Tuesday, September 6, 2011

နေ့တိုင်းတစ်ခုမဟုတ်တစ်ခုတော့ပြောင်းလဲနေတယ်

နေ့တိုင်းနေ့တိုင်းတစ်ခုမဟုတ်တစ်ခုတော့ပြောင်းလဲမှုသတင်းတွေကြားနေရပါတယ်။စီးပွားရေး၊ငွေရေးကြေးရေးအပိုင်းတွေကတော့လူ
တော်တော်များများစိတ်ဝင်စားကြပါတယ်။တချို့ကတော့ကျပ်ငွေခိုင်မာလာတာကိုအားမရဖြစ်နေကြပါတယ်။မြန်မြန်တစ်ခုခုတော့လုပ်သင့်
့နေပြီလို့ယူဆကြပါတယ်။ဘာလုပ်ကြမလဲ။အတိုးတွေပြင်ဆင်ပြောင်းလဲတော့လည်းပုဂ္ဂလိကဘဏ်တွေအချင်းချင်းကြားမှာညီညီညွတ်ညတ်
နဲ့လုပ်ကြရအောင်လို့အော်ကြပါတယ်။ပုဂ္ဂလိကဘဏ်တွေထဲမှာ ဘဏ်ခွဲတောင်မရှိတဲ့ဘဏ်တွေရှိပါတယ်။ကိုယ်အင်ကိုယ်အားအခြေ
အနေပေါ်မှာမူတည်ပြီးလုပ်ချင်ကြမှာပေါ့။အများအကျိုးကိုလိုသလိုလုပ်သလိုနဲ့ကိုယ်ကျိုးစီးပွားကာကွယ်နေကြတာပါ။

လူငယ်တွေကြားရောက်တော့လည်းဘာလုပ်ရမလဲတဲ့၊ဘာအကြံပေးရမှန်းတောင်မသိတော့ဘူး။မြို့ကလူငယ်တွေကော၊တောကလူငယ်
တွေပါနိုင်ငံခြားရောက်ကုန်တဲ့ခေတ်ကြီးမှာဘယ်လိုအကြံပေးလို့ရမလဲ။အရက်ကလည်းပေါ၊ဘီယာကလည်းပေါတော့လူငယ်တွေလမ်း
မှားမရောက်အောင်လူကြီးတွေကထိန်းနေကြရတယ်။လိမ္မာတဲ့သားသမီးတွေရထားတဲ့မိဘတွေကံကောင်းကြပါတယ်။လူငယ်တော်တော်
များများစည်းကမ်းလိုက်နာ
ကြမယ်လို့စိတ်ကူးထဲတောင်မထည့်ဘူး။ ဖြစ်ချင်တာဖြစ်လုပ်မယ်၊ ဖြစ်ရင်လွတ်အောင်ပြေးမယ်၊မလွတ်ရင်နိုင်ငံတော်ကကျွေးတဲ့ထမင်း
စားပြီးထောင်အကျခံမယ်။ဘွဲ့ရလူငယ်တွေထဲမှာတောင်ဒီအတွေးအခေါ်တွေရှိနေတာကိုယ့်တာဝန်မကင်းဘူးနော်။

သီလ၀ါဆိပ်ကမ်းဘက်မရောက်ဘူးလို့သွားကြည့်ရအောင်လို့ သူငယ်ချင်းတစ်ယောက်က အဖေါ်စပ်လို့တစ်နေ့ကရောက်သွားပါတယ်။ရန်ကုန်အနီးတစ်ဝိုက်မှာမြေနေရာအကွက်အကွင်းကောင်းတာ၊သင်္ဘောဆိပ်
ကမ်းနဲ့နီးတာ၊လမ်းပမ်းဆက်သွယ်ရေးကောင်းတာ၊စတဲ့ဂုဏ်အင်္ဂါတွေနဲ့ပြည့်စုံနေတဲ့မြေနေရာကောင်းတစ်ခုပါပဲ။ဒါပေမဲ့ လူတန်းစာတစ်ရပ်ကတော့အသီးသီးမြေတွေကိုနေရာဦးထားပြီးသွားပြီ။ အိုးအိမ်မှာသွားကြည့်ရင်ဘယ်သူကဘယ်နေရာ ဘာညာအကုန်တွေ့လိမ့်မယ်။ တနေ့ကUMFCCI တွေ့ဆုံပွဲမှာ ဆိပ်ကမ်းစက်မှုဇုန်တာဝန်ခံဦးအေးလွင်ကရင်းနှီးမြုပ်နှံမှု
တွေလာရင်မြေဈေးကရာခိုင်နှုန်းတော်တော်များများယူပြီးစက်တို့အဆောက်အဦတို့နဲ့တန်းတူလောက်ရှိနေရင်ရင်းနှီးမြုပ်နှံမှုတွေလာပါမ
လား၊မြေနေရာနဲ့ဖျာခင်းထားသူတွေဟာနိုင်ငံခြားသားတွေဖြစ်နေတယ်ဆိုတဲ့ issue ကိုပြောပါတယ်။မှန်ပါတယ်။ရင်းနှီးမြုပ်နှံမှုမှာ အဟန့်အတားတစ်ခုဖြစ်သွားမှာ အမှန်ပါပဲ။

လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတရုတ်နဲ့အတူတူ သီလ၀ါမှာစီးပွားရေးဇုန်လုပ်ဖို့လေ့လာဆောင်ရွက်ခဲ့ကြတယ်။တဖြည်းဖြည်းနဲ့သီလ၀ါစက်မှုဇုန်ကနေအထူးစီးပွားရေးဇုန်
ရောက်သွားပြီးသီလ၀ါစက်မှုဇုန်ဟာမှေးမှိန်သွာခဲ့တယ်။လမ်းဘေးတစ်လျှောက်ကားမောင်းသွားရင်ဒီနေရာမှာ နောင် ၃=၄ နှစ်ဆိုရင်လမ်းတွေကောင်း၊မီးတွေတစ်ထိန်ထိန်နဲ့ SME စက်ရုံတွေအသီးသီးပေါ်လာမှာ ကို မျက်စေ့ထဲမှာ မြင်ယောင်နေမိတယ်။ အော်အဲဒီအချိန်ရောက်သည်ထိကိုယ့်ကျန်းမာရေးကောင်းနေပါစေလို့ဆုတောင်းမိပါတယ်။ ကျုပ်ကတရုတ်၊ဗီယက်နမ်၊မလေးရှားစက်မှုဇုန်တွေတော်တော်များများရောက်ဘူးတယ်။အားလုံးကရင်းနှီးမြုပ်နှံသူတွေကို လာပါလာပါနဲ့ပဲ။တရုတ်က Suchou Industrial Zone ဆိုရင်ကွန်ကရစ်လမ်း၊လျှပ်စစ်မီးတိုင်၊ရေ ဂက်စ်ပိုက်လိုင်းတွေအရင်
လုပ်တယ်။မီးပွိုင့်တောင်ပါ လိုက်သေးတယ်။အဲဒါတွေပြီးမှစက်ရုံတွေဆောက်ကြရတာ။pre-fabricated တွေများတော့ဆောက်
လိုက် ရင် ခဏပဲလို့ပြောကြတယ်။ ဗီယက်နမ်မှာတော့ လျှပ်စစ် generator ပါတပါတည်းပဲ။စက်ရုံတွေကသီးခြား generator
ထားစရာမလိုတော့ဘူး။

Universal Link Service Co Ltd မှာလုပ်တော့နိုင်ငံခြားကရင်းနှီးမြုပ်နှံလိုသူတွေနဲ့တွေ့တဲ့အခါမြေကိစ္စနဲ့ကျပ်ငွေကိစ္စရောက်
သွားရင်တော်တော်ဦးနှောက်စားပါတယ်။အခုတော့နောင်တစ်ပတ်ဆိုရင်အမိန့်ကြော်ငြာစာထွက်လာတော့မယ်၊ပုဂ္ဂလိကမြေမှာ လုပ်နိုင်တဲ့အကြောင်းနဲ့ ဒေါ်လာကိုပေါက်ဈေးနဲ့လဲပေးမယ်ဆိုတဲ့အကြောင်း ထွက်လာတော့မယ်။ အသေးစိပ်တော့မသိရသေးဘူး။
ရင်းနှီးမြုပ်နှံလိုသူတွေအတွက်သတင်းကောင်းပဲ။ဒီလိုbottle neck တွေရှိနေတာကိုအရင်လူတွေကဘာကြောင့်များနှုတ်ပိတ်နေပြီး
မသိကျိုးကျင်ပြုနေရလဲဆိုတာမသိတော့ဘူး။
အော်-- ကျုပ်တို့ မြန်မာပြည်ကြီး ရဲ့ကံကြမ္မာပဲလို့ဖြေရတော့မယ်။


မြန်မာမှာ အခုဆိုရင် ဘာလုပ်ငန်းလုပ်လုပ်အဆင်ပြေချောမွေ့စွာနဲ့ပြီးသွားတယ်ဆိုရင်ကံကောင်းတယ်လို့မှတ်ပါ။ ရှေ့က၀န်ကြီးက မှတ်

ပုံတင်ကိုလုပ်ရာမှာ ၆ ကျပ်ပဲကုန်ကျတယ်လို့ပြောနေချိန် မကွေးဖက်မှာ ၁၅၀၀ ကျပ်တောင်းတော့ထအော်ကြရော။ ၀န်ကြီးပြောထားတဲ့
အတိုင်းငါလုပ်ပေးလိုက်မယ်လို့ မရှိဘူး။ ဓါတ်ပုံရိုက်ခ က ၁၀၀၀ ကျပ်တဲ့၊ တကယ်ရိုက်ပေးတဲ့ဓါတ်ပုံဆရာမေးကြည့်တော့ ၂၀၀ ကျပ်
ပဲရတယ်တဲ့။ ကြားထဲက၀င် ပြီးခွင်ရိုက်လိုက်သေးတယ်နော်။သမ္မတကအစလူကြီးတွေအဆုံး clean governmentလို့အော်နေတဲ့အ
ချိန်မှာမသိသားဆိုးရွားစွာခွင်ရိုက်နေတဲ့ အလယ်အလတ်နဲ့အောက် က၀န်ထမ်းတွေအများကြီးပါ။ခက်တာက ပြည်သူတွေကလည်းအစိုး
ရရုံးပြင်ကန္နားသွားရမယ်ဆိုရင် ၅၀၀ စ ၁၀၀၀ စ ပေးရမယ်ဆိုတာသဘောပေါက်ထားပြီးသားပါ။တချို့ကလည်းပြောင်တောင်းတော့
တော်တော်ခံရခက်ပါတယ်။ အလုပ်မှာရှိတုံး ကတချို့ဝန်ထမ်းတွေပြောတာကြာဘူးတယ်။ အမယ်လေးအဲဒီကောင်က ၅၀၀ လောက်ပေးချင်တာ၊ ငါလည်း အမြင်ကတ်ကတ်နဲ့ ၂၀၀၀ တောင်းပစ်လိုက်တယ်လို့ပြောသံကြားဘူးပါတယ်။ အစိုးရ၀န်ထမ်းလုပ်နေလို့များ ကိစ္စများမြောင်ပေါ်လာရင် သက်သာလိမ့်မယ်လိုမထင်နဲ့၊ လူကြီးအချင်းချင်းပြောဝင်ရင်လည်း ”ဂါ” လေးတော့ပါရတယ်။ မြန်မာမှာအဲဒီ
ဂါရ၀” ဆိုတာက အရိုးစွဲနေတာပါ။”၈၇၀” လို့ လည်းပြောင်ခေါ်ကြတယ်။ဒါကမြန်မာလူမျိုးတွေရဲ့ လူမှုဆက်ဆံရေးဆိုင်ရာယဉ်ကျေးမှုလို့ ခေါ်ကြတယ်။ တချို့များသီတင်းကျွတ်”ဂါ” ချင်ရင်တန်းစီတောင်စောင့် ရဆိုပဲ။

ကဲဟိုရောက်ဒီရောက်ရောက်ကုန်ပြီ။

No comments: