Monday, July 20, 2009

မြန်မာ ဆန်စပါးအရည်အသွေး

မြန်မာ့ဆန်စပါးလောက၏ ပါရာဒိုင်းသည် ၂၀၀၉ခုနှစ်က စတင်ပြောင်းလဲနေပြီဖြစ်ပါသည်။ ပုဂလိကပိုင်းမှာတိုး တက်ပြောင်းလဲမှုများကိုလည်း တွေ့မြင်နေရပါပြီ။ SAMB လက်ထက်မှ လယ်ယာထွက်ကုန်ခေတ်အထိ နိုင်ငံ ပိုင်ဆန်စပါးလုပ်ငန်းကိုဆောင်ရွက်ခဲ့ရာတွင် supply chain mechanism ကိုပီပီပြင်ပြင်တည် ဆောက်ခဲ့ ပြီးoperationsလုပ်ငန်းများကို လည်းကောင်းစွာ စီမံအုပ်ချုပ်နိုင်သည့်အတွက် supply chain management ကိုကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာတစ်ရပ်အထိ အကောင်အထည် ဖေါ်ရသောကြောင့်ကြီးမားကျယ်ပြန့်သော supplychain ကြီးတစ်ခုဟုဆိုနိုင်ပါသည်။

ဆန်စပါးလုပ်ငန်းဟူသည် ၂ ပိုင်းရှိပါသည်။ pre-harvest ဟုခေါ်နိုင်သည့် စပါးစိုက်ပျိုးထုတ်လုပ်မှုအပိုင်းနှင့်
post harvest ဟုခေါ်သည့် ဆန်ကြိတ်ခွဲထုတ်လုပ်သည့်အပိုင်း တိုဖြစ်ပါသည်။ပွင့်လင်းစွာတင်ပြရ လျှင်မြန်မာ နိုင်ငံအနေဖြင့် စပါးထုတ်လုပ်မှုအ ပိုင်းသာလျှင်အရေးပါသည်ဟုအများကယူဆကြသည်။တစ်ဧကစပါး ဘယ် လောက် ထွက်သည်ဆိုသည်သာအဓိကစဉ်းစားကြသည်။ဆန်ဘယ်လောက်ထွက်နိုင်သည် ကို ဂဏန်း အတွက် အချက်ပေါ်တွင်သာတွက်ချက်ကြသည်။ တကယ်တော့ စပါးဘ၀ မှ ဆန်ဖြစ်သည်အထိ လုပ်ရသည့်လမ်းကြောင်း တစ်လျှောက်လုပ်ငန်းအဆင့်များကိုဂရုတစိုက် မလုပ်ကိုင်နိုင်ပါက ဆန်တော့ဖြစ်လာပါ မည်။ ဆန်ကွဲဖြစ်သွားချင် လည်း ဖြစ်သွားနိုင်ပါသည်။ အရည်အသွေးညံ့သော ဆန်ဘ၀သို့လည်း ရောက်ချင်ရောက်သွားနိုင်ပါသည်။

ဆန်၏အရည်အသွေးသည် စပါး၏အရည်အသွေးပေါ်တွင် အများကြီးမူတည်သလို ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းအဆင့်များစနစ်တကျဆောင်ရွက်နိုင်မှုအပေါ်တွင်လည်းမူတည်ပါသည်။ ယနေ့လူကြိုက်များနေသော ဆန်၏အရည်အသွေးဟူသည်အောက်ပါအချက်များနှင့်ကိုက်ညီသည်မကိုက်ညီသည်ဆိုသည့် အချက်များအပေါ် မူတည်သည်။
  • ဆန်၏အလျားသည်အဆင့်လွန်အလျားရှိသလား( ဥပမာ ရ မီလီမီတာကျော်)
  • ဗိုက်ဖြူ ၀မ်းဖြူကင်းစင်ပြီး ဆန်အရောင်အသွေးသည် translucent ဖြစ်သလား၊
  • မစီးသောမဖွယ်သော စားကောင်းသောဆန်ဖြစ်ရဲ့လား ( လူမျိုးတစ်ဦးချင်းအကြိုက်တော့မတူညီနိုင်ပါ)
  • ဆန်ကွဲနည်းရဲ့လား (ယခုအခါတန်းမြင့်ဆန်သည်ဆန်ကွဲလုံးဝမပါတော့ပါ)
  • အရောင်အသွေးညီညာသောဆန်ဖြစ်ရဲ့လား (ဆန်ဝါ၊ဆန်နီကင်းစင်ရန်)
  • စားချင်စဖွယ်အနံ့ရှိရဲလား ( လူမျိုးတိုင်းအနံ့ရှိသောဆန်ကိုမကြိုက်ပါ)
  • ဆန်ထွက်အောက်တန်းကောင်းရဲ့လား( အရေးကြီးဆုံးဖြစ်ပါသည်)
  • ဆန်စေ့မှာဖွဲကပ်နေပါသလား (wet polishing)
translucent ဖြစ်သော long grain white rice (extra long length)


မြေဖြူရောင်ဆန်chalky white belly white centre ပုံများ

မောင်တိုင်ပင်တို့အလုပ်စ၀င်စဉ်က၂၅မှတ်ဆန်တစ်တန်ရရန် စပါး၇၅တင်းကြိတ်ရပါသည်။ နောက်ပိုင်းတဖြည်း
ဖြည်းနဲ့တိုးလာခဲ့ရာယနေ့ စပါး၈၅-၉၀တင်းခန့်ကြိတ်ရသည်ဟုဆန်စက်လောကတွင်ပြောဆိုနေသံကြားရ
ပါသည်။အဆိုပါအချက်သည် စပါး၏ milling quality ကျဆင်းလာသည်ဆိုသည့် အချက်ကိုမီးမောင်း ထိုးပြ နေခြင်းပင်ဖြစ်ပါသည်။ milling quality သည်ရိတ်သိမ်းပြီးနောက်ပိုင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်မှု
အပေါ်များစွာမူတည် သည့်အပြင် စပါး၏နဂိုမူလဗီဇအရည်အသွေး (intrinsic quality) အပေါ်တွင်လည်းမူ တည်ပါသည်။

မြန်မာဆန်စပါး ၏ hardness သည်ပျမ်းမျှခြင်းအားဖြင့် ၃-၄ ကီလိုဂရမ်ခန့်သာရှိပါသည်။ မာကျောသော
ပြုတ်ဆန်၏ hardness သည် ၈ ကီလိုဂရမ် ကျော်ရှိပါသည်။ထိုင်းဆန်စပါး ၏ hardness သည် ၅-၆ ကီလို ဂရမ်ခန့်ရှိပါသည်။ထိုကြောင့် အကြိတ်ခံသည်ဟုပြောရပါသည်။ ဆန်၏ hardnessသည်အချက်များစွာအပေါ် မူတည်ပါသည်။ chalky ဆန်များပါကအကြိတ်မခံပါ။supply chain mechanism တွင် စပါး စိုက်ပျိုး ထုတ်လုပ် သည်မှ ဆန်အဖြစ် ကြိတ်ခွဲထုတ်လုပ်ပြီးထုပ်ပိုးသည် အထိ လုပ်ငန်း အဆင့်များ၊ ရောင်းဝယ်မှုလုပ်ငန်း( marketing, export) အဆင့်များပါ ၀င်ပါသည်။ ဒေသအလိုက်ဖွဲ့စည်းထားသောဆန်ဦးဆောင် ကုမဏီများ သည် ဒေသအလိုက် လုပ်ငန်းအဆင့်များကိုအကောင်အထည်ဖေါ်ရန်လိုပါသည်။

No comments: