
မနေ့ညက့ ဘိုးဘိုးလေ မြန်မာ MRTV4 5 movies ကလာတဲ့ ကုလားကားကိုကြည့်နေတာ။ ၁၂နာရီကျော် သွားပြီးပုလုံးမွေးနေ့ ရက် ကို ကူးသွား တာမသိလိုက်ဘူး။ ဒါနဲ့ မြေးလေးအထိမ်းအမှတ် blog ရေးအုံးမှလေ ဆိုပြီ ရေးတာပါ။ မနက် ၂ နာရီမှ အိပ်ရာဝင်ရတယ်။ဘိုးဘိုး ကကုလားကားကို ကြည့် လေ့ မရှိဘူး။ ဒါပေမဲ့ဇာတ် ကဆွဲဆောင်သွားတော့ အဆုံးထိကြည့်ဖြစ် သွားတယ်။ ဇာတ် လမ်း ကတော့ ၉နှစ်ရွယ် သွားခေါလေးနဲ့ ကုလားလေး အီရှန်အကြောင်းပါ။ ခလေး ကလည်း သရုပ်ဆောင်တာပီ ပြင် သလိုမင်းသားကလည်း သရုပ် ဆောင်ကောင်းတယ်။ ခလေး မိဘက သား၂ယောက် ရှိတယ်။ သားအကြီး ကစာတော်တယ်၊ အားကစားမှာ ထူးချွန်တယ်။ သားအငယ် အီရှန် handicap ဖြစ်နေတာ မိဘတွေကမသိဘူး။ ကျောင်းမှာ ဆရာတွေကလည်း ခလေး စာမ လိုက် နိုင်တာ အကြောင်း ရင်း ကိုမရှာဘူး။ ခလေး ကို ပဲဖိဆူ ဖိပြောနေတော့ ကြာတော့ ခလေး ကကြောင် နေပါ ရော။ ကျောင်း အုပ် ကြီး ကအစ ခလေး စာမ လိုက် နိုင်ရင်ကျောင်း ထုတ်ပစ်မယ်လို့မိဘ တွေကိုခေါ်ပြောတော့ အဖေ ကသားအငယ် ကို ဆိုင်းမဆင့် ဘော်ဒါ ကျောင်း ကို နှစ်ဝက်မှာပဲပြောင်း ပို့ လိုက်တယ်။ ဘော်ဒါကျောင်းမှာ စည်းကမ်း ကပို တင်းကြပ်တော့ခလေးမှာပို ဆိုးဆိုးလာတယ်။ ဒါနဲ့ ဘော်ဒါကျောင်းကပန်းချီသင်တဲ့ဆရာပြောင်းသွားတော့ အနီးအနား ကhandicap ခလေးတွေနေတဲ့ ကျောင်း ကပန်းချီဆရာတစ်ယောက် အစားထိုး ခေတ္တလာသင်တယ်။သူကမင်းသားပေါ့။ အဲဒီမှာ ဆရာက အီ ရှန် ကို သတိပြုမိပြီး ခလေးဘာကြောင့် handicap ဖြစ်နေရသလဲဆိုတာစိတ်ဝင်စားခဲ့တယ်။ ဒါနဲ့ မိဘတွေ အိမ် အထိလိုက်သွားပြီး အီရှန် အခြေအနေ ကိုစုံစမ်း ခဲ့တယ်။ အီ ရှန် ဟာပန်းချီ ဆွဲ အင်မတန်တော်တာ ကိုသိလာရပြီး အိမ်မှာ အီရှန်ဆွဲတဲ့ ပန်းချီကားအချို့ ကို ယူလာခဲ့တယ်။သူရဲ့ အတွေးအခေါ်ဟာခလေး တစ်ယောက်နဲ့ မတူတာ ကို သတိပြု မိလာ တယ်။အီရှန် ရဲ့ အခက်အခဲကစာလုံးတွေကိုချက်ချင်းမမှတ်မိတာပဲ။ တခါတလေမှန်ထဲမှာ မြင်ရသလိုမျိုးပြောင်းပြန်တောင် ရေးမိ တယ်။ ပန်းချီဆရာက စိတ်ရှည်ရှည်နဲ့ ခလေး ကို ပြုပြင်ပေးတယ်။
ကျောင်းအုပ်ဆရာကြီးနဲ့ တခြား ဆရာတွေကိုလည်းကူညီဖို့ ပြောတယ်။နောက် ဆုံးတော့ခလေး ကတိုး တက်မှုတွေရှိ လာတယ်။နောက်ဆုံးဘော်ဒါကျောင်းမှာဆရာတွေကော၊ကျောင်းသားတွေကော ပန်းချီဆွဲ ပြိုင်ပွဲ ကိုဆရာကြီး က ဦးစီးကျင်းပပေးတယ်။ ပြိုင်ပွဲ မှာ အီရှန် ကပထမ၊ ပန်းချီဆရာက အီရှန်ပုံတူ ကို ဆွဲတာက ဒုတိယ ရတယ်။ ပထမရသူ အီရှန် ကိုခေါ်တော့ကျောင်းသားတွေကြားထဲမှာ ပုန်းနေသေးတယ်။ နောက်မှ ထွက် လာပြီး ဆုယူတယ်၊ သူပန်းချီသင်ပေးတဲ့ ဆရာကိုပြေးဖက်တယ်။ဇာတ်လမ်းလေးကတော့မဆန်း ပါ။ ဒါပေမဲ့ ဒီကုလားကား ကို ကြည့် ရင်းမြေးလေးပုလုံး ကိုသတိရလာတယ်။ တနေ့က Nge - Naing ရဲ့ blog မှာ သူသားဘာကြောင့်အင်္ဂလိပ်လိုပဲပြောပြောနေရသလဲဆိုတာကိုရေးထားတာဖတ်ရတယ်။ အတွေးအခေါ်၊အရေး အသား ကောင်းတယ်။ အခု သူမရဲ့ blog ကို မကြာခဏ ၀င်ကြည့် ဖြစ်တယ်။ ခလေး ကို ဆုံးမတဲ့ အခါ သူတို့ ကို နား လည်အောင် ကိုယ်ကအရင် လုပ်ပြီးမှ ဆုံးမသင့်ကြောင်း အဓိကရေးထားတာပါ။ ပုလုံးအမေ ဆီ forward လုပ် လိုက် တော့ဖတ်ပြီး ပြီ တဲ့။ တော်ပါသေးတယ်၊ ဒီလို အဖိုးတန်တဲ့ စာကောင်းပေမွန်ရှိ တဲ့ blog တွေကို ၀င်ဆတ် လေ့ ရှိ လို့။ ဒါပေမဲ့ ပုလုံးသာ blog ထဲကခလေး လိုဆိုးရင် တီးပစ် လိုက်မယ် လို့ပြောသေးရဲ့။ ဘိုးဘိုးပြောချင်တာကခလေး ကိုဆုံးမရင် ခလေးကိုအရင်နားလည်အောင်လုပ်ပြီးမှဆုံးမ လို့ ပြောချင်တာ။
အခုဆို ပုလုံးကလမ်းလျှောက်တတ်ပြီဆိုတော့တောက်တောက်နဲ့ဆော့တော့တာပဲ။ကျန်းမာတဲ့ခလေးဆော့တာ
မဆန်းပါ။ အမူအရာကလည်းလုပ်တတ်သေးတယ်။ အင်း ငါ လည်းဝေးနေသေးလို့သာ။ နီးနီးနေရင် လည်း မျက်စေ့နောက်မှာပဲ။ကုလားကားမှာ လည်းမိဘတွေ၊ဆရာတွေခလေးတွေအပေါ်မှာ သူတို့ဖြစ်စေချင်သလိုဆန္ဒ မစောမိကြဖို့ ပညာပေးထားတာပါ။ အိုင်းစတိုင်းတို့၊ လီယိုနာဒါဗင်ချီ တို့ဟာ လည်းငယ်ငယ်ကကျောင်းစာ ကိုကောင်းကောင်း မ လိုက်နိုင်ကြပါဘူး။ အခုခေတ်မိဘတွေကသားသမီး တွေ ကိုကျောင်းစာနဲ့ပတ်သက်ပြီး
ကြပ်ကြပ်မတ်မတ်လုပ်ကြတာကောင်းပါတယ်။ဒါပေမဲ့ မိဘတွေကခလေးကိုနားလည်းခံစားတတ်ဖို့ လိုပါတယ်။ ခလေး ဆိုတာ သူအကျိုးပေးနဲ့ သူလာကြတာပါ။
ပုလုံးလေးတစ်နှစ်ပြည့် ပြီ၊ ဘ၀တစ်လျှောက် လုံးကျန်းမာသန်စွမ်းပြီးဥာဏ်ရည် ထက်ပါစေ။
No comments:
Post a Comment