Friday, December 21, 2012

ဟိုရောက်ဒီရောက်အတွေးများ


ရီတော့ရီရသား--ကမ္ဘာကြီးပျက်မယ်ဆိုလို့ အရေးအကြောင်းရှိရင်မြေးကိုကျောင်းမှာပြေးခေါ်လို့ရ
အောင်ဘယ်မှမသွားဘူး၊အိမ်မှာပဲနေ နေရတယ်--မပြောနိုင်ဘူးလေ--နက်ဖြန်ဆိုရင်ရန်ကုန်ပြန်
အုံးမယ်ဆိုတော့လိုတာလေးတွေကိုအိမ်နားကဈေးတန်းမှာပြေးဝယ်ရသေးတယ်--ဒီတစ်ခေါက်
မြေးလေးကတော်တော်သိတတ်လာပြီ--ဗုဒ္ဓံသာရနံ ဂစ္ဆာမိ ကိုလည်းမပီကလာ ပီကလာအော်ကြီး
ဟစ်ကျယ်ဆိုသလို--ကျောင်းကခရစ်စမတ်နားနီးလို့ သင်ပေးတဲ့  ဂျင်ကလာဘဲလ်--ဂျင်ကလာ ဘဲလ် ကိုလည်းအော်ဆိုတတ်တယ်--မနက်ဆိုရင်အိပ်ချင်မူးတူးနဲ့ နံနက် ၇နာရီ ၄၅မိနစ်မှာကျောင်း
ပို့ရတယ်။အဖိုးကမျက်နှာသစ်ပေး--သွားတိုက်ပေးတော့လည်း မျက်လုံးမဖွင့်ဘူး၊ အိပ်ရက်နဲ့အော်
နေတတ်တယ်။ ကျောင်းရောက်ရင်ဆရာမ ကခုံရှေမှာထိုင်ခိုင်းတော့မှ မျက်နှာမဲ့ရှုပ်ရှုပ်နဲ့မျက်လုံး
ကပွင့်လာတယ်။ကျောင်းမ၀င်ခင်ဆရာမကအဖျားတိုင်းတယ်၊လက်ခြေတွေကို ဆင်သီစိုက်ဇာ ဖြန်း
တယ်။ပါးစပ်ဖြဲကြည့်တယ်။တရုတ်လို ပါးစပ်ဟဆိုရင်ဟတယ်။လက်ဖြန့်ဆိုရင်ဖြန့်တယ်။မြေးကတ
ရုတ်စကားနားလယ်တယ်။ နိဟောင်မား များပြောရင်တရုတ်အသံထွက် ကို မှန် လို့--အိမ်မှာလည်း
တရုတ်လိုပြောပေမဲ့ သူ့အမေကနားမလယ်ဘူးဆိုလို့ တခါတရံ အီး လိုပြောတယ်။သူခမျာ ဘာသာ
သုံးခုကြားမှာချာချာလည်နေတာပါပဲ။

 အခုလကစပြီးကျောင်းနေတာတစ်နှစ်ပြည့်သွားလို့ နာစရီ တန်းရောက်သွားပြီ--အကုန်ကိုယ့်ဖါသာ လုပ်တတ်အောင်သင်ပေးတော့မှာ--အိမ်မှာထမင်းကိုအမေနဲ့အဖေကခွံ့ပေမဲ့ကျောင်းမှာကိုယ့်ဖါသာ
ယူစားရတယ်။ တစ်လတစ်ခါမိဘတွေကိုကျောင်းကခေါ်တွေ့ပြီးခလေးအခြေအနေကိုပြောပြတယ်။
မြေးလေးကအလုပ်လုပ်ရင်သတ်သတ်ရပ်ရပ်လုပ်တတ်တယ်။ခိုင်းရင်လုပ်ချင်မှလုပ်တတ်တယ်၊
သူမလုပ်ချင်ရင်အများနဲ့ပေါင်းမလုပ်တော့ပဲသူဖါသာတစ်နေရာမှာ သွားဆော့နေတတ်တယ်။
ခလေးရဲ့ ကိုယ်နှုတ်အမူအရာ တွေကိုပြောပြတာပေါ့။ ခလေးကို “အော်တီဇင်” ဖြစ်သွားမှာစိုးရိမ်
ကြတယ်။ ဒါလည်းမိဘနဲ့ဆိုင်လိမ့်မယ်ထင်တယ်--ခလေးတွေဟာမိဘတွေလုပ်သလိုလိုက်လုပ်
တတ်ကြတယ်။ အော်တတ်ဟစ်တတ်တဲ့မိဘဆိုရင်ခလေးလည်းထွက်ပေါက်ရှာတာလားမသိ--
အော်တယ်၊ဟစ်တယ်၊ “ယူကျူ့“ ကြည့်တာလည်းမကောင်းဘူး၊ခလေးတွေပေါက်ကရလုပ်တာ
ကိုမိဘတွေကရိုက်ထားပြီးတင်ထားတာကိုကြည့်တယ်-- လိုက်လုပ်တယ်၊တခါတလေသူပေါက်
ကရအော်တာဘယ်ကတတ်လာပါလိမ့်လို့တွေးနေတာ--လားလား-- ယူကျူ့  ကဗီဒီယိုကလစ်မှာ
သူအော်တဲ့အတိုင်းပဲ၊ အဲဒီကအတုခိုးတာကိုး--

ကျောင်းကပြန်လာရင် အဖိုးပေးထားတဲ့ အိုင်ပက် ၁ နဲ့ အင်ဂရီးဘတ် ကိုဆော့တော့တာပဲ။သူနိုင်
ရင်အဖိုးဆီပြေးလာပြီး ဟိုင်းဖိုက် လုပ်တတ်တယ်။တစ်ခါတစ်ခါ သူဘယ်လိုလုပ်ပြီး အမှတ်အများ
ဆုံးကိုရအောင်လုပ်သလဲမသိဘူး၊အဖိုးကိုလာကစားခိုင်းရင် သူရထားတဲ့အမှတ်ဘယ်မီအောင်က
စားနိုင်မလဲ--အခုလူကြီးတွေစားတဲ့အတိုင်းထမင်းနဲ့ဟင်းကိုစကျွေးနေတော့ အဖိုးက မြေးလေးအ
တွက်ဟင်းကို မစပ်အောင်အရသာရှိအောင် ချက်ချက် ပေးရတယ်။ အဖေ့မြေးစားလိုက်တာတစ်
ပုဂံကြီးကုန်ရောဆိုပြီးလာလာပြကြတယ်။ အဖိုးကတော့ချက်ပေါ့-- ရန်ကုန်ပြန်သွားရင်အသား
ကျနေတာတွေအကုန်ပြန် ပြောင်းရတော့မယ်။ သူ့အဖွားသာရှိရင်သူလည်းလက်ပေါ်ကချမှာမဟုတ်
ဘူး၊ အဖိုးကမြေးလာထိန်းပေးပေမယ့်အကောင်းတော့အပြောမခံရဘူးဗျ-- အဖိုးရှိနေလို့စည်းကမ်း
ပျက်တယ်ဘာညာလုပ်ချင်သေးတယ်--စင်ကာပူမှာမောင်တိုင်ပင်လိုပဲမြေးလာထိန်းပေးနေတဲ့ ဦး
ဇော်ဝင်း နဲ့တွေ့တော့ ဒီအတိုင်းပဲပြောတယ်။“အကောင်းအပြောမခံရဘူး“တဲ့--

စင်ကာပူမှာနေရတာကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ပြီးနေရတယ်။တစ်ခုခုများဖြစ်ရင်ကုန်ကျ
စရိတ်ကများလွန်းလို့ ---နောက်တစ်ခေါက်ပြန်လာမှ ဆေးစစ်ကြည့်ရမယ်။ ပင်စင်ယူတာတစ်နှစ်
ပြည့်ခါနီးပြီ--ဒီမိုကရေစီရတဲ့အချိန် နဲ့ ပင်စင်ယူ တဲ့အချိန်နဲ့ ကိုက်နေတယ်လို့ဆိုရမယ်--နိုင်ငံခြား
နဲ့အလုပ်လုပ်ဖို့ပြည်တွင်းကခလေးတွေအများစုမှာအင်္ဂလိပ်စာဟာတော်တော်အားနည်းနေတုံးပဲ။
အလုပ်တစ်ခုလုပ်ရာမှာစနစ်နဲ့မလုပ်တတ်ကြသေးဘူး။ ရုံးလုပ်ငန်းစနစ်ဟာ ကိုလိုနီခေတ်ကပုံစံ
အတိုင်းပဲရှိသေးတယ်။ ခေတ်မီ လုပ်ငန်းအုပ်ချုပ်မှုစနစ် ကိုလုပ်ရကောင်းမှန်း၊ပြင်ရကောင်မှန်း၊မ
သိကြသေးဘူး၊စင်ကာပူ၊ထိုင်း၊မလေးရှားကအစိုးရရုံးကောပုဂ္ဂလိကရုံးတွေကောအုပ်ချုပ်မှုစနစ်
ကနိုင်ငံတကာမှာသုံးနေတဲ့ပုံစံမျိုးပဲ။ ကွန်ပျူတာပေါ်မှာပဲအလုပ်လုပ်ကြတော့တဲ့ရုံးလုပ်ငန်းစနစ်
ဖြစ်နေကြပြီ။

အကြီးအကဲကကွန်ပျူတာစကရင်ပေါ်မှာပဲ အီးမေးလ် ဘယ်သူဆီကလာလဲ၊ ဘာပြသာနာဖြစ်နေ
တယ်၊ဘယ်လိုဖြေရှင်းထားသလဲ၊ လိုအပ်ရင်ကွန်ပျူတာစကရင်ပေါ်မှာပဲ ဘာလုပ် ဘာလုပ်ဆိုပြီးပြော
လိုက်တာပဲ။လူချင်းတွေ့တာတချို့ဌာနတွေ မှာ နံနက်ပိုင်း ဘရီဖင်း လောက်ပဲရှိမယ်။ရုံးဆင်းလို့အိမ်
မပြန်ခင်ဒီကနေ့ ဘာလုပ်ခဲ့တယ်၊ ဘာလုပ်ထားတယ် ဆိုတာကို အီးမေးလ် နဲ့အစီရင်ခံလိုက်ယုံပဲ။
ပြည်သူနဲ့နေ့တိုင်းထိတွေ့နေရရင် သိသာထင်သာမြင်သာတဲ့စနစ် တစ်ခုကိုဖန်တီးထားရမယ်၊ အပြင်က သတင်းတွေနားထောင်နေပြီး ပြင်ဖို့ လိုရင်ပြင်ရမယ်၊ ကနဦးငွေကြေးကုန်ကျမှုကိုနှမျော
နေလို့မရဘူး၊ မိမိရဲ့စနစ်ထဲမှာ ဘာတွေများအောက်ကလိကာ အာကလိအောက်ဖြစ်နေသလဲဆို
တာအသံပြန်နားထောင်ရမယ်။ဥပမာ ရဲစခန်းကအကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာလို
မျိုးပါရမယ်လို့ရေးထားသလား၊နှစ်ပေါင်းများစွာအရိုးစွဲနေတဲ့ အကျင့်စရိုက်တွေအတိုင်း တစ်ထပ်
တည်းဖေါ် လို လုပ်နေတာလား၊ ဒါကိုအကြီးအကဲက လေ့လာနေရမယ်။ မောင်တိုင်ပင်တို့ ရုံးတွေ
တော်တော်များများဟာ ရာထူးကြီး လာရင်အစည်းအဝေးတွေနဲ့အချိန်ကုန်ရတာများပါတယ်။ အစိုးရဌာနတွေရဲ့အစည်းအဝေးတွေဟာ သေဘော်ညှိတာမျိုး၊ ကိုယ့်ဆီကိုတစ်ချိန်ကြရင်ဘက်
ပြန်ကန်လာမှာစိုးရိမ်တာမျိုး၊အလုပ်လုပ်နေတယ်လိုလူအထင်ကြီးအောင်လုပ်တာမျိုး တွေဖြစ်နေတယ်၊ ညွှန်ချုပ်တစ်ယောက်က တာဝန်ယူပြီး တခြားဌာနကညွှန်ချုပ်ဆီ ကိုဖုံးတိုက်
ရိုက်ဆက်ပြီးလုပ်ငန်းညှိလိုက်တာမျိုး လုပ်လို့မရဘူးလား--- ရပါတယ်၊အစည်းအဝေးခေါ်နေတာ
အချိန်ကုန်ပါတယ်။ မောင်တိုင်ပင်အလုပ်လုပ်တုံးက အလုပ်လုပ်တဲ့ဝန်ကြီးတွေဆိုချက်ချင်းဖုံး
ကောက်ဆက်ညှိတာပဲ၊အပေါ်မှာ တော့ပြီးသွားရော၊အောက်ရောက်တော့ဝန်ကြီးမသိလို့ မလုပ်ရဲ
သေးဘူး၊ ၀န်ကြီးကညှိပြီးနေပြီ၊ ညွှန်ချုပ်အဆင့်မှာ ဘာမှစလုံးရေမစရသေးတော့အောက်ခြေပြည်
သူတွေမှာစောင့်ပြီးရင်းစောင့်ပေါ့၊ ဘာတတ်နိုင်မှာ လဲ၊ မြန်မာပြည်သူတွေရဲ့သည်းညည်းခံနိုင်မှုအ
တိုင်းအတာကို မက်ဂနီကျူ့ နဲ့သာတိုင်းကြည့် ရင်စံချိန်တင်လောက်မယ်ထင်တယ်။

ရန်ကုန်ပြန်ခါနီးရောက်တတ်ရာရာတွေလျှောက်ရေးနေတာဟိုရောက်ဒီရောက်ပဲ။ မြန်မာပြည်မှာ
စီးပွားရေးလုပ်ဖို့ ငွေအရင်းအနှီးလောက်လောက်ငှငှ မရှိဘူး၊ ဘဏ်တွေကလည်းအပေါင်မရှိရင်
မချေးနို်င်ဘူး၊ဘဏ်တော်တော်များများကလည်းအပေါင်မပါပဲ ပရိုဂျက် တင်ပြယုံနဲ့ ချေးရဲတဲ့အစဉ်
အလာလည်းမရှိဘူး၊ချေးခွင့် လည်းပြုမထားဘူး၊ မြန်မာမှာအကြီးဆုံးဘဏ်တောင်နိုင်ငံခြားကအ
လတ်စားဘဏ်လောက်တောင်အရင်းအနှီးမရှိဘူး။ တကယ်နင်လား  ငါလားလုပ်မယ်ဆိုရင် ငွေအရင်းအနှီး ကဘယ်မှာ လဲ--အခုဖြစ်နေတာကအစိုးရကအသုံးစရိတ်နည်းနေတာပဲ။ အခြေ
ခံအဆောင်အဦတွေဆောက်ဖို့ငွေဘယ်ကရမလဲ--နိုင်ငံတကာဘဏ်တွေကချေးငွေတွေကအလုံး
အရင်းနဲ့ဝင်မလာနိုင်သေး--ရန်ကုန်၊နေပြည်တော်၊မန္တလေးလမ်းပဲကြည့်---ပြုပြင်စရာတွေကျန်သေး
တယ်၊လေဆိပ်၊ရထားလမ်း၊ဆိပ်ကမ်း၊မြို့ပြစီမံကိန်း၊ဆက်သွယ်ရေးစနစ်၊လူထုကျန်းမာရေး၊ပညာ
ရေး ဒီလုပ်ငန်းအားလုံးအတွက်လှည့်ပတ်ရင်းနှီးငွေလိုတယ်။ကမ္ဘာဘဏ်၊အေဒီဘီ၊စသည့်ဘဏ်
တွေကလည်းငွေချေးဖို့ ဟန်ပြင်နေကြတုံးပါ။ ကြက် နဲ့ ကြက်ဥအစဘယ်လိုရှာရမလဲ ဖြစ်နေသလို
မြန်မာစီးပွားရေး အီ နေတာလည်းဒီသဘောမျိုးပါ။ပြင်ပကနိုင်ငံခြားငွေကြေးတွေပြည်တွင်းကိုဒလ
ဟောမ၀င်လာသရွေ့ မောင်တိုင်ပင်တို့စီးပွားရေးဟာလှုပ်လှုပ်ပဲရှိနေအုံးမှာ ပါ။ ဘာကြောင့် မ၀င်
လာသေးတာလဲ၊ ဒါကလည်း နိုင်ငံရေးစနစ် အပေါ်အများကြီး မှီနေပါတယ်။ အိမ်နီးချင်းပေါက်ဖေါ်
ကြီးကိုအားကိုးနေရာက အဝေးတစ်နေရာကအန်ကယ်ဆမ်ကြီးကပဲ နေ့ချင်းညချင်း မြန်မာစီးပွား
ရေးကိုအာချလောင် ဆိုပြီးလုပ်တော့မလိုလို--အရင်ကအပေါင်းအသင်းဖြစ်ခဲ့ပြီး သူ့အဖေကြီးက
မပေါင်းနဲ့ဆိုတာနဲ့ လာချင်ကပ်ချင်သော်လည်းပဲ ချိုချဉ်လေးပေးလိုက် မြေပဲယိုလေးပေးလိုက်နဲ့
အကဲစမ်းနေတဲ့ ဂျပန်ကြီးကပဲစက်မှုဇုန်တွေအကုန်လာလုပ်တော့မလိုလို၊ နောက်မှာ အသစ်ပေါ်
လာတဲ့ ဂျင်စော တို့ကလည်းအောက်ဈေး ၀င်နှိုက်နေတာမျိုး လိုလို နဲ့ အားလုံးမစားရ ၀မခန်း
မြန်မာ့စီးပွားရေးကိုလာကလိနေကြပါတယ်။

နှစ်ပေါင်းကြာလှစွာချိနဲ့နေတဲ့မြန်မာစီးပွားရေးကလည်းအမေရိကန်ပါမောက္ခပြောသလိုမြန်မာတွေ
စီးပွားရေးဆိုတာမလုပ်တတ်သေးဘူး၊ အရင်ကလုပ်ဖို့အခွင့်အလန်းလည်းမရှိခဲ့ဘူးလေ--ခရိုနီ လုပ်
ရင်လုပ်မလုပ်ရင်ဘယ်လောက်တော်တော်မြန်မာ တိုင်ကွန်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊
အရင်ကဆရာကြီးတွေကို ဖရီးရှယ်ယာ ပေးရတယ်၊သားသမီး တွေကို တတ်တာမတတ်တာ
နောက်ထား အထွေထွေမန်နေဂျာလောက် စီအီးအို လောက်ပေးထားရတယ်၊ အမျိုးတွေရယ်၊ မနိုင်
ရင်ကာလူကြီးဆွေမျိုးတွေ နဲ့  စီမံခန့်ခွဲတဲ့ ခရိုနီ စီးပွားရေး ဘယ်ကလာပြီး အဆင့်မီ စီးပွားရေး
ဖြစ်လာမှာလဲ--အဲတော့ပြောလည်းပြောချင်စရာပေါ့၊ ၂၀၁၅ကြရင်အက်ဖ်တာလာမယ်၊အဲဒီအချိန်
ကြရင်မြန်မာ့ စီးပွားရေးပိုလုပ်ရကိုင်ရကြပ်မယ်နဲ့ လူတွေစိုးရိမ်ကြ၊ပြင်ဆင်ကြ၊ ဖိုရမ်တွေလုပ်ပြီးရွှီး
ကြ၊နဲ့ --- ၂၀၁၅ရောက်လာတော့ကော-- ??နဂိုကတည်းကပုံပျက်ပန်းပျက် (ဒစ်စတော့တစ်)ဖြစ်
နေတဲ့ မြန်မာ့စီးပွားရေး ကဘယ်မှုလိမ့်မလဲ၊ ပုံစံကျကျ စနစ်တကျလာ ၀င်လာတဲ့ ပြည်ပကလာ
တဲ့စီးပွားရေးတွေကို ဒစ်စတော့တစ် စီးပွားရေးပုံစံ နဲ့ ပြန်တိုက်လိုက်ရင် ဘာခံနိုင်မှာ လိုက် လို့-စီးပွားရေးကိုစနစ်တကျလုပ်တတ်တဲ့နိုင်ငံကနေ ရန်ကုန်မပြန်ခင်မြန်မာ့စီးပွားရေးကိုဝင်က
ညော့ကြည့်တာပါ၊ စာရေးနေတုံး မိုးကလည်းချိန်းလိုက် အသံအကျယ်ကြီးပဲ၊ကမ္ဘာပျက်တယ်ဆို
တာဒါများလားလို့----

(ဒေါက်တာစိုးမင်းအရေးအသားမျိုးကိုသဘောကျလို့ရေးကြည့်တာ--သူလောက်တော့ဘယ်ထိမိမလဲလေ)



No comments: