Wednesday, October 22, 2014

ဆန်စပါးလုပ်ငန်းမှ စိန်ခေါ်မှုများ

အခုခေတ်ဆန်စပါးလုပ်ငန်းနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေလို့ခေါ်မလား--ဆုတ်ယုတ်မှုတွေလို့ခေါ်မလား--တွေ့
နေကြားနေရတယ်--မင်းကွာ--တစ်နေ့ကပဲ ပေါင်းဆန်စက် မိတ်ဆက်တဲ့ ပွဲတက်လာသေးတယ်--ဒါဆုတ်ယုတ်မှု
လား -- တိုးတက်မှုလား လို့မေးစရာရှိမယ်--တရုတ်နယ်စပ်ကနေ ဆန်ပို့လို့ရအောင် AQSIQ လိုအဖွဲ့အစည်း
နဲ့ဆွေးနွေးနေတာဟာ barrier တွေဖယ်ရှားနိုင်အောင်လို့လုပ်နေတာပဲမဟုတ်လား-- marketing အပိုင်းက
ဖွံ့ဖြိုးတိုးတက်မှုတွေ လေကွာ--လို့ပြောနိုင်ပါတယ်--မောင်တိုင်ပင်ပြောချင်တာက ကိုယ့်အတွေးလေးကိုပါ--
research လုပ်ထားတာလည်းရှိချင်ရှိမယ်-- မရှိချင်မရှိဘူး--ဘာလဲဆိုတော့ လယ်ယာတွေနဲ့ပတ်သက်လို့ပါ
လယ်တွေအသိမ်းခံရတယ်--လယ်တွေဈေးကောင်းတော့ မြို့ပြနားနီးတဲ့လယ်တွေ ရောင်းစားကြတယ်--
ဘယ်လောက်များရောင်းစားကြသလဲ မသိဘူး-- အစ်မကြီး စု ကတောင်လယ်တွေကိုမရောင်းကြဖို့ပြောနေ
တဲ့အသံ ကြားရတယ်--အဲတော့ စပါးစိုက်ဧရိယာ ကိုမထိခိုက်ဘူးလား-- အရင်တုံးက--တစ်ခေတ်တစ်ခါ ကဆိုရင်လယ်မြေဆိုတာတော်ယုံတန်ယုံထိ လို့မရဘူး--ကျုပ်တွေးမိတာကိုပဲ ပြောပြတာပါ--စာရင်းဇယား
နဲ့တော့ မပြောနိုင်ဘူး--
နောက်တစ်ချက်လယ်ယာလုပ်ငန်းခွင်ကလုပ်နိုင်ကိုင်နိုင်တဲ့လူငယ်တွေနိုင်ငံခြားသွားအလုပ်လုပ်ကြတာဘယ်
လောက်ရှိလဲတော့မပြောတတ်ဘူး--လွန်ခဲ့သော ၂ နှစ် ၃ နှစ်လောက်ကရေစကြိုမှာ ကုန်စည်ဒိုင်ကလူတွေနဲ့
တွေ့တော့ ထန်းတက်မဲ့ လူမရှိလို့ ထညက် အ ထွက်ဆုတ်တယ်-- သူ့အဆက်နဲ့သူ ရေစကြိုကလူငယ်တွေ
မလေးကိုထွက်လိုက်ကြတာ ရှစ်သောင်းလောက်ရှိမယ် လို့ပြောကြတယ်-- သွားတဲ့ရည်ရွယ်ချက်က မောင်
တိုင်ပင်ဘဏ်လောကမှာပဲ ရှိနေသေးတော့ ဘဏ်ဖွင့်ဖို့ရည်ရွယ်ချက်နဲ့သွားတာ--BOD ကိုပြန်အစီရင်ခံ
တော့ မြန်မြန်ဖွင့်သင့်တယ်--မလေးမှာသွားအလုပ်လုပ်နေတဲ့ လူတွေဆီကငွေလွှဲတာနဲ့တင် ဘဏ်စရိတ်ကျေနိုင်
တယ်လို့ပြောရတယ်--အခုတော့MCB ကဘဏ်ဖွင့်ထားပြီးပြီ--ရေစကြိုက လူငယ်တွေ မလေးမှာပဲရှိနေသေး
လား တော့မသိဘူး-- ပြောချင်တာကတော့ လယ်ယာလုပ်ငန်းခွင်မှာ အခြေခံလူတန်းစားတွေပြုန်းတီးမှုဖြစ်
နေတာကလည်းစပါးအထွက်output ကိုတစ်နည်းအားဖြင့်ထိခိုက်နိုင်မလားတော့မသိဘူး-- factor တွေထဲကတစ်ခု
ပေါ့--ဒီနေရာမှာ MAPCO အစီအစဉ်လေးတစ်ခုကိုသဘောကျတယ်-- Agricultural Service Center တွေ
တည်ထောင်ဖွင့်လှစ်တာကိုပါ--လယ်ယာလုပ်ငန်းခွင်မှာလယ်ယာလုပ်သားတွေရှားပါးလာတော့ ဒီလို ဝန်
ဆောင်မှုပေးတဲ့ စင်တာတွေတည်ထောင်ပေးတာဟာကောင်းမွန်သောအစီအမံတစ်ခုလို့ဆိုနိုင်ပါတယ်-- effective management system လေးတစ်ခုနဲ့တွဲ လုပ်သွားနိုင်ဖို့လိုပါတယ်--MAPCO မှာမောင်တိုင်ပင်
တို့လက်ထက်က ကုန်သွယ်လယ်ယာ နဲ့အတူလက်တွဲလုပ်ခဲ့ဘူးကြတဲ့စက်ပိုင်တွေဆန်စပါးလုပ်ငန်းရှင်တွေရဲ့မျိုး
ဆက်သစ်တွေတွေ့နေရတာကဆန်စပါးလုပ်ငန်းကိုသမားရိုးကျနည်းလမ်းတွေကနေဖေါက်ထွက်အောင်လုပ်
နိုင်မဲ့လူငယ်မျိုးဆက်တွေ--သူတို့ဦးဆောင်လုပ်သွားမယ်ဆိုရင်မအောင်မြင်စရာ မရှိပါဘူး--
နောက်ပြောချင်တာက.ပကတိအခြေအနေလေးတွေကိုယှဉ်တွဲစဉ်းစားကြဖို့ပါ-- ဖါးတဲ့ခေတ် privilege ရလို
တာကြောင့်ရှေ့နောက်ဘေးဘီမစဉ်းစားပဲလုပ်တဲ့ခေတ်က ဒီမိုခေတ်မှာကွယ်ပျောက်သင့်ပါပြီ--ဒါကလည်း
လုပ်ဖေါ်ကိုင်ဖက်အင်ဂျင်နီယာတစ်ဦးနဲ့ဆွေးနွေးရင်းသိလာရတဲ့ အသိပါ--နေပြည်တော်မှာ တန် ၅၀--၇၀--၁၀၀
စတဲ့ capacity ရှိတဲ့ ခေတ်မီဆန်စက် ၃ လုံးတည်ဆောက်နေတယ်--တည်ဆောက်ဆဲဖြစ်တယ်--ပျဉ်းမနား
တပ်ကုန်း ဘောဂသီရိ စတဲ့ နယ်တွေကထုပ်လုပ်ပေးနိုင်တဲ့ စပါးပမာဏ ကအဲဒီဆန်စက် ၃ လုံးကတစ်နှစ်
ပတ်လုံးကြိတ်ပေးနိုင်တဲ့ ပမာဏထက်အများကြီးနည်းနေတယ်--ဒါအပြင် အဆိုပါဆန်စက်ကြီး ၃ လုံးအပြင်
၁၀တန် ၁၅ တန် လောက်ကြိတ်နိုင်တဲ့ ဆန်စက်ငယ် ၂၆ လုံးလောက်ရှိနေသေးတယ်-- ကိန်းဂဏန်းအတိအ
ကျကို မ ပြောပါဘူး--ကုန်သွယ်လယ်ယာ လက်ထက်ကတည်းကပျဉ်းမနားနယ်ဟာ စပါးလောက်လောက်
လားလားထွက်တဲ့ဒေသမဟုတ်ပါဘူး--mechanised farming တွေလုပ်နိုင်တယ်ပဲထား စက်အကြီးကြီးတွေ
တည်ဆောက်လုပ်ငန်းလုပ်ကိုင်ဖို့စီးပွားရေးတွက်ချေမကိုက်နိုင်ပါ-- အဲဒီလိုလုပ်လိုက်လို့သူတို့အတွက်တခြားစီးပွားရေးတွက်
ချေကိုက်မဲ့လုပ်ငန်းရှိရင်တော့ မပြောတတ်ပါ-- ဘာဆိုလိုတာလဲဆိုတာ စာဖတ်သူသဘောပေါက်မှာပါ--သိတယ်မှုတ်လား--အဲဒီသူငယ်ချင်းကဆန်စက်လောကမှာပဲဆက်လုပ်နေတော့သူဆီကသိရတာတွေက နားမဆံ့ဘူး--ကုန်သွယ်ယာက လွှဲ
ပြောင်းရယူပြီး ဆန်စက်လောကမှာလုပ်နေတဲ့သူတွေလည်းသူတို့ဆန်စက်တွေအတွက် စပါး ရဖို့တော်တော်ခက်နေတာကိုတွေ့နေရတယ်-- တစ်ချို့စက်တွေဆိုတစ်နှစ်မှာ ၃ လလောက်လည် နိုင်အောင်မနည်းလုပ်နေတယ်ဆိုတော့တွက်ချေကိုက်ပါမလားဆိုတဲ့ မေးခွန်းမေးရရင်ဘယ်လိုဖြေကြမလဲ-- PGU ဆန်စက်တွေဆိုပိုဆိုးသေးတယ်လို့ပြောတယ်--( PGU ဆန်စက်ဆိုတာ စပါးခွံလောင်စာသုံးပြီးရေနွေးငွေ့တာဘိုင်ကနေ လျှပ်စစ်ထုတ်ပြီးဆန်စက်လည်တာ-- လျှပ်စစ်မရှိတဲ့ဒေသတွေအတွက် အရင်က တည်ထားခဲ့တာ-- စပါးခွံရှိမှ စက်လည်နိုင်တော့ sequence ကျနေအောင်လုပ် နိုင်မှ အဆင်ပြေတယ်)--land property တွေဈေးမြင့်လာလို့ ဝယ်ထားတဲ့သူတွေအတွက်--တွက်ချေကိုက်သယောင်ယောင်ရှိနေတော့ အထိပ်တလန့်တော့မဖြစ်သေးဘူး-- ecomomic study တစ်ခုတောင်လုပ်သင့်နေပြီ ထင်တယ် --အရင်ကစပါးထွက်တယ်လို့ပြောတဲ့ဒေသတွေဟာ စပါးအထွက်ဆုတ်လာပါတယ်-- evolution အရတဖြည်းဖြည်းပြောင်းလဲကုန်ကြတာပါ-
ကဲ--ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု နဲ့ marketing တစ်နည်းအားဖြင့် rice post harvest technology တို့ဟာ
ဆက်စပ်ဖို့လိုပါတယ် -- end use အထိစဉ်းစားပေါ့ဗျာ စပါးအတိုင်းစား လို့ရတာမှမဟုတ်တာ-ဆန်ဖြစ်အောင်ကြိတ်ဖွပ်ပြီးမှ စားရတာ--အဲတော့ ဒီအပိုင်းလည်း အရေးပါတာပဲ-- ဒီအပိုင်းဘာဖြစ်နေသလဲ
ဆိုတော့ ဆန်စက်အင်ဂျင်နီယာ တွေပြုန်းတီးမှု ဖြစ်နေတာပါ-- ဆန်စက်တွေတိုးလာပါတယ်--ပေါင်းစက်တွေကောပဲ-- ဘယ်မှာလဲ အဆင့်မှီ ဆန်စက်အင်ဂျင်နီယာ--- ကုန်သွယ်လယ်ယာ က အင်ဂျင်
နီယာတွေလည်း အသက်ကြီးကုန်ပြီ -- ပြုန်းတီးကုန်ပြီ -- မျိုးဆက်တွေ ထပ်မွေးဖို့မလိုဘူးလား ကုန်သွယ်ယာခေတ်တုံး ကစဉ်ဆက်မပြတ် အင်ဂျင်နီယာတွေ မွေးထုတ်ပါတယ် -- သင်တန်းတွေအမျိုးမျိုး
လုပ်ပေးပါတယ်--တော်တဲ့အင်ဂျင်နီယာတွေလည်းထွက်လာပါတယ် သူလိုကိုယ် လိုအင်ဂျင်နီယာတွေ
လည်းသူ့အရည်အချင်းနဲ့သူထွက်လာပါတယ်-- သူတို့တတွေပဲ ယနေ့ဆန်စက်လောကမှာ ကြီးစိုးနေဆဲပါ--
ဘူလာ ကဆိုရင်ဒေါက်တာရဲအောင် ဆာတာကီးဆိုရင် ဦးကျော်ထွန်း သူတို့တွေဆိုရင်ကုန်သွယ်လယ်ယာ
ငယ်မွေးခြံပေါက်တွေပါ-- အချိန်ရှိတုံး ဆန်စက်လောကရဲ့ HR ကိုလုပ်ကြရအောင်-- အငြိမ်းစားနေကြတဲ့
Resource person တွေ ကျန်နေပါသေးတယ်-- မျိုးဆက်သစ်ဆန်စက်အင်ဂျင်နီယာတွေ ပေါ်လာဖို့တစ်ခုခု
လုပ်ကြရအောင်လား-- ကျုပ်တို့တတွေ အို စပြုလာပါပြီ------
L

No comments: