Wednesday, January 1, 2014

၂၀၁၃အတွင်း Facebook ၏ ရောက်တတ်ရာရာ မှတ်စုများ

မန်မာ့ ပညာရေး ကို ရင်လေးမိခြင်း


ဒီကနေ့သမီးကိုယ်ဝန်ကို NUH ကအိုဂျီ မှာသွားပြရင်းထမင်းစားချိန်ရောက်တော့ NUS ကင်တင်းမှာ
နေ့လည်စာသွားစားကြမယ်ဆိုပြီး သူတို့ shuttle bus စောင့်စီးခဲ့ပါတယ်။ ကျောင်းသူကျောင်းသား
တွေအပြည့်ပါလာတဲ့ A2 ကိုစီးလာရင်း မောင်တိုင်ပင်တို့လက်ထက်က အင်းလေးဆောင်နဲ့ အာအိုင်တီ
 မိန်း ကိုဆွဲပေးတဲ့ လေးလင်းဘတ်စ်ကားကြီးတွေကို သတိရမိတယ်။ ၁၉ ၆၇-၆၈တစ်
ဝိုက်လောက်တုံးက ဦးနေ၀င်းအစိုးရက ပညာရေးကိုအားပေးသေးတယ်။ မောင်တိုင်ပင် တို့ အရွယ်
အားလုံး campus life ကိုသူ့အတိုင်းအတာနဲ့ သူခံစားရသေးတယ်။
NUS ကင်တင်းကိုလျှောက်သွားရင်း ကျောင်းသူကျောင်းသားလေးတွေရဲ့ တက်ကြွနေတဲ့ ဟန်အမူအ
ရာလေးတွေကို ကြည်နှုးစွာကြည့်နေရင်း ကိုယ့် နိုင်ငံက မျိုးဆက်သစ်ခလေးတွေဟာ စစ်အာဏာရှင်
တွေရဲ့အာဏာကိုယစ်မှုးစွာဖက်တွယ်ထားလိုတာကြောင့် လူသူမနီးတဲ့မြွေပေါ ကင်းပေါ တောက်တဲ့
တွေပေါ တဲ့အရပ်ဒေသတွေမှာ ရေယိုနေတဲ့အိမ်သာတွေ ညစ်ပတ်နေတဲ့ ကင်တင်းတွေ ပူအိုက်စွတ်
စိုနေတဲ့ စာသင်ခန်းတွေမှာစာသင်နေရတဲ့အဖြစ်ကိုရင်နာစွာနဲ့တွေးမိပါတော့တယ်။ NUS ရဲ့ စာသင်
ခန်းတွေကိုမှန်ပေါက်ကနေတစေ့တစောင်းကြည့် မိတဲ့အခါမှာ ဆရာဖြစ်သူက မိုက်ခရိုဖုန်းသေးလေး
ကို ရှပ် မှာချိန်လို့ ပေါ့ပေါ့ ပါးပါးစာသင်နေတာကိုတွေရပါတယ်။ ကျောင်းသားကျောင်းသူတွေရှေ့ကို
ကြည့် လိုက်တော့ laptop တွေ i pad တွေ ကိုယ်စီချတားတာတွေ့ရပြီး ဆရာသင်တာကိုနားစိုက်
နေတာတွေ့ရပါတယ်။ ကင်တင်းရောက်တော့ NUS ကျောင်းသားဟောင်းသားမက် က စားစရာတွေ
သွားဝယ်တယ်။တော်တော်ကို အပြင်ထက်ဈေးသက်သာတာတွေ့ ရတယ်။ ဘေးဘီကိုကြည့် လိုက်တော့ ငယ်ငယ်ရွယ်ရွယ်ကျောင်းသူကျောင်းသားလေးတွေဟာစားရင်းသောက်ရင်းစကားပြော
ဆိုနေကြတာတွေဟာ မောင်တိုင်ပင်တို နွေအေး မှာ ထိုင်သလိုမျိုး ကျောင်းသားကျောင်းသူဘ၀ ကို
အသက်ဝင်စေပါတယ်။ အော်တာတွေကိုမြင်လေမြင်လေ တို့ နိုင်ငံ ရဲ့ပညာရေးကို အသဲနာလေလေပါပဲ။ သွားလေသူများစနစ်တကျမြေလှန်ဖျက်ဆီးခဲ့ သူတွေကိုပါ။ အခုပြန်လုပ်တော့
မယ်ဆိုတော့အဖေ ကယ်ပါအမေကယ်ပါ လုပ်နေတာအပြင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း ဘယ်ကစလို့ ဘယ် ကလုပ်ရမှန်းမသိတော့ဘူး။ ဘယ်သိပါ့မလဲ-- သူတိုအားလုံးနီးပါက ပညာရေး
career တွေမှမဟုတ်တာ။ အားလုံးနီးပါး မိုယ်းကျရွှေကိုယ် တွေဖြစ်နေတာကိုး။ ဒီခေတ်မှာတောင်
သမ္မတရုံးက ဆော်ပလော်တီးတဲ့အနေနဲ့ မိုယ်းကျရွှေကိုယ် ကို ရွှေ့ လိုက်တာက ပညာရေး တဲ့--ဘယ်လိုကောင်းလာနိုင်တော့မှာ လဲ ?
လုပ်ဖေါ်ကိုင်ဘက်တစ်ယောက်က ရန်ကုန်ပြန်တော့ သီတင်းကျွတ်မှာ လာ “ဂါ” တယ်။စကားစမြီပြော
ရင်း သူက“ ဆရာရေ ကျနော်တို့ ကသာဒီအလုပ်ကနေ နိုင်ငံခြားခဏခဏသွားနေရတာ--ကျနော်သူငယ်ချင်း same batch ဆိုရင်တွဲဖက်ပါမောက္ခ သာဖြစ်နေတာ နိုင်ငံခြားတစ်ခေါက်မှ မသွားဘူး ဘူး၊ ” တဲ့ ၊ ကဲအဲတာသာကြည့်တော့ ခလေးတွေပညာရေးတာဝန်ယူရသူတွေ နိုင်ငံခြား
တစ်ခေါက်မှ မရောက်ဖူးဘူး၊ exposure မရှိဘူး၊ သူများ နိုင်ငံမှာ စာ ဘယ် လိုသင်သလဲ မသိဘူး မမြင်ဘူး မကြားဘူး၊ မောင်တိုင်ပင်တို့ ပညာရေးဘယ်လိုတိုးတက်မလဲ--အခုဒီမိုခေတ် နိုင်ငံခြားလွှတ်တာ ၈၀၀ -၁၀၀၀ လောက်ရှိတာကိုစကားထဲထည့်ပြောမနေပါနဲ့။ ထိုင်း က ၂၀၀၀၀ ကျော်လွှတ်ထားတယ်၊ တရုတ်က သိန်းနဲ့ချီ ပြီး လွှတ်ထားတယ်။ မောင်တိုင်ပင် တို့ ဆီမှာနိုင်ငံခြားလွှတ် တာကို honoured လုပ်တယ်
လို့သဘောထားတယ်။ subject နဲ့ ဆိုင် ဆိုင်မဆိုင်ဆိုင် English ကောင်းကောင်း မကောင်းကောင်း ဒီကောင်တော်တယ်လို့ ထင်ရင်လွှတ်တာပဲ။ဒါကအရင် ကပါ။အခုတော့ ၅၄ ဒေါ်လာပဲ ရတော့ မသွားချင်ကြတော့ဘူး၊ ဘယ်ဝန်ကြီးဌာနကလူတွေကို နိုင်ငံခြားအလွှတ်သင့်ဆုံးလဲ-- ပညာရေးပေါ့၊ ၀န်ထမ်း နိုင်ငံခြားသွားရင် ကက်ဘိနက်တင်ရတာကို လွှတ်ပစ်လိုက်ပါ၊ ကက်ဘိနက်မှာ ဒါထက်အရေးကြီးတာတွေအများကြီး ရှိပါတယ်။အချိန်မ မှီတော့ လို့ မလွှတ် လိုက်ရတဲ့ ပညာသင်ဆုတွေ ဘယ်လောက်များရှိမလဲ -- နှစ်အလိုက်လေ့လာဖေါ်ထုတ်သင့်ပါတယ်။ ၀န်ကြီးဌာန က တာဝန်ယူရင်လွှတ်ပေါ့။ ဆရာ ဆရာမတွေ ကိုများများလွှတ်ပါ များများ allowance ပေးပါ၊ သူတို့ရဲ့ လစာတိုးတာကတော့ တိုးပါရဲ့ --allowance တစ်ခုခုဖန်တီးပြီး မတိုးပေးသင့်ဘူးလား--ကျေနပ်
အောင်လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ပြတ်ပြတ်သားသား သာလမ်း ခွဲ လိုက်တော့--
သမ္မတကြီး ဦး သိန်းစိန်အစိုး ရကို အားလုံးကြိုက်တယ်။ အားလုံးထောက်ခံတယ်၊ ဒါပေမဲ့ လပေါင်း
၃၀ကျော်လာပြီ-- ပျော့တယ်လိုထင်တယ်။ စည်းကမ်းမရှိတဲ့လူ--လာဘ်စားတဲ့လူ --တွေကို
ပြတ်ပြတ်သားသား မရှင်းနိုင်ဘူး၊ ရှင်းရမှာ ရှေ့နောက်တွေထောက်နေတယ်။ အဲဒါ ဘာဖြစ်လဲသိလား--
လာဘ်မစားတဲ့သူတွေ စည်းကမ်းရှိတဲ့ သူတွေကို စိတ်ညစ်ညူးစေတာပဲ--လုပ်စရာရှိတာ လပေါင်း ၃၀ အတွင်းမှာ ပြတ်ပြတ်သားသား လုပ်ဖို့ လိုပါပြီ-------

Facebook upload on 31 Oct 2013:



ပြောင်းလဲလာသောစင်ကာပူ မှ အိုင်တီ မူဝါဒ 



အရာရာ ကိုon line လုပ်လို့ရအောင်ဆောင်ရွက်ထားတဲ့စင်ကာပူမှာ လွန်ခဲ့သောနိုဝင်ဘာ ၅ ရက်
ကအစိုးရ websites တွေကို hack လုပ်ခံလိုက်ရပါတယ်။ ၀န်ကြီးချုပ် ကဒီသတင်းကြားတဲ့အခါ
hack လုပ်တဲ့ အဖွဲအစည်း လူပုဂ္ဂိုလ်ကို ပြင်းထန်စွာအရေးယူမယ်လို့ လည်းကြုံးဝါးလိုက်ရော နောက်ရက် Istana မှာရှိတဲ့ သူ့ website အဟက်ခ် ခံ လိုက်ရပါတယ်--စင်ကာပူထဲကနေဟက်ခ် လုပ်မယ်ဆိုရင်
 တော့ ဒီကောင်ပြေးလို့ မလွတ်ပါဘူး။ အနှေး နဲ့ အမြန် မိမှာပါ။စင်ကာပူပြင်ပကနေ အစိုးရ ကိုမကျေနပ်လို့ ဟက်ခ် လုပ်တာနဲ့တူပါတယ်။အရေးကြီးတဲ့ အစိုးရ websites တွေ ထူထောင်တဲ့အခါမှာ စိတ်ချရတဲ့ ကုမ္မဏီကြီးတွေကိုပဲ ပရိုဂျက် ချပေးလေ့ရှိပါတယ်။ဒါပေမဲ့ ဒီကုမ္မဏီ ကြီးတွေဟာကုမ္ဗဏီငယ်တွေကို sub- con ချပေးတတ် လေ့ရှိပါတယ်။အဲဒီမှာ စိတ်မချရတဲ့ ပညာရှင်တွေပါလာနိုင်ပြီးအစိုးရ ၀က်ဆိုက် တွေရဲ့ အားနည်းချက်တွေ loop holes တွေကိုသိကုန်ကြတာဖြစ်နိုင်ပါတယ်။

အခုဆိုရင်အရေးကြီးတဲ့အစိုးရ၀န်ထမ်းနေရာတွေမှာဌာနေ စင်ကာပူရမ်း တွေကိုပဲထားဖို့လုပ်နေ
တယ်လို့ မိတ်ဆွေတစ်ယောက်ကပြောပါတယ်။ ဖေါရင်း စင်ကာပူရမ်း တောင်အဲဒီနေရာတွေမှာသိပ် မထားဘူး။အရင်က အစိုးရဆီမှာ လုပ် ခဲ့ ပြီးလစာကောင်းလို့ ပုဂ္ဂလိကကုမ္ဗဏီ တွေမှာ ပြောင်းလုပ်တဲ့ ဌာနေစင်ကာပူရင်း တွေကိုသူတို့လုပ်နေတဲ့ ကုမ္ဗဏီကိုဖိအားပေးပြီး အစိုးရဆီမှာ လုပ်ဖို့ပြန်ခေါ်ပါတယ်။ လစာလည်းတော်တော်ကိုကောင်းကောင်းပေးနေပါတယ်။ကောလိပ်ကအောင်တာ ၄နှစ်ပဲရှိပေမဲ့ လစာ က စလုံး ၇၀၀၀ လောက်ပေးပါတယ်။ ဌာနေစင်ကာပူရင်း၊ ဖေါ်ရင်းစင်ကာပူရင်း၊ စင်ကာပူပီအာ စသည်ဖြင့် အဆင့်ခွဲခြား တာဝန်ပေးပါတယ်။ စင်ကာပူဟာအရင်တုံးက expat တွေရဲ့အလုပ်လုပ်ဖို့အကြိုက်ဆုံး နိုင်ငံ နံပါတ် ၀မ်း အဆင့်မှာ ရှိနေပါတယ်။ အခု အဆင့် ၃ ထိကျသွားပါပြီတာကလည်းပြည်တွင်းအလုပ်အကိုင်
အခြေအနေတွေဟာနိုင်ငံခြားသား တွေအတွက်အခြေအနေမပေးတော့ဘူး၊ EP သမားတွေဆို S Pass ပြောင်းခိုင်းတယ်။ အောက်ခြေ မှာအလုပ်လုပ်နေတာကိုကြည့်လိုက်ရင် ဘ ကုံးတွေ ကုလားတွေပဲ
လုပ်နေတာတွေ့ ရတယ်။ အိုဗာစီယာ စလုံး တရုတ်တောင်ရှားရှားပါးပါး ပါပဲ။ ပြည်ကြီး တရုတ်တွေကတော့ တော်တော် များများ ပြန်ကုန်ကြပြီ လို့သိရပါတယ်--တရုတ်ပြည် တောကြိုအုံကြားမြို့ တွေက လူတွေပဲ အတွေအကြုံရအောင် လာလုပ်ကြတာပါ။ ရှန်ဟိုင်း ကတရုတ် မလာပါဘူး။ မင်ဒရင်း စကား မပြောလို့ လာတော့ မသိပါ။အရင်ရွေးကောက်ပွဲတုံးက လက်ရှိအာဏာရပါတီ အထိနာခဲ့တော့ စင်ကာပူသားတွေအကြိုက် အစိုးရ ကလိုက်လုပ်ပေးရတာမဆန်းပါဘူး၊ ဒါပေမဲ့ အောင်ခြေသိမ်းအလုပ်ကိုမလုပ်ချင်တဲ့ စင်ကာပူသားတွေအတွက် ပြည်ပက လုပ်သားတွေဟာလိုအပ်နေမှာပါပဲ။ လုပ်ငန်းရှင်တွေကလည်း လခ နည်းနည်း နဲ့ လုပ်နိုင်တဲ့ နိုင်ငံခြားပညာရှင်တွေကိုပဲ ခန့် ချင်ကြမှာပါ။ အဲတော့ စီးပွားရေးလည်းရေရှည်မှာ integration of foreigners into Singapore society အတွက်မဟာဗျူဟာအသစ်တွေချမှတ်ရတော့မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်စင်ကာပူဟာ စွဲမက်စရာ အဆင့် ကနေတဖြည်းဖြည်းကျဆင်းနေပါပြီ--
အဲတော့ တိုင်းပြည်တိုးတက်ဖို့အတွက်ကြည့်ရင် IT sector ဟာတော်တော်အရေးပါနေပါတယ်။
မြန်မာရဲ့ လက်ရှိအခြေအနေကိုကြည့်ပါ၊ IT ကဏ္ဍကအဆင့် မရှိတော့ ငွေကြေးကဏ္ဍ လည်းအဆင်
မပြေမှုများစွာနဲ့လုပ်ကိုင်နေရပါတယ်။ ပညာရေးကဏ္ဍလည်းကြည့် ပါ။ လူနဲ့ ပစ္စည်းယှဉ်ရင် လူ က reform လုပ်ဖို့ပိုခက်ခဲပါတယ်။ စင်ကာပူကိုကြည့်ပါ။ တိုးတက်လာတာနဲ့အမျှ အဖျက်အမှောင့်တွေ
ကနောက်ကလိုက်လာနေပါတယ် security အတွက်ခေတ်မီမီစဉ်းစား လုက်ကိုင် ဖို့ လိုသလို လူ
ကည်းအရေးကြီးမှန်းသိတော့ risk မယူတော့ပါဘူး----

Facebook upload on 10 Nov 2013:



မုဒိတာပွားကြပါ-



ခရိုနီတွေ သူဌေးတွေ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် Bentley, Rolls Royce တွေပြည်ပကမှာ စီးနေကြတာဘာများမုဒိတာမပွားနိုင်စရာရှိမလဲ..နိုင်ငံအသီးသီးက သူဌေးတွေလည်း
ကားအကောင်းစားတွေစီးနေကြတာပဲ..အရင်ကသူတို့စီးခဲ့တဲ့ ပရာဒို တို့ လင့်ခရုဇာ တို့
ကိုအခု သူဌေးပေါက်စတွေစီးနေနိုင်ပြီ.. ဟွန်ဒါ ဖစ်တ်၊ ဘယ်လ်တာ၊ စူဇူးကီး ဆွစ်ဖ် တို့ကိုလူလတ်တန်းစားတွေစီးနိုင်နေပြီ..ကျေးရွာတွေမှာလည်း ဆိုင်ကယ် ကိုယ်စီနဲ့ဖြစ်နေပြီ--ကမ်းရိုးတန်းဖုံးကိုင်ပြီးအဆက်အသွယ်လုပ်နိုင်ပြီ--အရင်ကအိမ်မက်တောင်မမက်ဘူးပါဘူး၊တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်းသူတို့တပည့်သားမြေးအိမ်ထောင်စုတွေအတွက်
ကျွေးရမွေးရမဲ့တာဝန်တွေရှိတယ်..တချိန်လုံးတောထဲတောင်ထဲမှာနေပူမိုးရွာသွားနေရာ
ကနေ ကားစီးပြီးမြို့ကြီးပြကြီးတွေ လာလို့ရနေတာလည်း မုဒိတာဘာလို့ မပွားနိုင်စရာရှိမလဲဗျာ..ဒီလိုသတင်းတွေထည့်နေရလောက်အောင်သတင်းတွေကရှားပါးနေ
လို့လားမသိပါ၊ တန်ပြန်သက်ရောက်မှုရှိလာနိုင်ပါတယ်.......

Facebook upload on 29 Nov 2013:


မြန်မာ့ပညာရေးဘာကြောင့်ကျသွားသလဲ


ကျနော်တို့နိုင်ငံပညာရေးဘာကြောင့်ဒါလောက်တောင်ကျဆင်းသွားသလဲဆိုတာယခုအပတ်ထုတ် The Voice က တင်ညွန့် ရဲ့ဆောင်းပါးကိုဖတ်ကြည်ကြပါ--ကျနော်မျက်စေ့ထဲမှာ ကြည့် မရဆုံးက
မိုယ်းကျရွှေကိုယ်တွေတော်တော်များများပညာရေးမှာ လူကြီး လာဖြစ်နေတာပါ--အစ်ကိုယ်ကြီး--
ညီလေးနဲ့ သူ့အထက်ကလူဆိုရင် ဖါးပစ်လိုက်မယ်--အောက်ကဆရာဆရာမတွေဆို ဟိန်းမယ်
ဟောက်မယ်--ပညာရေးနကန်းတစ်လုံးမှ မသိတဲ့သူတွေဒီနေ့အထိရှိသေးသဗျ--သမ္မတရုံးကဗျင်း
လိုက်တဲ့ မိုယ်းကျရွှေကိုယ် ကိုပြောင်းတဲ့ဌာနကကြည့်အုံး-- ပညာရေးတဲ့--အဲတော့ ချေးထုတ်တွေ စုနေသလိုဖြစ်မနေဘူးလားဗျာ--မောင်ခင်ညွန့် လက်ထက်တုံးက ကျောင်းတွေက မာလတီမီဒီယာ အတန်းတွေဟာအားလုံးကိုဝိုင်းလိမ်ကြတာအပြင်မှာနားနှင့်မဆန့်အောင်ကြားရသဗျ--သူတိုလည်းကြားမှာပဲ--မသိချင်ယောင်ဆောင်ချင်ဆောင်နေမှာပေါ့ --
တိုင်းပြည် နဲ့ ပြည်သူတွေ မျိုးဆက်သစ်တွေဘာဖြစ်ဖြစ် ငါတို့ အချိန်တန်ရင်ဂေါက်ရိုက်မယ်--လူစု
ရင်တစ်နေရာသွားရင် ကာရာအိုကေ ဆိုမယ်--အဟင်းဟင်း အနုပညာဝါသနာ မပါပေမဲ့ ခေတ်ပေါ်
ခေတ်ဟောင်း ရော့ ပေါ့ ဟစ်ဟော့ သီချင်းတစ်ပုဒ် နှစ်ပုဒ်စဆိုတတ်အောင်ကျင့်ထားကြမှတော်ယုံကြမယ်-- အိမ်မှာကာရာအိုကေစက်ဝယ်ကျင့်ကွာ--မိန်းမရာ မင်းကအရေးကြီးသကွ--မင်းဆိုတတ်မှကွ--အဲတော့ပညာရေးကြီးဒါလောက်ကျသွားတာပြန်ဆယ်တင်ကြဖို့ဆိုတော့ ဘယ်ကစလို ဘိုလိုလုပ်ရမှန်းမသိတော့ဘူး--အမေစုရေ--ကယ်ပါအုံး--နိုင်ဂံဂျားကအကူအညီယူပါအုံး--ပြောပါအုံး--ကောင်စီ ညောင်နီတွေဖွဲ့ပါအုံး--ချောင်ထိုးတာတဲ့ ဆရာအိုဆရာဟောင်းကြီးတွေခေါ်ပါအုံး--ဘာလုပ်ရမလဲ ဟင်--အမြန်ဆုံးအမြန်ဆုံး မြှင့်တင်ချင်တယ် --လုပ်ကြပါအုံးဆရာကြီးတို့ရယ်--ပညာရေးကိုဆွဲတင်ချင်တယ်--အင်္ဂလိပ်စာလိုရေးတတ်ပြောတတ်အောင်လုပ်ပေးပါ--ဆရာဝန်တွေအင်ဂျင်နီယာတွေခပ်များများထွက်လာအောင်လုပ်ပေးပါ--အော်ပြင် ရင်း ပြင် ရင်း ညာ ရင် ညာရင်း နဲ့ ဒါလောက်တောင်ရောက်သွားတာကိုး----

Facebook upload on 2 Dec 2013:


နိုင်ငံကြီးသားစိတ်ဓါတ်



တစ်နေ့တုံးကတော့အပြန်အလှန်ချကြနှက်ကြ .. မနက်ဖြန် ဘုရင်ကြီးမွေးနေ့ဆိုတော့ ခေတ္တရပ်ဆိုင်းထားကြမယ်..ဆန္ဒပြသူတွေနဲ့ အပြန်အလှန် ချခဲ့ကြတဲ့ ရဲ တွေနဲ့ ပြုံးပြုံးရွှင်ရွှင် လက်ဆွဲနှုတ်ဆက်နေကြတာကို တီဗွီ မှာတွေ့ လိုက်ရတော့ထိုင်းရဲ့ ဒီမိုကရေစီ ကတစ်မျိုးပါလား လို့တွေးမိပါတယ်.. ဆန္ဒပြသူတွေ Government House ထဲရောက်သွားတော့ ဘာမှဖျက်
ဆီးခြင်းမရှိပဲ ပြန်ထွက်လာခဲ့ကြတယ်တဲ့၊ နိုင်ငံတော်ပိုင်ပစ္စည်းတွေလေ..နိုင်ငံကြီးသားစိတ်ဓါတ်အပြည့်ရှိကြတော့နားလည်ကြ
တယ်နဲ့တူပါတယ်..ကုလားဒိန် တွေမပါတာကြောင့်လည်းဖြစ်လိမ့်မယ်..တို့မြန်မာမှာတော့ ပြီးခဲ့ဆန္ဒပြပွဲတွေမှာ ဖျက်ဆီးတာကိုစတာကုလားဒိန်တွေကစတာများတယ်..နိုင်ငံကြီးသား စိတ်ဓါတ် များမွေးလာဖို့အချိန်အများကြီး ယူရအုံးမယ်....

Facebook upload on 4 Dec 2013:

မျိုးဆက်မပြတ်ပါစေနဲ့



ကျနော်ရဲ့အစိုးရဝန်ထမ်းသက်တမ်း ၃၅ နှစ် တစ်လျှောက်လက်ထောက်အင်ဂျင်နီယာကနေ ဒုတိယညွှန်ကြားရေးမှုးချုပ်အထိတာဝန်ထမ်းဆောင်ခဲ့ရာမှာအရေးကြီးဆုံးအချက်ကိုလွန်ခဲ့သောနှစ်
၂၀လောက်ကတည်းကသတိထားမိလို့မိမိအနီးဆုံးအထက်အရာရှိကိုတင်ပြခဲ့ရာသူလည်းသတိထား
မိကြောင်း၊အစည်းအဝေးတွေ
မှာဆက်နွယ်ပြီးတင်ပြခဲ့သော်လည်းအရေးကြီးတယ်လို့မထင်လို့ အဲဒီအချိန်ကလူကြီးတွေ
ကနောက်မှလုပ်မယ်ကွာဆိုပြီးအာဂျင်ဒါနောက်ပို့ပစ်ခံရကြောင်းပြောပါတယ်..အလယ်အလတ်
မန်နေဂျာတစ်ယောက်ကဆိုရင်စာတမ်းတောင်တင်ဘူးတယ်လို့သူကပြောဘူးပါတယ်။အဲဒါကဘာလဲ
ဆိုတော့..” မျိုးဆက်ပြတ်နေပြီ ခါးပြတ်နေပြီ..မျိုးဆက်သစ်တွေမွေးထုတ်ဖို့လိုနေပြီ”...ဆိုတဲ့အကြောင်းပါ..ကျ
နော်တို့ဌာနတစ်ခုထဲတွင်မဟုတ်ဘူး..ဝန်ကြီးဌာနတိုင်းလိုလိုဖြစ်နေတာပါ..စီမံရေးရာဌာန ဆိုတဲ့ဌာနခွဲ
တစ်ခုဟာ ဝန်ကြီးဌာနလက်အောက်ခံ ဦးစီးဌာန ကော်ပိုရေးရှင်း တိုင်းလိုလိုရှိကြပါတယ်..ကျ
နော်တို့ဌာနမှာ ဝန်ထမ်းအင်အားကိုသုံးသပ်နေတဲ့ဌာနစိပ်တစ်ခုရှိပါတယ်..အဆင့်ဘယ်လောက်ကဘယ်နှစ်မှာပင်စင်ယူ
မယ်.. PSC ကနေပြန်တမ်းဝင်အရာထမ်းဘယ်လောက်ခေါ်မယ်၊ စတဲ့ပြုန်းတီးအင်အားအခြေအနေကို
တွက်ချက်ကြပါတယ်၊ ဒါကိုလိုနီလက်ထက်ကတည်းကရှိတဲ့ လက်စွဲ manual အရဆောင်ရွက်ရ
တာပါ..ဝန်ကြီး ECအစည်းအဝေးတွေမှာတင်ပြပါတယ်..ဒါပေမဲ့နောက်ဆုံးအာဂျင်ဒါမှာပါ ပါတယ်.တစ်ခါတစ်ခါ ဆွေးနွေးဖို့အခွင့်အရေးတောင်မရခဲ့ပါဘူး..သိတဲ့အတိုင်းလွန်ခဲ့သောနှစ် ၃၀ - ၄၀ ကလူကြီး
ဆိုတာတပ်ကလာသူများပါတယ်..တစ်ချို့လောက်ပဲ BCS,ICS အတွင်းဝန်တွေပါ။စစ်တပ်
မှာ man power planning ကိုသေချာလုပ်ကြပါတယ်၊ တပ်တွေမှာ strength အပြည့်မရှိတာကတပ်သားမလုပ်ချင်ကြလို့စစ်တပ်ထဲမဝင်လိုကြပေမဲ့ ဗိုလ် ကြတော့လျှောက်ထားသူအပြည့်ရှိကြပါတယ်။တပ်ကလူတွေလူကြီးလာ
လုပ်ပေမဲ့ ဌာနတွေရဲ့ လူအင်အား planning ကိုဘာကြောင့်ထိထိရောက်ရောက် မလုပ်ခဲ့ကြတာလဲဆိုတာနားမလည်ဘူး .ခါးပြတ်သွားနိုင်တယ်ဆိုတာ စိုးရိမ်စရာပါ--ဒီနေ့ဖြစ်နေပါပြီ။ စိတ်ထဲမှာတောင်ဘယ်လိုထင်လာသလဲဆိုတော့ ဒီအချက်ဟာ ကြိုတင်ကြံစည်ထားချက် conspiracy လားတောင်ထင်မိတယ်..လူလိုရင် ခါးပြတ်နေရင် အရေးမကြီးဘူးတပ်ကလူတွေပြောင်း လိုက်လို့ ရတယ် လို့ခံယူနေသလားတော့မသိပါ--အခုဆိုရင် ဦးစီးအရာရှိ အဆင့်တွေအထိ မိုယ်းကျရွှေကိုယ် များကို
သွင်းလာတာတွေ့ရတယ်။သူတို့တတွေစိတ်ထဲမှာ ဗိုလ်ဆိုရင်အကုန်လုပ်တတ်တယ်လို့ သူတို့ကိုသူတို့အထင်ကြီးစိတ်ဝင်နေကြတော့အခက်သားလား..အခုအချိန်မနှောင်းသေးပါ
ဘူး..ရွှေ့ပါ၊ပြောင်းပါ၊ လုပ်ပါ၊ ဒါပေမဲ့ planလေးနဲ့လုပ်သင့်ပါတယ်--တပ်ကဘယ်လောက်သွင်းမယ်--fresh graduate ဘယ်လောက်ခေါ်မယ်--ဒါတွေတော့ လုပ်သင့်တယ်--အခုတော့ ဘီပိုး ရှိရင်လည်း ဂျောင်းဆိုကန်ထုတ်လိုက်တော့အရပ်ဖက် ကို--တိုင်းပြည်ရဲ့ efficiency တွေ capacity တွေဘယ်လောက်ကျ သွားသလဲ--ဌာနအတွက် ပညာရှင်၊မန်နေဂျာ၊ကျွမ်းကျင်ဖိုမင်၊ skilled lobour တွေမွေးထုတ်ထားရမယ်--
ပညာတော်သင်လွှတ်ပါ၊ သင်တန်းတွေတက်ခိုင်းပါ၊ဘွဲ့ရ အင်ဂျင်နီယာဘယ်လောက်ယူမယ်
စသည်ဖြင့် ပီပီပြင်ပြင် လုပ်နိုင်တဲ့ HR ဌာနမျိုးတည်ထောင်ကြပါ၊ဒီစနစ်တွေဟာရှိပြီးသားတွေ
ပါ ချောင်ထိုးခံထားရလို့ဖြစ်ပါလိမ့်မယ်...ကိုယ်တာဝန်ယူတဲ့အချိန်မှာ လုပ်ငန်းအောင်မြင်မှုသာ
မကပါဘူး..မျိုးဆက်တွေ ခါးပြတ်မသွားအောင်လုပ်ပေးနိုင်ခဲ့တယ်ဆိုတာဂုဏ်ယူစရာပါ.....

Facebook upload on 4 Dec 2013:

Social Media ဖွဘုတ်ဆိုတာ


Social media တစ်ခုဖြစ်တဲ့ ဖွဘုတ်ကိုလူတော်တော်များများသုံးကြတယ်၊ ကျုပ်တို့လည်းသုံးတယ်၊ကွဲကွာသွာတဲ့သူငယ်ချင်းတွေ၊ငယ်ပေါင်းဘော်ဘော်
တွေ အချင်းချင်းဆုံနိုင်တဲ့ platform တစ်ခုလို့ယူဆလို့ပဲ၊ နောက်ပင်စင်ယူပြီးတဲ့နောက်
ယနေ့အချိန်လိုပွင့်လင်းလွတ်လပ်လာတဲ့အခါအကြောင်းအရာမျိုးစုံကိုမိမိအမြင်အတွေး
များဖလှယ်နိုင်အောင်ဖွဘုတ်ကိုအချိန်တစ်ခုပေးပြီးဝင်ဖတ်ဖြစ်ရေးဖြစ်ကြတာပါ။
နောက်တစ်ခုကသတင်းလည်းစုံတယ်၊သတင်းလည်းဦးတယ်၊ သို့သော် screen လုပ်ပြီးမှ ဖတ်တယ်၊ လော်ဘီသတင်းတွေလည်းများတယ်၊

ဖွဘုတ်မှာလူပေါင်းစုံတယ်၊အစိုးရ ဖက်ကဒုဝန်ကြီးတွေလည်းပေါ်ပေါ်ထင်ထင်သတ္တိရှိရှိ
သည်းခံစိတ်များမွေးပြီးဖွဘုတ်မှာရေးကြတယ်၊ တချို့လည်းပေါ်ပေါ်ထင်ထင် မ၀င်ရဲကြဘူး။
လွှတ်တော်အမတ်အချို့ လည်းဖွဘုတ် မှ ပါဝင်ရေးကြတယ်။ ဒီမိုဖက်ကလူတွေ၊စစ်တပ်
ဖက်ကလူတွေ၊သတင်းထောက်တွေ၊ အနုပညာသမားတွေ၊ပညာရှင်တွေ၊ နိုင်ငံဝန်ထမ်းအချို့စသည်ဖြင့်လူပေါင်းစုံပါဝင်နေကြ
ပြီးတစ်ယောက်နဲ့တစ်ယောက်လည်း တစ်တစ်ခွခွဆဲကြ၊ပြစ်ပြစ်နှစ်နှစ်ရေးကြ၊တာတွေ
လည်းဖတ်ရပါတယ်။မိမိအမြင်သဘောထားတွေရေးကြတာဖြစ်လို့ ကြိုက်ရင်ဖတ်တယ်၊
မကြိုက်ရင်ကျော်သွားတယ်၊ တချို့ လည်း နိုင်ငံအကြီးအကဲတွေကိုယုတ်ယုတ်မာမာဆဲ
ကြတယ်၊ကြောက်လို့နဲ့တူတယ်၊ယုတ်ယုတ်မာမာဆဲပြီး screen ကို delete လုပ်ပစ်တယ်၊
အချို့လည်း screen shot ချက်ချင်းယူထားပြီးအထောက်အထားအဖြစ်သုံးကြတယ်။ ဖွဘုတ် ဟာ သူသေကိုယ်သေချတဲ့ battle field တစ်ခုလိုဖြစ်နေပါတယ်။
ဒီအထဲမှာ အသက် ၆၀ ကျော်ပင်စင်စားကျုပ်တို့တတွေ ဘာကြောင့် ၀င်ပါနေသလဲ--
စောနကပြောသလိုပါပဲ၊ ကိုယ့်အတွေအကြုံဗဟုသုတတွေကိုရေးတဲ့အခါလည်းရှိပါတယ်။
အင်ဂျင်နီယာပိုင်းဆိုင်ရာအယူအဆတွေလည်းရေးပါတယ်၊အစိုးရအလုပ် လုပ်တုံးကအတွေ့အကြုံတွေကိုရေးတယ်၊ ဖွဘုတ်မှာ ၁၂ မျိုးဂျင်းသုတ်လို
အကြောင်းအရာပေါင်းစုံရေးနေကြတာတွေရှိပါတယ်။ဒါတွေကိုဖတ်ရတယ်၊ ကြိုက်ရင် like လုပ်တယ်၊ share လုပ်တယ်၊ ကော်ပီကူးပြီး blog သို့မဟုတ် ibook မှာသိမ်းထားတယ်၊

တခါတလေသူငယ်ချင်း ချင်းချင်း ဖဲ့ ကြတဲ့အနေနဲ့ ပေါက်ကရတွေရေးတယ်၊ အသက်အရွယ် အလိုက်စာတွေဆိုတာရှိတယ်၊လူငယ်တွေရေးတာတွေ ကျုပ်တို့အရွယ်ခံစားလို့မရဘူး--လူငယ်တွေလည်း ကျုပ်တို့ရေးတာတွေ ကခေတ်အမြင်
မဟုတ်တော့ပဲ ပေါက်ကရ ဖြစ်ချင်ဖြစ်နေမယ် -- ဖွဘုတ် ကို ကျုပ်ဝင်လာခါစက friends
list ကရာဂဏန်းတောင်မရှိဘူး၊နောက်ပိုင်း ဌာနက၊ ဘဏ်က၊တပည့်သားမြေးတွေ အက်ဒ်
လာကြတယ်။အကုန်လက်ခံတာပါပဲ-- ကိုယ်ကတော့ ကိုယ်ရွယ်တူသူငယ်ချင်းချင်း တွေ့
ရင်သာကိုယ်ကစပြီး အရင် အက်ဒ် လိုက်တာပါပဲ- friends list ကြည့် လိုက်တော့ ၉ ၀၀
နီးပါးရှိနေပြီ။ကျုပ်လို အဖိုးကြီးတစ်ယောက်အတွက်တော့ များတာပေါ့ လို့ ဆိုချင်ဆိုနိုင်တယ်--
ပြောချင်တာကကျုပ်တို့တတွေက notes တွေတည်တည်တံ့တံ့ရေးချင်ရေးမယ်။ အချင်းချင်းလည်းပေါက်ကရတွေ ဖဲ့ တာတွေ ရေးချင်ရေးမယ်၊ friends တွေဝင်ဖတ်
ကြတယ်၊ဖတ်ပါ၊ဆွေးနွေးနိုင်တယ်၊ဒါပေမဲ့ အချင်းချင်းမဟုတ်ရင်ဘယ်တော့မှ ပြန်မဆွေးနွေးဘူး၊ နို့မို့ ရင်
မပြီးတော့ဘူး၊ မဖတ်ချင်ရင်ကျော်သွားပါ၊ 

ဟ-ဒီငနာကြီးတွေပေါက်ကရတွေရေးနေတာပဲလို့ ထင်ရင် ကျုပ် တို့ list ထဲကထွက်သွားပါ၊ ဖွဘုတ်မှာ စည်းကမ်းတော့၇ှိပါတယ်၊ ကျုပ်တိုကို မင်းတို့ ပဲလာ အက်ဒ် ထားတာ၊မဖတ်ချင်ရင် unfriend လုပ် လိုက်--ကျော်သွားလိုက်--ဘာဘာညာညာ ပေါက်ကရတွေတော့ လာမရေးနဲ့-- MAP တွေ--မင်း
တို့လည်းမင်းတို့အပိုင်း ငါတို့ လည်းငါတို့ အပိုင်း--စည်းလေးတော့ထားကြ---ဒါပြောချင်တာ--

Facebook upload 0n 8 Dec 2013:

Tom and Jerry Game နဲ့ ကုန်သွယ်မှု


mobile team တွေအရက်နဲ့ ၀ိုင်တွေဖမ်းမိတဲ့ကိစ္စမှာ သိမ်းဆည်းမဲ့အစား ပိုင်ရှင်ကို အခွန်ဆောင်စေပီး sticker ကပ်ပြန်ရောင်းခိုင်းရမှာပဲ၊လုပ်ငန်းရှင်ကတော့ သူအတွက်ကာမိအောင်
ဈေးနှုန်းပြန်တင်တော့ စားသုံးသူပဲခံရမှာပါ။ဒါတွေပြန်လေ့လာသုံးသပ်သင့်တယ်၊ Trade Council လက်ထက်ကတည်းက လုပ်လာတဲ့လုပ်နည်းစနစ်ကိုခေတ်ပြောင်းလာသည်နှင့်အမျှ ပြင်ရကောင်းမှန်းမသိ ဆက်လက်လုပ်ကိုင်နေခြင်းက ဌာနတွေအမှားပါ။ စစ်အစိုးရလက်ထက်
(Trade Council) ကမြန်မာနိုင်ငံမှာ တရားဝင်လာရောက်လုပ်ကိုင်နေတဲ့ expats တွေအတွက်ရည်ရွယ်ပြီး ဟိုတယ်ခရီးထောက်ခံချက်နဲ့ wine, liquor, beef, mutton, cheese, tuna fish, စတဲ့အနောက်နိုင်ငံသားများစားတဲ့အစားအစာ အရက် တွေကိုတင်သွင်း
ခွင့်ပြုခဲ့ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဟိုတယ်ခရီးကလည်း လွယ်လွယ်ကူကူပဲထောက်
ခံချက်ပေးခဲ့ပါတယ်၊ ကုန်သွယ်ရေးကလည်း ဟိုတယ်ခရီးထောက်ခံချက်ပါလာရင် လိုင်စင်
ပေးလိုက်တာပါပဲ။ခေတ်ကပြောင်းလာတော့ ဟိုတယ်၊စားသောက်ဆိုင်တွေလည်းများလာသ
လိုvarieties လည်းစုံလာပါတယ်၊ဂျပန်ဆိုင်၊ဗီယက်နမ်၊ကိုးရီယား၊အိန္ဒိယ၊အနောက်တိုင်းအစားအစာ၊စသည်ဖြင့်တော်တော်စုံစုံလင်လင်ဖွင့်လာပါတယ်၊ Expats တွေလည်းအများကြီးရောက်လာပါတယ်၊အထက်တန်းစားမြန်မာတွေလည်း dining out လုပ်လာပါတယ်၊ခေတ်ကလွတ်လပ်လာတဲ့ယဉ်ကျေးမှုအရ အဆင့်မြင့် ဆိုင်တွေရောင်း
ကောင်းလာပါတယ်၊ဒီဆိုင်တွေဘယ်ကကုန်ကြမ်းရပါသလဲ? ဟိုတယ်ခရီးထောက်ခံစာနဲ့
တင်သွင်းလာတဲ့ကုန်ကြမ်းကိုပဲသုံးရပါတယ်၊တချို့ မှောင်ခိုကပါ၊ တချို့ဂျပန်ဆိုင်ဆိုရင် Kobe beef လိုအမဲသားကိုဂျပန်ကို တစ်လ ၂ ခေါက်လောက်အသွားအပြန်လုပ်သွင်းရပါတယ်၊ရန်ကုန်လေဆိပ်မှာ
မြန်မာပါးဝနေတဲ့ဂျပန်မကြီးတစ်ယောက်ဆိုရင်ဖေါက်သည်တွေကို Kobe beef ရောက်ပြီ
ဆိုပြီးဆိုင်ကတပည့်တွေကအကြောင်းကြားခိုင်းပါတယ်၊ဈေးကြီးကြီးနဲ့ရောင်းပါတယ်၊မမြတ်ဘယ်နဲ့ရှိပါမလဲ၊မသွားနိုင်တဲ့သူတွေက Quatro လိုဆိုင်ကကဝယ်ရတယ်၊လွန်ခဲ့သော
နှစ်တော်တော်ကြာကြာကတည်းကဒီဆိုင်တွေက ဟိုတယ်၊စားသောက်ဆိုင်တွေအတွက်
Supplier ပါပဲ။အောင်ဆန်းကွင်းမှာ Asia World နဲ့ဆက်နွယ်တဲ့ ဆိုင်တစ်ဆိုင်ရှိသေးတယ်။
အခုလည်း တိုင်တယ်ဆိုတာအချင်းချင်းတိုင်ကြလို့ ပေါ်လာတာပါလို့ rumors တွေထွက်လာ
ပါတယ်။retailing လုပ်နေတဲ့ City Mart ကအကွက်မြင်တော့သူ့ဆိုင်တွေမှာ wine, liquor, beef, ,tuna fish တွေတင်ရောင်းလာပါတယ်။ expats တွေလည်းဝယ်ကြမှာပါ။ Quatroဆိုရင် သူ့ဖေါက်သည်တွေကို wine ,liquor အသစ်ရောက်လာရင်အကြောင်း
တောင်ကြားပေးပါတယ်..
ပြောချင်တာက စားသောက်ဆိုင်တွေဟာ အရက်၊၀ိုင်၊အမဲသား၊ငါးဆိုတာ quality ကောင်းကောင်းချက်ပြုတ်ပြီး expats တွေ၊တခြားပိုက်ဆံရှိမြန်မာတွေကိုအမြတ်
တင်ရောင်းကြပါတယ်၊သာမန်လက်လုပ်လက်စားတွေကိုရောင်းတာမဟုတ်ပါဘူး၊ခေတ်ပြောင်းလာချင်ရင်တော့ ဒီအစားအစာတွေလည်း ရှိနေဖို့ လိုပါတယ်၊အရင်ခေတ်က နိုင်ငံခြားသားမိတ်ဆွေတချို့ဆိုရင်သောကြာနေ့ TG နဲ့ ဘန်ကောက်သွား လိုချင်တာဝယ်လာပြီး တနင်္ဂနွေနေ့ ဆိုရင် အထုတ်အပိုးတွေနဲ့ ပြန်လာပါတယ်။အခုခေတ်ပြောင်းပါပြီ လို့ကျေညာနေတဲ့အစိုးရကိုပြောချင်တာက ပြည်တွင်းမှာနိုင်ငံတကာမှာစားနေတဲ့အတိုင်းအစားအစာကုန်ကြမ်းတွေဝယ်လို့ရအောင်စနစ်တစ်ခုဖန်တီး လုပ်ကိုင်ပါ၊ ကျုပ်တို့မြန်မာတွေက ငပိရည်စားတာပါ၊စားချင်တောင် တခါတရံမှာ ပဲစားကြတာပါ၊ ဒါတောင် ပိုက်ဆံရှိအုံးမှ ပါ၊ ခေတ်နဲ့ လိုက်လျောညီထွေရှိအောင်စနစ်ကိုပြောင်းလဲကျင့်သုံးဖို့ပါ....

Facebook upload on 15 Dec 2013:


နိုင်ငံကြီးသားစိတ်ဓါတ်


မနေ့ကဘော်လုံးပွဲကြည့်နေရင်းခေါင်းထဲမှာအတွေးတစ်ခုပေါ်လာတယ်။ ကိုယ်လူတွေကလည်းမဟုတ်တော့ဘူး၊ဒီအတိုင်းပြီးသွားတော့မယ်ဆိုတာသေ
ချာနေပြီ။အင်းမြန်မာပရိသတ် ကမြန်မာရှုံးရင် ကွင်းကပစ္စည်းတွေကိုအရင်တခါ
လိုဖျက်ဆီးရင်တော့ဒုက္ခပဲလို့ စိုးရိမ်နေမိတယ်။
ဘော်လုံးဘိုးအေ အင်္ဂလိပ်လည်း သူ့ရဲ့ British Fan တွေကိုမနိုင်ဘူး။ Football hooligan 
လို့တောင်ကမ္ဘာကအမည်ပေးခံရတယ်၊ သူနိုင်ငံမှာတင်မဟုတ်ဘူး၊ တခြား အီးယူနိုင်ငံ
တွေမှာ ကန်ရင်လည်း အင်္ဂလန် နိုင်နိုင်ရှုံးရှုံး ဆိုင်တွေကို ဖျက်ဆီးလေ့ရှိတယ်။ ဒါကြောင့်
အင်္ဂလိပ် football fan တွေဆိုမျက်စေ့ဒေါက်ထောက်ကြည့်ကြတယ်။အနည်းဆုံးကြည့်
မရရင် ၂၄ နာရီအချုပ်ထဲထည့်ထားတတ်တယ်။အရက်သေစာကွင်းထဲလုံးဝမယူရဘူး၊ 
တချို့ အီးယူနိုင်ငံတွေက အင်္ဂလိပ် fan ဆိုရင်အရက်ဘယ်လောက်သောက်ထားသလဲဆို
တာ မီတာနဲ့တိုင်းကြည့် တယ်၊ ကလန်ကဆန်လုပ်ရင်အချုပ်ထဲ ၂၄ နာရီချုပ်ထားလိုက်တယ်။ ဘော်လုံးပွဲ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။အဲဒီလိုနိုပ်ကွက်လို့ အခုတော်တော်လေးတော်သွားပြီထင်တယ်။ဒါပေမဲ့ mob ဆိုတာမရဘူး--လူစုလူဝေးနဲ့ဆိုရင် ဂျိုလေးကထောင်ချင်တယ်။
အခုလည်းမြန်မာပရိသတ်တော်တော်များများသောက်ထားလိမ့်မယ်ထင်တယ်။ အရက်
ဘီယာ ကိုကွင်းထဲယူလို့ရ မရတော့မသိဘူး၊ဖွဘုတ်ထဲ မှာ ကွင်းပြင် က LED ရှေ့မှာ ပုလင်း
ထောင်ပြီးကြည့်နေတဲ့ ဓါတ်ပုံတစ်ပုံတွေ့တယ်။ဒီကနေ့အရက်ဘီယာ ကမြန်မာမှာ တော်တော်ပေါနေပြီးလူငယ်တွေ တိုးတက်ဖွံ ဖြိုးမှုကိုအဟန့်အတားဖြစ်စေတယ်။ အရက်
မသောက်ရဘူးမဟုတ်ပါ။အရက်ရောင်းချမှုကို စည်းကမ်းလေးရှိအောင်ထိန်းချုပ်သင့်နေပြီ။ ဦးပိုင်MEC ဆိုတာတပ်ရဲ့စီးပွားရေးလုပ်ငန်း--အရင်ကတည်းက vision mission မရှိပဲ အရက် ဘီယာများများ
ထုတ်လုပ် များများရောင်းရအောင်ပဲလုပ်နေတော့သောက်တဲ့သူများလာတာပေါ့၊မြန်မာရိုး
ရာအခါကြီးရက်ကြီးတွေမှာ လည်းအရက်ဘီယာ ကမပါမဖြစ် ဖြစ်နေပြီ။ကွမ်းယာ၊ မူးယစ်ဆေးပါး ပါ ပါလာတော့ပွဲလမ်းတွေသွားရတာအရင်လိုပျော်စရာမကောင်းတော့ဘူး၊ ဒီလို mob တွေကိုထိန်းဖို့ဆိုတာအတော်ခက်ပါတယ်။ပွဲမစခင်ကတည်း riot gear ၀တ်ထားတဲ့ရဲတွေ--မီးသတ်ကား--အချုပ်ကား--ဖြစ်နိုင်ရင် အာမတ်ကယ်ရီယာတွေ ကိုဖြစ်လာရင်ညှာ မှာမဟုတ်ဘူးဆိုတဲ့ မျက်နှာထားတွေနဲ့ ကြိုတင်လူမြင်ကွင်းမှာချထားမှတော်ယုံလောက်ကြမယ်။မြန်မာပရိသတ်ရဲ့ ဒေါသကိုအပြစ်မတင်ပါ၊ ကျုပ်ကိုယ်တိုင်လည်းဘယ်သူ ဆဲ ရမှန်း မသိတော့ ထစ်ထစ်နဲ့ လာနေတဲ့ MRTV4 live ကိုပဲပစ်ပစ်နှစ်နှစ် ထိုင်ဆဲနေမိပါတော့တယ်---

Facebook upload on 17 Dec 2013:

သစ်သီးဝလံ export


သစ်သီးဝလံ ပြည်ပတင်ပို့မှုအကြောင်းပြောချင်တယ်၊ သရက်သီး၊ဖရဲသီး၊သခွားမွှေး တို့ ကိုနယ်စပ်ကနေတရုတ်တင်ပို့တာလောက်ကိုပြောနေကြတယ်၊ အမှန်က မြန်မာမှာ resources တွေရှိပြီးသား..စလုံးကို သစ်သီးတင်ပို့တာပြောနေကြတယ်၊ စလုံးမှာနေလာတာ ၂ နှစ်လောက်ရှိရောမယ်၊ မြန်မာ products ဆိုတာမတွေ့သေးဘူး..ပင်နီဆူလာမြန်မာဆိုင်တွေမှာ တော့ရန်ကုန်လှည်းတန်းဈေးမှာရောင်းတာမျိုး အကုန်နီးပါးရှိတယ်၊ ဈေးတော့မမေးလေနဲ့...တကယ်တော့စလုံးရဲ့ အဓိကလက်လီရောင်းချသူများဖြစ်တဲ့ Cold Storage, Fair Price, Sheng Siong ကိုရောက်မလာရင် စလုံးကို ပို့တယ်လို့ပြောမရပါ..ပင်နီဆူလာမြန်မာဆိုင်တွေမှာတင်ရောင်းနေတာနဲ့ စင်ကာပူတင်ပို့
တယ်ပြောမရပါ၊quality လာကြည့်ပါအုံး၊ ထိုင်း၊မလေးရှားထုတ်ကုန်တွေနဲ့ ယှဉ်ကြည့်ပါ၊ မြန်မာ products တွေစလုံးလောက်တော့ရောက်စေချင်ပါတယ်၊ marketing ကိုမပိုင်နိုင်သေးသရွေ competitive ဖြစ်အောင်မလုပ်နိုင်ပါ၊ ဆန်ကိုကြည့်ပါ reverse action တွေဝင်နေပါတယ်၊ပြည်တွင်းမှာရောင်းတဲ့ဆန်က quality မြင့်ပြီး ပြည်ပတင်ပို့တာက အများစုက 25% တွေဖြစ်နေတယ်၊ ကိုခင်မြင့်လောက်ပဲ ဥရောပ ဈေးကွက်တင်ပို့နေတယ်၊ မလေးရှား Genting Highlands မှာစလုံးတွေက မြေငှားပြီး ဟင်းသီးဟင်းရွက် စိုက်တယ်၊ စလုံးကိုပြန်သွင်းတယ်၊ အဲဒီလို စလုံးတွေက လုပ်ချင်တယ်၊ အရေးကြီးတာ က continuous supply ဖြစ်ဖို့ပဲ၊ ပြတ်သွားလို့မရဘူး၊သရက်သီး၊စတော်ဘယ်ရီ နှစ်ပေါက်ရတယ်၊ supply ကို
မပြတ်အောင် marketing လုပ်ထားတယ်။ မြန်မာ ကိုသွားဆွေးနွေးတယ်၊ ဘာမှလိုလိုလားလားမရှိ လို့ ပြန်ဆုတ်လာတယ်၊အဲတော့သစ်သီးဝလံ ပြည်ပတင်ပို့ဆိုတဲ့ post တွေ့တာကြာလှပေါ့..သတင်းရှားနေတယ်နဲ့တူတယ်၊ လေနဲ့ပဲ လုပ်မနေနဲ့...ဖြစ်လာအောင်လုပ်ကြအုံး

Facebook upload on 23 ec 2013:

  ၂၁ ရာစုဆိုရှယ်မီဒီယာ


Facebook က ၂၁ ရာစုဘယ်နိုင်ငံမှာပဲနေနေ Facebook ထဲရောက်လာရင်နီးနီးလေးတစ်ဝိုင်းတည်းမှာပဲ-- စလုံးမှာနေပေမဲ့ ရန်ကုန်က ဘော်ဘော်တွေနဲ့ နီးနီးလေးလို့ခံစားရတယ်--ချေးတွင်းထဲမှာ ပျော်နေတဲ့ လောက် လန်းတွေ လိုပဲ--ဖွဘုတ် ဆိုတဲ့ ချေးတွင်း ထဲမှာ ပျော်နေကြတယ်--ကိုယ်ဘာစားလဲ--ဖွဘုတ်ကိုအသိပေးတယ်--ကိုယ် ဘယ်သွားလဲ ဖွဘုတ်ကိုအသိပေးတယ်--ကိုယ်ဘာကုသိုလ်ကောင်းမှုလုပ်လဲ--ဖွဘုတ်ကိုအသိပေးတယ်--ကိုယ်ရဲ့ emotion စိတ်ဆိုးတယ်--ဒေါသဖြစ်တယ်--ပျော်တယ်--စိတ်ညစ်တယ် --အို --အားလုံးကိုပြေးပြီး ဖွဘုတ်ကိုအသိပေးတယ်--ကိုယ်ဘယ်သူနဲ့ ရှိနေလဲ--ဖွဘုတ်ကိုအသိပေးတယ်--အို--ကိုယ်များ နောက်ဖေးနောက်ဖီ သွားနေရင်တောင်--နောင်များ ဖွဘုတ်ကိုအသိပေးမလားတော့မသိဘူး--၂၁ ရာစုမှာပေါ်လာတဲ့ ဖွဘုတ်ကိုအခုဆိုရင် နိုင်ငံခေါင်းဆောင် တစ်ချို့ တောင်သုံးလာကြပြီ--ေ၇ွးကောက်ပွဲ မဲဆွယ်ရင်လည်းဖွဘုတ် သုံးလာပြီ--အမေရိကန်တက္ကသိုလ်တွေမှာ မောင်မယ်သစ်လွင်တွေအတွက် စာမျက်နှာဖွင့် လိုက်တာကို Facebook လို့သုံးရာကနေ ဒီကနေ့ ကျုပ်အပါအ၀င် ဖွဘုတ်ကိုလူတိုင်းအသုံးပြုနေတာကတော့လူတွေရဲ့ ၂၁ ရာစု ထွက်ပေါက်တစ်ခုပဲလို့ယူဆတယ်--ဖွဘုတ် မသုံးရရှာတဲ့ တရုတ်ပြည်သူတွေကို သနားတယ်------ 

Facebook upload on 25 Dec 2013:

စနစ် နဲ့ လုပ်သောအလုပ်


တစ်နေ့ကမီးလောင်တော့ အင်တာနက်သွယ်ထားတဲ့ ဖိုင်ဘာကြိုးတွေက တစ်နေရာမှာကြွ
သွားပါလေရော..ပြန်ပြင်ရရင် ကုမ္ပဏီက ၂ခု ၃ခု ပေါင်းလုပ်ရမှာဆိုတော့ ရက်ကကြာအုံး
မယ်၊ ဒီကြားထဲ customer သုံးလိုရအောင် ဒီကနေ့ Starhub က Broadband ရောင်တာ
တစ်ခုလာတပ်ပေးသွားတယ်၊ သူ့ speed ကတော့ download 13.24 နဲ့ upload 0.89 ရှိ
တယ်၊အရင် ဖိုင်ဘာတပ်ထားတုံးက download 30.49 နဲ့ upload 16.69 ရှိတယ်၊ဘာပဲ
ပြောပြော customer ကိုဂရုစိုက်တယ်ဆိုတာပြောချင်တာပါ။MPT တို့ RED Link တို့ Skynet 
တို့က ဒီလိုလူဆန်တာမျိုးတော့ အတုမယူနိုင်ဘူး၊ ပျက်ရင်စစ်ဆေးဖို့ခေါ်လိုက်ရတာ..လာပြန်
ရင်လည်း ကိုယ့်အလုပ်ကို မကျွမ်းပဲ ဒေါင့်မကျိုးတဲ့ကောင် ကလာတော့ နံမည်ဆိုးပြီးရင်ဆိုးပဲ၊
စလုံးနဲ့ယှဉ်ယှဉ်ပြောလို့စိတ်မဆိုးကြနဲ့.ခင်ဗျားတို့ သမ္မတကြီးပဲ စင်ကာပူလိုဖြစ်အောင်လုပ်လို့
မှာထားတယ်မဟုတ်လား..အဲတော့ ပြော  တာပေါ့ဗျာ..ကိုယ့် လူငယ်တွေတိုးတက်စေချင်
ခရိုနီတစ်ပိုင်း သူဌေးတွေကတော့ ဒါတွေစိတ်ဝင်စားမှာမဟုတ်ဘူး၊ ဘယ်ခွင်ကို ဘ ယ်လိုဖန်ရင်
ဘယ်လိုရမယ်၊ဘယ်ခွေးတိုးပေါက်ကဝင်ရင် ဘယ်လိုစားကျောတွေရှိတယ်ဆိုတာလောက်ပဲ
စိတဝင်စားကြမှာပါ။

Facebook upload on 26 Dec 2013:


လုပ်ငန်းအောင်မြင်ဖို့ EQ အရေးကြီး



WFP ကို CNA သတင်းမှာတွေ့ လိုက်ရတော့ မြန်မာနိုင်ငံမှာ နာဂစ်ဖြစ်ပြီးစ အချိန်တုံးက WFP နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ ရတာကိုခေါင်းထဲမှာအမှတ်ရလာတယ်။ အဲဒီအချိန်က Country Director နဲ့ လူကြီးနဲ့ကအမြဲဆက်သွယ်ဆောင်ရွက်ရတယ်။ ကျုပ်ကတော့ခိုင်း
တာကိုအကုန်လိုက်အကောင်အထည်ဖေါ်ရတာပေါ့၊ WFP ကပြည်တွင်းမှာပဲ ဆန်ဝယ်ပြီး
သဘာဝဘေးဒဏ်ခံရတဲ့ ပြည်တွင်းက ဒေသတွေကို စားနပ်ရိက္ခာတွေဖြန့်ဖြူးပေးတာဆိုတော့ ဆန်၊ဆီ၊ဆား ပါတယ်။ ထိုင်းကလည်းသွင်းချင်တယ်၊ကိုယ်တော်တွေကသဘောမတွေ့ဘူး၊ ဆန်ပေါတဲ့နိုင်ငံ ဆိုတော့ ဆန်ကိုပြည်ပကတင်သွင်းတာသိက္ခာကျတယ်၊တွေးပုံခေါ်ပုံ က အရေးပေါ်နေတဲ့ အချိန် သိက္ခာတွေ ဘာတွေစဉ်းစားနေသေး--ဆန်ဆိုတော့ လာပြီ --ကုန်သွယ်လယ်ယာ နဲ့ဆိုင်တယ်။ဒါပေမဲ့ လက်ထဲမှာဆန်မရှိဘူး၊ MEC မှာဆန်ရှိတယ်။ MEC ကဆန်ကို WFP က၀ယ်ပြီး ဖြန့်တယ်။ MEC ကဖြန့်တာမဟုတ်ဘူးနော်။အဲဒီတုံးက Trade Council လည်းသူ၊ MEC လည်းသူ ဦးရှစ်လုံးကြီး---အပေါက်ကဆိုးသလားမမေးနဲ့--လူကြီးတွေကအစ ရွံကြောက်ကြီး--သူ
ကအပေါ်ကနေ instruction ပေးတယ်။ သူတော့ ဘယ်သူကပေးလဲမသိဘူး။ သူ
အောက်က MEC ကလူလည်းအပေါက်ကဆိုးသလားမမေးနဲ့-- ဖြစ်ချင်တော့ အောက်ခြေ
မှာ ဘယ်လို misunderstanding တွေ ဖြစ်သလဲမသိဘူး၊ ကုန်သွယ်လယ်ယာ ကကောင်တွေ
သူခိုး တွေဆိုပြီးဖြစ်လာရော--သူ့အောက်က မိုယ်းကျရွှေကိုယ်တစ်ယောက်ကမာသလား
မမေးနဲ့--မျက်နှာက သူကျွေးတဲ့ ဆန်ကိုတစ်တိုင်းတစ်ပြည်လုံးစားနေတဲ့ ပုံမျိုး--ကုန်သွယ်-လယ်ယာ အမ်ဒီ လည်းပိတ်အဟောက်ခံရတယ်။သည်းခံပါတယ်။စဉ်းစားကြည့်တော့
ကုန်သွယ်လယ်ယာ ပေါ်လစီပြောင်းသွားတာနဲ့ သူများဆီကဆန်ရဖို့ ဒူးထောက်ရတာ--ပြသာနာဖြစ်နေချိန်မှာဆိုတော့အားလုံးက ဒူးတင်မဟုတ်ဘူး၊ဖင်ပါ လာချချင်တယ်ဆိုလဲ အင်း လုပ်ကွာ လို့ ပြော ပြီးကုန်းပေးလိုက်မှာပဲ--စဉ်းစားမိတိုင်းရင်တော်တော်နာရတယ်။ကုန်သွယ်လယ်ယာကကောင်တွေသူခိုးတွေ--ဆန်တွေကို လဲထားတယ် ဘာညာပေါ့လေ--ကျုပ်မှာ WFP နဲ့ ၀န်ကြီးဌာနအကြား ဟိုပေါက်ဒီဖါ--ဟိုဖါဒီပေါက် လုပ်နေရတာ--ကိုယ်ဖက်ကတော့ ဘာမှ ပြော လို့ တင်ပြ လို့မရဘူး--တစ်ချက်လွှတ်ပဲ--အဲတော့ ဒီပွဲမှာ ကျုပ်တော့ ဘယ် model သုံးရမလဲ စဉ်း
စားတော့ အောက်မှာညွှန်မှုးနဲ့ တိုင်ပင်ရတယ်၊ WFP က program officer ကထိုင်းလူ
မျိုး မြန်မာလိုနော ကြေနေပြီ၊ ဂေါက် လည်းရိုက်တယ်၊ သူ့ ကိုရုံးဖိတ်ပြီး စည်းရုံးရတာပေါ့--
ပြသာနာတွေပြီးသွားရင် တို့ဂေါက်တစ်ပွဲ လောက်ရိုက်ကြရအောင်ကွာ။ မင်းအောက်ခြေ
မှာ ပြသာနာတက်လာရင် မင်း Country Director ကိုမပြောနဲ့--ဒေသက ဦးသိန်းအောင်
ကိုလည်းသွားမပြောနဲ့၊ MEC ကငတိတွေကိုလည်းသွားမပြောနဲ့--အကုန်ငါကိုလာပြောပါ၊
ငါအကုန်ရှင်းပေးပါမယ်ဆိုပြီး စည်းရုံးရတယ်။ ယပက်လက် ကလည်းမြန်မာပါးဝနေတော့
ချက်ချင်းသဘောပေါက်တယ်။ ပြသာနာရှိလာရင်အရင်ဆုံးဆက်တယ်၊အဲတော့ညွှန်မှုးက
ဧရာကတိုင်း/ဂျာဆီဆက်ပြောတယ်၊ ဘာလိုချင်သလဲ လိုချင်တာပြော--အောက်ခြေမှာပဲ
ညှိပေးလိုက်တယ်၊ လူကြီးတောင်မသိလိုက်ဘူး၊စောစောပိုင်း ကစိတ်ညစ်ရသရွေ့ နည်း
ဗျူဟာအသစ်ကိုပြောင်းလဲကျင့်သုံး လိုက်တော့မှာ ဘာပြသာနာ မှာ မကြားတော့ဘူး၊
ဟယ်လီကောပတာတွေသုံးတာလောက်ပဲညှိပေးရတော့တယ်။သူတို့ ကအင်တာနေရှင်နယ်--မြန်မာ ကကိုယ့်ချေးတွင်းထဲမှာ--ကိုယ်ဟာကိုတော့မှန်နေတာပဲ၊
မိုယ်းကျရွှေကိုယ်တွေများတွေးပုံခေါ်ပုံကိုက conservative ဖြစ်နေဆဲပဲ။ ဒီကနေ့တာ
တွေပြန်စဉ်းစားကြည်မိရင်တော့ ရီစရာ ဟားစရာတွေပဲပေါ့။ management မှာ EQ ကလည်းတော်တော်အရေးကြီးတယ်နော်၊ သူတကာပိတ်ဟောက်နေတာ က ပြည်တွင်းမှာ ကိုယ့် institution မှာပဲ ရမယ်။အပြင်ရောက်တာနဲ့ ဒီကနေ့ ဒီခေတ်ရောက်တာနဲ့ ခေါက်
သိမ်းထားလိုက်တော့--နောက်ကြောင်းပြန်သွားရင်တော့ မသိဘူး-- နောက်ကြောင်းပြန်
သွားရင်လည်း ကျုပ်တို့ ကဘာအဆိပ်အတောက်မှ မရှိတော့တဲ့ ရေမြွေတွေဖြစ်ကုန်ပြီ--
ဒါမှ မဟုတ် သေ ကုန်ပြီလေ-----ပြောစရာတွေအများကြီး --သတိရရင်သတိရသလိုရေးအုံးမယ်--------

Facebook upload on 27 Dec 2013:


မန်မာနိုင်ငံမှာ မျှချေ (equilibrium) ပျက်သွားပြီလား


ဒီကနေ့မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကိုသုံးသပ်ရမည်ဆိုလျှင်လူမှုရေး၊စီးပွားရေး၊ပညာရေးစတဲ့ ကဏ္ဍ
တိုင်းမှာမျှချေ (equilibrium) ပျက်များသွားပြီလား လို့ထင်မိပါတယ်။ အရင်စစ်အစိုးရလက်ထက် နှစ် ၄၀
ကာလအတွင်းတစ်တိုင်းတစ်ပြည်လုံးမှာ ရှိတဲ့ ပြည်သူ အများစု ရဲ့ စိတ်ဓါတ်တွေ ပျက်စီးခဲ့တယ်လို့ဆိုကြ
တယ်။ဒါပေမဲ့ တစ်ဖက်မှာ အကြောက်တရားက ရှိနေတာကြောင့် မျှချေ ပျက်စီးလောက်အောင်တော့
မဖြစ်ခဲ့ သေးဘူး၊ဒါပေမဲ့ လူတွေရဲ့ စိတ်ထဲမှာ အကြိတ်အခဲကြီးတွေအဖြစ် ကျန်ခဲ့တယ်။ ဒီကနေဒီမိုခေတ် ရောက်လာတော့ ကျုပ်တို့ အပါအ၀င် ပေါက်ကွဲ ထွက်လာကြတာပဲ။ ”တူ” အဖြစ် ယနေ့တိုင်နေ နေရဆဲ ဖြစ်တဲ့ စစ်အအစိုးရလက်ထက်ကနေယနေ့အထိ ပါနေတဲ့သူတွေကတော့ ”ပေ”အဖြစ်ခဲခဲ့ရတဲ့ပြည်သူတွေ
လောက်သဘောပေါက်မှာ မဟုတ်တဲ့အပြင် ခေတ်ပြောင်းနေတာကိုလည်းသဘောမပေါက် ယနေ့ထိ
 ”တူ” ဖြစ်ခဲ့တဲ့ အချိန်ကအတိုင်းတွေးခေါ်လုပ်ကိုင်နေဆဲပုဂ္ဂိုလ်တွေလည်းရှိနေဆဲပါ။

စစ်အစိုးရလက်ထက်မှာ တပ်ကမြေတွေသိမ်းတယ်ဆိုရင်လျှော်ကြေး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ပြည်သူတွေခမျာပြန်လှန်ပြောဆိုတာတွေ စောဒကတက်တာတွေမလုပ်ရဲကြဘူး၊ကြိတ်မှိတ်ပြီးမိသားစုအ
တွင်းထဲမှာပဲ ပူဆွေးငိုကျွေးခဲ့ကြရတယ်။မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရှိတဲ့ မြေအမျိုးအစားပေါင်းစုံကို
အာဏာပိုင်တွေနဲ့ပေါင်းပြီးအလကားလောက်နီးပါးဈေးတွေနဲ့ခရိုနီတွေက သိမ်းယူတာတွေလည်းဒေသ
မရွေးမှာ ရှိခဲ့ ကြတယ်။ တိုင်းမှုးတွေတန်ခိုးထွားစဉ်က သူတို့အပိုင်စားရတဲ့ဒေသတွေမှာမြေတွေသိမ်းပြီးအ
ကွက်တွေဖေါ်တယ်၊အစ်ကိုယ်ကြီးညီလေးတွေ၊တပည့်တပန်းတွေ၊မိတ်ဆွေတွေခရိုနီအငယ်စားအကြီး
စားတွေ၊ဆွေမျိုးသားချင်းတွေကို မြို့ပြအကွက်တွေဝေပေးခဲ့တယ်။နှစ်ပြားတစ်ပဲဈေးလောက်ပဲ မြေဖိုးသွင်း
ရတယ်၊ဒီမြေတွေဟာအမျိုးအစားပေါင်းစုံတဲ့မြေတွေဖြစ်ပြီးလက်ရှိစိုက်ပျိုးထုတ်လုပ်နေတဲ့လယ်မြေ၊ယာမြေတွေလည်းပါဝင်ချင်ပါဝင်နိုင်ပါတယ်။ဒါတွေ အကုန်လုံးဟာဘယ်ကမြစ်ဖျားခံလာသလဲ လို့ သုံးသပ်ကြည့်ရင် (ဥပဒေတော့သိပ်နားမလယ်ဘူးဆိုတာ ၀န်ခံပါရစေ) မြေအားလုံးကို နိုင်ငံတော်
ကပိုင်တယ်ဆိုတဲ့ ဦးနေ၀င်းလက်ထက်ကတည်းကပြဌါန်းသတ်မှတ်ခဲ့တာကြောင့် လို့လူပိန်းတွေး တွေး မိပါတယ်။ ဒီမြေတွေဟာတကယ်တော့နိုင်ငံတော်ပိုင်နော်၊ အစိုးရပိုင်မဟုတ်ဘူး၊ အစိုးရ နဲ့ နိုင်ငံတော်
ခွဲခြားထားပါတယ်။နိုင်ငံတော်ပိုင်ဆိုင်သောမြေကို အစိုးရ ကဥပဒေနှင့်ညီသည်ဖြစ်စေ၊မညီသည်ဖြစ်
စေ၊စီမံခန့်ခွဲ လုပ်ကိုင်ခဲ့ကြတာကြောင့် မြေ ကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့လယ်သမားတွေ၊
ယာသမားတွေဟာ ကံအကြောင်းမလှ တဲ့ အခါမှာမြေယာတွေလက်လွတ်ဆုံးရှုံးခဲ့ ကြပါတယ်။
ဒီကနေ့ရွှေလင်းပန်းရွာ နားမှာဖြစ်နေတာတွေ၊ တွံတေးလှိုင်သာယာကားလမ်းဘေးမှာနိုင်ငံတော်
ပိုင်မြေတွေမှာ ကျူးကျော်ဝင်ရောက်တဲထိုးနေတာတွေ၊ အို--ကုန်ကုန်ပြောမယ်--မြေယာနဲ့ဖြစ်
ပျက်သမျှအငြင်းပွားမှုတွေအားလုံးဟာ တိုင်းပြည်မှာ မျှချေ ပျက်သွားပြီလားဆိုတဲ့အသွင်
ကိုဆောင်နေပါတယ်။ ဒီကနေ့ဒီမိုခေတ်မှာ Rule of Law ဆိုတဲ့စကားရပ်ကိုတွင်တွင်သုံးလာကြသော်လည်း ဘယ်နေရာမှာမှ မထိရောက်ခဲ့တဲ့ အတွက် ကဏ္ဍ အသီးသီးမှာ မျှချေ ပျက်လာတဲ့သဘောတွေတွေ့ လာရပါတယ်။ ရန်ကုန်အပါအ၀င်လမ်းစည်းကမ်းယဉ်စည်းကမ်းတွေဘာကြောင့် ချိုးဖေါက်မှုများနေတာလဲ၊
စည်းကမ်းထိန်းသိမ်းတဲ့အဖွဲအစည်းကိုတောင် ရန်မူဖို့ ၀န်မလေးကြတော့ဘူး၊
ဗြမ္မာစိုတရားများမရှိကြတော့ဘူး၊ အဲတော့ဘယ်မှာ Rule of Law ရှိကြတော့မှာလဲ---အခုလည်းဒေသဆိုင်ရာအုပ်ချုပ်ရေးကိုလည်း လူအုပ်စုဖွဲ့ပြီး မထေမဲ့မြင်ပြုနေပါပြီ။သူတို့တတွေက သေမထူး နေမထူး ဆိုတဲ့ ဘ၀ကိုရောက်နေတော့ ဘာမဆိုရင်ဆိုင်ရဲတဲ့အခြေအနေပါ။ ဒီကိစ္စကိုအစိုးရအနေနဲ့ social problemတွေအဖြစ်သဘေားထားဖြေရှင်းရမှာဖြစ်ပါတယ်။ကျူးကျော်ဝင်
ရောက်လာသူတစ်ဦးကအင်တာဗျူးမှာဖြေသွာတာကတော့ သူတို့ဥပဒေကို
ချိုးဖေါက်ကျူးကျော် လိုက်တာ ကို ကမ္ဘာ ကအာရုံစိုက်လာအောင် လုပ်တယ်လို့ ဆိုတာကိုကြည့် လိုက်ရပါတယ်။
မျှချေ equilibrium မရှိတော့တာဟာ မင်းမဲ့စရိုက်တွေတဖြည်းဖြည်းဖြစ်ပေါ်လာနိုင်မှုကိုဦးတည်နိုင်
ပါတယ်။ ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာလွှတ်တော်၊အစိုးရပိုင်းမှာအရေး
တကြီးဆောင်ရွက်ဖို့ လိုနေပြီဆိုတာ မီး နီပြနေပါပြီ----

Facebook upload on 29 Dec 2013:

No comments: