Sunday, February 6, 2011

ဘိုးဘိုးမြေးရဲ့မျိုးဆက်ပုံရိပ်

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့မှာ တစ်နှစ် ပြည့်တော့မဲ့ ဘိုးဘိုးမြေး ပုလုံးလေး ကိုဘိုးဘိုးမိဘ တွေအကြောင်း ကိုပြောပြချင်တယ်။ မြေး လေး မမှီလိုက်တဲ့ဘေး တွေလို့ ဆိုရင်မမှား ဘူးပေါ့။ ပုလုံးလေးကြီး လာတဲ့အချိန်ကြရင်မြေးလေး ရဲ့မျိုး ဆက်နွယ်အကြောင်းသိရတာ ပေါ့။ ဘိုးဘိုး အဖေက မြန်မာစာပါမောက္ခ ဦးချမ်းမြ အမေက ဒေါ်ခင်မေ တောင်ငူသားနဲ့ မန္တလေးသူတို့အကြောင်းပါကြတာ။ အဖေကမြန်မာစာ ဆရာကြီးဦးပွား၊ ပါမောက္ခဦးဖေမောင်တင် တို့ရဲ့တပည့် ရင်း၊ သူခေတ်သူ့အခါက မဟာဝိဇ္ဖာကိုဂုဏ်ထူးတန်းနဲ့ အောင်ခဲ့တာ။ အမေကမန္တလေးတက္ကသိုလ်မှာ အင်တာအောင်ခဲ့ပြီးဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ကျောင်းဆက် မတက်တော့ပဲကျောင်းထွက်ခဲ့ရတာ။လူထုဒေါ်အမာနဲ့ မန္တလေး ABMကျောင်းမှာကတည်းက အတူတူ၁၀တန်း အောင်ခဲ့ကြတာ။အမေဆုံးခါနီးဆေးရုံတက်တော့ သူငယ်ချင်းဖြစ်သူ ဒေါ်အမာလူနာလာမေး သေးတယ်။

ဘိုးဘိုးအဖေကောအမေကောအင်မတန်ရောင့်ရဲတင်းတိမ်ကြတယ်။လောဘတော်တော် နည်းကြတယ်။ သား သမီး တွေက အဖေနဲ့အမေရောင့်ရဲကြတော့အတူနေ သမီးအငယ်ကအားမရဘူး။ကြီးလာတော့မှာကိုယ်ကိုယ် တိုင် ရောင့်ရဲ တင်းတိမ်ပြီးလောဘမရှိကြတာဟာအင်မ တန်မှအေးချမ်းပါလား ဆိုတဲ့အသိတရား ရလာ တော့မှအဖေနဲ့ အမေကို ကျေးဇူးတင်မိတယ်။ အမေက မိုးကုတ် ဆရာတော် ဦးဝိမလရဲ့တရားတွေ နားထောင်၊စာအုပ်တွေဖတ်တော့ပိုပြီး တော့တောင် လောဘမရှိငြိမ်းချမ်း တယ်။ အမေကအဖေကို အတော်လည်း ချစ်ပုံရတယ်။ ကိုချမ်း၊ကိုချမ်း နဲ့အတော် ဂရုစိုက်တယ်။အဖေမဆုံးခင် ၂-၃နှစ်လောက်က ရေတိမ်ကိုစောစီး စွာမကုမိ လို့မျက်စေ့ကွယ်သွား ရှာတယ်။ ဒီအတွက်သားသမီး ၃ယောက်လုံးမှာတာဝန်ရှိ တယ် လို့ယနေ့ထိခံစားနေရပါတယ်။

အဖေကစာတော်တော်ဖတ်တယ်။ကိုယ်ပို်င်စာအုပ်စင်ရှိတယ်။ မန်းတက္ကသိုလ်အမှတ်(၉) နတ်ရှင်နောင်လမ်း
အိမ်မှာ နေတုံးက အဖေကုတင်ခြေရင်းမှာစာအုပ်စင်ရှိတယ်။မတ်ရပ်မီး အိမ်ကိုကိုယ်တိုင်လုပ်ပြီးအောက်မှာ ပက်လက် ကုလားထိုင် နဲ့စာဖတ်တာ။အဖေလောဘ ကတော့စာဖတ်တာစာရေးတာထင်တာပဲ။မြန်မာစာနဲ့
ပတ်သက်တာသုတေသနလုပ်တော့ မယ်ဆိုရင်စာအုပ်ရှည်ကြီးထဲမှာရေးမှတ်ထားတယ်။ကြာလာတော့အဲဒါတွေ
ကအဖေ့ရဲ့မှတ်တမ်းတွေဖြစ်သွားတာပေါ့။ အဖေစာရေးရင်အင်္ဂလိပ်ခေတ်မှာကျောင်းတက်လာလို့ လားမသိ ဘူး။လက်နိုပ်စက်နဲ့စာရေး တယ်။စနစ်တကျတော့မဟုတ်ဘူး။ဒါပေမဲ့လက်နိုပ်စက်စာမူတော့ထွက်လာ တာ ပဲ။ ဘိုးဘိုး လည်းကွန်ပျူတာမှာ မြန်မာလို ဇော်ဂျီ နဲ့ Win Researcherကိုကောင်းကောင်းရိုက်နိုင် တယ်။ အဖေတူလို့ လားမသိဘူး။စာရေးတာ၊သုတေသနလုပ်ရတာဝါသနာပါတယ်။ အဖေတို့ လက်ထက်က သားသမီး ၃ ယောက် ကိုအဖေ့ လုပ်စာတစ်ခုထဲနဲ့ကောင်းကောင်း ပြုစုပျိုးထောင်ပညာသင်ပေးနိုင်ခဲ့တဲ့ အပြင်ပင်စင်ယူ တော့နေစရာ တိုက်တောင်ဆောက်နိုင်ပြီး သားသမီးတွေကို အမွေပေးခဲ့နိုင် တယ်။ မန္တလေးဝိဇိတာရုံကျောင်းမှာ မြကေတု ကျောင်း ဆောင်တစ်ဆောင်ဆောက်လှုနိုင်တဲ့ အပြင်အမွေရတာနဲ့ နေစရာအိမ်လေးတွေဘိုးဘိုးတို့ ဆောက်နိုင်ခဲ့တယ်။ အခုခေတ် လိုအကြံအဖန်တွေမရှိတာကတော့ဘိုးဘိုးတို့အသိဆုံးပဲ။ အဖေက အနေ အထိုင်မှာ စည်းစနစ်ရှိတော့ ဘိုးဘိုး လည်းစည်းစနစ်နဲ့ပဲနေတတ်တယ်။

သားသားမေမေကိုလည်း ဘိုးဘိုးကသေချာလေ့ကျင့်ပေးထားတော့စည်းကမ်းရှိရှိစနစ်တကျ နေတတ်တယ်။ အဖေရဲ့မော်ရစ်မိုင်နာကားစိမ်းလေးဟာရိုရိုသေသေစီးတော့ပင်စင်ယူ တဲ့အထိတော်တော်လတ်ပါတယ်။ အလုပ်လုပ်နေစဉ်တုံးကအဖေ့သူငယ်ချင်းဦးဘစန်း ကလုပ်ပေးလို့မော်တော်ကားသွင်းကုန်လိုင်စင်ရဘူးတယ်။ အစိုးရ ဆီက အခွင့်အရေးရတာ အဖေတစ်သက်မှာ အဲဒီတစ်ကြိမ်ပဲရှိတယ်။ဘိုးဘိုးလည်း အလုပ်ဝင်ခါစက ဘီ၃၆၀ လေးဘီး ကားလေးမဲ ပေါက်တယ်။ယုံကြမလားတော့ မသိဘူး၊ နှစ်ပေါင်း၃၀ကျော် လုပ် သက် မှာအစိုးရ ဆီကရတာ ဒီတစ်ခုပဲ။မြေကွက် လည်းမရဘူး၊တိုက်ခန်း လည်းမရဘူးဘူး။ ဘိုးဘိုးတို့ သားအဖ နှစ်ယောက် ကံတူအကျိုးပေးလေ။အခုခေတ် လိုမြေတွေ၊ကားတွေ၊ တိုက်ခန်းတွေမရဘူးလေ။ အဖေက ရန်ကုန် ဆင်းပြီး အော်တိုကားမှာဘောက်ဆော ဗစ်တာကားမှာစီးတယ်။ ထောင်ဂဏန်းလောက်ပဲ။ မမှတ်မိ တော့ဘူး။ အ၀ါရောင် harvest yellow လေးပဲ။ ၆ လ ၁နှစ်လောက်စီးပြီး ရောင်းပစ်လိုက် တယ်။ အသစ်ဆို တော့ဥစ္စာ ခြောက်တယ် ဆိုပြီးရောင်း၊မော်ရစ် မိုင်နာတစ်ပတ်ရစ် ၀ယ်စီးတာ လေ။ အမေကတော့ အိမ်ရှင်မကောင်းတစ်ယောက်ပဲ။ နတ်ရှင်နောင်လမ်းအိမ်မှာ ဘိုးဘိုးတို့ငယ် ငယ်ကဦးလေး အောင်ထွန်း လာနေတယ်။ အဖေက တောင်ငူက ခေါ်လာတာ။

သူနဲ့လူပျိုဘ၀ထဲကနေလာတာ။နောက်ထမင်းချက်ကဒေါ်စောလှ၊သမီးတစ်ယောက်ရှိတယ်။ ယောက်ျားနဲ့ကွဲနေ တယ်။ အိမ်ဘေးက လူတစ်ယောက်နဲ့ကြိုက်နေပြီး ညတစ်ညမှာ စကားများကြတာနဲ့ အိမ်ဘေးက ထနောင်းပင်မှာ ဇွဲကြိုးချပြီး ကိုယ့်ကိုယ်ကိုသတ်သေပါလေရော။ တက္ကသိုလ် ၀န်းထဲမှာဟိုးလေး တကျော်ပေါ့။ အမေလည်း လက်ရုံး ပြုတ်သွား ရှာတယ်။ ကျန်ခဲ့တဲ့ သမီးမမြင့်ဌေးကိုတော့ အဖွားအိမ်မှာဆက်ထားရတာပေါ့။ နောက်ထမင်းချက်က မလုံတဲ့အမေ သင်ပေးထားတော့ ကောင်းကောင်းချက်တတ်တယ်။

အမေကညမနက်ဟင်းမထပ်ဘူး။ဘိုးဘိုးမိန်းမရတော့ဘွားဘွားတို့ကညမနက်တခါတည်းချက်ထားတာ။ညနေ ကြရင် မိသားစုစုံမှ စားရတယ်။ ထမင်းစားချိန်ပြန်ရတယ်။ နည်းနည်း အသက်ရလာတော့ မြို့ထဲ အလည်ထွက် တာနဲ့မိသားစုမစုံတော့ အမေကဆူတယ်။ ဘိုးဘိုးညီဘိုးလေးစိုးက အလည်လွန်ဆုံး။ နောက်ဆုံး စား တာ ကတော့ ဦးလေးအောင်ထွန်းပဲ။ သူကညကျောင်းမှာChemistry ဌာနက lab technicianဆိုတော့ အိမ်ပြန်နောက်ကျတယ်လေ။ သူကအမဲသားစားတယ်။ဘိုးဘိုးတို့ ကအမဲသားမစားဘူး။ သူအမဲသားဝယ်ပြီး ငရုတ်သီးစပ်စပ်နဲ့ကျော်ပြီးကြောင်အိမ်ထဲထည့် ထားတာ။ ဘိုးဘိုး တို့ ကကြောင်အိမ်ဆွင့် ပြီး ခဏခဏခိုးစားဘူးတယ်။ သူပိုးနေတဲ့ဗောဓိကုံးကဒေါ်လေး (နောင်သူ့မိန်းမ)အိမ်သွားတာလည်း ပါတာပေါ့။အမေက ဖွယ်ဖွယ်ရာရာချက်တတ်တယ်အ ဖေကြိုက်တတ်တာလည်းပါသလို သားတွေ သမီးကြိုက် တာတွေ လည်း ချက်တတ်တယ်။ သမီးဖြစ်တဲ့ဘွားကျွဲကတော့ အမေတူလို့နဲ့တူတယ်။ ဟင်းကိုဖွယ်ဖွယ်ရာရာ ချက်တတ်တယ်။ ဘိုးဘိုးကတော့ဘွားဘွားနဲ့ရပြီး ဘွားဘွားပုံစံသွင်း သလိုပဲနေတတ်ရတော့တယ်။ တစ်နှစ်မှာ အမေအသည်းအသန်မမာတော့တာပဲ။ အားနည်းသွေးတိုးရောဂါလေ။အမေက ဆေးကျောင်းတက်နေတဲ့ သမီးဖြစ်သူကို အဖေကိုစောင့်ရှောက်ဖို့မှာ တယ်။သူ့မှာရောဂါဖြစ် တော့စိတ်မချနိုင်ဘူးနဲ့ တူတယ်။ နောက်ဆုံးအဖေက သိမ်ဖြူဆရာတော်ကြီးဆီခေါ်သွား တယ်။ အမေမှာသိမ်ဖြူဆရာတော် ကယ်တဲ့အသက်ပဲ ရှိတော့တယ်။သိမ်ဖြူဆရာတော်ပြောတဲ့အတိုင်းတသွေ မတိမ်း လိုက်နာ တယ်။ ဆေးမှန်မှန်သောက်တယ်။ ဒီအစာမစားနဲ့ဆိုရင် လုံးဝ မတို့ဘုး၊ယောင် လို့တောင်မစားဘူး။ အားနည်းသွေးတိုးဖြစ်ပေမဲ့ သိမ်ဖြူဆေးနဲ့ပဲ ထိမ်းသွားတာအသက်ရှည်တယ် လို့ပြောရမှာပါ။ အဖေကျန်းမာတာကတော့ အမေချက် ကျွေးတာပဲစားတယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ စိတ်ကမြန်မာစာပေမှာ။ stress မှ မရှိတာပဲ။ အဖေအမြဲပြောတဲ့ စကားကတော့ ငါ့မှာ စိတ်ယုတ်မာမမွေးဘူး၊ စိတ်ထား ကောင်းကောင်းမွေးတယ်။ ဒါကြောင့်ငါသေရင်ငရဲ ဘယ်တော့မှမကျနိုင်ဘူးတဲ့။ ဒါသူ့အတွေးအခေါ်လေ။

ဒီခေတ်ဆရာတော်ဦးသုနန္ဒွဟောကြားတဲ့ဝိပသာနာတရားတွေအရသေခါနီးအသေတတ် ဖို့ အရေးကြီး တာကတော့ မှန်တာပေါ့။ ဘိုးဘိုးတို့ဒီအသက်အရွယ်ရောက်တော့ ဘိုးဘိုးတို့ လျှောက်ခဲ့တဲ့လမ်းကို ကြည့်မိ တယ်။ အဖေ တို့ခေတ်ကလိုမအေးချမ်းတာကတော့အမှန်ပါပဲ။ အလုပ် လောဘကြီးကြ လို့ လား။ မဟုတ်ပါ။ ဘိုးဘိုးတို့အဖေခေတ်ကအကုန်မပျက်စီးသေးဘူး၊ စိတ်ဓါတ်လည်းမြင့်မား ကြတယ်။ ကိုလိုနီခေတ်က အလုပ်အရှိန်အဟုန်ကလည်း ရှိနေတုံးပဲ။ အလုပ်အရှိန်အဟုန်ဆိုတာဘာလဲ၊သိလား။ အမေရိကားက သူဌေးကြီးဘိလ်ဂိတ်စ်ဟာ မြန်မာပြည်မှာမွေးရင် သူဘာဖြစ်မလဲ။ သူ၂လုံးထီ ၃လုံးထီပဲထိုးနေရမှာ။ မြန်မာကဘိုးဘိုးတို့ တွေအမေရိကား ပညာတော်သင်သွားရတော့ အမေရိကန်ကျောင်းသားတွေကို မှီအောင်လိုက်ရာမှာ ပထမ၃လတော်တော်ကြိုး စားရတယ်။ ၆လလောက်ကြာတော့ မှီလာတယ်။ တစ်နှစ်လောက်လည်း ကြာလာကော သူတို့ကိုမမှုတော့ဘူး။ နောက်တစ်နှစ်ခွဲလောက်လည်း ရောက်ရော သူတို့ကို ကျော်တက်သွားနိုင်ပြီ။ ဒါဘာလဲဆိုရင် အရှိန်အဟုန်ရှိနေလို့ပဲ။ facilities တွေဖြစ်တဲ့စာကြည့် တိုက်၊အင်တာနက်၊သင်ကြားပုံစနစ်၊ စတာတွေက ပြည့်စုံနေတော့ အသာလေး အရှိန်အဟုန်နဲ့ လိုက်သွားယုံပဲ။ ဘာမှမပြည့်စုံတဲ့ဘိုးဘိုးတို့နိုင်ငံမှာ ဘိလ်ဂိတ်စ်သာကြီးပြင်းလာရ ရင်၂လုံးထီ ရောင်းတာလောက်နဲ့ပဲ ဘ၀ကိုပြီးဆုံးသွားရမှာ။

ဘိုးဘိုးအဖေကစာအုပ်တွေတော်တော်များများရေးထုတ်ခဲ့တယ်။သူခေတ်ကကျောင်းသားတွေပြောတာကတော့ စာသင်တာလည်းကောင်းတယ်လို့ပြောတာပဲ။အဖေစာသင်ရင်အရင်တုံးကခေါင်းပေါင်းပေါင်းတယ်။အဖေကတယောလည်းတော်တော်ထိုးတတ်တယ်။တယောထိုးရင်မြန်မာခလေးချော့
သီချင်းတွေဆိုခဲ့တယ်။

ဘိုးဘိုးတို့ငယ်ငယ်တုံးက အဖေခလေးချော့သီချင်းနဲ့ ဘိုးဘိုးတို့ကိုသိပ်ခဲ့လားဆိုတာတော့အမေကမ ပြောပြဖူး ဘူး။ မန္တလေးတက္ကသိုလ်မှာရွှေပြည်ဦးဘတင်ရဲ့နန်းမူနန်းရာအကြောင်း စနေနေ့တိုင်းဟောပြောပွဲလုပ်ရင် အဖေ မအားရတော့ ဘူး။စာအုပ်ရှည်ကြီးနဲ့လိုက်တေးမှတ် တော့တာပါပဲ။ မှတ်တာလည်းမြန်တယ်။ လုံးစေ့ပတ်စေ့မှတ်ထားတာ။နောက်မှတိတ်ရီကော့ဒါပေါ်လာမှအခွေ သွင်း ထားတာ။ အဖေရဲ့အမျှော် အမြင်ကြီး တာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဟောပြောချက်တွေကို မှတ်တမ်းထားနိုင်ခဲ့ တယ်။သူလည်း စာအုပ်တွေ ရေးစရာ ကုန်ကြမ်းရတာပေါ့။ မလိုသူတွေ (အထူးသဖြင့် ကွန်မြူနစ်တပည့်တွေ)ကရွှေပြည်ဆရာကြီးဆီက ခေါင်းပုံဖြတ်တယ် ဘာညာပြောပါ သေးတယ်။တစ်ယောက်ကတော့ပြောတယ်။သူမှတ်သား ပြီးရေး လို့ငါတို့ဖတ်ရတာ ကျေးဇူးတောင်တင်သေးလို့ပြောကြပါတယ်။အကုန်နီးပါးပါပဲ။ သေတဲ့သူသေ၊ ပြည်ပြေး ဖြစ်တဲ့သူဖြစ်နဲ့ပါ။ အဖေကမြန်မာစာတော့မထိနဲ့။ စကားပြောသလို ရေးကြမယ်ဆိုတော့ လုံးဝမထောက်ခံဘူး။ အခုသူ့သားဘိုးဘိုးကစကားပြောသလိုရေးရတာ လက်တွေ့နေသလိုပဲ။ အသက်၆၀ကျော် လာတော့ အဖေ၆၀ကျော်တုံးကအခြေအနေကိုပြန်စဉ်းစားကြည့်မိတယ်။အဖေစာ တွေဖတ်၊စာတွေရေးနေတုံးပဲ။ မြန်မာစာ သုတေသနကိုရေးရတာလက်တွေ့ပုံရ တယ်။တခါတလေအဖေက မြန်မာစာမယူဘူးတဲ့ သူ့သားကြီး ဘိုးဘိုးကိုမြန်မာစာသုတေသနအကြောင်းတွေပြောပြ တတ်တယ်။တပည့်တွေများလာလို့ကတော့ စကားမပြတ် တော့ဘူး။သူဆီမကြာမကြာလာတတ်တဲ့ တပည့်တစ်ယောက်ရှိတယ်။ ဦးစိန်သီဦးတဲ့။သူ့ နဲ့ ဆိုရင်ထိုင်ရာမထ မြန်မာစာ သုတေသနအကြောင်းတွေပြောတတ်တယ်။ အမေကတော့ မကြိုက်ဘူး။ သူဖတ်လေ့ရှိတဲ့ ဦးဝိမလတရားစာအုပ်တွေဖတ်စေချင်တယ်။ဒါပေမဲ့ အဖေတို့ တရားရှိပုံကို ပြောပြချင်တယ်။ အမေဆုံး တော့ဖျာနဲလိပ်ပြီးချ လိုက်တဲ့။သမီးက မတော်ပါဘူး၊ အဖေရယ်လို့ပြောရတယ်။

သူကတကယ်တော့တရားရှိပါတယ်။ လောကဓံတရားကိုခံနိုင်ရည်ရှိပုံရပါတယ်။သို့သော် လည်းအမေ အသုဘ ချပြီး ပြန်လာတော့ အမေကိုသူသတိရကြောင်းပြောတာကိုခေါင်းထဲကမထွက်ဘူး။သူ့ရင်ထဲ မှာ ဘယ်လောက် ပူဆွေးနေမှန်မသိဘူး။ ဒါကြောင့် ၅၅ ရက်ပဲကွာတယ်၊ အဖေလည်းအမေ နောက်ကိုလိုက်သွား တာပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ခရီးဖေါ်ဘွားဘွားဆုံးထားတော့ ဘိုးဘိုးလည်းကိုယ်ချင်းစာ တယ်လေ။ ဒါကြောင့် ဘိုးဘိုးလည်း အိုမင်းမစွမ်းဖြစ်တဲ့အထိလူ့ပြည်မှာမနေချင်ဘူး။ဘိုးဘိုးကတော့ အမေလိုပဲ အသေတတ် အောင် ၀ိပသာနာကိုအားကိုးချင်တယ်။ ဘိုးဘိုးသူငယ်ချင်းချာလီသက်ရှည်ကို ဘိုးဘိုးအားကျတယ်။ တစ်နှစ်မှာ တရားစခန်းမှာနေတဲ့ ရက်ကတော်တော်များတယ်။ ဒီလိုတရားရှိတာကြောင့် လည်းအဖေဆုံးတော့ ဘာအုတ်ဂူမှမလုပ်တော့ဘူး၊တပည့်တွေကတော့ အမှတ်တရလုပ်ချင်ကြ တယ်။ အဖေရဲ့လောဘနည်းပုံ၊ တရားရှိပုံ တွေကိုသိတဲ့သားသမီးတွေကမလုပ်ပါနဲ့တော့၊ အဖေဆန္ဒကို မဆန့်ကျင်လိုလို့ပါလို့ပဲပြောလိုက် ရတော့တယ်။ ကဲပုလုံးရေ၊ သားသားကြီးလာရင် ဘိုးဘိုးရဲ့အဖေနဲ့အမေအကြောင်းကိုတော့မြည်းစမ်းဖတ် ကြည့်ပါ။

1 comment:

တောင်ငူသား said...

ဆရာကြီး (ဦး) မြကေတု ရဲ့ အကြောင်းတွေ အခုလို ဖတ်ရတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ နောင်လည်း အလျဉ်းသင့်သလို ထပ်ရေးပါဦး ဘဘ။