Monday, January 16, 2012

ရုံးစီမံခန့်ခွဲမှုစနစ်(office management system)


နိုင်ငံတော်တည်ဆောက်ပြုပြင်ရေးမှာဝန်ကြီးဌာနများနဲ့အဖွဲ့အစည်းများအကြားကောင်းမွန်သောအုပ်ချုပ်မှု (good governance) ဖြစ်ပေါ်လာရေးအတွက် ရုံးစီမံခန့်ခွဲမှု (office management ) ကို ခေတ်မီတိုးတက်
အောင်ပြောင်းလဲသင့်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဒီကနေ့လူပြောသူပြောများ ရေပန်းစားနေတဲ့ one stop service OSS လိုမျိုးပေါ်ပေါက်လာဖို့ကို ယခင်အစိုးရ လက်ထက်မှာကတည်းကကြိုးစားခဲ့ပေမဲ့ ပီပီပြင်ပြင်
ဆောင်ရွက် နိုင်ခဲ့ ခြင်းမရှိကြသေးပါ။ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဆိုရင်အရင်အစိုးရလက်ထက်ကတည်းက
OSS စနစ်ကိုသုံးပါတယ်။Good Governance Practice GGP ဖြစ်လာလိမ့်မယ်၊ တိုးတက်မှုတွေဖြစ်ပေါ်လာ
လိမ့်မယ်လို့ ကိုမျှော်လင့်ထားပေးမဲ့ အားမရဘူး။ဘာတွေဖြစ်နေသလဲဆိုတာအားလုံးအသိပါ။အခုအထူး
စီးပွားရေးဇုန်တွေမှာOSSကျင့်သုံးမယ်လို့သိရပါတယ်။ဒါပေမဲ့ ဒီတခါဆက်ဆံရမဲ့သူတွေကနိုင်ငံခြားသား
investors တွေဖြစ်တဲ့အတွက်ပီပီပြင်ပြင်ဖြစ်အောင်လုပ်ဖို့လိုပါမယ်။

ရုံးတွင်းစီမံအုပ်ချုပ်မှုဗျူရိုကရေစီ ပုံစံအရ ရုံးတစ်ရုံးမှာအလုပ်တစ်ခုပြီးမြောက်ဖို့ရာမှာcase တည်ဆောက်
ကြရပါတယ်။ case ကို စာရေးသို့မဟုတ်အငယ်တန်းအရာရှိ ကတည်ဆောက်ပြီး အဆင့်ဆင့်တင်ပြ ကြရပါတယ်။ အချို့သောဌာနတွေက dispatch လို့ခေါ်နေတဲ့စာပေးစာယူဌာန တွေ ဟာအားကောင်း
ပါတယ်။စနစ်တကျရှိပါတယ်။ caseတစ်ခုဝင်လာရင်ထိပ်ဆုံးကပုဂ္ဂိုလ် ဆီအရင်ဝင်လာလေ့ရှိ ပြီး မှအောက်ကိုပြန်ချပေး တဲ့ အခါ အောက်က case တည်ဆောက်ပြီးပြန်တင်ပြအဆုံးအဖြတ်ရယူပါတယ်။
ဝင်လာတဲ့ case ကရှင်းရှင်းလင်းလင်းရှိရင် သို့မဟုတ်အရေးကြီးရင် အဆုံးအဖြတ်ကတခါတည်းပါ လာတတ်ပါတယ်။ တခါတရံ လုပ်ငန်းသဘောသဘာဝ အရ ဟိုးထိပ်ဆုံး ထိပ် ဆုံးကပုဂ္ဂိလ်--
အထိအဆုံးအဖြတ်ရယူရပါတယ်။ ကြိုးနီစနစ်များတဲ့ဌာနဆိုရင် အရင်ကတော့ ၀န်ကြီးအဆင့်အထိ ရံဖန်ရံခါ ထိပ်ဆုံး ကပုဂ္ဂိုလ်အထိ တင်ပြကြရပါတယ်။ အချို့ ဌာနမှာတော့နေစဉ်လိုလိုပါမစ်ပေး
တာတွေ၊လိုင်စင်၊ခွင့်ပြုချက်ကို renew လုပ်တာတွေ၊ ထောက်ခံစာပေးတာတွေ သတ်မှတ်ထားတဲ့ပုံ
စံတွေနဲ့လုပ်ရပါတယ်။ အချို့ဌာနတွေက on line နဲ့လျှောက်လို့ရအောင် လုပ်ပေးထားပါတယ်။
သို့သော်ဌာနတစ်ခုဆိုရင် server ပျက်နေလို့ ငွေသွင်းချလံနဲ့ ခွင့်ပြုတာ ရက်အတန်ကြာနေပြီ။ ဒါကိုသက်ဆိုင်ရာအောက်ခြေ၀န်ထမ်း က ခွင် ဖန်တီး ပြီးငွေတောင်း လို့ ကာယကံရှင် ကအင်တာနက်မှာ အော် လိုက်တာဟိုးလေးတကျော်ဖြစ်သွားပါတယ်။
အဲဒီလိုမျိုးဆိုရင်တော့အောက်ခြေကိုဘယ်အတိုင်းအတာအထိလုပ်ပိုင်ခွင့်ပေးထားတယ်ဆိုရင်လုပ်ရကိုင်
ရကောင်းပါတယ်။မြန်မာ နိုင်ငံမှာလာဘ်ပေးလာဘ်ယူကိစ္စကိုတားဆီးကာကွယ်လိုတာ ကြောင့် ဖြစ်စေ၊
လုပ်ငန်းမြန်ဆန်အောင်ဖြစ်စေ၊ဌာနပေါင်းစုံပါဝင်ပြီးလုပ်ငန်းတွေကိုဆောင်ရွက်ခိုင်းတဲ့အလေ့အထရှိပါတယ်။
ဒီအခါမှာဌာနပေါင်းစုံနဲ့ ဆက်ဆံရတော့လုပ်ငန်းလာလုပ်သူပြည်သူအဖို့ အခက်အခဲတွေကြုံ၊စိတ်ညစ်
လာရော၊ဘာမှမစဉ်းစားတော့ဘူး၊ဆေးခါးကြီးသုံး လာဘ်ပေးလာဘ်ယူနဲ့ ပဲကျော်လွှားကြပါတယ်။ဌာနတစ်
ခုကreform လုပ်လိုက်တဲ့ကိစ္စမှာ ဌာနချင်း coordination မရှိတာကြောင့်ထင်တယ်။အခြားဌာနကပြောင်း
လဲလိုက်တာကိုမသိသလိုပဲအရင်အတိုင်းပဲလုပ်နေကြတာတွေ့ရပါတယ်။ဆိုလိုချင်တာကဌာနတစ်ခုနှင့်တစ်ခု
coordination မှာ အားနည်းနေတာကိုပြောချင်တာပါ။ဥပမာ နိုင်ငံခြားမှာသွားအလုပ်လုပ်သူတွေကို ၁-၀၁-၂၀၁၂ ကစပြီးအခွန်မကောက်တော့ဘူးလိုကျေညာခဲ့ပါတယ်။မြန်မာနိုင်ငံကိုခွင့် နဲ့ ပြန်လာသူတွေအ
ဖို့အဲဒီရက်မတိုင်ခင်အခွန်ကင်းရှင်းကြောင်းသံရုံးကထောက်ခံစာ လို မလိုအသိပေးဖို့ လိုတယ်။လေဆိပ်
immigration ရောက်မှလိုတယ်ဆိုရင်စဉ်းစားကြည့်ပါ။ နောက်တစ်ခုက နိုင်ငံတော်သမ္မတကြီးကတောင်ပြည်ပမှာ ရောက်နေသူတွေပြန် လာဖို့ဖိတ်ခေါ်နေချိန်မှာ ကိုယ့်မြန်မာနိုင်ငံ ကို ခဏပြန်လာသူတွေကို အလုပ်ကခွင့်စာ ဘာလို့တောင်းနေသလဲဗျာ။မြန်မာ နိုင်ငံသား
တွေပဲမဟုတ်လား။ valid passport ရှိရင်ပြီးတာပဲမဟုတ်လား၊ မြန်မာ နိုင်ငံမှာ နေသူတွေနိုင်ငံခြားသွား
လည်ပြီး အိမ်ကိုပြန်လာကြသူတွေလိုသဘောထားလို့ မရဘူးလား။ မောင်တိုင်ပင်ထင်ပါတယ်၊ဒါတွေအား
လုံးဟာ စီမံခန်ခွဲမှု စနစ်တွေပါပဲ။ နောက်တစ်ခု D Formလုပ်ရတဲ့ကိစ္စပါ။ဒါလိုနေသေးသလား၊သုံးသပ်
ကြည့်သင့်ပါတယ်။ မောင်တိုင်ပင်ရေးနေရတာက အပြင်လောက မှာ ပြောနေကြလို့ ပြည်သူတစ်ယောက်
အနေနဲ့ ပြည်သူတွေခံစားနေတာကိုဖေါ်ထုတ်ရေးတာဖြစ်ပါတယ်။ ဌာနတွေကိုထောက်ပြပြောဆိုနေတာ
မဟုတ်ကြောင်းပါ။
ဒီနေရာမှာ မောင်တိုင်ပင်ပြောချင်တာက လုပ်ငန်းအတိမ်အနက်အရဘယ်အဆင့်ထိ တက်သင့်သလဲဆို
တာလုပ်ငန်းကျွမ်းကျင်သူ ညွှန်ကြားရေးမှုးချုပ် ဖြစ်စေ၊ ဦးဆောင်ညွန်ကြားရေးမှုးဖြစ်စေ နားလည်ရမှာ ဖြစ်ပါတယ်။ အခုနိုင်ငံတော်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်စနေချိန်ဖြစ်တော့ ၀န်ကြီး၊ဒုတိယ၀န်ကြီးဆိုတာ
ဝန်ကြီးဌာနရဲ့ မူဝါဒ ကိုပဲကိုင်စွဲထားရမှာပါ။ နေ့စဉ် စီမံအုပ်ချုပ်မှု (day to day mangement) မှာညွှန်ချုပ်နဲ့ ဦးဆောင်ညွှန်ကြားရေးမှုး တွေကပဲဆုံးဖြတ်အုပ်ချုပ်ရမှာဖြစ်ပါတယ်။အဆုံးအဖြတ်ကအောက်
အထိဆင်းလာပြီးလုပ်ငန်းပြီးမြောက်တယ်၊မပြီးမြောက်ဆိုတာကိုကာယကံရှင်ပုဂ္ဂိုလ်ကိုဖြစ်စေ၊အဖွဲ့အစည်းကိုဖြစ်စေအသိပေးရပါတယ်။ အရင်ပါလီမန်ခေတ် ဖွဲ့စည်းပုံအရ ၀န်ကြီးဌာနတိုင်းမှာ အမြဲတန်းတွင်းဝန်( PermanentSecretary)တစ်ဦး
စီရှိတယ်။ သူက၀န်ကြီးဌာနလုပ်ငန်းနဲ့ပတ်သက်လာရင်အကျွမ်းကျင်ဆုံးအရာထမ်းပဲ။ဒါကအင်္ဂလိပ်အစိုးရ
ရဲ့စီမံအုပ်ချုပ်မှုပုံစံ-----တော်လှန်ရေးကောင်စီ နဲ့ မဆလ ကြား စနစ်သစ်အုပ်ချုပ်ရေးအမှတ် ၂ရဆိုပြီးပြ
ဌါန်းသတ်မှတ်လာတယ်။ညွှန်ကြားရေးမှုးချုပ်တို့ ဦးဆောင်ညွှန်ကြားရေးမှုးတို့စတဲ့အခေါ်အဝေါ်တွေဟာအဲဒီ
စာအုပ်ကိုအခြေခံပေါ်လာတာပဲ။

နောက်ပိုင်းစစ်အုပ်ချုပ်ရေနဲ့ တိုင်းပြည်ကိုအုပ်ချုပ်လာတော့ အရပ်ဖက်ဌာနတွေကအုပ်ချုပ်ရေးဟာ တပ်ပုံစံလိုလို၊ စနစ်သစ်စီမံအုပ်ချုပ်မှုအမှတ် ၂၇ ပုံစံလိုလိုနဲ့ ဟိုမရောက်ဒီမရောက်ဖြစ်ကုန်တဲ့အပြင်
စစ်အုပ်ချုပ်ရေးဆိုတော့တသွေးတသံအမိန့် နဲ့ ဖြစ်လာတာနောက်ဆုံးရုံးလုပ်ငန်းအချို့ကိုနှုတ်မိန့်နဲ့လုပ်ရ
တဲ့အထိရောက်ခဲ့ပါတယ်။ ဒီမိုကရေစီအစိုးရလက်ထက်ရောက်တဲ့တိုင်အောင်နှုတ်မိန့်နဲ့ခိုင်းတာတွေရှိနေဆဲ
ဖြစ်ပါတယ်။အရပ်ဖက်အုပ်ချုပ်ရေးမှာတပ်အုပ်ချုပ်ရေးပုံစံနဲ့ သွတ်သွင်းလုပ်၍သင့်လျော်မလား ?တပ်က
စီမံအုပ်ချုပ်မှုကလက်အောက်ငယ်သားကိုအမိန့်နာခံတတ်အောင်စီမံအုပ်ချုပ်တာပါ။ personal
managementဖြစ်ပါတယ်။ဆွန်ဇူးဆိုတဲ့တရုတ်စစ်သူကြီး ရဲ့ စီမံအုပ်ချုပ်မှု ပုံစံကို စီးပွားရေးမှာသွတ်သွင်း
ခဲ့တာကိုဘာပြောမလဲလို့စောဒကတက် နိုင်ပါတယ်။ဒါပေမဲ့ မောင်တိုင်ပင်ထင်တယ်၊ ဗျူဟာ၊မဟာဗျူဟာ အပိုင်းကိုပဲယူတာဖြစ်ပါ လိမ့်မယ်။ အရပ်ဖက် ကရဲတို့၊ အကျဉ်းဦးစီး တို့ မှာတော့ personal management ပါ ပါတယ်။ကုန်သွယ်ရေးတို့၊ စီးပွားရေးတို့ မှာ တော့ business management ကအဓိက ပဲ ထင်ပါတယ်။
အရင်တုံးက၀န်ကြီးဌာနတချို့မှာ လက်စွဲ (manual )တွေရှိပါတယ်။တလောကဂျာနယ်ထဲမှာ ဖတ် လိုက်ရတယ်။အကျဉ်းထောင်တွေကိုလက်ရှိအခြေအနေကနေပိုကောင်းအောင်ပြုပြင်တဲ့အခါ မြန်မာနိုင်ငံအကျဉ်းဌာနလက်စွဲ (prison manual) ကိုမှီငြမ်းကိုးကားတယ်တဲ့။အရင်တုံးကတော့နှုတ်မိန့်
နဲ့ပဲစီမံအုပ်ချုပ်တယ်နဲ့တူတယ်။တယ်၊ဒါကလည်းကြက်ခြေနီတို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက
ဝင်လာတော့ဒီလို manual တွေဟာအသုံးဝင်လာတတ်ပါတယ်။ဒီနေရာမှာစကားစပ်မိလို့
ဆွေးနွေးရရင်နိုင်ငံတော်တော်များများမှာ prison ဆိုတဲ့စကားလုံးတောင်မ သုံးကြတော့ပဲ correction centre လို့ပြောင်းလဲသုံးနေကြကြောင်းသိရပါတယ်။ဒီမိုကရေစီအစိုးရလက်ထက်မှာ ဥပဒေ၊အက်၊
လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းတွေဟာအသက်ဝင်ပါတယ်။ဒါကြောင့်လည်းဥပဒေ၊နည်းဥပဒေ၊အက်၊စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲပြုစုဆွေးနွေး ပြဌါန်းသတ်မှတ် နိုင်တဲ့လွှတ်တော် ၂ ရပ်ပေါ် လာတာပဲလေ။ အုပ်ချုပ်ရေးအာဏာကိုကိုင်စွဲထားတဲ့အစိုးရအဖွဲ့ နဲ့ ၀န်ကြီးဌာနတွေ၊ဌာနဆိုင်ရာတွေကတော့ ပြဌန်းသတ်မှတ်ထားတဲ့စည်းမျဉ်းတွေအတိုင်းစီမံအုပ်ချုပ်လုပ်ကိုင်ဖို့တာဝန်ရှိပါတယ်။
ဌာနတစ်ခုကိုကိစ္စရှိလို့ဖြစ်စေထောက်ခံစာလိုလို့ဖြစ်စေသွားချင်ရင် ပြည်သူတွေက know-how ကိုသိ
အောင်လုပ်ဖို့မကြိုးစားကြတော့ဘူး၊ know-who ကိုပဲကြိုးစားကြတော့တယ်လို့ပြောစမှတ်ရှိနေတယ်။ ဌာနထဲမှာအရေးပါသူဘယ်သူနဲ့သိလဲက ပိုအရေးကြီးတယ်။တိုက်ရိုက်မသိရင်တောင်တစ်ဆင့်ပြီးမှ တဆင့် အသိရှာသွားကြရတယ်။ သွားရင်လည်းလက်ဆောင်လေးတစ်ခုခုယူသွားကြတော့လာဘ်ပေးလာဘ်ယူဆို
တာအဲဒီကစပြီးအခြေခံတာပဲ။

အဲဒီမှာ“ပွဲစား“ဆိုတဲ့ကြားခံလူတန်းစားပေါ်လာတာနဲ့တူတယ်။ဒါဘာဖြစ်နေသလဲဆိုရင်ဌာနတွေအနေနဲ့ဌာန
ရဲ့လုပ်ငန်းတွေဘယ်လိုလုပ်သလဲဆိုတာပြည်သူတွေသိအောင်အသိပေးဖို့ပျက်ကွက်နေကြလို့ပဲဖြစ်တယ်။
စဉ်းစားရန်ပျက်ကွက်ခြင်း၊လုပ်ရန်ပျက်ကွက်ခြင်း တို့ကြောင့်သက်ဆိုင်ရာလူကြီးတွေမှာ တာဝန်ရှိတယ်
လို့မောင်တိုင်ပင်ကိုလူကြီးတစ်ဦးကပြောဘူးပါတယ်။ case တစ် ခုဟာစားပွဲပေါင်းများစွာကို ဖြတ်ပြီးမှ အဆုံးအဖြတ်ပေးသူလက်ထဲရောက်သွားကာအဆုံးအဖြတ်ရပြီးတဲ့နောက်စားပွဲပေါင်းများစွာကိုပြန်ဖြတ်ဆင်း
လာရတယ်ဆိုတော့ လုပ်နည်းစနစ်ဟာဘယ်လောက်တောင်ချွတ်ချော်နေသလဲဆိုတာ--- စဉ်းစား
သာကြည့်ပါတော့။ ၀န်ကြီးဌာနတစ်ခုမှာဝန်ကြီးကိုယ်တိုင်လုပ်ငန်းတစ်ခုနဲ့ပတ်သက်ပြီးprocess
လုပ်ပုံကိုလေ့လာသုံးသပ် ကာဘယ်အဆင့်ကိုဖြုတ်၊ဘယ်အဆင့်ကိုတိုက်ရိုက်ဖြတ်ဆိုပြီးသက်ဆိုင်
သူတွေအားလုံးခေါ် one stop service oss သဘောလိုမျိုးလုပ်ခိုင်းလိုက်တာအရင်၇ရက်ကနေ၁၀ရက်
လောက်ကြာတဲ့အလုပ်တစ်ခုဟာ၃နာရီလောက်နဲ့ပြီးသွားတယ်တဲ့။ဒါဝန်ကြီးကိုယ်တိုင်ဆင်းလုပ်စရာလား ? တာဝန်ရှိသူတွေဘာလုပ်နေလဲ၊ဒီလိုမေးခွန်းတွေမေးရတော့ မလိုဖြစ်နေပြီ။
မြန်မာနိုင်ငံမှာပြည်သူတွေ အများစုကတော့ ငါ လိုချင်လို့သွားတာ၊ငါဘာဖြစ်ဖြစ်သည်းခံရမှာပဲဆိုတဲ့ စိတ်ထားနဲ့ဝန်ကြီးဌာနအသီးသီး ကိုသွားတဲ့အခါ ဒီလိုသဘောထားကြပါတယ်။ လာဘ်လည်းမယူ၊ လာတဲ့
ရည်ရွယ်ချက်ပြည့်အောင်ပြုံးပြုံးရွှင်ချိုချိုသာသာ နဲ့ လုပ်ပေးလိုက်တဲ့အခါ ပြည်သူတစ်ဦး အဖို့ ကြည်နှုးတဲ့
ပီတိကိုခံစားလိုက်ရပါတယ်။သူတို့ကြည်နှုးခံစားရတာတွေနဲ့ တင်အားမရတဲ့ အချို့ပြည်သူကတော့ပေထက်
အက္ခရာတင်ပြီးဂျာနယ်တွေပို့ ပြီး အခြားပြည်သူတွေပါ မျှဝေခံစားစေတတ်ပါတယ်။
မောင်တိုင်ပင်ဘဏ်မှာလက်တွေ့ကြုံခဲ့ဘူးပါတယ်။ဘဏ်ငွေစုစာအုပ်ပျောက်သွားတဲ့ customer တစ်ယောက်ပါ။ဖြစ်ချင်တော့ အစိုးရဘဏ်ကစာအုပ်ပါတပြိုင်တည်းပျောက်သွားတာ။သူ့ခမျာ ၂ ဘဏ်ကိုဆက်ဆံလုပ်ကို်င်ရတာဖြစ်တော့မောင်တိုင်ပင်ဘဏ်မှာဒီလိုပျောက်ရင်ဘာလုပ်ရမလဲဆိုတာ လုပ်ငန်းစနစ်က ရှိတော့ တာဝန်ရှိသူခလေးမလေးကရှင်းပြလိုက်ရော၊သူလည်းခလေးမလေးပြောတဲ့ အတိုင်းလိုက်လုပ်ပြီးပြန်လာတော့ ၁၅ မိနစ်ပဲကြာတယ်။ဘဏ်စာအုပ်အသစ်ကရသွားရော။ တခြားဘဏ်မှာ (၁)လ ကြာမှာ ပြန်လာလို့ ချိန်း လိုက်တယ်တဲ့။ သူက ဘဏ်ကိုပြောတာမဟုတ်ဘူး။ ဂျာနယ်ထဲမှာ ရေးလိုက်တာကို ဖတ်ရလို့သိရတာ။ခလေးမလေးခေါ်မေးတော့သူလည်း ဘယ်သူကို လုပ်ပေးလိုက်ရလဲဆိုတာတော်တော်စဉ်းစားယူရတယ်။ဒါနဲ့ခလေးမလေး ကိုဝန်ဆောင်မှုကောင်းကောင်းနဲ့ လုပ်နိုင်လို့ ဆုချ လိုက်ရတယ်။လုပ်ငန်းခွင်မှာပြည်သူအများနဲ့ဆက်ဆံလုပ်ကိုင်ရတာဆိုတော့ဒီလို
ချီးကျူးခံရတာတွေမကပါဘူး။ ၀န်ဆောင်မှု
မကောင်းလို့ဆို ပြီးလာတိုင်တာတွေ မောင်တိုင်ပင်အများကြီးကြုံတွေ့ခဲ့ဘူးပါတယ်။အဲတော့သက်ဆိုင်သူ
ကိုခေါ် --- ပြင်စရာရှိတာကိုချက်ချင်းပြင်ခိုင်းရပါတယ်။စနစ်မကောင်းတာကိုလာတိုင်လို့တော်သေးရဲ့--လူပုဂ္ဂိုလ်ဝန်ဆောင်မှုမကောင်းလို့လာတိုင်ရင်တကယ်ခေါင်းကိုက်စရာပါ။

ဒါကြောင့်ဌာနတစ်ခုကောင်းဖို့imageကောင်းဖို့ဆိုတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေရဲ့လုပ်ရပ်တွေတင်မကပါဘူး၊တာဝန်
ရှိသူတွေအနေနဲ့မိမိ ဌာန စီမံခန့်ခွဲမှုစနစ်အပိုင်းမှာ ဘာတွေပြင်ရင် ကောင်းမယ် ဆိုတာ
အမြဲစဉ်းစားလုပ်ကိုင်နေဖို့ အရေးကြီးပါတယ်။ အရေးကြီးတာကပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံနေရတဲ့ ၀န်ကြီးဌာန တွေမှာလုပ်ငန်းစီမံခန့်ခွဲပုံစနစ် management system ဟာအရေးကြီးပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ လက်ကမ်းစာစောင်တွေ၊အင်တာနက် on line ကနေပြည်သူကိုအသိ
ပေးပါတယ်။ public relation office/desk တွေထားပြီးလုပ်ငန်းလာဆောင်ရွက်တဲ့အခါမှာ
ချောမွေ့နေအောင်လုပ်ပေးထားပါတယ်။ ချိုချဉ်လေးတွေက အစထားပေးပါတယ်။မြန်မာနိုင်ငံက
ပုဂ္ဂလိကဘဏ်အချို့မှာဒီ လိုစီစဉ်မှုလေးတွေဆောင်ရွက်ပေးထားပါတယ်။အောက်ခြေကနေစပြီး
အလယ်အလတ်ဝန်ထမ်းလောက်ထိ လူမှုဆက်ဆံရေးမှာ အနေအထိုင်အပြောအဆို
ကအစလေ့ကျင့်ပေးထားပါတယ်။ ဒီနေရာမှာ ထိုင်းလူမျိုးတွေကအာဆီယံနိုင်ငံတွေထဲမှာ ပိုပြီး ရှေ့ရောက် နေတယ် လို့ ဆို ချင်ပါတယ်။ဒီကနေ့ အစိုးရဌာန တစ်ခုခုကို know -who မလုပ်ပဲသွားကြည့်ပါ။ အပေါက်ဝမှာယောင်လည်လည်နဲ့ဘယ်သူ့မေးရမှန်းမ သိဖြစ်နေပါ လိမ့်မယ်။ သဘောကောင်းကူညီချင်တဲ့စိတ်ရှိတဲ့ ၀န်ထမ်းနဲ့တွေ့ရင်တော့ ကိုယ်တွေ့ ချင်တဲ့သူ၊ ကိုယ်လုပ် ချင်တာ
ကိုလုပ်ပေးမဲ့ စားပွဲရှေ့ ကိုတော့ ရောက်သွားပါ လိမ့်မယ်။

အဲဒီမှာစတော့တာပါပဲ။ တစ်ခေါက်ထဲနဲ့ ပြီး ချင်မှ ပြီးပါမယ်။အများနဲ့ဆက်ဆံရတဲ့ပတ်စ်ပို့ရုံးကတော့စနစ်ကျ
လာပါပြီ။ဝမ်းသာစရာကောင်းပါတယ်။ လုံခြုံရေးကို လည်းတစ်ဖက်ကလုပ်နေရတော့ ဒါကို လည်း လိုချင်
လို့ သွားတဲ့ ပြည်သူ ကနားလည်ပေး ဖို့ လိုပါတယ်။တခါတရံရုံးတွေမှာ လာဘ်တွေဘာတွေတော့မစားဘူး၊ အာဏာ ပါဝါပြချင်သူတွေလည်းရှိတတ်ပါတယ်။ မောင်တိုင်ပင်သိတဲ့ ရုံးတစ်ရုံးကဆိုရင် အာဏာပါဝါပြချင်
တဲ့ အရာရှိ တစ်ယောက်ရှိတယ်။ဆက်ဆံရေးအဆင်ချောအောင်လက်ဆောင်ပဏ္ဍာပေး လို့ ကလည်း မရ--
အကောခံရမယ်။ လိုချင်လို့ လာတဲ့သူတွေကိုအလိုလို မျက်မုန်းကျိုးနေတာ။မဟုတ်တာလုပ်တဲ့ကောင်
တွေလို့ မြင်တာ--သူနဲ့မလွှဲသာ လို့်ဆက်ဆံနေသူတွေအဖို့တော်တော့ ကိုရွံ့ရှာနေပြီ။ဒါမျိုးကြတော့
အထက်လူကြီး ကအတွင်းစကားအပြင်စကားနားထောင်ပြီး ဒီလိုလူမျိုး ကို လူအများနဲ့မတွေ့ ရတဲ့နေရာမှာထား ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မောင်တိုင်ပင်ပြောလိုတာကဌာနတွေဟာမိမိတို့ဌာနတွေရဲ့ ရုံးလုပ်ငန်းလုပ်နည်းစနစ် တွေကို
ပြန်လည်သုံးသပ်သင့်ပါတယ်။ အချိန်အတိုဆုံးနဲ့ဘယ်လိုလုပ်ပေးနိုင်သလဲဆိုတာ စီစဉ်ကြည့်ပြီးဝန်
ထမ်းတွေလည်းပါဝင်လုပ်ကိုင်လာအောင်ပထမပြောဆိုစည်းရုံးကြည့်လို့မှ မရရင်နေရာ
ကပြောင်းရွှေ့ဖယ်ရှားသင့်ပါတယ်။အတည်ပြုထားတဲ့ စနစ်ကို နည်းလမ်းမျိုးစုံအသုံးပြုပြီး
ပြည်သူလူထုသိအောင်လုပ်ပါ။ မိမိရုံးလုပ်ငန်းဆောင်ရွက်ပေးတာကို သိသာထင်သာမြင်စေတာဟာ official secret act ကိုချိုးဖေါက်ခြင်းမဟုတ်ပါ။

No comments: