Wednesday, January 8, 2014

အဖေရှိရင်ငွေရှိတယ်



ရန်ကနု်မြို့ ဟယ်လ်ပင်လမ်း FEEL စားသောက်ဆိုင်ဟာ လက်ရှိ မြန်မာ
စားသောက်ဖွယ်ရာများကိုအကောင်းဆုံးရောင်းချနေတဲ့ဆိုင်တစ်ဆိုင် ဖြစ်တာကြောင့် လာရောက်စားသောက်တဲ့ပြည်သူတွေနဲ့ အမြဲပြည့်နေတဲ့ ဆိုင်ဖြစ်ပါတယ်။မြန်မာကိုလာလည်တဲ့နိုင်ငံခြားသားတွေမြန်မာအစားအစာနဲ့
ထိတွေ့ပေးချင်တယ်ဆိုရင်လည်း FEEL ကိုခေါ်လာကြပါတယ်။ FEEL ဆိုင်တွေ
အနက် ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာရှိတဲ့ ၁၁၅ မိုင်က FEEL EXPRESS ဟာလည်း အချိန်ရှိသရွေ့ ဆိုင်မှာ အမြဲစားသုံးသူတွေနဲ့ ပြည်လျှံ လျက်ရှိနေပါတယ်။
ဘယ်လောက်တောင်လူတွေများသလဲဆိုရင် ဘေးကဆိုင်တွေမှာ လူချောက်တီးချောက်ချက်သာရှိတာမို့ ဘာမှ မဆိုင်သော်လည်းအဲဒီဆိုင်တွေကိုအား
နာစိတ်တောင်ပေါ်လာပါတယ်။ ဒါအပြင် မိထ္ထိလာ၊မေမြို့ နဲ့ နောက်ဆုံးနေပြည်တော်
တွေမှာ FEEL ဆိုင်ခွဲတွေ အသီးသီးပေါ်လာတာကိုတွေ့ ရပါတယ်။

FEEL စားသောက်ဆိုင်များကိုဖွင့်လှစ်တည်ထောင်ခဲ့သူကတော့ စိုးညီညီ ပါ။သူ့
ပုံစံကတော့ခင်မင်စရာကောင်းတဲ့လူလတ်ပိုင်းအရွယ် လူပျို တစ်ယောက်ဖြစ်ပါတယ်။သူဟာသူ့ သူငယ်ချင်းတွေ နဲ့ အမြဲပဲ လုံးလားထွေးလားနေတတ်သူပါ။ သူပိုင်တဲ့ TASTE စားသောက်ဆိုင်မှာ သူ့သူငယ်ချင်းစီးပွားရေးလုပ်ငန်းရှင်တွေ မနက်စာ လာစားလေ့ရှိပြီး တခါတရံသူကိုယ်တိုင်မီးဖိုချောင်ဝင်ပြီးအရသာရှိတဲ့ စားသောက်ဖွယ်ရာတွေကိုချက်ပြုတ်ကျွေုးု တတ်ပါတယ်။ဒါပေမဲ့ သူကိုချစ်ကြတဲ့ သူငယ်ချင်းတွေကတော့ ကောင်းတယ် လို့ ဘယ်တော့မှ မပြောပဲ ပါးဖြဲနားဖြဲ စားကြပါတယ်။သူ့ ကိုသူရဲ့ တပည့်ကျော်တွေက ချစ်စနိုး နဲ့ “ဦးနော” လို့
ခေါ်ကြပါတယ်။သူတပည့်ကျော်တွေကတကယ်လည်းသူကိုချစ်ကြပါတယ်။ သူက
လည်းတပည့်တွေအပေါ်မှာ အလွန်စေတနာထားပြီး ညီရင်းအစ်ကိုယ်ပမာ နွေးထွေး
စွာအုပ်ချုပ်စီမံပါတယ်။တပည့် နဲ့ ဆရာချစ်ကြည်ရင်းနှီးမှု ကို FEEL ဆိုင်မှာပဲတွေ့ရ
ဘူးပါတယ်။ ဦးနော ဟာစားသောက်ဖွယ်ရာများကို ကိုယ်တိုင်ချက်ပြုတ်တတ်တဲ့
CHEF တစ်ယောက်ပါ။အသုံးပြုတဲ့ ဆီ ကအစလူတွေရဲ့ ကျန်းမာရေးကိုအန္တရာယ်
ပေးနိုင်တဲ့ စားသုံးဆီ ကိုမသုံးပါဘူး၊ စားအုန်းဆီဆိုတာတော့ ဝေးရော--သူလုပ်ငန်း
ကိုအပြင်ပမ်းလေ့လာကြည့်တဲ့အခါ သူ့ရဲ့ business model တွေဟာစိတ်ဝင်စားစရာ
ကောင်းပါတယ်။အီတလီပညာရှင်တစ်ဦးရဲ့ 80:20 theory ကိုလည်းလက်တွေသုံးကြည့်တယ်လို့ဆိုပါတယ်။ FEEL စားသောက်ဆိုင်ခွဲတွေအ
များအပြားရှိတဲ့အနက် ရောင်းအားအကောင်းဆုံးက FEEL EXPRESS ဖြစ်နေတော့
အဲဒီဆိုင်ကိုသူရဲ့ focus ကို ၈၀% အထိထားခဲ့ပါတယ်။ ဆိုင်ကို ပြုပြင်ထိန်းသိမ်းဖို့ခေတ္တ
တောင်ပိတ်လို့မရတဲ့အတွက် ပြုပြင်ထိန်းသိမ်းတဲ့သူတွေကိုစနစ်တကျ လူပါးချိန်မှာ
ဆိုင်ကိုပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းလုပ်ခဲ့ ရပါတယ်။

စိုးညီညီဟာတစ်ခေတ်တစ်ခါကမြန်မာအားကစားတစ်ခုဖြစ်တဲ့ ခြင်းလုံး ကိုမြှင့်တင်
ပေးခဲ့တဲ့ ဗိုလ်မှုးကြီးစိုးတင့်ရဲ့ သားပါ။ မောင်တိုင်ပင်ဟာသူငယ်ချင်းဇော်ဝင်းဦးမိတ်
ဆက်ပေးလို့ စိုးညီညီ ကိုသိကျွမ်းခဲ့ရပေမဲ့ သူဟာ ဗိုလ်မှုးကြီးစိုးတင့်ရဲ့ သားဖြစ်မှန်း
မကြာခင်ကမှသိခဲ့ရတာပါ။ မောင်တိုင်ပင်ဖခင် သထုံဆောင်မှာ Hall Tutor လုပ်
တုံးကဗိုလ်မှုးကြီးစိုးတင့် ဟာထားဝယ်က ရန်ကုန်တက္ကသိုလ်ကိုကျောင်းလာတက်
တဲ့ကျောင်းသားတစ်ယောက်ပါ။ သထုံဆောင်က ဂဠုန် တစ်ကောင်ပါ။ ဂဠုန်စိုးတင့်
ဆိုပြီးနံမည်ကြီးတဲ့ကျောင်းသားတစ်ယောက်ဆိုတာအဖေမကြာခဏပြောလို့သိခဲ့ရ
ပါတယ်။အဖေနဲ့ ဦးစိုးတင့်တို့ဆက်ဆံရေးဟာအင်မတန်နွေးထွေးပါတယ်။ မန္တလေး
ကိုရောက်ရင်အမြဲလာလည်လေ့ရှိပါတယ်။အဖေပင်စင်ယူတော့နေစရာအိမ်မရှိပါ
ဘူး၊မြေကွက်ကတော့အချိန်တော်တော်ကြာကတည်းက၀ယ်ထားတာရှိပါတယ်၊
ဒါပေမဲ့ ဘယ်လိုအိမ်ကိုစဆောက်ရမလဲမသိဘူးဖြစ်နေတာပေါ့။သားဖြစ်တဲ့မောင်တိုင်ပင်ကလည်းစက်မှုတက္ကသိုလ်မှာ ကျောင်းတက်နေတုံး--ဒါကြောင့်တရုတ်တန်းက ခယ်မအိမ်မှာခေတ္တ ခိုနေရပါတယ်။အဲဒီအချိန်မှာ အဖေ့မိတ်ဆွေ
တစ်ယောက်က အိုးအိမ် မှာဂဠုန်ဦးစိုးတင့်တစ်ယောက်အကြီးအကဲဖြစ်နေတယ်၊သူ
ဆီအကူအညီတောင်းပါလားဆိုတော့အဖေဆက်သွယ်လိုက်ပါတယ်။ချက်ချင်းပဲအဲ
ဒီအချိန်က အတော်ဆုံးပိသုကာပညာရှင် ဗိုလ်ကြီးကျူးကျော်ကိုလွှတ်ပေးလိုက်
ပါတယ်။ကိုယ်ပိုင်အိမ်ယာစီမံကိန်းနဲ့ ပြည်သူ့ဆောက်လုပ်ရေးကတစ်လုံးတစ်ခဲ
တည်းငွေသွင်းစေပြီးအိမ်ဆောက်ပေးခဲ့ ပါတယ်။ တာကြောင့် မောင်တိုင်ပင် တို့မောင်
နှမ ၃ ယောက်ဟာစိုးညီညီ အဖေဦးစိုးတင့်အပေါ်များစွာကျေးဇူးရှိတယ်ဆိုတာအဖေပြောကြားချက်အရ ရင်
ထဲမှာ အမြဲ ရှိခဲ့ပါတယ်။

စိုးညီညီရဲ့ တပည့်တွေအပေါ်မှာစီမံအုပ်ချုပ်မှုဟာအတုယူလေးစားလောက်ပါတယ်။
တပည့်များရဲ့မိသားစုများနေရေးထိုင်ရေးစားသောက်ရေးတွေအထိကြည့်ရှုစောင်မ
တတ်ပါတယ်။ မနေ့ ကဒေါ်လ်ဖင် စားသောက်ဆိုင်မှာ စိုးညီညီ ရဲ့ မွေးနေ့ကျင်းပပြု
လုပ်ခဲ့ပါတယ်။မောင်တိုင်ပင် လည်းတက်ရောက်အားပေးချီးမြှင့် ခဲ့ ပါတယ်။ စိုးညီညီ
ရဲ့ networkဟာကျယ်ပြန့်ကြောင်းတွေ့ရပါတယ်။အနုပညာသမားတွေ၊စီးပွားရေး
လုပ်ငန်းရှင်တွေ၊ငယ်ပေါင်းမိတ်ဆွေတွေတော်တော်များများတက်ရောက်တာကိုတွေ့ ရပါတယ်။

မွေးနေ့ပွဲ မှာ သူရဲ့တပည့်တွေရဲ့ ဆောင်ပုဒ်တစ်ခုကိုလည်းသိခဲ့ ရပါတယ်၊ ဘာလဲဆိုတော့ “ အဖေရှိရင် ငွေရှိတယ်” တဲ့။ သူတို့အဖေတစ်ယောက်လုံးရှိနေသရွေ့တော့သူတို့တင်မကသူတို့မိသားစုတွေရဲ့ စား
ဝတ်နေရေးတွေအတွက်ပါ မပူမပင် မကြောင့် ကျရတော့ ဘူးလို့ အဓိပ္ဗါယ်ဖွင့် ဆိုလို့
ရပါတယ်။ FEEL စားသောက်ဆိုင်ဟာဒေသအတွင်းမှာလည်း မြန်မာအစားအစာတွေရောင်းချနေတဲ့ restaurant တစ်ခုလိုအသွင်ဆောင်နေပါတယ်။Travel and Living series ကပုဂ္ဂိုလ်တွေ၊ CNN
သတင်းဌာနစတဲ့ နံမည်ကျော် media တွေကလည်း FEEL ကိုလာရောက်စားသောက်ပြီး စိုးညီညီ ကို အင်တာဗျူးကြပါတယ်။ နိုင်ငံခြားစာစောင်တွေမှာ လည်း FEEL Restaurant အကြောင်းရေးသားထားတာကိုဖတ်ရပါတယ်။ဒီလိုအောင်မြင်လာတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်လာဖို့ ဆိုတာ စိုးညီညီ ရဲ့ စွမ်းဆောင်နိုင်မှုတွေက အဓိကဖြစ်ပြီး သူတပည့်တပမ်းတွေအပေါ်မှာစေတနာ မေတ္တာတရားနဲ့ စီမံ
အုပ်ချုပ်ခဲ့တာကြောင့် တပည့်တွေရဲ့ ပူးပေါင်းပါဝင်မှု အပြည့် အ၀ ရရှိကာ
အောင်မြင်လာခဲ့တယ် လို့ယုံကြည်မိပါတယ်။

စိုးညီညီ (ဦးနော) တစ်ယောက် FEEL ကိုနှစ်ပေါင်းများစွာတိုင်အောင်ဦးဆောင်မှု
ပေးနိုင်ပါစေလို့ မွေးနေ့ မှာ ဆုမွန်ကောင်တောင်းလိုက်ပါတယ်----------

No comments: