လက်ရှိစီးပွားရေးအခြေအနေတွေအကြောင်းမရေးဘူးလို့တော့နေတာပါပဲ--ဒါပေမဲ့မိတ်ဆွေတွေဖြစ်တဲ့ရန်ကုန် က ကုန်သည်စီးပွားလုပ်ငန်းရှင်တွေနဲ့ viber ကဖြစ်စေ မက်စင်ဂျာ ကဖြစ်စေ ညဥ့်စဉ်လိုလိုစီးပွားရေးရာကိစ္စရပ်တွေကိုပြောဆိုဆွေးနွေးသတင်းဖလှယ်လေ့ရှိပါတယ်-သူတို့ကသူတို့ဆွေးနွေးတာတွေကိုရေးစမ်းပါ-- ရေးစမ်းပါ နဲ့ တိုက်တွန်းတတ်ပါတယ်။-လက်ရှိ hot ဖြစ်နေတဲ့အကြောင်းအရာတွေတောင်ပါ ပါသေး-ကျနော်ရဲ့အယူအဆတွေးခေါ်ထင်မြင်ချက်ကို ကမ္ဘာအခြေအနေ မြန်မာအခြေအနေတွေနဲ့ နှိုင်းယှဉ်မူတည်သုံးသပ်ပြလိုက်တော့ တော်တော်များများကိုလက်ခံပါတယ်--ဒါပေမဲ့ စောင့်တော့ကြည့်ရမယ်လို့တော့ပြောတာပေါ့--ဖွဘုတ်ပိတ်သတ်တွေကိုတော့ ဟို ၆၆ ဆိုတာကြောက်လို့ ဘာမှမတင်ပြလိုပါဘူးနော်--
ရှေးဦးစွာဝန်ခံလိုတာကယခုကျနော့်တင်ပြချက်တွေဟာကျနော်မောင်တိုင်ပင်တစ်ဦးတစ်ယောက်တည်းရဲ့ တွေးခေါ်သုံးသပ်ချက်တွေမဟုတ်ပါဘူး-- မောင်တိုင်ပင်တို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုပြန်လည် တင်ပြတာပါ--ရန်ကုန်မှာဘယ်လုပ်ငန်းရှင်မေးလိုက်မေးလိုက်စီးပွားရေးမကောင်းဘူးပဲဖြေကြတာပါပဲ၊ အဲဒီလူတွေဟာ လောလောဆယ်ကျပ်ငွေမီလီယံလောက်ကိုင်နိုင်တဲ့ လုပ်ငန်းရှင်တွေဖြစ်နေပါတယ်။--အခုခေတ်ကစစ်အစိုးလက်ထက်ကလိုတခါးပိတ်မနေတော့ပါဘူး။ငွေကြေးစီးဝင်စီးထွက်ကကောင်းမွန်လာပြီး တချို့ လုပ်ငန်းရှင်တွေဟာကျပ်ငွေကိုဘီလီယံ နဲ့ပဲစကားပြောလာကြပါတယ်။ အခုဆိုစက်သုံးဆီဆိုင်တွေနိုင်ငံခြားနဲ့ဖက်စပ်လုပ်လာကြပြီဆိုတော့ နောက် ၂-၃ နှစ်လောက်ဆို မြန်မာတပြည်လုံးဒီဖက်စပ်ဆိုင်တွေပဲတွေ့နေရတော့မှာပါ။ငွေရင်းကကြီးမားလာပြီဆိုတော့ မီလီယံလောက်ရင်းနှီးမြုပ်နှံတဲ့ဆိုင်တွေတဖြည်းဖြည်းပျောက်ကုန်သွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော်တင်ပြချက်တွေဟာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုလေးစားစွာဦးတည်တင်ပြတာဖြစ်ပါကြောင်းရှေးဦးစွာပြော ကြားလိုပါတယ်--ဘယ်နှယ်ဗျာ--လာစေချင်လိုက်တာကလည်း FDI ရင်းနှီးမြုပ်နှံမှု -- ဘယ်မှာလည်းလျှပ်စစ်--တစ်နေ့က 7 days tv turning point မှာ ဒီဂျီ ဦးအောင် နိုင်ဦးတင်ပြဆွေးနွေးသွားတဲ့ investment ကိုအဟန့်အတားဖြစ်စေတဲ့ ၄ ချက်ထဲမှာ လျှပ်စစ်ပါတယ်ဗျ-- ကျောက်မီးသွေးကမထုတ်ချင်ဘူး-- ရေအားမှ-- နေရောင်ချည် renewable မှ-- လေအားမှ နဲ့ ကမ္ဘာပတ်ဝန်းကျင် activist တွေရေးထားတဲ့ စါတမ်းတွေ reference လုပ်ပြီး ဘယ်နိုင်ငံမှာတော့ ဘယ်လိုဖြစ်ကုန်တယ်--ကျန်းမာရေးဘယ်လိုထိခိုက်ကုန်ပြီ စသည်ဖြင့်အများကြိုက်တွေဖန်တီးကန့်ကွက်နေတာကိုပုံတူကူးချ လော်ဘီ လုပ်နေတာနဲ့ပဲရှေ့ မရောက်တော့ဘူး-- ဘယ်မှာလဲတီကျစ်ကစက်ရုံမှုးကိုယ်တိုင်လာပြီး ကျောက်မီးသွေးမကောင်ဘူးဗျို့ ဘာဖြစ် နိုင်တယ် ညာဖြစ် နိုင်တယ် ဆိုလက်တွေ့လုပ်ခဲ့တာမို့ ယုံချင်ယုံရသေး-- အခုတော့ ဘာဒေါက်တာ ညာဒေါက်တာ ဆိုတဲ့ အမည်ရှေ့  ကတပ်-- တိုင်းပြည်ကတော့ ကုန်းကောက်စရာမရှိလောက်အောင်ဆင်းရဲ-- ပြည်သူတွေလူမွှေးသူမွှေးမပြောင်--အဓိကလိုတာကလျှပ်စစ်ဆိုတာတောင်-- မသိသားဆိုးဝါးစွာလော်နေကြနေလေရဲ့-- သူ့အဖေတွေက ဂက်စ်ဆိုတာကိုအောက်ဈေးနဲ့ရောင်းစားခဲ့တော့ ထုတ်စရာဆိုလို့ ဒီနည်းလမ်းပဲရှိတော့တာကို-- ကရင်ပြည်နယ် ဝကခ ကသတ္တိရှိစွာကျေညာ လိုက်တော့ ဒီ ဝန်ကြီးချုပ် ကိုပဲ လေးစားစွာဦးတည်လိုက်ရတော့တာပေါ့-- ကြည့်နေပါ--လာမဲ့ ၁၀ နှစ်အတွင်း ကရင်ပြည်နယ် ထောင်တက်သွားပါလိမ့်မယ်--ထိုင်းဖက်မှာရောက်နေတဲ့ မြန်မာလုပ်ငန်းရှင်တွေရဲ့စက်ရုံတွေသာကရင်ပြည်နယ်မှာ လာရင်းနှီးမြုပ်နှံဖို့ အခြေအနေကောင်းတွေဖန်တီးပေးပါ။
ကုန်သည်မိတ်ဆွေတွေက ရန်ကုန်ရဲ့စီးပွားရေးလောကကြီးဟာအရင်၁၀-၁၅ နှစ်တုံးကလိုမဟုတ်တော့ဘူး--ငွေရင်းကကြီးမားလာပြီး ကျပ်ဘီလီယံနဲ့စကားပြောလာတဲ့အချိန်မှာကျပ်မီလီယံလောက်ပြောနိုင်တဲ့သူတွေဟာ ကွက် ပျောက်နေပါတယ်-တဲ့--ကုန်ပစ္စည်းထုတ်လုပ်သူဖြစ်စေ ကုန်ပစ္စည်းတင်သွင်းသူဖြစ်စေ ကုန်သည်လုပ်ငန်းရှင်တွေဟာ ကြားထဲမှာသူတို့ရောင်းကုန်တွေအတွက် လက်ကားကိုယ်စားလှယ်ပင်မထားတော့ ပဲလက်လီ outlet တွေအထိကိုယ်တိုင် distribution လုပ်လာကြတဲ့အတွက်ကြားထဲက လက်ကားသမားတွေကွက်ပျောက်ဖြစ်ကုန်ကြပါတယ် တဲ့-- ဒါကြောင့်လည်းပဲ ဆန်တစ်ခုကလွဲလို့ ဘုရင်နောင်လက်ကားဈေး၊ ညောင်ပင်လေးဈေး တွေမှာ စီးပွားရေးလုပ်ငန်းတွေတော်တော်များများ'အ' ကုန်ပါတယ်--အရင်တုံးကလို--ဟိုကုန်သယ်ဒီကုန်သယ် နဲ့အလွန်နည်းသွားပါတယ်-- ဒါဟာလက်ကြီးသမားပင်ရင်းတွေဟာ လက်လီဈေးကွက်တွေထိကိုယ်တိုင်ဆင်းလာပြီးငွေအင်အားပမာ ဏကလည်းကျပ်ဘီလီယံ နဲချီများပြားလာပါတယ်--
ကိုကာကိုလာကိုကြည့်ပါ-- မြစ်ကြီးနားမှာလည်း၁ပုလင်း၃၀၀ကျပ် ရန်ကုန်မှာလည်း ၁ ပုလင်း ၃၀၀ ကျပ်ပါ--မောင်တိုင်ပင်တို့ ကုန်သွယ်လယ်ယာဆိုရှယ်လစ်ခေတ်ကချင်းပြည်နယ်မှာလည်းဆန် ၁ ပြီ ၂:၅၀ ကျပ် ပုသိမ် မှာလည်း ဆန် ၁ ပြီ ၂:၅၀ ကျပ်ဆိုတုံးက ဒီဦးဘငြိမ်ဆိုတဲ့ပုဂ္ဂိုလ် သယ်ယူပို့ဆောင်ကိုင်တွယ်စရိတ်ထည့် မတွက်ခဲ့ ဘူးလားပြောခဲ့ကြတယ်--အခုလက်ကြီးသမားတွေကအကုန်စါးရိတ်တွက်ပြီးသား-- ဘယ်နေရာရောက်ရောက် ဒီဈေးပဲ-- ဈေးကွက်ကိုအားလုံးဖြန့်ချပစ်လိုက်တာ--အမြတ်များတဲ့နေရာ နည်းတဲ့နေရာတွေ မျှသွားတာပေါ့--
နောက်ပြောချင်တာတစ်ခု--မြန်မာမှာလူကြိုက်များပြီး အင်တာနေရှင်နယ်မှာထုတ်တဲ့ ထုတ်ကုန်တွေကိုလိုင်စင်ဝယ်ယူပြီး အိမ်နီးနားချင်းနိုင်ငံတွေမှာ ထုတ်လုပ်တယ်-- ယူနန်၊ မလေးရှား၊ ထိုင်း စတဲ့နေရာတွေမှာ စက်ရုံထောင်ရတာလည်းလွယ်တယ်-- ကုန်ပစ္စည်းထုတ်လုပ်ရတာဈေးသက်သာတယ်-- အမယ် skilled labour တောင်မြန်မာတွေပါပဲ-- ပြီးမှ ပိုင်ရှင်က မြန်မာ ပြည်ထဲကို သွင်းကုန်ပါမစ်နဲ့ သွင်းတယ်-- ပြည်တွင်းမှာ သူကိုယ်တိုင် လက်လီ အထိဖြန့်တယ် လက်ကားဆိုတာဖျောက် ထားတယ်--ဘာကြောင့်အိမ်နီးချင်းနိုင်ငံတွေမှာသွားထုတ်လုပ်တာလည်းလို့မေးကြည့်တော့မြန်မာပြည်မှာထုတ်ရင်အခွန်အခကြီးလို့တဲ့-- ကုန်ကြမ်းသွင်းရင်အခွန်အခကတစ်မျိုး ကုန်ချောဖြစ်လာရင်အခွန်အခကတစ်မျိုး--နောက်စက်ရုံထောင်ဖို့ မြေနေရာအခက်အခဲ-- ကိုယ်ပိုင်မြေရှိတောင်သွားလိုက်ရတဲ့ဌာနဆိုင်ရာတွေ-- အရစ်ခံလိုက်ရတာလည်းလှုပ်လို့တောင်မရ-- တဲ့-- ဒါတွေဟာကိုယ်တိုင်လုပ်ဖူးတဲ့သူရှိမှ သိပါလိမ့်မယ်။ အဲတော့ အိမ်နီးနားချင်းနိုင်ငံတွေမှာပဲစက်ရုံထောင်ပြီး ပြန် import သွင်းတာကတွက်ချေအကိုက်ဆုံးဖြစ်နေတယ်။ အရေးကြီးဆုံး ပြောဖို့ကျန်သွားတယ်-- မြန်မာမှာလျှပ်စစ်ကသေမှ မသေချာတာပဲ။ဒီလိုငွေရင်းကြီးတဲ့အလုပ်တွေလုပ်နေကြတဲ့ မြန်မာလုပ်ငန်းရှင်တွေအများကြီး တဲ့-- သူတို့စီးပွားရေးတွေဖြစ်နေတော့ ဘာပစ္စည်းတွေလဲဆိုတာမပြောလိုပါဘူး။ သက်ဆိုင်ရာတာဝန်ရှိတွေပဲစုံစမ်းကြည့် လိုက်ပါ။အလှကုန်ပစ္စည်းတွေနဲ့ စားကုန်ပစ္စည်းတွေတော့ များပါလိမ့်မယ်။
အဲတော့ကွက်ပျောက်နေကြတဲ့အလယ်အလတ်သမားကုန်သည်တွေ အနေနဲ့ ဘာမှလုပ်စားစရာမရှိကွက်ပျောက်နေကြတယ်။ သူတို့ ကို labour intensive ဖြစ်တဲ့အဲလို SME ထုတ်လုပ်မှုလုပ်ငန်းလေးတွေကို ပြည်တွင်းမှာပြန်ဝင်လာပြီးရင်းနှီးမြုပ်နှံလာအောင်လုပ်ကြပါအုံး-- အဲလိုလုပ်နိုင် ဖို့အတွက် ဝန်ကြီးဌာတစ်ခုထဲနဲ့တော့လုပ်မရနိုင်ဘူး။ဘာတွေလုပ်ရမလဲဆိုတော့--
(၁) အလုပ်သမားကောအလုပ်ရှင်ကော လက်ခံနိုင်လောက်တဲ့စည်းကမ်းချက်တွေ ပြန်လည်သတ်မှတ်ဖို့ပါပဲ--
(၂) အခွန်ဥပဒေစည်းမျဉ်းတွေကရှုပ်ထွေးပြီး လုပ်သာကိုင်သာမရှိပဲအခွန်ထမ်းကိုလယ်ပင်းညှစ်ဖို့စဉ်းစားလုပ်ဆောင်နေသရွေ့ တိုင်းပြည်ဖွံ့ ဖြိုးမတိုးတက် လာနိုင်ပါ။ အခွန်ဌာန ကမိုးကျတွေလုပ်နည်းတစ်ခုရှိပါတယ်။ဒီနှစ်ဒီမြို့ နယ် က ကျပ်သိန်းပေါင်း၁၀၀၀၀ အခွန်ရခဲ့ရင် နောက်နှစ် ဘာမှမစဉ်းစားနဲ့ ကျပ်သိန်းပေါင်း ၁၂၀၀၀ ပဲဆိုတဲ့ ပညာသားမပါ တဲ့သတ်မှတ်ချက်မျိုးရှိခဲ့ဘူးပါတယ်။ သူများနိုင်ငံက ဘယ်လိုအခွန်ကောက်သလဲလေ့ လာဖို့လိုပါတယ်။
(၃) စက်ရုံမြေနေရာပိုင်ဆိုင်မှုကိစ္စ ကိုအရှင်းဆုံးဖြစ်အောင်လုပ်ပေးဖို့ လိုပါလိမ့်မယ်။
(၄) နောက်ဆုံးတစ်ခုကတော့ လျှပ်စစ်ကိစ္စပါ။
အထက်ပါအချက်တွေဆောင်ရွက်ပေးနိုင်မှပဲ အိမ်နီးချင်းနိုင်ငံတွေမှာစက်ရုံတည်-- ပစ္စည်းထုတ်လုပ်-- ပြည်တွင်းကို import ပြန်သွင်း လုပ်နေတဲ့လုပ်ငန်းရှင်တွေပြည်တွင်းမှာ ပြန်ရင်းနှီးမြုပ်နှံလာအောင်business environment ကိုပြောင်းလဲပြုပြင်မှသာလျှင် ဂျက်လေယာဉ်ကြီး take off လုပ်လို့ရပါမယ်။
Wholesale markets တွေလေ့လာကြည့်ပါ။ ဘာတွေဖြစ်နေလဲ? ဘာတွေပြုပြင်ပေးရမလဲ? သိလာပါလိမ့်မယ်။ လျှပ်စစ်မသေချာတဲ့နေရာ၊ မြေနေရာ အာဏာပိုင်ကထုတ်ပေးသည့်တိုင်အရင်ပိုင်ခဲ့တဲ့ လယ်သမားကလာကန့်ကွက် လို့ဘာမှမလုပ်နိုင်၊ skilled labour ရှားပြီးလုပ်ခလစာတွေဈေးမြင့်၊ အလုပ်သမားဆန္ဒပြမှုများ အာမ မခံနိုင်၊အခွန်အခတွေအမျိုးမျိုးကောက်ခံ၊ စတဲ့ နိုင်ငံမှာ ကိုယ့်ပြည်တွင်းကလုပ်ငန်းရှင်တွေ အိမ်နီးချင်းနိုင်ငံတွေမှာ ပုံစံအမျိုးမျိုး နဲ့ ရင်းနှီးမြုပ်နှံနေတာတွေ ပြန်ရောက်အောင်လုပ်နှိင်မှာသာ ပထမနှစ် phase (1) အောင်မြင်မှု ရလာနိုင်ပါလိမ့်မည်--
မောင်တိုင်ပင်
၁၃-၀၇-၂၀၁၇