Tuesday, September 6, 2011

ဘဏ်အတိုး နှုန်းပြောင်းလဲပြီ

ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတွေ ပြင်ဆင် သတ်မှတ် တဲ့ စာ မှာပါတဲ့ အပိုဒ်တွေကို ရိုးရိုး လူတွေ အနေနဲ့ သိပ်မရှင်းကြဘူး။ ဘဏ်ကလူတွေကတော့ သိတာပေါ့။ဥပမာနဲ့ပြောပြ ပါ ဆိုပြီး မေးလာကြတယ်။

ငွေစုဘဏ်အတိုးနှုန်းဟာ ၁၀% မှ ၁၂%အတွင်း ဘဏ်များကကြိုက်သလိုသတ်မှတ်နိုင်ပါတယ်။ ယေဘူယျဆိုရင် အတိုးနှုန်း ကို ၁၀% အထိ ချ လိုက်တယ်လို့ပြောလို့ရတယ်။ ဒါ ကဘဏ်တစ်ချင်းနဲ့ ဆိုင်မယ်။ အချို့ ဘဏ်တွေက အပ်ငွေ လက်ခံ လို့ မရတော့ဘူး၊ capital deposit အချိုး ၁၀ ဆ နဲ့ ဗဟိုဘဏ်ကထိန်း

ထားတာ။အခုတော့ နည်းနည်းဖြေလျော့ ပေးထားတယ်။ ဒါလည်း reserve နဲ့ပြန်ထိန်းထားတယ်။

ဒါကြောင့် ၁၀ ဆ မပြည့်သေးတဲ့ ဘဏ်တွေက အပ်ငွေလာ အပ် စေချင်ရင် ၁၀.၅ % သို့မဟုတ် ၁၁.၀ % သိုမဟုတ် ၁၁.၅% နောက် ဆုံး ၁၂% ပဲဆက် ထိန်းထားချင်တယ် ဆိုရင် လည်း ရတယ်။ ဒါကတော့

ဘဏ်တစ် ခုချင်း ရဲ့ Bank management နဲဆိုင်သွား ပြီ။ ကိုယ် ဘဏ်က ဘယ် လိုလုပ်မယ်ဆိုတာ ကိုတော့ ဗဟိုဘဏ် ကို တင် ပြ ဖို့ တော့ လိုတယ်။ အတိုးနှုန်း တစ် ခု ကို လ အတန်ကြာကျင့် သုံးပြီး နောက် အတိုးနှုန်း တစ် ခုပြန်သတ်မှတ်မယ် ဆိုရင် လည်း ဗဟိုဘဏ်ပြန်တင်ပြပြီး လုပ် လို့ရတယ်။



ဘဏ်တွေအချင်းချင်း ကတော့သိပ်ကွာကြမှာ မဟုတ်ဘူးထင်တယ်။ စိန်ခေါ်မှုတွေတော့ များ လာတာပဲ။ အပ်ငွေ ကလည်း များချင်တိုင်းများ လို့ကောင်းတာမဟုတ်ဘူး။ အတိုးပေးရတယ်။ loan deposit အချိုး နဲ့ ဗဟိုဘဏ် ကပြန် ထိန်းထားပြန်ရော။ ၈၀% ထက်ကျော် လို့ မရဘူး။ အဲတော့ ဘဏ်စီမံခန့်ခွဲသူတွေဟာ အပ်ငွေနဲ့ ချေးငွေ မျှတနေအောင် အမြဲကြည့် နေရမှာ။ အကောင်း ဆုံးကတော့ အတိုးမပေးရတဲ့ စာရင်းရှင် အပ်ငွေတွေ များများ လာ အပ် ရင် အကောင်းဆုံးပဲ။ ချေးငွေအတွက်အတိုးကတော့ ရှင်းပါတယ်။ ၁၅% ပဲ ချေးတဲ့သူကပေးရတော့မယ်။ ဒါလည်းဘဏ်တွေပေါ်မှာ မူ တည်နေတယ်။ ကိုယ်ဘဏ် ကို ချေးတဲ့သူ များလာအောင် ၁၄.၅% ပဲအတိုးယူမယ် ဆိုရင်ရတယ်။

အခုဗဟိုဘဏ်က အတိုးနှုန်း ပြင် ဆင် သတ်မှတ် လိုက်တာကတော့ ဘဏ် အချင်းချင်း competitive ဖြစ်အောင် လုပ် လိုက် သလိုပါပဲ။ အပ်ငွေ တွေနဲ့ ပိ နေတဲ့ ဘဏ်တွေကတော့ အတိုး နှုန်း ကို ကစားပြီး

အပ်ငွေအ၀င်အထွက် ကို ထိန်း နိုင်တယ်။

တခါ က စင် ကာပူ Straits Capital က ပညာရှင် တစ်ယောက် ကမေးဘူးတယ်။ What is your bank rate ? တဲ့။ ငါ တို့ က ဗဟိုဘဏ် သတ်မှတ် ထားတဲ့ ၁၂% လို့ပြောတော့ နားမလယ်ဘူး။ အခု မှ ပဲ ပညာရှင်မေးတာ ကိုသဘောပေါက်တော့ တယ်။ သူ ကဘဏ် တစ် ခုချင်း ရဲ့ အတိုးနှုန်းး ကိုမေးတာ။ အခုဆို ရင် မိမိ ဘဏ်က ၁၁.၅% လို့ သတ်မှတ် ထား ရင် Oh! My bank rate is 11.5% လို့ ရင်ကော့ ပြီး ဖြေနိုင်ပြီလေ။ change ဆိုတာ လာနေပြီ။

No comments: