Friday, August 23, 2013

ဈေးကွက်သဘောတရား


TWG မှာလက်ဘက်ရည်ပေါင်းရာချီရှိတယ် Burma ကလက်ဘက်ရည်ကြတော့ Black Tea တဲ့--စလုံး ၁၁ ကျပ်ဆိုတော့
MMK ၈၀၀၀ ကျော်ပေါ့--ကြွားချင်လို့ ပိုစ့်
တင်တာမဟုတ်ဘူး--တစ်နေ့ကပြောခဲ့တယ်
လက်ဘက်၊ကော်ဖီ၊သစ်သီး စသည်တို့ကို
ပြည်ပကုမ္ပဏီတွေကိ permit to trade
ပေးနိုင်တယ်ဆိုတာ ဒီလိုကုမ္ပဏီမျိုးလက်
ဘက်လာစိုက်မယ်၊ရောင်းဝယ်မယ်ဆိုရင်
ပေးနိုင်တယ်၊ သူတို့က quality ပဲအဓိက
ထားမယ်၊နည်းပညာရမယ်၊မြန်မာလက်
ဘက်ရည်ဆိုင်မှာအလကားသောက်ရတဲ့
လက်ဘက်ကြမ်းကို ၈၀၀၀ ကျပ်
တန်သွားအောင်ဘယ်လိုဈေးကွက်နည်းပ
ညာနဲ့ဖန်တီးမယ် စတဲ့စီမံခန့်ခွဲမှုစီးပွါးရေး
နည်းပညာတွေရမယ်။ဆိုလိုတာကတော့
ပေးဝင်ရမဲ့အပိုင်းတွေရှိသလို ကာကွယ်ထား
ရမဲ့အပိုင်းတွေလည်းရှိရမှာဖြစ်ပါတယ်။
 

အလိမ္မာစာမှရှိ


ကျနော်တို့အဖေအမေတွေဟာရှေးရိုးစွဲ conservative. တွေ ပါ၊ ငယ်ငယ်က မင်းဘယ်လိုနေဘယ်
လိုထိုင် ပြောလေ့ မရှိပါဘူး၊ ကိုယ်ဖါသာပဲ လူလောကထဲမှာတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်လာ
အောင်လေ့ကျင့်ပျိုးထောင်နိုင်ခဲ့ပါတယ်။ သေချာစဉ်းစားကြည့်ရင်မိဘကျေးဇူးအများကြီးရှိခဲ့
ပါတယ်၊ အဖေကလစဉ်မြန်မာစာအုပ်တွေကိုဝယ်လေ့ရှိပါတယ်။ သူဌာနစာကြည့်တိုက်အ
တွက် ကော အိမ်အတွက်ကောဝယ်ပြီးကျနော်တို့ကိုဖတ်စေခဲ့ပါတယ်။ ယုတ်စွအဆုံး မြန်မာ
စွယ်စုံကြမ်းအတွဲစုံ ဝယ်ပေးထားပါတယ်။ ရွှေဥဒေါင်း၊ သိပ္ပံမောင်ဝ၊စတဲ့စာအုပ်တွေအပြင်
စိန်လွင်လေးရေးတဲ့ဆောင်ကြာမြိုင်မှတ်တမ်း တောင်ပါသေးတယ်၊ နန်းတွင်းသမားတော်ကြီး
ဆရာခဲ ရဲ့မြေးမြစ်တွေက မန္တလေး မလွန်မှာရှိတယ်၊ ဆရာမကြီးဒေါ်ဒေါ်အေး ဆေးတွေနဲ့ကျ
နော်တို့ကြီးလာရတာ-- အခုချိန်ထိ သောက်နေတုံး-- သူတို့ဆေးတိုက်ကအိမ်ဆေးတိုက်--လူ
လည်းနေတယ်၊ အပေါ်ထပ်မှာ ကျွန်းသေတ္တာကြီးတွေနဲ့ပါရပိုက်တွေ လှောင်ထားတာ-- အဲဒီ
ပါရပိုဒ်တွေကရတယ်ပြောတာပဲ။လူထုဦးလှဆိုရင်သူရေးသမျှစာအုပ်တွေလက်မှတ်ထိုးပို့လေ့
ရှိတယ်၊ ကျနော်ရဲ့အကြိုက်ဆုံးစာရေးဆရာ ၄ ယောက်ရှိတယ်၊ ရွှေဥဒေါင်း၊ လူထုဦးလှ၊သိပ္ပံ
မောင်ဝ၊ နဲ့သော်တာဆွေ တို့ဖြစ်ကြပါတယ်၊ အိမ်မှာစာကြည့်တိုက်ငယ်ရှိတော့စာဖတ်ဖြစ်တယ်၊
အခုထိလည်းဖတ်တုံးပဲ၊ စာတွေဖတ်တာကြောင့်အသိအမြင်ဗဟုသုတ တိုးလာတယ်၊ အကြောင်း
အရာပေါင်းစုံကိုဆွေးနွေးနိုင်တဲ့အဆင့် ရောက်လာတယ်၊ အခုခေတ်တော့အင်တာနက်ပေါ့ ၊ အင်
တာနက်မကောင်းရင်စိတ်သိပ်တိုတယ်၊ ရန်ကုန်မှာနေရင် MPT ကိုနေ့စဉ်ထိုင်ဆဲနေရတယ်၊ စလုံး
ကြတော့အင်တာနက်ကြည့်ဖို့ရတဲ့အချိန်ကနည်းနေသလိုပဲ၊ ကြည့်ချင်တာကများနေတယ်လေ၊
သတင်းစာမကြည့်တော့ဘူး၊ ဖွဘုတ်က သတင်းစာပဲလေ၊ ခဏလေးနဲ့တက်လာတာပဲ။ ခေတ်က
ပြောင်းသွားပြီ၊ စိတ်အစာကျွေး ဖို့ကလွယ်သွားပြီ။

ပေါက်လာသောဆူးများ


မောင်တိုင်ပင်တို့နှစ်ယောက် ၁၉ ၇၆ခှုနှစ်ကလက်ထပ်ပြီး ၂နှစ်လောက်အကြာမှာထင်တယ်၊ကွယ်
လွန်သူလက္ခဏာဆရာကြီးဦးစံတင်အောင်(ရွှေဘို) ထံမှာဗေဒင်သွားမေးကြပါတယ်။မောင်တိုင်ပင်
ကို ”မိမိဟာတစ်ပါးသူတွေနဲ့ပတ်သက်လာရင်ဘယ်ကိစ္စမဆိုစေတနာအရင်းခံဖြင့် ကိုယ်ဖိရင်ဖိလုပ်
ကိုင်ပေးတတ်သော်လည်းမိမိအလှည့်ကျရင်မိမိလုပ်ပေးသလိုမျိုးဘယ်တော့မှလုပ်ပေးခြင်းကိုခံရမှာ
မဟုတ်သောကြောင့်မိမိမှာအများကြီးခံစားရနိုင်တဲ့အတွက်သတိအကြီးအကျယ်ထား၍လုပ်ကိုင်ပေး
ရန်” ဆိုပြီးသတိပေးထားပါတယ်၊
ဘ၀တစ်လျှောက်လုံးမှာတကယ်ပဲကြုံတွေ့ခဲ့ရပါတယ်။တကယ်လည်းစိတ်မကောင်းဖြစ်မိပါတယ်။
ကြာလာတော့လည်းဒါတွေကိုခံနိုင်ရည်ရှိလာပြီးတစ်ခုခုလုပ်ပေးစရာရှိရင်ဘာမှမျှော်လင့်ချက်မထား
တော့ပဲလုပ်ပေးခဲ့ပါတယ်။ အကုန်လုံးတော့လည်းမမှန်ပါဘူး၊တချို့လည်းသိတတ်ပါတယ်။တကယ်
တော့မိမိနေထိုင်ပြောဆိုလုပ်ကိုင်ပုံက စနစ်တကျစာအုပ်ကြီးအတိုင်းလုပ်တတ်တော့ဒီလိုပဲဖြစ်လိမ့်
့မယ်လို့ထင်ပါတယ်။ အရင်ငယ်တုံးကအားနာတော့အလုပ်ခံရသမျှကို အော်ငါ့ကိုဦးစံတင်အောင်
ဟောထားတာပဲလေ လို့ စိတ်ဖြေခဲ့ပေမဲ့ အသက်အရွယ်ကြီးလာတဲ့အခါမှာ အားနာတဲ့စိတ်ပျောက်
ပြီးမကြိုက်ရင်မကြိုက်သလို ပြောပစ်လိုက်တာပဲ။ ဆူးတွေအများကြီးပေါက်လာပြီးတဲ့အခါမှာနောက်
ထပ်ဆူးတစ်ချောင်းပေါက်လာရင်လည်းမထူးတော့ဘူးလိုကိုယ့်ဖာသာယူဆလာတော့တယ်။
မောင်တိုင်ပင်လိုပဲ ဘ၀မှာ ကြုံတွေ့ကြရလိမ့်မယ်ထင်တယ်။အားနာပြီးမပြောတဲ့အခါကြတော့ကိုယ်
မှာ အရမ်းခံစားရတတ်ပါတယ်။ အဲဒါကိုဦးစံတင်အောင်က ကြိုပြီးခံစားရမှုသက်သာအောင်သတိပေး
ခဲ့တာနဲ့တူပါတယ်။

သံတမန်၏ကျွမ်းကျင်မှု


တစ်ချိန်တစ်ခါတုံးကဟောင်ကောင် WTO အစည်းအဝေးကိုလူကြီးနဲ့အတူတူမောင်တိုင်ပင်လိုက်တက်ရဘူး
တယ်၊ နိုင်ငံခြားရေးရုံးကသံအမတ်ကြီးတစ်ဦးလည်းအဖွဲ့ဝင်အဖြစ်လိုက်ပါလာတယ်မိုယ်းကျရွှေကိုယ်တော့မ
ဟုတ်ဘူး၊ career diplomat တစ်ဦး ပါ၊အဲဒီအချိန်က ပင်စင်တောင်ယူခါနီးနေပြီ၊ အစည်းအဝေးက၂ပါတ်
တောင်ကြာတယ်။ အစည်းအဝေးမှာနိုငံအလိုက်တက်ရောက်လာကြတဲ့ဝန်ကြီးများက အလှည့်ကျ
 မိန်ခွန်းပြောကြရတယ်၊ လူကြီးကသူပြောချင်တဲ့အချက်တွေကိုကိုမြန်မာလိုပြောတယ်၊ကိုယ်က
လိုက်ရေးမှတ်သားထားပြီး အင်္ဂလိပ် လို ပြန်ပြီး မိန်ခွန်းရေးရတာပေါ့၊ အထပ်ထပ်အကြိမ်ကြိမ်
လူကြီးကစစ်ဆေးလိုက် ပြန်ပြင်လိုက်နဲ့နောက်ဆုံးအချောမိန်ခွန်းတစ်ခုရလာပါတယ်၊

နောက်ဆုံးမှာသံအမတ်ကြီး ကို ပြလိုက်အုံး လို့လူကြီးကမှာပါတယ်။ ဒါနဲ့သံအမတ်ကြီးကိုပြတော့သူက ဖတ်ကြည့်ပြီး ပြင်မယ်နော်ဆိုပြီးစာကိုချောလိုက်တာ--မှင်နီတွေ တထွေးချည်းပဲ။ မောင်တိုင်ပင်လည်း
ကွန်ပျူတာပြန်ထုတ်ပြီးပြင်ရတာပေါ့-- အဲဒီမှာဘာတွေ့ ရသလဲဆိုတော့ career diplomat တစ်ဦးပီပီ သံတမန်အသုံးအနှုန်းတွေနဲ့ မိန်ခွန်းကို ပြန်ပြင်ထားတာကိုတွေ့ရတယ်။စကားလုံးအသုံးအနှုန်းတွေက
မိန်ခွန်းကိုနားထောင်မယ်ဆိုရင် ရင်ထဲထိချောကနဲဝင်သွားနိုင်တဲ့မိန့်ခွန်းတစ်ခုဖြစ်နေပါလေရော့၊အတွေ့အ
ကြုံခြင်းကွာတာကိုပြောပါတယ်။


သံအမတ်ကြီးဟာမောင်တိုင်ပင်နဲ့ လည်းအမျိုးတော်ပါတယ်၊ နှစ်ပေါင်းများစွာသံအမတ်လုပ်လာတော့ သံတမန်ကျင့်ဝတ်အသုံးအနှုန်းတွေနောကျေနေပုံရပါတယ်-- သုံးထားတဲ့စကားလုံးတွေဟာ protocol အရအင်မတန်မှ နားဝင်ချောစေတယ်လို့ဆိုနိုင်ပါတယ်။


နောက်သံတမန်တစ်ဦးကတော့နို်င်ငံခြားခရီးကိုအတူသွားခဲ့ဘူးတယ်။ဘာသာရပ်ဆိုင်ရာကကျယ်ပြန့်တော့ ကိုယ် expert ဖြစ်တာနဲ့သူ expert ဖြစ်တာဘယ်တူမလဲ၊ နိုင်ငံတော်ကတော့ နိုင်ငံကိုယ်စားပြုပြီး နှစ်ယောက်လွှတ်လိုက်တာပဲ။ ကိုယ်တော်ချောကဆွေးနွေး ပွဲလည်းရောက်ရောသူဖါသာသီးခြားသူယူ
လာတဲ့စာတန်းဖတ်ပါလေရော။ ဘာစာတမ်းဘာရေးထားသလဲလည်းမသိရဘူး၊ဘာသာရပ်က diverse ဖြစ်တော့မိမိ ကျွမ်းတဲ့အပိုင်း ကိုဖျောက်ထားတော့စာတမ်းလည်းမတင်လိုက်ရဘူး၊အသာလေးပဲနား
ထောင်ပြန်လာခဲ့ရတယ်။အဲဒီအချိန်တုံးကတည်း ၀န်ကြီး ဌာနအချင်းချင်း coordination မရှိကြဘူး
ဆိုတာပေါ်လွင်ပါတယ်။စကားနည်းရန်စဲနေလိုက်တယ်။ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်က နောက်တော့ သံအမတ်တွေဘာတွေဖြစ်သွားတယ်။အခုလက်ရှိသံအမတ်ပဲထင်တယ်။အဲတော့ကြုံ
ဆုံခဲ့ ရတဲ့ career diplomat အကြောင်းပါ။ပညာပြည့်ဝတဲ့သူနဲ့ မပြည့်တဲ့အိုးနဲ့တွေ့ခဲ့ရတာပါ။


နိုင်ငံအချင်းချင်းဆက်ဆံရေးဟာအင်မတန်မှသိမ်မွေ့နှုးညံ့ပါတယ်၊ သုံးစွဲတဲ့စကားလုံးတွေဟလည်းသံ တမန်ကျင့်ဝတ်နဲ့ညီညွတ်သင့်ပါတယ်။ တုံးတိတိပြောတာမျိုးရှောင်ကျဉ်သင့်ပါတယ်။သမ္မတကြီးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယူအင်သံတမန်တစ်ဦး ကိုသံတမန်ကျင့်ဝတ်နဲ့မညီစွာ တုံးတိတိအပြောအဆိုမျိုးအရေးအသားမျိုး ကိုသတိထားသင့်ပါတယ်။ မသကာ အရေးကြီသော
လုပ်ငန်းများနှင့် တိုက်ဆိုင်နေ၍ အစီအစဉ်တွင်မပါရှိ၍ စသည်ဖြင့် အသုံးအနှုန်းမျိုးအသုံးပြုသွားမယ်ဆိုရင် ကြားရတာ နားဝမှာအဆင်ပြေစေပါတယ်။

နိုင်ငံခြားကုမ္ဗဏီများကိုpermit to trade ပေးခြင်း

 မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ဗဏီများpermit to trade ကိုယခင်  Trade Council လက်ထက်ကထဲကခွင့်မ
ပြုခဲ့ပါ။ သို့သော်ကုန်သွယ်မှုမူဝါဒကောင်စီမတိုင်မီကနိုင်ငံခြားကုမ္ဗဏီများအနေဖြင့်လွတ်လွတ်လပ်
လပ်ကုန်သွယ်မှုပြုလုပ် နိုင်ပါသည်။

ယခုလည်းနိုင်ငံခြားကုမ္ဗဏီများသည်မြန်မာကုမ္ဗဏီအမည်ဖြင့်တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦးဦးကိုအမည်ခံခိုင်းပြီးကုန်ပစ္စည်းလက်လီလက်ကားရောင်းဝယ်ခြင်းများကိုပြည်တွင်းမှာဆောင်ရွက်လျက်ရှိနေသည်ကိုမသိချင်ယောင်ဆောင်နေရပါသည်ဥပမာပြောရလျှင်DSGHကဲသို့သောဆေးကုမ္ဗဏီများသည်အထင်ကရရုံးခန်းများတည်ဆောက်ဖွင့်လှစ်ထားပြီးပြည်တွင်း၌လက်လီလက်ကားဆေးဖြန့်ချီရောင်းချရေးကိုလုပ်ကိုင်
လျက်ရှိပါသည်။

 ယခုအချိန်ထိလည်းတိုင်းရင်းသားနှင့်ပါတနာလုပ်၍ဖြစ်စေ၊ ၀န်ထမ်း ကို အမ်ဒီ ခန့်၍ဖြစ်စေပြည်တွင်း
ကုမ္ဗဏီများထူထောင်လုပ်ကိုင်လျှက်ရှိနေရာထိထိရောက်ရောက်အရေးယူမှုများမရှိလျှင်မည်သို့မျှမထူးခြားလာနိုင်ပါ။  ပဲရောင်းဝယ်ရေးကိုလေ့လာကြည့်လျှင်လည်း နိုင်ငံခြားကုမ္ဗဏီများသည်တိုင်းရင်းသားအမည်
ဖြင့် ကုမ္ဗဏ်ီထူထောင်ထာြး
ပီး ပြည်တွင်းပဲဈေးကွက်တွင် မြန်မာကျပ်ငွေဖြင့်ပဲမျိုးစုံကိုဝယ်ယူလျှက်ရှိပါသည်။
ယခင်ကအဆိုပါကုမ္ဗဏီများကြောင့်ဈေးကွက်ကမောက်ကမ ဖြစ်ခဲ့သည်ဟုယူဆကြပြီး ပြည်တွင်းဈေးကွက်
တွင်ဝင်ရောက်ဈေးမကစားနိုင်ရန်ကန့်သတ်မှုများပြုလုပ်ခဲ့သော်လည်းယနေ့တိုင်ဈေးကွက်ထဲတွင်ဈေးက
စားမြဲဖြစ်နေသည်ကိုတွေ့ရပါသည်။

သို့သော်ဆန်သီးသန့်လုပ်သည့်နိုင်ငံခြားကုမ္ဗဏီမရှိသော်လည်းပဲလုပ်သည့် ကုမ္ဗဏီသည်ဆန်ကို ပြည်ပ၀ယ်သူရှိလျှင် အရောင်းအ၀ယ်လုပ်လေ့ရှိပါသည်။ဆန်သည်အစဉ်အဆက် sensitive ဖြစ်သောစိုက်ပျိုး
ထုတ်ကုန်သီးနှံဖြစ်သောကြောင့် ထင်ထင်ပေါ်ပေါ် မလုပ်ကိုင်ရဲကြပါအမှန်တော့ဆန်သည်ပြည်တွင်း
ကုန်သည်များ လက်ဝယ်တွင်သာရှိသေင့်သောကုန်ပစ္စည်းဖြစ်သင်ြ့ပီး ROO list တွင်ဆန်ကို အကဲဆတ်သောကုန်ပစ္စည်းအဖြစ်သတ်မှတ်သင့်ပြီး sensitive list တွင်ရှိနေသင့်ပါသည်။

ထိုကြောင့်ကန့်သတ်မှုများဆက်လက်ပြုလုပ်မည်ဆိုလျှင် ထူးခြားမှုတော့ ရှိနိုင်မည်မထင်ပါ။ နိုင်ငံခြား
ကုမ္ဗဏီများသည်သူ့နည်းသူဟန်နှင့်ပါဝင်ပတ်သက်လျှက်ရှိနေကြပါသည်။ခွင့်ပြုလိုက်မည်ဆိုလျှင်
လည်း သူတို့၏၀င်ရောက်နိုင်မှုသည်အကန့်အသတ်မဲ့ဖြစ်သွားနိုင်ပါသည်။ ထိုကြောင့်ပြည်တွင်းလက်လီလက်
ကားရောင်းဝယ်မှုကို ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ခွင့်ပြုရန်သင့်မသင့် ကို သုံးသပ်ဆွေးနွေကြ
ရန်ဖြစ်ပါသည်။ဥပမာ ပဲမျိုးစုံ၊ဆန်စသည့် အဓိက စိုက်ပျိုးထုတ်ကုန်လုပ်ငန်းကို နိုင်ငံခြားကုမ္ဗဏီများအား ပြည်တွင်း၌လက်လီလက်ကားရောင်းဝယ်ခွင့် မပြုသင့်သေးဟုယူဆပါသည်။ အဆိုပါကုန်ပစ္စည်းများ စိုက်ပျိုးထုတ်လုပ်မှုသည် တောင်သူလယ်သမားအများစုနှင်ပတ်သက်လျှက်ရှိပြီးတောင်သူလယ်သမားများ
လူမှုဘ၀အကျိုးစီးပွားများကိုလည်းဆက်စပ်စဉ်းစားရမည်ဖြစ်ပါသည်။ အခြားစိုက်ပျိုးထုတ်ကုန်များဖြစ်သော
သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်၊လက်ဘက်၊ကော်ဖီ၊ နှစ်ရှည်သီးနှံ၊ ကြည်သွန်၊ဂျင်း၊ကြည်သွန်ဖြူ၊အာလူး၊စသည့်စားဖိုချောင်သီးနှံများမှာအရည်အသွေးအရလည်းကောင်း၊ထုတ်လုပ်မှုနည်းပညာအရလည်းကောင်း၊ထုပ်ပိုးမှုအရလည်းကောင်းဈေးကွက်အရလည်းကောင်း အားနည်းချက်များရှိနေဆဲဖြစ်သောကြောင့်အဆိုပါ
အပိုင်းများဖွံဖြိုးတိုးတက်လာစေရန် အကန့်အသတ်တစ်ခုခု ထား၍ခွင့်ပြုရန်ကိုသုံးသပ်ဆွေးနွေးသင့်ပါ
သည်။

၂၀၁၅ခုနှစ် AEC ပေါ်ပေါက်လာသည့်အခါအာစီယံနိုင်ငံတွင်းမှာကုမ္ဗဏီများနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး
အခွန်အခကိုအသုံးပြု၍ဟန်တားနိုင်ခွင့် နည်းပါးသွားမည်ဖြစ်ပါသည်။ထိုအတုမြန်မာ တိုင်းရင်းသား
ကုမ္ဗဏီများလည်း အာစီယံနိုင်ငံများတွင် ကုမ္ဗဏီသွားရောက်ဖွင်လှစ်ခွင့်များရနိုင်ပြီး level playing field မှာ ၀င်ရောက်ကစားနိုင်သည့်အနေအထားမျိုးရနိုင်မှာ ဖြစ်ပါသည်။ ထိုအချိန်၌မြန်မာကုမ္ဗဏီများအနေဖြင့် နိုင်ငံတကာစံလုပ်ထုံးလုပ်နည်းများနှင့် အညီလုပ်ကိုယှဉ်ပြိုင်ရမည့်အနေအထားမျိုး သို့မကြာမီရောက်ရှိ
လာတော့မည်ဖြစ်ပါသည်။

အလားတူရေထွက်ပစ္စည်းကဏ္ဍ၌လည်းနိုင်ငံခြားကုမ္ဗဏီများပြည်တွင်း၌လက်လီလက်ကားရောင်းဝယ်ခွင့်ကိုအကန်အသတ်ဖြင့်သာဆောင်ရွက်စေသင့်ပါသည်။အဆိုပါကုမ္ဗဏီများဝင်ရောက်လာပါကနိုင်ငံတော်၏ ငါးပုဇွန်သံယဇာတများအပေါ်ထိခိုက်မှုများရှိလာနိုင်ပါသည်။ ဥပမာအလွန်အကျွံဖမ်းဆီးသောကြောင့်ပတ်
ဝန်းကျင်ရေမြေအနေအထားကို ထိခိုက်လာနိုင်ဖွယ်ရာရှိပါသည်။




 နိုင်ငံခြားကုမ္ဗဏီများပြည်တွင်း၌လက်လီလက်ကားဆောင်ရွက်ခွင့် ကို သွင်းကုန်အပိုင်း၌ဆောင်ရွက်
ခွင့်ပြုနိုင်ပါသည်။ တချိန်ကမြန်မာတွင်ကျင့်သုံးခဲ့ import first စနစ်မျိုးကျင့်သုံးရန်ဖြစ်နိုင်ချေကို သုံးသပ်လေ့လာနိုင်ပါသည်။ ယခင်က အပြန်အလှန် စစ်ဆေးသည့်စနစ်များအားနည်းခဲ့သောကြောင့်မ
အောင်မြင်ခဲ့ရခြင်းပါသည်။ပို့ကုန်အပိုင်း၌ထုတ်လုပ်မှု၊ပတ်ဝန်းကျင်ကိုထိခိုက်နိုင်မှု၊တောင်သူလယ်
သမားလူမှုအကျိုးစီးပွားကိုထိခိုက်လာနိုင်မှု၊စသည့်အချက်များကိုအခြေခံလေ့လာသုံးသပ်၍ အကန်အသတ်များဖြင့်သာခွင့်ပြုနိုင်ပါသည်။ ဥပမာ နိုင်ငံအလိုက် ကုမ္ဗဏီဘယ်နှစ်ခုခွင့်ပြုမည်၊ကုန်ပစ္စည်း
အလိုက်ကုမ္ဗဏီဘယ်နှစ်ခုခွင့်ပြုမည်၊ ပြည်တွင်း၌ရင်းနှီးမြုပ်နှံမှုပြုလုပ်သည့်တန်ဖိုးအလိုက် ကုမ္ဗဏီမည်မျှခွင့်ပြုမည် စသ ည်တို့ ကိုစီစစ်ပြီး ဆောင်ရွက်ခွင့်ပြုသင့်ပါသည်။Mcdonald, KFC, Starbuck,စသည့်ကမ္ဘာကျော်ကုမ္ဗဏီများလာရောက်ဖွင့်လှစ်လုပ်ကိုင်မည်ဆိုလျှင်လည်းခွင့်ပြုသင့်ပါသည်။သိုသော်လျှောက်လာသမျှအကုန်ခွင့်ပြုသည့်အနေအထားမျိုးတောမရောက်စေသင့်ပါ။ နောက်အနာဂါတ်
၌ဖြစ်လာမည့်အခြေအနေများအရ နိုင်ငံခြားကုမ္ဗဏီများကို permit to tra၊de ပေးကိုပေးရမည့် အနေအထားဖြစ်ကြောင်း၊ နိုင်ငံတကာကုန်သွယ်မှုတွင်ဝင်ရောက်လာပြီဖြစ်ရာပြည်တွင်းကုမ္ဗဏီများလည်း နိုင်ငံတကာစံနှုန်းများနှင်အညီဆောင်ရွက်ရန်ယခုအချိန် ကတည်းကပြင်ဆင်ထားရမည်ဖြစ်ပါသည်။


Friday, April 12, 2013

ရင်းနှီးမြုပ်နှံမှုများဝင်လာစေချင်



ရင်းနှီးမြုပ်နှံမှုတွေအများအပြားဝင်လာရင်တို့ရွှေနိုင်ငံကြီးဟာမီးလျှံတွေထဲကထိုးထွက်လာတဲ့
ဖီးနစ်ငှက်လိုအားလုံးအားလုံးအဆင်ပြေသွားကြတော့မှာပဲလို့မျှော်လင့်နေကြပါတယ်---Foreign Investment Law, Rules and Regulations တွေအတည်ပြုပြဌါန်းဖို့လွှတ်တော်မှာဆွေးနွေးကြ၊
အားလုံးကလည်းထင်ကြေးတွေအမျိုးမျိုးပေးပြီးနေချင်းညချင်းပဲဂျပန်တွေအမေရိကန်တွေဝင်လာ
တော့မလိုလို---အဲဒီလို လိုလို တွေနဲ့ပဲအဖျားရှုးနေဆဲပါပဲ--

မြန်မာနိုင်ငံကလူတွေမသိတာလည်းမဟုတ်ဘူး။ဒီကနေ့အခြေအနေဟာနိုင်ငံခြားကရင်းနှီးမြုပ်နှံသူတွေအ
တွက်ေ၇ွးချယ်စရာနိုင်ငံတွေ အများကြီးရှိနေပါတယ်--နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ၊နည်းဥ
ပဒေ၊ တွေဟာတစ်နိုင်ငံနဲ့တစ်နိုင်ငံသိပ်ကွာကြတာမဟုတ်ဘူး။ဥပမာမြန်မာ မှာရင်းနှီးမြုပ်နှံလိုသူ
တွေဘာကြောင့်အသဲအမဲဖြစ်နေတာလဲ--အရင်ကတခါးပိတ်ထားတဲ့နိုင်ငံ၊စစ်တပ်ကြီးစိုးခဲ့တဲ့နိုင်ငံ၊ ပြည်တွင်းမှာရှိတဲ့ပြည်သူတွေဘယ်လိုနေကြထိုင်ကြသလဲ--ဒါတွေကိုကြည့်ချင်မြင်ချင်ကြတယ်၊
စာဖတ်သူအခုနေများမြောက်ကိုရီးယားကိုဝင်ခွင့်ရမယ်ဆိုရင်သွားပြီးစပ်စုကြည့်ချင်တာပဲမဟုတ်
လား။ (အခုတော့ စစ်ဖြစ်ဖို့တပြင်ပြင်ဖြစ်နေလို့သွားရဲချင်မှ သွားရဲကြတော့မယ်) အဲဒီပုံစံပါပဲ။ မြန်မာနိုင်ငံတခါးလှစ်လိုက်တော့အပြိုင်းအရိုင်း ၀င်လာကြည့်ကြတာမဆန်းပါဘူး---

မောင်တိုင်ပင်တို့ကဒီလိုပုဂ္ဂိုလ်တွေနဲ့ထိတွေ့နေရတာ--လာမေးတဲ့သူတွေ--လာကြည့်တဲ့သူတွေ--
အများကြီးပါပဲ--ဒါပေမဲ့တကယ်လုပ်မယ်ဆိုတဲ့သူက ၅ - ၁၀%လောက်တောင်မရှိဘူး-အဲတော့ဘာ
ကြောင့်လဲ လို့မေးလာရင်--ရင်းနှီးမြုပ်နှံသူတွေဟာ ဥပဒေတွေနည်းဥပဒေတွေတင်မကဘူး၊အခြား
အချက်တွေလဲသူတို့ criteria ထဲမှာထည့်ထားတတ်ကြပါတယ်--ဥပမာနိုင်ငံသားတွေကနိုင်ငံခြား
သားတွေအပေါ်ဘယ်လိုဆက်ဆံတတ်ကြသလဲ--မြန်မာက xenophobia ဆိုပြီးနိုင်ငံခြားသားဆိုရင်
ကြောက်တတ်တဲ့စိတ်ရှိတယ်လို့ကမ္ဘာမှာ ထင်နေကြဘူးတယ်လေ။(အမှန်တော့ အရပ်သားပြည်သူ
တွေကမကြောက်ကြပါဘူး၊တပ်ကလူတွေပဲကြောက်ကြတာ)  ထိုင်းနိုင်ငံဆိုရင်ရင်းနှီးမြုပ်နှံလိုသူ
တော်တော်များများကအကြိုက်တွေ့ကြတယ်၊ယိုးဒယားတွေကဖေါ်ရွေတယ်။လုပ်ခဈေးများချင်များ
မယ်။နိုင်ငံသားတွေရဲ့ရင်းနှီးဖေါ်ရွေမှုတွေ၊အခြေခံအဆောက်အဦတွေ၊နိုင်ငံတွင်းဆောင်ရွက်နေ
တဲ့ရုံးလုပ်ငန်းစနစ်၊ပြုမူပြောဆိုလုပ်ကိုင်ပုံတွေလုံခြုံစိတ်ချရမှုရှိနေတာတွေစတဲ့အချက်တော်တော်
များများအပေါ်ကြည့်ရှု ပြီး--ရင်းနှီးမြုပ်နှံချင်ရင်မြုပ်နှံကြမှာပဲ--

စင်ကာပူမှာလီကွမ်းယူလက်ထက်ကတည်းကနေထိုင်နေတဲ့မြန်မာတစ်ယောက်ကပြောဘူးတယ်၊
စင်ကာပူတည်ထောင်စ--ကနဦးပိုင်းမှာလီကွမ်ယူက ဥရောပက ကုမ္ဗဏီကြီးတွေဝင်လာအောင်လို့ မက်လုံးပေးတဲ့အနေနဲ့ မြေကိုအလကားတောင်ပေးပစ်တာတဲ့--ဒါကြောင့် Philips တို့လို Multi National Companies တွေလာအခြေချကြတာပါပဲ--ဆိုလိုချင်တာကတော့အပြိုင်ခေါ်နေကြတဲ့
အချိန်မှာ မက်လုံးလေးတွေတော့ထားဖို့လိုတာကိုပြောချင်တာပါ။

မောင်တိုင်ပင်တို့နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုအပိုင်းကိုကြည့်လိုက်ရင်အဟန့်အတားသဖွယ်ဖြစ်နေတာက မြေ ဈေးကြီးနေတာပါ၊စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ရာခိုင်နှုန်းတော်တော်များများကိုမြေအတွက်
ကုန်ကျရမယ်ဆိုရင်ဘယ်ရင်နှီးမြုပ်နှံသူကမှမလိုလားပါဘူး။အစိုးရမြေလည်းဈေးကြီးနေတယ်--ပုဂ္ဂလိကပိုင်မြေတွေကလည်းဈေးတွေမတရားခေါ်နေကြပါတယ်။ဒါအပြင်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်
ပြီးနိုင်ငံရေးခြေထိုးမှုတွေလည်းရှိတော့ရင်းနှီးမြုပ်နှံသူတွေအနေနဲ့စိုးရိမ်မှုတွေအနည်းနှင့်အများ
ရှိကြပါတယ်။

ရင်းနှီးမြုပ်နှံသူတွေရဲ့သဘောထားကတော့ မြန်မာနိုင်ငံဟာတခြားနိုင်ငံတွေနဲ့ယှဉ်ရင် land lease rate တွေဟာဈေးများနေတယ်လို့ဆိုကြပါတယ်။ဗီယက်နမ်ရဲ့ရင်းနှီးမြုပ်နှံမှုအပိုင်းကိုလေ့လာ
ကြည့်ရင်မြေနဲ့ပတ်သက်ပြီးခေါင်းစဉ်တစ်ခုနဲ့အသေအချာပြုစုထားတယ်။ Vietnam Land Ownership and Agricultural Law Handbook ဆိုတဲ့စာအုပ်ပါ။ မြန်မာ မှာ လည်းဒီလိုစာအုပ်
မျိုးကိုသက်ဆိုင်ရာဌာနများအနေနဲ့ ပြုစုထားသင့်ပါတယ်။ မြန်မာကိုလာမဲ့ရင်းနှီးမြုပ်နှံလိုသူ
တွေဟာ ဟိုတယ်ဆောက်ချင်သူ၊ အိုးအိမ်ဆောက်ချင်သူ၊စက်မှုလက်မှုလုပ်ငန်းတည်ထောင်
ချင်သူ၊ စိုက်ပျိုးရေးလုပ်ချင်သူ၊ဆေးရုံဆောက်ချင်သူ၊ကျောင်းတည်ထောင်ချင်သူစသည်ဖြင့်
ရည်ရွယ်ချက်အမျိုးမျိုးရှိနေပါလိမ့်မယ်--မြေအမျိုးအစားတွေလည်းအမျိုးမျိုးရှိနေပါလိမ့်မယ်၊
လုံးဝမပြု့ပင်ရ သေးတဲ့မြေ၊ မြို့ရွာနဲ့နီနီးကပ်ကပ်ရှိနေတဲ့မြေ၊ပြုပြင်ပြီးသားမြေ၊စိုက်ပျိုးရေးအတွက်
ကောင်းတဲ့မြေ စသည်ဖြင့်အမျိုးမျိုးရှိနေမှာပါ။ အဆိုပါ မြေအမျိုးအစားတွေကို land lease premium ပေးပြီးလုပ်ချင်သူတွေအတွက် ဘယ်ဒေသမှာ ဘယ်လိုမြေအမျိုးအစားဆိုရင်ဖြင့်ဘယ်
လောက် ရှိသင့်တယ်စသည်ဖြင့်ရည်ညွှန်းနှုန်းထားများပြုစုထားနိုင်ရင်နှစ်ဦးနှစ်ဖက်အကျိုး
ရှိလိမ့်မယ်လို့ထင်ပါတယ်။ land lease premium ကိုသူများနိုင်ငံနဲ့ မတူတဲ့ဈေးသွားတောင်းမိရင် ရင်းနှီးမြု့ပ်နှံမှုတွေဟာတွက်ချေမကိုက်တာကြောင့်အခြားနိုင်ငံတွေရောက်သွား  တတ်ပါတယ်။

နောက်တစ်ခုအရေးကြီးတာကရင်းနှီးမြုပ်နှံသူတွေနဲ့ညှိနိုင်းဆွေးနွေးကြမဲ့သူတွေဟာ negotiation skill တော့အနည်းဆုံးရှိသင့်ပါတယ်။ ဒါကိုဒီလောက်နဲ့ယူချင်ရင်ယူ မယူချင်ရင်နေဆိုတဲ့ impasse
မျိုးအကုန်ပိတ်ဆွေးနွေးတာမျိုးမလုပ်သင့်ပါဘူး။ နှစ်ဖက်ဟာတစ်ခုခုတော့ဖွင့်ပေးထား ကြရပါမယ်။
ကိုယ်ကရချင်တာတစ်ခုတည်းကြည့် ပြီး ဆွေးနွေးမယ်ဆိုရင်တော့ အခွင့်အလန်းကောင်းတွေ
ဘယ်လိုမှရှေ့တိုးမရတော့ပဲ ပိတ်သွားခဲ့ရင်နှစ်ဖက်နစ်နာနိုင်တယ်ဆိုတာသတိထားဖို့ လိုပါတယ်။

နောက်တစ်ခုက chicken or egg ပြသာနာမျိုးမဖန်တီးမိဖို့ လိုပါတယ်။ဒါဟာလည်းတစ်ဌာန နှင့် တစ်ဌာန ညှိနိုင်းမှုအားနည်းတာဖြစ်ပါတယ်။နောက်ဆုံးလူကြီးဝင်ဖြေရှင်းပေးမှပဲပြီးသွားတော့
တယ်။

အရေးကြီးဆုံးအပိုင်းကရင်းနှီးမြုပ်နှံလိုသူတွေဟာ Rate of Return ROR ကိုအဖက်ဖက်က ပေးထားချက် assumptionများနဲ့အသေးစိပ်တွက်ချက်ကြရပါတယ်။ဥပမာဟိုတယ်အတွက်
ရင်းနှီးမြုပ်နှံမယ်ဆိုရင်ဆောက်တဲ့ကုန်ကျစရိတ်တင်မကဘူး၊စတင်လည်ပတ်တဲ့အချိန်ကစပြီး
 နှစ်အလိုက် occupancy rate တွေ ပါခန့်မှန်းထည့်သွင်းတွက်ချက်ရပါတယ်။ ပတမနှစ်မှာ occupancy rate ၄၀%၊ ဒုတိယနှစ်မှာ ၆၀%၊ တတိယနှစ်မှာ ၈၅% စသည်ဖြင့် တွက်ချက်ကြ
ရတာဖြစ်တဲ့အတွက် စတင်လည်ပတ်တာနဲ့အမြတ်အစွန်းရပြီဆိုတာ မရှိနိုင်ပါဘူး။ ဟိုတယ်ရင်းနှီး
မြုပ်နှံသူတွေနဲ့စကားပြောကြည့်ခဲ့တာ ၃-၄နှစ်ကြာမှအရင်းကြေနိုင်တယ်လို့ဆိုပါတယ်။
တည်ဆောက်ရေးလုပ်ငန်းပြီးလို့ operation ကို စလုပ်ပြီဆိုတာနဲ့ အရှုံးကစပါတယ်။ဒါတွေကို
မောင်တိုင်ပင်တို့တွေသဘောပေါက်နားလည်ထားဖို့လိုပါတယ်။ စက်မှုလက်မှုလုပ်ငန်းဆိုရင် ROR ဟာအရမ်းကြာတတ်ပါတယ်။ ၁၀ - ၁၅ နှစ် မက ကြာနိုင်ပါတယ်။ စက်မှုလက်မှုလုပ်ငန်းဆိုတော့ လိုအပ်ချက်တွေကအများကြီးပဲ။ အဲတော့ ကုန်ကျစရိတ်တွက်ချက်တဲ့အခါ တတ်နိုင်သမျှ rate တွေ premium တွေကိုအနည်းဆုံးအဆင့်မှာ ထားလိုကြပါတယ်။

 ဒါအပြင်တစ်ဖက်ကလည်း မောင်တိုင်ပင်တို့အနေနဲ့  ရင်းနှီးမြုပ်နှံမှုတွေဝင်လာတာကြောင့် ဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးတွေကိုလည်း ကြည့်သင့်ပါတယ်။ ဥပမာ--အလုပ်အကိုင်ဖန်တီး
ပေးနိုင်မှု၊ နည်းပညာလွှဲပြောင်းရယူနိုင်မှု၊ ခေတ်မှီ စီမံခန့်ခွဲမှုနည်းစနစ်အောက်တွင်လုပ်ကိုင်ခွင့်
ရရှိမှု၊ ဒေသအတွင်းဖွံဖြိုးတိုးတက်လာမှု၊GDP တက်လာနိုင်မှု စတဲ့အကျိုးကျေးဇူးတွေနဲ့ချိန်ထိုးနိုင်း
ယှဉ်သွားရမှာပါ။ land use premium ကရတဲ့အကျိုးကျေးဇူးတစ်ခုထဲကြည့် လို့ကတော့ ကျယ်ပြန့်သောအမြင်မရှိ သလိုမျိုးဖြစ်သွားနိုင်ပါတယ်။


နိုင်ငံခြားကရင်းနှီးမြု့ပ်နှံမှုနဲ့ပတ်သက်ပြီး ၀န်ဆောင်မှုပေးနေတဲ့ ၀န်ဆောင်မှုကုမ္ဗဏီတွေကို မြန်မာမှာ လာတည်ထောင်လျှက်ရှိပါတယ်။သူတို့တတွေလည်းအကြံဥာဏ်တွေပေးနေကြပါတယ်။ ရင်းနှီးမြုပ်နှံမှု၊ကုန်သွယ်မှု၊ကုမ္ဗဏီတည်ထောင်မှု တွေနဲ့ပတ်သက်ပြီးလုပ်ဆောင်ရတဲ့လုပ်ငန်းစဉ်တွေဟာသိသာထင်သာ
မြင်သာအောင်ပြုလုပ်ထားဖို့လိုပါသေးတယ်။ လက်ကမ်းစာစောင်စာအုပ်စတာတွေလည်းအချိန်နှင့်
တပြေးညီ အင်္ဂလိပ်လိုပြုစုထုတ်ဝေထားသင့်ပါတယ်။

Business in Asia.com အင်တာနက်ဝက်ဘ်ဆိုက်မှာ Procedures and Time in Setting up Factories in Asia ဇယားဟာ ရင်းနှီးမြုပ်နှံလိုသူတွေအတွက် reference တစ်ခုလုပ်နိုင်တဲ့ နိုင်းယှဉ်ချက်ဇယားတစ်ခုပါ။ အသေးစိပ်ကြည့်ချင်ရင်တော့ ၀က်ဘ်ဆိုက်လိပ်စာ ကဖြစ်ပါတယ်။ (ဇယား-၁ နှင့်ဇယား-၂ ရှု)

                          http://www.business-in-asia.com/asia/procedure_registration.html


        ဇယား(၁) အာရှဒေသအတွင်း နိုင်ငံ ၅ နိုင်ငံတွင် လုပ်နည်းအဆင့်များနှင့် ကြာမြင့် ချိန်များ

ဇယား-၂။ ကမ္ဘောဒီးယားနိုင်ငံ တွင် လိုအပ်စာရွက်စာတမ်းနှင့်ကြာ မြင့်ချိန်ကိုဖေါ်ပြသောဇယား

ဒီဇယားမှာ မြန်မာမပါဝင်နိုင်သေးပါဘူး၊ ဒါပေမဲ့ အဆိုပါဇယားကို မှီးပြီး procedures and time
ကိုလုပ်ကြည့်မယ်လို့ဇယားသွင်းကြည့်တာ ဌာနတစ်ခုနဲ့တစ်ခုမှာ ဘယ်လောက်ကြာမယ်ဆိုတာ
မခန့်မှန်းနိုင်သေးတဲ့အတွက်အချိန်အတိုင်းအတာတစ်ခုလိုနေပါတယ်။ ရန်ကုန် မှာ ဌာနပေါင်းစုံ
ပါဝင်တဲ့ရင်နှီးမြုပ်နှံမှုကော်မရှင်ပူးပေါင်းရုံး one stop service OSS ကို ၂၀၁၃ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ဒီ OSS မှာပါဝင်မဲ့ ဌာနအသီးသီးကဌာနဆိုင်ရာပုဂ္ဂိုလ်များဟာရင်း
နှီးမြုပ်နှံမှုနှင့်ပတ်သက်၍လုပ်ပိုင်ခွင့်ရှိသူ၊ လုပ်နည်းစနစ်ကိုကျေကျေညက်ညက်သဘောပေါက်
နားလည်သူတွေဖြစ် စေဖို့သင်တန်းတွေပေးဖို့လိုပါလိမ့်မယ်။ဒါတွေပြည့်စုံပြီဆိုရင် procedure  နဲ့ time  ပုံပါဇယားမှာထည့်သွင်းလို့ရနိုင်ပါပြီ။

DICA website မှာခွင့်ပြုခဲ့သောရင်းနှီးမြုပ်နှံမှုတွေကိုကြည့်လိုက်ရင် CMP လိုအသေးစား
စက်မှုလက်မှုလုပ်ငန်းတွေ labor intensive လုပ်ငန်းတွေသာများပြီး MNC multi national companies တွေအနည်းအကျဉ်းပဲရှိပါသေးတယ်။ MNC တွေဝင်လာဖို့ ကအရာရာမှာ အဆင်သင့်
မဖြစ်သေးတာကိုတွေ့ရပါတယ်။သူတို့တွေလွယ်လွယ်ကူကူ ၀င်ရောက်လာနိုင်ဖို့ ဘယ်လိုအထူး
အခွင့်အရေးတွေ ပေးမလဲဆိုတာမစဉ်းစားသင့်ဘူးလား၊မက်လုံးတစ်ခုခုတော့ထားပေးသင့်တယ်
လို့ယူဆပါတယ်။

 ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်ပြီးမြန်မာရဲ့ concept ကအသေးစားအလတ်စားတွေ labor intensive တွေလာကြ၊ MNC တွေလိုမျိုးတွေနေအုံး၊လျှပ်စစ်မပေးနိုင်သေးဘူး၊ကျွမ်းကျင်သူတွေမရှိသေးဘူး
 ဆိုတဲ့အယူအဆကတော့ ရင်းနှီးမြုပ်နှံမှု များဝင်ရောက်လာမှာ ကိုဟန့်တားသလိုမျိုးဖြစ်နေနိုင်
ပါတယ်။ လျှပ်စစ်မရှိဘူး၊ကျွမ်းကျင်သူတွေမလုံလောက်ဘူး၊ သူတို့သိပါတယ်။သူတိုဖါသာသူတို့လို
အပ်ချက်ကိုဖန်တီးသွားနိုင်ပါတယ်။တလောကစက်မှုဇုန်တစ်ခုအတွက်လျှပ်စစ်ထုတ်လုပ်ဖို့ နိုင် ငံခြားသားတစ်ယောက်နဲ့ဆွေးနွေးတော့ လျှပ်စစ်ထုတ်တာလောက်ကသူတို့အတွက်အသေး
အဖွဲဖြစ်နေတယ်။ဒီထက်ကြီးကြီး မားမားလုပ်ချင်တယ်။ နောက်ဆုံးလျှပ်စစ် အပြင် developer
ပါလုပ်ချင်တယ်။ ဆိုလိုချင်တာကမောင်တိုင်ပင်တို့အတွက်လျှပ်စစ်ကအရေးကြီးပေမဲ့နိုင်ငံတကာ MNC တွေအတွက်ကအရေးမကြီးဘူး--လုပ်နိုင်တယ်။လူလည်းတူတူပဲ။ဘွဲ့ရတွေရွေးချယ်ပြီး ဆောက်နေစဉ်ကာလမှာ training ပေးလို့ရတာပဲ။ ဘိုးရင်းလိုAir Bus လိုကုမ္ဗဏီလိုမျိုးတော့
မြန်မာပြည်မလာသေးပါဘူး။ အရေးကြီးဆုံးက ဗျူရိုကရေစီ ကြိုးနီစနစ်ကိုလျှော့ချပြီး ၀င်လာသူတွေဘယ်လိုစိတ်ချမ်းသာအောင်လုပ်ပေးမယ်၊ ဒေါ်လာသန်းရာနှင့်ချီရင်းနှီးမြုပ်နှံသူတွေ
အနေနဲ့ မသေမချာမရေရာသေးတဲ့အခြအနေကို win - win ဖြစ်အောင်လုပ်ပေးနိုင်ရင်ဝင်လာ
ကြမှာပါပဲ။

မောင်တိုင်ပင်တင်ပြတဲ့အ ချက်တွေဟာရင်းနှီးမြုပ်နှံသူတွေရဲ့အတွေ့အကြုံတွေပြန်လည်ပြောပြတဲ့
အခါမှတ်သားထားမိတာတွေပါ။ သူတို့တွေ MFTB, MICB တွေကိုသွားရမှာတွန့်ဆုတ်ကြတယ်။
procedures တွေကရှည်ပြီးဆက်ဆံရေးလည်းမကောင်းပါဘူး။ကိုယ်နိုင်ငံကိုလာရင်းနှီးမြုပ်နှံသူ
တွေကို အဆင်ပြေအောင်ဘယ်လိုလုပ်ပေးလိုက်မယ်ဆိုတဲ့ စိတ်ထားမျိုးတော့ ထား ဖို့ လိုပါတယ်။
တစ်ဖက်ကကြည့်ပြန်ရင်လည်း မောင်တိုင်ပင်တို့နိုင်ငံရဲ့ ပြောင်းလဲမှုတွေဟာမြန်ဆန်လွန်းတဲ့အ
တွက်အောက်က၀န်ထမ်းတွေ လိုက်မမှီအောင်ဖြစ်နေတာလားလို့ ညွန်ကြားရေးမှုးအဆင့်
အရာရှိတစ်ယောက်ကိုပြောလိုက်တော့ “ သိပ်မှန်တာပဲဆရာ--ကျနော်တို့အဆင့်တွေတောင် မှီအောင်လုပ်နေရတာဖြစ်လို့ ဆင့်ကဲဆင့်ကဲ ၀န်ထမ်းတွေ ဆိုတော်တော်ကိုပြောယူနေရတာ” လို့ပြန်ပြောပါတယ်။

အဲတော့ရင်းနှီးမြုပ်နှံမှုတွေများများဝင်လာမယ်ဆိုရင်မောင်တိုင်ပင်တို့နိုင်ငံမှာအရာရာပြောင်းလဲ
သွား နိုင်မှာဖြစ်လို့ ကြိုဆိုလက်ခံရမှာ ဖြစ်ပါတယ်။ သူတို့တွေဝင်လာရင်တော့ ငါတို့တတွေအ
ရင်လိုလုပ်စားကိုင်စားလို့မရနိုင်တော့ဘူးလို့ကျီးလန့်စာစာဖြစ်မနေသင့်ပါဘူး၊ဒီကနေ့ပဲ CNA စီးပွား
ရေးသတင်းမှာ Yoma Strategic Holdings ဟာ MNC တစ်ခုဖြစ်တဲ့ Digicel နဲ့ Telecommunication မှာ consortium ဖွဲ့ လိုက်တယ် ဆိုတဲ့သတင်းကြောင့်စင်ကာပူ စတော့ အိတ်ချိန်းမှာ ရိုးမရဲ့ ရှယ်ယာ ဟာ ၈၂ ဆင့်ထိ ၁၅% တက်သွားတာကိုတွေ့ လိုက်ရပါတယ်။ ရိုးမရဲ့ မနှစ်က IPO က ဆင့်၂၀ နဲ့စခဲ့တာပါ။ အဲတော့လုပ်တတ် ကိုင်တတ်သူတွေဟာစီးပွားရေး ရေစီးကြောင်းမှာ အခွင့်သာရင်သာသလိုမျောပါ လုပ်
ဆောင်နေကြပါတယ်။မြန်မာရဲ့ image ဟာလည်းတဖြည်းဖြည်းတက်လာနေပြီဖြစ်တဲ့
အတွက်ကြိုးနီစနစ်တွေလျှော့ချပြီး လုပ်ပေးကိုင်ပေးနိုင်မယ်ဆိုရင်ဒေသတွင်းကျားတစ်
ကောင်ဖြစ်လာဖို့ဆိုတာ မဝေးတော့ပါဘူး။

Friday, March 8, 2013

စင်ကာပူ M1 တယ်လီဖုန်းလိုင်းပေါ်ကအကြံအဖန်




အားလုံးသိကြတဲ့အတိုင်းစင်ကာပူမှာ StarHub, SingTel, M1 တို့ဟာ Service Provider တွေဖြစ်ကြပြီး
တစ်ဦးနှင့်တစ်ဦးအပြိုင်အဆိုင်ရှိကြပါတယ်။ မောင်တိုင်ပင်ကတော့သမီးလုပ်ပေးတဲ့အတိုင်း M1မှာ ဆင်းမ်ကဒ် လုပ်ထားပြီး အိမ်အတွက် fibre optic broadbandကို subscribe လုပ်ထားပါတယ်။ စုစုပေါင်း ၂ နှစ်ရှိပါပြီ။ ပထမနှစ်မှာတော့ ဘာပြသာနာမှ မရှိပါဘူး။ မောင်တိုင်ပင်လည်း ဖုန်းခေါ်ရင်
viber ရှိ ရင် viber ပဲသုံးပါတယ်။ sms ပို့လည်း viber ကပဲပို့ပါတယ်။

တစ်ရက်သမီးရုံးကပြန်လာတော့ M1 ရဲ့တယ်လီဖုန်းဘေလ်စာရွက်ကြီးကိုင်ပြီး ဖေဖေ ဘာတွေခေါ်ထားတာ
လဲဆိုပြီး လာမေးပါတယ်။မောင်တိုင်ပင်လည်း ဘေလ်စာရွက်ကြည့်ပြီး ဦးနှောက်တော်တော်စားသွားတယ်။ သူတို့ charge လုပ်တာက Value Added Services MFusion Atlc Pte Ltd, Chapamobile Playwin Service (Tel: 31581242)အတွက် 5 sms access SGD 25.00 တွေ့ပါတယ်။ မောင်တိုင်ပင်ကအားနေရင် ကွန်ပျူတာနှိုပ်တာများပါတယ်၊ဖုံးကို မကလိပါဘူး။ ဂိမ်းလည်းမကစားဘူး၊ G mail, Facebook လောက်
ပဲအပြင်ထွက်ရင်ကြည့်တာ။ သမီးကတော့ ဖေဖေ ဖုံးကို မျက်စေ့မမြင်ပဲလျှောက်လျှောက်မနှိပ် နဲ့လေ လို့ပဲပြောပါတယ်။

ကြုံဘူးကြမှာပါ။မောင်တိုင်ပင်ရင်ထဲမှာ တနုံနုံ နဲ့လေ။ ထမင်းတောင်ကောင်းကောင်းမစားနိုင်ဘူး။ဒါနဲ့ဖုံးကိုဖင်ပြန်ခေါင်းပြန်ကြည့်တော့မှ message မှာအဲဒီကုမ္ဗဏီက ဖိတ်ခေါ်လာတယ်။ မောင်တိုင်ပင်က
ဖတ်တောင်မကြည့်ဘူး၊လိုက်ဖျက်တာ ဟိုနိုပ် ဒီနိုပ် နိုပ်မိမှာပေါ့၊ ဘာသွားနိုပ်မိမှန်း လည်းမသိဘူး။မေ့မေ့ပျောက်ပျောက်ပဲထားလိုက်တယ်၊ နောက်ရက်တွေဆက်ဆက်လာပြန်ကော၊မောင်တိုင်ပင်
စိတ်ရှုပ်ပေမဲ့ ignore လုပ်ထားလိုက်တယ်။ ၅ရက်လောက်ကြာတော့ဒီလိုခဏခဏလာရင်အလုပ်ရှုပ်
တယ်ဆိုပြီး သူတို့ပို့တဲ့ sms ကိုဖတ်ကြည့်တယ်။ မပို့စေချင်ရင် STOP ဆိုပြီး sms ပို့လို့ဆိုတာနဲ့ ပိုက်ဆံ ကုန်ရင်လည်းကုန်ဆိုပြီး ပို့လိုက်တယ်၊ အံမယ်--ပြန်လာသေးတယ်၊ နောက်တခါဒေါသသံပါတဲ့ I SAID STOP ဆိုပြီးပို့လိုက်တယ်။ အဲတော့မှ ရပ်တော့တယ်။သူတို့ နံပါတ်က 146079193--- နောက်တစ်နေ့က
လာသေးသဗျာ-- 146079192 ကနေ Free MSG ဆိုပြီးလာသေးသဗျ-- အဖြစ်ကတော့အဲဒါပဲ--
ကျန်သေးတယ်၊ မပြီးသေးဘူး၊

စိတ်ထဲမှာ ၂၅ ဒေါ်လာပေမဲ့ မြန်မာငွေ ၁၇၅၀၀ ကျပ် ရန်ကုန် ခိုင်ခိုင်ကျော် မှာသူငယ်ချင်း ၃-၄ ယောက်လောက်ထမင်းစားလို့ရမယ်။ဘေလ်နဲ့ပတ်သက်ပြီး complant ကို အဲဒီ sms address ဆီ ပြန်ပို့တယ်၊ မရဘူး၊ နောက်တယ်လီဖုန်းကိုခေါ်တယ်၊ စာတို ပို့တယ်၊ မရဘူး။ နောက် M1 customer service
ကိုခေါ်တယ်၊ မပြောခင် အိုင်စီ နံပါတ်တောင်းတယ်၊ သမီး ကဈေးသွားနေတော့နောက်မှ ပြန်ခေါ်မယ်ဆိုပြီး လုပ်ရတယ်။ ညနက်သွားတော့တနုံနံနဲ့ အိပ်ရာဝင်လိုက်ရပေမဲ့ အိပ်မပျော်ဘူး၊ ထပြီး မြေးနဲ့သွားဆော့နေလိုက်တယ်။ ညသန်းခေါင်လောက်ထိ အင်တာနက်မှာM1 ကိုဘယ်လို အီးမေလ
ပို့လို့ရမလဲဆိုတာ လိုက်ရှာတာ နောက်ဆုံးတော့ တွေ့တယ်၊ အကျိုးအကြောင်းဖေါ်ပြပြီး အီးမေလ်ရိုက်လိုက်တယ်၊ ချက်ချင်းပဲစာရကြောင်းပြန်လာပါတယ်၊ ကိုယ်လုပ်ချင်တာ
လုပ်လိုက်ရတော့မနက် ၁ချက်ထိုးမှ အိပ်ရင်ဝင်ဖြစ်တယ်။

ဒီကနေ့ M1 customer service ကနေ မလေးအသံနဲ့ မလေးမ ဖုန်းဆက်လာတယ်။ အရင် အိုင်စီနံပါတ်၊ မွေးနေ့၊နေရပ်လိပ်စာတွေမေးပြီးမှဆက်ပြောတယ်။ အဲဒီကုမ္ဗဏီအကြောင်းမေးတယ်။စစ်စစ်ပေါက်ပေါက်မေးတော့ ကိုယ်က တင်း နေပြီ။ ငါဘာမှအဲဒီကုမ္ဗဏီ
နဲ့မသိဘူး၊ sms ရောက်လာလို့ လိုက်ဖျက်တာ ဘာခလုတ်နှိပ်မိသွားမှန်းမသိဘူး။ နောက်ဆက်တိုက် ပို့လာတယ်၊ငါ ဘာမှမပြန်ဘူး၊နောက်ဆုံး I SAID STOP ဆိုမှရပ်သွားတယ်။ မင်းတို့ M1 ကဒီလိုမလိမ့်တစ်ပတ် လုပ်တဲ့ကောင်တွေ ရဲ့ sms ကိုဘာလို့လက်ခံရတာ
လဲ၊ ငါ့ဖုံးမှာအထောက်အထားတွေရှိတယ်၊ screen shot လည်းရိုက်ထားပြီးပြီ၊ ငါ့ တိုက်အောက်ထပ်မှာ Clemeti ရဲ စခန်းရှိတယ်၊ငါ report သွားလုပ်မယ် ဆိုပြီးသူဘာပြောနေမှန်းမသိဘူးကိုယ်က ဒေါနဲ့မောနဲ့ ကိုပြောပလိုက်တယ်။ မလေး မ ကသူပြောနေတယ်။ ၂၅ ဒေါ်လာကို waive လုပ်ပေးပါမယ်၊ ဒါပေမဲ့ မင်းရဲ့ April bill ကိုကြည့်လိုက်တော့ လည်း အဲဒီကုမ္ဗဏီကပဲ နောက်ထပ် ၁၀ဒေါ်လာတောင်း
ထားတာတွေ့တယ်။ အဲဒီအတွက်လည်းစိတ်မပူပါနဲ့ 3 working days အတွင်းပြန် ပြီး waive လုပ်ပေးပါမယ်၊ လို့ပြောပါတယ်၊အဲဒါကြားတော့ ပိုဒေါသထွက်ရော၊ဒါပေမဲ့ ထိန်း လိုက်ပါတယ်၊ ဘာအတွက် ၁၀ဒေါလာ တောင်းမှန်းမသိဘူး၊ မလေး မ ကအစကတည်းက waive လုပ်ပေးပါမယ်ပြောနေတာ ကိုယ်တော်ချောက ဒေါသထွက်နေတော့ အကုန်စိတ်ထဲရှိတာပြောပစ်လိုက်မိရော--ဒေါသများ မကောင်းလိုက်တာ--တာတောင် တော်ယုံတန်ယုံ သည်းညည်းခံတတ်တဲ့ကောင်-- April ဘေလ်ရောက်လာရင်သမီးနဲ့စကားများရအုံးမယ်၊ ဖုံးတောင်မကိုင်ချင်လောက်အောင်ပဲ၊ သမီး ပြောတာလည်းမှန်တယ်၊မျက်စေ့ ကမျက်မှန်မပါရင် ဘာမှ မတွေ့တော့ဘူး၊ အို နေပြီလေ--ဘာမှ မကောင်းတော့ဘူး-၂၅ဒေါ်လာကမများပေမဲ့လူလည်လုပ်ခံရရင်တော့ တနုံနုံ နဲ့ဖြစ်တာပေါ့--


သမီး ကမောင်တိုင်ပင် လိုမဟုတ်ဘူး၊ ငယ်ငယ်လေးကတည်းက အထုအထောင်းခံရတော့ အရမ်းစွာလန်ကျဲတယ်၊ အမေ မရှိတဲ့သမီးသူများကျောမှာခံရမှာ စိုးလို့ စွာလန်ကျဲအောင်မြှောက်ပေးခဲ့တာ အခုတော့ထိမ်းမရဘူး၊ အဲလိုဘဏ်တွေ ကုမ္ဗဏီတွေက သူဆီဖုံးဆက်လာရင် မဆဲယုံတမည်ပဲ အကုန်ကောလွှတ်တာ၊ အခုတော့ သမီးပြောတာလက်ခံရမလိုပဲ-- အခုလည်း M1 ကို သူအမျိုးမျိုးရစ် ပြီးကောနေတာ သူပြောတာမှန်နေပြန်ရော--ခေတ်ကာလသားသမီးတွေနဲ့ ပြိုင်မငြင်းတာကောင်းတယ်ဗျိုး--သူတို့ခေတ်ကလူတွေသူတို့ပဲသိတယ်၊ M1 M1 M1 ဒီလို crooked co: တွေကိုဘာလို့များလက်ခံလုပ်ပေးနေ
ပါလိမ့်--သူရဲ့ customer တွေကို လာထိခိုက်ရင်အကာအကွယ်ပေးဖို့မကောင်းပေဘူးလား--