ပြည်သူချစ်သောအနုပညာရှင်ခင်မောင်တိုးနဲ့လွန်ခဲ့သောနှစ်ပေါင်း၄၀ကျော်အာအိုင်တီပထမနှစ် သမို်င်းအင်းလေးဆောင်မှာပထမဆုံး
ဆုံတွေ့ခဲ့တာပါ။အဲဒီတုံးကမောင်တိုင်ပင်တို့တတွေရှိလှမှ၁၈နှစ်သားလောက်ပဲရှိကြအုံးမယ်။အဲဒီခေတ်တုံးကသထုံခရိုင်အရေးပိုင်သား
ခင်မောင်တိုးခေါ်ငတိုးနဲ့ခင်မင်ခဲ့ရပြီ:သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်။ငတိုးငယ်စဉ်ကပိန်ပိန်ပါးပါးပါပဲ။ခင်မောင်တိုးနဲ့သူငယ်ချင်းဖြစ်ပြီးလို့ ၃ - ၄ လလောက်ကြာတဲ့အခါကြတော့ သူငယ်ချင်းအားလုံးကငတိုး လို့ပဲခုံခုံမင်မင် ခေါ်ခဲ့ကြပါတယ်။ စိန်အုန်းကဆိုရင်ရှဉ့် ငတိုးဆိုပြီး
အားရပါးရခေါ်တာ။ကြီးတဲ့အချိန်ပြန်တွေ့တော့လည်းငတိုးလို့ပဲဆက်ခေါ်ခဲ့ကြပါတယ်သူကလည်းငတိုးလို့ခေါ်တာကိုကြိုက်နှစ်သက်လိမ်
့မယ်လို့ထင်ပါတယ်။ကြီးလာတော့ စကားမစပ်မိလို့ မေးတော့မမေးမိဘူး။ဒါပေမဲ့မောင်တိုင်ပင်တို့ စက်မှု ၇၂ အုပ်စုကအချင်းချင်းတွေ
့လို့ ”ခင်ဗျား ကျနော် ” နဲ့များပြောမိရင်ဝိုင်းဆဲကြဖဲ့ကြတော့တာပဲ။ မင်းနဲ့ငါနဲ့ ပြောကြပြီး ငယ်နံမည် နစ်ခ်နိမ် ကိုခေါ်ရတာတော်တော်
အာတွေ့တဲ့အဖွဲ့တွေပါ။နံမည်ရင်းခေါ်တာရှားတယ်။ငတိုးကို၁၉ ၆၆-၆ရ မှာ စ တွေ့လိုက်ကတည်းသူရဲ့ထူးခြားတဲ့လက္ခဏာကိုပထမ
ဆုံးသတိထားမိလိုက်ပါတယ်။ သူရဲ့ လက်ချောင်းတွေပဲဖြစ်ပါတယ်၊မောင်တိုင်ပင်တို့လက်ချောင်းတွေဟာတိုတိုတုတ်တုတ်မဟုတ်ပေ
မဲ့ပုံမှန်လက်ချောင်းလို့ပြောလို့ ရပါတယ်။ သူလက်ချောင်းတွေဟာရှည်ပြီးအလွန်သေးသွယ်လှပပါတယ်၊အနုပညာလက်လို့ပြောရမှာ ဖြစ်တယ်။ ဂီတာတီးတဲ့အချိန်မှာဂီတာပေါ်မှာသူလက်ကွက်ကိုင်ပုံလက်ကွက်ပြေးပုံတွေဟာအရမ်းကိုကျွမ်းကျင်ပြီးကောဒ့်တစ်ခုနှင့်
တစ်ခုပြောင်းတဲ့အခါမှာအလွန်လှပပြီးကြည့်လို့ကောင်းပါတယ်။
အဲဒီတုံးကမောင်တိုင်ပင်တို့အရွယ်တော်တော်များများဂီတာတီးတတ်ပေမဲ့ကီးတို့ရစ်သမ် တို့မှာနားမလည်ပါ၊မထူးချွန်ပါမကျွမ်းကျင်ပါ။
အဲတော့ပထမနှစ်မှာကျောင်းကပြန်ရောက်လာရင်စာမဖတ်နိုင်သေးဘူး၊သူအဆောင်သူ့အခန်းသွားပြီးသူဂီတာတီးတာကိုပဲသွားသွား
နားထောင် ကြပါတယ်။အဲဒီအချိန်ကသူသီချင်းမဆိုသေးဘူး၊သူအသံကောင်းမှန်းလည်းမသိသေးဘူး၊အာအိုင်တီမှာတုံးကတောက
ရောက်လာခါစဆိုတော့ဂီတာကို“ပလပ်ကင်”တီးတာတွေဘာတွေ အထိမကျွမ်းကျင်သေးဘူးအာအိုင်တီမိန်းအဆောင်တွေရောက်
တော့မှ သူဟာဂီတာကိုကျွမ်းကျင်လာပြီး”ပလပ်ကင်”ကိုတီးတတ်လာတယ်။ အရမ်းကိုကြည့်လို့ကောင်းတယ်။ကျောင်းသားဘ၀တုံးက
အဆိုမှာ တင်ငွေနဲ့ စိုးဝင်းလှိုင် တို့ကပင်တိုင် ဆိုသွားကြပြီးသူကနောက်ကနေဂီတာတီးတာပဲ။တင်ငွေကမယ်ဒလင် စိုးဝင်းလှိုင်က
တယောတီးတယ်။ ၃ယောက်ပေါင်းပြီး မန်းမြို့မ ရဲ့ “မန်းတောင်ရိပ်ခို“ များတီးလို့ကတော့ဂျီဟောသူတွေဘယ်စာကျက်နိုင်တော့မလဲ၊
အကုန်ထွက်နားထောင်ကြတာ။အဲဒီအချိန်က ”မန်းတောင်ရိပ်ခို” ဆိုတာမြန်ပြည်တခွင်မှာ နံမည်မကြီးသေးဘူး၊မောင်တိုင်ပင်တောင်မန်းသား မိုလို့သိတာ။ စိုးဝင်းလှိုင် ကမန္တလေးသားလေ။ ငတိုး သီချင်းဆိုတာ ကို မောင်တိုင်ပင်တို့သိတောင်မသိလိုက်ဘူး၊၊အခွေထွက်လာမှ”ဟ --ငတိုးသီချင်းဆိုနေပါလား ”လို့  သာသိရတာပါ။သူကျောင်းမပြီးတာအားလုံးသိကြပါတယ်နော်၊ မောင်တိုင်ပင်တို့
အင်ဂျင်နီယာပေါက်စဘ၀မှာ ရုံးကမြို့ထဲမှာရှိတော့ တခါတလေအပြင် ကိုထမင်းစားထွက်ရင် ငတိုး နဲ့ဆုံခဲ့ဘူးတယ်။ သူမအောင်မြင်သေးတဲ့အချိန်က ပေါ့၊မြို့ထဲမှာ တွေ့ရင်လည်း”ဟေ့ကောင်--မျိုးဦး ငါတို့ထမင်းမစားရသေးဘူး၊ပါသမျှပေးစမ်း”
ဆိုပြီးအိတ်ထဲက ပါသရွေ့ငွေ ဆွဲယူသွားတော့တာပဲ။ မန်းမှာနေပေမဲ့ရန်ကုန်ခဏခဏတက်လာတယ်၊သူရန်ကုန်ရောက်ရင် ၀ိုင်အမ်စီအေမှာအမြဲတည်းတယ်။သူ့သူငယ်ချင်းဂီတမိတ်ဆွေ ကိုရဲလွင်တို့နဲ့ပဲတွဲတာများတာကိုတွေ့ရတယ်။အစိုးရအလုပ်လုပ်
နေတော့ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေပြီးရန်ုကုန်မှာသွားရင်းလာရင်းနဲ့ ပဲတွေ့ကြရတယ်။ အဲဒီအချိန်က ဂီတလောက က တည်တည်ငြိမ်ငြိမ် မရှိသေးဘူး၊ သီချင်းခွေတွေကိုတေသံသွင်းဆိုင်တွေမှာ လိုက်ရောင်းရတာ။ဒါပေမဲ့ မန်းမှာညီတော်မောင်နဲ့သူနဲ့ ကခင်ကြတယ်။ညီတော်မောင်ကလည်းအဲဒီတုံးက မန္တလေးရှဲလ်တီးဝိုင်းမှာရှိနေတော့သူနဲ့ဆုံမိကြတယ်နဲ့တူတယ်။အလုပ်ကနေပင်စင်ယူခါနီး စက်မှု၇၂အုပ်စုက သူငယ်ချင်းတွေနဲ့ကြိုးကြာကြိုးကြာဆုံမိကြတဲ့အခါမှ ငတိုး နဲ့ပြန်ဆုံမိပါတယ်။ဘယ်အချိန်လောက်ကတည်းကသူ ဂီတ မှာအောင်မြင်ခဲ့သလဲဆိုတာသတိတော့မထားလိုက်မိပေမဲ့ သူရဲ့ အခွေတွေကိုတော့
ထွက်တိုင်းအားပေးခဲ့ပါတယ်။စတိတ်ရှိုးတွေ၊နိုင်ငံခြားသွားဖြေဖျော်တာတွေ၊ကိုကြားနေတွေ့နေရတယ်။တစ်ခုသတိ
ထားမိတာရှိတယ်။ ငတိုး ပေါ်လစီ သီချင်းဆိုတာတခါမှ မကြားမိဘူး၊ဇော်ဝင်းထွဋ် တို့ခိုင်ထူးတို့ တောင်ဆိုရသေးတာမဟုတ်လား၊သူဘယ်လိုပတ်ရှောင်သလဲတော့မသိဘူး၊သူရဲ့အောင်မြင်ကျော်ကြားမှုသတင်းတွေကိုကြားခဲ့ရသလို သူ သတ်သတ်လွတ်စားတဲ့သ
တင်း၊ ဦးဂိုအင်ကာရဲ့ စင်တာမှာတရားပြဆရာအဆင့်အထိရောက်အောင်တရားအားထုတ်တယ်ဆိုတဲ့သတင်း စတဲ့သတင်း
ကောင်းတွေကိုကြားရပြီး အံ့သြ၀မ်းသာမိပါတယ်။အနုပညာသမားတော်တော်များများမလုပ် နိုင်သေးတဲ့အလုပ်ကိုသူလုပ်တာကို
ပြည်သူတောင် သိပ်မသိဘူးထင်တယ်။သူ့ကိုဆေးသမား အရက်သမား ပဲထင်နေကြတာ။ သူငယ်ချင်းတွေပြန်ဆုံကြတော့ပထမဆုံး ကန်တော်မင်ရွှေဘဲမှာထင်တယ်၊မောင်တိုင်ပင်ကအဲဒီနေ့ကနောက်ကျရောက်လာတော့သူ့ရှေ့မှာ ၀ီစကီ ခွက်က တစ်ဝက်လောက်ရှိ
တယ်။မောင်တိုင်ပင်ကအရက်မသောက်တတ်ဘူး၊ဘီယာတော့ကြိုက်တယ်၊အဲဒီနေ့ကဘီယာလည်းမသောက်ချင်တာနဲ့ ကိုကာကိုလာ မှာသောက်မိတယ်။အဲဒီမှာငတိုးက” ဟေ့ကောင် မျိုးဦး-- ၀ီစကီချလေကွာ”လို့လှမ်းပြောတယ်၊” ဟ--ငါမသောက်ဘူးကွ၊ဘီယာပဲသောက်တာ“လို့ပြန်ပြောရတယ်။ မောင်တိုင်ပင်ကတော့အခြားသူငယ်ချင်းတွေလိုပဲ သူဝီစကီသောက်နေတယ်ထင်တာပေါ့၊
ကိုယ့်ရှေ့မှာထိုင်နေတော့ ရေနွေးကြမ်းခရားကနေသူခွက်ထဲရေနွေးကြမ်းတွေ ထည့်နေတာတွေ့တော့မှ“ ဟေ့ကောင်ငတိုး--မင်းအရက်လည်းမသောက်ပဲနဲ့” လို့ပြောတော့သူငယ်ချင်းအကုန်လုံးက ၀ိုင်းရီကြတယ်။သူက၀ီစကီသမားသူငယ်ချင်းတွေကြား
မှာဝီစကီခွက်နဲ့ပုံမှားဝင်ရိုက်တာလေ-- အော်သူသတ်သတ်လွတ်စား တရားထိုင်ပေမဲ့ ၀ီစကီ လောက်တော့
သောက်မှာ ပဲ လေလို့ထင်မိတာမှားတာပေါ့၊အဲဒီအချိန်ကတည်းက သူအရက်မသောက်တာ ၁၅ နှစ်လောက်ရှိနေပြီ။
ပင်စင်ယူပြီးတဲ့နောက်ပိုင်း စက်မှု၇၂အုပ်စုတွေတွေ့ကြတိုင်းခင်မောင်တိုးနဲ့ ပြန်ပြန်ဆုံမိကြတယ်။ ကာရာအိုကေ
ဆိုင်ကိုသူတို့သွားကြပေမဲ့ မောင်တိုင်ပင်ကတော့ဝါသနာမပါတာကတကြောင်း၊ ကိုယ့်မျက်လုံးကိုစိတ်မချတာက
တကြောင်း လိုက်လေ့လိုက်ထ မရှိဘူး၊ညဉ့်ပိုင်းကားမောင်းတဲ့အခါ မျက်လုံးကမီးထိုးတာမခံနိုင်ဘူး။ ကာရာအိုကေ
သွားတာကတော့ သူငယ်ချင်းဝင်းထိန်ဦးမှာပြောစရာတွေအများကြီးရှိမှာပါ။နောက်ပိုင်းမောင်တိုင်ပင်လည်းမြေးရှိရာ
စင်ကာပူမှာလာနေတော့ သူငယ်ချင်းတွေနဲ့တွေ့တာနည်းသွားတယ်။
၂၀၁၂ခုနှစ် စင်ကာပူကနေခဏပြန်လာတုံးဝင်းထိန်ဦးတို့ကအာအိုင်တီဆရာဦးစိုးလွင်ဆိုင်မှာထမင်းစု စုစားကြရင်အိမ်နဲ့နီးတဲ့မောင်တိုင်ပင် ကို
လှမ်းလှမ်းခေါ်တာကြောင့် ၃ - ၄ ခါလောက်ဆုံကြတယ်။သူတို့တတွေသမုဒယကျောင်းဗီဒီယို အခွေ ဖန်တီးနေတာ
လည်းရေးရေးပဲသိတယ်။လုံးစေ့ပတ်စေ့မသိသေးဘူး၊တစ်ရက် အာအိုင်တီမှာ ဆုံကြတော့ ၀င်းထိန်ဦး က တို့သူ
ငယ်ချင်းတွေစုလုပ်ကြတာ မင်းလည်းပါကွာဆိုတာနဲ့ ပါဖြစ်သွားတာပေါ့။ဒါနဲ့ မှတ်မှတ်ရရ သြဂုတ်လ ၃၁ ရက်နေ့ ၀င်းထိန်
ဦးကနေ တို့အာအိုင်တီမှာ သမုဒယကျောင်းအခွေဗီဒီယို ရိုက်မယ်၊ထမင်းစားမယ် ၁၂ နာရီ မင်းလာခဲ့ဆိုတော့ အာအိုင်တီကိုရောက်သွားတာပေါ့၊အဲဒီနေ့ကမိုးတွေရွာနေတယ်။သူငယ်ချင်းတွေတော်တော်လည်းစုံတယ်၊ ထမင်းစားနေရင်း ငတိုး ကစင်ကာပူကိုစက်တင်ဘာလ ၃ ရက်နေ့သွားမယ်၊ ဆေးသွားစစ်မယ် လို့ပဲယေဘူယျ ပဲ သိ
ထားတယ်။သူကနိုင်ငံခြားခရီးကလည်းခဏခဏသွားလေ့ရှိတော့ထူးထူးထွေထွေ မမေးဖြစ် ကြ ဘူး။ ငတိုးပုံကလည်းလုံးဝလူမမာပုံလုံးဝမပေါက်ဘူး၊နောက်မှဝင်းထိန်ဦးက ငတိုး စီပိုးဖြစ်နေလို့စင်ကာပူသွားကုမှာ ဆိုတာကိုပြောပြတယ်။ အားလုံးကတော့စီပိုး ဆိုတာသေချာကုရင်ပျောက်တာပဲဆိုပြီးဘယ်သူကမှအရေးကြီးတယ်လို့မထင်ကြဘူး၊ မိတ်ဆွေထဲမှာကော အမျိုးထဲမှာ ကော စီ ပိုး ကို ဖိဖိစီစီးစီးကုလိုက်တာပျောက်သွားကြတယ်ဆိုတဲ့ သာဓကတွေလည်းရှိခဲ့တာပဲကိုး။
အဲဒီနေ့က ဒါရိုက်တာလင်းမြတ်ဦးကအာအိုင်တီ ဆင်း တွေကို လိုက်ရိုက်တယ်၊စိန်ဝင်းနဲ့အင်တာဗျူးလုပ်တာကို
ရိုက်တယ်။ငတိုးနဲ့လည်းအင်တာဗျူးလုပ်တာကိုရိုက်တယ်၊ငတိုး စင်ကာပူကပြန်လာမှ ရိုက်ရင်အချိန်မမှီမှာစိုး
လို့ တက်သုတ်ရိုက်ပြီး ရိုက်ရတာပေါ့။သူငယ်ချင်းများကလည်း မိုးလေးတစ်စိမ့်စိမ့် အာအိုင်တီ မိန်းထဲကခွာချင်
ပုံမရကြဘူး၊ အစောင့်တစ်ယောက်ကအဆောက်အဦးရှေ့ က ရေပန်းကိုလာဖွင့်ပေးတယ်။ သူငယ်ချင်းအကုန်လုံး
ကန်ဘောင်ပေါ်မှာ ထိုင်ပြီးဓါတ်ပုံရိုက်ကြသေးတယ်။၂-၃ရက်ဆိုရင်ငတိုးက စလုံးကိုသွားတော့မှာ ဆိုတော့ ဖလင်အကွက်
ကြမ်း ရောရှော့ တွေကို ရိုက်ထားတာပေါ့။ငတိုးနဲ့ ရာသက်ပန်ခွဲရတော့မယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ ငတိုးကို
ငါလည်းစလုံးကို စက်တင်ဘာ၅ ရက်နေ့သွားမယ်ဆိုတာပြောပြလိုက်ပြီး စလုံးဖုံးနံပါတ်ကိုပေးလိုက်တယ်။ထုံးစံအတိုင်းသူငယ်ချင်းတစ်ယောက်ယောက်ရောက်လာရင်ထမင်းကျွေးလ္ဘက်ရည်တိုက်ကြတာကိုး။စက်တင်ဘာလ ၂ရက်နေ့ညမှာ ငတိုးမသွားခင်နှုတ်ဆက်ပွဲဆိုပြီးကန်တော်မင်ရွှေဘဲမှာထမင်းစားကြပါတယ်။ဝင်းထိန်ဦးကလှမ်းဖိတ်လို့ အရက်တစ်ပု
လင်းလက်ဆောင်ရထားတာဆွဲပြီးသွားခဲ့ပါတယ်။ရောက်တော့ဝိုင်းမှာလူတော်တော်စုံနေပြီ၊ဒါနဲ့ “ငါယူလာတဲ့အရက်
ကလက်ဆောင်ရထားတာ၊တန်ဖိုးကြီးတယ်“လို့ပြောတာပဲ လို့ပြောပြီး ၀ိုင်းပေါ်တင်လိုက်တယ်။အရက်ကရှန်ပိန်
အရက် -- ဘူးကလည်းမိုက်သလားမမေးနဲ့၊အသေအချာကိုလှလှပပထုပ်ပိုးထားတာ။Dom Pe'rignon Champagne အရက်ပါ။သူငယ်ချင်းတွေကတော့“ ဟာမိုက်တယ်ကွာ” ဆိုပြီးရှန်ပိန်ခွက်အသီးသီးတောင်းကြတော့တာပဲ။ ငတိုးရှေ့မှာတော့ရှန်ပိန်ခွက်ရောက်လာပေမဲ့လုံးဝမမြီးဘူး၊ဘေးကမျောက်ဖြူစိုးမြင့်လားမသိဘူး၊ “ငါသောက်မယ်“ ဆိုပြီးယူသောက်လိုက်ကော။တိုတိုပြောရရင်ဘော်ဘော်တွေဆုံကြတုံးဟိုအကြောင်းဒီအကြောင်းပြောကြ၊ငြင်းကြခုံကြနဲ့ အရက်ဝိုင်းကစိုစိုပြေပြေပါပဲ။ ဒါပေမဲ့အားလုံးကတော့ ထာဝရခွဲခွာသွားရတော့မဲ့ငတိုးကိုနှုတ်ဆက်လိုက်တာပဲလို့ ဘယ်သူမှမထင်ကြဘူး။စက်တင်ဘာ ၃ ရက်နေ့မနက်ဖြန်ဆိုရင်ငတိုး စလုံးကိုသွားတော့မှာလေ။
စက်တင်ဘာ ၅ ရက်နေ့ရောက်တော့ စင်ကာပူ ကိုကူးခဲ့တယ်။မြေးက အဲဒီအချိန်Foot and Mouth Disease FMDဖြစ်နေတော့ ကျောင်းမသွားရဘူး၊တစ်ပတ်လောက်အိမ်မှာ နားနေရတယ်။မြေးကိုဆရာဝန်ပြပြီးဆေးမှန်မှန်တိုက်
ရတယ်။အလုပ်ရှုပ်နေပြီးစလုံးကသူငယ်ချင်းတွေနဲ့တောင်မတွေဖြစ်သေးဘူး၊ဖုံးနဲ့တော့ပြောဖြစ်တယ်။ ဥာဏ်ဝင်းရွှေနဲ့သိန်းအောင်တို့ကတော့ ငတိုးတည်းတဲ့ Woodland ကအိမ်ကိုသတင်းသွားမေးကြပေမဲ့မတွေ့ခဲ့ကြဘူး။
ဒါနဲ့ငတိုးဆီဖုံးဆက်ပြီးအခြေအနေတွေမေးတော့ဆေးသွင်းနေတယ်၊ဆေးရုံတော့မတက်ရသေးဘူး၊ဆေးသွင်းတဲ့ဒဏ်
ကြောင့်နည်းနည်းတော့မအီမသာဖြစ်တဲ့အကြောင်းပြောတယ်။ဝင်းထိန်ဦးမှာတဲ့သူ့သီချင်းကိုဗီဒီယိုမှာယူသုံးတဲ့အ
တွက်သူကိုယ်တိုင်လက်မှတ်ထိုးရမှာဖြစ်ကြောင်းသူလာမှလုပ်မယ်လုပ်စရာရှိတာသာလုပ်ထားလိုက်ပါ လို့မှာတယ်။သမုဒယ
ကျောင်း ဗီဒီယိုရိုက်ဖို့နန်းခင်ဇေယျာနဲ့မော်ဒယ်လ်၂ဦးကိုသုံးခွင့်ရတာကိုဝင်းထိန်ဦးကသဘောခွေ့နေတာကို ငတိုးက ၀င်းထိန်ဦးကို
ဟားလိုက်သေးတယ်။ဒီကောင်သမုဒယကျောင်းနဲ့ပဲစားလည်းဒီစိတ်၊သွားလည်းဟိုစိတ်ဖြစ်နေပြီ လို့ ပြောတယ်လို့ ပြောလိုက်ကွာ
လို့တောင်ပြောခိုင်းလိုက်သေးတယ်။
နောက်ပိုင်းမြေးကိစ္စတွေရှုပ်နေတာနဲ့ငတိုး နဲ့ဖုံးလည်းမဆက်ဖြစ်ဘူး၊ဥာဏ်ဝင်းရွှေတို့နဲ့တောင်ပုံမှန် မတွေ့ဖြစ်ဘူး။
Facebook ထဲမှာတော့ခင်မောင်တိုးနဲ့မိသားစုပုံတွေကိုတွေ့လိုက်ရတော့ဒီကောင်တော့နေကောင်းနေပြီလို့ပဲထင်
လိုက်မိတယ်။တစ်ရက်အောက်တိုဘာလထဲမှာထင်တယ်။သိန်းအောင် ကော ဥာဏ်ဝင်းရွှေကကော ဖုံးဆက်တယ်၊
ငတိုးတစ်ယောက် Gleneagle ဆေးရုံတင်ထားရကြောင်းတို့သွားမေးကြရအောင်ဆိုပြီးအဖေါ်စပ်လာပါတယ်။သိန်း
အောင်ကတော့ရုံးတက်နေရလို့ လူလွတ်နှစ်ယောက်ပဲသွားကြည့်ကြပါတယ်။Gleneagle ဆေးရုံ အခန်းနံပါတ် ( ) မှာပါ။ဆေးရုံရောက်တော့ ငတိုး ကကောင်းကောင်းစကားပြောနိုင်သေးတယ်။” ဟေ့ကောင်တွေရုံးမတက်ပဲနဲ့ဘာ
လို့လာတာလဲ” လို့ဆီးပြောပါတယ်။”ဟငါတိုနှစ်ယောက်လုံးကပင်စင်စားတွေလေ“ လို့ပြန်ပြောရတယ်။သူစကားပြောတာကိုနားထောင်ရတာဗလုံးဗထွေးဖြစ်နေလို့မနည်းနားထောင်ယူရတယ်။ဘေးနားမှာ
ကတ်ဆက်တစ်လုံးနဲ့ဆရာကြီးဂိုအင်ကာရဲ့တရားတွေဖွင့်ထားတယ်။သူအားရှိအောင် ” မြန်မြန်နေကောင်း
အောင်လုပ်ကွာ၊ရန်ကုန်မှာ မင်းအပြန်ကိုဟိုကောင်တွေအားလုံးစောင့်နေကြတယ်“ လို့ပြောတော့ ပြုံး ပြီးပြန်ပြောတယ်။ “ဗီဒီယိုအကြမ်းခွေထွက်လာရင်ငါကြည့်ချင်တယ်ကွာ”လို့ပြောတော့“ ငါတို့ဒေါ်သန်းသန်းနုနဲ့ပါဆယ်ပို့ခိုင်းလိုက်မယ်”ပြန်ပြော
လိုက်ရတယ်။
နောက်နေ့လည်စာစားမှာ မို့ လို့အပြင်ကိုခဏထွက်လာတယ်။သူနဲ့တူတူလိုက်လာတဲ့ဒေါက်တာ----ကိုအပြင်မှာ
တွေတော့အကြောင်းစုံကိုမေးကြည့်ခွင့်ရခဲ့တယ်။ငတိုးအခြေအနေကဆေးသွင်းနေတုံးမှာအပြင်ကိုမထွက်သင့်
သေးဘူး။ infection ၀င်သွားတဲ့သဘောလေ။ယခင်ကcancer patient တစ်ယောက်လည်းအဲဒီလိုဖြစ်ဘူးတယ်၊
ပင်နီစူလာကိုသွားလိုက်တာအပြင်ရောဂါပိုးတွေကူးစက်လာတဲ့သဘောပဲ။ဆေးပညာအရဘာမှမသိတဲ့အတွက်
ရမ်းသမ်းပြီးမရေးချင်ဘူး၊အတွင်းမှာရှိတဲ့ကလီဇာတွေကကောင်းကောင်းအလုပ်မလုပ်တော့တဲ့အတွက်အဲဒါတွေ
ပြန်ကောင်းလာအောင်လုပ်ပေးနေတဲ့သဘောပါပဲ။နောက်နေ့တွေလည်း Gleneagle ဆေးရုံကိုနေ့တိုင်းလိုလိုပဲ
သွားပြီး ငတိုးအခြေအနေကိုအကဲခတ်ကြည့်ခဲ့တယ်။ဒါပေမဲ့အားမရစရာပါပဲ။ Facebook ထဲမှာ လည်း ငတိုးဆုံး
ပြီဆိုပြီးသတင်းတွေအမျိုးမျိုးတက်လာတော့ ကိုယ်တို့ ဥာဏ်ဝင်းရွှေ တို့ ၀င်းထိန်ဦး တို့ ကဖြေရှင်းရတာပေါ့။ ငတိုး
ကိုကုတဲ့ဆရာဝန်ကြီး ကဘယ်နှစ်နာရီပဲခံတော့မယ် လို့ပြောတော့ကိုယ်တို့လည်းခေါင်းတွေရှုပ်ကုန်တာပေါ့။ သူခန့်
မှန်းချက်ကတော့ ၂ ခါလောက်လွဲတယ်လို့ မြန်မာ သူနာပြုတွေကပြောတယ်။သူမှန်းရင်လွဲခဲ တယ် လို့လည်းပြောတယ်။
ဒေါက်တာ----နဲ့တိုင်ပင်ကြည့်တော့ ငတိုးကိုအိမ်ပြန်ခေါ်သွားချင်ရင်လေ
ယာဉ်ပျံစီးလုံးငှားလို့ရတယ်၊ဆေးရုံသုံးပစ္စည်း၊သူနာပြုဆရာမ၊ဆရာဝန်တွေပါမယ်။ ငတိုးကို live saving instruments တွေအကုန်တပ်ထားမယ်။ရန်ကုန်ရောက်ရင်အိမ်ဖြစ်ဖြစ်၊ဆေးရုံဖြစ်ဖြစ် ပို့ပေးပြီးကိရိယာတွေဖြုတ်
ပစ်ခဲ့မယ်။ဒါနောက်ဆုံးမရတော့တဲ့လူနာတွေအတွက်လုပ်ပေးတာဖြစ်တယ်။ စလုံးငွေ ၃၀၀၀၀ လောက်ကျမယ်။ဒီအကြောင်းကို ၀င်းထိန်ဦး တို့ဆီပြောလိုက်တော့သူတို့တစ်ဝက်ကျခံမယ်ဆိုပြီးချက်ချင်းအကြောင်း
ပြန်လာတယ်။တာတွေအားလုံးဟာ ကာယကံရှင်မိသားစုကိုမပြောရသေးဘူး။ ဖြစ်နိုင်တာတွေအကုန်စဉ်းစားကြတာလေ။ဆရာဝန်ကြီးရဲ့ အပြောအရကတော့သူဟာခံရလှ ရင် ၄၈နာရီပဲလို့ပြောတယ်။သူသွေး ကိုနေ့တိုင်းစစ်ကြည့်တာ တိုးတက်လာတဲ့လက္ခဏာမတွေ့ရဘူးလို့ဆိုပါတယ်။သူငယ်ချင်းတွေတိုင်ပင်ပြီးပလင်အေ၊ပလင်ဘီ၊ပလင်စီ ဆိုပြီးလုပ်ထားရင်ကောင်းမယ်လို့ဆုံးဖြတ်ကြတယ်။ကိုယ်တို့မှာဝမ်းကလည်းနည်း သူများရပ်ရွာမှာရောက်နေတော့
ငတိုးမိသားစု ခမျာအဆင်ပြေစေရေးကိုစဉ်းစားရတာပေါ့။မလေးရှားမှာ တက္ကသိုလ်တက်နေတဲ့သားလည်းရောက်လာ
တယ်။ဆေးကျောင်းကအငယ်ဆုံးသမီး လည်းစာမေးပွဲပြီးတာနဲ့ရောက်လာတယ်။မန္တလေးကငတိုးဘော်ဒါ ဂျေမောင်မောင်၊ ချို
ကြည်သာ တေသံသွင်းက ကကိုချို မသီတာတို့လင်မယား အားလုံးမိတ်ရင်းဆွေရင်း ဘေးနားမှာရှိနေကြပါတယ်။ ဆရာဝန်က
မရတော့ဘူး လို့လက်လျှော့ထားတော့ငတိုးအတွက်ဘ၀ကူးကောင်းအောင်လုပ်ပေးကြရမယ်လို့ တိုင်ပင်ထားကြတာပေါ့လေ။ စလုံးကငတိုးပရိသတ်တွေလည်းမကြာမကြာသတင်းလာမေးကြပါတယ်။သူနာပြုဆရာမတွေလည်းသူတို့ အလုပ်အားချိန်မှာ သူတိုချစ်တဲ့ကိုတိုးကြီး ကို လာကြည့် သတင်းမေးကြပါတယ်။အသုဘအတွက်လည်းတကယ်လို့အလောင်းကိုပြန်ယူသွားရင်
MAI ပေါ်မှာအဆင်ပြေပြေ တင် နိုင်အောင်မြန်မာပြည်ကသူငယ်ချင်း ရန်ပြေထံဆက်သွယ်ရသေးတယ်။ အမှန်ကဟန်စိန်က
ပို့ဆောင်ရေးကဆိုတော့သူဆီအရင်ဆက်တာ၊သူက ထိုင်းကိုရောက်နေတော့ မျိုးအောင်ဆီဆက်ရပြန်ကော၊သူလည်းထိုင်းကိုရောက်နေတယ်လို့သိရတယ်။ဒါနဲရန်ပြေ ကိုအကူအညီတောင်းရတာပါ၊ ရန်ပြေ က
ပင်စင်ယူပြီး MAI မှာ chiefengineer လုပ်နေတာဆိုတော့သူလည်းအကုန်စီစဉ်ပေးပါတယ်။နောက်ဆုံးကြတော့
ကာယကံရှင် မဝေ ဆီကနေသူတိုမိသားစုရဲဆန္ဒကိုသိလာရတယ်။ခင်မောင်တိုးကအမြဲတန်းအေးအေးဆေးဆေးနေ
လိုတယ်။သူဘ၀မှာဘယ်သူကိုမှဒုက္ခမပေးချင်ဘူး၊ဒါကြောင့်စင်ကာပူမှာပဲ သင်္ဂြုလ်ပြီး အရိုးပြာကိုမြန်မာပြည် ပြန်ယူ
သွားမယ်။ သူရပ်သူရွာ မန္တလေး ဧရာဝတီမြစ် ထဲမှာ အရိုးပြာကိုရေမျောချင်တယ် လို့သူတိုမိသားစုဆန္ဒကိုပြောပြလာ
ပါတယ်။ အဲတော့ကိုယ်တို့ရဲ့ ပလင်စီ ကိုအကောင်အထည်ဖေါ်ရတော့တာပေါ့။ မဆုံးခင် ၂ရက်လောက်အလိုမှာ ဆေးရုံ ကိုသွားတော့ငတိုး ညည်းသံဟာတစ်မူထူးခြားနေသလိုလို အားလုံးကခံစားရတယ်။သူငယ်ချင်းလေးယောက်လုံးကငတိုး
ဝေဒနာခံစားနေရလို့ညည်းတာပဲလို့သုံးသပ်ကြတယ်။ဒါဆိုရင်ဝေဒနာခံစားရသက်သာအောင် ဆေး ပေးဖိုပြော ရင်
ကောင်းမယ်ဆိုပြီး ငတိုး သားအကြီးနဲ့အတူ သူနာပြုတွေကိုပြောလိုက်တော့ လူနာရှင်တွေကမပြောသေးလို့ သူတို့လည်းဘာဆေးမှ မပေးသေးတာပါ လို့ပြောတယ်။မဆုံးခင်နောက်တစ်ရက်သွားတော့ ငတိုး အမြဲပဲ မှိန်းနေတယ်လို့ပြောတယ်။ဝေဒနာခံစားရတာသက်တော့သက်သွားတာပေါ့။ကြားဖူးနားဝရှိတာပြောရရင် အဲဒီလို ဝေဒနာ
သက်သာဆေးတွေ ပေးလိုက်ရင် အနှေးနဲ့အမြန်ပဲသိထားရတော့ငတိုးအတွက်အရမ်းစိတ်မကောင်းဖြစ်မိတယ်။ငတိုးဆေးရုံမှာရှိနေတုံးဇနီးဖြစ်သူမဝေဟာတချိန်လုံးအနား မှာ ရှိနေပြီးဆရာကြီး ဂိုအင်ကာ ရဲ့တရားခွေ တွေ ကိုဖွင့်ပေးထားတဲ့အပြင် အချိန်ရှိသရွေ့ ငတိုး ကို ဘယ်နေရာမှာ ဘယ်တုံးက ဘယ်လို တရားထိုင်ခဲ့တာ၊စတာတွေကိုအမြဲမပြတ်ငတိုးသတိရအောင် ပြောပြနေတာကိုတွေ့ရတော့ “ အော် ငတိုးအတွက် ဇနီးကောင်း အဖေါ်မွန်တစ်ယောက်ပဲလေ၊သေမှာ ကိုသိနေပေမဲ့ ငိုကျွေးမနေပဲ အမြဲ ပဲငတိုးကိုဝိပသာနာတရားကိုစဉ်ဆက်မပြတ်နှလုံးသွင်းနိုင်အောင်ဘေးနားကနေလုပ်ပေးနေရှာ တယ်လို့ မောင်တိုင်ပင် တို့တတွေ ဂရုဏာသက်ခဲ့ကြရပါတယ်။
တချိန်တချိန်မှာတော့ မဝေ ပြောတာကိုနားလယ်တဲ့ အနေနဲ့ ခေါင်းလေးဆတ်တာကိုလည်းတွေ့ရပါတယ်။ငတိုး ဘေးနားမှာ ဇနီးကောသားသမီးတွေကော ကိုယ်လေးလက်ဝန်နဲ့ချွေးမလေးပါရှိနေကြပါတယ်။ရုံးဖွင့်ရက်ဖြစ်နေတော့
ငတိုး ဆီကို မောင်တိုင်ပင် နဲ့ ဥာဏ်ဝင်းရွှေ ပဲရောက်နိုင်တော့တယ်။ဆုံးမဲ့နေ့ မနက်၇နာရီခွဲလောက်မှာ ဥာဏ်ဝင်းရွှေ စုံစမ်း
ကြည်တော့ မှေးနေတယ်လို့သိခဲ့ရတယ်။ဆေးတွေ အွန် ထားတော့ ညည်းသံမကြားရတော့ဘူး။ နံနက် ၉ နာရီ
လောက်ကြတော့ ဥာဏ်ဝင်းရွှေဆက်လာတယ်။ငတိုးဆုံးပြီ--သူဆေးရုံကိုသွားနေပြီဆိုတဲ့အကြောင်း လှမ်းဆက်သွယ်
လာတယ်။ မောင်တိုင်ပင် လည်း ၁၀၆ကားစီးပြီး အမြန်သွားရတာပေါ့။ ကင်မရာကော ထီးကော အားလုံးမေ့ကျန်ခဲ့တယ်။ ဆေးရုံရောက်တော့ငတိုး ကိုယ်မှာ တတ်ထားတဲ့ ကိရိယာတွေဘာမှမဖြုတ်ရသေးဘူး၊ ဥာဏ်ဝင်းရွှေကတော့ death certificate အတွက်ရဲစခန်း ကိုသွားတယ်လို့သိရတယ်။ ကြားရက်ဖြစ်နေတာကြောင့်အသုဘစီစဉ်တဲ့ကုမ္ဗဏီ ကအဲဒီနေ့ပဲ သင်္ဂြုလ်ချင်ရင်ရတယ် လို့ပြောပြလို့ မိသားစု ကိုအသိပေးတော့အဲဒီနေ့ပဲသင်္ဂြုလ်မယ်လို့ပြောပါတယ်။ ဥာဏ်ဝင်းရွှေပြန်လာတဲ့အခါ မြန်မာသံအမတ်ကြီး ဆီကိုဖုံးဆက်ပြီးdeath certificate ကိုသံရုံးအနေနဲ့ထုတ်ပေးဖို့မေတ္တာရပ်ခံတော့ ချင်ချင်းလာခဲ့ပါ
ဆိုတာနဲ့သံရုံးကိုချက်ချင်းသွားကြပါတယ်။သံမှုးကြီးဦးတင်ဝင်းက ကိုယ်တိုင်လုပ်ပေးလိုက်လို့ မကြာပါဘူး ချက်ချင်းပဲရခဲ့ပါတယ်။ သူလည်းငတိုး ရဲ့ပရိသတ်ပဲလေ။
ဆေးရုံပြန်ရောက်တော့caretaker ကရောက်နေပြီ။ငတိုး အနှစ်သက်ဆုံးအ၀တ်အစားတွေကိုတောင်းပါတယ်။ဆေးရုံ
က မြန်မာ nurse မလေးတွေကလည်းမျက်ရေစမ်းစမ်းနဲ့သူ့ကိုယ်မှာတတ်ထားတဲ့ ကိရိယာတွေဖြုတ်ပေးနေတာကိုတွေ့ပါတယ်။ငတိုးကိုဆေးကြောသုတ်သင်ပေးပြီးcaretaker လက်ထဲထည့်လိုက်ပါတယ်။ ဆေးရုံ သုံးထပ်မှာ ရှိတဲ့ အလောင်းပြင်ပေးတဲ့နေရာအခန်းကိုယူသွားပါတယ်။ caretaker က Mandai Cemetary မင်ဒိုင်း သုသာန်မှာ ညနေ ၃ နာရီမှာမီးသဂြိုလ်ခွင့် ရကြောင်းလာပြောတယ်။လူ၃၀လောက်စီးနိုင်တဲ့ ကားလည်းဆေးရုံရှေ့မှာ စီစဉ်ထားပါတယ်။မိသားစုလည်းရင်ထဲမှာပူလောင်ဝမ်းနည်းစွာဖြင့်ဆေးရုံအောက် lobby မှာ ထိုင်စောင့်နေကြပါတယ်။
ကတိုက်ကရိုက်ထွက်လာတာကြောင့်၂ ယောက်လုံးမှာကင်မရာမပါကြဘူး။ ဒါနဲ့ ဥာဏ်ဝင်းရွှေ က အာအိုင်တီကျောင်းသားဟောင်း ကိုခင်မောင်ကြီးကို နေ့လည် ၂နာရီလောက်ကမှလှမ်းအကူအညီတောင်းရပါတယ်။သူလည်းရုံးကနေအိမ်ပြန်ကင်မရာယူပြီးထွက်လာတာအချိန်မီလေးပဲရောက်လာပါတယ်။ ၃နာရီမထိုးခင်ဆေးရုံရှေ့က မင်ဒိုင်းသုသာန် ကိုထွက်လာခဲ့ပါတယ်။တခါမှလည်းမရောက်ဘူးပါ။ LED display မှာ ခင်မောင်တိုးအမည်မှားနေလို့ပြန်ပြင် ခိုင်းရပါသေးတယ်။ စင်ကာပူနာရေးကူညီမှုအသင်း ကတာဝန်ရှိသူတွေကလည်းဓါတ်တော်တိုက်ဆရာတော်ကို သရဏဂုံ တင်ရန် ပင့်ပေးပါတယ်။ခင်မောင်တိုး ရဲ့စင်ကာပူ ပရိသတ်ဟာတော်တော်များပါတယ်၊တဆင့်စကားတဆင့်ကြားပြီး ပရိသတ်တော်တော်စုံစုံလင်လင် လာကြပြီး ငတိုးရဲ့နောက်ဆုံးခရီး ကိုပို့ခဲ့ကြပါတယ်။caretakerကားနဲ့ပဲ ငတိုးကို မင်ဒိုင်းသချိုင်းဆီကိုသယ်လာပါတယ်။အခန်း ၁ မှာ လူပေါင်း ၁၀၀ လောက်တော့ဆန့်ပါတယ်။ အကုန်လုံးစက်ကိရိယာအကူအညီနဲ့ပဲ ငတိုး အခေါင်း ကိုသယ်ယူသွားပါတယ်။အဲဒီအချိန်မှာ ပြည်သူအချစ်တော်ခင်မောင်တိုး အတွက်နောက်ဆုံးခရီးကို skynet ကလာရောက်မှတ်တမ်းတင်ပါတယ်။မိသားစုနဲ့မိတ်ဆွေများ နှင့် အတု ငတိုး ကိုသရဏဂုံတင်ပါတယ်။ အားလုံးပြီးတဲ့အခါမှာမီးသဂြိုလ်တဲ့ခန်းမဆီ အခေါင်း ကိုယူဆောင်သွားပြီး မီးသဂြိုလ်မဲ့ နေရာကိုတရွေ့ရွေ့ယူသွားမဲ့ ကွန်ဗေယာပေါ်တင်လိုက်ပါတယ်။လိုက်ပို့တဲ့လူအားလုံးက viewing room ကနေ ငတိုးအခေါင်းကိုသယ်ဆောင်သွားတဲ့ ကွန်ဗေယာတရွေရွေ့ သွားနေတာကိုသံဝေဂကြီးစွာဖြင့်ဝမ်းနည်းစိတ်လှုပ်ရှား
စွာစောင့်ကြည့်နေပါတယ်။နောက်ဆုံးတော့မီးသဂြိုလ်စက်တခါးလေးပွင့်သွားပြီးတဖြည်းဖြည်း ငတိုး အခေါင်းဝင်ရောက်သွာတဲ့အချိန်မှာ“ ငတိုးရေ--မင်းအရင်သွားပေတော့၊ ” လို့စိတ်ထဲမှာလွမ်းးစိတ်နဲ့ ဆိုလိုက်မိပါတော့တယ်။ငတိုးရဲ့ရက်လည်ကို စလုံးမှာရှိတဲ့ ဓါတ်တော်တိုက်ဘုန်းကြီးကျောင်းမှာပြုလုပ်ပါတယ်။ စလုံးမှာ
ရှိတဲ့ ငတိုးပရိသတ်တွေတော်တော်များလာကြပါတယ်။နောက်ရက်လည်ကိုတော့ ချိုကြည်သာတေသံသွင်းက ကိုချို တို့သမီးတွေငှားနေတဲ့ အခန်းမှာလုပ်ပါတယ်။ငတိုးရဲ့ရင်းနှီးသောဘော်ဒါတွေလာရောက်တရားနာကြပါတယ်။ငတိုးရဲ့အရိုးပြာကို caretaker ရဲရုံး ကဘုရားစင်မှာသိမ်းထားခိုင်းပြီး ပြန်မဲ့နေ့ကြမှ လေဆိပ်အသွားဝင်ယူမယ်ဆိုတဲ့အကြောင်းမှာ
ထားရပါတယ်။ မောင်တိုင်ပင်တို့တတွေလေဆိပ်ကိုအားလုံးလိုက်ပို့ကြပါတယ်၊ ငတိုးရဲ့ အရိုးပြာအိုးကိုသမီးကကျောမှာလွယ်
ထားတယ်။မောင်တိုင်ပင် ကတော့ ငတိုးမိသားစု အုပ်စု ကို နောက်ကနေဓါတ်ပုံရိုက်ပြီး ”ဆော်လမွန်ငါးတို့အိမ်အပြန်“ ဆိုပြီးဝမ်းနည်း
တသစွာမှတ်တမ်းတင်ခဲ့ပါတယ်။ ငတိုးဆုံးပြီး နောက်ပိုင်းငတိုးနဲ့ပတ်သက်တာတွေဘာတစ်ခုမှမောင်တိုင်ပင်မရေးခဲ့ပါဘူး၊ဘာကြောင့်လဲဆိုတော့ ငတိုးရဲ့နောက်ဆုံးချိန်ကို ကိုယ်တိုင် တွေ့ ခဲ့ ရတော့ ၁ဂနှစ်သားကတွေ့ဆုံခင်မင်ခဲ့ ရတဲ့ငတိုးခမျာ လောကဓံလှိုင်းအမျိုးမျိုးအပုတ်ခံခဲ့ ရပြီး ၄၆ နှစ်အကြာမှာခွဲခွာခဲ့ ရပါတယ်။သူလည်း သူလမ်းသူလျှောက်ခဲ့ပေမဲ့ ငယ်စဉ်
ကတည်းကသိကျွမ်းခင်မင်ခဲ့ရပြီး သူနောက်ဆုံးအချိန်မှာကိုယ်ကရှေ့မှောက်မှာရှိနေတော့ အော်လောကဓံတရားရဲ့ဒဏ် ကံကြမ္မာအလှည့်အပြောင်းဟာမမျှော်လင့် ပဲကြုံလာခဲ့ရတော့ငတိုးလောက်တရားမရှိသေးတဲ့မောင်တိုင်ပင်အဖို့
တော်တော်ကိုတုန်လှုပ်သွားခဲ့ ရပါတော့တယ်။