်ပျင်းသေးတယ်လို့ ပြန်ပြောလိုက်ရမှာ။ နာတို့လည်းနင်တို့လိုဖြစ်တော့
မှာ၊-----
သမ္မတကြီးကိုပြောချင်တာကရထားတွေ၊ကားလမ်းတွေ၊ တိုက်တွေတာတွေ၊မိုးပျံတံတားတွေထားပါအုံး၊စင်ကာပူမှာလို ပဲ
၂၄နာရီ အင်တာနက်အချိန်မရွေးရအောင်လုပ်ဖို့ လိုပါတယ်။ပြည်တွင်းမှာအင်တာနက်ဘယ်နေရာမှာမဆိုရအောင်လုပ်ပေးမှခေတ်မီနည်း
ပညာတွေအသုံးချလာနိုင်မှာပါ။ တစ်နေ့ကအာဆီယံအစည်းအဝေးမှာတော့ပြောသွားပါတယ်။ ပြောလိုက်ရင်တော့ မစားရ၀ခမန်းပါ။မြန်မာဆက်သွယ်ရေးကတော့ သြ ချလောက်ပါတယ်။ပညာရှင် လည်းမမွေးထားတတ်၊ပုဂ္ဂလိကဖက်ကလူတွေကို
တခါလာလည်းခိုင်းလိုက်ရင်ဒီလူတွေပဲ၊သူတို့ရဲ့ capacity တွေ performance တွေဘယ်လိုရှိတယ်ဆိုတာ
သိနေပြီပဲ။အင်မတန်စိတ်ပျက်စရာကောင်းတဲ့အခြေအနေမျိုးလေ။ outsourcing ကိုနိုင်ငံခြားကယူမှပဲဒီအပိုင်းတွေမှာ
တက်လာမှာပါ။BHG လို hacker group တွေကရန်တောင်ကောင်းကောင်းမကာကွယ်နိုင်သေး--- IT sector
ကလူတွေခေါ် အလုပ်ရုံဆွေးနွေးပွဲ တစ်ခု လုပ်၊ ငါတို့ နိုင်ငံ ကို စင်ကာပူလိုဖြစ်အောင်လုပ်ချင်တယ်၊
ဘာ လုပ်သင့်သလဲပြောကြ။ အခုတော့မဟုတ်ပေါင်ဗျာ---တခါလာလည်း ဒီလူတွေပဲ၊ cronies တွေပဲ။ အစွမ်းအစရှိတဲ့ လူအသစ်တွေရှာ
ကြပါအုံး လို့ ပဲပြောချင်တယ်။
နောက်တစ်ခုကစင်ကာပူကမြန်မာသံရုံးကို မြန်မာတွေအခွန်ဆောင်ချင်ရင်၊ဘာလုပ်ချင်ချင်
သံရုံးကိုမလာပဲ on line ကလုပ်လို့ ရအောင်လုပ်ခိုင်းပါ။စင်ကာပူလိုဖြစ်ချင်ရင်သူတို့အရင်စမ်းလုပ်ကြည့် ရမှာပါ။
ဒီ စင်ကာပူ network ကြီးထဲမှာ ရှိနေတာ၊ infrastructure ကရှိနေပြီ။ဘာလဲ--သံရုံးက သတင်းအချက်အလက်တွေ ခိုးမှာ စိုး လို့ လား ? ဒါမှမဟုတ်မြန်မာတွေသံရုံးကိုလာရမှ အကြံအဖန် လုပ် လို့ရမှာ မို့ လား ? ခေတ်ပြောင်းနေပြီလေ-----

Thursday, December 1, 2011
မွေးဖွားခြင်းမှ သည်သေဆုံးခြင်း
၁၉၇၇ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့၊ ရန်ကုန် ဒပ်ဖရင်ဆေးရုံမှာ မောင်တိုင်ပင်ရဲ့တစ်ဦးတည်းသောသမီး ကို မွေး
ဖွားခဲ့ပါတယ်၊အဲဒီအချိန်ကမောင်တိုင်ပင်တို့ဇနီးမောင်နှံဟာယောက္ခမတွေနဲ့ပဲနေတုံးပါ။အခုခေတ်လိုultra sound လည်းမရှိတော့ဘာလေးမွေးမယ်မှန်းတောင်မသိရဘူး။ ဇနီးဗိုက်ကိုသူတို့ဖက်ကအမျိုးတော်တဲ့ သားဖွားမီးယပ်ဆရာဝန်မကြီးဒေါ် Barbra ဆီမှာ အပ်ထားတာပါ။ ဇနီးသည်အစ်ကိုကဆရာဝန်ပါ။အဖေကလည်းအရိုးအထူးကုပါရဂူဆိုတော့ ဆေးရုံတွေနဲ့မစိမ်းလှပါ။ ဇနီးဗိုက်နာတော့ဒပ်ဖရင်ကိုယောက္ခမဖီးယက်ကားလေးနဲ့ပြေးရတာပေါ့။ညနေ၆နာရီလောက်ကဗိုက်နာ လိုက်တာဇနီးသည်
ခမျာအော်နေရရှာတယ်။မွေးခန်းထဲကိုဆရာဝန်အစ်ကိုက ၀င်လို့ရတယ်။ မွေးခန်းအ၀ခပ်လှမ်းလှမ်းကနေစိုးရိမ်ပူပန်စွာနဲ့စောင့်
နေရတဲ့ ယောက်ဖဆီကို သူညီမ အခြေအနေဘယ်လိုရှိတယ်ဆိုတာအစ်ကိုဆရာဝန်ကတစ်ခါလောက်ပဲလာပြောနိုင်တယ်။ဇနီး
သည်အော်သံပဲကြားနေရတယ်။နပ်စ်တွေကလည်း အနာသက်သာအောင်အော်သာအော်ဆိုပြီး ပြောနေသံကြားတယ်။ ၇နာရီ ၃၁ မိနစ်ကြတော့ခလေးငို သံ ကြားရရော။ ယောက်ဖကခွဲခန်းဝတ်စုံနဲ့ ပြုံးပြုံးကြီးထွက် လာပြီး မိန်းခလေး ၇ ပေါင်နဲ့ ဘယ်နှစ်အောင်စ
လို့ပြောလိုက်တော့ မိဘ တိုင်းခံစားရသလိုပဲ၊ ဘယ်လိုမှ မဖေါ်ပြတတ်တဲ့ပီတိ ကိုခံစားလိုက်ရပါတော့တယ်။မောင်တိုင်ပင်ကသမီးပဲ လိုချင်နေတာလေ၊ သူ့အမေလည်းတူတူပဲ၊ ခလေးကိုမတွေ့သေးဘူး၊ရင်တော့တော်တော်ခုန်နေတယ်။ ဂနာရီခွဲလောက်ထင်တယ်။ အခန်းဘက်ရွှေ့တော့အမေကို ပဲတွေ့ရတယ်။ခလေးကိုမတွေ့ရသေးဘူး။ ဇနီးသည်ကိုတွေ့တော့ပင်ပမ်းနေပုံရပေမဲ့ရွှင် လန်းကျေနပ် နေတဲ့မျက်နှာနဲ့မိန်းခလေးဆိုပြီးဂုဏ်ယူစွာပြောလိုက်ပါတယ်။သမီးနဲ့ ရှေဆင့်နောက်ဆင့်မွေးတဲကောင်လေး
မိဘတွေလည်းရှိနေတယ်။သမီးနဲ့ မိနစ်ပဲခြားမယ်။ နောင်တော့ ဇနီးနဲ့ မကြာမကြာတွေ့ပေမဲ့ အခုမတွေ့တာတော်တော် ကြာသွားပြီ။ မောင်တိုင်ပင်တို့ ၂ ယောက်လုံးကမိန်းခလေးလိုချင်တာလေ။ယောက်ဖရောက်လာပြီး“လာခလေးသွားကြည့်မယ် “ ဆိုတော့မှန်ခန်းကနေပဲကြည့်ရတယ်။အဲဒီအချိန်က ဆေးရုံတွေဟာအဆင့်အတန်းရှိပါသေးတယ်။စနစ်လည်းကျသေးတယ်။ သမီးလေးကအိပ်နေတယ်။မျက်နှာကြည့်ရတာအဖေနဲ့တူသလိုပဲ။ နပ်စ်ကလည်းအဖေတူသမီးလို့ဆိုလိုက်တော့ရင်ထဲမှာပြောမပြတတ်
လောက်အောင်ပီတိဖြစ်မိပါတယ်။ည ၁၀နာရီ ၁၁ နာရီ လောက်သမီးယောက်ဖနှစ်ယောက်ကားမောင်းပြီးအိမ်ပြန်လာကြတော့
လမ်းမှာ ယောက်ဖကသူ့ညီမ မမွေးခင်အော်ဟစ်နေတာကိုပြန်ပြောင်းပြော ရီကြတာပေါ့။ နောက်ပိုင်းဇနီး ကို ပြန်ပြန် စ ရင် သူမအော်ပါဘူး လို့ အတင်းငြင်းတယ်။
ယောက္ခမတွေကမအိပ်သေးဘူး၊သတင်းစောင့်နေကြတာ။ မိန်းခလေးလို့ပြောလိုက်တော့ ယောက္ခမ က ဘယ်သူနဲ့တူလဲမေးတယ်။ “အဖေနဲ့တူတယ်“လို့ပြောတော့သူတိုအားလုံးက၀ိုင်းရီကြတယ်။သမီးလေးဆေးရုံကရောက် လာတော့ အိမ်မှာ ရှိတဲ့ သူတွေရဲ့
အသည်းဖြစ်နေတာပေါ့။ သမီး ၉ လ လည်းရရောသူ့ ဘကြီး ဆရာဝန် ကအင်္ဂလန်ကိုပြောင်းသွားပါတယ်။ သူကိုယ်တိုင်မွေးပေးခဲ့ ရလို့နဲ့ တူတယ်။ သမီး ရဲ့ ဘကြီး က သမီး ကိုတော်တော် ချစ်ရှာတယ်။ ဒီသမီး ကနောင် အနှစ် ၃၀ကျော်ကြာတဲ့အခါမှာ သူ့အဖေ အတွက် ချစ်စရာအကောင်းဆုံးမြေးလေးတစ်ယောက်ကို မွေးပေးလိမ့်မယ် လို့မထင်ခဲ့ မိဘူး။
၁၉၉၃ခုနှစ် ဇူလိုင်လ (၇)ရက် ည ရး၃၀နာရီ မောင်တိုင်ပင် တို့မိသားစုအတွက် ကမ္ဘာကြီးတစ် ခုလုံးပြိုလဲခဲ့တဲ့နေ့ လို့ ဆိုရင်မမှားပါဘူး။စမ်းချောင်းကျွန်းတောကျောင်းလမ်း က တိုက်ခန်း ကို ၁၉၉၃ ခုနှစ်မှာ မောင်တိုင်ပင်တို့ မိသား
စုပြောင်းလာခဲ့ပါတယ်။မောင်တိုင်ပင် ဘက်ကမြေတစ်ကွက်ရောင်း လိုက်တာနဲ့ အမေ က သားသမီး ၃ ဦး ကိုအမွေပေး
တော့ အဲဒီတိုက်ခန်းကိုဝယ် လိုက်နိုင်တာပါ။ နေတာ ၂ လလောက်ပဲရှိပါအုံးမယ်။ အဲဒီနေ့ည ၇နာရီခွဲလောက်
မောင်တိုင်ပင်နဲ့ ဇနီးသည် ၂ ဦးတည်းညစာ စားနေကြတုံး ဘာမပြောညာမပြောနဲ့ကုလားထိုင်ပေါ်ကနေ၀ုန်း
ကနဲ သူရဲ့ ညာ ဘက်ဘေးကို လဲကြသွားပါရော။ မောင်တိုင်ပင်မှာ ဆွဲချိန်တောင် မရ လိုက်ဘူး။အဲဒီအချိန်မှာ သမီး ကအပေါ်ထပ် ထပ်ခိုးမှာ အိမ်ကကောင်မလေးနဲ့ အတူစာကျက်နေကြတယ်။မောင်တိုင်ပင် လည်းအော်
ပြီးဘာ လုပ်ရမှန်းမသိဖြစ်နေတုံး အောက်အခန်း ကိုအကူအညီတောင်းတော့ အားလုံးတက် လာကြတယ်။ဆေးရုံ ပို့မယ် ဆိုပြီး မောင်တိုင်ပင် ကားထားတဲ့ မကြီးကြီး လမ်း က cousin အိမ် ကိုပြေးတာဘိနပ်တောင်မပါဘူး။
ရင်ထဲမှာ လည်းဗလောင်ဆူနေပြီ။ မောင်တိုင်ပင် cousin နဲ့ သားတွေ လိုက် ချလာကြတယ်။
တိုက်ခန်းရောက်တော့အပ်ါကို အပြေးတက်ပြီးဇနီးသည် ကိုပွေ့ ချကာ ကားပေါ်တင်ပြီး အနောက် ပိုင်းဆေးရုံ
ကိုဒလကြမ်းမောင်းသွားကြပါတယ်။ cousin ကမောင်တိုင်ပင်တို့ family doctor ကို ဖုံးဆက် ပေးတော့ ချက် ချင်းပဲ သူတို့ လိုက်ချ လာတယ်။ယောက္ခမတွေညီမတွေ လည်း လိုက်ချ လာကြတယ်။ ဇနီးသည်ရဲ့ မျက်စေ့သူငယ်အိမ် ကိုတာဝန်ကျ ဆရာဝန်မ ကဖြဲကြည့် ပြီး မရတော့ ဘူး လို့ပြော ပါတယ်။ အမှန်ကတော့ ဦးနှောက်ရေအိတ်ပေါက်သွားတယ် ဆိုတာကုလားထိုင်ပေါ်ကကျသွားကတဲ့ ကအသက် ကမရှိနိုင်တော့ဘူး။ဒါ က second attack လေ။သူခမျာ first attack တုံးကလည်းတော်တော်ခံ လိုက်ရတယ်။ ဆေးရုံမှာ တစ် လလောက်ကြာတယ်။ဆေးရုံ မှာ ရေခဲတိုက်ရောက်တဲ့ အထိ ဇနီးသည် ကိုကိုယ်တိုင်ပို့ခဲ့ ပြီး ဇနီး သည် ခြုံနေကြအညာစောင်အနီလေး ကို အမှတ်တရပြန်ယူလာခဲ့တယ်။
အယူမသည်းပဲအိမ်မှာသေချာသိမ်းထားခဲ့တယ်။ တိုက်ခန်းမှာ ကျန်ခဲ့ တဲ့ သမီး ကို cousin ကယောကမတွေဆီ ပို့ လိုက်တော့ ယ္ခောကမ အိမ် ကိုပဲ လိုက်သွားရတာပေါ့။ ရောက်တာနဲ့ ယောက္ခမတွေကဒီအိမ် ကို ပြောင်း လာဖို့ပြောပါတယ်။ သမီး နဲ့ အဖေ ၂ ယောက်တည်း ရှိ ချိန်ကြတော့ သမီး ကအဖေ နောက် မိန်းမ မယူ ဖို့ပြောပါတယ်။ သမီး ခမျာသူ့ အမေ မသေခင်က နင်ငါသေသွားရင် နင်အဖေနောက် မိန်းမ ယူလိုက်ရင် နင် ကိုနိုပ်စက် လိမ့်မယ်ဆိုတဲ့ အစွဲကြီး ကရှိနေတော့ ဒီစကားကိုအမေဆုံးပြီးပြီး ချင်းပြောတာနေမှာ ပါ။မောင်တိုင်ပင်လည်းသမီး ကိုဂတိပေးထားခဲ့တဲ့ အတိုင်း နေခဲ့ပြီး သူ ကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံဝင်အောင်ကျွေးမွေးဆုံးမပဲ့ ကိုင် နိုင်ခဲ့ပါတယ်။ ဒီသမီး ကပဲသူ့ အမေ ကိုယ်စား မောင် တိုင်ပင် အတွက် အင်မတန် ချစ် ဖို့ကောင်းတဲ့မြေးလေး Mickey ကိုမွေးပေးခဲ့ပါတယ်။
၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီ လ ၁၆ ရက် မှ ၁၇ ရက်အကူး နံနက် ၂ နာရီလောက် သမီး တို့လင်မယားတွတ် ထိုးနေ
ကြသံ ကြား တော့ ဘာများဖြစ် လိုလည်းထကြည့်တဲ့အခါ သမီး ကသူ့ ကို ဆရာဝန် က ပြောတဲ့အတိုင်းခံစားနေရပြီ
လို့ပြောပါတယ်။စင်ကာပူ NUH ဆေးရုံကိုဆက်ကြည့်တော့ အခြေအနေ ကို မေးပါတယ်။ နောက် ဆေးရုံလာခဲ့ လို့ခေါ်တော့ သားအမိသားအဖ ၃ ယောက်သားအိမ်တခါးပိတ် taxi ကို on call ခေါ်ကာ NUHကိုအပြေးချီတက်သွားရပါတော့တယ်။
စင်ကာပူဆေးရုံတွေက ယောက်ျားတွေကို မွေးခန်းထဲ ၀င်ခွင့်ပေးတယ်။သူတို့ ၂ ယောက်မွေးခန်းထဲဝင်သွားတော့ မောင်တိုင်ပင် မှာ waiting room ထဲမှာ ငေါင်ငေါင်ကြီးကျန်နေခဲ့တာပေါ့။သားမက် ကအခြေအနေကို ဖုံးဆက်ဆက်ပြောရှာပါတယ်။ သားဦး ဆိုတော့စိုးရိမ်တာပေါ့လေ။ lunch ကို ၁၁ နာရီခွဲ လောက်စားပြီး ချိန်ထိ ဘာမှာ မထူးသေးဘူး၊ နေ့ လည် ၁နာရီ ကျော်မှ သားမက်ဆီကဖုံးလာတယ်။ဖုံးထဲမှာ မြေးလေးအော် သံ ကြားနေရတော့ မွေးပြီး ဆိုတာသိ လိုက်ရတယ်။
၎နာရီခွဲ လောက်မှာ မှ မြေးလေးမျက်နှာ ကိုတွေ့ရတယ်။ သမီး မျက်နှာ ကပင်ပန်းပုံရပေမဲ့ ရွှင်လန်း တက်ကြွနေပုံပဲ။ ဘ၀မှာ တွယ်တာစရာသားလေးတစ်ယောက် ရပြီ။ အဖေ အတွက် လည်းဇနီးကိုယ်စား သူအမေကိုယ်စား
ချစ်ရမဲ့ မြေးလေး တစ်ယောက် ကို မွေးပေးခဲ့ပြီ။ ဒီကနေ့ သမီး မွေးနေ့ (၁-၁၂-၂၀၁၁) မှာ ချစ်စရာမြေးလေးက ၂ နှစ်နားရောက်နေပြီ။ သူ့ အဒေါ်မောင်တိုင်ပင် ညီမက ဒီလင်မယား နှစ်ယေက် ကစားစရာအရုပ်ကလေးရနေသလိုပဲတဲ့ ။
သမီး ကဓါတ်ပုံရိုက် ၀ါသနာ ပါတော့ သူ့ သားက model boy ဖြစ်နေပါတယ်။ ဒီအရွယ် ကတည်း က post လုပ်တတ်နေပြီ။ လူ ဘ၀ မှာ မွေးဖွားခြင်း မှာ သေဆုံးခြင်း ကာလအတွင်းမှာ စိတ်ကောင်းနှလုံးကောင်းထားတတ် ကြဖို့ အရေးကြီး ဆုံးပါ။

Labels:
သမီး အတွက်မွေးနေ့ လက်ဆောင်
Subscribe to:
Posts (Atom)