Wednesday, February 20, 2019

ရွှေ့ပြောင်းအလုပ်သမား


မြန်မာရွှေ  ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်း၊ မလေးရှား၊စင်ကာပူ၊ကိုရီးယား၊ဂျပန်၊အရှေ  ့အလယ်ပိုင်းနိုင်ငံတွေမှာသွားရောက်အလုပ်လုပ်ကိုင်နေကြပါတယ်-- အခုလိုပြည်တွင်းစီးပွားရေးအခြေအနေမကောင်းတဲ့အချိန်မှာလည်းပြည်ပကိုထွက်အလုပ်ဖို့ပြည်သူအများစုဟာ ပတ်စ်ပို့ရုံးရှေ  ့မှာပတ်စ်ပို့ပြုလုပ်ဖို့အတွက်နံနက်စောစောတန်းစီနေကြတာလည်း  Facebook သတင်းတွေမှာတွေ့နေရပါတယ်--အရင်ကနိုင်ငံခြားသွားအလုပ်လုပ်ကြတယ်ဆိုတာမြို  ့နေလူတန်းစားတွေများပြီးဘွဲ  ့ရတွေသက်မွေးကျောင်းပညာတစ်ခုခုတတ်သူတွေ   skilled worker တွေသာများပါတယ်--အခုအခါမှာတော့တောနေလူတန်းစားလုပ်နိုင်ကိုင်နိုင်သူတွေပါပြည်ပထွက်ဖို့ကျိုးစားလာကြတာကိုတွေ့နေရပါတယ်--လွန်ခဲ့သောနှစ်အနည်းငယ်လောက်ကရေစကြိုမှာ ဘဏ်ဖွင့်ဖို့လေ့လာရေးသွားခဲ့တော့ကုန်သည်အသင်းရဲ့စီစဉ်ပေးချက်အရရေစကြိုကုန်သည်လုပ်ငန်းရှင်အသင်းနဲ့တွေ့ခဲ့ရပါတယ်--သူတို့တတွေပြောပြချက်အရရေစကြိုတစ်ဝိုက်လောက်မှာရှိတဲ့ရွာတွေကအရွယ်ကောင်းထန်းတက်လုပ်သားတွေအတော်များများ မလေးရှား နိုင်ငံမှာသွားအလုပ်လုပ်နေကြတယ်--တစ်ယောက်ပြီးတစ်ယောက်သူ့အဆက်အသွယ်နဲ့ သူသွားလိုက်ကြတာထန်းတက်လုပ်သား ၈၀ဝ၀ဝ လောက်မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်နေကြတယ်-- ထန်းတက်မဲ့သူမရှိတော့လို့ ထန်းညက်တောင်အထွက်ဆုတ်သွားတယ်လို့သိရတယ်--မောင်တိုင်ပင်အတွက်ဘဏ်ခွဲဖွင့်ဖို့လာတာဆိုတော့ဒေသအလုပ်အကိုင်အခွင့်အလန်းတွေကွယ်ပျောက်ကုန်တာကိုစိတ်မဝင်စားနိုင်ဘူး--မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ လူ ၈၀ဝ၀ဝ လောက်လစဉ်ငွေပို့တဲ့လုပ်ငန်းချိတ်ဆက်ပေးနိုင်ရင်ဘဏ်ခွဲတစ်ခုတော့ဖွင့်သင့်တယ်ဆိုတဲ့ အဖြေတစ်ခုတော့ရလိုက်တာပေါ့ -- မောင်တိုင်ပင်ဘဏ်ကထွက်သွားပြီးရေစကြိုမှာဘဏ်ခွဲဖွင့်ဖြစ်ခဲ့ပါတယ်--ပြောချင်တာက ရေစကြိုကုန်သည်အသင်းလိုအသင်းကတောင်ထန်းတက်လုပ်သား ၈၀ဝ၀ဝ လောက်မလေးရှားနိုင်ငံမှာအလုပ်လုပ်နေကြောင်းအဲဒီအချိန်ကစာရင်းရှိခဲ့ပါတယ်--

 

မောင်တိုင်ပင်တို့နိုင်ငံက ပြည်သူတွေ ရွှေ  ့ပြောင်းအလုပ်သမားတွေအနေနဲ့ဘယ်နိုင်ငံမှာဘယ်လောက်သွားအလုပ်လုပ်နေကြသလဲဆိုတာစာရင်းရှိကြပါသလား သူတို့တတွေမိသားစုဆီပို့တဲ့ မြန်မာကျပ်ငွေဘယ်လောက်များရှိပါသလဲမောင်တိုင်ပင်ခန့်မှန်းကြည့်တာကတော့မြန်မာကျပ်ငွေ ကုဋေနဲ့ချီပြီးရှိမယ်ထင်ပါတယ်--အဲဒီငွေပမာဏဟာအရင်ကမပြောပလောက်ပေမဲ့ အခုအချိန်မှာတော့ GDP တွက်ချက်တဲ့နေရာမှာ ဝင်ငွေအနေနဲ့ထည့်သွင်းတွက်ချက်ရတော့မှာဖြစ်ပါတယ်--မြန်မာစီးပွားရေးအကြောင်းပြောနေကြတဲ့သူတွေ GDP နဲ့ချိန်ထိုးနိုင်းယှဉ်ကြတဲ့သူတွေ ကိုပြောချင်တာကဒီငွေပမာဏဟာအခုချိန်မှာအလေးထားရမဲ့ပမာဏဖြစ်နေပါပြီ-- အောက်ခြေလူတန်းစားရဲ့ဆင်းရဲမွဲတေမှု ကိုကုစားပေးနိုင်တဲ့တောနေဆင်းရဲသားလူတန်းစားတွေအတွက် အဓိကမိသားစုဝင်ငွေတစ်ရပ်ဖြစ်လာပါပြီ-- ပြောနိုင်ပါတယ်-- ဒီအပိုင်းမှာတော့ data ကောက်ယူမှုအားနည်းနေလိမ့်မယ်ဆိုတာ--စာရင်းကောက်ယူမှုအားနည်းနေတော့ ဘယ်လောက်သွားနေတယ် ?ဘယ်လောက်ဝင်ငွေရှိနေသလဲသွားတဲ့သူတွေအနေနဲ့ ပြည်ပမှာဘာအလုပ်တွေအများဆုံးလုပ်ရသလဲ? skilled လား? unskilled လားတောနေလူတန်းစားတွေလား အခြေခံပညာအရည်အချင်းအနိမ့်ဆုံး-- အမြင့်ဆုံးဘယ်လောက်ရှိကြသလဲမြန်မာ့စီးပွားရေး ပမာဏ မှာ မြန်မာရွှေ  ့ပြောင်းအလုပ်သမားတွေရဲ့ဝင်ငွေ ကဘယ်အချိုးအစားလောက်ပါဝင်နေသလဲအချိုးအစားပမာဏ ကအလေးထားလောက်တဲ့ ပမာဏဖြစ်နေပြီဆိုရင် အားပေးမလားမင်းတို့မသွားရဘူး ပြည်တွင်းမှာပဲ ရရာ ကြုံရာ ကျပန်းလုပ်ပဲ လုပ် လို့တားဆီးသင့်ပါသလားမရပါခင်ဗျား--

 

ဒီလိုကိစ္စရပ်တွေအတွက် မောင်တိုင်ပင်သာ မသိတာ-- မြန်မာလူငယ်တွေလေ့လာထားတဲ့ research တွေရှိလိမ့်မယ်ထင်ပါတယ်-- ဘယ်လိုပညာရပ်အဆင့်အတန်းတွေအတွက် ရက်တိုလေ့ကျင့်ပေးလိုက်ဖို့ သင်တန်းတွေ ဖွင့်နိုင်ပြီလားပုဂ္ဂလိကအပိုင်းကကောစိတ်ဝင်စားမှု ရှိပါသလားဒီအပိုင်းတွေမှာ ရိုက်စား  တနပ်စား  တွေဝင်လာနိုင်တဲ့ risk အများကြီးရှိပါတယ်-- ဂတိတည် ဖြောင့်မတ်တဲ့ အေဂျင်စီအသင်းတွေလည်းလိုပါလိမ့်မယ်--ဥပမာတစ်ခုပြောရရင် domestic workers တွေလွှတ်တဲ့အခါ လွှတ်မဲ့နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသော ရက်တိုသင်တန်းတွေဖွင့်ရပါမယ် -- ဒီနေရာမှာ သွားလိုကြတဲ့ပြည်သူတွေဟာဆင်းရဲသားလူတန်းစားများပါမယ်-- သင်တန်းတက်နိုင်ဖို့ငွေကြေးသုံးစွဲဖို့ရာမှာအခက်အခဲရှိနိုင်ပါတယ်--အကြမ်းဖျင်းသိရတာက domestic workers တွေအနေနဲ့ ပထမဆုံး လာတဲ့အခေါက်မှာ ၇-၈ လစာလောက် ကို ၂ဖက်အေဂျင့် တွေကယူလေ့ရှိပါတယ်--ဒါမျိုးကစိတ်ထားကောင်းမွန်တဲ့အိမ်ရှင်ဆီရောက်ရင်တော်သေးပေမဲ့ စိတ်ထားမကောင်းတဲ့အိမ်ရှင်ဆီရောက်ရင်စိတ်ပိုင်းဆိုင်ရာအထိ ထိခိုက်မှုရှိနိုင်ပါတယ်--ဒီစနစ် ဒီအလေ့အကျင့်တွေရှိတာသိနေတဲ့အလျောက်သက်ဆိုင်ရာ ဌာနအနေနဲ့ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရင်ကောင်းပါတယ်။အခုပြောနေတာတွေကိုဌာနတွေကမောင်တိုင်ပင်ထက်ပိုသိပါလိမ့်မယ်--

 

GDP ဝင်ငွေမှာ ရွှေ  ့ပြောင်းအလုပ်သမားတွေပြန်ပို့တဲ့ငွေအချိုးအစားဟာ လောက်လောက်လားလားရှိနေပြီဆိုရင် သူတို့တတွေသွားနိုင်လာနိုင်လုပ်နိုင်ကိုင်နိုင်ဖို့ မောင်တိုင်ပင်တို့ ဝန်ကြီးဌာနတွေကဘာတွေလုပ်ကိုင်ပေးထားပါသလဲပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ် --labour intensive industry တွေပြည်တွင်းကို ဝင်လာပါ လုပ်ပါ ကိုင်ပါ နဲ့ ဘိတ်ခေါ်နေမယ်-- အဲဒီ industry တွေမှာ ဝင်လုပ်ကိုင်နိုင်ဖို့လုပ်သားတွေမွေးထုတ်ပေးတဲ့အပိုင်းမှာ အစိုးရလည်းလုပ်မယ်-- အစိုးရ နဲ့ ပုဂ္ဂလိ ပေါင်းပြီး PPP အနေနဲ့ လုပ်ပေးမွေးထုတ်မယ်--ပြည်ပမှာသွားအလုပ်လုပ်လိုကြတဲ့ ပြည်သူတွေအတွက် ရက်တို training program တွေဖွင့်နိုင်အောင်အားပေးရမယ်-- လုပ်ပေးရမယ်-- barriers တွေရှိသလား  အစိုးရက ဘာဘာ ညာညာ စဉ်းစားမနေနဲ့  ဖြေလျှော့ပေးနိုင်ရမယ်--financial support လည်းဘဏ်တွေနဲ့ ညှိနှိ ုင်းပြီး SME loan အနေနဲ့ပေးရပါမယ်--အဲတော့ဗျာ -- မလုပ်  မရှုပ်   မပြုတ်   သွေးအေးနေကြတဲ့ ဌာန တွေအဖြစ်နိုင်ဆုံး အလုပ်တွေစလုပ်ကြဖို့ အချိန်အခါ ရောက်နေပါပြီ -- ကြီးကျယ် တဲ့ အလုပ်တွေလည်းလုပ်ဖို့ စဉ်းစားကြပေါ့ဗျာ-- တစ်ဖက်ကသေးငယ်ပေမဲ့ လတ်တလောဇောင်းပေး လုပ်ရမဲ့အလုပ်တွေလည်းစဉ်းစားပြီးလုပ်နိုင်ဖို့ လိုပါတယ် -- ကျနော်တို့ မြန်မာတွေ  ဆန်မရှိ စောက်စားကြီးကောင်တွေမဟုတ်ပါဘူး  အလုပ်ဟူသမျှဂုဏ်ရှိစွ  လို့ အများကခံယူထားပါတယ်--

Posted by MaungTaing Pin at Wednesday, February 20, 2019 No comments: 

Labels: စီးပွားရေးဆိုင်ရာ

 

 

 

 

 

No comments: