Tuesday, August 10, 2010

CJ မှာရေးသင့် သော post တစ်ခု

တစ်နေ့မှာ ဆရာတစ်ယောက်က ဖန်ခွက်တစ်လုံး လက်မှာကိုင်ထားပြီး'ဒီဖန်ခွက်က ဘယ်လောက်လေးမယ် ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်..၅၀ဂရမ်၊ ၁၀၀ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင် ဘာဖြစ်မလဲ ဆိုတာပဲ ..'"ဘာမှ မဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်က ဖြေတော့ "တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက် မေးတယ် .."လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် … 'ကောင်းပြီ ..တနေကုန်ကိုင်ထား ရင် ရောကွာ' လို့ ဆရာမေးတော့ ရွှတ်နောက်နောက်ကျောင်းသား တစ်ယောက် က "ဆရာလက်ကြီး ထုံကျင်လာ မယ်၊ ပြီးတော့ လက်မောင်းကိုက် လာမယ် ၊ ပြီးတော့ ဆရာရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး ဆေးရုံ ရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်း ဖြေကြတယ် …'ဖန်ခွက်ရဲ့ အလေးချိန် ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့အဲ့လိုနာကျင်မှုဝေဒနာတွေ တိုးပြီးခံစား ရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down' ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …

ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာခဏလောက်ထည့် ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင် မှုပေးလာမယ် ၊ ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ တစိတ်တပိုင်းပါ။ ဒါပေမဲ့ နေ့တစ် နေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့ အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ဖန်ခွက်တွေ ကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..

No comments: