Monday, April 5, 2010

အင်ဂျင်နီယာ အိုကြီး ရဲ့ ပီတိ




ရန်ကုန်မြို့ ရဲ့ အကောင်းဆုံး ရပ်ကွက်တစ် ခုလို့ ဆိုနိုင်တဲ့ ၉ မိုင် မရမ်းကုန်း မစိုးရိမ်ကျောင်းလမ်းမှာ စာရေးသူ နေပါတယ၊် အကောင်းဆုံးဆိုတာကို အဓိပ္ပယ်ဖွင့် ဆိုရရင် မီးမပျက်တာပါ။ မီးအပျက်နည်းတာပေါ့။ ဒါက အရင် ကပါ။ မြို့တော်ကိုနေပြည်တော် ပြောင်းလိုက်ပြီး ကတည်းက စာရေးသူတို့ ရပ်ကွက်ဟာ grade ကျသွားပါတယ်။ တစ်မြို့ လုံးမီးအားကျတော့စာရေးသူတို့ ရပ်ကွက်လည်းမီးအားကျသွားပါတယ်။ လစဉ်သုံးဘတ်ဂျက် လည်းတော် တော်ခိုက်သွားပါတယ်။ မီးအားကျလေ့ မရှိတော့ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ တီဗီ တွေကိုAVR ( auto voltage regulator) မခံထားမိတော့ power ပိုင်းဆိုင်ရာတွေလောင်ကုန်ပါတယ်။ တချို့လည်း အသစ်လဲ လိုက်ရပါတယ်။ စက်အလိုက်ကိုက်ညီတဲ့ AVRတွေလည်း ၀ယ်တတ်လိုက်ရပါတယ်။

အင်ဂျင်နီယာအိုကြီး အိမ်မှာ တစ် လတစ်လ ရှင်းရတဲ့ မီတာခ က သောင်းကျော်တယ်။ အင်ဂျင်နီယာ ပီပီ ဘာလုပ်ရမလဲဆိုတာ စဉ်းစား၊တွေးခေါ်အကောင်အထည်ဖေါ်ရတာပေါ့။ စဉ်းစားမိတာက solar power ပဲ။ နေပြည်တော် တက်သွားရင် ရန်ုကုန် က ၃ မိုင်မှာ solar hut ဆိုတာတွေ့နေရတော့ တစ်ရက်ဝင်ကြည့်ဖြစ်တယ်။ အင်း အိမ်မှာ solarသုံးပြီး လုံချုံရေးမီးတွေ အတွက်သီးခြား လုပ်လိုက်ရင် မီတာတော့ ရော့သွားနိုင်ရဲ့ လို့
စိတ်ကူးမိတာနဲ့ အင်တာနက် websites တွေမှာ လက်လှမ်းမှီသလောက် ရှာဖွေ ဖတ်ကြည့်မိတယ်။

Leonics ဆိုတာတွေ့တယ်။ ဆိုလာ panel တွေကတော့ တရုတ်လုပ်က သိပ်မခံဘူးဆိုတာသိခဲ့ရတယ်။ ဒါနဲ့ kyocera ကိုတွေ့လာတယ်။ ဈေးတော့ကြီးတယ်။ အတွက်အချက်လုပ် ကြည်ပြီး လိုအပ်တာတွေဝယ်လိုက်တာ ၆သိန်းကျော်လောက်ကုန်သွားတယ်။ လုပ်ငန်း workshop တစ်ခု ရှိ တဲ့ မိတ်ဆွေ ကိုတင်ဦး ကို solar panel ထောင်ဖို့ frame တစ်ခု လုပ်ရာမှာ ကူညီဖို့ မေတ္တာရပ်ခံရတယ်။ ပုံကြမ်းဆွဲပေးလိုက်တော့ သူ့ အင်ဂျင်နီယာ တွေ လုပ်လာတာက ကိုယ်လိုချင်တာနဲ့ ကွက်တိပါပဲ။

ကိုတင်ဦး က ဆရာရယ် စဉ်းစားပါအုံး၊ အခုအချိန်အထိ ရန်ကုန်မှာ လျှပ်စစ် က မီးထက်ဘယ်ဟာမှ အကုန်အကျ မ သက်သာဘူး၊ generator သို့မဟုတ် inverter နဲ့ က ပို သက်သာမလားဆရာ။ ဆရာသေချာကော တွက်ပြီးပြီ လား၊ security light ကို solarလုပ်ကာမှ အကုန်အကျများနေအုံးမယ် လို့ ပြောပါသေးတယ်။ ဒါပေမဲ့ စာရေးသူ ကအာအိုင်တီ ကျောင်းဆင်းအင်ဂျင်နီယာ အိုကြီး မဟုတ်လား ? ခေါင်းမာတဲ့နေရာမှာ ၂ယောက်မရှိဘူး။

ဟေ့ကောင် မင်းဘာသိလဲ ? နေ့ခင်း inverter သုံးရအောင် ၁၂ ရာသီမီးပျက်နေတာ ဘက်ထရီ အားသွင်းရ အောင်နေ့ ခင်းဘယ်မှာမီးလာလို့လဲ၊ generator က အိမ်မှာ မိန်းမတွေချည်းပဲ။ ငါတစ်ယောက်ပဲ ယောင်္ကျား ရှိတာ၊ ဘယ်သူ generator နှိုးပေးမလဲု solar power သုံးတာအကောင်ဆုံးပဲ။ကိုတင်ဦး အာအိုင်တီ ဆင်း အင်ဂျင်နီယာ ပါပဲ။ စာရေးသူ ကအပြောမခံတော့ ဘာမှ မပြောတော့ပဲ လိုတာတွေလုပ်ပေးလိုက်ပါတယ်။

ဆိုလာပရိုဂျက်ကြီးပြီးသွားပြီဆိုပါတော့။ ရက်တစ်ရက်ညနေပိုင်းနေ၀င်ပြီး အမောင်ထုသမ်းနေ ချိန်အိမ်နားနီး ချင်းတွေ၊ အိမ်သားတွေ လျှက်စစ်မီး လာဖို့ မျှော်နေချိန်ပေါ့။ မြ၀တီ က ကိုရီးယား အခန်းဆက် ကားလာချိန် နီးနေပြီ လေ။ ပူအိုက်တော့ ခလေးတွေအိမ်ပြင်ထွက်နေတာပေါ့။ အဲဒီချိန်မှာ solar panel ကနေ လျှပ်စစ် ဓါတ်အား တွေ ၀င်ထားလို့ အားတွေပြည့်နေတဲ့ ဘက်ထရီ နဲ့ inverter ကတဆင့်ဂိတ်မီးတွေ လုံချုံရေးမီးတွေ ဖွင့် လိုက်တာပေါ့။ ဂိတ်မီးတွေလင်းသွားတော့ ကစား နေကြတဲ့ ခလေး၊လူကြီးတွေ " မီးလာပြီဟေ့ " ဆိုပြီး အိမ်တွေထဲ ပြေးဝင်သွားလိုက်ကြတာ " ဟေ့ ဟေ့ မလာသေးဘူး ဒါဆိုလာမီးကွ " လို့ ပြန်အော်ရတယ်။

အဲတော့ ကိုတင်ဦး ကိုပြောချင်တာ က ဆိုလာမီး ကသက်သာသလား ၊ လျှပ်စစ် ကမီး ကသက်သာသလား inverter ကသက်သာသလား ဆိုတာအသာထား၊ သူများအိမ်တွေ မီး မလာချိန်မှာ ကိုယ်က သဘာဝ နေရောင် ချည်သုံး လျှပ်စစ် ကနေ မီးလင်း နေတဲ့ " ပီတိ " ဟာ ဘာခံစားချက် နဲ့ မှ မတူတဲ့ အင်ဂျင်နီယာအိုကြီးရဲ့ ခံစားချက် ပါခင်ဗျား ---Justify Full

No comments: