Sunday, October 6, 2013

လူတွေအကြောင်းဆင်ခြင်မိခြင်း

ဒီကနေ့တနင်္ဂနွေနေ့ (၆-၁၀-၂၀၁၃)နံနက် ၅နာရီအိပ်ရာမှ ထပါတယ်။ကန်တော်ကြီးမှာ လမ်းလျှောက်ဖို့ပါ။အမှန်တော့၎နာရီမတ်တင်းလောက်ကတည်းကနှိုးနေပေမဲ့အအိပ်နှပ်ရင်းနဲ့ တရားသဘောကိုဆင်
ခြင်နေမိပါတယ်။မျက်နှာသစ်ကိုယ်လက်သုတ်သင်ပြီးဂျာကင်အပါးတစ်ထည်၊စပို့ရှပ်တစ်ထည်ထည့်ပြီးယူလာပါတယ်။စလုံးမှာတော့ ဘောင်းဘီတိုနဲ့ လမ်း
လျှောက်ပေမဲ့ ဒီမှာတော့ဘောင်းဘီရှည်ပါးပါးဝတ်လျှောက်ပါတယ်။ကားမောင်းပြီး ၉  မိုင်အိမ် ကထွက်လာ
တော့ မိုးစင်စင်လင်းနေပါပြီ။ ပြည်လမ်းတစ်လျောက်ကားကတော်တော်ရှင်းနေပါတယ်။ဖြည်းဖြည်းမှန်မှန်
မောင်းရင်း သရဏဂုံ ၃ ပါး ကို ပါးစပ်ကရွတ်ဆိုပြီးမောင်းလာပါတယ်။ပြည်လမ်းကနေဦးဝိစာရလမ်းအဲဒီက
နေဦးထောင်ဘိုလမ်းတစ်လျှောက်မောင်းလာခဲ့တာ ၂၀ မိနစ်နဲ့ကန်တော်ကြီး Signature Restaurant  နောက်ဖက်မှာ ကားဖင်ထိုးပါတယ်။နာရီကြည့် လိုက်တော့ ၆း၃၀ နာရီပါ။ကိုယ်ရောက်ချင်တဲ့ အချိန်ပါပဲ။


ဘိနပ်က၀တ်ပြီးသားဆိုတော့ ဘာမှ လုပ်ဖို့ မလိုတော့ဘူး၊ ရှိစုမဲ့စုကားကို steering lock နဲ့ နောက်ထပ်တစ်
ထပ်ခတ်ပါတယ်။လမ်းလျှောက်တာကတော့ခြေဦးတည်ရရာပါပဲ၊ နာရီဝက်ပြည့် ရင်ပြန်လှည့် လာလိုက်ရင်
လမ်းလျှောက်ချိန် ၁ နာရီပါပဲ။ကန်တော်ကြီးတစ်လျှောက်လုံးလမ်းလျှောက်တဲ့သူတွေကြည့် လိုက်ရင်တရုတ်
တွေများပါတယ်။ကားကြီးကားငယ်တွေလည်းကားဝင်ခွင့်ရတဲ့နေရာအထိ လမ်းဘေးမှာ ရပ်ထားပါတယ်။
အရင်ကတော့ရန်ကုန်ရောက်လာရင်တနင်္ဂနွေတစ်ရက်ကားနဲ့လာပြီးသူငယ်ချင်းနဲ့ တူတူလမ်းလျှောက်ပါတယ်။ဒီနေ့တော့သူ
နဲ့မချိန်းမိလိုက်ဘူး။ဒါပေမဲ့ သူကားရပ်တဲ့နေရာသိတော့အဲဒီဘက်ကိုဦးတည်လျှောက်လိုက်တယ်။ လမ်းမှာ
မျက်မှန်တမ်းမိတဲ့သူတွေကိုတွေ့တယ်။ ရင်းနှီးရင်တော့ ရပ်ပြီးနှုတ်ဆက်တယ်၊တရုတ်လူကြီးတစ်ယောက်
တွေ့တယ်။အရင်ကုန်သွယ်ရေးမှာလုပ်တုံးကတော့ခဏခဏတွေ့တယ်။ သူခိုင်းတာလည်းလုပ်ပေးခဲ့ဘူး
တယ်။ဒီကနေ့တွေ့တော့ကိုယ်ကနှုတ်ဆက်မလို့ပဲ။ဒါပေမဲ့ မမြင်ချင်ယောင်ဆောင်သွားတယ်။လုပ်ပိုင်ခွင့်ရှိ
ချိန်နဲ့ မရှိ ချိန်ကွာတာပေါ့လေ။ဒါပေမဲ့ စိတ်မကောင်းမဖြစ်ပါဘူး၊ လူ့သဘာဝပဲလေ။သက်တမ်းရဲ့တစ်ဝက်ကျော်ကျော်လောက်အလုပ်ခဲ့တော့ဒီအချိန်မှာလွတ်
လွတ်လပ်လပ်နေချင်ပါတယ်။မနှုတ်ဆက်ချင်ရင် လည်း ရပါတယ်။ယခင်လုပ်ဖေါ်ကိုင်ဖက်လူကြီး ကကော၊လူမှုရေးလုပ်ငန်းတွေကမိတ်ဆွေတွေကကော၊စီးပွားရေးလုပ်ငန်းရှင်တွေက
ကောသူတို့ဆီမှာလာလုပ်ပေးဖို့ အကူအညီတောင်းခံရဘူးပါတယ်။ ဒါပေမဲ့ မိသားစုကို အချိန်ပေးချင်လို့ အကုန် ငြင်းပယ်ခဲ့ပါတယ်။ကျန်းမာရေးကလည်းကောင်းနေသေးတယ်၊အသက်ကလည်းသူများနိုင်ငံတွေမှာတက်
ကြွစွာအလုပ်လုပ်နေကြတုံးအရွယ်ပဲ။ကိုယ်လူလောကကိုလာတုံးကတစ်ယောက်တည်းလာခဲ့တာလေ။အခုလူလော
ကကိုစွန့်ခွာရမယ်ဆိုတော့ လည်းတစ်ယောက်တည်းပါပဲ။ ဘာပစ္စည်းမှ လည်းယူသွား လို့ မရပါဘူး၊ဘယ်လူမှ လဲခေါ်သွားလို့မရပါဘူး။ဘာကြောင့်များမောဟ၊လောဘ၊ဒေါသတွေ ဖြစ်ပွားနေသလဲ ?   ဘုန်းကံ
ဆိုတာ တက်နေချိန်ဆိုရင်ဘယ်လိုဆွဲချချ မကျ နိုင်ပါဘူး၊ အဖေ ပြောဘူးပါတယ်။ဦးနေ၀င်း ဘုန်းကံ ကို
ဘယ်သူမှ မယှဉ်နိုင်ဘူးကွ၊ ဘုရားနဲ့တရားနဲ့နေတဲ့ ဦးနုလည်း သူဘုန်းကံကိုမမှီဘူး၊ အဲ--ကျချိန်ကြရင်တော့
မင်းကြည့် သူဘာလုပ်လုပ် မရဘူး“ လိုပြောဘူးပါတယ်၊ အဖေ ကတော့ဦးနေ၀င်း ဘုန်းကံ ကျ ချိန်ကိုမမီ
လိုက်ပေမဲ့မောင်တိုင်ပင်ကတော့ ဦးနေ၀င်း ကိုကြည့်ပြီး တော်တော်တရားရ လိုက်ပါတယ်။ အဖေပြောခဲ့ ဘူးတာကိုသတိရလိုက်ပါတယ်။ဒါကြောင့် ဘုန်းကံကျနေပြီးဖြစ်တဲ့ ဦး ခင်ညွှန့် လည်း တစ်နေ့နေ့များမိမိ
ဘုန်းကံတက်လိမ့် အုံးမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဒီကနေ့ဘာလိုများအများမြင်ကွင်းနေရာကိုတစ်ခါတစ်ခါပေါ်လာရတာလဲ၊ ဘာတွေလုပ်နေပါလဲ လို့တွေးမိပါတယ်။ရောင့်
ရဲတင်းတိမ်ခြင်းဟာအင်မတန်စိတ်ချမ်းသာပါတယ်။ ဦးတေဇလည်းကြည့် ပါ။သူဘုန်းကံနိမ့်ချိန်မှာ အသက်
နှစ်ပေါင်းများစွာပစ်ထားသည့် ရှန်ဂရီလာ ဟိုတယ် လုပ်ငန်းစုအခုတော့ အပြိုင်းပြိုင်း
ပေါ်ထွက်လာပါပြီ--

ကိုလိုနီလက်ထက်က အိုရီရင့်ကလပ် ပါ၊အခုတော့စိုက်ပျိုးရေးပြတိုက်ဖြစ်နေ
ပါပြီ၊ ဦးနုလက်ထက်ထိအိုရီရင်ကလပ်ရှိနေပါသေးတယ်။ကွယ်လွန်သူ
ရုပ်ရှင်မင်းသားဝင်းညွှန့် တွံတေးသိန်းတန်တို့ လည်းအိုရီယင့် ကလပ် မင်ဘာတွေပါ။

ကန်တော်ကြီး board walk မှနေရွှေတိဂုံဘုရားကြီးကိုဖူးမျှော်ရပုံ
နောက်ဖက်တွင် ကျန်းမာရေးလေ့ကျင်ခန်း တိုက်ကျိ ကစားနေကြသောတရုတ်
မြန်မာများကိုတွေ့ရပုံ

ကန်တော်ကြီး board walk ပေါ်တွင်ပြည်သူများ အေရိုးဘစ်စုပေါင်းကစားနေကြပုံ

အန္တရယ်တောင်ထိခိုက်လု နီးပါးဖြစ်ခဲ့တယ်မဟုတ်လား ?

ဘာပဲပြောပြောကန်တော်ကြီးမှာလမ်းလျှောက်တဲ့
အခါမိတ်ဟောင်းဆွေဟောင်းတွေတွေ့ ပြီး မောင်တိုင်ပင်ကို ဘာမှ မပြောင်းလဲဘူး၊ ဆရာက အရင်အတိုင်းပဲ
တဲ့၊ သေဖို့ တစ်ရက်တစ်ရက် နီးလာပြီဆိုတာတော့မသိဘူး၊ ကိုယ့်ကိုပြောတဲ့အဲဒီလူတွေလည်းဘယ်ပြောနိုင်
မလဲ၊ကွေးသောလက်မဆန့် မီ ဆန့်သောလက် မကွေးမီ အကုန်ဖြစ်နိုင်တာပဲ။ လမ်းတစ်လျှောက်မှာ ပဲနို့ လှုထားတာလည်းတွေ့တယ်။အချင်းချင်းအုပ်စုလေးတွေနဲ့ အုန်းနို့ခေါက်ဆွဲ တို့ မုံဟင်းခါးတို့ ၀ယ်လာပြီး စု
ပေါင်းစားနေကြတာလည်းတွေ့တယ်၊ ပျော်စရာကြီးပါပဲ။ တနင်္ဂနွေဖြစ်နေတော့ အချိန်အတော်ပေးပြီး လာကြတာပဲ။ တရုတ်ကုန်သည်တွေ လည်းစီးပွားရေးအကြောင်းတွေအာဘောင်အာရင်းသန်သန်နဲ့ပြောနေ
ကြတာလည်းနားစွန်နားဖျားကြား လိုက်မိပါတယ်။ တစ်နေရာမှာ မောင်တိုင်ပင်ကအကြောလျှော့ လေ့ကျင့်
ခန်းလုပ်နေတုံးဘေးနားက တရုတ်အမျိုးသမီးအုပ်စု တစ်စုက မိုးစက်ဝိုင် အကြောင်းပြောနေတာကိုကြားမိ လိုက်တယ်။မိုးစက်ဝိုင် က
မြန်မာဖျော်ရည်လုပ်ငန်းကြီးကြီးတစ်ခုရဲ့ ပိုင်ရှင်သမီး ကိုး။သူကပညာတတ်ရုပ်ကလည်းချောဆိုတော့ အများအချစ်တော်ကိုယ်တော်
လေးနဲ့တွဲမိတာကိုဝိုင်းနှမျောနေကြတယ်။ အားလုံး မေတ္တာပျက်စေမဲ့ အလုပ်မလုပ်သင့်ဘူးပေါ့။မြန်မာပြည်
ဖွား တရုတ်မလေးဆိုတော့ တော်တော်ဂုဏ်ယူနေကြပုံပဲ။ တစ်နာရီလောက်လမ်းလျှောက်လိုက်တာသတင်း
တွေအကုန်ကြားခဲ့ ရတယ်။ဥပဒေ အွန်လိုင်း ဒီပလိုမာ မှာ ဂုဏ်ထူး ၇ ခုထွက်တဲ့ သတင်းကောကြားပြီး ကြ
ပြီလား ? မောင်တိုင်ပင်ကြားခဲ့ ရတယ်ဗျ။


၇နာရီခွဲ မှာ Signature နောက်ရောက်ရမှာ ဖြစ်တော့သတင်းပလင်းအစုံကိုကြားချင်ပေမဲ့ ခပ်မြန်မြန်သုတ်
ချေတင်လျှောက်ခဲ့ ရတယ်။ အချိန်ကိုက်ပါပဲ။ ချွေးတွေနဲ့ ရွှဲနေတဲ့ စပို့ရှပ် ကိုအမြန်လဲပြီး Siganture  ထဲကား
မောင်းဝင်ခဲ့ပါတယ်။အားလုံးကရောက်နေပါပြီ။ မောင်တိုင်ပင်တို့အင်ဂျင်နီယာအုပ်စုရဲ့ ပုံမှန် gathering
ဖြစ်ပါတယ်။ကုန်သွယ်လယ်ယာမှာ BSc Engg အင်ဂျင်နီယာကြီးတွေရှိပါတယ်။ ဆန်စက်နဲ့ပတ်သက် လို့
ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။သူတို့နဲ့ မောင်တိုင်ပင်တို့နောက်ဝင်တဲ့အုပ်စုကအင်ဂျင်နီယာတွေက
နံနက်စာနဲ့အမြဲတန်းဆုံပြီး ပြုစုကြတာပါ။ ကျိုက္ကဆံလမ်း က SS မှာ လုပ်သလို Signature    မှာ လည်းလုပ်
ပါတယ်။စားရင်းသောက်ရင်းနဲ့ အကြောင်းစုံပြောကြတာပေါ့၊ အကုန် အသက် ၇၀ကျော်နေကြပြီး ၈၀ နား
နီးနေပါပြီ။စလုံးမှာ ကတည်း က ဒီကနေ့ ပွဲလေးလုပ်ချင်တယ်ဆိုပြီး ၀င်းမြင့် သိန်းဆီ ကြိုအကြောင်းကြား
ထားတာပါ။
ညာဖက်မှ ဦးကျော်သောင်း၊ဦးအောင်မြင့်၊ဦးထွန်းကြည်၊ဦးဝင်းဖေ၊မောင်တိုင်ပင်၊
ဦးချစ်သောင်း၊ဦးလှရီ၊ ဦးသန်းထွန်းအောင်နဲ့ ဇနီးဒေါ်ခင်မမ (ဓါတ်ပုံရိုက်သူဝင်းမြင့်သိန်းကသူ
ဇနီးစောကိုပါအောင်မရိုက်ပါ)

ဆရာဦးဝင်းဖေ ဘာတွေညွှန်ကြားနေပါ လိမ့်--FAO Project Director,စစ်ကိုင်းတိုင်းအင်ဂျင်နီယာ
လုပ်ခဲ့သူပါ။ ဆရာဦးထွန်းကြည်ကတော့ ရခိုင်၊ရန်ကုန်အင်ဂျင်နီယာစက်ရုံတာဝန်ယူပါတယ်

ဆရာချစ်သောင်းကတော့ဖွဘုတ်အဖွဲဝင်ပါ OECF Project Director ပါ၊ဧရာဝတီ
ကိုတာဝန်ယူခဲ့ပါတယ်။ဆရာဦးလှရီကတော့ ADB Project Director ပဲခူးတိုင်း
တာဝန်ယူခဲ့ပါတယ်

ဆရာကျော်သောင်းကတော့ရုံးချုပ်ကအင်ဂျင်နီယာကြီးပါ၊ဆရာဦးအောင်မြင့်လည်း
ရုံးချုပ်အင်ဂျင်နီယာပါ၊ကျောက်တခါးဆန်စက်ကိုကိုင်တွယ်ခဲ့ပါတယ်



ဒီအင်ဂျင်နီယာတွေဟာဆန်စက်ကြီးတွေခေတ်မီသိုလှောင်ရုံကြီးတွေကိုတည်ဆောက်လည်ပတ်ခဲ့
ဘူးတဲ့သူတွေဖြစ်ပါတယ်။အခုတော့ လည်းသူတိုအားလုံးဝိပသာနာတရားအကြောင်းဆွေးနွေးတဲ့
အရွယ်ရောက်နေပါပြီ။  Signature ကအပြန်ဆရာဦးကျော်သောင်းကို အိမ် လိုက်ပို့ ပါတယ်။သူက
ကားရှိပေမဲ့ ရွှေဂုန်တိုင် ကိုကျော်ပြီး မမောင်ဘူး။ လမ်းမှာ ၀ိပသာနာအကြောင်းဆွေးနွေးသွားကြ
တာရောက်မှန်းမသိရောက်သွားရော။ဒါနဲ့ နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။

ယခုတလောသံဝေဂတွေတော်တော်ရနေတယ်။လူတွေအကြောင်းတစ်ယောက်ချင်းကိုပြန်အတွေး
နယ်ချဲ့နေမိတယ်။ဖွဘုတ်ကလည်းအခုတလောစိတ်ပျက်စရာသတင်းတွေနဲ့ဆိုတော့ အချိန် အားရ
နေရင်တရားစာအုပ်တွေပဲဖတ်မိတယ်။ သူငယ်ချင်းဝင်းမြင့်ကတောင်ဒီကောင်ဘာဖြစ်နေလဲ လို့
ဖွဘုတ်မှာမေးလာပါတယ်။ပုံမှန်ပါပဲ၊ ဘာမှ မဖြစ်ပါဘူး၊ လူလောကနဲ့ လူတွေအကြောင်းကို ဆင်ခြင်နေ
မိတာပါ။ ဘ၀ဆိုတာတိုတိုလေး မဟုတ်ပါလား--ဘာ လို့များ ကြီးကျယ်နေချင်ကြတာလဲ   ????

No comments: