Sunday, September 27, 2015

မြန်မာ့မီးရထား

မီးရထားအကြောင်းမင်းလည်းရေးပြီပြီ။ ငါလည်းငါသိတာလေးတွေရေးအုံးမယ်။Burma Railwaysရဲ့ကျရှုံးခန်းဟာအုပ်ချုပ်သူစစ်ဗိုလ်ဟောင်းတွေဘယ်လောက်အသုံးမကျသလဲဆိုတာမီးမောင်းထိုးပြနေသလိုပဲ။
ငါ့ဘကြီးအရပ်သားတစ်ယောက်ရှိတယ်မီးရထားမှာမင်းကြီးအဆင့်ထိလုပ်ခဲ့ဘူးတယ်။ပြင်သစ်ကိုမီးရထားနဲ့ပတ်သက်ပြီးပညာတော်သင်သွားပြီးပြန်လာတာ။နေဝင်းနဲ့ personally သိတယ်
တက္ကသိုလ်ကျောင်းနေဖက်လားမသိဘူးကျောင်းနေစဉ်အချိန်ကတည်းကစောက်မြင်ကတ်နေတာနဲ့ တူတယ်။ ၁၉၆၂ နေဝင်းတက်လာပြီး၃ - ၄ နှစ်လောက်ကြာလာတော့ ဟ   ဒီမောင်မီးရထားမှာဘာလုပ်နေတာလဲလို့မေးလိုက်တာနဲ့သူတပည့်တာဝန်ခံ(ဘယ်သူလဲမေ့နေပြီ)
ကပင်စင်ပေးပစ်လိုက်တာပဲ။အင်ဂျင်နီယာတော့မှုတ်ဘူးလုပ်နိုင်ကိုင်တဲ့အချိန်မှာပင်စင်ပေး
ခံရတာအဲဒီအချိန်ကလုပ်ငန်းစစ်ဖို့သွားရင်တွဲဖြူကြီးချိတ်သွားနိုင်တယ်တွဲဖြူကိုမီးရထား
လမ်းပေါက်တဲ့ခရိုင်မြို့တို့တိုင်းမြို့တွေကိုနေ့စဉ်ပြေးဆွဲတဲ့ရထားတွေမှာသီးသန့်တွဲချိတ်နိုင်တယ်။အိပ်ရာတွေပါတယ်။chef ထမင်းချက်ပါတယ်။မီးရထားဆရာဝန်ရှိတယ်။ဆေးရုံရှိတယ်။ မီးရထားရဲရှိတယ်။သီးခြားအုပ်ချုပ်မှုအောက်မှာရှိတာ။အရင်က ရွှေမန်းမေ တို့ ဒဂုန်မန်း တို့ရန်ကုန် မန္တလေး ပြေးဆွဲတဲ့ရထားတွေရှိတယ်။
မီးရထားတွဲတွေစက်ခေါင်းတွေကအသစ်တွေဝယ်သွင်းထားတာ၊အခုလိုတပတ်ရစ်သုံးပြီး
သားတွေမဟုတ်ဘူး။အချိန်မှန်တယ်။ ရိုးရိုးတန်း၊ First class, Upper class ရှိတယ်။အဖေဇာတိဖြစ်တဲ့တောင်ငူကိုမန္တလေးကနေ ရထားနဲ့ ခဏခဏသွားလယ်ဘူးတယ်။ restaurant car ပါတယ်။ဒါပေမဲ့အမေကဟင်းတွေချက်ချိုင့်နဲ့ယူလာတယ်။ upper class အိပ်စဉ်က ၄ ယောက်စီးဆိုတော့ မိသားစုအားလုံးသီးသီးသန့်သန့်လေးစီးလို့ရတယ်။ ကော်ဖီ၊အအေး၊ရေနွေးကြမ်းခွက်လေးစားပွဲပေါ်တင်ထား-- အပြည့်သာမထည့်နဲ့ လုံးဝမဖိတ်ဘူး။အဲလောက်ရထားကငြိမ်တာ။ရထားခုတ်တာ ဒီခေတ်ရထားတွေထက်မြန်တယ်။ ရန်ကုန် နဲ့ မန္တလေး ၁၀နာရီနဲ့ရောက်တယ်အခုခေတ်တော့ ၁၄ နာရီခုတ်တယ်နဲ့တူတယ်။သံလမ်းကို သံလမ်းအင်စပက်တာကနေ့စဉ်ထရောလီနဲ့ လိုက်စစ်နေတယ်။ ပုံမှန်ရထားလာရင် မပြီးဘေးချထားလိုက်တယ်။စက်မပါဘူး။mechanismတစ်ခုရှိတယ်လူအားနဲ့တွန်းသွားတာပဲ။နောက်တွဲတွေရဲ့ ဘရိတ်တွေ၊ဘိုဂီတွေ၊ကိုအမြဲစစ်ဆေးလဲပေးနေတော့ရထားတွဲဟာ
သတ်မှတ်အရှိန်နဲ့သွားနေရင်ဘေးဘီအပေါ်အောက်မလှုပ်ဘူး။ရေခွက်မဖိတ်ဘူး။စပျက်စီးလာတာက mismanagement ကြောင့်ဖြစ်တယ်။မှောင်ခိုတွေပေါ်လာချိန်ကစ ဘာမှကိုမမှန်တော့တာ။မော်လမြိုင် ရန်ကုန် မီးရထားဆိုရင် မှောင်ခိုရထားကြီးကိုဖြစ်
လို့ --လူတွေအကုန်ပျက်စီးတောတာပါပဲ။စက်တွေ ရထားလမ်းတွေလည်းပျက်စီးတော့ တာပါပဲ။ ရန်ကုန်ဘူတာကြီးအဝင် မှောင်ခိုတွေခုန်ဆင်းနိုင်အောင်ရထားအရှိန်လျှော့ပေး
တယ်။
၁၉၆၆ - ၁၉၇၂ အတွင်းအာအိုင်တီကျောင်းတက်တဲ့အခါ ရထားနဲ့ပဲသွားတာပါပဲ။ အစဉ်အလာကောင်းနေတဲ့ "မမ" အဲဒီအချိန်က စပြီး ပျက်စီးခြင်းငါးပါးတိုင်ခဲ့ တော့ တာပါပဲ။
ကျနော်တို့ ခေတ်က ဆည်မြောင်း၊MOC၊ ရထား Burma Railways တို့ဟာခိုင်မာပြီး
စီမံအုပ်ချုပ်မှုကောင်းတဲ့ institutions တွေဖြစ်တယ်။Public Works လည်းတူတူပါပဲ။ Public Works မှာ၁၀%ဘယ်အချိန်ကစသလဲတော့မသိဘူး။
ဒီလိုခိုင်မာပြီး management ကောင်းတဲ့ Burma Railways လိုဌာနမျိုးမှာ ဝင်အလုပ် လုပ်ချင်တဲ့ သူတွေအများကြီးရှိတယ်။အချို့ သူငယ်ချင်းတွေဆို ပို့ဆောင်ရေး
အထွေထွေမန်နေဂျာ အဆင့်ထိတောင်ဖြစ်သွားကြတယ်။အာအိုင်တီ summer training ဆင်းတော့ လည်းမြစ်ငယ်မီးရထားစက်ရုံ၊ဆင်းဘူးတယ်။၁၉၆၉-၇၀လောက်ကထင်တယ်။အဲဒီအချိန်ကအခြေအနေနဲ့ ဆိုရင် နှစ်ပေါင်း၄၀ ကျော်ကြာတဲ့အခါရထားတွဲတွေ ကောင်းကောင်းထုတ်လုပ် နိုင်တဲ့ potentials တွေရှိပေမဲ့လားလားမြောက်မြောက်
ဖြစ်မလာဘူး။ mismanagement တွေများလွန်းလို့--အခုတော့ဗျာ -- ကမ္ဘာပေါ်မှာ အလှုပ်ဆုံးရထားစီးချင်ရင် ဘယ်နိုင်ငံ မှမသွားနဲ့ Burma Railways သာလာစီးကြပါလို့
ကြော်ငြာရမလိုဖြစ်နေပါပြီ။ မမ ရဲ့ ကျရှုံးခန်း ကတော့ သြချလောက်ပါရဲ့ ဗျာ- မမ ကလူကြီးတစ်ယောက်နဲ့ ပြောဘူးတယ်။မမ ခုလိုဖြစ်နေတာ နှစ်တိုင်းရှုံး လို့တဲ့ နိုင်ငံတိုင်းမှာ public transport ဆိုတာ အရှုံးခံရတာပဲ မဟုတ်ပါလားဗျာ-----

No comments: