း
စင်ကာပူ Land Transport Authority LTA ရဲ့ဆောင်ပုဒ်က We keep your world moving ပါ-- မောင်တိုင်ပင်ကတော့ အိန္ဒိယနိုင်ငံသား ကလယ်ကုလားတွေဟာ We keep Singapore moving လို့ဆိုရင် ရ နိုင်ပါလိမ့်မယ်--သမီးတို့မိသားစု ကလင်မီတီရပ်ကွက် အိမ်အသစ်ပြောင်းလာတော့အခုဒီစာစုရေးနေချိန်ထိအိမ်နောက်မီးဖိုကနေကြည့်လိုက်ရင်အိန္ဒိယနိုင်ငံသားတွေ car parking ကို major maintenance အနေနဲ့အသစ်တည်ဆောက်နေတာအပြီးသတ်တော့မှာဖြစ်ပါတယ်--
စင်ကာပူနေရာတကာမှာကလယ်ကုလားတွေပဲအလုပ်လုပ်နေကြတာတွေ့ရပါတယ်--နေရာကျဉ်းကျဉ်းလေးမှာပြည်သူတွေအသွားအလာမပျက်အောင်အလုပ်လုပ်တတ်ကြပါတယ်--ကားလမ်း သုံး lane ရှိရင်ပြင်ဆင်မဲ့ တစ် lane ကိုပဲ barrier တွေကာပြီးမြေတူးတယ်--မြေတွေဖယ်ထုတ်တယ်--အောက်ခံမြေအသားသေအောင်လုပ်တယ်--ကွန်ကရစ်လောင်းဖို့လိုရင်ကွန်ကရစ်လောင်းတယ်-- အုတ်စီဖို့လိုရင်အုတ်စီတယ်--ကွန်ကရစ်လောင်းတယ်ဆိုရင်မဆလာဖျော်တာနည်းပါတယ်-- concrete mixer ကြီးခေါ်လိုက်ပြီးလောင်းလိုက်တာပါ-- ကတ္တရာထပ်ပိုးလွှာခင်းဖို့လိုရင်လည်း ကတ္တရာခင်းတဲ့ကားသေးသေးလေးရောက်လာပြီးခင်းတော့တာပါပဲ--လမ်းတွေပြင်ရင် ရေမြောင်းတွေပြုပြင်ရင် public အသွားအလာမပျက်အောင်လုပ်တတ်တဲ့အလေ့အကျင့်ကိုသဘောကျပါတယ်--good maintenance practice လို့ခေါ်မလားမသိဘူး--တခါတလေလမ်းတွေပြုပြင်တဲ့အခါ cold milling process နည်းနဲ့ပြင်ဖို့ လိုနေတဲ့လမ်းအလွှာကိုလှီးထုတ်ပြီးထပ်ပိုးလွှာပြန်ခင်းတဲ့ process ကိုသုံးကြပါတယ်-- မန္တလေးကလမ်းတွေပြင်တဲ့အခါ ဒီနည်းတွေသုံးနေကြတာတလောက Facebook မှာဖတ်လိုက်ရပါတယ်--မောင်တိုင်ပင်တို့ရွှေမန်းကတော့ တော်တော်ခေတ်မီတယ်-- precast ရေမြောင်းတွေတောင်လုပ်နေတာတွေ့တယ်--လမ်း ၈၀ တရုတ်တန်းကရပ်ဆွေရပ်မျိုး ဦးရုံစိန်သားဒေါက်တာရဲလွင်တို့ မြို ့တော်ဝန်ဖြစ်လာတော့ခေတ်မီတိုးတက်လာတာမဆန်းပါဘူး-- ဒါတောင်အစပိုင်းမှာအကြောင်းမသိတဲ့သူတွေရဲ့ အတိုက်အခိုက်ကိုတော်တော်ခံလိုက်ရသေးတယ်--
စင်ကာပူတစ်ကျွန်းလုံးသန့်ရှင်းရေးလည်း ကလယ်ကုလားတွေပဲဗျ-- construction ဆိုရင် ၈၀%လောက်ရှိမယ်ထင်တယ်--ဒီအိန္ဒိယအလုပ်သမားတွေဟာသူ့အပိုင်းတွေမှာ skilled workers တွေဖြစ်တယ်--လက်ကျောလည်းတင်းကြသလို team work အနေနဲ့လုပ်တဲ့ အုပ်ချုပ်မှုစနစ်ရှိတယ်--လစာကလည်းကောင်းသလိုအလုပ်လုပ်ရတာလည်း သူ့ norm နဲ့လုပ်ရတယ်နဲ့တူတယ်--car parking တွေပြင်တော့ အောက်ခင်းကအုပ်ကွက်တွေခင်းတယ်-- မိုးရွာရင်မိုးရေ မြေကြီးထဲရောက်သွားအောင်ကွန်ကရစ်ကအပြည့်မခင်းဘူး-- အုပ်ကွက်တွေကြားထဲ ကပ်ကပ်သပ်သပ် မြက်တောင်စိုက်လို့သူတို့ team ထဲမှာ landscaping သမားတောင်ပါသေးတယ်--သူတို့နားရက်က တနင်္ဂနွေတစ်ရက်ပဲဗျ-- အဲဒီနေ့ကြရင်ဝတ်ကောင်းစားလှတွေဝတ်ပြီး ဖါးတွေနဲ့ အ တွေနဲ့တွဲလျှောက်လည်ကြတော့တာပါပဲ--ဒီအလုပ်သမားတွေရှိနေလို့သာစင်ကာပူနိုင်ငံ သန့်ရှင်းသပ်ရပ် နေ့စဉ်လည်ပတ်နေနိုင်တယ်လို့ ဘေးကကြည့်သောသူတွေမြင်ကြပါတယ်--
မြန်မာလူငယ်မျိုးဆက်တွေကိုလည်းခေတ်မှီ earth moving machine အကြီးအလတ်အသေးတွေကိုကောင်းစွာကိုင်တွယ်မောင်းနှင်နိုင်အောင်လေ့ကျင့်ပေးတဲ့ training center တွေရှိလာအောင်တချိန်တည်းတပြိုင်တည်းပေါ်ထွက်လာအောင်လုပ်ပေးဖို့လိုပါတယ်--patching လုပ်တဲ့အလုပ်မျိုးတွေမှာပဲ ဘိလပ်မြေစပ်ပြီးဖျော်ကြတာကိုတွေ့ဘူးပါတယ်--maintenance လုပ်ကတည်းကဒီနေ့ လုပ်ငန်းအတွက်စင်ကာပူနိုင်ငံရဘိလပ်မြေဖျော်ပြီးသား ကုဗပေ ဘယ်လောက်လိုမယ်ဆိုတာတွက်ချက်ပြီးသားနဲ့တူတယ်-- အားလုံး timing ကိုက်ရောက်လာတယ်-- လုပ်ကြတယ် -- သတ်မှတ်ထားတဲ့ အလုပ်ပမာဏပြီးသွားရင်ရပ်လိုက်တယ်နဲ့တူတယ်-- ရှုပ်ပွနေတာတွေဘာမှမတွေ့ရနော့ဘူး-- လမ်းပြင်တဲ့နေရာမှာဆိုရင်လမ်းအမှတ်အသားတွေတောင် ညနေအလုပ်ပြီးချိန်မှာဆွဲပြီးသားဖြစ်နေပြီ-- နောက်နေ့ ဆက်ရမယ်ဆိုရင် barrier တွေကာရံထားပြီးစက်ကိရိယာကိုသိမ်းတာကအစ ကျစ်ကျစ် လစ်လစ် ဖြစ်အောင်သိမ်းဆည်းကြရပါတယ် -- ညနေအလုပ်ပြီးချိန်ဆိုရင် နဂိုအတိုင်းသပ်သပ်ရပ်ရပ် ကျန်ခဲ့ပါတယ်--
မောင်တိုင်ပင်စဉ်းစားမိတယ်-- ဒီလူတွေသာမရှိရင်စင်ကာပူဘယ်လိုများနေမလဲလို့-- ဒီလိုပဲ ဘဘကြီးလီကွမ်ယူလည်းစဉ်းစားခဲ့ပါလိမ့်မယ်--နိုင်ငံခြားသားတွေမရှိရင် စလုံးဆိုတဲ့နိုင်ငံမရွေ ့နိုင်တော့ပါ--သူ့နိုင်ငံသားတွေအားသာချက်ကတော့ ပညာရေးစနစ်ပါ-- အလွန်အားကောင်းပါတယ်--သူ့နိုင်ငံသူ့အထွာနဲ့ လုံလောက်တဲ့ပညာရေးစနစ်ကို အမြဲတန်း ကြံဆတွေးတောတည်ဆောက်နေပါတယ် --အခုဆိုရင် early childhood education ကိုဇောင်းပေးနေပါတယ်-- အနာဂတ်လူငယ်တွေအတွက်တည်ဆောက်နေတာဖြစ်လို့ အားလုံးက စင်ကာပူပညာရေးစနစ် ကိုစိတ်ဝင်စားနေပါတယ်-- ကဲ ကျနော်တို့ရဲ့ ပညာရေးစနစ်ကကော ဘယ်ကိုဦးတည်နေပါသလဲ--ရှင်းရှင်းပဲမြင်တာပြောပါမယ် -- ပညာရေးလောကမှာ ထက်မြက်တဲ့ ဘာကိုမှ ဘယ်သူကိုမှမကြောက်တဲ့ (အမေစုအပါအဝင်) ခေါင်းဆောင်လိုပါတယ်-- အခုခေါင်းဆောင်အားမရပါ-- နောက်ပညာရေးလောကမှာ အရင်ကတည်းကဒီဂျီတွေအတွင်းဝန်တွေဟာ career educator တွေဖြစ်ရပါမယ်-- မိုးကျရွှေကိုယ် တွေမရှိသင့်တော့ပါ--ပညာရေးကလူတွေသိပါတယ်-- ခင်ညွန့်လက်ထက်မှာမိုးကျတွေအများကြီးဝင်လာပြီး ပညာရေးလောကတစ်စိပ်တစ်ဒေသ ပျက်စီး ရ ပါတယ်--ဖျက်ဆီးပစ်ခဲ့တယ်လို့မောင်တိုင်ပင်တို့ယူဆပါတယ်-- ကျောင်းဆရာ ဦးတင်ညွန် ့တို့အသိဆုံးပါ-- ကဲ-- အစုံပါပဲ ကလယ်ကုလားတွေ အလုပ်လုပ်ပုံ ကစခဲ့ပြီး ပညာရေးစနစ်တည်ဆောက်တဲ့အထိ အတွေးအမြင်လေးတွေကို နံနက်အိပ်ရာအထမှာရေးမိခဲ့ပါပြီ--
(ကလယ်ကုလားလို့ခေါ်တာနှိမ်ပြီးခေါ်ခြင်းမဟုတ်ပါ--တမိလ်းတွေမြောက်ပိုင်းသားတွေကိုခေါ်တာဖြစ်ပါတယ်)
Posted by MaungTaing Pin at Thursday, November 29, 2018
Labels: စင်ကာပူကအလုပ်သမား
No comments:
Post a Comment