Wednesday, October 22, 2014

စင်ကာပူပညာရေးတစ်စေ့တစ်စောင်း

မောင်တိုင်ပင်မြေးအကြီးက ၄နှစ် ၇လရှိပါပြီ။ စင်ကာပုထုံးစံအတိုင်းခလေး ၃နှစ်လောက်
ရောက်တော့ အထိန်း ကိုပြန်လွှတ် လိုက်ပြီး NTUC (National Trade Union Congress)
ကဖွင့် တဲ့ My First Skool ဆိုတဲ့ကျောင်းကိုပို့လိုက်ပါတယ်။ ၃ နှစ်တောင်မပြည့်သေးတဲ့
ခလေးကိုကျောင်းပို့လိုက်လို့အဖေနဲ့သမီးအချေအတင်ဖြစ်ကြသေးတယ်။ ဒါပေမဲ့ အဖိုး
ဆိုတာ ဆိုင်ရုံပဲဆိုင်တာလေ--မပိုင်ဘူး၊အမြင်မတော်တာလေးတွေလောက်ပဲဝင်ပြောပိုင်
ခွင့်ရှိတော့တယ်။ဒါကလည်းမောင်တိုင်ပင်အနေနဲ့ စင်ကာပူထုံးစံ၊စင်ကာပူကကျောင်း
တွေအကြောင်းမသိလို့ပဲနေလိမ့်မယ်လို့မိမိကိုယ်ကိုနှစ်သိမ့်ပြီး My  First Skool website ကိုဝင်ကြည့်မိပါတယ်။




                                                               My First Skool logo ပါ--

My First Skool ကျောင်းတွေဟာစင်ကာပူရပ်ကွက်တိုင်းလိုလိုမှာတည်ထောင်ဖွင့်လှစ်
ထားပါတယ်။နှစ်ပေါင်း ၃၀ ကျော်အတွေအကြုံရှိပါတယ်။ ခလေးတွေရဲ့ ခလေးဘ၀အ
စောပိုင်းကာလတွေမှာလိမ္မာယဉ်ကျေးတဲ့နိုင်ငံသားတစ်ယောက်  အဖြစ်လူမှုဘ၀ပတ်ဝန်း
ကျင်နဲ့လိုက်လျောညီထွေရှိအောင် အခြေခံတွေကိုလေ့ကျင့်ပေးတဲ့ကျောင်းတွေလို့ဆိုရင်
မမှားပါဘူး။ ကျောင်းအချိန်ကလည်းနံနက် ၇နာရီ ကနေညနေ ၇နာရီအထိဖြစ်တာကြောင့်
ခလေးတွေအတွက် ၁၂နာရီဆိုတာအတော်ကြာသောကာလတစ်ခုဖြစ်ပါတယ်။သို့သော်
ခလေးတွေကိုကျောင်းမှာပျော်အောင်အစီအစဉ်မျိုးစုံဖန်တီးပေးထားပါတယ်။မိဘတွေက
အလုပ်မသွားခင် ၇နာရီခွဲ ၈နာရီလောက်မှာကျောင်းလာပို့ပြီး ညနေရုံးဆင်းချိန် ၅း၄၅ နာရီ --၆နာရီလောက်မှာ မိဘတစ်ဦးဦးကလာကြိုကြပါတယ်။ အဖိုးအဖွားရှိတဲ့မိသားစုတွေက
တော့ အဖိုးတွေအဖွားတွေလာပို့ကြ ကြိုကြပါတယ်။

ပထမစစချင်း My First Skool ဆိုတဲ့သတ်ပုံအမှားကြောင့် ဘာကြောင့်များဒီအမည်ကို
ပေးတာပါလိမ့် လို့စဉ်းစားမိသေးတယ်။နောက်--သူတို့ website မှာဖတ်ကြည့်မှ ခလေး
တွေအနေနဲ့ စာလုံးအသံထွက်ကိုမှန်မှန် အသံထွက်နိုင်အောင် နဲ့ နောက်တစ်ခုကခလေး
တွေအနေနဲ့အမှားတစ်ခုလုပ်မိတယ်ဆိုရင်အရမ်းကြီးမကြောက်မိစေဖို့ ဖြစ်ကြောင်းရှင်း
လင်းထားပါတယ်။

My First Skool ကျောင်း တွေမှာခလေးတွေကိုမွေးပြီးခါစ ၂လ ကနေ ၆ နှစ်အထိလက်ခံ
သင်ကြားပေးပါတယ်။  အစောပိုင်းကာလခလေးဘ၀ early childhood နဲ့သက်ဆိုင်တာ
ကြောင့်ဒီကျောင်းတွေဟာ မိဘ နဲ့ ကျောင်းအကြားပေါင်းစပ်လုပ်ကိုင်မှုစနစ်တွေကိုစနစ်
တကျဆောင်ရွက်လေ့ရှိတာကိုတွေ့ရပါတယ်။ My  First Skool ကျောင်းမှာအတန်းတွေ
ကိုအောက်ပါအတိုင်းခွဲခြားသတ်မှတ်ပေးထားပါတယ်။

အသက် ၂ လ            မှ         ၁၈ လထိ                 infants
အသက် ၁၈ လ         မှ          ၃၀ လထိ                 toddlers
အသက် ၃၀ လ         မှ          ၃ နှစ်ထိ                 Playgroups
အသက်                                 ၄ နှစ်                     Nursery
အသက်                                 ၅ နှစ်                     K1
အသက်                                 ၆ နှစ်                     K2

မောင်တိုင်ပင်မြေးက အသက် ၂နှစ်ခွဲကျော် ကျောင်းစနေတော့  toddlers ကစနေရပါ
တယ်။နောက် playgroups--အခုဆိုရင် nursery အတန်းကိုရောက်နေပါပြီ။ကျောင်းကို
ရောက်တာနဲ့ ကျန်မာရေးကိုစစ်ဆေးပါတယ်။အပူချိန်တိုင်းပါတယ်၊ပါးစပ်ဟခိုင်းပြီး အနာရှိ
မရှိကြည့်ပါတယ်။ လက်နဲ့ ခြေထောက်ကို ပိုးသတ်ဆေးဖြန်းပေးပါတယ်။ အပူချိန်ရှိရင် အနာတွေတွေ့ရင် ပြန်လွှတ်ပါတယ်။ ကျောင်းမှာပဲ နံနက်စာ၊နေ့လည်စာ ကျွေးပါတယ်၊ အဲဒီလိုကျွေးတဲ့အခါ Health Promotion Board ကထောက်ခံတဲ့ အစားအစာတွေကို
ကျွေးပါတယ်။ မကြာခဏလည်း ဒီကျောင်းတွေဟာ Healthy Eating Award များချီး
မြှင့်ခံရတတ်လေ့ရှိပါတယ်။ ကျောင်းမှာအလှည့်ကျရေချိုးရပါတယ်၊ နေ့လည် ၁၂ နာရီကနေ ၃ နာရီထိ အိပ်ရပါတယ်။

ခလေးကျောင်းသွားရင် အ၀တ်တစ်စုံ၊မျက်နှာသုတ်ပုဝါ၊diaperအလွတ်၊ရေဘူး၊
(စားစရာထည့်မပေးရပါဘူး)တွေထည့်ပေးရပါတယ်။playgroups မှာတက်နေတုံး ခလေး ကို diaper လွတ်အောင်ချေးပါသေးပေါက်ကို ကိုယ်ဖါသာလုပ်တတ်အောင်ကျောင်းနဲ့ မိဘတွေအကြား interaction ကိုတစ်ပတ်လောက်လုပ်လိုက်တာနဲ့မြေးက I want to pass urineဆိုပြီးအော်တတ်လာပါတယ်။အိမ်မှာခလေးထိုင်ကမုတ်လေးနဲ့ဆိုတော့အ
ဆင်ပြေပါတယ်။ပထမ ပိုင်းမှာဘောင်းဘီထဲပေါက်ချတာရှိပေမဲ့ တစ်ပတ်လောက်အတွင်း
အဆင်ပြေသွားပါတယ်။ ဒါဟာ မိဘတွေနဲ့ ဆရာမတွေအကြားပူးပေါင်းဆောင်ရွက်
မှုကြောင့် အောင်မြင်မှုတစ်ခု ရရှိတာဖြစ်ပါတယ်။

မောင်တိုင်ပင်စင်ကာပူမှာရှိနေချိန်ဆိုရင်မြေးကိုအမြဲကျောင်းပို့ပေးရပါတယ်။နေ့လည်ပိုင်း
အိပ်ရတော့ခလေးကအိပ်ရာဝင်အမြဲနောက်ကျပါတယ်၊မနက်အိပ်ရာထချိန်ဆိုရင်မနည်းနှိုး
ရပါတယ်။စနေ၊တနင်္ဂနွေဆိုရင် နံနက် ၉ နာရီ ၁၀ နာရီလောက်မှထကြပါတယ်။သူတို့
ကျောင်းတွေကခလေးတွေကို PETAL Playing, Exploring, Thinking and Applying
Learning  နည်းလမ်းတွေအသုံးပြုသင်ပေးတာဖြစ်ပါတယ်။ My  First Skool ကျောင်းဟာ
ခလေးပညာသင်ကြားရေးမှာ မိဘတွေပါပူးပေါင်းပါဝင်လာအောင် နည်းလမ်းပေါင်းစုံ
အသုံးပြုပါတယ်။

ခလေးတွေလွယ်အိတ်ထဲမှာ communication booklet လေးအမြဲထည့်ပေးထားပြီးမိဘ
တွေကိုအဲဒီ booklet တွေကိုဖတ်ကြည့်ဖို့ အမြဲလိုလိုတိုက်တွန်းလှုံ့ ဆော်လေ့ရှိပါတယ်။
ဒီ booklet တွေဟာမိဘ နဲ့ ဆရာမတွေအကြားခလေးရဲ့ တိုးတက်မှုတွေကိုအတူတကွ
ပူးပေါင်းဆက်သွယ်ဆောင်ရွက်မှုတစ်ခုလို့ပြောလို့ရပါတယ်။တခါတလေကျောင်းနဲ့ပတ်
သက်ပြီးကျေညာတဲ့စာရွက်စာတမ်းတွေတွဲပေးတတ်ပါတယ်။မောင်တိုင်ပင် စင်ကာပူမှာ
 ရှိနေရင်တော့ အဲဒီ booklet ကိုဖတ်ကြည့်ပါတယ်။ playgroup အတန်းမှာဆိုရင်ခလေး
အနေနဲ့ကျောင်းမှာဆရာမတွေ၊သူငယ်ချင်းတွေ၊နဲ့ဘယ်လိုဆက်ဆံတတ်တယ်၊သူအမူအ
ကျင့်တွေကဘယ်လိုရှိတယ်ဆိုတာရေးလေ့ရှိပြီး မိဘကပါပူးပေါင်းပါဝင်စေချင်တယ်ဆိုရင်
မိဘတစ်ဦးကျောင်းလာကြိုတဲ့အချိန်မှာဆွေးနွေးလေ့ရှိပါတယ်။မကြာခဏဆိုသလို
သူတို့အတန်းဖေါ်တွေနဲ့အတူတူ ၂ယောက်စီလက်တွဲပြီး ကျောင်းပတ်ဝန်းကျင်လမ်းလျှောက်လေ့
လာရေးပြုလုပ်လေ့ရှိပါတယ်။လမ်းမှာတွေတဲ့ ငှက်တွေ၊ကြောင်တွေပစ္စည်းတွေကိုတွေ့ရင်
ဆရာမတွေကအမည်ဘယ်လိုခေါ်တယ်၊ဘာဆိုတာရှင်းပြတတ်ပါတယ်။ အိမ်နားမှာ
birds corner  ဆိုတာရှိပါတယ်။စင်ကာပူတရုတ်အဖိုးကြီးတွေဟာ ငှက်လှောင်အိမ်လေး
တွေအပြင်ထုတ်လာပြီး bird corner မှာချိတ်ထားကြပါတယ်။အဲဒီနေရာရောက်ရင်
ရပ်ပြီးခလေးတွေကိုရှင်းပြပါတယ်။

စင်ကာပူမှာတရုတ်စာ၊တရုတ်စကားကိုအားပေးနေချိန်ဖြစ်လို့ကျောင်းမှာ တရုတ်ဆရာမ၊
အင်္ဂလိပ်ဆရာမများရှိပါတယ်။မြေးကအင်္ဂလိပ်လိုတော့ကောင်းကောင်းနားလည်တယ်၊စ
ကားလည်းပြောနိုင်ပါတယ်၊တရုတ်စကားတော့ကျောင်းမှာဆရာမနဲ့ အပြန်အလှန်ပြောနိုင်
ပါတယ်၊အိမ်မှာတော့မပြောပါဘူး၊နိုင်ငံခြားသားကျောင်းသားဖြစ်ပြီးတရုတ်လိုအတော်ပြော
နိုင်လို့သူ့တရုတ်ဆရာမ ကအမြဲချီးကျူးတတ်ပါတယ်။

နောက်တစ်ခုက Parents workshop တွေကိုတစ်နှစ်မှာ   ကြိမ်လုပ်ပါတယ်။ခလေး
တွေပြုစုပျိုးထောင်မှုနဲ့ပတ်သက်ပြီးဆွေးနွေးပွဲတွေလုပ်ပါတယ်။ခလေးစိတ်ပညာနဲ့ပတ်
သက်ပြီးဆွေးနွေးကြတဲ့ ပွဲတစ်ပွဲတော့တက်ဘူးပါတယ်။ မိဘတွေတက်ရောက်တာဖြစ်လို့ သူတို့ ခလေးတွေရဲ့ problems တွေ issues တွေကိုအပြန်အလှန်ဆွေးနွေးပါတယ်။ နောက် လေ့လာရေးခရီးတွေ အဖေများနေ့ အမေများနေ့ စတဲ့ အထိမ်းအမှတ်ပွဲတွေ မှာ ခလေးတွေနဲ့ဆရာမတွေပါဝင်ပြီး ကပွဲတွေ လုပ်ပေးတဲ့အခါမိဘများကိုဘိတ်ကြားပြီး မိမိတို့ခလေးတွေ ရဲ့ တိုးတက်မှုအခြေအနေတွေကို လက်တွေ့ ပြသပါတယ်။စင်ကာပူ
 ရဲ့ အထင်ကရနေရာတွေကို playgroups မှာတုံးကမိဘတစ်ဦးဦးပါဝင်ပြီးလေ့လာရေး
ခရီး နေ့ဝက်လောက် ကိုစီစဉ် ပေးလေ့ရှိပါတယ်။မိဘအချင်းချင်းတွေ့နိုင်တယ်။ စင်ကာပူ
မှာ အလုပ်လုပ်တဲ့မိဘတိုင်းခလေးငယ်ရွယ်တုံးအချိန်မှာ ခလေးနဲ့ ပတ်သက်တဲ့ child leave  ကတစ်နှစ်မှာ ၆ ရက်လောက်ရပါတယ်။ ခလေးဖျားရင်ဖြစ်စေ ခလေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ရန်ဖြစ်စေ
 လျာထားပေးထားတာပါ။ မြေးလေး  Nursery အတန်း ကိုရောက်တော့ မိဘ မပါပဲ
 Zoo, Botanical Garden စတဲ့နေရာတွေကိုလေ့လာရေးသွားဖို့စီစဉ်ပေးပါတယ်။နောက်တစ်ခု ကတော့ထိရောက်မှုတဲ့မိဘဆရာများကွန်ဖရင့်များဖြစ်ပါတယ်၊တစ်နှစ် ၂ကြိမ်လုပ်ပါတယ်။ မိမိခလေးတွေကိုအကဲဖြတ်ပါတယ်။ခလေးတွေအပေါ်အမြင်ကိုဆရာမများနဲ့ မိဘတွေအကြားဖလှယ်ကြပါတယ်။

My  First Skool မှာ Nursery အတန်းအထိစာ ကိုအဓိကမထားပါဘူး၊ ခလေးချော့သီချင်း
တွေဆိုကြတယ်။အေဘီစီဒီလောက်ပဲသင်ပေးတယ်၊ တရုတ်စာအခြေခံစာလုံးတွေလည်း
ကျောင်းကအပြန်အိမ်ကိုထည့်ပေးတတ်ပါတယ်။ ခလေးကိုမေးကြည့်တော့အသံထွက် နဲ့
အဓိပ္ဗါယ်ကို တရုတ်လိုပြောပါတယ်၊နိုင်ငံခြားသားမိဘတွေဆိုတော့ဘယ်သိကြမလဲ။

မြေးကိုသူ့ ဆရာမကသူ့ကိုယ်သူအားကိုးလာအောင်လုပ်ပေးဖို့မိဘကိုအကြံပြုပါတယ်။
မောင်တိုင်ပင်ကျောင်းပို့တော့ သူ့ကျောပိုးအိတ်ကို ကိုယ်ပဲလွယ်ပြီး လိုက်ပို့ပါတယ်၊နောက်တော့ဆရာမပြောထားလို့လာမသိ သူ့ကျောပိုးအိတ် ကိုသူဖါသာလွယ်ပြီးကျောင်း ကိုလမ်းလျှောက်ပါတယ်။ တခါမှာ လည်းမြေးကအများနဲ့ရောပြီးမလုပ်ဘူးလို့ သူဆရာမကပြော
တော့ မိဘတွေကအများကလိုက်လုပ်ရင်လုပ်ရတယ်ဆိုတာကိုသူနားလည်အောင်ပြော
တော့ တိုးတက်လာတယ်လို့ဆရာမကပြောပါတယ်။ တစ်ခုသောပျော်ပွဲရွှင်ပွဲ မှာ မြေးက
သူများတွေနဲ့ အတူတူညီညီညာညာ လိုက်လုပ်တာကိုတွေ့ ရပါတယ်။Nursery အတန်း
အထိ စာကိုဟုတ်တိပတ်တိမသင်ပဲ cross words puzzles တွေကစားရင်း စာလုံးတွေနား
လည်အောင်လုပ်ပါတယ်၊ အင်မတန်သိသာပါတယ်၊မြေးဟာတစ်နေ့ထက်တစ်နေ့စကား
လုံးအသစ်တွေနဲ့မိဘ တွေကိုပြောလာတာတွေ့ရပါတယ်။ I am sorry, excuse me, you are welcome, oh my god စတဲ့စကားစုတွေကို လည်းသူ့နေရာနဲ့သူသုံးတတ်လာတာကိုတွေ့ရပါတယ်။
 သူအမှားလုပ်လို့အမေ ကဆူရင် I am sorry May May ဆိုပြီးမိဘ
တွေမသင်ပေးပဲနဲ့ပြောလာလို့ အံ့သြရပါတယ်၊ နောက်သူရှေ့ မှာတစ်စုံတစ်ယောက်က ပိတ်ရပ်နေရင်  Excuse me Phay Phay စတဲ့ယဉ်ကျေးဖွယ်ရာစကားတွေကို သုံးတတ်
လာတာဟာဒီကျောင်း  တွေရဲ့သင်ကြားပြသမှုကနေရလာတာ
ဖြစ်ကြောင်းတွေ့ရပါတယ်။ Nursery အတန်းမှာ ခလေးရဲ့ တိုးတက်မှုတွေဟာမြန်ဆန်
လာပြီးအားရစရာကောင်းပါတယ်။ playgroups အထိကျောင်းသွားခါနီးရင် ငိုတတ်ပါ
တယ်။အခု Nursery မှာတော့ I don’t want to go to school  လို့ဆိုသော်လည်းစိတ်
ရှည်ရှည်နဲ့ ပြောပြလိုက်ရင် မျက်ရေတစ်စက်မကျပဲ လိုက်လာတတ်ပါတယ်။ ဒါလည်း
တနင်္လာနေ့လောက်ပဲဖြစ်တတ်ပြီးနောက်နေ့တွေကျရင် အိုကေ သွားတတ်ပါတယ်။နောက်
သူငယ်တန်း အဆင့် K1, K2 ရောက်ရင် ရေကူး၊စကိတ်စီး သင်ပေးပါတယ်၊ NTUC super market တွေသွားပြီး ဈေးဝယ်ပုံဝယ်နည်း၊ငွေရှင်းပုံရှင်နည်း၊ဘဏ်မှာဘယ်လိုအကောင့်
ဖွင့်တယ်၊ငွေဘယ်လိုထုတ်တယ်၊သွင်းတယ် စတာတွေကို လည်းကျောင်းတွေကသင်ပေး
လေ့ရှိပါတယ်။

စင်ကာပူပညာရေးလည်းမြန်မာလိုပါပဲ၊ခလေးတွေကိုပညာကြိုးစားအောင်မိဘတွေကကြပ်
ကြပ်မတ်မတ်လုပ်ကြပါတယ်။ကျူရှင်တွေလည်းယူကြပါတယ်၊ မြန်မာမိသားစုတွေက
တော့ပိုဆိုးတယ်လို့ဆိုရပါမယ်၊ မြန်မာစာကိုလည်းကျူရှင်ယူခိုင်းပါတယ်။တရုတ်စာလည်း
ယူရပါတယ်။ ခလေးတွေဟာ မြန်မာစကားကိုနားလယ်ပေမဲ့ ပြန်မပြောကြပါဘူး၊ အင်္ဂလိပ် လိုပဲပြန်ပြောပါတယ်။ မြန်မာ နာနီနဲ့ထားရင်တော့ မြန်မာစကားပြောဆိုမှုကတိုးတက်
လာပြီးလိုက်ပြောတတ်ပါတယ်။ တရုတ်စကားကတော့ ကျောင်းမှာ ပဲများသောအား
ဖြင့်ပြောပါတယ်။ early childhood အဆင့်မှာ သူတို့စနစ်က မိဘ နဲ့ ဆရာမ များအကြား interaction ကိုအလေးထားပါတယ်။ခလေးရဲ့ တိုးတက်မှုအခြေအနေတွေကို မိဘ ထံအမြဲအသိ
ပေးနေပြီးခလေးတွေရဲ့ လိုအပ်ချက်ရှိရင်လည်းမိဘတွေကို communication booklet ကဖြစ်စေ လူကိုယ်တိုင်ခလေးလာကြိုတဲ့ အချိန်မှာ ဖြစ်စေ အသိပေးပြီးအိမ်မှာလည်း သင်ပါ ကျောင်းမှာ လည်းသင်ပါမယ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးလုပ်ကြပါတယ်။

ခလေးတွေကိုလက်ခံမည့်အကြောင်းကျေညာရာတွင် ဘယ်နှစ်မှာ မွေးသောခလေးဟုဖေါ်
ပြပါတယ်။ ဒီကျောင်းတွေဟာ နံမည်ကောင်းတဲ့ကျောင်းတွေဖြစ်လို့ စောစောကြိုတင် ဘွတ်ကင် လုပ်ဖို့ လိုပါတယ်။ ကျောင်းလခ ကလည်း နင့်နေအောင်ပေးရပါတယ်။ စလုံး
ငွေ ၆၀၀ ကျော်ပါတယ်။သို့ပေမဲ့ ပညာရေးမှာ အခြေခံ ကစတင်တာဖြစ်လို့ မိဘတွေက
အကုန်အကျခံကြပါတယ်။ ခလေးစာနှင်ပတ်သက်လို့တော့ဖိဖိစီးစီးမသင်ပါ။ တချို့ မိဘများ
ကဆန္ဒစောပြီးခလေးတွေကိုစာမသင်တာကိုထောက်ပြကြပါတယ်။ သို့သော် early childhood ဘ၀မှာ လူ့ဘ၀ တစ်လျှောက်လုံးနေတတ် ထိုင်တတ်အောင် လူအသိုက်
အ၀န်းထဲဝင်ဆံ့အောင် သင်ကြားပေးတာကအဓိကဖြစ်ပါတယ်။ပညာရေးဆိုရင်မိဘတိုင်း
ကစိတ်ဝင်စားကြပါတယ်။ ကျောင်းကပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်သည့်အခါ တိုင်း အလေး
ထားတက်ရောက်ပါဝင်ပူးပေါင်းဆောင်ရွက်ကြသောကြောင့် စင်ကာပူရဲ့အခြေခံပညာရေး
အပိုင်းကိုတစ်စေ့တစ်စောင်းမြင်မိတာတွေကို တင်ပြလိုက်ပါတယ်။

                                                                                 






No comments: