Saturday, December 1, 2012

ဘာလုပ်လုပ်စနစ်ကအဓိကဖြစ်ကြောင်း


"Anybody home ?" ဆိုတဲ့ စလုံးအသံ နဲ့ခေါ်သံကြားလိုက်ရ တော့ကုတင်ပေါ်လှဲနေရာက
နေအပေါက်ဝဆီသွားကြည့် လိုက်မိပါတယ်။ လူရွယ်တစ်ယောက်က သူကိုယ့်သူ Mr Lim ဖြစ်ကြောင်း၊မောင်တိုင်ပင်တို့အပေါ်ထပ်အခန်းကိုသူဦးစီးပြီး အခန်းပြန်လည်ပြင်ဆင်
ဖွဲ့စည်းမှာဖြစ်ကြောင်း၊ အကယ်၍တစ်စုံတစ်ခုသောပြသာနာရှိပါက သူ၏ ဟမ်းဖုန်း နံပါတ်ကိုပေးထားပါကြောင်း၊ အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်းပြောကြားပြီး စာရွက်တစ်ရွက်ပေးလာပါတယ်။တကယ်တော့ဆူသံပူသံရှိမယ်ဆိုတာ ကြိုတင်အသိပေးထားတာဖြစ်ပါတယ်။ သမီးတို့ကတော့ရုံးသွားနေကြမှာဖြစ်တဲ့အတွက် အရေးမကြီးဘူး၊မောင်တိုင်ပင်အတွက်တော့ နေခင်းဖက်တရေးတမောအိပ်ချိန် ကို လာထိခိုက်နိုင်ပါလား လို့ အသိရှိခဲ့ပေမဲ့ သူများနိုင်ငံမှာ နေတာဘာတတ် နိုင်မှာ လိုက်လို့----

တကယ့်နေ့လည်းရောက်လာရောအပေါ်ထပ်ကတုန်တဲ့ စက်ကြီးနဲ့ မောင်တိုင်ပင်အခန်းပေါ်တဲ့
တဲ့မှာ hacking လုပ်ပါလေရော--အမယ်လေးအခန်းထဲ ဘယ်နေလို့ရပါမလဲ--ကမန်းကတန်းပဲ
ရေချိုးအ၀တ်လဲပြီးအိမ်သော့ခတ်ကျောပိုးအိတ်လွယ်ပြီးအပြင်ထွက်ရတော့တာပါပဲ။ အောက်ထပ်
က study corner မှာ ထိုင်ရင်းဘာလုပ်ရမလဲစဉ်းစားနေတာ ၁နာရီလောက်ကြာသွားတယ်။ ဖုန်း
3G ဖွင့်ပြီး Facebook တို့ G mail တို့လိုက်ကြည့် လိုက်တာဖုန်းဘက်ထရီလည်းတော်တော်ရော့
သွားတယ်။ ဒါပေမဲ့ မောင်တိုင်ပင် လည်း portable charger လေးဆောင်ထားတော့ ဖုန်းကိုအား
ပြန်သွင်းပြီး သူငယ်ချင်းဆီဖုန်းဆက် လိုက်တယ်။ ကံကောင်းချင်တော့သူလည်း ဘာလုပ်ရမလဲ
စဉ်းစားနေတာ-- မောင်တိုင်ပင် ဖုန်းဝင်လာတော့ လာခဲ့ကွာဆိုပြီးချိန်းပြီးသားဖြစ်သွားရော။ အဲဒီ
နေ့ကမောင်တိုင်ပင် ညနေ ၃ နာရီမြန်မာသံရုံးသွားစရာရှိတော့ သူငယ်ချင်းကို လိုက်ခဲ့ဖို့ခေါ်လိုက်တယ်၊ အပြင်မှာ အချိန်ဖြုန်းစရာရှာရတာလေ--သူက Bukik Batok မှာ နေတယ်၊မောင်တိုင်ပင် ကလီမင်တီ နဲ့ဆိုနီးနီးလေးပဲ-- ဘတ်စ်ကား ၁၈၉  စီးသွားရင်သူ့အိမ်
ရှေရောက်ကော။ Bukik ဆိုတာက မလေးလိုတောင်လို့ခေါ်တယ်။ အရင်တုံးကတော့ရှိချင်ရှိမယ်။
အခုတော့အဆောက်အဦးတွေနဲ့ဆိုတော့ကုန်းဆင်းကုန်းတက်လောက်ပဲရှိတော့မယ်။ သူနေရာက
hawker centre မှာ မောင်တိုင်ပင်ကြိုက်တာတစ်ခုရှိတယ်၊ ဘဲကင်နဲ့ဝက်နံကင်-- စင်ကာပူမှာ
တော်တော်ကိုကောင်းတာပဲ။  နောက်တစ်ခု ကကော်ပြန့်စိမ်း တရုတ်လိုပေါ်ပြန့် လို့ခေါ်တယ်။ ဗမာ
လောက်မကောင်းပေမဲ့ အရသာကတော့ ဗမာပြည်အလွမ်းပြေပေါ့လေ--

သူငယ်ချင်းကလည်းပင်စင်စား--စင်ကာပူမှာနေတာ နှစ် ၄၀လောက်ရှိနေပြီ။ စလုံးသူကိုယူထား
တာဆိုတော့စင်ကာပူမှာအခြေကျနေပြီ။ မိန်းမကအလုပ်လုပ်တုံးဆိုတော့အိမ်မှာ တစ်ယောက်တည်းပျင်းနေတာပေါ့-- သူနေရာက ဟော်ကာစင်တာမှာ ဘဲကင်ဝက်နံကင်နဲ့ ထမင်း
စားမယ်၊သူက သကြား မပါတဲ့ တီး သောက်မယ်၊ မောင်တိုင်ပင်ကတော့ အိုက်စ်လီမွန်တီး ကိုတစုံ့
စုံ့သောက်ရင်းလေပန်းကြတာထွေရာလေးပါးပဲ။ အပေါ်ထပ်က hacking သံကြောင့်အိမ်မှာမနေနိုင်
လို့ထွက်လာတဲ့အကြောင်းပြောပြတော့ သူက “ မင်း၂ - ၃ရင်လောက်တော့ခံရလိမ့်မယ်“
လို့ပြောတယ်။ သူပြောတဲ့အတိုင်းပါပဲ၊ ၂ ရက်လောက်အိမ်ထဲမှာ ကိုမနေနိုင်ဘူး။ သူကိုညနေ ၃နာရီကြရင်သံရုံးသွားမလို့ လိုက်ခဲ့ပါအုံးလို့ဖိတ်ခေါ်လိုက်တော့မဆိုင်း
မတွပဲလိုက်ခဲ့မယ်ဆိုတာနဲ့ Bukik Batok ကနေသံရုံးကို ၂နာရီခွဲလောက် ၁၀၆ ဘတ်စ်ကားစီးဖို့ ထွက်လာခဲ့တယ်၊ မြန်မာသံရုံးကအများကြီးကိုတိုးတက်ပြောင်းလဲနေပြီ။( မောင်တိုင်ပင်သီးခြားရေး ပါအုံးမယ်) မကောင်းတဲ့အချိန်ကလည်းအားမလိုအားမရရေးခဲ့ပြီးပြီ၊ ဘာတွေ့ ရသလဲဆိုတော့ စေတနာ ပါပဲ။စေတနာပါပါနဲ့ အားထုတ်ရင်အောင်မြင်တာပါပဲ။ဒါပေမဲ့ စနစ်လေးတွေတော့လိုသေးတယ်။ဒါလည်းရေးပါအုံးမယ်။ မောင်တိုင်ပင်တို့ အဘိုးကြီး ၂ ယောက်စကားတပြောပြောနဲ့ ဘတ်စ်ကားစီးလိုက်၊လမ်းလျှောက်လိုက်နဲ့လာလိုက်တာ မြန်မာသံ
ရုံးမှာစနစ်တကျစောင့်ဆိုင်းနေတဲ့လူအုပ်ကြီးတွေ့တော့တာပါပဲ။ အချိန်ကြတော့ကောင်တာသွားလိုက်ပြီး ပတ်ပိုစ့် အသစ်ကိုယူခဲ့တာဘာမှ မကြာဘူး။ စင်းဒေါ်လာ ၁၅၀ တော့ပေးရပေမဲ့ ၂ရက်ပဲစောင့်ရတယ်။ ရန်ကုန်ပြန်မှ လဲရင် နှစ်သောင်း သုံးသောင်းလောက်ပဲကုန်မှာဖြစ်ပေမဲ့ ၂၁ ရက်တော့စောင့်ရမှာ
 သေချာတယ်။

သံရုံးကထွက်လာပြီးသူငယ်ချင်းနဲ့လမ်းခွဲထွက်လာတာတိုက်ခန်းရောက်တော့အပေါ်မတက်သေး
ဘူး၊ အောက်မှာ စောင့်ကြည့်နေသေးတယ်။ ၅း၃၀ လောက်ဆိုရင်အလုပ်သိမ်းကြပါတယ်။အိမ်
ကလူတွေအလုပ်ကပြန်လာပြီလေ။ နောက်တစ်နေ့လည်းရောက်လာရောတိုက်ခန်းပေါက်ဝမှာလူ
ငယ်တစ်ယောက်ရောက်လာတယ်။ သူတို့hacking လုပ်တာဘာများပြသာနာကြုံရသလဲလို့လာ
မေးတာ--အကြီးအကျယ်တော့မရှိပါဘူး၊မီးခွက်ရောင်ပြန်လေးတွေတော့ပြုတ်ကျလာပေမဲ့ ကိုယ်
ဖါသာပြန်တပ် လို့ရတဲ့အတွက်ပြန်တပ်လိုက်ကြောင်းပြောပြပါတယ်။ သူငယ်လေးကမောင်တိုင်ပင်တို့အိမ်သာအပေါ်မှာhacking လုပ်မှာ မို့လို့ ၃နာရီ
လောက် အိမ်သာကိုအသုံးမပြုဖို့မေတ္တာရပ်ခံတဲ့အကြောင်းပြောပါတယ်။ အိမ်သာထဲကကြွေ
ပြားတွေကို hacking လုပ်ပြီးခွာမှာဖြစ်တဲ့အကြောင်းပြောပါတယ်။ မောင်တိုင်ပင်လည်းရပါတယ်လို့
ပြောရတာပေါ့။မနေရဲတာနဲ့ကမန်းကတန်း ရေချိုးအ၀တ်လဲကာပစ္စည်းပစ္စယတွေယူပြီးအောက်ဆင်း
လာထိုင်နေရတာပေါ့။သူတို့ ကသတိပေးထားတော့ မတော်ပြုတ်ကျလာရင် ကိုယ်အသာဖြစ်တော့မယ်။
-တိုက်အောက်မှာ ခုံတန်းမှာထိုင်နေတုံး၆ တန်ကားကြီးရောက်လာတယ်။ နောက်တွဲပေါ်မှာ သဲ နဲ့ အုတ်တွေပါလာတယ်။သတ်သတ်ရပ်ရပ်ထုတ်ထားတာ--တစ်နိုင်သယ်လို့ရတယ်။ ပစ္စည်းတွေ
ချပြီးတော့ နောက်တွဲကြီး ကိုကားမှာပါလာတဲ့ကရိန်းနဲ့ ဖရိန်နဲ့ကွာသွားအောင်ချလိုက်တာ-
-နောက်တွဲကသီးခြားသူ့အထိုင်နဲ့ သူမြေကြီးပေါ်မှာကျန်ခဲ့တယ်။ ၆ တန်ကားကနောက်တွဲမပါပဲထွက်
သွားရော--မောင်တိုင်ပင်လည်းလေတဟူးဟူးနဲ့ဆိုတော့ ဘယ်မှသွားဖို့စိတ်မကူးတော့ဘူး။ခုံမှာပဲ
ထိုင်နေလိုက်မိတော့တယ်။ အပေါ်ထပ်အခန်း ကhacking လုပ်ပြီးထွက်လာတဲ့အကျိုးအပဲ့တွေ
ကို ကုလား ၄ ယောက်ကတွန်းလှဲနဲ့သယ်ပြီး ၈ထပ်ကနေဓါတ်လှေကားနဲ့အောက်ချကြတယ်။ တစ်ဆက်တည်းပဲနောက်တွဲပေါ်တင်လိုက်ကြတယ်။ဓါတ်လှေကားထဲမှာအောက်ခံပြားဘေးအကာ
၅ထပ်သားနဲ့သေချာကာပေးထားရတယ်။လုပ်တာကိုင်တာကမြန်လိုက်တာ-- နေ့တစ်ဝက်
လောက်မှာ နောက်တွဲပေါ်မှာ ပစ္စည်း တွေကသုံးပုံ နှစ်ပုံလောက်ရောက်နေပြီ။ မောင်တိုင်ပင်လည်း
သူတို့နားတဲ့အချိန်မှာ hawker centre မှာ သွားပြီးနေ့လည်စာ စားတယ်။ ပြန်လာတော့ hacking လုပ်နေတုံးဆိုတော့အပေါ်မတက်တော့ဘူး၊ ဒါနဲ့ ကုလားတွေလှည်းတွေနဲ့ခေါက်တုံ့ခေါက်ပြန်
သယ်နေတာကိုပဲထိုင်ကြည့်နေမိတော့တယ်။ ညနေ၃နာရီခွဲလောက်ကြတော့
ပြီးသွားရော--သယ်ရင်းပြုရင်ထွက်ကျကုန်တဲ့ သဲတွေခဲတွေကိုသေချာရှင်းလင်းဆေးကျောပါ
တယ်။ခဏနေလောက်ကြာတော့ ၆ တန်ကားကြီးပြန်ရောက်လာတယ်။ အပေါ်ထပ်ကသူတို့ဖျက်
လိုက်တဲ့အပုံ ကကားတစ်စီးစာကျော်တယ်၊ ဂျန်ဘိုအိတ်နဲ့ ထုတ်ထားက ၂လုံးရှိတယ်။ ကားကိုနောက်
ပြန်ထိုးပြီးနောက်တွဲကို ကရိန်းနဲ့မပြီး ဖရိန်ပေါ်မှာပြန်တင်လိုက်တယ်၊ ဂျန်ဘိုအိတ် ၂လုံးကိုလည်းနောက်ကားတစ်စီးနဲ့လာသယ်ခိုင်းလိုက်တယ်၊ ကားမာင်းသွားရင်လမ်းပေါ်မှာ
ဘာအစာတွေမြေကြီးတွေကမှ ကျခွင့် မရှိဘူး၊ဒါကြောင့် အကာအရံတွေကိုသေချာလုပ်တယ်၊
ဖြိုဖျက်ခြင်းလုပ်ငန်းကတော့ ၂ ရက်ပဲကြာပါတယ်။ဒီလုပ်ငန်းသက်သက်ကိုပဲလုပ်တဲ့ကုမ္ဗဏီဖြစ်
တဲ့အတွက်အလုပ်သမားတွေကကျွမ်းကျင်ကြပါတယ်။ HDB တိုက်ခန်းမှာ နဂိုမူလရှိ ရင်းစွဲကွန်က
ရစ်ကိုပြောင်းလဲလို့မရဘူး။ကြမ်းခင်းကိုကြွေပြားခင်းရင် သဲက ၆ လက်မထုလောက်ခင်းတယ်၊အဲ
ဒီအပေါ်ကမှ ကြွေပြားတွေကို ခင်းတယ်။cushion သဘောမျိုးဖြစ်သွားအောင်လုပ်တာ--အခန်းကို
ကြိုက်သလိုဖွဲ့ လို့ရတယ်။ HDB ရဲ့ကွန်ကရစ်ခင်း၊ဘေးကွန်ကရစ်နရံတွေကတော့နဂိုရှိမြဲအတိုင်းပဲ
ထားရတယ်။ ၂ရက်အတွင်းသူတို့လုပ်နည်းစနစ်ကိုကြည့်ရတာလုပ်ငန်းလည်းတော်တော်
တာသွားတယ်၊ ဘေးဘီကိုနှောက်ယှက်မှုအနည်းဆုံးနဲ့ လုပ်နိုင်တယ်။စနေ၊တနင်္ဂနွေ အလုပ်လုပ်လို့ မရဘူး၊ ဘေးအိမ်တွေရှိနေလို့--အဲတော့ လုပ်ငန်းတစ်ခုလုပ်တာဟာ စနစ်ပါပဲ။ စနစ်ကအဓိကပါပဲဆိုတာပြောချင်ပါတယ်။





No comments: